Part 369
ကျောင်းတွင်လည်း တ၀မ်မှ စောင့်ကြည့်နေ၍ စန်း၀မ် ဘာမဟုတ်တာကိုမှ မလုပ်ရဲ။ စာသင်ခန်းထဲတွင်ပဲ ထိုင်မနေနိုင်သူ စန်း၀မ်အား သနားသဖြင့် ဟန်ချင်းဖျင်သည် အခန်းပြင်သို့ထွက်ကာ ကျောင်းတွင်းလှုပ်ရှားမှုများကို လုပ်စေလေသည်။
အိမ်ပြန်ရောက်ပြန်လျှင်လည်း အိမ်စာလုပ်လိုက် စားလိုက် အိပ်လိုက်သာ လုပ်နေရ၏ ။ ဘယ်လောက်တောင် စိတ်ကျဥ်ကြပ်ပြီး ပျင်းဖို့ကောင်းလိုက်တဲ့ ဘ၀ကြီးလဲလို့ ။
ကြာပွတ်ကြောင့်သာ မဟုတ်ရင် သူလုံး၀ ဒီလိုနေမှာမဟုတ်ဘူး။
" မားမား သား ထူးဆန်းတဲ့အပင်တွေအများကြီးတွေ့ထားတယ် နှုတ်ပြိိး ဘဲစာသွားကျွေးလိုက်ဦးမယ် "
စန်း၀မ် ပျင်းနေသည်မှ ရုန်းထွက်နိုင်ရန် နည်းလမ်းစဥ်းစားမိသည်။ အိမ်မှာပဲနေနေရတာက ဇက်ကြိုးတပ်ခံထားရတဲ့ မြင်းလိုပဲ ။
လင်းလန် မတတ်နိုင်ဘဲ ခွင့်ပြုလိုက်ရသည်။
" အန္တရာယ်များတာတွေ မလုပ်နဲ့နော် "
ဒီကလေးက သူ့အဖေ လုပ်ခိုင်းထားတာတွေကြ မလုပ်ချင်ပဲ သစ်အဆန်းတွေထွင်ပြီးပဲ လျှောက်လုပ်ချင်နေတော့တာပဲ။
ရှောင်၀မ် ဘာဂျာကိုယူကာ ဂေါ်ပြားအား ပုခုံးပေါ်တင်၍ " မားမား သားနဲ့ စန်း၀မ်နဲ့ မြက်တွေသွားနှုတ်လိုက်၍ဦးမယ် "
လင်းလန် ရှောင်၀မ်၏ ပုံစံလေးကိုကြည့်ကာ အသည်းယား၍ ဖက်နမ်းလိုက်မိသည်။
" ရှောင်၀မ် လိမ်လိမ်မာမာနေနော် စန်း၀မ်ကို မဟုတ်တာတွေ မလုပ်စေနဲ့ မဟုတ်ရင် အစ်ကိုကြီးလို အရိုက်ခံရလိမ့်မယ်လို့ ပြောနော် ကြားလား "
ရှောင်၀မ်၏ မျက်နှာလေးသည် လေးနက်သွားကာ " မားမား သားမှတ်ထားပါတယ် "
ရှောင်၀မ်စောင့်ကြည့်နေ၍ စန်း၀မ်လည်း ပေါက်ကရမလုပ်နိုင်လောက်ပါဘူးလေ ။
လင်းလန် ပျော်သွားမိသည်။ ကြည့်ရတာ သူမ ကောင်းကောင်းအနားယူလို့ရပြီ ထင်တယ်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ချင်းမင်ပွဲတော်အချိန်ရောက်လာလေသည်။ စိုက်ပျိုးရာသီဖြစ်၍ အလုပ်များနေကြသော်လည်း ပွဲတော်များကိုတော့ ကျင်းပဆဲဖြစ်သည် ။ ဓလေ့အရ မုန့်များကိုလည်း လုပ်ကြလေသည်။
