အပိုင်း ၃၄၁-၃၄၂
Viewers 20k

Part 341


မိုင်စွေ့က မြောက်အနွေးကုတင် 

သို့ပြောင်းရွေ့ကာ အိပ်ယာပေါ်သို့တက်၍ သူမကိုယ်သူမ  တင်းတင်းကြပ်ကြပ် ဖက်ထားလျက် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။


 ဟန်ချင်စုန့်က ရှောင်ဝမ့်ကို ပထမဦးစွာ ပွေ့သွား ကာ သူ့ကို နေရာချထားပြီးနောက် ကလေးများကို  

အဖြောင့်တိုင်း နေရာချပေးပြီး စောင်ကြီးတစ်ထည်ဖြင့် ခြုံပေးလိုက်၏။


နောက်ဆုံးတွင် သူက လင်းလန်ကို အနောက်အနွေးကုတင်ဆီသို့ ပြန်သယ်သွားကာ သူမ၏ အနွေးအင်္ကျီကို ချွတ်ပြီး စောင်ကူခြုံပေးလိုက်သည်။


ဟန်ချင်စုန့် လင်းလန်၏ နံဘေးတွင် လှဲလျောင်း၍ ခေါင်ပေါ်လက်တင်ကာ  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမကို ကြည့်နေခဲ့၏။ 


 တံခါးဘောင်ပေါ်တွင် မြင်းမီးပုံးတစ်ခု ချိတ်ဆွဲထားသောကြောင့် သူမ​၏မျက်ခုံးများနှင့် မျက်လုံးများကို တောက်ပစွာ လင်းလက်စေပြီး သူ့ကို ယခင်ကထက် ပိုခံစားရကောင်းလာစေသည်။


 သူမ ယခင်က အရက်မူးခဲ့သည်ကို ရုတ်တရက် သတိရသွားမိ၏။


သူက အစ်ကိုအကြီးဆုံး၏ ပဋိပက္ခကိုကိုင်တွယ်နေရသောကြောင့် ဟန်ရုံဖန့်ဆီသွားမီ သူ့ဇနီးနှင့် သားသမီးများကိုကြည့်ရန် အိမ်ပြန်ချင်ခဲ့သည်။


ကလေးတွေ ခြံထဲမှာ ဆော့ကစားနေချိန်မှာ

သူ အိမ်ထဲကို ဝင်လိုက်သည်နှင့် သူမက လက်ဖက်ရည်ပန်းကန်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ရှောင်ဝမ့်ခေါင်းဘေးမှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ 


 သူမကို ပွေ့ဖက်ရန် အလျင်အမြန် ပြေးသွားပေမဲ့ သူမက သူ့ကို ခွက်ချင်းတိုက်ချင်နေသည် ။


လူတစ်ယောက် အရက်မူးလာသည့်အခါ စိတ်ပူပင်မှုတွေ ပြေပျောက်ရန် အရက်ကိုအသုံးပြုကြ၏။ ကြည့်ရသည်မှာ မတရားဆက်ဆံခံရ၍ မပျော်မရွှင်ဖြင့် ပြန်လာပြီး ပျင်းစရာကောင်းသောဝိုင်ကို သောက်နေခြင်းဖြစ်မည်ထင်။


 သူ ရုတ်တရက် ကြောက်စိတ်ဝင် သွားခဲ့သည်။


 လက်ဖက်ရည်ပန်းကန်ကို ဖယ်လိုက်ပြီး သူမကို ပွေ့ဖက်ထားချင်သော်လည်း သူလက်ဆန့်လိုက်သည်နှင့် သူမက သူ့လည်ပင်းကို လက်မောင်းများ​ဖြင့် ရစ်ပတ်လာ၏။


 ဝိုင်သောက်ပြီးနောက် သူမ၏ပါးပြင်များက နီမြန်းလာပြီး  သူမ၏ မျက်လုံးများက ယောက်ယက်ခတ်နေကာ သူ့ကို နူးညံ့စွာ၊ ချစ်စရာကောင်းစွာ တွဲလွဲခိုထားသည်။


 သူက ခေါင်းငုံ့ပြီး နမ်းလိုက်သော်လည်း သူမက အနည်းငယ် ရှောင်ပုန်းလိုက်ပြီးဆို၏။


 "ဟန်ချင်စုန့်...ကျွန်မမှာ ကောင်လေးရှိနေပြီထင်တယ်"


ဟန်ချင်စုန့်: "..."


