Part 333
လင်းလန် ပထမချွေးမဟန်၊လျှိုရှုယွမ်တို့ အကြောင်းနှင့် အမျိုးသမီးများ၏ လက်ရှိအနေအထားကို တွေးတောရင်း တစ်ယောက်တည်း စားသောက်လိုက်သည်။
အစမှာ ဘာမှမဟုတ်ပေမဲ့ ဝိုင်သောက်ပြီးသည့် နှလုံးပူလာပြီး စိတ်တွေ မူးဝေလာကာ စိတ်ခံစားချက်တွေ အလွန်များလာ၏။
ယနေ့ခေတ်တွင် အမျိုးသမီးများက အခွင့်မသာကြပေ အစားအသောက် ညံ့ဖျင်းခြင်းနှင့် အဆင့်အတန်းကိုကား ထည့်ပြောစရာပင်မလိုချေ။
ထိုသို့ နှိုင်းယှဥ်ကြည့်မည်ဆိုပါက ခေတ်မီလူ့အဖွဲ့အစည်းက ပိုကောင်းပေလိမ့်မည်။ အမျိုးသမီးတွေက သူတို့ဘာသာသူတို့ ငွေအများကြီးရှာနိုင်ပြီး သက်တောင့်သက်သာ နေထိုင်နိုင်ကြသည်။
ပုံမှန်ဆိုလျင် သူမ အလွန်အကျွံ မသောက်တတ်ပေ အထူးသဖြင့် အယ်လ်ကိုဟောပါဝင်မှု မြင့်မားပြီး ပြင်းရှသည့် ဂျုံအရက်တွေဆိုပို၍မသောက်တတ်သေး၏။ သို့သော် ယနေ့ တရုတ်နှစ်သစ်ကူးပွဲတော်နှင့် အိမ်ဟောင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုက သူမကို စိတ်ခံစားချက်ဆိုးစေခဲ့ပြီး ပထမချွေးမဟန်နှင့် အခြားသူများအကြောင်း တွေးတောရင်း မတော်တဆ အလွန်အကျွံသောက်မိခဲ့သည်။
အထီးကျန်နေချိန်မှာ အရာအားလုံးကို တွေးကြည့်ရန် လွယ်ကူ၏။ အရက်သောက်ခြင်းကို
ထည့်ပြောရန်ပင်မလိုပေ။ စိတ်ပူစရာမရှိသည့်အခါ အနည်းငယ် ဝမ်းနည်းရပေသည်။
သူမ၏ အတွေးတွေက သူခန္ဓာကိုယ်လို တဖျပ်ဖျပ်လှုပ်ခါနေပြီး သူမ၏အရင်ဘဝအကြောင်းတွေကို တွေးတောခြင်းက အဝေးကြီးရောက်သွား ပုံရ၏။
သူမပထမဆုံးကူးပြောင်းလာစဥ် ညဘက်မှာ အိပ်မက်တွေမက်ခဲ့သည်။ ခေတ်မီသည့်ခေတ်၊ စည်ကားသည့်မြို့၊ ဆူညံသည့်ကစားကွင်း၊ ထူးဆန်းသည့်မိဘတွေ၊ နူးညံ့သည့်မောင်လေး၊ အတန်းဖော်ယောက်ျားလေး၊ ရည်းစားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ...ယင်းက သူမကိုပျော်ရွှင်စေ၏။
နောက်ပိုင်းမှာ ဟန်ချင်စုန့်နှင့် သူ့ကလေးတွေက သူမဘဝတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး ထိုသို့သော အိပ်မက်တွေ ပိုပို၍လျော့နည်းလာသည်။
ရိုးရိုးသားသားပြောရပါလျှင် မခံစားရဘူးဆိုသည်က မဖြစ်နိုင်ချေ။
ယခင်တုန်းက လွတ်လွတ်လပ်လပ် အိမ်တစ်လုံး၊ ကားတစ်စီးနှင့် အသက်မွေးဝမ်းကြောင်းပြုခဲ့၏။ ကူးပြောင်းပြီးသည့်နောက်မှာကား သူမ သားသမီးတွေ ပြည့်နေသည့် အိမ်ကလေးနှင့် ချစ်ခြင်းအတွေ့အကြုံအတွက် အိပ်ရာထဲတန်းသွားသည့် ခင်ပွန်းဖြစ်သူတို့ဖြင့် ကျေးတောရွာလေးမှာ ပိတ်မိနေခဲ့သည်။
သူမ မပြောသော်လည်း မသိစိတ်က နည်းနည်း ဂရုစိုက်မိနေဆဲပင်။
