Part 331
ဟောင်ထျန်းက အိမ်ထဲသို့ အမြန်ပြန်ပြေးကာ လင်းလန်ကိုပြောလေ၏။
"တတိယဒေါ်ဒေါ်...တဝမ်က ဒေါ်ဒေါ် ဗိုက်ဆာမှာစိုးလို့ အိမ်ပြန် ထမင်းဖို့လာခေါ်နေတယ်"
လင်းလန်က ခေါင်းညိတ်ပြပြီးဟန်ချင်စုန့်က အသံကြားသဖြင့် ထွက်လာ၏။
လင်းလန် ပြောလိုက်၏။
"ကျွန်အရင်အိမ်ပြန်နှင့်မယ်...ကလေးတွေ အိမ်မှာရှိနေသေးတယ်"
ဟန်ချင်စုန့်ကလက်မြှောက်ကာ သူမပုခုံးကို ကိုင်၍ ညင်သာစွာ ဖျစ်ညှစ်လိုက်ပြီးပြောလေသည်။
"အိမ်ပြန်တော့"
လင်းလန် သူ့မျက်လုံးထဲမှာ တောင်းပန်လိုမှုကို မြင်လိုက်ရသဖြင့် နှစ်သိမ့်ပြုံးပြုံးပြကာ တိုးတိုးလေးပြောလိုက်၏။
"ကျွန်မအဆင်ပြေပါတယ်"
သူမ လက်ဆန့်ကာ သူ့ရင်ဘတ်ကို တို့ကာ စိတ်ချလက်ချနေရန် အချက်ပြလိုက်သည်။
ဟန်ချင်စုန့်က သူမထွက်သွားသည်ကို ကြည့်နေခဲ့သည်။
လင်းလန် ခြံထဲသို့ရောက်သောအခါ သူမကို လာကြိုရန် ရောက်လာသော တဝမ်ဆီသို့ ပြေးသွားပြီးပြောလိုက်၏။
"အရင်စားနှင့်လေ... အိုးထဲမှာ ပူပူနွေးနွေး စားစရာတွေ မရှိဘူးလား"
သူပြင်ဆင်ထားပြီးသားပင်။
တဝမ် : "ကျွန်တော်တို့က စားပြီးပြီ...စန်းဝမ်က ဖက်ထုပ်လုပ်မယ်ဆိုပြီး ဂျီကျနေတယ်"
လင်းလန်က အိမ်မြန်မြန်ပြန်ရန် ပြောလိုက်သည်။
တံခါးဝဆီသို့ လျှောက်သွားရာတွင် လင်းလန် ဟောင်ထျန်း၏ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံကို ကြားလိုက်ရ၏။
" မိသားစုခွဲရင် ကျွန်တော်တို့ မိသားစုလည်း ခွဲမယ်...ကျွန်တော်လည်း ခွဲမယ်...ကျွန်တော့် အမေနဲ့ ကုမိန်ကို အသက်ရှင်ဖို့ ခေါ်ထုတ်သွားမယ်...ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် အလုပ်မှတ်တွေ ရေတွက်မယ်...ခင်ဗျားတို့မရောဘူး...
အဖေ...ခင်ဗျားက ခင်များအမေနဲ့ အတူနေ.
..ကျွန်တော်က ကျွန်တော်အမေနဲ့ အတူနေမယ်...ကိုယ့်ဘဝနဲ့ကိုယ် ဖြတ်သန်းကြရအောင်"
ဟောင်ထျန်းပြောသည့်စကားကို ကြားရသောအခါ လင်းလန် အတော်လေး စိတ်အေးသွားသည်။
အစ်ကိုကြီးဟန်က သိပ်မလှုပ်ပေမဲ့ အဖွားကြီးဟန်ကမူ ဒေါသထွက်လွန်း၍ သူမသားနှင့်မြေးတွေက ဝတ္တရားမကျေပွန်ကြဘဲ ဘဝက အဓိပ္ပါယ်မဲ့သည်ဟုပြောကာ မျက်ရည်တွေကျနေ၏။
"ဘာလို့ အိုကြီးအိုမတွေကို ဂရုစိုက်နေသေး တုန်း...အကုန်လုံး သွား... သွားကြ...သားကြီး လည်း ထွက်သွား...ဘာပဲဖြစ်ဖြစ် မင်းတို့က မိဘတွေကို မလိုအပ်ဘူး...မင်းမိဘတွေက မင်းကို ပြုစုပျိုးထောင်ခဲ့ပေမဲ့ အခု သူတို့က ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီ..."