သူ သူမကို အနွေးကုတင်ဆီ သို့သယ်သွားပြီး စောင်ခြုံပေးချင်သော်လည်း သူမက သူ့လည်ပင်းကို ချုပ်ကိုင်ကာ လွှတ်ရန်ငြင်းဆန်ခဲ့သည်။


 "လိမ္မာတယ်"

သူက သူမလက်ကိုကိုင်ကာ ဆွဲချချင်ခဲ့သည်။


 "မဟုတ်ဘူး" 


သူမက သူမ၏နီရဲရဲ​နှုတ်ခမ်းလေးများကို အနည်းငယ်စုဝိုင်းကာ သူ့ကိုကြည့်ပြီးဆိုလာ၏။


 "ဟန်ချင်စုန့်"


ဟန်ချင်စုန် သူမကိုကြည့်ကာပြောလိုက်သည်။

 "ကိုယ်ပါ"


  "ရှင်... အချစ်ဆိုတာ ဘာလဲ သိလား" 


သူမက မျက်တောင်ခတ်လိုက်သော်လည်း သူမ မျက်လုံးတွေက ဝေ့ဝါးနေခဲ့၏။


သူ သူမကို နမ်းချင်သော်လည်း သူမက နောက်ကို မှီလိုက်ပြီးဆိုလေ၏။


 "...ရှင်က ကျွန်မအချစ်နဲ့ ထိုက်တန်လား" 


သူ့နှလုံးသားက တစ်စုံတစ်ခု ထိမှန်သွားသလို ခံစားရပြီး နားမလည်နိုင်သည့် ထူးဆန်းသော ခံစားချက်တစ်ခု သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။


သူက နှာသီးဖျားလေးဖြင့် သူမပါးကို ညင်သာစွာ ပွတ်သပ်ကာ ခပ်နိမ့်နိမ် အက်ရှသော အသံဖြင့် ပြောလိုက်၏။


 “မင်းဘယ်လိုထင်လဲ” 


သူမက စကားမပြောဘဲ သူ့လက်မောင်းတွေကို သာခွေယိုင် မှီလာကာ  ကြောင်လေးတစ်ကောင်လို အပြန်ပြန်အလှန်လှန် ပွတ်သပ်ရင်း  ရေရွတ်နေသည်။ 


" ... ...ဟန်ချင်စုန့်...ရှင်  ကျွန်မကို ချစ်လား ... "


သူ သူမနှုတ်ခမ်းကို နမ်းလိုက်ပြီး ဤတစ်ခါတွင်မူ သူမကရှောင်မသွားဘဲ အိပ်ပျော်သွားခဲ့၏။


သူ သူမထိုပုံစံအတိုင်း ပွေ့ဖက်ထားရင်း သူမကို လေးလေးနက်နက်ကြည့်ကာ အတွေးထဲမှာနှစ်မျောသွားခဲ့သည်။


သူ ဘာကြောင့်မှန်း မပြောနိုင်ခဲ့၊သူမ၏ စကားလုံးများက ယခင်က ခြေမချဖူးသော နယ်ပယ်ထဲသို့ ရုတ်တရက် ထိတွေ့မိသွားသကဲ့သို့ သူ့နှလုံးသားထဲမှာ တုန်လှုပ်သွားစေခဲ့၏။


 သူ့မရီးမအကြောင်းကို လင်းလန်ကို တွေးမိခြင်း ဖြစ်နိုင်သည်။ သူမ ထိတ်လန့်သွား၍ အရက်မူးသည့်အခါ အားနည်းပြီး ဝမ်းနည်းသည့်ဘက်ခြမ်းကို ရုတ်တရက် ပြသလာခဲ့ခြင်းဖြစ်မည်။


