အပိုင်း ၃၅၅-၃၅၆
Viewers 20k

Part 355


သည်းခံနေရင်းဖြင့် နောက်ဆုံးတွင် ပြဇာတ်ပြီးသွားတော့သည်။ ရှောင်၀မ်သည် ထခုန်ကာ " ရေး သွားကြမယ် " ဟုဆိုသည်။ 


စန်း၀မ်က အဖက်မလုပ်၍ ရှောင်၀မ် နှုတ်ခမ်းဆူလာတော့သည်။ တ၀မ်က ပြောမှသာ စန်း၀မ်သည် ရှောင်၀မ်ကို လက်ဆွဲခေါ်ကာ ​ပြဇာတ်ရုံထဲမှ ပြေးထွက်သွားတော့သည်။ 


" ကားအရုပ်သွား၀ယ်ကြမယ်လေ မေ့နေကြတာလား မမှောင်ခင် မြန်မြန်သွားရအောင် တစ်နေကုန်တော့မယ် မားမားတို့လည်း စိတ်ပူနေတော့မယ် "


 ရှောင်၀မ်သည် ကား၀ယ်မည်ကို ကြားသည့်အခါ ပျော်သွားတော့သည်။ မှောင်နေလျှင် မိဘများ သူတို့အား ရှာမတွေ့မည်ကို စိုးရိမ်၍ စန်း၀မ်ဆွဲခေါ်ရာသို့ ပြေးလိုက်သွားလေသည်။ 


တ၀မ် : " ....... "


ပြဇာတ်ရုံမှ ထွက်လာသည့်အခါ တ၀မ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မ်ိသည်။


 အခုမှပဲ အသက်ရှုချောင်တော့တယ်။


 သို့သော်လည်း သူ့မျက်နှာအမူအရာတွင် ပြောင်းလဲခြင်းမရှိပေ။ 


စန်း၀မ်သည် သီချင်းအော်ဆိုနေလေသည်။


 " တံခါးစောင့်ခွေးက ဓားကိုသယ် တစ္ဆေကြီးနဲ့ တစ္ဆေလေးတို့ မ၀င်နိုင်ရန်ကွယ် " ဟူ၍ အော်ဆိုနေ၍ ကြားသူများ အော်ရယ်ကြလေသည်။ 


" ဒီကလေးဆိုတဲ့ဟန်က အတော်လေး စိတ်၀င်စားစရာပဲ "


၀မ်ညီအစ်ကို သုံးဦး : ချီးမွမ်းတာလို့ပဲ မှတ်ယူလိုက်ပါ့မယ်။ 


တ၀မ် : " အဲ့လောက် ကြိုက်ရင်လည်း ဘာလို့ နောက်တစ်ခေါက်လောက် ထပ်သွားမကြည့်လဲ "


စန်း၀မ် ပြန်မဖြေပေ ။ 


" အစ်ကိုကြီး သေနတ်သွား၀ယ်မယ်လေ "


တ၀မ် ညီနှစ်ယောက်အား အရုပ်များနှင့် စာရေးကိရိယာများ ရောင်းသည့်နေရာသို့ ခေါ်သွားပေးလိုက်သည်။ အရုပ်များသည် စျေးကြီး၍ သာမန်လူများ မ၀ယ်နိုင်ကြသည်မို့ ဆိုင်တွင် လူရှုပ်နေခြင်းမရှိ။ 


တ၀မ်နှင့် စန်း၀မ်သည် အရုပ်သေနတ်၀ယ်ချင်ခဲ့တာ ဖြစ်သော်ငြား စျေးမေးကြည့်သည့်အခါ ရှစ်ယွမ်ကျမည်


စန်း၀န် : " လုသွားကြမလား " 


ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။


ယောက်ျားလေးများသည် ဘယ်လောက်ပဲ အသက်ကြီးလာပါစေ ၊ ကားနှင့် သေနတ်များကို စိတ်၀င်ကြစားသူများသာ ဖြစ်သည်။ 


နောက်တစ်ဆိုင်တွင် မေးသည့်အခါ ငါးယွမ် ခြောက်ယွမ်လောက် ရှိလေသည်။


စန်း၀မ် : " သားကို အဲ့ဒါ ၀ယ်ပေးပါလား "