ညနေခင်း အလုပ်မှပြန်လာသည့်အခါ လင်းလန် ဂျုံနယ်လိုက်သည်။ တ၀မ် ခူးလာပေးသည့် ဆူးမွှေးပင်ကို အရည်ညှစ်ကာ ဂျုံမှုန့်ထဲထည့်၍ အစိမ်းရောင်ဂျုံလုံးများ လုပ်လိုက်ပြီး ကလေးများသဘောကျ အစိမ်းရောင်မုန့်လိပ်လေးများ လုပ်ရန်ကြံလိုက်သည်။
ခေါက်ဆွဲသားများသည်လည်း နူးညံ့ကာ ကြက်သွန်ဖြူထည့်ပြီးနောက် ဟင်းအိုးကြီးကြီးထဲသို့ထည့်ပြီး ပြုတ်ထားလိုက်သည်။
ပန်ကိတ်များသည် အရသာရှိလှပြီး ဘာရီတိုများသည်လည်း သွားရည်ကျစရာပင် ။ ကြက်ဥလိပ်ကြော်လည်း လုပ်ထားသဖြင့် ကလေးလူကြီး အကုန်ကြိုက်ကြမှာ အသေအချာပင်။
မုန့်လိပ်များလုပ်ခြင်းနှင့် ပန်ကိတ်လုပ်ခြင်းမှာ နည်းစနစ်ကျကျလုပ်ရသည့် အလုပ်များဖြစ်လေသည်။ ဂျုံလုံးအား ပါးပါးလေးဖြစ်သည်အထိ လှိမ့်ရတာဖြစ်ပြီး မလုပ်တက်သူဆိုပါက တလိမ့်တုံးတွင် ဂျုံများကပ်သွားကာ မညီမညာဖြစ်တက်လေသည်။
ပန်ကိတ်လည်း ထိုနည်းတူစွာပင် ၊ မကျွမ်းကျင်သူဆိုပါက သေချာလေး လုပ်တတ်မည်မဟုတ်ဘဲ တူးသွားနိုင်လေသည်။
လင်းလန် မုန့်လိပ်များကို သေချာလေးလုပ်ကာ အား၀မ်က ပန်ကိတ်များကို ဘယ်လိုလုပ်ရမည်ကို သင်ပေးလိုက်ကာ ၀ိုင်းကူပေးစေလိုက်သည်။
ပန်ကိတ်များသည် တူးရာအနည်းငယ်ရှိနေသော်လည်း ဖွာတာတာဖြစ်မနေဘဲ နူးနူးညံံ့ညံ့လေး ဖြစ်နေ၏။
လင်းလန် အား၀မ်ကို အတော်လေး ချီးကျူးပေးလိုက်သည်။ ဒုတိယသားသည် အမြဲတစေ လိမ္မာသဖြင့် ချီးမွမ်းပေးရသည်ကို လင်းလန်သဘောကျသည်။ ညီငယ်များအား ပိုချစ်သည်ဟု မထင်ရစေရန် လင်းလန် အား၀မ်ကို အမြဲတမ်း အရေးတယူလုပ်ပေးကာ အားပေးစကားဆိုပေးမိသည်။
လင်းလန် မုန့်များလိပ်ပြီးသည့်အခါ မိုင်စွေ့ကိုခေါ်ကာ မီးမွှေးခိုင်းလိုက်ပြီး ကြက်ဥများထည့်ကာ ပြုတ်လိုက်သည်။
စန်း၀မ်နှင့် ရှောင်း၀မ်သည် ပွက်ပွက်ဆူနေသော အိုးဘေးတွင် ရပ်နေကြကာ သွားရည်ယိုနေကြသည်။ လင်းလန် ထိုနှစ်ယောက်အား နောက်သို့ ပြန်ဆွဲကာ " ညစ်ပတ်နေကြတာပဲ ဝေးဝေးမှာနေလေ အစားအသောက်တွေပါ ညစ်ပတ်ကုန်ဦးမယ် "