 အေးဆေးတည်ငြိမ်ပြီး အကောင်းမြင်တတ်သူ၊ ဉာဏ်ပညာပြည့်ဝပြီး ဘဝကို သက်တောင့်သက်သာ ကိုင်တွယ်ဖြေရှင်းနိုင်သူ လင်းလန်က မထင်မှတ်ဘဲ သူမနှလုံးသားထဲတွင် နုနယ်သော တစ်ဖက်ခြမ်းကို ပိုင်ဆိုင်ထားသည်။


 သူ့အထင်က မှန်ကန်ခြင်းရှိမရှိ သူမသိခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ  ဤသည်က သူ့မိန်းမကို လုံခြုံမှုအပြည့်ပေးခဲ့ပုံမပေါ်သည့် ခံစားချက်တစ်ခုပါပင်။


သူ ပြန်လာပြီးပြီးချင်း အဖွားကြီးဟန်က သူမကို ခက်ခဲအောင်လုပ်နေပြီး သူမက ကွာရှင်းရန်အ အော်ဟစ်ခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။ ယခင်ကဆို သူမက သူမယောက်မထက်ပင်ပို၍ ကွာရှင်းရမည်ကို ကြောက်သေး၏။


ရှင်းပါသည်၊ သူမပြောင်းလဲသွားလေပြီ။


သူမကို ပထမဆုံးအကြိမ်  အလေးအနက်ထားကြည့်လိုက်ချိန်တွင် သူမမျက်လုံးထဲမှာ တစ်ခုခုထက်ပို၍ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက ယုံကြည်မှုရှိ၊ရွှင်လန်းတက်ကြွကာ အကောင်းမြင်စိတ်ရှိလာပြီး ဥာဏ်ရည်ထက်​မြက်လာခဲ့၏။


ယင်းက ဆွဲဆောင်မှုရှိပြီး သူ့ကို ပိုသိချင်လာစေသည်။


 သူမ အရက်မူးနေသဖြင့် နောက်ပိုင်း ပဋိပက္ခကို ပြေလည်အောင်  သွားဖြေရှင်းသောအခါ သူ နည်းနည်း စိတ်မရှည်တော့ပေ။ သူ့စိတ်ထဲမှာ သူကဘယ်လို ကောင်လေး(ရည်းစား)မျိုးလဲ၊သူမ သူ့ကို ချစ်လား မချစ်ဘူးလား ဆိုသည့် မေးခွန်းတွေ နှင့်ပြည့်နှက်နေခဲ့သည်။ နောက်ဆုံးမှာ ဟန်ရုံဖန်ကို တိုက်ရိုက် ဖိတ်လိုက်ပြီး ဟန်ရုံဖန်အိမ်မှာ ပြဿနာရှာချင်သေးသော အဖွားကြီးဟန်ကို စိတ်လျော့စေခဲ့၏။


 သူ အပြင်မှာ တစ်မိနစ်တောင်အချိန် မဖြုန်းချင်ပေ၊ အိမ်ပြန်ရန် အလျင်လိုနေပြီး သူမကို တွေ့သည့်အခါ သူ့စိတ်တွေ တည်ငြိမ်သွားပေလိမ့်မည်။


ယခု အနွေးကုတင်ပေါ်မှာ လဲလျောင်းရင်း သူမဘေးမှာ လဲလျောင်းကာ သူမကို အနီးကပ်ကြည့်ချင်မိသည်။


မှိန်ဖျော့ဖျော့အလင်းရောင်က သူနှင့်ရင်းနှီးကျွမ်းဝင်သော သူမ၏လှပသောမျက်နှာလေးကို ရောင်ပြန်ဟပ်နေ၏။


ယနေ့ညသည် သူ သူမကိုပထမဆုံးအကြိမ် သူ့နှလုံးသားနှင့် လေးလေးနက်နက်ကြည့်မိခြင်းပင် သူမ၏မျက်နှာ၊ မျက်လုံးနှင့် ခန္ဓာကိုယ်သာမကဘဲ အတွင်းပိုင်းအားလုံးကိုပါ မြင်ချင်နေခဲ့သည်။