ရှောင်၀မ်ကလည်း ဂီတသေတ္တာလေးကို ထိုးပြကာ ပူဆာသည်။ 


စန်း၀မ် : " စျေးကြီးလွန်းတယ် ငါတို့ မ၀ယ်နိုင်ဘူး "


ရှောင်၀မ် ထိုသို့ကြားသည့်အခါ ထပ်မပူဆာတော့ဘဲ့ ဘာဂျာလေးကို ထုတ်လိုက်ကာ အစ်ကိုကြီးဖြစ်သူအား မှုတ်ခိုင်းလေသည်။ 


ပြဇာတ်ကြည့်ရသဖြင့် ရှောင်၀မ် ကျေနပ်သွားပြီဖြစ်သည်။ 


တ၀မ် ပါလာသည့် ပိုက်ဆံများကို တွက်ကြည့်လိုက်သည်။ မိဘတွေကို နှစ်ခါ ကန်တော့ခဲ့ပြီး နှစ်ကူးလိုက်နှုတ်ဆက်သဖြင့် ရလာသည့်ပိုက်ဆံများသည် နှစ်ယွမ်ကျော်မျှသာ ရှိသည်။ စန်း၀မ် ဦးလေးဆီမှ ရလာသည့် ပိုက်ဆံကိုပါ ပေါင်းလျှင်တောင် မတတ်နိုင်လောက်သေး။


နောက်ဆုံး တ၀မ်သည် သေနတ်အစား လေးခွကိုသာ၀ယ်ကာ ညီဖြစ်သူကို ကား၀ယ်ပေးမည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ ကားအကြီးကြီးကိုတော့ မတတ်နိုင်၍ သံပတ်ကားလေးတစ်ခုကိုသာ ၀ယ်ပေးရမည်။ ရှောင်၀မ်ကိုတော့ အမွှေးပွရုပ်လေးတစ်ရုပ်၀ယ်ပေးကာ ညီနှစ်ယောက်အား အတူဆော့ခိုင်းရမည်ဟု တွေးထားသည်။ 


သံပတ်ကားလေးသည် အတော်သေးငယ်ကာ သံပတ်ပေးလိုက်လျှင် ရှေ့သို့ပြေးသွား၍ ကလေးများ သဘောကျကြလေသည်။ 


ဖားရုပ်လေးသည်ည်း ချစ်စရာဖြစ်ကာ ရှောင်၀မ်သည် ထိုသို့သော အရုပ်မျိုးအား တစ်ခါမှ မမြင်ဖူးခဲ့၍ ကျေနပ်သွားသည်။ 


တ၀မ်သည် ဖြစ်ကတက်ဆန်းလုပ်ထားခြင်းမရှိဘဲ သေသေချာချာလေး သစ်ချောကိုသုံးကာ လက်ရာမြောက်မြောက်လုပ်ထားပြီး ရာဘာကလည်း အကောင်းစားတပ်ထားသည့် လေးခွကို သဘောကျသွားလေသည်။ ဆွဲကြည့်သည့်အခါတွင်လည်း အတော်လေးဆွဲအားကောင်း၍ ခပ်ဝေးဝေးသို့ ရောက်လောက်သည်။ 


သို့ပါသော်လည်း ငွေငါးပြားလိုနေသေးသည်။


ဖားရုပ်လေးကို ယူရင် သာမန်လေးခွကိုသာ ၀ယ်နိုင်ပေမည်။ 


အစ်ကိုကြီးသည် စကားမပြောဘဲ မျက်မှောင်ကြုံ့ကာ ရပ်ပြီးစဥ်းစားနေသည်ကို ရှောင်း၀မ် မြင်သည့်အခါ ဘာဂျာနှင့် ဆော့နေသည်ကို ရပ်ပြီး စန်း၀မ်အား ဘာဖြစ်နေတာလဲဟု မေးသည်။ 


စန်း၀မ်က တိုးတိုးလေး ပြန်ဖြေသည်။ " ပိုက်ဆံမလောက်လို့ " ဟုဆိုကာ ရှောင်၀မ်ကိုလည်း တိုးတိုးနေရန် အချက်ပြလေသည်။ တခြားသူများ ကြားသွားပါက သူတို့အား လှောင်မည်စိုး၍ ဖြစ်ချေသည်။ 


