Part 345
အဆုံးတွင် ဟန်ချင်စုန့်က သူမကို မမြင်လိုက်သလို ပြုမူကာ စကားပြောရန် အစပျိုးမှု လုံးဝမလုပ်ခဲ့ပေ။
ဟန်ကျင်းယု နာကျည်းစွာ ငိုတော့မည်ပြု၏။
ယခင်တုန်းက တစ်နေ့ကို ထမင်းသုံးနပ်ချက်ျပးသည့် ပထမချွေးမဟန်ရှိသည်။ ပြောစရာပင်မလိုခဲ့၊ သူမက ထမင်းဟင်းယူလာပြီး ပြင်ဆင်ပေးကာ အားလုံး အဆင်သင့်စားကြရုံပင်။
ယခု ပထမချွေးမဟန်က သူမသားကို ခေါ်ပြီးထွက်သွားသည့်အခါ ရုတ်တရက် တစ်မိသားစုလုံး ကပေါက်ကချာဖြစ်ကာ အချင်းချင်း မျက်လုံးပြူးလျက်သား ကြည့်နေကြ၏။
ပထမဟန်၏ ကြိုးစားအားထုတ်မှုမရှိပါက အိမ်သည် စက်ဟောင်းတစ်ခုလို ရုတ်တရက် အလုပ်မလုပ်တော့ကြောင်း ဟန်ချင်စုန့် တွေ့ရှိခဲ့သည်။
အိမ်ထဲမှာ ခဏရပ်ကာ ရယ်သံရွှင်ရွှင်များပြည့်နေသည့် သူ့အိမ်အကြောင်း တွေးပြီး ကမ္ဘာနှစ်ခြမ်းမှာ ရှိနေသလို ခံစားရ၏။
ဟန်ကျင်းယုနှင့် ဒုတိယချွေးမဟန်တို့က အချင်းချင်း မကျေမနပ်ဖြစ်နေကြဆဲဖြစ်ပြီး ပထမချွေးမဟန်က အိမ်မှုကိစ္စများကို ဤအတိုင်း ထားခဲ့ပြီး အလုပ်အားလုံးကို ပေးခဲ့သည်ဟု ညည်းညူကြသည်။
ဒုတိယချွေးမဟန် : "ယောက်မ မီးမွှေး... ငါ အိုးတင်လိုက်မယ်"
ဟန်ကျင်းယု : "ဘာလို့ ငါ့ကို မီးမွှေး ခိုင်းတာလဲ"
ဟန်ကျင်းယု မီးမွှေးသည်က ညစ်ပတ်ပြီး သူမခေါင်းပေါ်ကို ဖုန်တွေတင်စေသည်ဟုထင်သည့်အတွက် မီးမမွှေးချင်ပေ။
ဒုတိယချွေးမဟန်က နှာခေါင်းရှုံ့လိုက်၏။.
"ဒါဆို နင်အိုးကိုဖြည့်လိုက်...ငါမီးမွှေး လိုက်မယ်...ဟင်းရွက်ချဥ်တွေလှီးဖို့မမေ့နဲ့"
ဟန်ကျင်းယု တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြင်ဆင်လိုက်ပြီး တစ်ခုက ပြုတ်ကျလိုက် တစ်ခုကို ကောက်တင်လိုက်နှင့် ရှုပ်ပွသွားသည်။
ဒုတိယချွေးမဟန်က ဂရုမစိုက်ဘဲ သူမဘာသာသူ မ မီးမွှေးလိုက်၏။
ဟန်ကျင်းယု ဒေါသထွက်လာပြီး
"နင် ကူညီကောင်းမှန်း မသိဘူးလား "
ဒုတိယချွေးမဟန်: "ငါနင့်ကိုမီးမွှေးဖို့ပြောခဲ့သားပဲ...နင့်ဘာနင် အိုးဖြည့်မယ်ပြောတာလေ ...အိုးလေးတောင် မဖြည့်နိုင်ဘူးလား"
ဒါနဲ့များ မြို့ကလူနဲ့ လက်ထပ်ချင်သေးတယ်ပေါ့... မြို့ကလူတွေက မိန်းမတွေသေကုန်မှာကို စိုးနေကြတာလား... ဒီလိုလူမျိူးကို ရွေးရအောင် ဦးနှောက်မကောင်းလို့လား...