 အကယ်၍ ၎င်းသည် သေနတ်တစ်လက်ဖြစ်ပါက မည်မျှပင်ရှုပ်ထွေးစေကာမူ ၎င်းကို ခွဲထုတ်ပြီး အတွင်းဘက်သို့ သေချာကြည့်မည်ဖြစ်၏။


သို့ပေမဲ့ ဤသည်က နူးညံ့သော  မိန်းမတစ်ယာက်ပင် ။ ဆံပင်တွေက နူးညံ့သည်၊ မျက်လုံးတွေက နူးညံ့သည်၊ နှုတ်ခမ်းတွေက နူးညံ့သည်၊ ခန္ဓာကိုယ်က နူးညံ့သည် ၊ အကုန်လုံးက နူးညံ့ပြီး သူမ၏ အရိုးတွေပင် နူးညံ့၏။


 ဤသည်က သန်မာသောပခုံးများ၊ သန်မာသော အရိုးများနှင့်  သန်မာသော စရိုက်လက္ခဏာရှိသည့် အခြားအမျိုးသမီးတစ်ဦးဖြစ်သည်။သူမ၏နှလုံးသားကလည်း မာကြောနေပုံရသည်။သူမသည် အကြောက်တရားကင်းမဲ့ပြီး ဘာတစ်ခုကိုမှ ကြောက်ရွံ့ခြင်းမရှိပေ။


သူမနှင့်သူမယောက်မတို့သာ ယနေ့ နေရာ​​ခြင်းလဲပါက သူမက စားပွဲကို ပစ်ထုတ်ပြီး ကွာရှင်းရန် တောင်းဆိုပေလိမ့်မည်။


 ကွာရှင်းခြင်း...


သူဤ​အကြောင်းကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။


အိမ်ထောင်ပြုသည်ဖြစ်စေ၊ သားသမီးရှိသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်သက်တာလုံး သွားမည်ဖြစ်ပြီး သူ့မိဘတွေကလည်း ထိုသို့ပင်ဖြစ်ကာ သူကလည်း ခြွင်းချက်ဟုတ်မနေပေ။


Xxxxxx

Part 342


အိမ်ထောင်ရေးဆိုသည်က ယောက်ျားနှင့် မိန်းမ ပေါင်းသင်းပြီး မိန်းမဖြစ်သူက ယောက်ျားအတွက် သားသမီးမွေးပေးသည်၊ ယောက်ျားဖြစ်သူက မိန်းမ ဘဝကို ကောင်းကောင်းနေနိုင်အောင် မိသားစုကို ထောက်ပံ့ရန် ငွေရှာသည်ဟု ရဲဘော်တွေကလည်း ပြောကြ၏။ 


အိမ်ထောင်ရေးဆိုသည်က အချစ်ကိစ္စ ဟုတ်မဟုတ် ဘယ်သူကမှ  မပြောဖူးပေ။


 ယခု သူမက သူ့ကို ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလားဟု မေးကာ သူမကို ချစ်သလားဟု မေးသည်။


သူမသာ မမေးပါက သူ့ဘဝမှာ ယခုလို စိတ်ညစ်စရာမေးခွန်းတွေကို ဘယ်တော့မှ တွေးမိမှာမဟုတ်သလို ယခုလို ပရောပရည်ကျပြီး စိတ်လှုပ်ရှားစရာကောင်းသည့် စကားလုံးတွေကို သူလိုလူက ဘယ်တော့မှ သုံးမှာမဟုတ်ပေ။


အချစ်က ဘာလဲဆိုသည်ကို  သူမသိချေ။


စစ်သား၏ သဘောသဘာဝမှာ သစ္စာစောင့်သိခြင်းသာဖြစ်သည် ။


တိုင်းပြည်အပေါ်သစ္စာရှိ၊ တပ်မဟာအပေါ်သစ္စာရှိ၊ ပြည်သူအပေါ်သစ္စာရှိ၊ မိသားစုအပေါ်သစ္စာရှိကာ ဇနီး​ဖြစ်သူအပေါ် သစ္စာရှိရမည်။