ရှောင်၀မ် ဖားရုပ်လေးကို ထိုးပြကာ " ဒါဆို သား အဲ့တာကို မယူတော့ဘူး " ဟုဆိုသည်။ 


ရှောင်း၀မ်၏ အသံကိုကြားသည့်အခါ တ့၀မ် ချက်ချင်းပဲ သာမန်လေးခွကိုသာ ရွေးချယ်လိုက်သည်။ 


ဆိုင်၀န်ထမ်းသည် ညိအစ်ကိုသုံးယောက်အား စိတ်၀င်တစားကြည့်နေလေသည်။ အကြီးဆုံးလေးက ချောမောကာ အလတ်လေးသည် ခုန်ဆွခုန်ဆွလုပ်နေပြီး အငယ်ဆုံးလေးကား ဖြူဖြူဖွေးဖွေးဖြင့် ဘာဂျာကို မှုတ်နေကာ အလွန်ချစ်ဖို့ကောင်းလှသည်။ 


" ရတယ် သုံးယောက်လုံးကို ရောင်းပေးမယ် "


တ၀မ်က အံ့သြသွားသော်လည်း မယုံကြည်သေး၍ ၀န်ထမ်းအား သေချာလားဟူ၍ ပြန်မေးလေသည်။ 


၀န်ထမ်း : " သေချာတယ် "


ဆိုင်ရှင်က သူ့အား အရုပ်တွေကို ရောင်းခွင့်ပေးထား၍ သူစိတ်တိုင်းကျ ရောင်းချနိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အား အရမ်းမဆူနိုင်လောက်ပေ။ 


ညီအစ်ကိုသုံးဦးသား ပျော်သွားကြသည်။ 


သကြားသုတ်ထားသည့် ဟောသွန်းသီးထုတ်တိုးများကို ၀ယ်သွားလျှင် အိမ်တွင်ကြွား၍ မရနိုင်သော်လည်း အရုပ်များကိုတော့ ကြွားနိုင်လေသည်။ 


ရွာက ကလေးများတွေမှ၊  အရုပ် ရှိမှမရှိတာ။ 


စန်း၀မ်က ပျော်ရွှင်စွာ ခုန်ပေါက်နေသောကြောင့်

ရှောင်၀မ် ပြုံးရင်း " တတိယအစ်ကိုက ဖားကြီးနဲ့ တူတယ် " ဟုဆိုလေသည်။ 


စန်း၀မ် ရှောင်၀မ်အား နောက်မှလိုက်ဖမ်းနေ၍ ရယ်သံများဆူညံသွားတော့သည်။ 


အချိန်ကြသည့်အခါ ချိန်းထားသည့်နေရာသို့ ကလေးသုံးဦး ပြန်သွားကြသော်လည်း မိဘနှစ်ပါးကတော့ နေရာတွင်မရှိ။ နှစ်ဦးပြန်လာဖ်ို့ကို အချိန်အနည်းငယ် စောင့်လိုက်ရလေသည်။ 


စန်း၀မ်သည် အမြင်အာရုံစူးရှ၍ မိဘနှစ်ပါး လက်ချင်းတွဲလျက် ပြန်လာကြသည်ကို လှမ်းမြင်လိုက်သည်။


ကလေးများ အားလုံးထွက်သွားကြသည့်အခါ နှစ်ဦးတည်းကျန်ခဲ့သဖြင့် ဟန်ချင်စုန့်သည် ဇနီးဖြစ်သူကို ခေါ်ကာ လျှောက်ကြည့်နေကြတာ ဖြစ်သည်။ အပြန်တွင် သကြားသုတ်ထားသည့် ဟောသွန်းသီးတုတ်ထိုးများကို ၀ယ်လာလေသည်။ 


ဟန်ချင်စုန့်က ဘာမှ မပြောသော်လည်း လင်းလန်သိသည်။ ဟန်ချင်စုန့်က သူမနှင့် အတူလျှောက်လည်ပေးမည့် ကောင်လေးဖြစ်ပေးနေခြင်းပင်။


ကလေးများ အားလုံးစုံသည့်အခါ ဖေးယွင်တံဆိပ် ၁၅၅ယွမ်ကျသင့်သည့် အပ်ချုပ်စက်အား သွား၀ယ်ကာ အပ် ၊ အပ်ချည်နှင့် အခြားအတိုအထွာလေးများကိုပါ ၀ယ်လိုက်သည်။ 