ထိုညီအစ်ကိုနှစ်ဦးသည် ယခုတလော တစ်ပူးပူးတစ်တွဲတွဲ ရှိနေတက်ကြလေသည်။ တော်သေးသည်က ရှောင်၀မ်မှ ထိန်းပေးနေ၍ စန်း၀မ် ပြဿနာမရှာတော့ခြင်းပင်။ စန်း၀မ်သည် ရှောင်၀မ်အား အပြင်ခေါ်သွားကာ ဆော့နေတက်ပြီး ပြန်လာလျှင် နှစ်ယောက်လုံး ပေရေနေကာ ဆပ်ပြာမှာလည်း ဆေးမနိုင်ဖြစ်နေ၍ အိမ်ထိန်းဖြစ်သူ အား၀မ်မှာ ရင်နာနေလေသည်။
အမေဖြစ်သူ၏ စကားကြောင့် စန်း၀မ်သက်ပြင်းချကာ ရှောင်၀မ်ကို ခေါ်၍ ကြက်ခြံဘေးရှိ သစ်ပင်ပေါ်တက်ထိုင်ကာ နေ၀င်သည်ကိုသာ ထိုင်ကြည့်နေလိုက်သည်။
" ရှောင်၀မ် ငါ့မှာ မင်းကို မပြောပြရသေးတဲ့ လျှို့၀ှက်ချက်တစ်ခုရှိတယ် "
ရှောင်၀မ်က စိတ်၀င်စားသွားကာ မျက်လုံးများအရောင်တောက်သွားပြီး အာရုံစိုက်ကာ နားထောင်လေသည်။
စန်း၀မ် : " တကယ်တော့ မားမားက မင်းကို ပန်ကိတ်နှစ်ချက်နဲ့ လဲလာတာတဲ့ မင်းက သားအရင်းမဟုတ်ဘူး "
ရှောင်၀မ်သည် ၀မ်းနည်းသွားကာ ငိုမဲ့မဲ့ဖြစ်လာတော့သည်။
ကလေးများ ဘယ်လိုမွေးဖွားလာသည်ကို သေချာမသိကြသဖြင့် ကလေးများက သိချင်၍ မေးကြသည့်အခါ လူကြီးများသည်လည်း မဖြေလိုကြ၍ လမ်းက ကောက်လာတာ ၊ ပန်ကိတ်နဲ့ လဲလာတာ ၊ မြစ်ထဲက ဆယ်လာတာ အစရှိသဖြင့်သာ ပြန်ဖြေကြလေသည်။
ကိုယ့်ကလေးအရင်းများကိုတောင် ထိုသို့စကြသဖြင့် တစ်ပါးသူ၏ ကလေးများဆို ပိုဆိုးပေသည်။ သို့ဖြစ်၍ ရွာထဲမှ ခုနစ်နှစ် ၊ ရှစ်နှစ်အရွယ် ကလေးများသည် သူတို့အား ကောက်လာတာ သို့မဟုတ် မုန့်နဲ့လဲတာလာ အစရှိသဖြင့် ထင်ကြကုန်လေသည်။
ပုံမှန်အားဖြင့် ငယ်လွန်းသူများနှင့် အရွယ်ရောက်ပြီးသော ကလေးများသည် ထိုအကြောင်းများကို မယုံကြသော်ငြား ခုနစ်နှစ် ရှစ်နှစ်အရွယ်ကလေးများကတော့ ယုံကြ၏။
ရွာသားများသည် စန်း၀မ်အား မိုင်စွေ့နှင့် အား၀မ်က စာတော်သော်လည်း သူသည် စာမတော်သဖြင့် ကောက်လာတာဖြစ်ရမည်ဟု စနောက်တက်ကြလေသည် ။
ကြားပါများတော့ စန်း၀မ်သည် သူ့ကိုယ်သူ အကောက်ခံလာရတာဟုထင်နေကာ ယခုလည်း ရှောင်၀မ်အား လင်းလန်မှ ညစ်ပတ်နေတာပဲဟုဆိုလိုက်၍ ရှောင်း၀မ်သည်လည်း သူ့လိုပဲဖြစ်ရမည်ဟု ထင်နေလေသည်။
