Part 335
အားဝမ်က ညည်းလိုက်သည်။
“မားမားက တကယ်ကိုလက်မဖွာဘဲမနေနိုင်ဘူး..."
စန်းဝမ် :မားမားက စိတ်ရှုပ်နေပြန်ပြီ...ကံကောင်းချင်တယ်...
သူက ကောက်ယူရန် စိတ်လှုပ်ရှားစွာဖြင့် လက်ဆန့်လိုက်၏။
လင်းလန်က ပိုက်ဆံအိတ်ထဲကို ကြည့်လိုက်သည်။ပြားတန်မရှိသဖြင့် ဆင့်နှစ်ဆယ်ယူလိုက်ပြီး တွန့်ဆုတ်ဆုတ်နှင့် ပြန်ထည့်ကာ နောက်ဆုံးတွင် နှစ်ဆင့်ထုတ်ကာ သူ့လက်ထဲ ထည့်လိုက်သည်။
စန်းဝမ် : "!!!"
မားမား နှိုးထပါဦး... မားမားဘာဖြစ်နေတာလဲ...မရေတွက်တတ်ဘူးလား...ကျွန်တော်က မားမားရဲ့သားလေ...ကိုယ်ရေးကိုယ်တာရန်ငြိုးကို လူသိရှင်ကြား လက်စားချေလို့ မရဘူးဗျ...
မူလက လင်းလန်က ဆင့်နှစ်ဆယ်ထုတ်သည်ကိုမြင်သောအခါ နည်းသော်လည်း ဆင့်နှစ်ဆယ်ကလည်း ပိုက်ဆံပါပဲဟုတွေးခဲ့၏။
သူ့မားမားက ၎င်းကို ပြန်ထည့်လိုက်မည်ဟု သူမည်သို့သိပါမည်နည်း။ သကြားလုံး ဆယ်လုံးဝယ်ရရင် အဆင်ပြေသည်ဟု သူ တွေးခဲ့သည်။
ဘယ်လိုလုပ်သိမှာလဲ... သူ့မားမားက မပေးချင်ဘူးဆိုတာကိုလေ... သူ့ကို နှစ်ဆင့်ပဲပေးတယ်...
လင်းလန်က တည်ငြိမ်စွာပြောလိုက်၏။ “တောင်းပန်ပါတယ် ...ငါ့မှာ ငါးဆင့်မရှိဘူး ...နှစ်ဆင့်ပဲရှိတယ်”
စန်းဝမ်က ငိုယိုပြီး လှည့်စားတတ်သည့်သူမျိူး မဟုတ်ပေ။အများကြီးမရသော်လည်း နှစ်ဆင့်ကို မကြိုက်ဘဲမနေပေ။
ယူသွားပြီး အခွင်အရေးရမှ ထပ်တောင်းမယ်...
ဟီးဟီး...
လင်းလန်က တဝမ်ကိုမေးလိုက်သည်။
"ကတုပ်တွေအကုန်လုံး တံခါးအပြင်မှာချပြီးပြီလား"
တဝမ်က ချပြီးပြီဟုပြော၏။
တရုတ်နှစ်သစ်ကူး ဓလေ့မှာ ညဘက်တွင် တံခါးအပြင်ဘက်မှာ တုတ်များချ၍ တံခါးပေါက်မှ ပင်မအခန်းအထိ ကောက်ရိုးများကို ခင်းထားလေ့ရှိပြီး ပင်မခန်းအတွင်း၌ ကလေးငယ်များ ဒူးထောက်ကာ ဦးတိုက်သွားနိုင်ရန် ဖြစ်သည်။
ယခုအချိန်တွင် မိသားစုတစ်စုမှ ယောက်ျားလေးများသည် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရန် သက်ကြီးရွယ်အိုများထံ ဦးတိုက်သွားနိုင်ကြသည်။ယင်းကငွေရှာရန် အခွင့်အလမ်းကောင်းဖြစ်၏။
ဟန်အိမ်ဟောင်းမှာ ရန်ပွဲတွေ ပဋိပက္ခတွေရှိသည့်အတွက် သူတို့ကို ဖျော်ဖြေပေးမည့်သူ မရှိသဖြင့် လင်းလန် ကလေးတွေကို ထိုနေရာသို့ သွားခွင့်မပြုဘဲ မနက်ဖြန်မနက်မှ ထိုအကြောင်း ပြောကြမည်ဖြစ်သည်။
မှန်သည်ပင်၊ ကလေးတွေ ထိုနေရာမှာ လာကစားမည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