ဟန်ကျင်းယု ရှိုက်ကြီးတငင် ငိုကြွေးလိုက်၏။
“အမေ—”
အဖွားကြီး ဟန်က ဖျားချင်ယောင်ဆောင်နေဆဲဖြစ်ပြီး မထချင်ဘဲ ညည်းညူရင်းဆိုလိုက်သည်။
“ကျင်းယု ...နင်သင်ရမယ်... အခုက စပြီး နင်နဲ့ ဒုတိယယောက်မက ထမင်းဟင်းချက်ရမယ်"
ဒုတိယချွေးမဟန်က ချက်ချင်းပြောလေသည်။ “ကျွန်မကို ထည့်မပြောနဲ့...ကျွန်မတို့လည်း ခွဲထွက်တော့မှာ”
ပထမယောက်မက ထွက်သွားပြီး မိသားစု မခွဲပါက အိမ်မှုကိစ္စတွေအကုန်လုံး သူမလက်ထဲသို့ လွှဲပေးလိမ့်မည်။ တစ်မိသားစုလုံး ကလေးရော ရော လူကြီးရော အဖွားကြီးဟန်နဲ့ဟန်ကျင်းယုကိုရော လုပ်ကျွေးပြုစုရမယ်ပေါ့လေ...
သူမ မလုပ်နိုင်ဘူး...
သူမက နွားလည်းမဟုတ်ဘူး မြင်းလည်းမဟုတ်ဘူး...
ဒုတိယချွေးမဟန်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သူဖြစ်သည်။
အဖွားကြီးဟန် ဒေါသထွက်လွန်း၍ အနွေးကုတင်ကို ရိုက်သော်လည်း ဒုတိယအစ်ကိုဟန်က ပူးပေါင်းမလာဘဲ သူ့ဇနီးကို မဆူပူပေ။
ဒုတိယချွေးမဟန်က သဘာဝအတိုင်း မကြောက်ပေ။ သူမယောက်ျားသာ တစ်ခုခု မပြောဝံ့ရင် ညဘက် အိမ်ထဲဝင်ဖို့ မစဉ်းစားနဲ့...
ပြီးခဲ့သည့် လမုန့်ပွဲတော်မှာ သူမနှင့်ဟန်ကျင်းယုတို့ တတိယမိသားစုက အသားနှင့်အသီးအရွက် ပန်းကန်တွေ ပို့ပေးသည့်အတွက် ရန်ပွဲကြီးဖြစ်ခဲ့သည်။ထိုစဥ်က အဖွားကြီးဟန်က ဒုတိယအစ်ကိုဟန်အား ဒုတိယချွေးမဟန်ကို ရိုက်နှက်ပင် ရိုက်နှက်ခိုင်းခဲ့သည်။ဒုတိယအစ်ကိုဟန်က စကားနည်းနည်းပဲ အော်ခဲ့၏။ သူ မည်သို့လုပ်ဝံ့ပါမည်နည်း။နောက်ဆုံးတွင် ဒုတိယချွေးမဟန်ကို အိမ်ထဲပြန်သယ်ပြီး ဇနီးကို သင်ခန်းစာပေးရန် တံခါးပိတ်သည်လား သို့မဟုတ် ဇနီးဆီက သင်ခန်းစာယူရန် တံခါးပိတ်သည်လား သူပဲသိပေလိမ့်မည်။
ယခု သူ့ဇနီးကို ဘယ်လိုရိုက်ရမှန်းသူမသိတော့ပေ။
အစ်ကိုအကြီးဆုံးနှင့် တတိယညီကို ကြည့်လိုက်ပါက တတိယညီက ချွေးမကို ရိုက်နှက်မဆုံးမဘဲ ပျော်ရွှင်သည့်ဘဝမှာနေထိုင်ရန် မိသားစုကို ခွဲထွက်ခဲ့သလို အစ်ကိုကြီးကလည်း ဇနီးကို မရိုက်နှက်သည်ကို တွေ့ရ၏။ ယင်းသည် သူ့ရှေ့ရှိ ကံမကောင်းအကြောင်းမလှသော အခြေအနေသာဖြစ်လေသည်။
ဒုတိယအစ်ကိုဟန်က ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်နိုင်၏။
ဒါက သူ့အမေ သူ့ကို နေ့တိုင်းလေ့ကျင့်ပေးခဲ့တဲ့ဟာပဲ...
အိမ်ထောင်ကျခါစ၌ အဖွားကြီးဟန်က ဒုတိယချွေးမဟန်ကိုလည်း အနိုင်ကျင့်ခဲ့ပြီး ဒုတိယသားဖြစ်သူအား ချွေးမကို ဆုံးမရန် အမြဲညွှန်ကြားခဲ့သည်။
ကြင်စဦးခါစ၊ ညဘက် ဘာလုပ်နိုင်မှာလဲ...
