Part 337
စန်းဝမ် နှစ်သစ်ကူးအကြိုအတွက် ပိုက်ဆံအနည်းငယ်သာရှိသောကြောင့် သူ မည်သည့်နေရာတွင် ဝင်ငွေရှာရမည်ကို စဉ်းစားနေမိသည်။ကံကောင်းစွာဖြင့် သူက ကလေးများစွာကိုကောင်လေးလုပ်ထားပြီးသားဖြစ်ကာ သူတို့ထဲက အချို့ကပေးကြပြီး အချို့ကမပေးကြပေ။
ကလေးတွေက အခြေခံအားဖြင့် ဤနေရာမှာပဲ ရှိနေပြီး အိမ်က တိတ်ဆိတ်နေ၏။
စန်းဝမ်က တဝမ်ကို နှောင့်ယှက်ကာ သူရထားသောငွေကို ရေတွက်ခိုင်းသည်။
တဝမ် သူကို(စန်းဝမ်) စိတ်အနှောက်အယှက်ဖြစ်စရာဟု ထင်သည့်အတွက် သူ အပြင်ထွက်ပြီး ရလာသောငွေအားလုံးကို ပေးခဲ့၏။
စန်းဝမ် ဝမ်းသာသွားပြီး မိုင်စွေ့ နှင့် အားဝမ်ဆီမှထပ်တောင်းသည်။
သူတို့ နှစ်ယောက်က သူ့ကို မပေးချင်ကြဘဲ သူက သကြားလုံးဝယ်ရန် ပြန်ယူသွားကာ သူတို့က စာအုပ်ဝယ်ရန် စုဆောင်းချင်ကြသည်။
စန်းဝမ်က ရှောင်ဝမ့်အကြောင်းကို အမြဲတွေးနေပြီး မနက်ဖြန်မနက် ငွေရှာရန် ရှောင်ဝမ်ကို ဂါရဝပြုဖို့ ခေါ်သွားမည်ဟု တွေးထားသောကြောင့် သူအနေဖြင့် ယခုအချိန်တွင် ရှောင်ဝမ်နှင့်ပတ်သတ်၍ အလွန်စိတ်အားထက်သန်နေကာ ရှောင်ဝမ် အနားမှာ တဝဲလည်လည်လုပ်နေ၏။
"နောက်နှစ်ဆို ပူတော့မယ်... ငါ မင်းကို ရေကူးနည်းသင်ပေးမယ်"
ရှောင်ဝမ်က အလွန်ပျော်သွားပြီးဆိုသည်။
"ဒါပေမဲ့ သားမျက်မှန်က ရေထဲမှာ ပြုတ်ကျသွားမှာပေါ့"
"ရပါတယ်...ငါ မင်းအတွက် ချည်ထားပေး မယ် "
နှစ်ယောက်သား တတွတ်တွတ်လုပ်နေကြ၏။
ခဏအကြာတွင်
စန်းဝမ်: "ရှောင်ဝမ်"
ရှောင်ဝမ် : "ဟမ်"
" မင်းငါ့ကိုချစ်လား"
"အချစ်ဆိုတာဘာလဲ"
"မားမားပြောတဲ့ သူမင်းကိုချစ်တယ် မင်းသူ့ကိုချစ်တယ်...အဲ့လိုမျိုးမဟုတ်ဘူးလား"
ရှောင်ဝမ်က ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... သားအစ်ကို့ကိုချစ်တယ်"
စန်းဝမ်: "ငါလည်းမင်းကိုချစ်တယ်...ငါမင်းရဲ့ကောင်လေးဖြစ်ပေးမယ်... မင်းကိုဘယ်သူမှအနိုင်ကျင့်ဝံ့မှာမဟုတ်ဘူး...မင်းငါ့ကို နှစ်သစ်ကူးမုန့်ဖိုးတွေပေးရမယ် ...နားလည်လား"
ရှောင်ဝမ် : "သားက မားမားကိုပေးရမှာ"