အရက်သောက်ပြီးနောက် သူမကို ရည်းစားတစ်ယောက် အကြွေးတင်နေသည့် ဟန်ချင်စုန့်မှအစပြု၍ နေ့စဉ်ဘ၀တွင် သူမအာရုံမစိုက်သည့်နေရာများသို့ စိတ်ကပြောင်းလာခဲ့၏။။
အရက်၏လှိုင်းတံပိုးနောက်မှာ သူမ၏ အမြင်အာရုံများ မှုန်ဝါးလာကာ သူမ၏ အတွေးများ ကလွင့်ပျံသွားပြီး လိပ်ပြာတစ်ကောင်ဖြစ်သွားသည် အိပ်မက်မက်နေသည့် *ကျောင်းကျိုး၏ ပုံရိပ်ယောင်ကို ခံစားခဲ့ရသည်။
(T/N–ဩဇာလွှမ်းသော တရုတ်ဒဿနပညာရှင်ကျောင်းကျိုး လိပ်ပြာတစ်ကောင်ဖြစ်သွားတယ်လို့အိပ်မက်မက်ခဲ့ဖူးပြီး အိပ်မက်ထဲမှာ သူ့ကိုယ်သူကျောင်းကျိုးဆိုတာကိုမေ့သွားပါတယ်တဲ့
) မူရင်းပိုင်ရှင်ထဲကို ၀င်ထားသလား သို့မဟုတ် သူမတို့နှစ်ယောက်က မတူညီသည့် ကမ္ဘာကလာကြပြီး နောက်ဆုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ကြသလား သူမမသိပါချေ။
သို့မဟုတ် မူရင်းပိုင်ရှင်က တခြားကမ္ဘာသို့ကူးပြောင်းကာ သူမလိုချင်သည့်ဘဝမှာ နေထိုင်နေပြီလော။
သူမ၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ခံစားချက်၊ ပျော်ရွှင်မှုနှင့် စိတ်ခံစားမှုများ ရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမသည် သူမ၏ ခန္ဓာကိုယ်နှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့်အညီ နေထိုင်ခဲ့ပြီး သားသမီးများကို တတ်နိုင်သမျှ ချစ်ကာ မိသားစုကို စီမံကာ ဘဝကို စိတ်နှလုံးမြုပ်နှံကာ နေထိုင်ခဲ့သည်။
အချိန်ခရီးသွားခြင်းက အလုပ်တစ်ခုဟု သတ်မှတ်ခံရပါက လုပ်ငန်းကျင့်ဝတ်ကို လိုက်နာခြင်းဟုလည်း မှတ်ယူနိုင်ပေသည်။
ထိုစဥ် ဘေးမှာ လဲလျောင်းနေသော ရှောင်ဝမ်ကို သူမမြင်လိုက်ရ၏။
အနွေးကုတင်က အတော်လေးပူသဖြင့် ချွေးတွေထွက်နေပြီး သူ့မျက်နှာက အငွေ့တွေဖြင့် နီမြန်းလာကာ အတော်လေး အရသာတွေ့နေပုံပေါ် သည်။
သူမ အနွေးကုတင်စွန်းသို့ တိုးမှီကာ ရှောင်ဝမ် စောင်ကို ဆွဲပေးလိုက်ရင်း ရှောင်ဝမ်၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်ကို သတိရလိုက်သည်။ ဤအခိုက်အတန့်တွင် ငြိမ်သက်အေးချမ်းစွာ အိပ်မောကျနေပြီး နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင် ကျေနပ်သည့် အပြုံးတစ်ခုနှင့် သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုတစ်ခု စီးဆင်းနေသည်ကို ကြည့်လိုက်မိသည်။
သူမ ခေါင်းငုံ့ကာ ရှောင်ဝမ်၏ နီမြန်းနေသော ပါးပြင်ကို နမ်းလိုက်၏။ ချစ်ရတဲ့ပေါင်ပေါင်းလေး...ချစ်စရာအရမ်းကောင်းတဲ့အတွက် ကျေးဇူးပါကွယ်...
