အပိုင်း ၃၄၃-၃၄၄
Viewers 23k

Part 343


ယခင်တုန်းက သူမယောက္ခမ သူမကို ဆဲဆိုကြိမ်းမောင်းခဲ့သည့်စကားတွေကပင် မှန်နေပုံရပြီး ယောက္ခမနှင့်ရင်ဆိုင်ရသည်က သူမအမှားသာဖြစ်ပေသည်။


သူမယောက္ခမမသေခင်က သူမကို အသက်ကြီးလာသည့်အခါ  တစ်ယောက်တည်းနေရလိမ့်မည်ဟု ကြိမ်းမောင်းပြီး  ဘယ်သူမှ သူမကို လုပ်ကျွေးပြုစုကြမည်မဟုတ်ဟု ကျိန်ဆဲခဲ့၏။ ယခု သူမ၏

ချွေးမသုံးယောက်လုံးက ဘယ်သူမှ သူမကို လုပ်ကျွေးပြစုလိုခြင်းမရှိကြပေ။


လက်ခံလိုက်ပါက အရာအားလုံးက သူမအပြစ်ဖြစ်သွားပေလိမ့်မည်။


ထို့ကြောင့် သူမ လက်မခံခဲ့ပေ။ သူမသာ သူမမြေးကို ခွဲထွက်ပြီး ကိုယ်ပိုင်မိသားစု ထူထောင်ခွင့် မပေးလျှင် သူတို့ကို နှိပ်စက်မှာဖြစ်၏။


အရွယ်ရောက်ပြီးသူမဟုတ်ပါက အဘယ်ကြောင့် ကိုယ်ပိုင်စီးပွားရေး ကို စတင်သင့်သနည်း။ မိသားစုက ထုတ်ပစ်သည်ပဲဖြစ်ဖြစ် မိသားစုက စိတ်ဝမ်းကွဲနေပြီး  မိသားစုနှင့် အတူမနေနိုင်သည်ပဲဖြစ်ဖြစ်ပင်။


 "မင်း ခွဲထွက်တာနဲ့ ငါက ငါ့

 ဈာပနကို အရင်လုပ်မယ်...နောက်နောင် ဘယ်သူက မင်းကို လက်ထပ်ဖို့ သတ္တိရှိမလဲဆိုတာ ငါကြည့်မယ်..." 


 အဖွားကြီးဟန်က ထိုသို့ဆိုကာ ထွက်သွားမည်ပြုသည်။

 


မြေးအကြီးဆုံးက မည်သို့ပင်ဖြစ်စေ အဘွားဖြစ်သူနှင့် ခွဲထွက်ချင်နေပြီး အဘွားဖြစ်သူက သူ့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်သည့်အတွက် အဆုံးသတ်မှာ သူ့ကိုယ်သူ့ကြိုးဆွဲချလိမ့်မည်။


မင်းကို ဘယ်သူကမရှုံ့ချဘဲနေမလဲဆိုတာကို      ဆယ်မိုင်နဲ့ရှစ်ရွာကို ပတ်ကြည့်လိုက်စမ်းပါ...


ဘယ်သူက သူ့သမီးကို မင်းရဲ့ဇနီးဖြစ်ဖို့ ပြောရဲမှာလဲ...


 သူမ ဆူဆူပူပူလုပ်လွန်းနေသည်ကို မြင်သောအခါ  ဟန်ချင်စုန့် ဟန်ရုံဖန်ကို  တိတ်တဆိတ် ဖိတ်ခေါ်လိုက်၏။


ဟန်ရုံဖန် တံခါးကနေဝင်သွားသောအခါ အဖွားကြီးဟန်က ဆဲဆိုကြိမ်းမောင်းကာ သေမင်းကိုရှာ ဖွေနေသည့်အသံကို ကြားလိုက်ရသည်။ သူက ချောင်းပြင်းပြင်းဟန့်လိုက်ပြီး