သူမ မီးအိမ်ကို ထွန်းညှိကာ မြင့်မြင့် ကိုင်၍ ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ဓာတ်ပုံရိုက်ခိုင်းလိုက်၏။ ဓာတ်ပုံများ ရိုက်ပြီးသွားပြီးနောက် သူမ ဓာတ်ပုံရိုက်ရန် ထွက်လာခဲ့သည်။သူမက အိမ်သာများ၊ သက်ကယ်အိမ်များ၊ ကြက်လှောင်အိမ်များ၊ ဘဲလှောင်အိမ်များနှင့် ခွေးလှောင်အိမ်များကို ရိုက်ယူခဲ့သည်။
နောက်ဆုံးတွင် ကလေးများ၏ ဓာတ်ပုံများကို ရိုက်ရင်း သူမက ပြုံးပြုံရွှင်ရွှင်ဆိုလိုက်၏။ "တရုတ်နှစ်ကူးပြီ... ဓာတ်ပုံရိုက်မယ်... အရပ်ပိုရှည်လာမယ်"
စန်းဝမ်က ခုန်တက်လာပြီး လင်းလန်ကို ဓာတ်ပုံရိုက်ခိုင်းသည်။
"မားမား...ကျွန်တော်က မားမားကောင်လေးနဲ့တူလား"
လင်းလန် : " ... "
မင်းကို ရိုက်ဖို့ လိုမယ်ထင်တယ် ...
သူမ ခြေထောက်ကို မြှောက်လိုက်ရာ စန်းဝမ်က ထွက်ပြေးသွား၏။ စန်းဝမ်က တဝမ်နောက်ကို လိုက်သွားပြီး တိုးတိုးလေးပြောလေသည်။
"အစ်ကိုကြီး ကောင်လေးသူငယ်ချင်းဆိုတာကဘာလဲ"
(T/N–လင်းလန်းက boyfriendလို့သုံးလိုက်တာပါ... အဓိပ္ပါယ်ကကောင်လေးပေမဲ့ သူတို့ကြားတာကကောင်လေးသူငယ်ချင်း)
တဝမ်: "ကောင်လေးရဲ့သူငယ်ချင်းလား..."
"ဒါဆိုကောင်မလေး သူငယ်ချင်းလည်းရှိတာလား..."
"ရှိတယ်"
"ဒါဆို အစ်ကိုကြီးက ကျွန်တော့်ကို ကောင်လေးလိုဆက်ဆံတာပေါ့"
တဝမ်: "ငါက မင်းရဲ့အစ်ကိုလေ"
"ဒါဆိုကျူးဇီက အစ်ကိုကြီးကောင်လေးလား"
"သူကငါ့ညီလေး"
စန်းဝမ် နည်းနည်း ရှုပ်သွား၏။ကောင်လေး နဲ့ ကောင်မလေးဆိုတာက ဘာလဲ...
သူက ဒုတိယအစ်ကိုနှင့်အစ်မကို သွားမေးသောအခါ သူတို့က စာကျက်နေကြသည်။
မိုင်စွေ့ : "သူငယ်ချင်းက အဝေးကလာတာ...ကောင်လေးဆိုတာက အဝေးက ယောက်ျားလေး သူငယ်ချင်းပဲ... အဖေကအမေ့ရဲ့လူဆိုပြီးလူကြီးတွေကမပြောကြဘူးလား...အဲ့တော့ ကောင်လေးဆိုတာက ယောက်ျားလေးထက်ပိုတဲ့ သူငယ်ချင်း... ငါတို့မိသားစုကမဟုတ်ဘူး... အပြင်ကဖြစ်ရမယ်"
စန်းဝမ်၏ မျက်လုံးများ ပြူးကျယ် သွားကာ
"ဒါဆို ငါ့မားမားမှာ ကောင်လေးရှိလား... ဘယ်တစ်ယောက်လဲ"
အားဝမ်: "ဒေါက်တာယန်မဟုတ်လား"
စန်းဝမ်: "ဒေါက်တာယန်ကအဆင်ပြေပါတယ်...ကောင်လေးဖြစ်ရင်လည်း မဆိုးပါဘူး... ပြီးတော့ မမရှုယွမ်နဲ့အမျိူးသမီးခေါင်းဆောင်ကရော ကောင်မလေးတွေလား”
“မှန်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုမဟုတ်ရင် ရတယ်”
စန်းဝမ်က ဆံပင်ကိုဆွဲပြီးပြော၏။
“ဒါဆို ငါ့ကောင်လေးက ဘယ်သူလဲ”
“မင်းမှာ သူငယ်ချင်းအရင်ရှိရမယ်...ယောက်ျားလေး အတန်းဖော်တွေကို ကောင်လေးတွေလို့ သတ်မှတ်လို့ရတယ်”
မိုင်စွေ့က အဖြစ်မှန်အတိုင်း ရှင်းပြသည်။
သူတို့ သုံးယောက် သဘောတူညီမှု ရသွား၏။