အား၀မ်နှင့် မိုင်ဆွေ့လည်း လိုချင်သည့် စာအုပ်များကို ၀ယ်လာနိုင်၍ ပျော်နေကြသော်လည်း နောင်တလေးများပါရှိနေလေသည်။


ဤသည်က ပစ္စည်းများ၀ယ်ရာတွင် ရှိသည့် ပြဿနာတစ်မျိုးပင်။ ပိုက်ဆံအလုံအလောက်မရှိသည့်အခါ ပိုကောင်းသည်ကို လိုချင်နေလျှင် စိတ်ထဲတွင် ကြံရာမရဖြစ်တတ်သည် မဟုတ်ပါလား။ 


အပ်ချုပ်စက်၀ယ်ကာ ရွာသို့ ပြန်သည့်အခါတွင် ညနေစောင်းနေပြီဖြစ်၍ ရွာမှလူများသည် ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေကြသည်။


လင်းလန်တို့ အပ်ချုပ်စက် ၀ယ်လာသည်ကို ကြားသည့်အခါ လုပ်လက်စများကို ပစ်ထားခဲ့ကာ အပြေးအလွှားကြည့်ကြလေသည်။ 


ဟန်ချင်စုန့် စားကောင်းသောက်ဖွယ်များကို ယူလာကတည်းက ရွာသားများမှာ အားကျနေကြတာဖြစ်ကာ ယခုတော့ ပို၍ မနာလိုဖြစ်လာကြတော့သည်။ 


မီးသွေးဖိုတည်ပြီး ကင်စားကြတာတဲ့လေ ။ ဆန် ၊ ဆီ ၊ ဆားအပြည့်အစုံနဲ့ ခေါက်ဆွဲများလည်း ပါသေးသည်ကို ယခုတစ်ခါကျ အပ်ချုပ်စက်၀ယ်လာပြန်ပြီတဲ့လေ။ 


အံ့သြဖို့ကောင်းလိုက်တာ !


Xxxxxxx

Part 356


သူတို့ အထင်သေးခဲ့သည့်သူများသည် ယခုအခါ ကောင်းကောင်းနေ ကောင်းကောင်းစားနေရသည်ကို တွေ့သည်အခါ အားကျသူများက အားကျနေကြသလို မနာလိုသူများကလည်း မနာလိုဖြစ်နေကြသည် ။ 


" ညွှန်မှူးဖြစ်ရတာ ဘာမှမဟုတ်တာတော့ မဟုတ်ဘူးနဲ့တူတယ်။ ကြည့်ပါလား ဘယ်နှစ်လရှိသေးလို့ ဟိုပစ္စည်း၀ယ် ဒီပစ္စည်း၀ယ်လုပ်နေနိင်တာလဲ "


" ပြီးတော့ အဲ့မိန်းမကလည်း အရင်က အရမ်းဆိုးတာလေ မြစ်ထဲခုန်ချလိုက် ပိုးသတ်ဆေးသောက်လိုက်နဲ့ ပြဿနာမရှာရရင် မနေနိုင်တဲ့သူက အခုကြ ကြည့်ပါဦး ကလေးတွေ ကျောင်းပို့လိုက် အလုပ်လေးလုပ်လိုက်နဲ့ လုံး၀တစ်ခြားသူတစ်ယောက်လ််ိုပဲ "


" လူတိုင်းက သူ့ကံကြမ္မာနဲ့သူ လာတာလေ "


လူအုပ်ကြီးကြားထဲတွင် ဆယ်ကျော်သက်အရွယ်ကလေးမလေးတစ်ယောက်သည် ခြေဖျားထောက်ကာ စပ်စုနေလေသည်။ 


အပ်ချုပ်စက်ကိုကြည့်လိုက် ဟန်ချင်စုန့်နှင့် လင်းလန်ကိုကြည့်လိုက်ဖြင့်လုပ်နေကာ မယုံသင်္ကာဖြစ်နေသည့်ဟန်ရှိသည်။ 


အခြားကလေးမလေးတစ်ယောက်လည်း ရောက်လာကာ " ချိုက်ဟွား ဘာတွေကြည့်နေတာလဲ " ဟုမေးလေသည်။ 


" ယန်ယန် ကြည့်ဦး ညွှန်မှုးဟန်တို့ မိသားစုက အပ်ချုပ်စက်၀ယ်လာတာတဲ့ "


