ဝေချင်းဝမ်သည် အားကုန်သုံး၍ လေးကိုဆွဲသော်လည်း လေးကြိုးမှာ အနည်းငယ်သာ ကွေးညွှတ်သွားပြီး တုန်ရင်နေသော လက်များကြောင့် မြှားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ဝေရိချန်သည် ပြုတ်ကျသွားသောမြှားကို ကောက်ပေးလိုက်ကာ ညီမဖြစ်သူကို နှစ်သိမ့်လိုက်သည်။
"ဝမ်ဝမ် စိတ်မပူနဲ့နော် မြှားပစ်တာက တကယ်ခက်တယ် အဖေ့ရဲ့လေးကလည်း အရမ်းတင်းတော့ ညီမလေးမဆွဲနိုင်တာ သဘာဝပါပဲ.. အစ်ကိုကြီး ပထမဆုံး စသင်တုန်းကလည်း ဒီလိုပါပဲ"
ဝေချင်းဝမ်သည်လည်း ဇွဲမလျှော့ကာဖြင့် ပြန်လည်ကာကြိုစားလေသည်။
"ကျွန်မ နောက်တစ်ခါ ထပ်စမ်းကြည့်မယ်"
ဤတစ်ကြိမ်တွင် ပို၍ အားစိုက်လိုက်သောကြောင့် နာကျင်သွားပြီး သူမသည် အော်ဟစ်လိုက်ကာ လေးနှင့်မြှားကိုလည်း လွတ်ချလိုက်သည့်အတွက် လေးနှင့်မြှားမှာ မြေပေါ်သို့ လွင့်ကျသွားသည်။
ဝေရိချန်နှင့် ဝေမင်ထင်တို့သည် ထိုအဖြစ်အပျက်ကို တွေ့လိုက်သောကြောင့် စိုးရိမ်တကြီးဖြင့် ပြေးလာကြရာ လေးကြိုးနှင့် ပွတ်တိုက်မိပြီး သူမ၏ လက်ချောင်းလေးများတွင် နီရဲသော အမှတ်အသားကြီး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ယွမ်ရှီးနှင့် ဝေယီလင်းတို့လည်း ရောက်လာကြပြီး ဝေချင်းဝမ်ကို ဝိုင်းဝန်းဂရုစိုက်ကြသည်။
ယွမ်ရှီးသည် သမီးဖြစ်သူကို နှစ်သိမ့်လိုက်ပြီး ဝေရိချန်ကို ဆေးသွားယူခိုင်းလိုက်သည်။
"ဝမ်ဝမ်... သမီးလက်တွေက ဒီလိုအလုပ်မျိုး လုပ်ဖို့ မဟုတ်ပါဘူး၊ ဆက်မကျင့်နဲ့တော့"
ဝေချင်းဝမ်မှာလည်း မျက်ရည်ဝဲလျက် ခေါင်းငုံ့နေလေသည်။
"ကျွန်မက အသုံးမကျလို့ပါ..."
သူမကို ကြည့်ကာ မိသားစုဝင်အားလုံးလည်း သနားသွားကြသည်။
ဝေချင်းဝမ်ကို ယွမ်ရှီးတို့မှ ရထားလုံးဆီသို့ ပြန်ခေါ်သွားပြီးနောက် ဝေမင်ထင်သည် ဝေရော့ရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
ထိုစဉ် တစ်စုံတစ်ခုကို သတိရကာ ဝေရော့၏ ညာဘက်လက်ကို ငုံ့ကြည့်လိုက်မိသည်။
ဝေရော့၏ လက်ချောင်းများတွင်လည်း ဝေချင်းဝမ်ထက် ပို၍ များပြားပြီး နီမြန်းနေသော လေးကြိုးရာများကို တွေ့လိုက်ရသည်။
"ရော့အာ... မကျင့်နဲ့တော့"
ဝေမင်ထင်သည် သမီးဖြစ်သူကို စိုးရိမ်သွားသဖြင့် အမိန့်ပေးသကဲ့သို့ တားမြစ်လိုက်သည်။
"လက်မှာ ဒီလောက် အမှတ်တွေ ထင်နေတာ ဘာလို့ အဖေ့ကို မပြောတာလဲ"
ဝေရော့သည် သူမ၏လက်ကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"အရေပြား ပေါက်ပြဲသွားတာမှ မဟုတ်တာ၊ ဘာမှမဖြစ်ပါဘူး"
ဝေရော့၏ စကားကြောင့် ဝေမင်ထင်လည်း စိတ်မကောင်းဖြစ်သွားလေသည်။