လင်းလန်က ရှောင်ဝမ့်ပုံရိုက်ရန် အိမ်ထဲသို့သွားခဲ့သော်လည်း ကလေးများက သူတို့၏ကောင်လေး နှင့်ပတ်သက်သော အမြင် များစွာရှိသည်ကို သူမမသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဒေသခံများတွင် ထိုကဲ့သို့ထင်မြင်ချက်မရှိခဲ့ကြပေ။
ဒေသအလိုက် "သူတို့ချွေးမ" အကြောင်းကို တိုက်ရိုက်ပြောတတ်ကြသည်။ဘလိုင်းဒိတ်တွေ့ကာ အိမ်ထောင်ပြုကြပြီး ချွေးမကို ကြိုဆိုကြ၏။ လူနည်းစုကသာ သူတို့နှင့် ချိန်းတွေ့သည့် လက်တွဲဖော်အကြောင်း ပြောကြသည်။
လင်းလန် ရှောင်ဝမ်ပုံရိုက်ရန် အခန်းထဲ ဝင်လာပြီး နောက်ဆုံးတွင် ပင်မအခန်း၏ သစ်သားဘောင်၏ သစ်သားသပ်ပေါ်တွင် မီးအိမ်ကို ချိတ်ဆွဲထားလိုက်သည်။
စန်းဝမ်က နှစ်သစ်ကူးမုန့်ဖိုးရရန်အတွက် ဆက်ကန်တော့ဖို့ စိတ်အားထက်သန်နေပြီးပြောလေ၏။
"အဖေက ဘာလို့ ပြန်မလာသေးတာလဲ...သူ့ကို သွားခေါ်လိုက်မယ်"
သူက ပြေးတော့မည့်ပြုသောအခါတွင် လင်လန်က နားရွက်ကို ဆွဲပြီး ပြန်ခေါ်လာခဲ့သည်။
စန်းဝမ်က အလျင်စလိုဖြင့်
"အစ်ကို သွားကြည့်...ကျွန်တော့် ဘာမှ မပေးပါနဲ့... အဟမ်း... ဟားဟား"
သူက သူကြိုက်သည့်မကြိုက်သည့် ကောင်လေးတွေကဲ့သို့သော တခြားသူတစ်ယောက်ယောက်နှင့် ချိတ်ထားရန် ပြောချင်ခြင်းပင်။
ကလေးတွေက မိုက်မဲပြီး တစ်ခုခုကို သင်ယူသည့်အခါ တက်ကြွ သွားတတ်ကြ၏။ လူကြီးတွေက မပြောခိုင်းလေလေ၊ သူတို့ကပိုပျော်လေလေဖြစ်သည်။
တဝမ်က သူ့ကို ဗလာအကြည့်ဖြင့်ကြည့်လိုက်ပြီး "ငါအရိုက်ခံရမှာကို မကြောက်ဘူး... မင်းသွား"
စန်းဝမ် သူ့အစ်မနှင့် ဒုတိယအစ်ကိုကို မသွားခိုင်ဝံ့၊ သူတို့စာလုပ်ပြီးသွားပါက အဖေ အံ့သြမှာ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကလေးသုံးလေးယောက်က အပြင်ဘက်ကနေ ပြေးဝင်လာကာအော်လေ၏။
“တတိယဦးလေးကို ကန်တော့ပါတယ်...တတိယဒေါ်ဒေါ်ကိုကန်တော့ပါတယ်"
ထို့နောက် သူတို့က ပင်မခန်းထဲသို့ ပြေးဝင်လာကာ ကောက်ရိုးပေါ်၌ ဒူးထောက်၍ လေးလေးနက်နက် ဦးတိုက်ကြသည်။
လင်းလန် သူမဆီ ကလေးတွေ လာကန်တော့မည်ဟာ မမျှော်လင့်ထားသဖြင့် ဝမ်းသာအားရပြောလိုက်၏။
"ရောက်နေပြီပဲလေ...ခေါင်း မြန်မြန်မော့ပါ"
Xxxxxx
Part 336
ကလေးတွေ၏ မျက်နှာများက အအေးဒဏ်ကြောင့် နီမြန်းနေသလို အချို့ကလည်း နှာခေါင်းကြီးကြသည်။(နှာခေါင်းရဲရဲနီနေ)
သူတို့က ကျန်းချိုက်ဟုန်၏ မိသားစုမ သားသမီးများဖြစ်သည်။ လင်းလန် ၎င်းတို့အား အိမ်သာသုံးစက္ကူဖြင့် သုတ်ပေးကာ မြေပဲစေ့များနှင့် ဖရဲစေ့များကို ကုတ်ယူပြီး သူတို့အိတ်ကပ်ထဲတွင် ထည့်ပေးလိုက်၏။
လူတိုင်းက ချိုချဥ်နှစ်လုံးနှင့်နှစ်ဆင့်စီရကြသည်.