စန်းဝမ်: "မလိုပါဘူး...မားမားက သူ့ကိုပေးမဲ့ အဖေနဲ့ ကောင်လေးရှိတယ်... ငါ့ကိုပဲ ပေးလိုက်"
ရှောင်ဝမ်က ခဏလောက်စဉ်းစားပြီး
"ကောင်းပြီ"
မိုင်စွေ့ နားထောင်ရင်းနှင့်ရယ်ချင်လာခဲ့သည်။
စန်း၀မ်ကို ထုတ်ဖော်မပြောတတ်ပေမဲ့ မည်သို့ပင်ဖြစ်စေ သူမက အသက်ပိုကြီးပြီး ဥာဏ်ရည်ထက်မြက်သူဖြစ်၏။၎င်းကို တွေးပြီးသည့်အခါမှာ ကောင်လေးဆိုသည်က ထိုမျှမရိုးရှင်းဟု အမြဲခံစားရသည်။
သုံးဆယ်ရက်မြောက်ညတွင် လမရှိသော်လည်း ကြယ်များက လင်းလက်တောက်ပနေပြီး၊ မြေပြင်က နှင်းခဲများဖြင့် ဖုံးလွှမ်းနေကာ နံရံခြေရင်းရှိ ဆီးနှင်းများက ကြယ်ရောင်များကို ရောင်ပြန်ဟပ်လျက် တလက်လက် တောက်ပနေသည်။
ညလယ်တွင် အေးစိမ့်နေပြီး လေတိုက်သော်လည်း လေထုက အလွန်အသက်ဝင်နေ၏။
စန်းဝမ်က ရှောင်ဝမ်ကို ဦးဆောင်၍ ခြံဝင်းထဲ ကခုန်နေရင်း ဟန်ချင်စုန့် ကိုစောင့်နေပြီး သူပြန်လာပြီလားဆိုသည်ကို သိရရန် မကြာခဏ ပြေးထွက်ကြည့်လေသည်။
ဤတစ်ကြိမ်၌ အရပ်မြင့်မြင့်ပုံသဏ္ဍာန်တစ်ခုက သူ့ဆီ လျှောက်လာနေသည်ကိုတွေ့သောအခါ ချက်ချင်း ရှောင်ဝမ်ကို့လှမ်းအော်၏။
"ငါ့မားမားရဲ့လူ ပြန်လာပြီ..."
ရှောင်ဝမ်ကလည်း အော်လိုက်သည်။
"ငါ့မားမားရဲ့ယောက်ျား ပြန်လာပြီ"
လင်းလန်: "..."
နှစ်သစ်ကူအပြီး ဒီကလေးတွေက ဘယ်လိုလေတွေတက်နေတာလဲ...
အခန်းထဲရှိ အားဝမ်က လင်းလန်ကိုပြော၏။
"မားမား...ဖက်ထုပ်လုပ်ရအောင် အဖေ ပြန်လာပြီ"
လင်းလန်က သူ့ပုခုံးကိုပုတ်ပြီးပြောလိုက်သည်။ "ဒုတိယအစ်ကိုက ပုံမှန်ဖြစ်နေတုန်းပဲ"
အားဝမ်က ရေနွေးအိုးတည်ပြီးသားဖြစ်ကာ ဓာတ်ဘူးနှစ်လုံးထဲကို ဦးစွာဖြည့်ပြီးနောက် အရင်ကဟင်းများကို အပူပေးခဲ့ပြီး ယခုအခါ ဖက်ထုပ်များကို ရေအောက်တွင် တိုက်ရိုက်ပြုတ်ထားသည်။
ဟန်ချင်စုန့် နှင်းခဲများဖြင့် ဖုံးအုပ်ထားသော အခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ အခန်းတွင်းရှိ အပူချိန်က အလွန်မြင့်မားသောကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ အေးစက်သောလေကို အရည်ပျော်စေကာ ပေါက်ကွဲနေသော အပူများနှင့် ပေါင်းစပ်သွားသည်။
