Part 367
စန်း၀မ်သည် ရှောင်၀မ်အား လက်တွဲကာ လက်ထဲတွင်လည်း ပန်းစည်းတစ်စည်းကို ကိုင်ထားလေသည်။ သူတို့နောက်တွင် တ၀မ်သည် လွယ်အိတ်အားလွယ်လျက် ပါလာ၏။
အိမ်ထဲသို့ ၀င်လိုက်သည်နှင့် စန်း၀မ်က မိုင်စွေ့ဆီလက်ထဲမှ ပန်းစည်းကို ထိုးပေးလေသည်။
" အစ်မလေး ဒါက အစ်မလေးဖို့ ... အစ်မလေး ဒီပန်းလေးတွေလို လှပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးတာ "
စန်း၀မ်က ပြုံးစိစိဖြစ်နေလေ၏ ။
မိုင်စွေ့က ရှုပ်ပွပွ ပန်းစည်းကိုကြည့်ကာ သဘောမကျသော်ငြား အထဲမှ ဆောင်းစံပယ်နံ့လေး သင့်နေ၍ လှမ်းယူလိုက်ကာ " ဒီတစ်ခါပဲနော် "
သို့သော်လည်း သူမ ပန်းများကို နှာခေါင်းနားကပ်ကာ ရှိုက်လိုက်သည်နှင့် အထဲရှိ ပိုးကောင်လေးများကို တွေ့လိုက်ရလေသည်။
တောင်ယာအလုပ်များ လုပ်ဖူးသည့် မိန်းကလေးဖြစ်သဖြင့် သူမက ပိုးကောင်လေးများကို ကြောက်မတဲ့လား။ စန်း၀မ်စုတ် ငါနင့်ကို သေအောင်ရိုက်ပစ်မယ် ။
" အားးး ... ပိုးကောင်တွေ "
လင်းလန် : " ပိုးကောင်တွေက ဒီရာသီမှာ ဘယ်လိုလုပ်ရှိပါ့မလဲ အေးလွန်းလို့ အပြင်ထွက်မလာကြဘူးမလား "
မိုင်ဆွေ့ : " မားမား သူတို့တကယ်ရှိတာ ဒီမှာကြည့်လေ " ပြောပြီးသည်နှင့် မိုင်ဆွေ့သည် စန်း၀မ်အား ပန်းစည်းဖြင့် လိုက်ရိုက်တော့သည်။
လင်းလန် စန်း၀မ်အား ဆူရတော့သည်။ " စန်း၀မ် ပြဿနာရှာပြန်ပြီလား "
စန်း၀မ်က မထိန်းနိုင်တော့ဘဲ တစ်ဟားဟား အော်ရယ်လေသည်။
မိုင်ဆွေ့မှာ ပို၍ စိတ်ဆိုးလာတော့သည်။ " ထွက်သွားလိုက်တော့ ပြန်မလာခဲ့နဲ့ ပြန်လာရဲလာကြည့် သေအောင်ကို ရိုက်ပစ်မယ် "
လင်းလန် : " စန်း၀မ် အစ်မဆီက အရိုက်ခံလိုက် အဲ့တာဆို သူလည်း စိတ်မဆိုးတော့ဘဲ နေလိမ့်မယ် "
ထိုအခါ စန်း၀မ်က ပြေးနေသည်ကို ရပ်လိုက်ကာ တင်ပါးအား ကော့ပေးလေသည်။ " လာရိုက်လေ "
စန်း၀မ်၏ အရှက်မရှိ အပြုအမူကြောင့် မိုင်စွေ့သည် " မီးပုံးပွဲတော် ပြီးသွားတာတောင် သိပ်မကြာသေးဘူး နောက်တစ်ခေါက် ထပ်လုပ်နေပြန်ပြီ " ဟုသာဆိုလေသည်။
စန်း၀မ်က အစ်မဖြစ်သူအား ချက်ချင်းပြန်ချော့လေသည်။
" ငါက ပိုးကောင်တွေကို ကြက်တွေကိုကျွေးပြီး ွစ်မဖို့ ကြက်ဥဥခိုင်းမလို့ ယူလာတာပါ စိတ်မဆိုးပါနဲ့ "
သူက အိတ်ထဲမှ ပိုးကောင်များထည့်၍ ထုပ်ထားသည့် သစ်ရွက်ကို ထုတ်ကာ ဖွင့်ပြလေသည်။ မြင်ကွင်းမှာ အတော်လေး မသတီစရာပင် ။
မိုင်စွေ့ : " စန်း၀မ် ..."