ဒုတိယချွေးမဟန်က ဒုတိယအစ်ကိုဟန်ကိုဆွဲကာပြော၏။
“ထွက်သွား...ရှင့်အမေပြောစကားကို ဒီလောက် နားထောင်နေရင်...ဘာလို့ သူ့အနွေးကုတင်ပေါ်မှာ မအိပ်တာလဲ”
ထိုသို့ဖြင့် ဒုတိယအစ်ကိုဟန် ညဘက် အိပ်ယာထဲမှာ ဘယ်သူအိပ်ယာထဲမှာပဲအိပ် ထိုသူ့စကားများကို နားထောင်ရမည်ဆိုသည်ကို သဘောပေါက် သွားသည်။
ယခု ဒုတိယချွေးမဟန် ကုတင်ပေါ်မှာ အိပ်ရုံတင်မကဘဲ ဒုတိယချွေးမဟန် ချက်ပြုတ်ထားသည် အစားအစာတွေကို စားရတော့မည်ပုံရသည်။ မည်သို့ ဒုတိယအစ်ကိုဟန်က အခြေအနေကို ထွင်းဖောက်မမြင်ဘဲနေပါမည်နည်း။ ဒါပေါ့... သူ့မိန်းမကို သူ မိုက်တိမိုက်ကန်း ဆန့်ကျင်မှာမဟုတ်ဘူး...
သဘာဝအတိုင်း လူသားတစ်ယောက်ဖြစ်ရန် ခပ်လျှိလျှိုနေရမှာဖြစ်သဖြင့် ဝတ္တရားနှင့် ပတ်သက်ပြီး တစ်ယောက်က ပြောသည်ကလည်း ငပြောပဲရှိမည်ပင်။
ဟန်ကျင်းယု နောက်ဆုံးတွင် အိုးတင်ပြီးနောက် အချဉ်များကို လှီးလိုက်သော်လည်း သူမက ပုံမကျပန်းမကျ လုပ်နေလေရာ သူမလက်ချောင်းပေါ်ရှိ အရေပြားအချို့ကို လှီးမိကာ သွေးထွက်သွားသည်။
“အာ့…”
သူမ ဓားကို ပစ်ချလိုက်ပြီး
“လက်ကို ဓားပြတ် သွားပြီ...လက်ကို ဓားပြတ်သွားပြီဟု ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့၏။
ဒုတိယချွေးမဟန်က ကောင်းကင်ထိ မျက်ဖြူလှန်လိုက်သည်။ နင်က တကယ့်ကို မိုက်မဲလိုက်တာ...ဓားမပြတ်ဖူးတဲ့ လယ်သမားဘယ်မှာရှိလို့လဲ... နင်ပဲ ဖြစ်ပျက်နေ...
အဖွားကြီးဟန်က သွေးတိတ်အောင် သကြားနည်းနည်းထည့်ရန် အခန်းထဲက လှမ်းအော်လာ၏။
ဟန်ကျင်းယုက ငိုပဲပြီး သူမကိုဂရုစိုက်စေလိုသောသဘောဖြင့် ဟန်ချင်စုန့်ကို ကြည့်လိုက်သည်။
ဟန်ချင်စုန့်က ရေကဲ့သို့ တည်ငြိမ်နေသော မျက်နှာဖြင့် ထိုနေရာတွင် ထိုင်နေသော်လည်း သူမကို အာရုံမစိုက်ချင်ခြင်းမရှိပေ။
ဟန်ကျင်းယုက သူ့ကို ကလေးတစ်ယောက်လိုပြုမူတော့မည်လုပ်သော်လည်း ဟန်ချင်စုန့်က မတ်တပ်ထရပ်ကာ သူ့မိဘများနှင့် ညီအစ်ကိုများကို နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
ဟန်ချင်စုန့်၏ အကြင်နာမဲ့စွာ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ပိုမိုကျယ်လောင်စွာ အော်ဟစ်ငိုယိုတော့၏။
"အမေ...တတိယမအစ်ကိုကို ကြည့်ပါဦး...သူ့စိတ်ထဲမှာ သမီးတို့မိသားစု လုံးဝမရှိဘူး"
ဒုတိယချွေးမဟန်က မျက်ခုံးပင့်ကာ နှစ်ထောင်းအားရစွာပြောလေသည်။