ထိုအချိန်တွင် အပြင်မှ အခြားကလေးများ၏ ရယ်သံများ ထွက်ပေါ်လာပြီး သူမ၏ နှလုံးသားက ရုတ်တရက် ပျော့ပျောင်းသွားသည်... ပျော့ပျောင်းသွားကာ သူမ၏ မျက်လုံးအိမ်များလည်း စိုစွတ်လာပြီး ပူနွေးနေသည့် တစ်စုံတစ်ခု ထွက်လာသည်။
ယခင်က သူမရင်းနှီးကျွမ်းဝင်သည့်ဘဝနှင့် ဝေးကွာခဲ့ပြီး ခင်ပွန်း၊သားသမီးတွေနှင့်သောင်တင်နေခဲ့ရသော်လည်း သူမနောင်တမရပေ။
ဤအရာအားလုံးက မိုးကောင်းကင်ထံမှလက်ဆောင်ဖြစ်ပြီး အစ်ကိုကြီးဟန်မဟုတ်ဘဲ ဟန်ချင်စုန့်ကဲ့သို့ ခင်ပွန်းကို ပေးခဲ့၏။
ယင်းကလည်း ပြီးပြည့်စုံမှုတစ်မျိုးဟု သူမယူဆသည်။
ကောင်းလိုက်တာ...
ကျေးဇူးတင်ပါတယ်...မင်းတို့အကုန်လုံးက ငါ့ရဲ့ နတ်သား/သမီးလေးတွေပါပဲ...
အခိုးအငွေ့များထဲတွင် သူမ ဟန်ချင်စုန့်ကိုမြင်လိုက်ရဟန်ရှိပြီးသူမဖန်ခွက်ကို သူ့ဆီ မြှောက်လိုက်သည်။
"ချီးယားစ်..."
သူက မျက်မှောင်ကြုံကာ သူမကိုအသာအယာစိုက်ကြည့်နေ၏။သူ့မျက်လုံးတွေက နက်သထက်နက်လာ အေးစက်နေသည်ဟုထင်ရသော်လည်း ကျဆင်းသွားပြီးပါက နွေးထွေးပြီး အတိုင်းအဆမဲ့သော နူးညံ့မှုများဖြင့်ပြည့်နှက်နေကြောင်းတွေ့ရပေလိမ့်မည်။
မျက်လုံးတွေဝေဝါးနေပြီး သူမ ထပ်သောက်ပြန်၏။
သူက လက်ဖက်ရည်ခွက်ကို ဖယ်လိုက်ပြီး သူမကို သူ့ရင်ခွင်ကျယ်ကြီးဖြင့် ပွေ့ဖက်လိုက်ကာ သူမ၏ အားနည်းသော လက်မောင်းများက သူ့လည်ပင်ရစ်ပတ်ထားသည်။ သူ ခေါင်းငုံ့ပြီး နမ်းလိုက်သော်လည်း သူမတိုးတိုးလေးပြောလိုက်၏။
"ဟန်ချင်စုန့်...ကျွန်မမှာ...ကောင်လေး ရှိနေပြီထင်တယ်"
လင်းလန်က အိပ်မက်တစ်ခု မက်နေခဲ့သည်။ အိပ်မက်ထဲမှာ သူမကပြန်လည်ကူးပြောင်းသွားပြီး ဟန်ချင်စုန့်နှင့်ကလေးတွေ ပျောက်ကွယ်သွား၏။ ဘယ်မှာမှလည်း ရှာမတွေ့သဖြင့် သူမ စိတ်ပူလွန်း၍ ငိုပြီးရင်းငိုနေခဲ့သည်။
၎င်းက သူမကို ရုတ်တရက် နိုးလာစေခဲ့၏။
ထိုအချိန်တွင် အပြင်ဘက်မှ မီးရှူးမီးပန်းဖောက်သံများ အပြင် ကလေးများ၏ အော်သံများ ထွက်ပေါ်လာသည်။
သူမ သူမရင်ဘတ်ကို ပုတ်ရင်းစိတ်အေးစေ၏။ ကိုယ့်ကိုယ်ကိုယ် မကြောက်ပါနဲ့...လူတွေ သေအောင် ကြောက်သွားလိမ့်မယ်...
