အပိုင်း ၃၅၉-၃၆၀
Viewers 23k

Part 359


ရှောင်၀မ်သည် ငယ်သေး၍ စကားလုံးများကို ကောင်းစွာနားမလည်၍ ပြန်မေးလေသည်။ " မားမား နှာဘူးဆိုတာက ဘာလဲ "


လင်းလန် : " ... ယုတ်မာပြီး မကောင်းတဲ့ဟာတွေ လုပ်တဲ့သူတို့ ...လမ်းမပေါ်မှာ လူမြင်ကွင်းကြီး အပေါ့စွန့်နေတဲ့သူတို့...အဲ့လိုလူတွေကို ခေါ်တာ "


စန်း၀မ် လက်ထဲမှ အရုပ်များကို ချလိုက်ကာ ခြေထောက်များကို လွှဲ၍ ဆော့နေလေသည် ။


 " အံ့သြစရာပဲ ဒါဆိုသားတို့ရွာထဲက ယောက်ျားတွေ တော်တော်များများက နှာဘူးတွေပေါ့နော် "


တွေ့ရာနေရာ အပေါ့စွန့်ကြသူတွေချည်းပဲလေ ။


လင်းလန် : " ...... " လျှောက်ပြောနေပြန်ပြီ။ 


အား၀မ် : " ကျွန်တော်သိတယ် ရွာထဲက တချို့ ဦးလေးကြီးတွေက ဟိုလိုက်ချောင်း ဒီလိုက်ချောင်းလုပ်ပြီး ခိုးနားထောင်နေကြတာလေ သူတို့ကို ပြောတာမလား "


တစ်ခုခုလုပ်ဖို့ကြလည်း သတ္တိမရှိလို့ ပြဿနာလေးတွေသာ ရှာနေတက်ကြသူများဖြစ်လေသည်။ 


ဥပမာအားဖြင့် အခြားလူများ၏ အချစ်ရေးကို စပ်စုကာ ခိုးနားထောင်ပြီး သူများအတွဲများ နမ်းဖက်နေကြသည်ကို လိုက်ကြည့်ရသည်ကို ၀ါသနာပါသူများဖြစ်လေသည်။ 


အား၀မ် ပြောလာသည့်အခါမှ စန်း၀မ်သည် နားလည်သွားကာ တည်ငြိမ်ချင်ယောင်သာ ဆောင်နေလေသည်။ စားပွဲအောက်တွင် ချထားသည့် ဖားရုပ်လေးကို တက်နင်းပြကာ ရှောင်၀မ်အား စလေသည်။ တက်နင်းလိုက်သည့်အခါ ဖားရုပ်လေးသည် ခုန်ထွက်သွားပြီး မိုင်စွေ့၏ ခြေထောက်ကို တိုက်မိသွားလေသည်။


ရှောင်၀မ် တခစ်ခစ်ရယ်တော့သည်။ 


လင်းလန် စန်း၀မ်အား ကြည့်ကာ ငါးမွှေထိုးလေးဟု တွေးနေမိသည်။ ဒီ့ထက်ကြီးလာပါက သူ့အစ်ကိုကြီးအတိုင်းပဲ ဖြစ်လာမလားတောင် မသိ။ 


ညနေခင်းတွင် ဟန်ချင်စုန့်သည် ဟန်ရုံဖန်နှင့် တိုင်ပင်ရန် ထွက်သွားလေသည်။ လင်းလန်သည် ကလေးများအား အိမ်တွင် ဆော့နေစေကာ သူမကိုယ်တိုင်က တုန်ဟွိုင်ဟွထံ ထွက်လာလိုက်သည်။ 


ညစာစားပွဲမှ စကား၀ိုင်းကြောင့်ရော ယန်ယန်နှင့် ချိုက်ဟွားကြောင့်ပါ လင်းလန်သည် ရွာမှ ကလေးမလေးများအား အသိပညာပေးထားရမည်ဟု တွေးမိသွားလေသည်။ 