 " တရုတ်နှစ်ကူးမှာ...ဒါက ဘာအတွက်လဲ... တပ်မဟာတစ်ခုလုံးကြားနေရတယ်... ဘယ်သူမှ နင့်ကို မကြည့်ရဲဘူး...ဘယ်သူက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား လာပြောရဲမှာလဲ... နောင်မှာ ရွာသူရွာသားတွေနဲ့ ဆက်ဆံတာကို ရပ်ချင်သလား”


ဤသည်က အတော်လေး လေးနက်၏။ မည်သို့ပင်ဖြစ်စေ  သူတို့အားလုံးက မျက်နှာမပျက်လိုသူများသာဖြစ်ကြသည်။


အဘိုးကြီးဟန်က ဟန်ရုံဖန်ကို အမြန်ဆင်းတွေ့ပြီးဆို၏။ 


 "အစ်ကို ဌာနခွဲအတွင်းရေးမှူး...မင်းဘာလို့ ဒီကိုရောက်နေတာလဲ"


 "ငါမလာဘူးဆိုရင် ဆယ့်ငါးနှစ်အထိ တိုက်ပွဲဝင်နေမှာလား...အမှန်ပဲ မင်းအသက်ဘယ်လောက်ရှိပြီတုန်း...အခုထိ မစဉ်းစားတတ်သေးဘူးလား" 


ဟန်ရုံဖန်က  သူ့အုပ်ချုပ်ရေးမှူးမပါဘဲ သူ့ဘာသူ ရောက်လာပြီး လက်ကို နောက်ကျောကို ပစ်ကာ မျက်နှာကို ကိုင်၍ စီချွမ်စာလုံးတစ်လုံးကဲ့သို့  မျက်မှောင်ကြုတ်လိုက်သည်။


အစတုန်းက သူက အလေးအနက်ဖြင့်ဖြစ်သော်လည်း ယခု ပို၍ပင် ကြောက်စရာကောင်းပြီး သူ့စကားကလည်း ယဉ်ကျေးမနေပေ။


 "ငါတို့ဘာလို့ အသက်ရှင်နေရတာလဲ...ဒီအိမ်က ထွက်လာတဲ့ လူတွေ ချမ်းသာဖို့ပဲ မဟုတ်ဘူးလား.. သားသမီးမြေးမြစ်တွေအတွက်မဟုတ်ဘူးဆိုရင်တောင်  ဘိုးဘွားတွေ ကိုယ့်ကိုကိုယ် မြင်ရတာ ရှက်စရာကြီး...ငယ်ငယ်က ပင်ပန်းဆင်းရဲမှုတွေ ကြုံခဲ့ရပေမဲ့ အသက်ကြီးလာတဲ့အခါ ကောင်းချီးမင်္ဂလာတွေကို မခံစားချင်ကြဘူးလား...နှလုံးသားချင်းယှဥ်ကြည့်စမ်းပါး...နင့်မှာသားနဲ့ချွေးမရှိနေပြီလေ... ဘာလို့ ပိုစေတနာမထားနိုင်ရတာလဲ"


အဖွားကြီးဟန် လက်ထဲတွင် ဘောင်းဘီ ခါးပတ်ကို ကိုင်ကာ မျက်နှာကို အုပ်၍ငို၏။


“အစ်ကို ...လာ ကျုပ်ကို  ထောက်ပံ့ပေးပါဦး... ဒီဟာက ကျုပ်ကို သေအောင် အတင်း တွန်းပို့နေတယ်... လွတ်မြောက်စရာ မရှိပါဘူးးးးအီးဟီးဟိီး...”