"ငါသိသားပဲ...နောင်မှာ နင့်ကိုယ်နင်ပဲအားကိုးရတော့မယ်"
Xxxxx
Part 346
အိမ်ပြန်လမ်းတွင် ဟန်ချင်စုန့်သည် မိဘအိမ်မှ ပြဿနာများကြောင့် မိမိအ်ိမ်ရှိ ချစ်ဇနီးလေး လင်းလန်နှင့် ဆိုးကြသော်လည်း ချစ်ဖို့အလွန်ကောင်းကြသည့် ကလေးများအကြောင်းကို တွေးကာ ခပ်သုတ်သုတ်လေး လျှောက်နေမ်ိတော့သည်။
တံခါးသို့ ရောက်သည့်အခါတွင် နောက်မှ လိုက်လာသည့် ဟန်ချင်းယွမ်က သူ့အား မှီသွားကာ အမောတကော ပြောတော့သည်။
" တတိယအစ်ကို ၊ ဘာလို့ အဲ့လောက် မြန်မြန်သွားနေရတာလဲ။ ကျွန်တော် ခေါ်နေတာ ခဏခဏပဲကို ပြန်မဖြေလို့ တမင်တကာများ လုပ်နေသလားတောင် ထင်နေတာ။ "
ဟန်ချင်စုန့် ညီဖြစ်သူအား လှည့်ကြည့်လိုက်သည်။
" လေသံကြောင့် မကြားလိုက်တာ။
" မနေ့ညတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် သူ့အသံသည် အနည်းငယ် တင်းမာနေသယောင်ရှိလေသည်။
ဟန်ချင်းယွမ်သည် နှစ်သစ်ကူးညမှ အဖြစ်အပျက်ကြောင့် စိတ်မကြည်နေ၍ မျက်နှာမကောင်း ဖြစ်နေသည်ဟုသာ ထင်သွားလေသည်။
ဟန်ချင်စုန့်က ဟန်ချင်းယွမ်အား ခြံထဲတွင် စောင့်ခိုင်းထားခဲ့ကာ သူကတော့ အရှေ့ခန်းထဲသို့ အရင်၀င်သွားလေသည်။
ဟန်ချင်းယွမ် : ...ကြည့်ရတာ မထသေးဘူးထင်တယ်။
ရွာထဲမှ မိန်းမများက လင်းလန်သည် မနက် ကိုးနာရီ ၊ ဆယ်နာရီအထိ မထသေးဟု အတင်းပြောကြသည်မှာ မှန်နေမလားမသ်ိ ။
ခဏအကြာမှသာ ဟန်ချင်စုန့်သည် ဟန်ချင်းယွမ်အား အိမ်ရှေ့ခန်းထဲသို့ ဖိတ်ခေါ်လေသည်။
အနောက်ခန်းကတော့ ပိတ်လျက်ရှိနေဆဲပင်။
ဟန်ချင်းယွမ် ၀င်သွားသည့်အခါ မိုင်ဆွေ့သည် နိုးနေပြီဖြစ်ကာ ဆံပင်ကိုများ ဖြီးသင်နေလေသည်။ သူ၀င်လာသည်ကို မြင်သည့်အခါ ထ၍နှုတ်ဆက်လေသည်။
ကျန်ယောက်ျားလေးများကတော့ ဆော့ကစားနေကြလေသည်။
အိပ်ခါစတွင် အ၀တ်ပါသော်လည်း စန်း၀မ်သည် အိပ်ပျော်သွားသည့်အခါ ကိုယ်တွင် အ၀တ်များ မကပ်တော့ ။ အိပ်နေသည့် ကိုယ်နေဟန်ထားမှာလည်း မူမှန်ခြင်းမရှိဘဲ တစ်ခေါခေါ ဟောက်နေသေးလေသည်။
ဟန်ချင်းယွမ်သည် သူ့ရဲ့ အေးစက်စက်လက်များဖြင့် ကောင်ငယ်လေး၏ တင်ပါးအား ရိုက်လိုက်တော့သည်။
စန်း၀မ်သည် ရုတ်တရက် အေးစက်သွားမှုကြောင့် လန့်နိုးလာတော့သည်။
" ဘုရားမလို့ပေါ့ ။ အိပ်မက်ထဲမှာ ရေခဲတွင်းထဲ ပြုတ်ကျသွားတာတဲ့။ "
ဟန်ချင်းယွမ် ပြုံးလိုက်မိသည်။
" နေဖင်ထိုးနေပြီ ။ ထတော့လေ ။ နှစ်သစ်ကူးမှာ နှုတ်ဆက်ကြရဦးမယ်လေ ။ "