ရွာထဲ၌ ကိုယ်ရည်သွေးသူများ ၊ လိင်မှုကိစ္စကို အထူးတလည် စိတ်၀င်စားသူများ ၊ အတွေးညစ်ညမ်းသူများ အစရှိသဖြင့် မျိုးစုံသော ယောက်ျားများရှိလေသည်။ တစ်ချို့သည် မိန်းကလေးများ ရေချိုးနေသည်ကို ချောင်းကြည့်ရခြင်းအား သဘောကျသူများလည်း ရှိပြီး တစ်ချို့သည် သူတို့၏ အင်္ဂါများကို မိန်းကလေးနှင့် ကလေးများကို ပြကာ ခြောက်လှန့်တက်ကြသည့် နှာဘူးများလည်း ရှိလေသည်။


လူမိလျှင်တော့ အဖမ်းခံရကာ အပြစ်ပေးခံရသော်လည်း အချို့ကလေးများသည် ကြောက်သဖြင့် လူကြီးများကို မပြောရဲသည်များလည်း ရှိသည်။


အထူးသဖြင့် ကလေးမလေးများသည် ရှက်တက်ကြ၍ ဘာမှပြန်ပြောရဲမည်မဟုတ်။ သို့ဖြစ်၍ ကိုယ့်ကိုယ်ကို ကာကွယ်တက်ပြီး နှာဘူးများကို ဖော်ထုတ်နိုင်ရန် သင်ကြားပေးထားသင့်သည်။ 


တိုင်ကြားလျှင် ဆုငွေလည်း ပေးဦးမည် ဖြစ်သည် ။


နှာဘူးတစ်ယောက်ကို ဖမ်းမိပါက ထိုလူအား ဥပမာပေးကာ အစည်းအဝေးခေါ်ပြီး အခြားယောက်ျားများကိုလည်း သတိပေးပြီး မိန်းကလေးများကိုလည်း သတိထားကြရန် အသိပေးရမည်ဟု တွေးထားသည်။ 


တုန်ဟွိုင်ဟွသည် ထိုအကြံအား သဘောကျသွားလေသည်။ သေချာစီစဥ်ကာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများအတွက် လုပ်သင့်သည်ဟု ဆိုသည်။ 


လင်းလန်သည် ယန်ယန်နှင့် ချိုက်ဟွားကဲ့သို့သော အိမ်များမှ သေချာ အာရုံစိုက်မပေးနိုင်သည့် ကလေးမလေးများကို အဓိကထားကာ သင်ကြားပေးရန် တောင်းဆိိုမိသည်။


တုန်ဟွိုင်ဟွ : " အစ်မ ကြည့်လုပ်လိုက်မယ် စိတ်မပူနဲ့ "


ရွာထဲတွင် အလုပ်လုပ်နေကြသူများသာရှိကြ၍ သူတိူ့သည် ပိုက်ဆံမရလျှင် အစည်းအဝေးဟူသည်မျိုးကို တက်​လေ့မရှိကြ။ 


အမျိုးသမီးများကိုတော့ ပို၍ပင် မလာခိုင်းလိုကြ။


သူတို့ထင်သည်က မိန်းကလေးများသည် အချိန်ကြလျှင် လက်ထပ်သွားကြမည်ဖြစ်၍ ပညာသင်ပေးရမည်ကို ပိုက်ဆံဖြုန်းသည်ဟုထင်ကြလေသည်။ယန်ယန်တို့ မိသားစုသည်လည်း အတူတူပင်ဖြစ်သည်။ 


မိန်းကလေးများအား နှစ်ဆယ့်လေးနာရီအလုပ်လုပ်ခိုင်းလိုသူများလည်း ရှိလေသည်။ ခဏလောက်အားနေလျှင်တောင် အလွတ်မပေးလိုကြ၍ ဆွေးနွေးပွဲများ တက်ခိုင်းမည့်အစား ကျောင်းပို့ဖို့တောင် မလွှတ်ပေ။ အစည်းအဝေးတွင် ပြောမည့် အကြောင်းအရာများသည် အရှက်ရစရာကိစ္စများဖြစ်သည်ဟုဆိုကာ ပို၍ပင် မလွှတ်ကြတော့ဘဲ နေပေလိမ့်မည် ။ 