လင်းလန် မနေနိုင်ဘဲ သရော်လိုက်သည်။
“ဒီလိုလုပ်ချင်ရင် ဘယ်လိုချွေးမကို လက်ထပ်ရဦးမှာလဲ... အသက်ကြီးတဲ့အထိ မိသားစုနဲ့နေသင့်တယ်... မိန်းမနဲ့ လက်ထပ်မနေနဲ့... မြေးတွေလည်းယူမနေနဲ့"
အဖွားကြီးဟန်ကို သရော်ပြီးနောက် သူမ နှလုံးသားထဲမှာ ပျော်ရွှင်နေပြီး သံစဥ်လေးတစ်ခုကို ညည်းကာ သူမ၏ ခြေလှမ်းများက ထူးထူးခြားခြား သွက်လက်နေသည်။
တဝမ်နှင့် နှစ်ယောက်တည်း လမ်းလျှောက်သည်က ယခုပထမဆုံးအကြိမ်ဖြစ်၏။ လင်းလန်က သူမပျော်နေသည့်အချိန်မှာ တစ်ခုခုပြောချင်ပေမဲ့ အကြိမ်ပေါင်းများစွာ ပြောဖို့ကြိုးစားသော်လည်း ဘာပြောရမှန်းကို မစဉ်းစားနိုင်ခဲ့ပါချေ။
ဤကလေးသည် ယခုလိုအသက်အရွယ်လေးနှင့် ပြင်းထန်သော အရှိန်အဝါရှိနေပြီး ယင်းက အခြားကလေးများကို လှည့်စားခြင်းလောက် မရိုးရှင်းဘဲ သူမကို အနည်းငယ် စိတ်ရှုပ်စေခဲ့သည်။
အားဝမ် နှင့်မိုင်စွေ့တို့က သူတို့လိုချင်သမျှကို ပြောနိုင်ပြီး စန်းဝမ်က သူလုပ်ချင်သမျှကို လုပ်ဆောင်နိုင်ကာ ရှောင်ဝမ်က သူမကိုမြင်သောအခါ ပျော်လေသည်။
ဤကလေးက မတူ၊ သူက တစ်နေ့လုံး လေးနက်တည်ကြည်နေ၏။ သူ့အတွေးတွေနှင့်ပတ်သတ်၍ သူမ အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
ယခုအချိန်၌ သူက စကားတစ်ခွန်းမျှ မပြောဘဲ သူမကို အလင်းရောင်ရစေရန် ဓာတ်မီးကိုဖွင့်ကာ ဖြည်းဖြည်းချင်း လျှောက်နေသည်။
လင်းလန်က တစ်ခုခုကို တွေးနေသဖြင့် ချော်လဲလုနီးပါး ဖြစ်သွား၏။
တဝမ်က ချက်ချင်း သူမကို လှမ်းဆွဲလိုက်သည်။
သူက ဓာတ်မီးနှင့်ထိုးကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က ရေသယ်ရင်း ဗွက်အိုင်တစ်ခုအဖြစ် ဖိတ်စင်သွားပြီး ရေခဲတွေက အတော်လေး ချော်သွားခြင်းဖြစ်မည်ဟု မှန်းဆ မိလိုက်၏။
လင်းလန် သူမ၏ အေးစက်နေသော ချွေးများကို သုတ်လိုက်သည်။ကံကောင်းထောက်မစွာဖြင့် တဝမ်ရှိနေခဲ့၏၊ မဟုတ်လျှင် သူမ ဆိုးဆိုးရွားရွား ပြုတ်ကျသွားပေလိမ့်မည်။