ထိုသို့ ကြားသည့်အခါ ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ထကြတော့သည်။ မနက်ခင်း နှုတ်ဆက်စကားဆိုပြီးနောက် မျက်နှာသစ်ရန် ထွက်သွားကြတော့သည်။
မိုင်ဆွေ့က ချက်ပြုတ်ရန် မီးဖိုချောင် ၀င်မည်လုပ်သော်လည်း ဟန်ချင်စုန့် တားလိုက်သည်။
ဓလေ့အရ နှစ်သစ်ကူးချိန်၏ ပထမနေ့နှင့် ဒုတိယနေ့များတွင် ယောက်ျားသားများသာ ချက်ပြုတ်ဆေးကြောကြရကာ မိန်းမသားများက လုပ်စရာမလိုပေ။
တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့ကြသည့် မိန်းမသားများအတွက် မီးဖိုချောင်မှထွက်ကာ အနားယူရန် အားလပ်ရက်ပေးသည့် သဘောဟုလည်း ယူဆနိုင်ပေသည်။
အဖိုးကြီးဟန်တို့ မိသားစုတွက်တော့ ယောက်ျားသားများက လုပ်ပေးခြင်းမရှိဘဲ အဖွားကြီးဟန်မှ ချွေးမများအား အာဏာပြခိုင်းစေချိန်ဖြစ်လေသည်။
ဟန်ချင်စုန့် မီးမွှေးကာ စတင်ချက်တော့သည်။
ဟန်ချင်းယွမ်က အားကျနေသည့်ဟန်ဖြင့် " တတိယအစ်ကို ကျွန်တော်သာ မိန်းကလေးဆို အစ်ကိုနဲ့ပဲ လက်ထပ်မှာဗျ ! " ဟုပြောလေသည်။
ဟန်ချင်စုန့်သည် မင်း ရူးနေလား ဟူသည့်အကြည့်ကိုသာ ပြန်ပေးကာ မီးဖိုရှေ့တွင် ထိုင်ကာ ဆက်၍ မီးမွှေးနေလေသည်။
မိုင်ဆွေ့သည် ရင်ဘတ်လေးကို ပုတ်ကာ " ဦးလေး မိန်းကလေးဖြစ်ရင်တောင် လက်ထပ်လို့မရသေးဘူးနော် ၊ သမီးရှိသေးတယ်။ " ဟူ၍ ၀င်ပြောလေသည်။
စန်း၀မ်သည်လည်း ၀င်ပြောလေသည်။ " သားလည်း အဖေ့ကို ကောင်လေးအဖြစ် လိုချင်တယ်လေ ။ " ဟုဆိုကာ လက်ဆန့်ပေးရင်း " အဖေ ၊ သား အဖေ့ကို ချစ်တယ်နော် ။ " ဟုဆိုလေသည်။
ဟန်ချင်စုန့် : " .... "
ဟန်ချင်းယွမ်သည် အော်ရယ်တော့သည်။ " ကောင်လေး ? "
မိုင်ဆွေ့သည် စန်း၀မ်အား ရိုက်လိုက်ကာ " ပေါက်ကရတွေ ပြောမနေနဲ့ ။ လက်တွေက ညစ်ပတ်နေတာပဲ သွားဆေးစမ်း ။ "
စန်း၀မ်သည် ဟန်ချင်းယွမ်အား ဆွဲခေါ်သွားကာ ကောင်လေး အကြောင်းအား ပြောပြရင်း ဦးလေးဖြစ်သူထံမှ မုန့်ဖိုးရနိုင်မလားဟုလည်း မျှော်လင့်နေလေသည်။
ခဏအကြာတွင် လင်းလန်သည် နိုးလာကာ အ၀တ်အစားများလဲ၍ မျက်နှာသစ်ရန် ထွက်လာလေသည်။
ဟန်ချင်းယွမ် ရောက်နေသည်ကို တွေ့သည့်အခါ ရှက်သွားတော့သည်။ ကလေးတွေထက်တောင် နောက်ကျမှ ထတာကို အခုတော့ လူသိကုန်ပြိီ ။ ကလေးရှက်တော့ ငိုတယ် ၊ လူကြီးရှက်တော့ ရယ်တယ် ဟူသို့ပင် ။ လင်းလန် ရယ်သာရယ်ပြလိုက်တော့သည်။