စန်းဝမ်က တံခါးအက်ကြောင်းကနေ ခေါင်းလေးပြူထွက်လာပြီး သူမကို စပ်ဖြဲဖြဲကြည့်လေသည်။
"မားမား နိုးပြီလား...ကျွန်တော်တို့ မီးရှူးမီးပန်း ဖောက်တော့မယ်...မကြာခင် ဖက်ထုပ်လုပ်ရမဲ့ချိန်ရောက်ပြီ"
လင်းလန်က သူ၏ ကျွန်တော်သိပါတယ်ဟူသော မျက်လုံးလေးများက ရည်ရွက်ချက်ကောင်းမရှိဟု သူမအမြဲခံစားရသည်။ သူမ သူ့ခေါင်းကို ပွတ်ရင်းမေးလိုက်၏။
"ငါ အိပ်ပျော်သွားတာလား"
စန်းဝမ်က ပြောင်ပြုံး ပြုံးပြီး
"ဟုတ်တယ်..အဖေ ပြန်လာတော့ မားမားကို အနွေးကုတင်ပေါ်တင်ပေးပြီး ဌာနခွဲအတွင်းရေးမှုး အိမ်သွားတယ်"
Xxxxx
Part 334
လင်းလန် အနှီကောင်လေး၏အပြုံးက ပုံမှန်ဟုတ်မနေသည်ကို မြင်လိုက်ရပြီး ရုတ်တရက် မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခုခံစားရပြီး ကိုယ့်နဖူးကိုကိုယ် လက်ဖြင့်ရိုက်လိုက်သည်။ အရက်သောက်နေစဥ်က သူမမှာ အသိရှိသေးသော်လည်း အဘယ်အကြောင့် နောက်ပိုင်းမှာ အသိစိတ်လွတ်သွားရသနည်း။
သူမ လက်ကို မြှောက်ပြီး နာရီကြည့်လိုက်ရာ ဆယ်နာရီခွဲပဲရှိသေးပြီး သူမနာရီဝက်ပဲ အိပ်သေးသည်လော။
အချိန်တိုလေးအတွင်းမှာ သူမဘာသာ မူးသွားပြီး အမူးသမားတစ်ယောက်လိုပြုမူကာ နာရီဝက်အတွင်း အိပ်ပျော်သွားခြင်း ဖြစ်နိုင်သည်လော။
သူမ နိုးလာသည်ကိုကြားသောအခါ အခြားကလေးများလည်း အမောတကော ဝင်လာပြီး သူတို့ ပါးပြင်များက အအေးဒဏ်ကြောင့်နီမြန်းနေ၏။
တစ်ယောက်ပြီးတစ်ယောက် သူမကို ဝမ်းသာအားရ ကြည့်လာကြသည်။
လင်းလန်၏ စိတ်ထဲတွင် သတိပေးချက်အသံတစ်ခုမြည်ဟီးလာပြီးပြောလိုက်၏။
"... ငါ့နောက်ကွယ်မှာ မင်းတို့ဘာ မကောင်းတာတွေလုပ်ထားသေးလဲ"
"ဟားဟားဟား..."
စန်းဝမအ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ခါးထောက်ကာ ရယ်လိုက်သည်။
"မားမား... အခုကနေစပြီး ကျွန်တော်တို့ကို မရယ်တော့နဲ့"
အရက်သောက်ပြီး ရူးသွားတာလား...
အိုး ဘုရားရေ...
သူမ ကိုယ့်နဖူးကိုယ် ရိုက်လိုက်ပြီး သူမခေါင်းကနာကျင်နေကာ သူမနှင့် စကားပြောနေသည့် ဟန်ချင်စုန့်ကို ယောင်ဝါးဝါး မှတ်မိလာခဲ့သည်။
အမှန်တော့မဟုတ်ဘူးမလား...
စန်းဝမ်က ရုတ်တရက် အနွေးကုတင်ပေါ်ခုန်တက်ကာ သူ့လက်မောင်းများက အားဝမ်၏လည်ပင်းကို သိုင်းဖက်၍ သူ့အသံကို နူးညံ့စွာနှင့်ကလူတူတူနိုင်စွာ ညှစ်ထုတ်လျက်ဆို၏။
"...ဟန်ချင်စုန့်... ကျွန်မမှာ ကောင်လေးရှိနေပြီ..."
"စန်းဝမ်းးးးးး..."
လင်းလန် ရုတ်တရက် ပေါက်ကွဲသွားသည်။
ထိုသို့သော ကြောင်သူတော် မင်းသမီးက *ကျုံယောင်စတိုင် ခံစားနေရသူ မဟုတ်သည်မှာ သေချာသည်။
(T/N–ဒရာမာဆန်ဆန်)
အိုးမိုင်ဂေါ့...
လူတွေကို ဘယ်မျက်နှာနဲ့မျက်နှာချင်းဆိုင်ရတော့မလဲ...