စန်း၀မ်က ကြက်စာကျွေးရန် ပြေးထွက်သွားပြီဖြစ်သည်။
စန်း၀မ်သည် အခုတလော မိုင်စွေ့ကို စနောက်ရသည်ကို အလွန်သဘောကျနေလေသည်။ မိန်းကလေးများ ဒေါသထွက်သည်ကို ကြည့်ရသည်ကိုလည်း သဘောကျသည်။
အထူးသဖြင့် စာတော်သည့် မိန်းကလေးများ ။
စန်း၀မ် မိုင်စွေ့၏ ယွမ်တစ်ရာတန် စာရွက်ပေါ်တွင် ဘဲဥကြီးကြီးတစ်လုံးလောက် ထပ်ဆွဲရမည်ဟု ကြံနေမိသည်။ ဟားဟားဟား ...
စန်း၀မ်၏ ကောက်ကျစ်သည့် အပြုံးကိုမြင်သည့်အခါ မိုင်စွေ့ သူ့အား ထပ်ရိုက်လိုက်သည်။
" မဟုတ်တာတွေ တွေးမနေနဲ့ "
လင်းလန် မိုင်စွေ့နှင့် အား၀မ်ကို ချက်ပြုတ်ရာတွင် ကူညီခိုင်းလိုက်၏။
နွေဦးအစောပိုင်းတွင် ဟင်းသီးဟင်းရွက်များသည် စိုက်၍မပြီးသေးသလို သိုလှေင်ထားသည်များမှာလည်း စားလို့ ကုန်ခါနီးနေပြီဖြစ်သည်။
ကံကောင်းချင်တော့ လင်းလန် ဟင်းနုနွယ်ပင်နှင့် ဂျူးပင်များကို စိုက်ထားခဲ့ပြီး မြက်များနှင့်လည်း အုပ်ထား၍ ယခုဆို စားရန်အသင့်ဖြစ်နေလေပြီ။
ဟင်းနုနွယ်နှင့် ကြာဇံကိုရောကြော်ကာ ကြက်ဥနှင့် ဂျူးမြစ်ကို မွှေကြော်ပြီး မှိုနှင့် ဂေါ်ဖီထုပ်ကိုကြော်လိုက်သည်။ ဤမျှလောက်ဆိုလျှင် အတော်လေး ပြီးပြည့်စုံသည့် ညစာဖြစ်နေပေပြီ။
စန်း၀မ်ကို မိုင်စွေ့အစား မီးမွှေးခိုင်းလိုက်သည်။
တ၀မ်ကဲ့သို့ပင် စန်း၀မ်သည် အိမ်မှုကိစ္စများလုပ်ရသည်ကို သဘောမကျ၍ မီးမွှေးခိုင်းခြင်းသည် သူ့အတွက် အပြစ်ပေးခံခြင်းဟု ဆိုနိုင်လေသည် ။
မီးမွှေးခိုင်းထားသည်ကိုပင် အငြိမ်မနေသည့် စန်း၀မ်မှာ မီးဖိုပေါ်၌ မုတ်ဆိတ်များနှင့် သွားကျိုးနေသည့် အဘိုးကြိီးပုံအား ဆွဲပြန်လေ၍ လင်းလန် ထိုကလေးအား အ၀တ်များသွားလျှော်ဟု အပြစ်ထပ်ပေးလိုက်ရပြန်သည်။
အား၀မ် : " မားမား... သူ့ကို ဆပ်ပြာကိုင်ခိုင်းလို့ မဖြစ်ဘူးလေ "
အိမ်၌ ဆပ်ပြာဟူသည်ကား အဖိုးတန်ပစ္စည်းဖြစ်၍ စန်း၀မ်ကိုသာ သုံးခိုင်းလိုက်ပါက အ၀တ်ပင် လျှော်၍မပြီးခင်မှာတင် ဆပ်ပြာ ကုန်သွားလောက်ပေသည်။