နောက်နေ့တွင် တုန်ဟွိုင်ဟွသည် မီးပုံပွဲတော်ကို အခွင့်ကောင်းယူကာ တစ်လမ်း၀င်တစ်လမ်းထွက်ပြီး  မိန်းကလေးများ မြက်ရိတ်ကာ ကောက်ရိုးဖျာများ၊ ဦးထုပ်များယက်ကြရန် စုဝေးကြရမည်ဟု လိုက်အော်လေသည်။ 


မိန်းကလေးများ စုဝေးကာ မြက်ရိတ်ကြခြင်း ၊ ဖျာများ ဦးထုပ်များယက်ကြခြင်းသည် ယောက်ျားလေးများ ဆောင်းတွင်းတွင် ဖျာယက်ကြသည့် အပိုအလုပ်လိုပင် ဖြစ်သည်မို့ လုပ်အားခလည်း ရသည့်အလုပ်ဖြစ်လေသည်။


ယောက်ျားလေးတိုင်းကတော့ ထိုအလုပ်မျိုးအား သဘောမကျကြသော်လည်း ဟန်ရုံဖန်သည် အလုပ်ကြိုးစားသူများကို ရွေးကာ ခိုင်းတတ်လေသည်။


အလုပ်မလုပ်ဘဲ စကားများနေကြသူများကိုတော့ မုန်းလေသည်။


အချို့သူများကတော့ အရည်အချင်းရှိလျှင်တောင် ဟန်ရုံဖန် မျက်လုံးထဲ အချိုးမပြေလျှင် ရွေးချယ််ခြင်း မခံရနိုင်။


တုန်ဟွိုင်ဟမှ ဦးဆောင်ကာ ပြုလုပ်တာဖြစ်၍ အမျိုးသမီးများသည် တက်ကြွလာတော့သည်။ 


နွေဦးရောက်သည့်အခါ ထွန်ယက်ကြရလေသည်။ ယောက်ျားသားများသည် မစိုက်ပျိုးခင်တွင် ထွန်ယက်နေကြရကာ အမျိုးသမီးများသည် အားလပ်နေသေး၍ အလုပ်ပိုများ လုပ်ချိန်ရနေလေသည်။


တုန်ဟွိုင်ဟွက လိုချင်သည်မှာ ကိုးနှစ်မှ ဆယ့်ငါးနှစ်အရွယ် ကလေးမလေးများဖြစ်သဖြင့် လူကြီးများတော့ မပါပေ။


အားလုံးသည် မကျေနပ်ကြသော်လည်း ရွာလူကြီးမှ တုန်ဟွိုင်ဟွအား အာဏာ အကုန်လွှဲပေးထား၍ အထွန့်တက်၍လည်း မဖြစ်သဖြင့် ငြိမ်နေရတော့သည်။


မိန်းမပျိုလေးများရှိသည့် အိမ်များကတော့ ပိုက်ဆံရမှာပဲဆိုပြီး ပျော်ပျော်ကြီး လွှတ်လိုက်ကြသည်။


တုန်ဟွိုင်ဟွသည် လူစုပေးရန် တာ၀န်ရှိကာ လင်းလန်သည် ကိစ္စများကို စီစဥ်ပေးရလေသည်။ အရင်ဆုံးတော့ အလုပ်များလုပ်ခိုင်းကာ ရင်းနှီးလာသည့်အခါမှ ပြောချင်သည့် ကိစ္စများအား ပြောပြမည်ဟု တွေးထားသည်။


မဟုတ်ပါက ကလေးမလေးများ ရှက်သွားကာ နောက်ထပ်မလာကြတော့ဘဲ နေပေလိမ့်မည်။


လင်းလန်သည် တုန်ဟွိုင်ဟွနှင့်အတူ စုရပ်သို့သွားကာ ကလေးမလေးများကို လိုက်ကြည့်သည့်အခါ ယန်ယန်နှင့် ချိုက်ဟွားလည်း လာကြောင်းတွေ့လိုက်ရသည်။