သူမ တဝမ်၏လက်ကို ဆုပ်ကိုင်ထားပြီး ရေခဲပြင်ကို ဂရုတစိုက် ဖြတ်ကျော်လိုက်ကာ ယင်းက သူမကို အသက်ကြီးနေပြီဟု ထင်ယောင်ထင်မှားဖြစ်စေသည်။
သို့ပေမဲ့ ပြောစရာ ခေါင်းစဉ်တစ်ခုလည်း တွေ့သွား၏။
"အိုး.. ငါ့မှာမင်းရှိနေတာ ကံကောင်းတယ်... မဟုတ်ရင် ငါဒီနေ့ စိတ်ဆင်းရဲနေရမှာ"
သေချာသည်ပင်၊ တဝမ် စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏ခြေထောက်ပေါ်သို ထိုးပြနေသော ဓာတ်မီးက ပို၍ဂရုတစိုက်ရှိလာပြီး သူက အမှောင်ထဲ ပျောက်ကွယ်သွားသော်ငြား သူ့ခြေလှမ်းတွေကို လုံးဝမထိခိုက်ပါချေ။
လင်းလန်က ဝမ်းသာအားရဖြင့် သူ့ကို ဆက်ချော့ရန် ဆုံးဖြတ်လိုက်ပြီးပြောသည်။
"ငါတို့အားလုံး သားရောသမီးရောလိုချင်တယ်လို့ ဘာလို့ မပြောကြတာလဲ...သမီးက အနွေးဂွမ်းလေး...သားကကျမဏ္ဍိုင်လေး... မိသားစုကို ထောက်ပံ့မဲ့ သားမရှိရင် တကယ်မကောင်းဘူး...
ဖြစ်ချင်တော့ ဒီလို တွက်ချက်ကြည့်လိုက်ရင်တောင် ငါ့မိသားစုမှာ လေးယောက်ရှိတယ်... တကယ်ကို ဝမ်းသာလိုက်တာ"
တဝမ်:"..."
လင်းလန်က သက်ပြင်းချလိုက်ပြန်၏။
"မင်းဒေါ်ဒေါ်က အရွယ်ကောင်းရှိပါသေးတယ်...ဟောင်ထျန်းက သူ့ကိုထောက်ပံ့ပေးရင်
အဘွားကြီးဆီကနေ အနိုင်ကျင့်ခံစရာ မလိုဘူး...
တဝမ် စိတ်မပူပါနဲ့...မင်း ကြီးလာတဲ့အခါ မင်းအဖွားလို မင်းကို ချုပ်ခြယ်မှာမဟုတ်ဘူးလို့ ငါကတိပေးတယ်...မင်းလက်ထပ်ပြီးရင် မင်းတို့ လူငယ်စုံတွဲကို....."
"မားမားးးး..."
တဝမ်က အံကြိတ်ကာဆိုလေ၏။
"ဘယ်သူက လက်ထပ်ချင်နေလို့လဲ"
လင်းလန် သူ့ကိုစလိုက်သည်။
"မရှက်ပါနဲ့ကွာ...အသက်နှစ်ဆယ်အရွယ်မှာ မိဘတွေက လက်ထပ်မပေးရင် မနေနိုင်တော့.....
"
"ကိုယ့်ဘာကိုယ် သွားတော့..."
တဝမ်က ဓာတ်မီးကို လင်းလန်ဆီ ပေးကာ သူ့ဘာသာသူ ထွက်သွားခဲ့သည်။
အိုး...ဒီကလေးက စလို့လည်းမကောင်းဘူး...
လင်လန်က အလျင်အမြန် နောက်ကလိုက်ကာ မျက်နှာချိုသွေးလိုက်၏။
"အစ်ကိုကြီးတဝမ်...မင်းမမျှချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်... ဘာပဲဖြစ်ဖြစ် မင်းမိန်းမကို မနှောက်ယှက်ဘူးလို့ ငါကတိပေးတယ်..."