သူ့အမြင်တွင် အား၀မ်နှင့် မိုင်စွေ့သာ အရိုက်မခံရ အဆူမခံရဖြစ်သည်မို့ သူတို့ကသာ သားသမီးအရင်းများ ဖြစ်လောက်သည်ဟုထင်ကာ တ၀မ်ကိုတော့ သားအရင်းလည်း ဖြစ်နိုင်သလို ကောက်လာတာလည်း ဖြစ်နိုင်သည်ဟု ထင်နေလေသည်။
အခြားကလေးများသည်လည်း ထိုသို့ပြောရသည်ကို သဘောကျကြလေသည်။ အကောက်ခံလာရသည်ကို သဘောကျကာ အကောက်ခံချင်သူများလည်း ရှိသည်။ တစ်ချို့ စိတ်နုသော ကလေးများကတော့ အတည်ထင်ကာ မိဘအရင်းများအား ရှာချင်လိုသူများလည်း ရှိပေသည်။
ရှောင်၀မ်က စန်း၀မ်ကို ယုံကြည်သဖြင့် ထိုသည်ကို အမှန်ဟုထင်သွားလေသည်။
စန်း၀မ် ရှောင်၀မ်လေး ငိုတော့မည်အား တွေ့သည့်အခါ ဖက်လိုက်၍ ခေါင်းလေးအား ပုတ်ပေးကာ ချော့လိုက်သည်။
" မငိုပါနဲ့ကွာ ငါရှိတာပဲ မင်းကို ငါ့ညီလေးအရင်းလိုပဲ ချစ်မှာပါကွာ "
Xxxxxx
Part 370
စန်း၀မ်သည် အခြားသော ကလေးများမှ ထိုသို့ပြောနေသည်ကို ကြားဖူးထားတာဖြစ်၍ ထိုအတိုင်း ပြန်ပြောတာဖြစ်သည်။
" စန်း၀မ် ဒါဆို မားမားက သားကို မချစ်တော့ဘူးလားဟင် "
စန်း၀မ် : " ဒါပေါ့ မားမားက မင်းကို ချစ်တာပေါ့ သားအရင်းမဟုတ်လည်း မားမားက ချစ်မှာပါ "
စန်း၀မ် ဆက်ကာ ပြောနေဆဲပင် ။
" မားမားကို သွားမမေးနဲ့နော် လူကြီးတွေက ကလေးတွေသိသွားမှာကို မကြိုက်ကြဘူး ကလေးတွေက အကောက်ခံလာရတာကို သိထားတယ်ဆိုရင် လူကြီးတွေက စိတ်ဆိုးပြီး ပြန်ပို့လိမ့်မယ် မင်း မထွက်သွားချင်ဘူးမလား ဟုတ်တယ်မလား "
ရှောင်၀မ်သည် ခေါင်းတွင်တွင်ခါပြ၏။ သူသိနေကြောင်း ပြန်မပြောဘူးဟုဆိုကာ ထွက်မသွားချင်ဘူးဟူ၍လည်း ပြောလေသည်။
စန်း၀မ် ရှောင်၀မ်၏ ခေါင်းလေးအား ကျေနပ်စွာ ပုတ်ပေးလိုက်ကာ ကောက်ကောက်ကျစ်ကျစ် အပြုံးလေး ပြုံးလိုက်မိသည်။
ဟန်ချင်စုန့် ပြန်လာသည့်အခါ စန်း၀မ်သည် ရှောင်၀မ်အား ဖက်ထားသည်ကို တွေ့သွားကာ ဒီကလေးက ဆိုးပေမယ့် ညီငယ်လေးကိုတော့ ချစ်ရှာသားပဲဟု တွေးနေလေသည်။
ကြည့်ရတာ သေချာလေး လေ့ကျင့်ပေးတာက အလုပ်ဖြစ်တဲ့ပုံပင်။
ဟန်ချင်စုန့် အိမ်ထဲ၀င်လာသည့်အခါ လင်းလန်သည် သူ့အား ဂျူးမြစ်များလှီးခိုင်းကာ ကြက်ဥနှင့် ရောမွှေခိုင်းလေသည်။ ကလေးများအကြိုက် ကြက်ဥမွှေကြော်လုပ်ပေးရန် ဖြစ်၏။