ကလေးမလေးနှစ်ဦးသည် တစ်ပူးပူး တစ်တွဲတွဲရှိနေကာ တစ်ခြားသော ကလေးမလေးများသည်လည်း သူတို့အား ၀န်းရံနေကြပြီး ချိုက်ဟွားသည် ခေါင်းဆောင်ဖြစ်ပုံရသည်။


လင်းလန် သေချာလိုက်ကြည့်နေမိသည့်အခါတွင် ချိုက်ဟွားသည် မိတ်ဖွဲ့ရာ၌ တော်သည်ကို သတိထားလိုက်မိသည်။ ဥပမာအားဖြင့် ယန်ယန်ကို ဗဟိုပြုကာ နောက်တစ်ယောက်နှင့် ရင်းနှီးအောင်လုပ်ပြီး သုံးယောက်ရင်းနှီးသွားသည့်အခါ နောက်တစ်ဦးနှင့် ရင်းနှီးအောင် လုပ်လေသည်။


အချိန်အတော်ကြာ အလုပ်အတူတူလုပ်ပြီးသွားသည့်အခါတွင် ကလေးမလေးများသည် သူမအား အတော်လေးခင်မင်သွားကြလေသည်။ 


အလုပ်လုပ်ရာတွင်တော့ ချိုက်ဟွားသည် ယန်ယန်လောက်မတော်။ ယန်ယန်က သင်လွယ်သူဖြစ်ကာ အလုပ်ကိုလည်း အာရုံစိုက်၍ အရှိန်သည် မနှေး။


တကယ်ကိုပဲ ဇာတ်လိုက်မတစ်ယောက်ရှိသင့်တဲ့ အရည်အချင်းမျိုးပဲ။


Xxxxxx

Part 360


လင်းလန် ချိုက်ဟွားအား အကဲခတ်နေသကဲ့သို့ ချိုက်ဟွားသည်လည်း လင်းလန်အား တိတ်တခိုး အကဲခတ်နေလေသည်။


နှစ်ဦး အကြည့်ချင်းဆုံသွားသည့်အခါတွင် လင်းလန် ပြုံးပြလိုက်သည်။ ချိုက်ဟွားသည် လင်းလန်အား ကြည့်ကာ ဒီနေ့ တော်တော်လေးလှနေတာပဲဟု တွေးနေလေသည်။


လင်းလန်လည်း ချိုက်ဟွားကိုသာ ဂရုထား၍ ကြည့်နေပြီး ဘာမှ မသင်္ကာစရာ မတွေ့ရ၍ ဆက်ကာ စောင့်ကြည့်မနေတော့။


အနာဂတ်တွင် အသိပေး​ချင်စရာများအား ခရိုင်ရုံးတွင် ကြော်ငြာကပ်ကာ ရေဒီယိုမှ ကြေညာခိုင်းရမည်ဟု လင်းလန်တွေးနေမိသည်။ ထိထိရောက်ရောက်ဖြစ်သော်လည်း ထိုကိစ္စများကို မကြားဖူးကြသည့် တောမှလူများကတော့ ရိုင်းစိုင်းသည်ဟု ထင်ကြမှာပင်။


လင်းလန် တွေးနေစဥ်တွင် မိုင်စွေ့သည် ဘေးသို့ အပြေးရောက်လာလေသည်။


 " မားမား ယွမ်ရှောင်းလုပ်မယ်ဆိုတာကို မေ့နေတာလား "


" ဟုတ်သားပဲ မေ့တော့မလို့ " လင်းလန် တုန်ဟွိုင်ဟွကိုပြောကာ အိမ်သို့ ပြန်ရန် ပြင်လေသည်။ 


တုန်ဟွိုင်ဟွကလည်း ခွင့်ပြု၍ မိုင်စွေ့ကို ခေါ်ကာ အိမ်ပြန်တော့သည်။


ချိုက်ဟွားသည် နောက်မှလိုက်ကာ " မိုင်စွေ့ငါတို့နဲ့ မကစားဘူးလား " ဟုဆိုလေသည်။ 


မိုင်စွေ့က ပြုံးကာ ငြင်းသည်။ 


" အိမ်မှာ အစ်မက မီးပုံပွဲတော်ကျင်းပဖို့ စောင့်နေလို့ နောက်မှပဲ ကစားတော့မယ် "