သူမ ဟန်ချင်းယွမ်အား တည်တည်ငြိမ်ငြိမ်ပဲ နှစ်သစ်ကူးအတွက် နှုတ်ဆက်လိုက်ကာ မျက်နှာသစ်ရန် လှည့်ထွက်သွားလေသည်။
ဟန်ချင်းယွမ်သည်လည်း ရှက်နေလေသည်။ လင်းလန်အား ကြည့်ကာ တတိယမရီးက ဘာလို့ ငါ့ကိုကြည့်ပြီး ရှက်နေတာလဲဟု တွေးနေလေသည်။ ငါ အရမ်းချောလာလို့များလား ? ကိုယ့်မျက်နှာအား ကိုယ်ပြန်ကိုင်ကြည့်နေစဥ်တွင် ဟန်ချင်စုန့် သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ဟန်ချင်းယွမ်သည် လန့်သွားတော့သည်။ တတိယအစ်ကိုက ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ။ အေးစက်လွန်းတယ် ။ မသိရင် ငါက လူယုတ်မာကြီးကျလို့ ။ ဘာများမှားသွားလို့လဲ ။
ဟန်ချင်စုန့် : မင်း မပြန်သေးဘူးလား ။
ဟန်ချင်းယွမ်သည် ပြုံးပြကာ ပြန်ဖြေလေသည်။ " ကျွန်တော် ဗိုက်မဆာသေးဘူး။ "
လင်းလန်သည် ယဥ်ကျေးသမှုဖြင့် ညစာစားရန် ဖိတ်လေသည်။ " ချင်းယွမ် မနက်စာကို ဒီမှာပဲစားသွားလေ။ အိမ်မှာ အမေပေးထားတဲ့ ငါးကြင်းတွေနဲ့ အား၀မ် ဖမ်းလာတဲ့ ငါးတွေလည်းရှိတယ်။"
ဟန်ချင်းယွမ်သည် ပျော်သွားကာ မသိပါက လင်းလန်အား အမြှီးရမ်းပြနေသည့် အကောင်ငယ်လေးလို ဖြစ်နေလေသည်။
ဟန်ချင်စုန့် : " သူက အိမ်ပြန်ပြီးပဲ စားမှာတဲ့။ "
ဟန်ချင်းယွမ်က ချက်ချင်း ပြန်ငြင်းလေသည်။ " တတိယမရီး ကျွန်တော်က မနေ့ညက နောက်ကျမှ စားထားပြီး တစ်ညလုံးလည်း မအိပ်ထားတော့ ဗိုက်မဆာသေးပါဘူးဗျ။ "
တစ်ညလုံး မအိပ်ရသေးဟူသည်ကို ကြားသည့်အခါ လင်းလန်သည် အံ့သြသွားဟန်ဖြင့် " ချင်းယွမ်က နေနိုင်တယ်လား ။ တစ်ညလုံး မအိပ်ပဲနဲ့လေ ။ " ဟုဆိုလေသည်။
ဟန်ချင်းယွမ်သည် လက်မောင်းအားမြှောက်ကာ ဗလများအား ပြရင်း" မရီးရာ ကျွန်တော်က ငယ်သေးတော့ နေနိုင်တာပေါ့။ " ဟုပြန်ဖြေလေသည်။
စန်း၀မ်သည် လှမ်းအော်လေသည်။ " ဒါဆို ဦးလေးရော မားမားရဲ့ ကောင်လေးဖြစ်ချင်လား။ "
ဟန်ချင်စုန့်၏ မျက်နှာမှာ မှောင်မဲလာကာ ဟန်ချင်းယွမ်အား " သွား ၊ မင်း အိမ်ပြန်တော့ ! " ဟုအော်တော့သည် ။
ဟန်ချင်းယွမ် : " တတိယအစ်ကိုက ကျွန်တော် အိမ်ပြန်နောက်ကျမှာ စိုးလို့နဲ့တူတယ်။ မရီးရေ ၊ ကျွန်တော် ပြန်ပြီနော်။ အားရင် အိမ်လာလည်ဦးလေ ။ အမေနဲ့ တခြားမရီးတွေကလည်း မရီးကို သတိရနေကြတာ။ "
လင်းလန်သည် ပြုံးပြကာ " သွားလေ ။ ပြီးရင် လာလည်မယ်။ " ဟု ပြန်ပြောလိုက်သည်။
Xxxxxx