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ တတိယဒေါ်ဒေါ်"
သူတို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
သူတို့ကံကြမ္မာကို စမ်းကြည့်ချင်ပေမဲ့ တကယ်ဖရဲစေ့နှင့် မြေပဲတွေရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သကြားလုံး... ပြီးတော့ ပိုက်ဆံ...
အရမ်းကောင်းတယ်...
တတိယဒေါ်ဒေါ်က ကောင်းလိုက်တာ...
သူတို့က စန်းဝမ် နှင့်အားဝမ် တို့ကိုပါ ဖိတ်ခေါ်ကြသည်။
"သွားကြရအောင်လေ...အတူတူသွားကန်တော့ကြစို့"
ကောင်လေးတစ်ယောက်က စန်းဝမ်ကို တိုးတိုးလေးပြော၏။
"အမြဲတမ်း ပိုတောင်းလို့ရတယ်"
စန်းဝမ်က တခြားသူတွေပေးသည့် မြေပဲတွေကို ဂရုမစိုက်သော်လည်း တစ်ချို့လူတွေက အတူတူပြဿနာရှာကြသည်။ အဲ့ဒါက သူ့အကြိုက်ပဲ...
ထို့အပြင် သူ နည်းနည်း အဆင်မပြေပေ။ သူမားမားက သူ့ကို ပေးသည်နှင့်အတူတူ တခြားသူတွေကို နှစ်ဆင့်ပေး၏။
ပြန်ရဖို့အတွက် တစ်အိမ်ပြီး တစ်အိမ် သွားမှရမယ်...
လင်းလန်က သူတို့အားလုံးကို သွားခိုင်းသည်။ “မင်းတို့မိဘတွေကို ကန်တော့ရင် သူတို့မိဘတွေကိုလည်း ပြန်ကန်တော့သင့်တယ်"
ဟန်မိသားစုက ရွာတွင် အသုံးအများဆုံးမျိုးရိုးနာမည်ဖြစ်ပြီး အဝတ်ငါးထည်အောက်ရှိသော မည်သူမဆို နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများ ပေးနိုင်ကြသည်။ ထွက်(သေ)သွားသောသူများပင် လှည့်ပတ်သွားလာလိမ့်မည်။
စန်းဝမ်က ကြိုးစားချင်သော်လည်း တဝမ်ကမူ တုံ့ဆိုင်းနေ၏။
လင်းလန်က လက်ဝှေ့ယမ်းပြပြီး
“သွား လျှောက်သွားချေ... မြန်မြန်သွား”
ထို့ကြောင့် ကလေးတွေ အုပ်စုလိုက် ပြေးထွက်သွားကြသည်။
တဝမ်က နောက်ကနေ အေးအေးလူလူ လိုက်သွားပြီး ခြံဝင်းမှ ထွက်သောအခါ စန်းဝမ်နှင့် ကလေးတစ်ယောက် ရေရွတ်သံကို ကြားလိုက်ရ၏။
စန်းဝမ်က တိုးတိုးလေးပြောလေသည်။
"ငါ မင်းရဲ့ကောင်လေးဖြစ်ပေးမယ်... မင်း ကန်တော့ မုန့်ဖိုးတောင်းရင် ငါ့ကို ဆင့်နည်းနည်းပေး"
ထိုကလေးက ကောင်လေးဆိုသည်က ဘာကိုဆိုလိုမှန်း မသိသည့်အတွက် မေးလိုက်၏။
စန်းဝမ် : "ကောင်လေးဆိုတာက မင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းအထက်ဆုံး အကြီးအကဲပဲ"
ထိုကလေး : "အဲဒါ အစ်ကိုကြီး တဝမ် မဟုတ်ဘူးလား ...အစ်ကိုကြီးတဝမ်ကို ငါ့ကောင်လေး ဖြစ်စေချင်တယ်... သူက အစွမ်းအထက်ဆုံးပဲ"
"မင်းကဝန်ထုတ်ဝန်ပိုးပဲဖြစ်လို့ရတယ်...သူကမင်းကို မလိုချင်ဘူး"
ထိုအကြောင်းကိုစဥ်းစားပြီးနောက် ထိုကလေးက ပျော်ရွှင်စွာ လက်ခံလိုက်ပြီး သူ့ကောင်လေးစန်းဝမ်၏လက်ကိုဆွဲကာ ကန်တော့ပြီးမုန့်ဖိုးတောင်းရန်ပြေးသွားလေသည်။
တဝမ် : "... "
ဘာကို ကောင်လေးလဲဟ...