စန်း၀မ် သဘောကျသည့် အစားအစာလည်းဖြစ်၍ ဒီတစ်လောအတွင်း လိမ္မာနေသဖြင့် ဆုချသည့်သဘောလည်းဖြစ်သည်။ ဒယ်အိုးထဲတွင် ထည့်လိုက်ကာ ပန်းကန်လုံးယူ၍ ဖိချပြီးနောက် ဘေးသားများကိုဖယ်လိုက်ကာ အစွန်းနှစ်ဖက်အား ပူးချလိုက်သည့်အခါ စက်၀ိုင်းခြမ်းပုံလေးဖြစ်သွားလေသည်။ အနံ့လည်း မွှေးကာ အရသာလည်း ရှိလှသည်။
သို့ဖြစ်၍ ကလေးများ သဘောကျနှစ်ခြိုက်ကာ ဗိုက်တင်းသည်အထိ စားကြတော့သည်။ အထူးသဖြင့် စန်း၀မ်ပင် ။ နောက်ဆုံး မစားနိုင်တော့သည်အထိ ဖြစ်ကာ အဖေဖြစ်သူနှင့် ညီအစ်ကိုများ စားနေသည်ကိုသာ ထိုင်ကြည့်နေလေသည်။
လင်းလန် ထိုသည်ကို ကြည့်ကာ ရယ်ချင်မိသည်။ ၂၁ရာစုမှာသာဆို စန်း၀မ်သည် အစားအသောက်စားပြသည့် အင်တာနက်ဆယ်လီများ၏ ဖန်အကြီးစား ဖြစ်လာလောက်ပေသည်။ညစာစားပြီးနောက်တွင် ရွာလူကြီးသည် လော်စပီကာတစ်ခုဖြင့် ရွာထဲတွင် လိုက်အော်လေသည်။
" မနက်ဖြန်က ချင်းမင်ပွဲတော်ဖြစ်တာမို့ ယောက်ျားလေးများက ဘိုးဘေးများကို ဂါရ၀ပြုကာ အုတ်ဂူများကို သန့်ရှင်းရေးလုပ်ကြရမှာဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးများကတော့ အနားယူနိုင်ပါတယ်။ ရွာအရှေ့ဘက်ကို သွားပြီး အပန်းဖြေလို့လည်း ရပါတယ် ။ အလုပ်ကနေ အနားမယူတဲ့အမျိုးသမီးများကတော့ လုပ်ခနှစ်ဆရပါမယ်။ "
နှစ်သစ်ကူးချိန်သည် ယောက်ျားသားများအတွက် အားလပ်ရက်ဟုဆိုသော် ချင်းမင်ပွဲတော်သည် မိန်းမသားများအတွက် အားလပ်ရက်ဟုဆိုနိုင်ပေသည်။ ထိုအချိန်တွင် ဒန်းစီးကာ အပြင်ထွက်လည်၍ အနားယူနိုင်ကြပေသည်။
ဟန်ရုံဖန်သည် ဒန်းစီးကြခြင်းကိုသဘောမကျ ။ အန္တရာယ်များကာ တစ်စုံတစ်ခုဖြစ်သွားပါက လုပ်ငန်းများနောက်ကျမှာစိုး၍ ဖြစ်သည်။
ထိုသည်ကိုစိုးရိမ်သဖြင့် ဟန်ရုံဖန်သည် အမျိုးသမီးများအား လုပ်ခနှစ်ဆရမည်ဟု ချမှတ်လိုက်တာဖြစ်သည်။ ထိုသို့သာဆို ဘယ်သူမှ အလုပ်နားကြမှာ မဟုတ်တော့ဘူးလေ။
ခေါင်းဆောင် : တကယ်ကို ကောက်ကျစ်တာပဲဗျာ ...