တစ်သက်လုံး သူမအပေါ် ကောင်းပေးခဲ့၏။ သူမနှင့် နှစ်ယောက်တည်း အိပ်ချင်သည်၊ မိသားစုကို ထောက်ပံ့နိုင်အောင် အလုပ်ကြိုးစားပြီး ငွေရှာချင်သည်၊ သူမနှင့် ကလေးတွေ သက်တောင့်သက်သာ နေစေချင်ပြီး ၊ သူမ၏အပြုံးတွေ ပိုပို၍ချိုမြိန်လာသည်ကို မြင်ချင်၏။


 အချစ်ကို နားမလည်ပေမဲ့ သူလိုချင်သည်က သူမဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး ဤအတိုင်းနေမည်ဆိုသည်က သေချာလေသည်။


ဤသည်က အချစ်ဆိုလျှင် သူ လင်းလန်ကို 

နင့်နင့်သည်းသည်း ချစ်မြတ်နိုးပါ၏။(အော်....)


    ...


သူမကရော သူ့ကို ချစ်မှာလား...

သူမယောက်ျားဖြစ်နေခြင်းအပြင်  သူမအချစ်ကိုရော ပိုင်ဆိုင်ရမှာလား...


ဤမေးခွန်းက သူ့ကို မျက်မှောင်ကြုတ်သွားစေပြီး ထိုသည်က ဘာလဲဆိုသည်ကို ရှင်းပြ၍မရသည့် ထူးဆန်းသည့်ခံစားချက်တစ်ခု သူ့နှလုံးသားထဲမှာ ပေါက်ဖွားလာခဲ့သည်။


 သိပ်မမိုက်ပေ။


 သူ့ကြောင့် ပိုမိုလှပလာသည်ဟု စိတ်ကူးယဥ်ရင်း သူမ၏ နူးညံ့သော ပါးပြင်၊ မျက်ခုံးများ၊ နှာတံ၊ နှုတ်ခမ်းနှင့် မေးစေ့တို့ကို ညင်သာစွာထိတွေ့လိုက်စဥ် မခံမရပ်နိုင်သော တွန်းအားတစ်ခု သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။


 သူ့လှုပ်ရှားမှုတွေက အနည်းငယ်အားပါသွား၍ဖြစ်မည်၊ သူမ မျက်မှောင်ကြုတ်ကာ  "တတိယအစ်ကို  ကျွန်မကို ဖက်ပေး " ဟုရေရွတ်လေ၏။ ထို့နောက်  ကြောင်လေးတစ်ကောင်ကဲ့သို့ သူ့ရင်ခွင်ထဲသို့ တိုးဝင်လျက် သက်တောင့်သက်သာအရှိဆုံး အနေအထားကို ရှာတွေ့သွားပြီး သူမမျက်နှာကို သူ့ရင်ဘတ်နှင့် ပွတ်သပ်လိုက်သည်။


တစ်စုံတစ်ခုကြောင့် ပြိုကွဲသွားသလိုမျိုး သူ့နှလုံးသားက ရုတ်တရက် ကြေမွှသွားကာ အချိန်အတော်ကြာအောင် ပြန်မသက်သာလာနိုင်ခဲ့ပေ။


မိုးလင်းခါနီးအချိန်ထိ ဟန်ချင်စုန့် လူသားတို့ကို နှစ်ထောင်ပေါင်းများစွာ ဒုက္ခပေးခဲ့သော ဤဒဿနိကဗေဒအဆိုပြုချက်ကို နားမလည်ခဲ့ပေ။