လင်းလန်လည်း ထိုအခါမှ စန်း၀မ်အား ပြန်ခေါ်ကာ " ဂေါ်ပြားယူပြီး ကြက်ခြံထဲက ကြက်ချေးတွေ ဘဲချေးတွေကို သွားကျုံးလိုက် အဲ့တာတွေကို စုထားပြီး အပင်တွေထဲ ပြန်လောင်းလိုက် "
စန်း၀မ်က နာခံဟန်ဖြင့် ထွက်သွားသော်လည်း ကြက်ခြံသို့ ရောက်သည့်အခါ ခုန်ပေါက်၍ ခြောက်လှန့်နေသဖြင့် ကြက်များ ၊ ဘဲများမှ လန့်သွားကာ ထပျံကြလေသည်။
ရှောင်၀မ်က ထိုနား၌ ဟော်ယွမ်သင်ပေးသည့် သံစဥ်အား ဘာဂျာမှုတ်ကာ လေ့ကျင့်နေလေသည်။ ရှောင်၀မ်သည် ထိုသို့ နားထောင်ကာ ပြန်၍ တီးမှုတ်ရသည်ကို အလွန်သဘောကျလေသည်။
ရှောင်၀မ်မှာ နားပါးသဖြင့် စက်ဘီးရပ်သံကို ကြားသည့်အခါ ပြေးလာရင်း " မားမား မားမားရဲ့ ကောင်လေးပြန်လာပြီ " ဟုအော်လေသည် ။
လင်းလန် : " ........သားရေ အဲ့တာ သားအဖေလေ နောက်ဆို အဖေပြန်လာပြီလို့ပဲ ပြောနော် ဟုတ်ပြီလား စန်း၀မ်လုပ်သလို အကုန်လိုက်မလုပ်ရဘူးနော် "
ရှောင်၀မ်က ခေါင်းညိတ်ပြကာ ပြန်ပြင်ပြောလာသည်။
" ဟုတ် မားမား သားမှတ်ထားလိုက်ပြီ... အဖေပြန်လာပြီ "
ဟန်ချင်စုန့် လယ်ကွင်းထဲသို့ လိုက်သွားရ၍ ပေရေနေသဖြင့် ဖိနပ်နှင့် ကုတ်အင်္ကျီကိုချွတ်ပြီးမှ အထဲ၀င်လာလေသည်။
လင်းလန် မျက်နှာသစ်ရန် ရေခပ်ပေးလိုက်ပြိိး ဟန်ချင်စုန့်၏ သဘက်ကို ကမ်းပေးလိုက်၏။
ဟန်ချင်စုန့်သည် သုတ်ပြီးသည့်အခါ ရေဆေးလိုက်ပြီးနောက် ကြိုးတွင် ပြန်လှန်းကာ အခြောက်ခံလိုက်သည်။
ညစာစားပြီးနောက်တွင် ကလေးများသည် အိမ်စာလုပ်ကာ စာအုပ်ဖတ်နေကြရလေသည်။ စန်း၀မ်ကိုလည်း လင်းလန်သည် အိမ်ပြင်ထွက်ခွင့်မပေးထား ။
စန်း၀မ်က အပြင်မထွက်ရသဖြင့် ရှောင်၀မ်နှင့်သာ ဆော့နေလေသည်။ ရှောင်း၀မ်က ကြက်များနှင့် ဘဲများအား ဘာဂျာမှုတ်ပြနေလေသည်။ စန်း၀မ်ခြောက်လိုက်လို့ ကြောက်နေသည်များပြေသွားစေရန်ဟု ဆို၏။
လင်းလန် ဟန်ချင်စုန့်အား အရှေ့ခန်းသို့ ခေါ်ကာ စန်း၀မ်၏ အကြောင်းအား ပြောပြလိုက်သည်။