လင်းလန်က ရေသောက်နေပြီး သူအထဲသို့ ဝင်လာသည်ကို မြင်သောအခါ သီးလုမတတ်ဖြစ်သွား၏။ သူမ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး တည်ငြိမ်ယောင်ဆောင်ကာ လက်ဖက်ရည်ခွက်ကို ကမ်းပေးရင်း "အေးလား" ဟုမေးလိုက်သည်။
သူက ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး နှစ်၏နောက်ဆုံးလမှာပင် ညဘက် မစ်ရှင်မလုပ်ပါက အခြေခံအားဖြင့် အနွေးထည် မဝတ်ပေ။
ဟန်ချင်စုန့် လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး အခြားလက်တစ်ဖက်နှင့် သူမလက်ကို ကိုင်ကာ တစ်ငုံသောက်၍ "အဆင်ပြေပါတယ်"ဟုပြောလိုက်၏။
ရေနွေးက သူ့လည်ချောင်းထဲကို ဝင်သွားပြီး ဝမ်းဗိုက်ကို နွေးထွေးစေကာ အအေးဓာတ်က အတွင်းကနေ အပြင်သို့ လွင့်စင်ပပျောက်သွားသည်။
လင်းလန်၏ပါးပြင်များ ပူထူလာပြီး သူမလက်ကို ပြန်ဆွဲယူချင်သော်လည်း ယနေ့တွင် သူ ခေါင်းမာနေပြီး တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
အရက်သောက်သည်နှင့်ပတ်သတ်၍ သူမ ရူးသွားလိမ့်မည်ဆိုသည်ကို သူမသိသည်။
သောက်ပြီးရင် အမှန်အတိုင်းပြောပြီး ကိုယ်ပိုင် လျှို့ဝှက်ချက်တွေကို ပြောင်ပြောင်တင်းတင်း ထုတ်ပြောမှာ မဟုတ်ပါလော။
အံ့သြတကြီးနှင့် ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သော်လည်း ဟန်ချင်စုန့်၏နက်မှောင်သော မျက်လုံးများထဲသို့ တိုးဝင်မိသွားသည်။ သူ့မျက်လုံးတွေက နက်ရှိုင်းကာ မည်းမှောင်နေပြီး သူမ ဘာခံစားချက်မှ မမြင်ရပေမဲ့ တစ်ခုခု သူသိနေမှန်း သူမ သိလိုက်သည် ။
ဟန်ချင်စုန့် သူမကို နင့်နင့်နဲနဲ စိုက်ကြည့်လိုက်ရာ သူမ၏ လှပသော ပါးပြင်တွေက သူ့အကြည့်အောက်မှာ ပန်းပွင့်တွေလို တဖြည်းဖြည်း နီရဲလာနေသည်ကို တွေ့လိုက်ရသဖြင့် သူမကို လွှတ်ပေးလိုက်၏။
"နှစ်သစ်ပြီးရင် ခွဲထွက်ကြမှာ "
"ကောင်းပါတယ်...နောက်ဆုံးတော့
အေးအေးဆေးဆေးနေလို့ရပြီ"
လင်းလန် ပထမချွေးမဟန်အတွက် ဝမ်းသာသွား၏။ နောက်ဆုံးမှာ အဖွားကြီးဟန် နှင့် အချင်းချင်း ညှဉ်းပန်းနှိပ်စက်ဖို့ တွဲချည်ထားစရာမလိုတော့ပေ။