ယန်ယန်ဆိုသည့် ကလေးမလေးလည်း ခြေဖျားထောက်ကာ ဟန်ချင်စုန့်တို့အား ကြည့်လေသည်။ ဟန်ချင်စုန့်၏ မျက်နှာထားမှာ တည်နေ၍ အနည်းငယ် လန့်သွားလေသည်။ 


" သူတို့မိသားစုက ကောင်းလိုက်တာ "


" ခဏပါပဲ နင်တို့လည်း သူတို့ထက်သာလာတော့မှာပါ " ချိုက်ဟွားဆိုသည့် ကလေးမလေးက မဲ့ပြုံးပြုံးကာ ဆိုသည်။ 


ယန်ယန်သည် ရှက်သွားကာ ချိုက်ဟွားဆိုသူအား အခြားသူများ ကြားသွားမည်စိုး၍ တားလေသည်။ သူမက ဆင်းရဲတဲ့ မိသားစုက သမီးတစ်ယောက်သာဟာကို ဘယ်လိုလုပ် ညွှန်မှုးဟန်တို့ မိသားစုနဲ့ ယှဥ်လို့ရပါ့မလဲ။ 


ချိုက်ဟွား : " ငါ တကယ်ပြောတာ "


ယန်ယန်သည် သာမန်ဂါ၀န်ရှည်အား ၀တ်ဆင်ထားကာ လည်ပင်းတွင် လည်စီးနီလေးပတ်ထားပြီး ဆံပင်ကိုမြှောက်၍ စည်းထားသည့် မိုင်စွေ့ကို လိုက်ကြည့်နေမိသည်။ တောမှ မိန်းကလေးများသည် ကျစ်ဆံမြှီးသာ ကျစ်လေ့ရှိကြတာဖြစ်သည်။ 


မိုင်စွေ့သည် ရှက်နေခြင်းမရှိဘဲ လက်ထဲတွင် အား၀မ်နှင့် လင်းလန်တို့ ဖတ်ရန်စာအုပ်များကို ကိုင်ထားရင်း ပြုံးနေလေသည်။ အား၀မ်က ဘာပြော၍လည်း မသိရသော်ငြား မိုင်စွေ့၏ အပြုံးမှာ အလွန်လှပလေသည်။ 


မိုင်စွေ့က ချောလိုက်တာ...


မိုင်စွေ့သည် နဂိုကတည်းက ချောမောသူဖြစ်၍ ယခုကဲ့သို့ ပြင်ဆင်ထားပြီး အပြုအမူများကိုလည်း လင်းလန်မှ သေချာသင်ကြားပေးထား၍ မျက်၀န်းတောက်တောက်လေးများနှင့် အပြုံးချိုချိုလေးများ ပေးနေသည့် မိုင်စွေ့မှာ ချောသည်လှသည်ထက်ပိုနေသည်။ 


လူကြီးများသည် လင်းလန်နှင့် ဟန်ချင်စုန့်လက်ထဲရှိ အပ်ချုပ်စက်ကို ကြည့်နေကြကာ ကလေးမလေးများက မိုင်စွေ့အား အားကျသလို ကြည့်နေလေသည်။ အချို့ ကလေးမလေးများသည် အား၀မ်အား ချောမောကြောင်း ပြောနေကြကာ ယောက်ျားလေးများကတော့ တ့၀မ် ၊ စန်း၀မ်နှင့် ရှောင်၀မ်တို့ လက်ထဲရှိ အရုပ်လေးများကို ကြည့်နေကြလေသည်။ 


လေးခွ ...


သံပတ်ကား ...


ဖားရုပ်လေး ...