ဒ်ိီကလေးက အခုတလော ပိုပိုပြီးဆိုးလာတယ်။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးတွေမို့ ဆိုးတော့ဆိုးကြမှာဆိုပေမယ့် စန်း၀မ်ကတော့ အနည်းငယ် ရင်လေးစရာပင် ။
လင်းလန်၏ အမြင်တွင် စန်း၀မ်၏ မထော်မနန်းအပြုအမူများသည် ခုနစ်နှစ်ရှစ်နှစ်အရွယ် ကလေးများ လုပ်သင့်သည့်အပြုအမူများ မဟုတ်ပေ။ တ့၀မ်မှ ထိန်းပေးနေလျှင်တော့ စန်း၀မ်သည် အထွန့်မတက်ဘဲ နာခံလေသည်။
သို့သော်လည်း တဝမ် ၊ မိုင်စွေ့ ၊ အား၀မ် ၊ ရှောင်၀မ်နှင့် တို့ အားလုံးပေါင်းလျှင်တောင် စန်း၀မ်အား ထိန်းရသည်လောက် ခက်ခဲမည်မဟုတ်။
ပြောရရင် တ၀မ်သည် အသက်နည်းနည်းပိုကြိိးသဖြင့် လူကြီးများကဲ့သို့သာ ပြုမူကာ ညီဖြစ်သူလို ကလေးဆန်စွာ ဆိုးနေခြင်းမရှိ။
စန်း၀မ်သည်ကား အမှန်ကို အဆော့မက်သူဖြစ်ကာ အခြားသူများထက်လည်း ဉာဏ်ကောင်း၍ သူ့တွင် လှည့်ကွက်များစွာ ရှိလေသည်။
မနှစ်တုန်းက သိပ်မသိသာသော်ငြား နှစ်သစ်ကူးပြီးနောက်တွင်တော့ အတော်လေးသိသာလာသလိုပင်။
ဥပမာအားဖြင့် မိုင်စွေ့အား စနောက်ခြင်း ၊ ညီလေးအား ကာကွယ်ပေးမည်ဟုဆိုကာ နောက်ပြောင်နေခြင်းများပင် ။
စာအုပ်များ၌ ပုံများလျှောက်ဆွဲခြင်း ၊ ပိုးကောင်းများဖြင့် ခြောက်လှန့်ခြင်း ၊ ဂုံးကောင်များဖြင့် ပစ်ပေါက်ခြင်းများလည်း ရှိသေးပေသည်။
Xxxxxx
Part 368
မနေ့တုန်းကလည်း ရှောင်၀မ်အား လှည့်စားကာ မျက်နှာသစ်နေစဥ် ရေထဲတွင် နှာခေါင်းနှစ်ထားပြိး အချိန်အတော်ကြာသည်အထိ အသက်ရှူအောင့်ထားကာ ယက်ကန်ယက်ကန်ဖြင့် ရေနစ်နေသည့်အလား လုပ်ပြသဖြင့် ရှောင်၀မ်သည် ကြောက်လန့်သွားကာ အော်ငိုလေသည်။
လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကလည်း စွန်အသစ်လုပ်ထား၍ စွန်သွားလွှတ်ကြမည်ဟုဆိုကာ ရှောင်၀မ်အားခေါ်သွားပြီး ကလေးကို မြေကြီးထဲတွင် မြှုပ်ထားလေသည်။ ပြီးနောက် ပန်းပန်ပေးကာ တစ်ကိုယ်လုံးလည်း ရွှံ့များပေနေစေပြီး သတို့သမီးလုပ်တိုင်း ဆော့နေတာဟု ဆိုလေသည်။ သို့ဖြစ်၍ လင်းလန် တံမြက်စည်းဖြင့် ရိုက်မိသေးသည်။ နှစ်ရက်ခန့်ငြိမ်သွားသော်လည်း နှစ်ရက်ပြီးသည့်အခါ ယခင်လို ပြန်ဖြစ်သွားဆဲပင်။