“ကောင်းပြီ... မင်းယောက္ခမသေတုန်းက ဒီလိုငိုတာ ငါမမြင်ဖူးဘူး"


 ဌာနခွဲအတွင်းရေးမှူးဟောင်းက ဘာမျက်နှာမှထောက်မနေဘဲ သူမကို ဆိုင်းမဆင့်ဘုံမဆင့်ဖော်ထုတ်လိုက်သညိ။


ထိုအချိန်က အဖွားကြီးဟန်၏ယောက္ခမက  လည်ပင်းကို ဆန့်ကာ ရက်အနည်းငယ်ကြာ အော်ဟစ်နေခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။အဖွားကြီးဟန် မငိုရုံသာမက ဝမ်းသာသွားခဲ့၏။ စျာပနပွဲကိုလာကြသော လူများ ကသိကအောက်ခံစားကြရသည်


မည်သို့ပင်ဖြစ်စေ လူတိုင်းက မျက်နှာမပျက်လိုကြပေ။ အငြိုးအာဃာတတွေ ဘယ်လောက်ပဲရှိရှိ အသေကောင်က အရေးကြီးဆုံးပင်။ စိတ်ထဲမှာ ပျော်နေလျှင်ပင် အကြိမ်အနည်းငယ်လောက် ဝမ်းနည်းပြီး ငိုချင်ယောင်ဆောင်နေရပေမည်။


အဖွားကြီးဟန်၏ တောက်ပသော အပြုံးကို အရိုအသေမဲ့သည့်ဟု ယူဆကြပြီး လူအများစု မကြိုက်ကြဘဲ အတင်းအဖျင်းပြောခဲ့ကြကာ နှစ်ပေါင်းများစွာ ကြာပြီးနောက်ထိ ရှေးရှေးက အကြောင်းကို ပြောဆိုကြလိမ့်မည်။


ဤသည်က အဖွားကြီးဟန်၏အကြီးမားဆုံး အမည်းစက်လည်းဖြစ်၏။


အထူးသဖြင့် အဖွားကြီးဟန်က သူမချွေးမအကြောင်း ထပ်ပြောဆိုနေပြန်လေရာ ရွာသူရွာသားတွေက အတိတ်ဟောင်းတွေကို တူးဆွပြီး ပြန်ဝါးကြပေလိမ့်မည်။ အတင်းအဖျင်းဟောင်းတွေက အရသာမရှိသော်လည်း အကြောင်းအရာ အသစ်တွေ ထပ်ထည့်ကြသည်။ တစ်နှစ်တာအပြောင်​မြောက်ဆုံးချွေးမက  ယောက္ခမဖြစ်လာခဲ့ပြီး သူမ၏ ချွေးမအကြောင်းကို ပြောဆိုနေပြန်ကာ ချွေးမသုံးယောက်လုံးက သူမနှင့် အချိန်မဖြုန်းချင်ကြပေ။


ဤသည်က  အရသာရှိပြီး ရွာရှိ ကိစ္စဟောင်းများကို သိသူတွေက အတင်းအဖျင်းပြောကြသဖြင့် ဤနှစ်က အထူးမွှေးကြိုင်နေသည်။


ဟန်ရုံဖန်က ယေဘုယျအားဖြင့် အခြားသူများ၏ အိမ်တွင်းရေး များတွင် ဝင်ရောက်စွက်ဖက်ရခြင်းကို မကြိုက်ပေ။ စင်စစ်အားဖြင့်  သူကလည်း ယောက္ခမတစ်ဦးပင်ဖြစ်သောကြောင့် သူမည်မျှကောင်းကောင်းလုပ်နိုင်မည်ဟု  သူ အာမမခံနိုင်ပေ။


ဟန်ချင်းယွမ်က အဘိုးကြီးဟန်  နှင့် အဖွားကြီးဟန်တို့ကို့ မိသားစု အမြန်ခွဲပြီး တစ်နေကုန် ပြဿနာရှာနေခြင်းကို ရပ်တန့်ရန်  အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။


 သူက ဘာမှမပြောခဲ့ချေ။ 


သူတစ်ပါး၏ အိမ်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ သူတစ်ပါးကို စော်ကားခြင်း၊ ကောင်းစွာ မလုပ်ဆောင်ခြင်းနှင့်ကောင်းကောင်း မကိုင်တွယ်ခြင်းတို့က  လူတွေကို အငြိုးထားစေ၏။