လင်းလန်သည် သူမအား စာဖတ်တတ်သည့်အကျင့်ကို ပျိုးထောင်ပေးထား၍ မိုင်စွေ့သည် တခြားမိန်းကလေးများနှင့် ခုန်ပေါက်ကစားရသည်ကို သိပ်မခုံမင်တော့။


မိုင်ဆွေ့ ထွက်သွားသည်ကို ကြည့်ရင်း ကလေးမလေးတစ်ဦးသည် ချိုက်ဟွားအား " သူ့ကို ခေါ်မနေနဲ့ သူက စာတော်တော့ ငါတို့နဲ့ဆို မကစားချင်ဘူး " ဟုဆိုလေသည်။


ချိုက်ဟွား : " နင်သိလို့လား သူက နင်တို့နဲ့မကစားချင်ဘူးလို့ ပြောဖူးလို့လား "


-----


လင်းလန်နှင့် မိုင်စွေ့တို့ အိမ်ပြန်ရောက်သည့်အခါ ကုမိန်သည် အိမ်တွင် ရောက်နှင့်နေပြီဖြစ်သည်။ အခြားကလေးများကတော့ ဆန်မှုန့်များ ပြင်ဆင်နေကြလေသည်။မနေ့တုန်းတည်းက ဆန်မှုန့်များကို ကြိတ်ထားတာဖြစ်ပြီး ရေစစ်ထားခဲ့၍ ယခုဆို သုံးရန်အသင့်ဖြစ်နေပြီဖြစ်သည်။


လင်းလန် အိမ်လုပ်ဆန်မှုန့်များကို ယူလိုက်ပြိိး ဂျုံမှုန့်နှင့်ရောကာ နှမ်းနှင့်မြေပဲများကို အစာသွပ်၍ ဆန့်မုန့်လုံးလုပ်လိုက်သည်။


ဖြူစွတ်နေကာ လုံးလုံးလေးဖြစ်ပြီး လက်ရာမှာ မသေသပ်ကာ စားချင်စဖွယ်ဖြစ်သည်။


ချက်ပြုတ်ပြီးသွားသည့်နောက်တွင် မည်းမည်းလေးဖြစ်သွားကာ အတော်လေး သွားရည်ယိုစရာဖြစ်သည်။


စန်း၀မ်က ဘေးတွင် ခါးထောက်၍ ရပ်ကြည့်နေကာ ရယ်ရင်း ပြောလာသည်။


 "'ရေထဲမထည့်ခင်တုန်းက သူက လုံးလုံးဖြူဖြူလေး ရေထဲရောက်သွားတဲ့အခါကျတော့ မဲမဲ၀၀ကြီး ဖြစ်သွားတယ် မိုင်စွေ့ လုပ်တာက ရုပ်အဆိုးဆုံးပဲ မသိရင် ရေထဲခုန်ချပြီး သတ်သေသွားတာကြနေတာပဲ "


မိုင်စွေ့ စိတ်ဆိုးကာ စန်း၀မ်အား နောက်မှ လိုက်ရိုက်တော့သည်။ 


" ကောင်စုတ်လေး ရပ်နေလိုက်စမ်း ငါနင့်ကို သည်းခံနေတာကြာပြီ ဒီနေ့ နင့်ကို အတိုးရောအရင်းရော ပေါင်းပြီးကို ရိုက်ပစ်မယ် "