အဓိကအချက်မှာ စန်း၀မ်သည် တ၀မ်ကဲ့သို့ အမှတ်သားဉာဏ်မရှိသေးခြင်းပင် ။ အရိုက်ခံရနေစဥ်တွင် အောဟစ်ငိုယ်ိုနေမည်ဖြစ်သော်လည်း အသားမနာတော့လျှင် မေ့သွားမည်သာ။
သို့ဖြစ်၍ အပြစ်ပေးဆုံးမခြင်းသည် စန်း၀မ်အတွက် အလုပ်မဖြစ်ပေ။
လင်းလန်အား စိုးရိမ်နေစေသည်မှာ တ၀မ်ရော စန်း၀မ်သည် အတူတူနှင့် အနူနူဖြစ်နေကြ၍ပင်။
တ၀မ်သည် သတ္တ်ိရှိကာ ကြံကြံဖန်ဖန် လုပ်တတွသော်ငြား စန်း၀မ်သည် စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး သည်းညည်းခံတတ်ခြင်းလည်းမရှိ ။ " ငါကတော့ ဘာလုပ်နိုင်တယ် မင်းကတော့ မလုပ်နိုင်ဘူး " " ဘယ်သူမှ မလုပ်ရဲလည်း ငါလုပ်ရဲတယ် " ဟုဆိုကာ ကြွား၀ါပြတက်သူလည်း ဖြစ်ပေသည်။
ယခင်ဘ၀တွင်လည်း ထို့အတွက်ကြောင့် သေသွားရတာပင်။
ယခုဘ၀တွင်လည်း ထိုသို့ဖြစ်လာမည်ကို လင်းလန် စိုးရိမ်မိသည်။ သို့ဖြစ်၍ နေ့တိုင်း သင်ကြားပေးနေသော်လည်း စန်း၀မ်သည် ဒီဘက်နားက၀င် ဟိုဘက်နားကထွက်လုပ်ကာ သူမ ပြောသည်များအား အရေးမထား။
တုန်ဟွိုင်ဟွက ကလေးက ငယ်သေးလို့ပါဟု ပြောသော်ငြား လင်းလန် စိုးရိမ်နေဆဲပင် ။
ကြီးလာလို့ လိမ္မာလာရင်တော့ ကောင်းတာပေါ့ ။ ဒါပေမယ့် ကြီးလာဖို့ကိုပဲ ထိုင်စောင့်နေ၍လည်း မဖြစ်ပါ ။ ငယ်ငယ်က အကျင့်များ ကြီးသည်အထိ ပါသွားပါက ပို၍ ပြင်ရခက်ပေလိမ့်မည် ။
ဘာပဲဖြစ်ဖြစ် အခုမှ ခုနစ်နှစ်ပဲရှိသေးတာလေ ။
သားဖြစ်သူ ဒုက္ခကြုံမှ နောင်တရနေရမည်ကို လင်းလန် မလိုလားပေ။
လင်းလန်၏ စကားများကို ကြားသည့်အခါ ဟန်ချင်စုန့်သည် ခေါင်းညိတ်ပြကာ " ဟုတ်ပြီ ကိုယ်ကြည့်လုပ်လိုက်မယ် " ဟုဆိုသည်။
လင်းလန် : " ဘာက မှန်တယ် ဘာကမှားတယ်ဆိုတာကို သိအောင်လုပ်ပြီး ဘာတွေကို လုံး၀မလုပ်ရဘူးလဲဆိုတာကိုပါ သိအောင်လုပ်ပေးကြည့်လိုက်ပါ ကျောင်းလည်း တက်ရဦးမယ်လေ "