လင်းလန် အနွေးကုတင်ပေါ်လှည်းသည့်တံမြက်စည်းကို ကောက်ကိုင်ကာ စန်းဝမ်၏တင်ပါးကို ရိုက်လိုက်၏။စန်းဝမ်က သူ့အစ်ကိုကြီးပေါ်သို့ မျောက်တစ်ကောင်လို တွယ်တက်ကာ"ကယ်ပါဦး...ကယ်ပါဦး"ဟုအော်လေသည်။
သူက တဝမ်နောက်မှာပုန်းနေပြီး အားဝမ်ကိုဖက်လိုက်ကာ အားဝမ်၏ခါးကို သိုင်းဖက်၍ သူ့ခေါင်းကို အားဝမ်ရင်ခွင်ထဲတွင် မြှုပ်ထားလျက်ဆို၏။
"...ဟန်ချင်စုန့်...ရှင်ကျွန်မကို ချစ်လား..."
"ဟန်ဝမ်မင်...အခုချက်ချင်း မြေပြင်ကြီးပေါ် ဆင်းစမ်း"
လင်းလန်၏ မျက်နှာက သွေးများပေါက်ထွက်မတက် နီရဲနေပြီး တံမြက်စည်းနှင့် မြေကြီးပေါ်ဆင်းလိုက်သည်။သူမ စန်းဝမ်ကို တစ်နပ်လောက်ကျွေးမှရမည်။
မူလက ပထမချွေးမကြောင့် ဖြစ်ပေါ်လာသည့် ဝမ်းနည်းမှုနှင့် သူတော်ကောင်းယောင်ဆောင်မှုအနည်းငယ်တို့ကို အရက်ထပ်ပေါင်းလိုက်ခြင်းက ကောင်းကင်ထိတိုင် တိုက်ရိုက်ကွဲအက်သွားကာ အကြွင်းအကျန်ရှိမနေပေ။
ဤအရာအားလုံးကို ဖျက်စီးပစ်ရန် သူမ ယခုအချိန်တွင် replayခလုတ်ကို လိုချင်မိသည်။
မိုင်စွေ့က စန်းဝမ်ကို လှမ်းဆွဲပြီး
"ဟားဟား...မားမား သမီးသူ့ကို ဖမ်းလိုက်ပြီ"
သူမက စန်းဝမ်ကို အနွေကုတင်ပေါ် ဖိထားပြီး လက်ဆန့်ကာ သူ့ဘောင်းဘီကိုကိုင်လိုက်၏။
"မားမား...သမီး ကူညီပေးမယ်"
စန်းဝမ်က အသည်းအသန် ရုန်းကန်ကာဆိုလေသည်။
"အစ်မ...နင်ကကျောင်းသားကောင်းလေ... ရမ်းကားလို့ မရဘူးးးး..."
လင်းလန် စန်းဝမ်၏ ဘောင်းဘီကို ဆွဲချွတ်ပြီး
"နောက်တစ်ခါ ထပ်လုပ်... ထပ်လုပ်ပြန်ပြီ ..."
စန်းဝမ် : "မားမား ကျွန်တော်တကယ်မလုပ်ခဲ့ပါဘူး..အားးး ကျွန်တော် မှားပါတယ်...ကျွန်တော် နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူး…မားမား ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါ … အစ်ကိုကြီး ကယ်ပါဦး... ဒုတိယအစ်ကို ကယ်ပါဦး ...ရှောင်ဝမ် ကယ်ပါဦး".
လင်းလန် တံမြက်စည်းကို သုံးရန် ဝန်လေးသည့်အတွက် စန်းဝမ် တင်ကို သူမလက်ဖြင့် သုံးကြိမ်ရိုက်လိုက်ပြီး လက်နာသဖြင့် လက်ကိုခါလိုက်၏။
သူမ လည်ချောင်း ရှင်းပြီး တည်ငြိမ်ယောင်ဆောင်ကာပြောလိုက်သည်။
"ငါ အိပ်ပျော်သွားပြီးတဲ့နောက်...သောက်ကလေးက ငါ့ကို အကွက်ချတယ်ပေါ့လေ... တော်တော် သတ္တိကောင်းတာပဲ"
စန်းဝမ်က ခါးသီးသည့် မျက်နှာနှင့်ဆို၏။
"ကျွန်တော်က ဟန်ချင်စုန့်လို့ပဲပြောခဲ့တာပါ... မားမားလို့ မပြောပါဘူး..."