သူ တကယ်ကို လေ့လာသင်ယူသင့်သည်ဟုခံစားရ၏။သူ့က ပညာနည်းပါးသလို ယဉ်ကျေးမှုလည်း မရှိပေ။ဤလေးနက်သည့် ယဉ်ကျေးမှုတွေက အရှုပ်ထွေးဆုံး လက်နက်တွေနှင့်အဆန်းပြားဆုံး နည်းဗျူဟာတွေထက် အဆတစ်ရာ ပိုရှုပ်ထွေးသည်ဟု သူခံစားရ၏။


သူတကယ်ကို အဖြေမရှာနိုင်ခဲ့ပေ။


ထို့နောက် သူ သူ၏ စစ်ရေးအရည်အသွေးများကို အပြည့်အ၀ကစားကာ သူ့ခေါင်း၌ တွယ်ကပ်နေသော အရာများကို ရိုးရှင်းစွာ ခုတ်ထစ်ကာ ပြာအဖြစ် မီးရှို့၍ ကောင်းကင်သို့ ပစ်လိုက်သည်။

(တော်လိုက်တာ)


 ဟမ့်...ထို ဦခေါင်းဆီစွတ် မျက်မှန်ဝတ် သားရေဖိနပ်များနှင့် ပညာတတ်လူငယ်များကသာ အနှီ နာကျင်သောအရာများကို သူတို့ဗိုက်ပြည့်နေချိန် တွေးတောကြပေလိမ့်မည်။


သူမက သူ့ဇနီးဖြစ်ပြီး သူ့ရင်ခွင်ထဲတွင်အိပ်ပျော်နေ၏။ ထို ဟုတ်သလား ၊မဟုတ်သလားတွေကို စဥ်စားခြင်း သူ့ကို တကယ်ခေါင်းရှုပ်စေသည်။


 သူမကို   တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း နှုတ်ခမ်းလေးကို နမ်းလိုက်၊ ပါးပြင်လေးကို နမ်းလိုက်ဖြင့်  အချိန်အတော်ကြာအောင် နမ်းရှိုက်နေခဲ့ပြီးမှ သူမကို အားရကျေနပ်စွာ ပွေ့ဖက်ထားလျက်ပင် အိပ်ပျော်သွားခဲ့၏။


...


ဇီဝနာရီက နောက်နေ့တွင် ဟန်ချင်စုန့် ကို စောစောနိုးစေခဲ့ပြီး မနေ့ညက အကြောင်းအရင်းများစွာကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှုများနှင့် သံသယများသည်ကား သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ဖိနှပ်မျိုသိပ်ထားခြင်းခံလိုက်ရကာ အရိပ်အယောင်မျှပင်ရှိမနေတော့ပေ။


ချောမော၊ ဖြောင့်မတ်၊ လေးနက်တည်ကြည်ပြီး ဆိတ်ဆိတ်နေသော ဟန်ချင်စုန့်မှာ ရှိနေဆဲဖြစ်သော်လည်း လင်းလန်ကို ကြည့်သော သူ၏မျက်လုံးများက အလိုအလျောက် နူးညံ့သွားသည်။


နှစ်သစ်၏ပထမနေ့တွင် နံနက််ခင်းလေ့ကျင့်ခန်း

အတွက် ဝီစီမမှုတ်ဘဲ သူ့ဘာသူ ပုံမှန်လေ့ကျင့်ရန်  တောင်ဘက်လမ်းတွင် သွားပြေးခဲ့၏။


နေ့စဉ်အတွက် လုံလောက်သည့် လေ့ကျင့်ခန်းတွေ လေ့ကျင့်ပြီးမှ အပြေးကနေ ပြန်လာပြီး လမ်းပေါ်က လူတွေကို နှစ်သစ်မှာ ပျော်ရွှင်ပါစေဟု ဆုတောင်းပေးခဲ့သည်။


နှစ်သစ်၏ ပထမဆုံးနေ့သည် နှစ်သစ်ကူး နှုတ်ခွန်းဆက်ရမည့်အချိန်ဖြစ်၏။ သူတို့က ငယ်တော့သည်မဟုတ်ဘဲ မျိုးဆက်သစ်သားသမီးများပါ ရှိနေပြီဖြစ်ရာ အိမ်မှာတစ်ယောက်ယောက် ရှိကိုရှိရပေမည်။