တဝမ်က မြင်ကွင်းထဲကနေပျောက်ကွယ်သွားသည်။
လင်းလန် :...နည်းနည်းတော့ စိတ်မကောင်းဘူး... အစ်ကိုကြီးတဝမ်က အားဝမ်နှင့်တူပုံမရပေ။ သားအမိနှစ်ယောက် ပျော်ရွှင်စွာ ပြေးလွှားနိုင်သည့် အခွင့်အရေး မရှိတော့ပါချေ။
သူမ အိမ်ပြန်ရောက်သည့်အခါ ကလေးတွေက အနွေးကုတင်ပေါ်မှာထိုင်ပြီး ပွဲတော် အစီအစဉ်ကို ဖွင့်ထားသော ရေဒီယို နားထောင်နေကြသည်။
အနွေးကုတင်စားပွဲပေါ်တွင် အားဝမ် နှင့် မိုင်စွေ့ အတွက် စစ်တုရင်ခုံတစ်ခုအပြင် မြေပဲ၊ ဖရဲစေ့နှင့်သကြားလုံးများရှိနေသည်။
တဝမ်ကိုမူ မတွေ့ဘဲ ရှောင်ဝမ်က မိုင်စွေ့၏ စောင်အောက်တွင် အိပ်နေပြီဖြစ်၏။
စန်းဝမ် အချိန်အတော်ကြာထဲက အိပ်ပျော်နေပြီသားဖြစ်သည် သူက သတင်းကို သိချင်သော်လည်း ကံမကောင်းစွာဖြင့် သူ့အစ်ကိုနှင့်အစ်မတို့က သူ့ကိုခွင့်မပြုခဲ့ပေ။
Xxxxxx
Part 332
လင်းလန်ပြန်လာသည်ကိုမြင်သောအခါ စန်းဝမ်က ခေါင်းလေးထောင်ပြီးပြောလေသည်။
"မားမား ပြန်လာပြီလား"
လင်းလန်က လက်ညိုးနှင့်တို့ကာမေးလိုက်၏။
"မင်းဘာဖြစ်နေတာလဲ... တစ်နေ့လုံး ရန်ဖြစ်နေတာကို မြင်ချင်နေတာလား"
စန်းဝမ်: "လျှိုချွန်းချိုက်ကပြောတယ်... ဝါဒဖြန့်အဖွဲ့ခေါင်းဆောင်က ဒီအစီအစဉ်ဟာ ဘဝကိုအခြေခံတယ်... ငါတို့က ကောင်းကောင်း စူးစမ်းလေ့လာရမယ်.. သင်ယူထားတာတွေကို လက်တွေ့အသုံးချရမယ်...အဲ့ဒါမှသရုပ်ပြမှုက လက်တွေ့ဆန်လိမ့်မယ်လို့ပြောတယ်တဲ့...ကျွန်တော်က မဟုတ်......"
"မင်းက ဘာမဟုတ်တာလဲ...ငါ့အတွက် စာကြိုးစားစမ်းပါ"
လင်းလန်က ပြုံးကာ ခေါင်းညိတ်ပြီးပြောလိုက်သည်။
"စားပြီးရင် မင်းဘာလို့ မအိပ်သေးတာလဲ"
စန်းဝမ်က ရယ်ပြီး
"ကျွန်တော့်မားမားကို စောင့်နေတာပေါ့ဗျ... ဟေး ကျွန်တော်က အိမ်စာလုပ်နေတာ"
သူက ရေးစာအုပ်နှင့် ဘောပင်ကို ထုတ်ယောင်ဆောင်လိုက်သည်။
အားဝမ်နှင့်မိုင်စွေ့တို့က လင်းလန်ဆီသို့ အစားအစာများ ယူလာပေးကြသည် ၎င်းတို့အားလုံးက စွပ်ပြုတ်များဖြစ်သောကြောင့် အိုးထဲတွင် အပူပေးသောအခါ ပျော့အိသွားမည်မဟုတ်ပါဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် အရသာရှိလာသည်။
အားဝမ်: "မားမား အခုချက်ချင်း ဖက်ထုပ်လုပ်ရအောင်... ဒါမှမဟုတ် သန်းခေါင်ကျော်တဲ့အထိ စောင့်ရင်ရော"
လင်းလန် သူမနာရီကို ကြည့်လိုက်သောအခါ ကိုးနာရီခွဲလုနီးနေလေပြီ။
သူမ ဤကမ္ဘာတွင် ပထမဆုံး နှစ်သစ်ကူးညစာ ကို လွတ်သွားလေရာ ဖက်ထုပ်စားရန်ကို အလွတ်မခံနိုင်ပေ။
သူမကပြောလိုက်၏။
"ခဏစောင့်... မင်းအဖေပြန်လာမှ ဖက်ထုပ်လုပ်ကြမယ်...မားမားအရင်ဆုံး တခြားဟင်းတွေလုပ်ထားလိုက်မယ်..."