ဤတစ်ကြိမ်ပဲ ဟန်ချင်စုန့်က သူ့ဆီလာသည်ဖြစ်ရာ သူဟန်ချင်စုန့်ကို မျက်နှာပေးခဲ့သည်။


ထို့အပြင် အဖွားကြီးဟန်ကလည်း လွန်လွန်း၏။


သူမထက်သိက္ခာပိုရှိသူ၊ အသက်ပိုကြီးသူဆီက အပြစ်တင်ခံရပြီးနောက် အဖွားကြီးဟန် ပို၍ပင် မိုက်မဲလာခဲ့သည်။

 

ဟန်ရုံဖန်က ဟောင်ထျန်းကို အပြင်ထွက်ပြီး သူ့မိသားစု ထူထောင်ခွင့်ပေးပြီး တပ်မဟာမှာ နေထိုင်ဖို့ အခန်းနှစ်ခန်း ငှားလိုက်မည်ဟု ပြောသောအခါ အဖွားကြီးဟန်က သူမစိတ်ရင်းကို ဖုံးကွယ်ပြီး ရင်တွေနာ၍ သူမ မလုပ်နိုင်ဟုပြော၏။


ဟန်ရုံဖန်က သူ့လက်ကို တိုက်ရိုက်ဝှေ့ယမ်းလိုက်ပြီး 

"မကြောက်ပါနဲ့..

ငါအဆင်သင့်လုပ်ထားပြီးပြီ ...ကျန်းမာရေးမှူးကို ခေါ်လိုက်တာနဲ့ ချက်ချင်းလာလိမ့်မယ်"


  


အဖွားကြီးဟန် မနာရဲတော့ပေ။


Xxxxxx

Part 344


ဟန်ရုံဖန်  သူမ ပြဿနာမရှာတော့ကြောင်း တွေ့သဖြင့် အများကြီးမပြောတော့ပေ။


 "ဒီလိုဆို ပြေလည်သွားပြီ.. နှစ်သစ်ရဲ့ ရှစ်ရက်နဲ့ ကိုးရက်မြောက်နေ့မှာ နင်တို့ တကယ်ကွဲသွားလိမ့်မယ်...ပြဿနာမရှာနဲ့... နှစ်​သစ်​အတွက်​ ငါအလုပ်​ရှုပ်​​နေမှာ... တရုတ်​နှစ်​ကူးကြီးကို...တကယ်ပါပဲ"


 ထိုသို့ပြောပြီး​နောက်​ သူထွက်​သွားသည်​။


အဘိုးကြီးဟန် သူထွက်သွားသည်ကို လှမ်းမြင်လိုက်ရ၏။ တံခါးဝကို ရောက်သည့်အခါ ဟန်ရုံဖန်က  သူ့ကို တစ်ချက်ကြည့်ပြီး  သူ့ကလေးဘဝကို သတိရကာ ဒေါသတကြီး ပြောလိုက်သည်။


 "တကယ် ခုနစ်နှစ်သားပဲ"


အဘိုးကြီးဟန်က   ဘာကိုဆိုလိုသည်ကို နားမလည်ဟု ညည်းလေ၏။


ဟန်ရုံဖန် အဘိုးကြီးဟန်ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီး သူက(အဘိုကြီးဟန်က) ခါးကုန်းကာ မျက်လုံးများမှုန်၍ နှာခေါင်းကလည်း တွဲလောင်းကျနေပြီ(အရေတွန့်)ဖြစ်ကြောင်း တွေ့လိုက်ရသည်။


ဟန်ရုံဖန် သူ့နှုတ်ခမ်းဝသို့ ရောက်လာသည့် စကားလုံးကြမ်းများကို တစ်ခွန်းမှ ပြောမထွက်နိုင်တော့ပေ။စင်စစ်အား​ဖြင့် အဘိုးကြီးဟန်က သူ့ထက် နှစ်အများကြီး ပိုငယ်သည်ကို အဘယ်ကြောင့် သူ့ထက်  အသက်ပိုကြီးနေပုံပေါ်ရသနည်း။ 