သူက လင်းလန် အခြားအမျိုးသမီးများနှင့်  အပြင်ထွက်လည်ပတ်ရန် ပြင်ဆင်နေသဖြင့် အစောကြီး လမ်းလျှောက်လာရင်း ဦးလေးနှင့် ဘကြီးတချို့ကို ဂါရဝါပြုကာ  ဖက်ထုပ်ပန်းကန် ဘယ်နှစ်ခွက် စားပြီးသနည်းဟု မေးခဲ့သည်။


ထို့နောက် သူ့မိဘများထံ ပြန်သွားခဲ့၏။


 လင်းလန်နှင့် ကလေးများ မနေ့ညက ထွက်သွားပြီးနောက် အိမ်ဟောင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။


အဖွားကြီးဟန်က သူမမြေးအကြီးဆုံးဖြစ်သူ သစ္စာဖောက်သည်ကို မြင်သောအခါ  ဒေါသထွက်လွန်း၍  ဆူပူကြိမ်းမောင်းခဲ့၏။


 “မင်းအဘိုးနဲ့ ငါက မင်းအပေါ် ဘယ်လောက်ကောင်းလိုက်လဲ မင်းပြောစမ်း...မင်းက အကြီးဆုံးမြေးပါ...ဒါက မင်း ငါတို့ကို ဆက်ဆံပုံလား ”


 ဟောင်ထျန်း  စကားမပြောနိုင်၊ ဒေါသထွက်ပြီး ပြောလိုက်သောစကားအများအပြီးတွင် သူ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ အဖွားကြီးဟန်  သူ့ကို မည်သို့ပင်  ဆူပူကြိမ်းမောင်းနေပါစေ၊ သူ သည်းခံလိမ့်မည်ဖြစ်သည်။ သူက သူမမြေးဖြစ်သဖြင့်  သူမ သူ့ကိုဆူပူကြိမ်မောင်းချင်တိုင်း ဆူပူကြိမ်းမောင်းနိုင်၏။


သို့ပေမဲ့ သူ့အမေကို ဆူပူကြိမ်းမောင်းပါက သူ့အနေဖြင့်  ဆင်ခြေအနည်းငယ် ပေးရပေမည်။


ထို့ကြောင့် အဖွားကြီးဟန်  ဒေါသထွက်လွန်း၍  သမီးဖြစ်သူကို ကြိုးတစ်ချောင်း ယူလာခိုင်းပြီး သားနှင့်မြေးတွေရှေ့မှာ ကြိုးဆွဲချမည်ပြုတော့၏။


 “မင်းငါ့ကို ကောင်းကောင်းမနေခိုင်းဘူး...ကောင်းကောင်းမနေခိုင်းဘူး...မင်းငါ့ကို  တစ်သက်လုံး ကောင်းကောင်းမွန်မွန်  ထားချင်တယ် ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးးး...ငါသေရင် လူတွေက မင်းကို ရှုံ့ချကြလိမ့်မယ်...မင်း ဒီအဘွားကြီးကို ဒေါသထွက်လျက်ကြီး အသက်ရှင်စေချင်တာလား..."


အဖွားကြီးဟန်က သူမမအောင်မြင်ပါက သူမ၏ကံဆိုးမှုကို သူများဆီလွှဲချချင်သော်လည်းမည်သို့မျှ မတတ်နိုင်တော့ဘဲ ပထမချွေးမဟန်သက်တောင့်သက်သာနေရတော့မည်ကို သူမ မကြည့်နိုင်ပေ။


အရိုးအဆုံးပထမချွေးမဟန်က သူမကို အမြဲတမ်း ပုန်ကန်ခဲ့သည်။သူမ(ချွေးမ)သာ အောင်မြင်ပါက သူမ(အဖွားကြီး) ဤဘဝတွင် အမှန်တကယ် ကျရှုံးနေပြီဟု ခံစားမိလိမ့်မည်။


Xxxxx