စားပွဲပေါ်မှ လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် ငါးကြင်းကြီးတစ်ခုကို သူမ မြင်လိုက်ရသဖြင့် အံ့သြစွာပြောလိုက်သည်။
"အိုး အရမ်းကြည့်ကောင်းတယ်...ဒုတိယအစ်ကိုလုပ်ထားတာလား"
အားဝမ်က အနည်းငယ်ရှက်ရွံ့ပြီး သူလုပ်လိုက်သည့်အရာက မဖြစ်မှာစိုးရိမ်နေခဲ့၏။
မိုင်စွေ့က ပြုံးကာဆိုလေသည်။
"မားမား အရသာရှိတယ်... မြန်မြန်ကြည့်သင့်တယ်"
သူမက လင်းလန်အတွက် ပန်းကန်လုံးကြီးတစ်လုံးထဲမှာ ငါးဗိုက်သားအအပိုင်းအကြီးကြီးတစ်ပိုင်းထည့်လိုက်၏။
လင်းလန်က မြည်းကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"အင်း... အသားက အဆီများပြီး နူးညံ့တယ်... အရသာက ပေါ့ပေါ့လေး...အငန်လည်းသင့်တယ်... အရသာရှိတယ်"
လူတိုင်းက ရယ်ကြသည်။
အားဝမ်လည်း အတော်လေး ပျော်နေ၏။ သူ့မားမားက အရသာရှိသည့် အစားအစာတွေနှင့်ပတ်သတ်၍ စကားကောင်းများပြောတတ်သည်။ အရသာရှိမှုကို ဖော်ပြရန် ရိုးရှင်းသော စကားလုံးများကို ဘယ်တုန်းကမှ မသုံးခဲ့ဖူးပါချေ။
သားအကြီးဆုံးကို မြှောက်ပင့်ပြောဆိုရာတွင် နေရာမှန်မယူခဲ့မိဘဲ တစ်ဖက်သားထံမှ တုံ့ပြန်မှုမရရှိခဲ့ခြင်းအတွက် လင်းလန် ဒုတိယသားဖြစ်သူ၏ ချက်ပြုတ်မှုစွမ်းရည်ကို လေးလေးနက်နက် ချီးကျူးခဲ့သည်။
"အခု မားမားချက်တာထက် ပိုကောင်းနေပြီ...နောင်ကျရင် မိဘတွေက အလုပ်အမှတ်ရဖို့ ကြိုးစားပြီး စားဖိုမှူးကို ပုစွန်၊ ပင်လယ်ဂဏန်းကြီး၊ အမဲသား၊ သိုးသားနဲ့ ဘဲကင်တွေကို ချက်ပြုတ်ခိုင်းမယ်ဟေ့"
အားဝမ်က ပြုံးပြီး ပြော၏။
"မားမားဆီကသင်ယူဖို့လိုပါသေးတယ်"
လင်းလန် : အသွားအပြန်ရှိတဲ့ အလုပ်ကို အကြိုက်ဆုံးပဲ...(သူ့ကိုပြန်ချီးကျူးလို့😄)
ဂဏန်းတွေ၊ ပုဇွန်တွေအကြောင်း ကြားသည်နှင့် စန်းဝမ်က ချက်ခြင်းပြန်ထလာပြီးပြောလေသည်။
“မားမား ကျွန်တော် အဲ့ဒါတွေ မစားဖူးသေးဘူး”
လင်းလန်က ပြုံးပြီး