ဟန်ရုံဖန် လေးတွဲ့စွာ သက်ပြင်းချလိုက်ရ၏။ မိသားစုတိုင်းတွင် ရွတ်ဆိုရခက်သည့် ကျမ်းဂန်များရှိပြီး သူတို့က မှိန်း၍သာနေကြသည်။


    "မင်း... ကောင်းကောင်း ဘဝကို ဖြတ်သန်း ...မင်းဘာလို့ ဒီလို နေရတာလဲ... ဆေးလိပ် လျှော့သောက်... မင်းရဲ့ တတိယသား စကားကို ပိုနားထောင်"


 ဟန်ရုံဖန်က အဘိုးကြီးဟန်၏  ပုခုံးကို ပုတ်ကာ ခေါင်းယမ်းပြီး ထွက်သွားခဲ့သည်။


 ထိုကဲ့သို့ဖြင့် အဖွားကြီးဟန် လုံးလုံးလျားလျား အရှက်ရသွားပြီး ဖျားနေ၍ အနွေးကုတင်ပေါ်တွင် မအိပ်နိုင်ဟု ဒေါသတကြီးပြောကာ ချွေးမများအား သူမကိုပြုစုစေချင်ခဲ့၏။


ပထမချွေးမဟန် မျက်နှာဖုံးကို ခွာချပြီးပြီဖြစ်၍  သူမကို အာရုံစိုက်ရန် မဖြစ်နိုင်သလို လင်းလန်ကလည်း အစောကြီးကတည်းက ထွက်သွားသည်။ ဟန်ချင်စုန့်က စကားမပြောသည့်အပြင် သူမကို ဘယ်သူမှ မခေါ်ဝံ့ကြပေ။ ဒုတိယချွေးမဟန်က သူမ ဖျားနာ ဟန်ဆောင်နေမှန်း သိလေရာ လျစ်လျူရှုရန်မဆိုထားနှင့်၊ နှုတ်ခမ်းကိုပဲ မဲ့လိုက်ပြီးဆိုလေ၏။


"ဒီတစ်ကြိမ် ယောက်မက ဂရုမစိုက်ဘူး...ဘယ်သူက ပြုစုမှာလဲ"


 အဖွားကြီးဟန် မည်မျှ ဒေါသထွက်နေလဲဆိုသည်ကို  တွေးကြည့်၍ရပေသည်။


ဤမနက် ဟန်ချင်စုန့် ရောက်လာသောအခါ သူမက မထခင်မှာ တဟင်းဟင်းညည်းနေပြီး ဟန်ချင်စုန့် ကိုကြည့်ကာရေရွတ်လေ၏။


 "မင်းမိန်းမက ဘာလို့ ငါနဲ့ နှစ်သစ်ကူးပွဲကို ဆင်နွှဲဖို့ ကလေးတစ်ယောက်ခေါ်မလာရတာလဲ" 


ဟန်ချင်စုန့်: "အမေ နိုးလာမှာကို စောင့်နေတာပါ"


အဘိုးကြီးဟန်က ထကာ ပင်မခန်းတွင် ဆေးလိပ်ခြောက် လိပ်သောက်နေသည်။ သူက ယခု ပို၍တိတ်ဆိတ်လာပြီး ပို၍ပို၍ ပြင်းပြင်းထန်ထန် ဆေးလိပ်သောက်လာနေ၏။သူ ဘယ်နေရာရောက်ရောက် မကြာမီ မီးခိုးငွေ့များဖြင့် အသက်ရှူကြပ်လာပေလိမ့်မည်။


 မကြာမီ အစ်ကိုကြီးဟန်နှင့် ဒုတိယအစ်ကိုဟန်တို့လည်း တယောက်ပြီး တယောက် ထလာကာ နှစ်သစ်ကို ဆင်နွှဲရန် စိတ်မ၀င်စားကြပေ။ စကားအနည်းငယ် တိုးတိုးတိတ်တိတ်ဆိုကာ ညီအစ်ကို နှစ်ယောက် တံခါးဝတွင်   တစ်ယောက်က ဘယ်ဘက်ခြမ်း၊ တစ်ယောက်က ညာဘက်ခြမ်း၌ ထိုင်နေကြပြီး တံခါးနတ်ဘုရားနှစ်ပါးအလားဖြစ်နေလျက် မျက်မှောင်လည်းကြုတ်နေကြသည်။