လင်းလန် စိုးရိမ်နေရသည်မှာ စိတ်ကြီးတတ်သည်ကိုတော့ ပြင်ကိုပြင်မှရပေမည်။ အဆော့သန်ကာ မိန်းကလေးများအား စနောက်နေတတ်သည်ကိုလည်း ပြောင်းပစ်မှရပေမည်။ သစ်ပင်တက်တာတို့ နံရံကျော်တာတို့လိုမျိုး လုပ်နေတာကမှ ပိုကောင်းပေဦးမည်။
နောက်ရက်များတွင် ဟန်ချင်စုန့်သည် ၀ိစီမှုတ်ကာ စန်း၀မ်အား လေ့ကျင့်ခန်းလုပ်စေ၍ စန်း၀မ်သည် မထချင်လည်း အစောကြီးထနေရလေသည်။
တစ်ချိန်တည်းမှာပဲ ဟန်ချင်စုန့်က စန်း၀မ်အတွက် စည်းကမ်းများ ထပ်ထုတ်ပေးသည်။ မိုင်စွေ့အား ချရေးစေကာ တံခါး၌ ကပ်ထားလေသည်။ နေ့တိုင်း နေ့တိုင်း လိုက်နာစေကာ သေချာကြီးကြပ်ပေး၏။
ဦးနှောက်ကိုသုံးတာက အကောင်းဆုံးပင် ။ အမြဲတစေ စနောက်နေခြင်းနှင့် ယှဥ်ကာ မည်သည်က ပို၍ အဖိုးတန်သည်ကို သိသွားစေမည်ဖြစ်သည်။
အစ်မဖြစ်သူ၏ ပစ္စည်းများအား ဖျက်ဆီးခွင့်မပြုသလို မိန်းကလေးများအား စနောက်ခြင်းကိုလည်း ခွင့်မပြု။ညီလေးကိုခေါ်ကာ မကောင်းသည့် အပြုအမူများကို လုပ်ခွင့် မပြု ။ သစ်ပင်တက်ခြင်း ၊ မြေမြှုပ်ခြင်း ၊ ကျင်းထဲသို့ ခုန်ချခြင်း ၊ မီးနှင့် ဆော့ခြင်း ၊ ဓားနှင့် ကစားခြင်း အစရှိသည်များကိုလည်း အန္တရာယ်များ၍ တားမြစ်ထားလေသည်။
မားမားက ရိုင်းစိုင်းသည့် အသုံးအနှုန်းများကို သုံးသည်ကို သဘောမကျသဖြင့် ပြောခွင့်မပြု ၊ မားမားက မလုပ်ရဘူးဆိုသည်များကိုလည်း လုပ်ခွင့်မပြု ဟုဆို၏။
စာသင်ခန်းထဲတွင်လည်း ဆရာသင်သမျှကို သေချာလိုက်နားထောင်စေကာ တ၀မ်အား ကြီးကြပ်စေလေသည်။
စည်းကမ်းတစ်ခု ချိုးဖောက်ပါက တစ်ခါရေးမှတ်ထားကာ ကြာပွတ်ဖြင့်တစ်ချက် အရုက်ခံရမည်ဖြစ်သည်။
မှားမှားမှန်မှန် အစ်မ ရေးမှတ်ထားသည်ကိုသာ အတည်ယူမည်ဟု ဆိုလေသည်။
သို့ဖြစ်၍ စန်း၀မ်မှာ လိမ္မာနေရလေသည်။
ယခင်က မိုင်စွေ့ရှေ့ဆိုပါက ကရားရေလွှတ်ပြောတက်သော်ငြား ယခုဆို သော့ပိတ်ထားသကဲ့သို့ ဘာမှမပြောနိုင်တော့ပေ ။