အဖွားကြီးဟန်က ပထမချွေးမဟန်နှင့် အချိန်ဖြုန်းချင်သဖြင့် သူမက ဒုတိယအစ်ကို ဟန်၏ မိသားစုကို ခွဲထုတ်ကာအစ်ကိုကြီးဟန်၏ မိသားစုကို ချန်ထားခဲ့ကြောင်း ဟန်ချင်စုန့်က အတိုချုံးပြောပြသည်။
နောက်ဆုံးတွင် သူအမေကို မတရားဆက်ဆံခြင်းအား တားဆီးရန်အတွက် ဟောင်ထျန်းက မိသားစု ခွဲထွက်ချင်ခဲ့၏။ မှန်သည်ပင်၊ မည်သို့ပင်ဖြစ်စေ သူက အကြီးဆုံးမြေးဖြစ်သောကြောင့် အဘိုးကြီးဟန် နှင့် အဖွားကြီးဟန်တို့ မပျော်ခဲ့ကြပေ။ အိမ်ထောင်မပြုရင် ကိုယ့်ဘာသာကိုယ် မည်သို့ရပ်တည်ပါမည်နည်း။ခွဲထွက်ရန်က အဆင်ပြေပြီး အိမ်ထောင်စုစာရင်း မည်သို့ပင်ရှိစေကာမူ အလုပ်မှတ်များက အိမ်တွင်ရှိနေဆဲဖြစ်ကြောင်း အဖွားကြီးဟန်က ဒေါသတကြီးဖြင့် ပြောခဲ့သည်။
(ဟောင်ထျန်းက အိမ်ထောင်မပြုရသေးလို့ခွဲထွက်လို့မရဘူး ခွဲထွက်ခဲ့ရင်လည်း သူ့ရဲ့ အလုပ်မှတ်က အဖွားကြီးအိမ်ကပဲရမှာ လို့ပြောချင်တာပါ )
Xxxxxxx
Part 338
အိမ်ထောင်ဦးစီးက သဘောမတူသရွေ့ ကလေးတွေကို ခွဲမထုတ်နိုင်၊ တပ်မဟာက လုပ်ပေးမှာမဟုတ်ဟု သူမ ထင်ခဲ့၏။
မည်သို့ပင်ဖြစ်စေ သူမ ပထမချွေးမဟန်ကို ကိုင်တွယ်ရမည်။
ထုံးစံအတိုင်း ဟန်ချင်စုန့်က အနားမှာ ထိုင်မနေဘဲ သဘောတူသော ဟန်ရုံဖန်နှင့် စကားသွားပြောခဲ့သည် ။ ဟန်ချင်စုန့် နှင့်လင်းလန်တို့ ၏မျက်နှာကို ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း တပ်မဟာအတွင်းရေးမှုးတစ်ယောက်အနေဖြင့် အဖွားကြီးဟန် နေ့တိုင်း ပြဿနာရှာနေသည်ကို သည်းမခံနိုင်ပေ။
သူတို့၏တရားစီရင်ပိုင်ခွင့်အောက်မှာ တည်ငြိမ်အေးချမ်းနေမည်ကို ဘယ်သူက မကြိုက်ဘဲနေပါမည်နည်း။
ထို့ကြောင့် ဟောင်ထျန်းက သူ့ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ပြီး တပ်မဟာ၏အိမ်ကို ငှားကာ ရက်အနည်းငယ်အကြာမှာ ထွက်သွားခဲ့သည်။
နောက်ဆုံးတွင် ဤသည်က တရုတ်နှစ်သစ်ကူးအကြိုဖြစ်ပြီး၊ အနည်းဆုံး နှစ်သစ်၏ရှစ်ရက်မြောက်နေ့မှာ ရွှေ့သည်က ဟာသတစ်ခုပါပင်။