မိုင်စွေ့သည် ဆန်မုန့်လုံးကြောင့်သာ စိတ်ဆိုးနေတာမဟုတ်။ 


စန်း၀မ်ကတော့ မိုင်စွေ့စိတ်ဆိုးလေ ပျော်လေဖြစ်၍ သူမအား စရသည်ကို သဘောကျလေသည်။


မိုင်စွေ့အား စနောက်တက်ကာ မိုင်စွေ့က အော်လျှင် စန်း၀မ်သည် ပျော်သွားလေသည်။ တစ်ခါတစ်ရံ မိုင်စွေ့ အရမ်းစိတ်ဆိုးသွားလျှင် ချက်ချင်းပြန်ချော့၍ မိုင်စွေ့မှာ လက်လျှော့သွားရပြန်သည်။


လွန်ခဲ့သည့် ရက်ကလိုပေါ့။ သူမ စာအုပ်ထဲတွင် ပုံများလာဆွဲထားကာ ဆံပင်ထဲသို့ ပိုးကောင်များထည့်ပြီး စာအုပ်အဖုံးကြားတွင် အကောင်များ လာထည့်ထားသဖြင့် မိုင်စွေ့ စိတ်အလွန်ဆိုးကာ ရိုက်ရန် ပြင်လေသည်။ 


ထိုအခါ စန်း၀မ်က ချက်ချင်း အပြစ်၀န်ခံကာ တောင်းပန်ပြန်သဖြင့် သူမ စိတ်ပျော့သွားလေသည်။


 " ခရိုင်စျေးကိုသွားရင် စာအုပ်တစ်အုပ်ပြန်၀ယ်ပေးမယ် စိတ်မဆိုးနဲ့တော့နော် "


ဒီနေ့ မနက်ကျပြန်တော့လည်း သူမ စာအုပ်ကို ကတ်ကြေးများဖြင့် ညှပ်ထားပြန်လေသည်။ 


နားရွက်ဆွဲကာ ဆူပြန်လျှင်လည်း အမှားကိုသိပါပြီဟု ဆိုကာ တောင်းပန်ပြန်လေသည်။ 


ဒီကောင်စုတ်လေးကတော့....ငါ ဒီနေ့ နင့်ကိုမှ မရိုက်ရရင် နင့်အစ်မမလုပ်တော့ဘူး။


စန်း၀မ်သည် ပြေးရင်းဖြင့် အော်နေဆဲပင်။ " နင့်ဘာသာ ဟင်းချက်မကောင်းတာလေ ဘာလို့ စိတ်ဆိုးနေတာလဲ "


အား၀မ် : " ခွင့်လွှတ်ပေးလိုက်ပါ "


စန်း၀မ် :  " ငါ ထပ်ပြောဦးမှာ အား၀မ်က မီးလိုပဲ ဘေးကရပ်ကြည့်နေတတ်တယ် မိုင်စွေ့ကတော့ စိတ်ကြီးလွန်းတယ် အစ်ကိုကြီးက ထိုးထွင်းဉာဏ်ရှိတယ် မားမားက သဘောကောင်းတယ် ရှောင်၀မ်ကကြ ကြောက်ဖို့ကောင်းတယ် " 


လင်းလန်သည် အဘိဓာန်စာအုပ်၀ယ်လာကာ ကလေးများအား ဖတ်ဖတ်ပြနေ၍ စန်း၀မ်သည် သိသမျှ စကားလုံးများကို ထုတ်ပြောတော့သည်။


ကုမိန် : " တတိယဦးလေးကရော..."


ဟန်ချင်စုန့်က အိမ်ပြန်ရောက်မလာသေးပေ။ 


စန်း၀မ်သည် ကြက်ခြံထဲသို့ ၀င်နေတာဖြစ်၍ မိုင်စွေ့ ညစ်ပတ်သည့်နေရာအား လိုက်မ၀င်နိုင်ဟု ထင်၍ စိတ်အေးသွားတော့သည်။


" အဖေ ...အဖေက အိမ်ကို အပြေးပြန်လာနေမှာပေါ့ " 


တည်ကြည်ကာ ပြတ်သားစည့် ဟန်ချင်စုန့်အား တွေးရင်း စန်း၀မ်မှာ တင်ပါးများနာလာသလိုပင်။


လင်းလန်အပါအ၀င် အားလုံး ရယ်ကြတော့သည်။


ကုမိန် : " တတိယဒေါ်လေးတို့ မိသားစုက စိတ်၀င်စားဖို့ ကောင်းတာပဲ "