"မင်းက ရန်ဖြစ်ချင်သေးတာလား"
လင်းလန် ပြေးဝင်သွားလိုက်သည်။
အားဝမ်က ရယ်မောကာ လင်းလန်ကို ဖမ်းကိုင်လိုက်ပြီး ကျယ်ကျယ်ပြောလေ၏။
"မားမားး နှစ်သစ်ကူး နှုတ်ခွန်းဆက်ရမဲ့ အချိန်ရောက်ပြီ"
သူက ကလေးတွေကိုဆွဲခေါ်၍ လင်းလန်ကို ကန်တော့လိုက်ပြီးဆိုသည်။
"မားမားကို ကန်တော့ပါတယ်...အဖေ ပြန်လာတဲ့အခါ နောက်တစ်ခါ ကန်တော့မယ်...ကန်တော့ငွေနှစ်ဆယူမယ်"
ထိုစကားကိုကြားသောအခါ စန်းဝမ်က အနွေးကုတင်ပေါ်မှ ခုန်ဆင်းကာပင်မခန်းရှိကောက်ရိုးပေါ်တွင် ဒူးထောက်၍ ဦးသုံးကြိမ်တိုက်လေ၏။
“မားမား ချစ်တယ်...မားမားကို ကန်တော့ပါတယ်...နှစ်သစ်မှာပျော်ရွှင်ပါစေ မားမား"
တဝမ်၊အားဝမ် နှင့် မိုင်စွေ့ : " ... "
သူတို့က တိတ်တိတ်ဆိတ်ဆိတ်နှင့် ဦးတိုက်လိုက်ကြပြီး မဂ်လာရှိသော စကားများ ပြောကာ အခန်းထဲကို ပြန်ဝင်သွားကြသည်။
လင်းလန်က ဖိအားကြောင့် တည်ငြိမ်သက်သွားပြီဖြစ်ကာ သူမ၏ လက်လုပ်ပိုက်ဆံအိတ်ကို အေးအေးဆေးဆေး ထုတ်ယူပြီး စန်းဝမ်ကို စူးစူးဝါးဝါး စိုက်ကြည့်၍ပြောလိုက်၏။
"မင်း စာမေးပွဲနီးလာပြီ... ဘယ်လိုတောင် ဟုန်ပေါင်းတွေ လိုချင်ရဲသေးတာလဲ"
စန်းဝမ်က နှုတ်ခမ်းစူကာ
"မားမား... အဲ့ဒါတွေက ပြီးခဲ့ပါပြီ... သား စာရေးပြီး အပြစ်ပေးမခံဘူးလား"
"ဒါဆို မင်း အရက်ခိုးသောက်တာကရော..."
"မားမား ကြာပွတ်ဒဏ်သုံးချက်ကို မမှတ်မိဘူးလား"
လင်းလန်: “…”
စကားလုံးတွေ ပျောက်ရှသွား...
ယခင်က အရက်သောက်ခဲ့သည့် ကြောင်သူတော်ယောင်ဆောင်သော သူမကိုယ်သူမ တိတ်တိတ်လေး ပါးရိုက်ပြီး ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်၏။
နောက်တစ်ကြိမ် ကြောင်သူတော်လုပ်ရင်...
နောက်တစ်ကြိမ် သူတို့အကုန်လုံးက နတ်သား/သမီးလေးတွေလို့ပြောရင် ...
ကိုယ့်ကိုကိုယ် ပါးရိုက်ပစ်မယ်...
သူမက သူတို့ကို ကြင်နာစွာကြည့်လိုက်သည်။
ကလေးများအားလုံး:"..."
အေးစိမ့်သွား...
လင်းလန်က တဝမ်၊အားဝမ် နှင့်မိုင်စွေ့ကို တစ်ဦးလျှင် တစ်ယွမ်စီပေးခဲ့သည်။
သူတို့ သုံးယောက်လုံး အံ့အားသင့်သွားခဲ့၏။ မူလက အများဆုံး တစ်ပြားဟု သူတို့ထင်ခဲ့ကြသည်။
တခြားသူများ၏မိသားစုတွေက သားသမီးတွေကို နှစ်သစ်ကူး မုန့်ဖိုးမပေးကြပေ။ တစ်ဆင့်နှစ်ဆင့်လောက်သုံးပြီး သကြားလုံးတစ်ပိုင်းသာဝယ်ကြ၏။
မားမားက ချက်ချင်းပဲ တစ်ယွမ် ပေးလိုက်တယ်...
နှစ်ပြားဆိုရင် ဂျုံဖြူတစ်ကတ်တီဝယ်လို့ရတယ်...
တစ်ယွမ်ပေးတယ်ဆိုတော့ ဒါက ဂျုုံဖြူငါးကတ်တီစာလေ....
xxxxx