ဟန်ရုံဖန်ကြောင့် အမျိုးသမီးအများစုသည် အလုပ်လုပ်ကြရန်ကိုသာ ရွေးချယ်ကြကာ တစ်ချို့သည် နေ့တစ်၀က်အလုပ်ဆင်းကြလေသည်။ အိမ်ရှိ သမီးပျိုများ ၊ ကြင်စဦး ချွေးမများကတော့ တစ်နေ့လုံး အနားယူခွင့်ကြရတာများသည်။
ဟန်ချင်စုန့် လင်းလန်အား မိုင်စွေ့ကိုခေါ်၍ လျှောက်လည်ရန်ပြောကာ သူကတော့ တ၀မ်နှင့် အား၀မ်ကိုခေါ်ကာ အလုပ်လုပ်မည်ဟုဆိုသည်။
" တစ်နှစ်မှ တစ်ခါနားရတာလေ "
လင်းလန်လည်း တွေးကြည့်ကာ သမီးဖြစ်သူနှင့် အတူအချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ကြားသည့်အခါ မိုင်စွေ့ အရမ်းပျော်သွားကာ အမေဖြစ်သူအား ပတ်၍ ခုန်ပေါက်နေလေသည်။ " မားမားရေ ပျော်လိုက်တာ "
ဘေးတွင် စန်း၀မ်နှင့် ရှောင်၀မ်သည် မိုင်စွေ့အား အားကျသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
၄င်းကို မိုင်စွေ့မြင်သည့်အခါ တအံ့တသြမေးလိုင်မိသည်။
" အာ...ဘာလို့ အဲ့လိုကြည့်နေကြတာလဲ "
စန်း၀မ်က သက်ပြင်းချကာ ရှောင်း၀မ်၏ ခေါင်းအား ပုတ်ပေးလိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်မည့်အသံဖြင့် တစ်ခုခုကို ပြောလိုက်လေသည်။
ရှောင်၀မ်ကလည်း ခေါင်းညိတ်ကာ သက်ပြင်းချရင်း စန်း၀မ်၏ လက်ကိုဆွဲ၍ နောက်မှလိုက်သွားလေသည်။
လင်းလန် : " ........ " ဘာတွေဖြစ်နေတာလဲ ။
ညရောက်သည့်အခါ ပုံမှန်အတိုင်းပင် လင်းလန်က ရှောင်၀မ်အား ဆေးကြောသန်စင်ပေးလိုက်သည်။
ရှောင်း၀မ် : " မားမား သားဘာသာပဲ လုပ်တော့မယ် "
ကိုယ့်ခြေထောက်ကို ကိုယ်ဆေးပြီး မားမားက ဆက်ပြီးချစ်နေအောင် လုပ်ရမယ်။ ဒါမှ ပြန်ပို့မခံရမှာ ။
လင်းလန် အံ့သြသွားမိသည်။ " ရှောင်၀မ်က အရွယ်ရောက်လာလား ကိုယ့်ဘာသာတောင် ဆေးကြောတက်နေပြီပေါ့လေ "
စန်း၀မ်က အပြေးရောက်လာကာ ပြောလိုက်သည် " ရှောင်၀မ် ငါဆေးပေးမယ် "
စန်း၀မ်၏ သိတက်နေမှုကြောင့်ပါ လင်းလန်သည် ပျော်နေလေသည်။ သားနှစ်ယောက်၏ ခေါင်းလေးများအား ပုတ်ပေးကာ " စန်း၀မ်က လိမ္မာလိုက်တာ ညီလေးကိုတောင် ဂရုစိုက်ပေးတက်နေပြီ " ဟု ချီးကျူးစကားဆိုလိုက်သည်။