လင်းလန် : " ကလေးတွေများခြင်းရဲ့ အကျိုးကျေးဇူးပေါ့ "


ဟန်ချင်စုန့်သည် စက်ဘီးစီးကာ ပြန်ရောက်လာလေသည်။ စန်း၀မ်ကတော့ ကြက်ခြံထဲမှနေကာ မိုင်စွေ့အား လှမ်းစနေဆဲပင်။ 


မိုင်စွေ့သည် စိတ်ဆိုးတကြီး ခြေဆောင့်ကာ လက်ထဲတွင်လည်း တံမြက်စည်းကို ကိုင်ထားလေသည်။ " စန်း၀မ် ဒီတံမြက်စည်းက နင့်ကို ရိုက်ဖို့ပဲ အခုထွက်ခဲ့ " 


ငယ်ငယ်တုန်းကတော့ ချစ်ဖို့ကောင်းသလိုလိုနဲ့ အခုကျ မုန်းဖို့ကောင်းလိုက်တာ ။ တကယ် အသေကို သတ်ပစ်မှာနော်။


စန်း၀မ် : " မထွက်လာပါဘူး သတ္တိရှိရင် ၀င်လာခဲ့လေ "


ရှောင်၀မ် : " မားမားရဲ့ ကောင်လေး ပြန်လာပြီ " 


ဟန်ချင်စုန့် ချောင်းဟန့်လိုက်သည်။ စန်း၀မ် ကြားသည့်အခါ မျက်နှာချိုသွေးတော့သည်။


 " အဖေ အမိုးက ယိုပြီးစိမ့်နေလို့ သားပြင်ပေးမလို့  "  ဟုဆိုကာ " အစ်ကိုကြီး အား၀မ် ရပ်ကြည့်မနေကြနဲ့လေ အမိုးဖာဖို့ ယူလာပေးဦး ကျွန်တော် ဖာပေးမယ် " ဟုအော်သေးလေသည်။


တ၀မ်က လေးခွကို ဆွဲ၍ ချိန်နေကာ အဖက်မလုပ်။ 


အား၀မ်ကတော့ ထွက်လာခိုင်းနေကာ မိုင်စွေ့ကိုလည်း ချော့နေလေသည်။ မဟုတ်ပါက အဆုံးရှိတော့မည်ကို မဟုတ်။ 


စန်း၀မ် ကြမ်းပေါ်သို့ ခြေချလိုက်သည့်အခါ နှင်းများအရည်ပျော်ကာ ချောနေ၍ ခြေချော်ကာ ဘုတ်ခနဲ ဖင်ထိုင်လျက်လဲသွားလေသည်။ ဘေးရှိ ကြက်များသည် လန့်ကာ ထပျံကြ ခုန်တက်ကြလုပ်ကြတော့သည်။ 


ကြက်ခြံသည် အမြင့်ကြီးမဟုတ်ပေ။ 


စန်း၀မ် အပြင်ပြန်ထွက်လာသည့်အခါတွင် ကြက်ချေးများ ပေကျံနေတော့သည်။ လင်းလန်နှင့် မိုင်စွေ့ထံ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာလေသည်။ " မားမား ၊ အစ်မ ကူညီပါဦး " 


မိန်းကလေးနှစ်ဦးသည် လေအလျင်ဖြင့် ဟန်ချင်စုန့်၏ နောက်သို့ ၀င်ပုန်းတော့သည်။ 


ဟန်ချင်စုန့်သည် စန်း၀မ်အား မျက်မှောင်ကြုံ့ကာ ရွံသလို ကြည့်နေ၏။


စန်း၀မ်သည် အဖေဖြစ်သူကိုတော့ မချွဲရဲ။ ထိုသို့လုပ်မည့်အစား ကျားမြှီးသာ ပြေးဆွဲလိုက်မည်။ 


သူတို့ မိသားစုအား ကြည့်ကာ ကုမိန် အားကျနေမိသည်။


Xxxxxxx