ပုံတွေထဲမှာပဲ မြင်ဖူးခဲ့ပြီး ပညာတက်လူငယ်တွေ ပြောတာကိုသာ ကြားဖူးခဲ့သည်များက သူတို့လက်ထဲတွင် ရောက်နေလေသည်။ 


ဘယ်လိုလုပ် မနာလိုမဖြစ်ဘဲ နေမှာလဲ ။ 


" တ၀မ် လာလေ သွားဆော့ကြမယ် " ယောက်ျားလေးများသည် အော်ခေါ်သည်။ 


တ၀မ် လင်းလန်အား ကြည့်လိုက်သည်။ 


လင်းလန် ပြုံးကာ ခွင့်ပြုပေးလိုက်၏ ။ " သွားဆော့လေ လေးခွနဲ့ဆော့ရင် သတိထားနော် လူတွေကို လျှောက်မထိစေနဲ့ ပစ္စည်းတွေ ပျက်စီးကုန်လို့ကတော့  မင်းအဖေရဲ့ ကြာပွတ်စာမိမယ်နော် "


တ၀မ် : " ....... "   


စန်း၀မ် : " ဟုတ်ကဲ့ မားမား " ဟုဆိုကာ အစ်ကိုကြီးဖြစ်သူအား ဆွဲခေါ်လေသည်။ 


တ၀မ်က လှည်းပေါ်မှ လက်ထောက်ကာ ခုန်ဆင်းလိုက်ပြီး စန်း၀မ်ကို လှည်းပေါ်မှ ချီ၍ ချပေးသည်။


စန်း၀မ်သည် ရှောင်၀မ်ကိုပါ ခေါ်သွားချင်သော်လည်း ရှောင်၀မ်က သီချင်းထဲတွင် နစ်မြောနေ၍ ထားခဲ့လိုက်တော့သည်။ 


ရှောင်၀မ်သည် အစ်ကိုများနှင့် ကစားရသည်ကို ကြိုက်သော်လည်း သူ့ကမ္ဘာထဲတွင် မျောသွားလျှင် တော်ရုံနှင့် ပြန်ခေါ်၍ မရတက်။ 


ရှောင်၀မ်က ဆံဖြူရှင်မိန်းကလေး ပြဇာတ်မှ သီချင်းများကို ဆိုနေတာဖြစ်ကာ သေချာမရဘဲ ၀ါးချနေလေသည်။ 


ချိုက်ဟွားသည် ယန်ယန်၏ လက်အားဆွဲကာ " မိုင်ဆွေ့ကို ကြည့်မနေနဲ့တော့... နင်က ပိုတော်တာ သူက ရုပ်လေးပဲရှိတာ " ဟုဆိုသည်။


လူအုပ်ကြီးသည် ဟန်ချင်စုန့်နှင့် လင်းလန်အားဆွဲဖယ်ကာ အပ်ချုပ်စက်အား ကိုင်ကြည့်နေချင်ကြလေသည်။ မသိပါက ကိုင်ခွင့်ရလျှင် ကံကောင်းသွားကြမည့် အတိုင်းပင်။ 


ဟန်ချင်စုန့်က အရမ်းသဘောကောင်းမနေ၍ အလုပ်ရှုပ်နေသည်ကို ဟိုလူလာစကားပြော ဒီလူလာစကားပြောလုပ်နေ၍ စိတ်မရှည်တော့ပေ ။


အပ်ချုပ်စက်အား အိမ်ထဲသို့ သယ်ကာ အနောက်ခန်းတွင် နေရာချလိုက်သည် ။ ပြီးမှ လက်သမားခေါ်ကာ အခန်းတစ်ခန်း သီးသန့်ဖွဲ့ခိုင်းရမည်။ 


အပ်ချုပ်စက်၀ယ်လာသည်ကို အပျော်ဆုံးဖြစ်နေသူမှာ မိုင်ေစွ့ပင် ။ နောက်ဆုံးတော့ ကိုယ်တိုင် အ၀တ်များချုပ်လ်ို့ ရပြီဟုဆိုသည်။ 


" မားမား နောက်ကျရင် သမီးလည်း ကူချုပ်ပေးမယ် "


လင်းလန် : " ကောင်းပြီလေ အား၀မ်က ကူပြီးချက်ပြုတ်ပေးမယ့်အပြင် မိုင်စွေ့လေးကပါ အ၀တ်တွေကို ကူပြီး ချုပ်ပေးဦးမယ်ဆိုတော့ မားမား ဘာမှ လုပ်စရာမလိုတော့ဘူးပေါ့ "


ထိုအချိန်တွင် ချိုက်ဟွားက ယန်ယန့်ကိုခေါ်ကာ အထဲသို့ ၀င်လာပြီး ရှက်နေသော်လည်း စပ်စုချင်သည့်ဟန်ဖြင့် " မိုင်စွေ့ ငါတို့လည်း အပ်ချုပ်စက်ကို ကြည့်ချင်လို့  " ဟူ၍ ပြောသည်။ 