ကလေးတွေ ဖက်ထုပ်ပြုတ်သည့်အခါ ဟန်ချင်စုန့်က လင်းလန်ကိုဖက်၍ အရှေ့ခန်းထဲကို ဝင်သွားပြီးဆို၏။
"ဟောင်ထျန်းက ကြီးပြင်းလာပြီ"
လင်းလန်က ခေါင်းညိတ်ပြပြီး
"သူက သားကောင်းတစ်ယောက်ပါ... အစ်ကိုကြီး ဘာပြောလဲ... သူ့အလုပ်မှတ်တွေကို အကြီးဆုံးယောက်မကို ပေးရမှာမလား”
မည်သို့ပင်ဖြစ်စေ မကွာရှင်းသဖြင့် မိသားစုကို မထောက်ပံ့ရန်က မဖြစ်နိုင်ပေ။ထို့ပြင် အဖွားကြီးဟန်ကို အကုန်လုံးပေးရန်က လက်တွေ့မကျချေ။ ဟောင်ထျန်းနှင့်ကုမိန်တို့က အရွယ်မရောက်သေးကြသည်ပင်။
ဟန်ချင်စုန့်က ခေါင်းညိတ်ပြီး
"ပင်စင်အကြောင်း ဆွေးနွေးဖို့ ဌာနခွဲအတွင်းရေးမှူးကို တောင်းဆိုထားတယ်...အစ်ကိုကြီးက သူ့မိဘတွေကို ပြုစုစောင့်ရှောက်ပြီး ဒီထက်ပိုပြီး လုပ်မယ်...ကိုယ်တို့နဲ့ ဒုတိယအစ်ကိုက စားနပ်ရိက္ခာ ပိုွပေးမယ်"
ဒုတိယအစ်ကိုဟန်က အဘိုးကြီးဟန် နောက်ကို လိုက်ချင်သည်။ မည်သို့ပင်ဖြစ်စေ သူ့မိဘတွေက အခုထိ အလုပ်လုပ်နိုင်တုန်းပင်။လင်မယားနှစ်ယောက်က သူ့ကို မလိုချင်သည်ကား သနားစရာဖြစ်၏။
လင်းလန်တွင် ကန််ကွက်စရာမရှိပေ၊ မည်သို့ပင်ဆိုစေကာမူ လူတိုင်းက ဤကဲ့သို့ ပျိုးထောင်ကြသည်။
ရွာမှာ သက်ကြီးရွယ်အိုတွေအတွက်လည်း သဘောတူထားသည့် စည်းမျဥ်းတွေရှိ၏။မိဘတွေက ငယ်ရွယ်စဥ်မှာ အားလပ်ချိန်အတွက် အလုပ်မှတ်ရရန် မဖြစ်နိုင်သဖြင့် တပ်မဟာက မကျေနပ်ပေ။(လူကြီးတွေက အသက်ငယ်တုန်းမှာ အလုပ်မလုပ်တော့ရင် လုပ်အားမရတော့လို့ မကြိုက်ဘူး)
ထို့ကြောင့် ယခုအဘိုးကြီးဟန်က ၎င်းကို လုပ်နိုင်ဆဲဖြစ်ပြီး သူ့တွင် အလုပ်မှတ်များ ရှိသည့်အတွက် အလွန်အကျွံ ပေးဆောင်ရန် မလိုအပ်ပေ။ အသက်ကြီးလာသည့်အခါ အလုပ်မလုပ်တော့ဘဲ သက်ကြီးရွယ်အိုတွေအတွက် စားစရာစုဆောင်ဖို့ သားတွေကို အားကိုးရ၏။
ဟန်ချင်စုန့် ၏ စကားကိုကြားပြီးနောက် လင်းလန်က ပြုံးကာပြောသည်။
"ဒီအကြံက ....ဟောင်ထျန်း မတွေးတတ်တဲ့ပဲ... သူ့ကို ဘယ်သူက အကြံဥာဏ်ပေးခဲ့တာလဲ"
ဟန်ချင်စုန့်က သူ့မျက်ခုံးမွှေးထူထူတွေကို အနည်းငယ်ပင့်လိုက်ပြီးဆို၏။
"မင်းမဟုတ်ဘူးလား"
" ကျွန်မလား..."