...
ထိုသို့သော ကိစ္စပြီးနောက် ရှောင်ဝမ် နိုးလာကာ မျက်လုံးများကို ပွတ်သပ်လိုက်၏။ လင်းလန်၏ အသံကို ကြားလိုက်ရာ မျက်လုံးများ တောက်ပလာကာပြီး အော်လေသည်။
"မားမား..."
လင်းလန်က သူ့ကို မျက်မှန်ကို ဝတ်ပေးပြီးပြော၏။
"လာ... ထ...ခဏနေရင် ဖက်ထုပ် ကျွေးမယ်"
ရှောင်ဝမ်က ထလာပြီး နိုးနိုးချင်း ကလေးလေးလို ပြုမူချင်နေကာ လင်းလန်၏လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူခေါင်းလေးနှင့် လင်းလန်၏လည်ပင်းကို တိုးဝှေ့ ပွတ်သပ်ကာဆို၏။
"မားမားကို အကြိုက်ဆုံးပဲ"
"မားမားလည်း ရှောင်ဝမ်ကိုကြိုက်တယ်...ရှောင်ဝမ်က အကောင်းဆုံးပဲ"
လင်းလန်က ပြုံးရင်း သူ့မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်ပြီးပြောသည်။
"အစ်ကိုတို့အစ်မတို့ အကုန်လုံး နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့သွားကြတယ်...သားရော သွားချင်လား"
ရှောင်ဝမ်က သူတို့အိမ်မှာ မရှိမှန်း သောအခါ လင်းလန်ကို ပို၍ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီ ခေါင်းယမ်းလေသည်။
လင်းလန်ကလည်း သူ့ကို အတင်းမတိုက်တွန်းပေ။ မနက်ဖြန်အထိ စောင့်နေလည်း အတူတူပါပင်။
ကောင်လေးတစ်စု ယခင်က အပြင်ထွက် ဝါဒဖြန့်စဥ်က လင်းလန်က အလွန် ရက်ရောပြီး သကြားလုံးနှင့် စားစရာအတွက် ပိုက်ဆံတွေပေးခဲ့သည်။ ကလေးတွေက ၎င်းကိုကြားပြီး ဤသို့ အတူတူ လာကြခြင်းဖြစ်၏။
လင်းလန်က သူမတို့မိသားစုနှင့် ဆက်ဆံရေး ကောင်းသော ကလေးများကို နှစ်ဆင့် ပေးမည်ဖြစ်ပြီး သာမန် ဆက်ဆံရေးရှိသူများကို တစ်ဆင့် ပေးမည်ဖြစ်ကာ မသက်ဆိုင်သူများကို ငွေမပေးဘဲ မြေပဲ သို့မဟုတ် သကြားလုံးတစ်လုံး ပေးမည်ဖြစ်သည်။
ကလေးတွေက ဝင်လိုက်ထွက်လိုက်နှင့်အလွန်အသက်ဝင်နေ၏။
လင်းလန် တစ်ခုခုမှားနေသလိုခံစားနေရခြင်းတစ်ခုသာပင်။
သူတို့ပြောနေတဲ့ ကောင်လေးက ဘယ်သူလဲ..