လင်းလန်သည် ကလေးမလေးနှစ်ယောက်အား ဘယ်အိမ်ကဖြစ်သည်ကို မမှတ်မိ။ 


ရွာသည် ကျယ်လွန်းကာ သူမတို့မိသားစုသည် အရှေ့တောင်ဘက်တွင်နေ၍ အခြားနေရာမှ လူများနှင့် သိပ်မရင်းနှီး၍ ဖြစ်သည်။ 


နှစ်ကူးတုန်းက အတူကစားခဲ့သူများဖြစ်သည်ကို မိုင်စွေ့မှတ်မိ၍ " လာကြည့်ကြလေ " ဟုခေါ်လိုက်သည်။ 


ယန်ယန်က ရှက်နေသော်လည်း ချိုက်ဟွား ကတော့ ခပ်တည်တည်ပင်။ 


လင်းလန်သည် သိသလိုလိုရှိသော်ငြား သူမ၏ ကလေးများကလွဲ၍ အခြားကလေးများအား အာရုံမထားခဲ့မိ၍ သေသေချာချာ မသိချေ။ 


ကျန်နေသည့် မုန့်အနည်းငယ်ကို ထည့်ခိုင်းကာ အား၀မ်ကို ကလေးမလေးနှစ်ယောက်ထံ ပေးခိုင်းလိုက်သည်။ 


ညစာအတွက်ကို လင်းလန် ရိုးရိုးရှင်းရှင်းသာ ပြင်ဆင်မိသည်။ ဂေါ်ဖီနှင့် ကြာဆံကိုရောပြုတ်ကာ ၀က်သားအနည်းငယ်ထည့်၍ ချက်လိုက်သည်။ ပန်ကိတ်လည်းကြော်ကာ နှမ်းဖြူး၍ ကြက်ဥကြော်ပြီး အချဥ်အနည်းငယ်ကိုပါ လုပ်လိုက်သည်။ 


မနက်ဖြန်သည် မီးပုံးပွဲတော်ဖြစ်၍ ဘာပြင်ဆင်ရင် ကောင်းမလဲဟုလည်း တွေးနေလေသည်။ 


ဓလေ့အရတော့ ဖက်ထုပ်လုပ်စားကြခြင်းပင်။ မည်သည့်ပွဲတော်ပင် ဖြစ်နေပါစေ ဖက်ထုပ်များလုပ်စားတက်ကြလေသည်။ အဆင်ပြေသူများသည် ဖက်ထုပ်အပြင် အသီးအရွက်များကြော်ကာ အသားဟင်းများ ချက်ပြုတ်တက်ကြသည်။ 


လင်းလန်က ကလေးများအတွက် ဆန်မုန့်လုံးလုပ်ကျွေးရန် စိတ်ကူးထားသည်။ 


မြို့ပေါ်မှလူများသာ မီးပုံးပွဲတော်ကို သေချာကျင်းပတက်ကြတာဖြစ်ကြီး ရှန်ရွေ့ရွာမှ ရွာသူရွာသားများကတော့ မီးပုံးပွဲတော်အား သိတောင်မသိကြ၍ ကလေးများသည် ဆန်မုန့်လုံးအား စားဖူးကြမည်မဟုတ်။ 


လင်းလန် ကလေးများ စားဖူးရန် လုပ်ကျွေးချင်လေသည်။ 


လုပ်ရသည်မှာ လွယ်ကူ၏ ။ အစာသွပ်လုပ်ဖို့အတွက် နှမ်းနှင့်မြေပဲများလည်း အိမ်တွင်ရှိ၍ ကိုယ့်ဘာသာထောင်းလိုက်၍ ရသည်။ 


အသင့်သုံးဆန်မှုန့်မရှိသော်ငြား ယခင်က မသုံးဘဲကျန်နေသည့် ကောက်ညှင်းဆန်သုံးပြည်ရှိသေး၍ မနက်စောစောထကာ လင်းလန် ရေစိမ်ထားမည်ဟု တွေးထားလိုက်သည်။ 


ပြီးမှ ဟန်ချင်စုန့်အား ခေါ်ကာ ဆန်မှုန့်ကြိတ်ခိုင်းလိုက်မည်။ 


Xxxxxx