“မြို့ထဲမှာ တစ်ချို့တွေရှိတယ်.. မင်းအဖေကို နောက်မှဝယ်ခိုင်း “
Xကျွန်းက ပင်လယ်ကမ်းစပ်မြို့ဖြစ်ပြီး ပင်လယ်စာပေါများပြီး စျေးချိုသော်လည်း လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေပေ။ ကျေးလက်ဒေသက လောလောဆယ်မှာ အခြေခံအားဖြင့် ဖူလုံရုံသာရှိနေပြီး တခြားပစ္စည်းတွေဝယ်စရာ ပိုက်ဆံလည်း မရှိသဖြင့် သူတို့ကွန်မြူနတီမှာ ပင်လယ်စာစားသည်က ရှားပါး၏။
အများဆုံးမှ ဂုံးတွေကဲ့သို့သောအရာမျိူးကိုပဲစားကြသည်။
စန်းဝမ်က ကျေနပ်စွာဖြင့် သူ့ရင်ဘက်ကိုပုတ်ကာဆိုလိုက်၏။
"ဘာကိုဝယ်မှာလဲ...ကျွန်တော်ရှိတယ်မဟုတ်ဘူးလား... ရာသီဥတုက ပိုပူလာတဲ့အခါ မားမားအတွက် ကျွန်တော်ငါးဖမ်းပေးမယ်"
သူတို့ဒေသရှိမြစ်ထဲမှာ ဂါလာဟုခေါ်သည့် ဂုံးတစ်မျိုးရှိသည်။ ကောင်းကောင်းမချက်တတ်ပါက ငါးညီနံ့နံပြီးသဲတွေပါသော်လည်း ချက်တတ်ပါက အလွန်ကိုအရသာရှိ၏။
ငါးတွေထက် ဖမ်းရ ပိုလွယ်သည့်အတွက် ကလေးတွေက ၎င်းကို ကိုင်ချင်ကြသည်။
လင်းလန်က သူ့နဖူးကို ဖွဖွတောက်ရင်း
"ရေထဲ လျှောက်ဆင်းမနေနဲ့... အန္တရာယ်ရှိတယ်"
စန်းဝမ်က လင်းလန်အတွက် ငါးအသားပိုင်းကို ချက်ခြင်းကောက်ယူလိုက်ပြီးပြောလေ၏။
"ဟင့်အင်း...ကျွန်တော့်မားမားပြောစကားကို နားထောင်မှာပါ"
သူ့ပြောပုံဆိုပုံကြည့်၍ ဆုံးဖြတ်ခြင်းအားဖြင့် သူမစကားကိုသူ နားထောင်သည်ကမှ ထူးဆန်းလိမ့်ဦးမည်ဖြစ်ကြောင်းသိလိုက်သည်။ ရာသီဥတု ပူလာသည့်အခါကို စောင့်ပြီးမှ သူမ ဦးနှောက်ဆေးရပေမည်။
ငါးအပြင် လင်းလန် ၏ဝက်သားနှပ်သည် အရောင်အဆင်းက နီမြန်းကာ အဆီများသော်လည်း ဆီမပြန်ဘဲ ကိုက်လိုက်သောအခါ နူးညံ့ပြီး ပျော့ပျောင်းနေသည်။လင်းလန် သူမ၏မွေးရပ်မြေမှနည်းလမ်းကို အသုံးပြုပြီး ချက်ထားခြင်းဖြစ်၏။ ဝက်သားနှပ်သည့်နေရာတွင် ပုံမှန်နည်းလမ်းရယ်ဟူ၍ မရှိပေ။ ယေဘုယျအားဖြင့် သကြားမထည့်ဘဲ ပဲငံပြာရည်နဲ့ ပြုတ်ကြသည်။