စန်း၀မ်က ရယ်ပြကာ ရှောင်း၀မ်၏ ခြေထောက်အား ဆေးပေးလိုက်သည်။ ထ်ို့နောက် အ၀တ်ဖြင့် ရေများကို သုတ်ပေးပြီးနောက် ခုတင်ပေါ်သို့ ခေါ်သွားပေးလိုက်သည်။
ရှောင်၀မ်ကလည်း ကိုယ့်ဘာသာပဲ အ၀တ်ကိုလဲပြန်ကာ လင်းလန်အား ခိုးခိုး၍ ကြည့်နေလေသည်။ လင်းလန်ကသာ သူ့အားကြည့်မနေပါက မျက်နှာငယ်လေးဖြစ်သွားကာ လင်းလန်က ကြည့်နေသည့်အခါတွင်တော့ မျက်လုံးများအရောင်တောက်လာပြီးနောက် သေချာစွာ အ၀တ်လဲနိုင်နေပြီဖြစ်ကြောင်း ပြနေလေသည်။
လင်းလန်လည်း ရှောင်၀မ် သူ့ဘာသာ အ၀တ်လဲကာ အိပ်ရာ၀င်သွားသည်ကို လိုက်ကြည့်နေကာ ဘေးသို့သွား၍ သားဖြစ်သူအား အနမ်းခြွေလိုက်ပြီး ချီးကျူးပေးလိုက်သည်
" တော်လိုက်တာ ကိုယ့်ဘာသာလည်း အိပ်တတ်နေပြီပေါ့လေ "
ရှောင်၀မ်က အမေဖြစ်သူ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ့မျက်နှာလေးနားသို့ ယူ၍ပွတ်သပ်ပေးလေသည်။
လည်ပင်းကိုဖက်ရင် ဇတ်ကျိုးသွားလိမ့်မယ်လို့စန်း၀မ်က ပြောထား၍ ရှောင်၀မ် မလုပ်ရဲ။
ရှောင်၀မ်၏ အပြုအမူကြောင့် လင်းလန်မှာ အရည်ပျော်ကျမတတ် ဖြစ်လို့နေသည်။
" မားမားကလည်း ရှောင်၀မ်ကို ချစ်ပါတယ် ဟုတ်ပြီလား အိပ်တော့နော် "
ထိုစကားကြောင့် ရှောင်၀မ် ကျေနပ်သွားကာ နာခံစွာဖြင့် စောင်ခြုံရင်း အား၀မ်အလာကိုသာ စောင့်နေလေသည်။
ရှောင်၀မ်အား နမ်းပြီးနောက် စန်း၀မ်ဘေးသို့သွားကာ နဖူးအား ပုတ်ပေးလိုက်ရင်း ချီးကျူးစကားများ ဖောဖောသီသီ ပြောပေးလိုက်သည်။ စန်း၀မ်အား ရှောင်၀မ်ကဲ့သို့ လင်းလန် အနမ်းမပေးဖူး။ စန်း၀မ်သည် အနည်းငယ် ကြီးနေပြီဖြစ်၍ နမ်းရမှာ အောင့်သက်သက်ဖြစ်နေသည့်အတွက်ပင် ။
တ့၀မ်နှင့် အခြားသူများကိုလည်း အိပ်ရာ၀င်ကြရန် လင်းလန် ဆော်သြလိုက်သည်။
ဒီရက်ပိုင်းတွင် တ့၀မ်သည် ကျောင်းသွားလိုက် အလုပ်လုပ်လိုက်ဖြင့်ရှိနေကာ အားလပ်ချိန်များတွင် လေးခွတစ်ချောင်းကိုင်ကာ ဟိုပစ်ဒီပစ်လုပ်နေတတ်ပြီး အား၀မ်နှင့် မိုင်စွေ့သည် အချိန်ရသည်နှင့် စာဖတ်နေတက်ကာ အခြားကလေးများလို ဆော့ကစားခြင်း မရှိကြ။
ကလေးများ အိပ်ရာ၀င်သွားမှသာ လင်းလန်လည်း ဆေးကြောသန့်စင်ကာ အိပ်ရာထဲ လှဲနေလိုက်သည်။
Xxxxxxxx