ဝေမင်ထင်သည် သူ့အတွက် ဤဒဏ်ရာမှာ မည်သို့မျှမခံစားရပါသော်လည်း မိန်းကလေးတစ်ဦးအတွက်မူ ဤမျှလောက် သည်းခံနိုင်ရည်ရှိနေခြင်းမှာ သူမသည် ကျေးလက်တောရွာတွင် နေခဲ့ရသောကြောင့် ခက်ခဲခဲ့ကြောင်းကို သက်သေပြနေခြင်းဖြစ်သည်ကို သူ ရိပ်မိနေခြင်းဖြစ်သည်။
ထို့နောက် ဝေမင်ထင်သည် သက်ပြင်းချကာဖြင့် သမီးဖြစ်သူကို နှစ်သိမ့်လိုက်သည်။
"ရော့အာ... အဖေက သမီးကို ဒုက္ခရောက်စေခဲ့ပြီ "
ဝေရော့သည် ထိုစကားကို ပြန်လည်ဖြေကြားခြင်းမရှိကာ အခြားသောအကြောင်းအရာကိုသာ ပြောင်းလဲ ပြောလိုက်သည်။
"လေးတွေ အားလုံးက ဒီလောက် အားစိုက်ရတာလားဟင်.. လက်တစ်ဖက်တည်းနဲ့ သုံးလို့ရတဲ့ ပေါ့ပါးတဲ့ ဒူးလေး မျိုးရော မရှိဘူးလား"
ဝေမင်ထင်သည်လည်း သမီးဖြစ်သူပြောလိုက်သည်ကို စိတ်ဝင်စားသွားပြီး ဒူလေးဖြင့် စမ်းသပ်ကြည့်ရန် အစေခံတစ်ယောက်အား ဒူးလေးကို ယူခိုင်းလိုက်သည်။
"ဒူးလေးကတော့ အားသိပ်မလိုဘူးပေါ့၊ သမီး စမ်းကြည့်ချင်လား"
ထို့နောက် သူသည် ဒူးလေး၏ အားနည်းချက်ကို ရှင်းပြသည်။
"ဒူးလေးက အားမလိုပေမဲ့ မြှားတင်ရတာ နှေးတယ်.. ကျွမ်းကျင်တဲ့ လေးသည်တော်က မြှားသုံးစင်းကို တစ်ပြိုင်တည်း ပစ်နိုင်ပေမဲ့ ဒူးလေးက တစ်စင်းချင်းပဲ ပစ်နိုင်တာ"
ဝေရော့သည် ဒူးလေးကို ကိုင်ကြည့်ရင်းဖြင့် စဉ်းစားနေမိသည်။
"ဒီဒူးလေးက မြှားအများကြီးကို တစ်ခါတည်း တင်လို့ရရင် သိပ်ကောင်းမှာပဲနော်" ဟု သူမ ရေရွတ်လိုက်သည်။
ဝေမင်ထင်သည် သမီးဖြစ်သူပြောလိုက်သည်ကို စိတ်ဝင်စားသော်လည်း မိုးချုပ်နေပြီ ဖြစ်သဖြင့် အိမ်သို့ပြန်ရန်သာ ပြင်ဆင်လိုက်သည်။
"သမီးရဲ့ အကြံက စိတ်ဝင်စားဖို့ကောင်းသားပဲ"
အိမ်သို့ ပြန်ရောက်သောအခါ ဝေမင်ထင်၏ ညွှန်ကြားချက်အရ ယွမ်ရှီးသည် ဝေရော့အတွက် ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှု ကောင်းစေသော ဆေးဖက်ဝင် ရေချိုးအိတ်ကို ပေးပို့လိုက်သည်။
ဝေရော့သည် ထိုဆေးထုပ်ကို စစ်ဆေးကြည့်ရာ ဖော်မြူလာစပ်ထားခြင်းမှာ အနည်းငယ် လိုအပ်ချက်ရှိသော်လည်း အသုံးဝင်ကြောင်း သိသဖြင့် ထိုညတွင် ထိုဆေးရေနွေးဖြင့် စိမ်ကာ အပန်းဖြေလိုက်သည်။
နောက်တစ်နေ့ နံနက် ဝေရော့ နိုးလာသောအခါ သူမ ခန့်မှန်းထားသည့်အတိုင်းပင် ကျောပြင်မှာ နာကျင်ရုံသာမက မြင်းစီးစသင်သည့်အခါ ဖြစ်လေ့ရှိသည့် အခြားသော နာကျင်မှုများကြောင့် အတော်လေးကိုပင် နေရထိုင်ရ ခက်နေလေသည်။
ထို့နောက် ဝေရော့သည် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်သည်။
"စိတ်လောသွားမိပြီ၊ မနေ့ညက ကိုယ်တိုင်ဖော်တဲ့ ဆေးရည်နဲ့ပဲ ချိုးခဲ့သင့်တာ"
--------------------------------------------------------
-------------------------------------------------------------------------------