"အင်း... ဝက်သားနှပ်က အရသာရှိတယ် မင်းတို့ စားပြီးပြီလား"
"ဟုတ်တယ် အရသာရှိတယ်...အစ်ကိုကြီးသာ ဂရုမစိုက်ရင် စန်းဝမ်က ဒီအိုးကို ကုန်အောင်စားပစ်မှာ"
မိုင်စွေ့က ဝမ်းသာအားရပြောသည်။
စန်းဝမ်က အသားစားရသည်ကို အလွန်ကြိုက်ပြီး တရုတ်နှစ်သစ်ကူးတုန်းက အသားငါးတွေပြည့်နေသည့် စားပွဲတစ်လုံးရှိသော်လည်း သူတစ်ကိုက်မှ စားခဲ့ပေ။
သိပ်ပြီး ကျေနပ်မနေပါချေ။
လင်းလန်က အားဝမ်ကို ဝိုင်တစ်ပုလင်း ယူလာခိုင်းပြီးပြောလိုက်၏။
"မင်းအဖေ ပြန်လာရင် သောက်ပါစေ"
ဝိုင်ကို မြင်သောအခါ စန်းဝမ်၏မျက်လုံးများတောက်ပလာသည်။
အပြင်မှဝင်လာသော တဝမ်က လက်ဆန့်ကာ သူ့နဖူးကို တောက်လိုက်ရာ စန်းဝမ်ချက်ချင်း ရို့ကျိုးသွား၏
အားဝမ်က လင်းလန်အတွက် လက်ဖက်ရည်တစ်ပန်းကန်ထဲကို ငှဲ့လိုက်ပြီးပြောသည်။
"နည်းနည်းသောက်ပါ မားမား... တရုတ်နှစ်သစ်ကူးကို ကျင်းပရတာ ကျွန်တော် အရမ်းပျော်တယ်"
တဝမ်: "..."
စန်းဝမ်: "ဝိုး... လက်ဖက်ရည်ပန်းကန်လုံးက အကြီးကြီးပဲ... မားမား ကုန်မှာမဟုတ်ဘူး"
ကူသောက်ပေးလို့ ရတယ်နော်... ဒီတစ်ခါတော့ သူမူးမှာမဟုတ်ဘူး...
တဝမ်က လက်ဖြန့်ကာ စန်းဝမ်၏ မျက်နှာကို အုပ်၍ စားရေးရန် ဘေးကို ဆွဲခေါ်သွားသည်။
လင်းလန် ကလေးများကိုကြည့်ကာ တကယ်ပျော်နေမိ၏။
"ကောင်းပြီ...ရိုးရာအရ တစ်ခုခုသောက်လိုက်မယ်"
မည်သို့ပင်ဖြစ်စေ သူမမကုန်လျှင် ဟန်ချင်စုန့်သောက်ရန် ခွက်ထဲမှာ ချန်ထားခဲ့၍ရသည်ပင်။
လင်းလန် ကလေးများ အိပ်ငိုက်ခြင်းမရှိသည်ကို မြင်သည့်အခါ ပြီးလျှင် ဖက်ထုပ် စားရမှာဖြစ်သောကြောင့် အစားအစာများ စုပုံမနေစေရန် ကိုယ်လက်လှုပ်ရှားမှုများ သွားလုပ်ခိုင်းလိုက်သည်
"ကြိုးခုန်တာက အရပ် ပိုရှည်စေတယ်လို့ ရေဒီယိုမှာ ငါကြားဖူးတယ်... ကြိုးခုန်ရင် မင်းအဖေထက် ပိုရှည်လိမ့်မယ်"
စန်းဝမ်က သူ၏ဒုတိယအစ်ကိုနှင့်ဘယ်သူက ကြိုးပိုခုန်နိုင်လဲဆိုပြီးပြိုင်ချင်နေ၏။
...
Xxxxx