ဟန်ချင်စုန့် စိတ်နှလုံးပျော့ပြောင်းသောသူ မဟုတ်သလို နှစ်သိမ့်စကားလည်း မပြောတတ်သောကြောင့် မြင်ကွင်းအလိုက် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားများကိုသာ ပေးစွမ်းနိုင်ခဲ့၏။


 ဟန်ချင်စုန့် ရောက်လာသည်ကိုကြားသောအခါ ပထမချွေးမဟန်နှင့်ကလေးက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွေပြောပြီး စကားနည်းနည်းပြောရန် အိမ်ထဲကထွက်လာကြသည်။


 အခန်းထဲမှာ အဖွားကြီးဟန်း ညည်းညူ ကျိန်ဆဲနေသဖြင့် သူတို့ စကားများများ မပြောကြပေ။


ပထမချွေးမဟန်က ရိက္ခာခြောက်ယူပြီး ကလေးနှစ်ယောက်ကို  အခန်းဆီသို့ ခေါ်သွား၍  သန့်ရှင်းရေးလုပ်စေကာ အပြင်သို့ထွက်သွားကြသည် ညဘက်မှသာ  ဤနေရာတွင်နေမည်၊ပြန်လာပြီး ဒေါသအဖြစ်ခံမနေဟုတွေးခဲ့၏။


အစ်ကိုကြီးဟန်က မတ်တပ်ထရပ်ပြီး နောက်ကလိုက်ကူညီချင်ခဲ့သည်။


အဖွားကြီးဟန်က  အခန်းထဲကနေ ချောင်းစဆိုးတော့၏။


"သားကြီး... ရေနည်းနည်း ငှဲ့ပေးစမ်း...ရေငတ်လို့ သေတော့မယ်"


 အစ်ကိုကြီးဟန်က သူမအတွက် ရေငှဲ့ပေးလိုက်ရသည်။   


ဟန်ချင်စုန့်က ပင်မခန်းတွင်ထိုင်ကာ လူတွေကို အသက်မရှုနိုင်ဖြစ်စေ၏။သူက ခြံဝင်းထဲတွင်လည်း ထိုင်လိုက်သေးသည်။ နှစ်သစ်နှုတ်ခွန်းဆက်ရန်  အချိန်အတော်ကြာသည့်တိုင် မည်သူမျှ ရောက်မလာကြပေ။ 


 မနေ့ညက အိမ်မှာ အရှက်မဲ့စွာ ဆူညံပွက်လောရိုက်နေခဲ့ပြီး နှစ်သစ်ကူးညစာ စားပြီးသည့်နောက်မှာ လူကြီးတွေနှင့်ကလေးတွေက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား လာပြောကြသေးသည်။ နောက်ပိုင်း အခြေအနေ မကောင်းသည်ကိုသိပြီး တစ်ယောက်ပြီး တစ်ယောက် ကျော်သွားကြကာ ကလေးတွေကို မလာရန် အကုန်လုံးက တားကြ၏။ ထုံးစံအတိုင်း ဤမနက် လာပြီး အရှက်ရခံမှာမဟုတ်ပေ။


မည်သို့ပင်ဖြစ်စေ  ဂါရဝပြုပြီးပြီဖြစ်သဖြင့် သူက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ပင်။


ဒုတိယအစ်ကိုဟန်က ပထမချွေးမဟန်နှင့် ထွက်သွားသည့် တခြားသူတွေကို ကြည့်ပြီး ဆိုလေသည်။


 "အစ်ကို ... မရီးက ထမင်းဟင်းမချက်တော့ဘူးလား"


အစ်ကိုကြီးဟန် စကားတစ်ခွန်းမှ မပြောဘဲ သက်ပြင်းသာချကာ အဘိုးကြီးဟန်က  မီးခိုးငွေ့များသာထုတ်လိုက်၏။