လင်းလန်က ပြုံးပြီး ခေါင်းခါကာ
"ကျွန်မ ဘာမှမပြောခဲ့ဘူး...သူ့အတွက် ဌာနခွဲအတွင်းရေးမှူးကို တောင်းဆိုဖို့ ကတိပေးခဲ့တာရယ်... ကျွန်မတို့နေခဲ့တဲ့အိမ်ကို ခဏလောက်ငှားပေးခဲ့တာရယ်ပဲရှိတာ"
သူမ အကြံပေးလိမ့်မည်မဟုတ်ပေ။စင်စစ်အားဖြင့် သူမနှင့် ပထမချွေးမဟန်တို့က အပေါ်ယံ တွင် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း ဘယ်တုန်းကမှ စိတ်ချင်းမရင်းနှီးခဲ့ကြပေ။
အကြံဉာဏ်ပေးသည့်အခါ လူတွေမှာ ညည်းညူစရာတွေ အများကြီးရှိသော်လည်း သူတို့က ကောင်းကောင်း လုပ်မည့်အစား ညည်းညူတတ်ကြသည်။
သို့ပေမဲ့ ဟောင်ထျန်းမှာ ယခုလို အဘိုးနှင့်အဖွားကို တွန်းလှန်ရဲသည့် သတ္တိရှိမည်ဟု သူမ တကယ်ကို မမျှော်လင့်ထားပေ။မည်သို့ပင်ဖြစ်စေ သူက သူ့အဘိုးနှင့်အဖွား၏ စကားတွေကို အလွန် နားထောင်ခဲ့နေကျဖြစ်၏။
ဤနည်းလမ်းက ပထမချွေးမဟန်ကို ကယ်တင်ရန်ဖြစ်ပေသည်။မည်သို့ပင်ဖြစ်စေ ထိုဟာက အဖွားကြီးဟန်နှင့် တစ်မိုးတည်းအောက်မှာ ဖျစ်ညစ်နေပြီး ဒေါသထွက်စရာမလိုတော့သည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။
ကြားနေရန်က အစ်ကိုကြီးဟန်အတွက်တကယ်ခက်လှသည်။
အားဝမ်ကပြော၏။
"အဖွားက လူတွေကို တကယ်ကို အနိုင်ကျင့်နေကျ... ဒေါ်ဒေါ်ကို အနိုင်ကျင့်တာကို ကြည့်ပါဦး... တစ်မိသားစုလုံးကို ကျွေးမွေးဖို့ နေ့တိုင်း အလုပ်လုပ်တယ်...နောက်ဆုံးတော့ အဆင်မပြေဘူး"
လင်းလန် : "သူတို့အကြောင်း ပြောမနေနဲ့တော့... ဖက်ထုပ်ရေစွက်ထားပြီလား"
မည်သို့ပင်ဖြစ်စေ အဖွားကြီးဟန်က ဟန်ချင်စုန့်၏ အမေနှင့် ကလေးတွေ၏ အဖွားဖြစ်လေရာ သူမကိုယ်တိုင်က မကျေမနပ်ဖြစ်ပြီး ဒေါသဖြစ်နိုင်သော်လည်း နောက်ကွယ်မှာ ညည်းညူနေမှာ မဟုတ်ပေ။ အထူးသဖြင့် ဟန်ချင်စုန့်၏ ရှေ့မှာ သူမက အဖွားကြီးဟန်နှင့် တခြားသူတွေအကြောင်း ပြော,ခဲ,လေရာ သဘာဝအတိုင်း ကလေးတွေကို ပြောခွင့်ပြုမည်မဟုတ်ပေ။
အားဝမ်က နူးညံ့သောစိတ်ရှိပြီး ဘဝ၏အသေးစိတ်အချက်အလက်များကို အာရုံစိုက်သည်။သူမ သူမသားကို လူကြီးတွေ၏နောက်ကွယ်မှာ သူတို့အကြောင်းပြောသည်ဟူသော အမြင်မျိုးမပေးချင်ပေ။
ဟန်ချင်စုန့်၏ ရှေ့မှဆို ဝေးရော့ပင်။
အားဝမ်က လင်းလန်၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီးမြန်မြန် ရေစွက်လိုက်ပြီးပြော၏။