တစ်ချိန်တည်းမှာပင် ဟန်ချင်စုန့်သည် စန်း၀မ်အား ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလေသည်။ အပြေးလေ့ကျင့်ရုံသာမကဘဲ မနက်ခင်းတွင် အကြိမ်တစ်ထောင် ကြိုးခုန်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းလေသည်။
တစ်နေကုန် တက်ကြွနေကာ ပြဿနာရှာနေမည့်အစား ကြိုတင်၍ ခြေကုန်လက်ပန်းကျကာ ကျောင်း၌ ပြဿနာမရှာနိုင်တော့ရန် ဖြစ်လေသည်။
ဟန်ချင်စုန့်သည် ရယ်ကာ ပြောလေသည်။ " သူ့ကို နိုးနေပြီး ပြဿနာရှာနေမယ့်အစား အိပ်ပဲအိပ်ခိုင်းထားလိုက်မယ် "
လင်းလန် သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာ သူ့အဖေကိုတော့ ကြောက်သည်ထင်ပါ့ ။ ဟန်ချင်စုန့်၏ စကားများကို သူမ၏ တံမြက်စည်းထက်တော့ နားထောင်သေးလေသည်။
သို့သော်လည်း ချင်းမင်ပွဲတော်တွင် စန်း၀မ်က ပြဿနာထပ်ရှာပြန်မည်ဟုတော့ မထင်ထားခဲ့။
စည်းကမ်းများ စထုတ်စဥ်အခါက စန်း၀မ်သည် ကျင့်သားမရသေး၍ တစ်ခုခုမှားတိုင်း တံခါးဆီသို့သွား၍ ပြန်ကြည့်လေသည် ။
သို့သော်လည်း ခွာပစ်ရန်တော့ မလုပ်ရဲ။
မိုင်စွေ့သည် သူမ၏ စာအုပ်များအား သူ့အိပ်ရာပေါ်တွင် တမင်တင်ထားကာ သူခြစ်ရဲသေးလား ဆိုသည်ကို စမ်းကြည့်သေးလေသည်။
စန်း၀မ်သည် ကြာပွတ်စာမမိချင်သဖြင့် ရှေ့၌ ရှိနေသော်လည်း လျှောက်မဆွဲရဲပါ။
ခဲတံအား ယူကာ စက်၀ိုင်းကြီးကြီး ၀ိုင်းပစ်ချင်သော်လည်း ရှောင်၀မ်သည် " စန်း၀မ် မလုပ်နဲ့ " ဟုဆိုကာ တားလေသည်။
စန်း၀မ် မရပ်သေးဘဲ ဆက်တိုးဖို့ရာ ကြံလိုက်သည်။
ရှောင်၀မ် : " အဖေ..."
စန်း၀မ် : " ........ " နာပါတယ်လေ ၊ မလုပ်တော့ပါဘူး ။
စာအုပ်အား ကြည့်ကာ လက်ထဲမှ ခဲတံအား ပစ်ချလိုက်တော့သည်။
ရှောင်၀မ်သည် စာအုပ်အား ချက်ချင်းကောက်ယူလိုက်ကာ သူ့အိပ်ရာပေါ်သို့ တင်လိုက်ပြီး " စန်း၀မ်က လိမ္မာပါတယ် " ဟုဆိုသည်။
စန်း၀မ် : " ...... " ငါ့ကို ဘဲလို့ ထင်နေတာလား ၊ ဒါမှ မဟုတ် ခွေးပေါက်လေးလို့များ ထင်နေတာလား။
Xxxxxxx