ဒုတိယအစ်ကိုဟန်က ခဏလောက်စဉ်းစားပြီး သူဇနီးကိုခေါ်ကာပြောလိုက်သည်။


"မင်းနဲ့ ကျင်းယု အတူတူ ထမင်းချက်တော့... တစ်မိသားစုလုံး တစ်နှပ်မှလွတ်လို့မရဘူး...ဒီနေ့က နှစ်သစ်ရဲ့ ပထမဆုံးနေ့" 


 ဒုတိယချွေးမဟန်က တုံ့ဆိုင်းစွာ ထလိုက်ပြီး ကလေးတွေကို သူမနောက်ကို လိုက်ရန်  ခေါ်ကာ ဟန်ချင်စုန့်ကို့  နှစ်သစ်နှုတ်ခွန်းဆက်စကားဆိုစေ၏။ဒုတိယချွေးမဟန်က သူမယောက်မ မထသေးသည်ကို မြင်သဖြင့် မလှုပ်ချင်သေးဘဲ အထွန့်တက်လိုက်သည်။


 “ဒီပန်းကန်လုံးက ကွဲသွားပြီ...ပေါင်းထားတဲ့ မုန့်တွေက ခြောက်သွားပြီ...ကန်စွန်းဥတွေကို ပေါင်းရမယ်...ဘာထူးမှာလဲ"


သူမ မိသားစုကို ချက်ပြုတ် ကျွေးမွေးရမည်ကို ပျော်မနေပေ။  သူမက ညည်းညူမှုတွေ အပြည့်နှင့် ရှိနေပြီး အထူးသဖြင့် ဟန်ကျင်းယုက နေထက် သုံးပေလောက် အိပ်ချင်နေသေးသည့် အချိန်မျိုးမှာ သူမသာ၍ပင် မပျော်သေး၏။


ဒုတိယအစ်ကိုဟန်က ဟန်ကျင်းယု အခန်းဆီသွားပြီး ပြတင်းပေါက်ကို ခေါက်ကာ ပြောလိုက်သည်။ 

 "ကျင်းယု...ထပြီး နင့်ရဲ့ဒုတိယယောက်မကို  ထမင်းချက်ကူပေး" 

 

ဟန်ကျင်းယု​က ဒေါသတကြီးအော်လိုက်ပြီး 

 "အကုန်လုံး သေကုန်လို့ငါကချက်ပေးရမှာလား"


သူမ တစ်ညလုံး ငိုထားသ​ဖြင့် အသံက အက်ကွဲနေပြီဖြစ်ကာ မျက်လုံးတွေကလည်း ရောင်နေ၏။ တခြားသူတွေနှင့် မည်သို့  မျက်နှာချင်းဆိုင်ရပါမည်နည်း။


အဖွားကြီးဟန်က ချိုင်းထောက်များဖြင့် အနွေးကုတင်စွန်း ခေါက်ပြီးပြောလေ၏။


 "ယောက္ခမကို မပြုစုတဲ့ ချွေးမ ဘယ်သူရှိလို့လဲ"


ဟန်ချင်စုန့် ရှေ့မှာ ဒုတိယချွေးမဟန် ပြန်မကိုက်ရဲပေ။မည်သို့ပင်ဖြစ်စေ သူမက အိမ်မှာစားရမည်ဖြစ်၍ မလုပ်ချင်လည်းလုပ်ရပေမည်။


အချိန်အတော်ကြာပြီးနောက် ဟန်ကျင်းယု ထလာပြီး မျက်လုံးတွေနီရဲနေကာ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရ၏။ သူမ ဟန်ချင်စုန့်ကို  မနှုတ်ဆက်ရုံသာမက  ကြည့်ပင်မကြည့်ခဲ့ပေ။ ဟန်ချင်စုန့် သူမကို စကားလာပြောမည်ကိုသာ သူမစောင့်နေမည်။


Xxxxx