"ကျွန်တော် နှစ်ကြိမ်ရေစွက်ပြီးပြီ... အခု အိုးထဲက ပြန်ထုတ်လို့ရပြီ ”
လင်းလန်က နှစ်သစ်ကူးပွဲတော်ကျင်းပရန် တဝမ်ကို ညီငယ်တွေကို ဦးဆောင်၍ မီးရှူးမီးပန်းတွေ ပစ်ခိုင်းခဲ့သည်။ သူမနှင့်အားဝမ်က ဖက်ထုပ်များကို ခပ်ကာ မိုင်စွေ့က ကြက်သွန်ဖြူ ထောင်း၏။
အတုံးသေးသေးလေးတွေဖြစ်သွားသည့် ကြက်သွန်ဖြူကို ပဲငံပြာရည်နှင့်နှမ်းဆီနှစ်စက်တို့ဖြင့် ရောနယ်ပြီးပါက ဖက်ထုတ်များတို့စားသောအခါ အထူးတလည်မွှေးကြိုင်ပြီး ဆီပြန်မှုကိုလည်း လျော့ချပေးသည်။
ဖက်ထုပ်စားရန် ဒေသခံများအတွက် မရှိမဖြစ် မှော်လက်နက်တစ်ခုဖြစ်၏။
စန်းဝမ်က ပြေးဝင်လာပြီး ကြက်သွန်ဖြူထောင်၏ အမွှေးရနံ့တွေကို အနံ့ခံကာ ပြုံး၍ဆိုသည်။
"ခွဲထွက်ရတာ ကောင်းတယ် ထင်တယ်... အတူတူဆိုရင် *မီဆိုကို ကြက်သွန်ဖြူ ထောင်းထဲထည့်တာ ပဲငံပြာရည် မထည့်ဘူး... ကြက်သွန်ဖြူ ထောင်းက ပဲငံပြာရည်ကိုချစ်တာ မီဆို မဟုတ်ဘူး...လုံးဝ ဘက်ပဲ "
(T/N–အဓိကအားဖြင့် အချဥ်ဖောက်ထားသော ပဲပိစပ်၊ဆားနှင့်ခိုဂျီမှိုတို့ပါဝင်သော ဟင်းခတ်အမွှေးအကြိုင်)
သူက ထိုသို့ပြောရင်း တဝမ်ကိုကြည့်နေသေး၏။
"အစ်ကိုကြီးရော အဲ့လိုထင်လား" တဝမ်က သူ့အပြုံးကို မထိန်းနိုင်ဘဲ နှုတ်ခမ်းများစုဝိုင်းကာဆိုလိုက်သည်။
"ငါထင်တာက မင်းအရိုက်ခံရတော့မယ်”
တခြားသူတွေက လင်းလန်ကို သွားတွေ့ကြ၏။
သေချာသည်ပင်၊ လင်းလန်က ဘာမှမဖြစ်သလို ဟန်ဆောင်ရန် အတတ်နိုင်ဆုံးကြိုးစားရင်း မျက်မှောင်ကြုတ်ကာ စန်းဝမ်ကို လှည့်ကြည့်လိုက်သည်။
အားဝမ်က ပြုံးပြီးပြော၏။
"ဒီနေ့ မီးက တနေကုန် တောက်နေတာ...အခန်းကလည်းပူတယ်... ငါ့မျက်နှာတွေ ပူထူနေတာပဲ ..."
မိုင်စွေ့: "ငါရောပဲ"
ရှောင်ဝမ်က ခွေးခေါင်းကို ကိုင်လိုက်ပြီး
"ဝမ်ဝမ်ရောပဲ "
ဝမ်ဝမ်က သူ့လက်ကို လျက်လိုက်သည်။
ကလေးများ အချင်းချင်း တိတ်တိတ်လေး ပြုံးပြကြသည်။
သို့ရာတွင် စန်းဝမ်က ကြက်သွန်ဖြူကို သံတူ(ထမင်းစားတူ)နှင့် ယူ၍ စတင်အော်ဟစ်ကာ ပြဿနာရှာပါတော့သည်။
"ငါက ကြက်သွန်ဖြူထောင်းပါ... ပဲငံပြာရည်ချစ်တယ်... သူ့ကောင်လေး ဖြစ်ချင်တယ်... ငါက ပဲငံပြာရည်ပါ... ကြက်သွန်ဖြူထောင်းကို ချစ်တယ်...ဘာ့လို့ ကြက်သွန်ဖြူထောင်းက ငါ့ကို မချစ်ရတာလည်းကွယ်... ဒီ ~ ပဲငံပြာရည် ~ ဆီ ...
ရှိရမယ်...အမလေးဗျ နှလုံးသားးးး..."
Xxxxxx