သူမ ခဏလောက် နားမလည်ပေ။
ခဏအကြာတွင် တဝမ် ညီအကိုမောင်နှမများနှင့်အတူ ပြန်လာပြီး တိုက်ပွဲရလဒ်များကို သတင်းပို့သည်။ ဌာနခွဲအတွင်းရေးမှူး၏မိသားစု၊ ကျန်းချိုက်ဟုန်၏ မိသားစု၊ တုန်ဟွိုင်ဟွ နှင့် အဘိုးတို့က အကုန်လုံး မုန့်ဖိုးပေးကြပြီး အချို့က တစ်ဆင့်စီနှင့် အချို့က နှစ်ဆင့်ပေးကြသည်။
လင်းလန်က ပြုံးပြုံးလေးပြောလိုက်၏။
"မင်းတို့ရထားတဲ့ ပိုက်ဆံတွေ အကုန်ယူပြီးရင် ...အကုန်လုံးကို အကူအညီပြန်ပေးရမယ်နော် ကောင်လေးတွေ"သူမက လူသားခံစားချက်အနည်းငယ်ကိုထည့်ပြောလိုက်သည်။
“နှစ်သစ်ကူးမှာ ကလေးတွေက ဂါရဝပြုရင် လူကြီးတွေက မုန့်ဖိုးပေးရမယ်... မားမားတို့မိသားစုမှာ သားသမီးတွေ ပိုများလို့ သူတို့က တစ်ဆင့်ပေးရင် မားမား နှစ်ဆင့်ပြန်ပေးမယ်... နောက်ပြီး မားမာတို့ မိသားစုက သူတို့ထက် အခြေအနေ နည်းနည်း ပိုကောင်းတယ်လေ...တစ်ဆင့်လောက်ပိုပေးတာက အဆင်ပြေပါတယ်...ဒါပေါ့ မားမားတို့က ရက်ရောတာ မဟုတ်ဘူး... နှစ်ဆင့်လောက်နဲ့ လုံလောက်တယ်”
သူမလည်း သူများတွေကို ဖိအားမပေးချင်ပေ။ တစ်ဆင့် နှစ်ဆင့် ပြန်ပေးသည်ကအဆင်ပြေပြီး ငွေအတွက် မြေပဲတွေကုပ်ယူသည်က ရှက်စရာ မရှိပါချေ။
စန်းဝမ်က အိမ်မည်မျှသွားသည်၊ ပိုက်ဆံမည်မျှပေးသည်၊ လူဘယ်နှစ်ယောက်လာသည်၊ သူတို့မားမားက မည်မျှပေးသည်ကို စတင်တွက်ချက်တော့၏။
ဤသည်ကို သူရှင်းရှင်းလင်းလင်း မတွက်နိုင်သောကြောင့် အားဝမ်ကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
အားဝမ်က ပေါ့ပေါ့ပါးပါးနှင့်
"ရှောင်ဝမ်က မသွားဘူး..ငါတို့လေးယောက်ပဲရှိတယ်...သူတို့အကုန်လုံးက ဝမ်းကွဲတွေချည်းပဲ... ခြောက်ယောက်ခုနစ်ယောက်ပဲ လာကြတယ်...ငါတို့မားမားက ရက်ရောတယ်...တချို့ သကြားလုံးတွေက ယွမ်နှစ်ယွမ်ပေးရတယ်... သကြားလုံးတစ်ပိုင်းကို တစ်ဆင့် ကျတယ်... ငါတို့မိသားစုက လိုငွေပြနေတယ်"
သားသမီးတွေ အများကြီး သွားကြလာကြသည် မကြည့်ပါနှင့်၊ မိသားစုတစ်ခုစီမှာ ကလေးဘယ်နှစ်ယောက်ရှိသည်ဆိုခြင်းကို ထွက်လာလျှင် ရေကြည့်ပြီးသိနိုင်၏။
စန်းဝမ်က ထိုစကားကိုကြားသည်နှင့် ရှောင်ဝမ်၏လက်ကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီးဆိုလေသည်။
"သွားရအောင်... နောက်တစ်ခေါက်သွားရအောင်"
ရှောင်ဝမ်က လျှောဆင်းကာ သူ့ဖိနပ်ကိုစီး၍ တတိယအစ်ကိုနောက်ကနေ ပိုက်ဆံရှာရန် လိုက်သွား၏။
လင်းလန်က ခွက်ထိုးခွက်လန်ရယ်ပြီး
“ကောင်းပြီ နောက်ကျနေပြီ...နောက်မှ ဖက်ထုပ် ချက်မယ်” ဟုပြောလိုက်သည်။
သူမ ၎င်းကိုဂရုမစိုက်ပေ။ ကလေးတွေကို ပျော်ရွှင်စေမည့် တရုတ်နှစ်သစ်ကူးဖြစ်လေရာ သူမ ကုန်ကျမှုကို တွက်ချက်မနေတော့ပေ။
Xxxxxx