အပိုင်း ၃၇၅-၃၇၆
Viewers 23k

Chapter 375


ရှင်းဖူက ၀မ်းသာအားရဖြင့် အော်ရယ်တော့သည် 


 " ဟားဟား အဲ့ကောင် ကြွက်တက်နေပြီ ပြီးပြီပဲ " 


ခဏအကြာထိ စောင့်နေသော်လည်း စန်း၀မ်သည် ရေထဲမှ ပြန်မတက်လာသည့်အပြင် ပူဖောင်းထနေသည်ကိုပါ မမြင်ရတော့၍ ကမ်းစပ်မှ ကလေးများသည် ကြောက်လန့်ကုန်ကြသည် ။ 


ရှောင်၀မ်လည်း အရမ်းလန့်သွားကာ အော်ငိုနေလေသည်။ ဘေးနားရှိ ကောက်ရိုးပုံမှ ၀ါးလုံးရှည်ကြီးတစ်ခုကိုတွေ့၍ သွားဆွဲယူလာကာ ထို၀ါးလုံးရှည်ဖြင့် စန်း၀မ်အား ဆယ်ရန်ကြိုးစားလေသည်။ 


တ့ဝေ့လည်း လန့်သွားကာ " ပြေးကြမယ် ...ငါတို့ ဘာမှမသိဘူး " ဟုအော်၍ ထွက်ပြေးသွားလေသည်။ 


တ့ဝေ့က သူ့ခြင်းကိုကောက်သယ်ကာ ဦးဆောင်ပြေးသွားပြီး နောက်တွင် ရှင်းဖူပါ ပြေးလိုက်သွားလေသည်။ လုံး၀မသက်ဆိုင်သကဲ့သို့ လှည့်မကြည့်ဘဲ ပြေးနိုင်သမျှ မြန်မြန်ပြေးသွားကြသည်။ 


ရှောင်၀မ်က ၀ါးလုံးရှည်ကို ဆွဲလာကာ ကမ်းစပ်နားထိသွားနေစဥ်တွင် ကလေးတစ်စုသည် ကမ်းစပ်မှ ပြေးတက်လာကြ၍ ရုန်းရုင်းဆန်ခတ်ဖြစ်ကာ ရှောင်း၀မ်သည် ၀ါးလုံးရှည်ကြီးအား ကိုင်ထားလျက်ဖြင့်ပင် ရေထဲသို့ ပြုတ်ကျသွားလေသည်။ 


မြစ်ကမ်းနံဘေး၌ ဂျုံခင်းများရှိသော်လည်း ကွန်မြူနတီမှ လုပ်သားများသည် နွေဦးတွင် အခြားသော စိုက်ခင်းများကို လုပ်ကိုင်နေကြ၍ ထိုဂျုံခင်းများထဲတွင် အလုပ်လုပ်နေကြသော လူကြီးများမရှိသဖြင့် လာကယ်ပေးမည့် သူမရှိပေ ။ 


စန်း၀မ်က ရေထဲတွင် ရုန်းကန်နေရဆဲဖြစ်ကာ ရုတ်တရက် ပလုံခနဲပြုတ်ကျသံကို ကြားလိုက်ရ၍ အသံကြားလိုက်ရသည့်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ရှောင်၀မ်တစ်ယောက် ရေထဲ၌ ပေါ်လိုက်မြုပ်လိုက်ဖြစ်ကာ ရုန်းကန်နေသည်ကို တွေ့သွားလေသည်။ 


ရှောင်၀မ် ရုန်းကန်နေရင်း အော်ဟစ်၍ အကူအညီတောင်းချင်သော်ငြား ရေများက ပါးစပ်ထဲ၀င်လာပြီး ရေလည်းမကူးတက်သဖြင့် ခဏအကြာတွင် ရေမွန်းပြီးမူးမေ့သွားလေသည်။ 


ရှောင်၀မ်သည် ချည်အနွေးထည်ထူကြီးအား ၀တ်ထားတာဖြစ်၍ ရေများစ်ိမ့်လာကာ ပူဖောင်းများ တစီစီထလာပြီးနောက် တဖြည်းဖြည်းချင်း ရေထဲ နစ်သွားတော့သည်။ 


စန်း၀မ် လိပ်ပြာထွက်မတတ် လန့်သွားမိသည်။ 


" ရှောင်၀မ် ..."


အလွန် စိတ်ပူသွား၍ ကြွက်တက်နေသည်ကိုလည်း သတိမရနိုင်တော့ဘဲ ရှောင်၀မ်ဆီသို့သာ ခြေတစ်ဖက်ကိုရုန်း တစ်ဖက်ကိုကန်ဖြင့် စန်း၀မ် အတင်းကူးသွားလိုက်ကာ ရှောင်၀မ်၏ အနွေးထည်မှဆွဲ၍ ကမ်းပေါ်သို့ တွန်းတင်လိုက်သည်။ 


ချီအနွေးထည်အထူကြီးသည် ရေထဲတွင် မသိသာသော်ငြား ကုန်းပေါ်သို့ တွန်းတင်သည့်အခါတွင်တော့ ရေများစိုနေ၍ ကျောက်တုံးတစ်တုံးသဖွယ် လေးလံလွန်း၍ စန်း၀မ် မနည်းတွန်းကာ တင်လိုက်ရသည်။ တော်သေးသည်က ရှောင်၀မ်သည် ရုန်းကန်နေခြင်းမရှိတော့သဖြင့် ဆွဲလာရသည်က လွယ်ကူနေခဲ့တာဖြစ်သည် ။ 


 မဟုတ်ပါက နှစ်ယောက်လုံး ရေနစ်သွားလောက်ပေသည်။ 


စန်း၀မ်မှာ ခြေထောက်ကြွက်တက်နေသည့်အပြင် ရှိသမျှ အားအကုန်သုံးလိုက်ရပြီး မျက်ရည်များလည်း စီးကျလို့နေသည်။ သူ့ခမျာ ခြေထောက်မှ နာကျင်နေသည်ကိုပင် ဂရုမစိုက်အား ။ 


" ရှောင်၀မ် ... ရှောင်၀မ် ... " 


စန်း၀မ် တုန်ယင်နေပေပြီ။ ရှောင်း၀မ်မှာ မျက်လုံးများမှေးစင်းနေပြီး သတိလည်းမရသဖြင့် ကလေးအား ကမ်းပေါ်သို့ တွန်းတင်ကာ သူပါ အမြန်တက်လိုက်သည်။ 


တော်သေးသည်က ကမ်းစပ်သည် သိပ်မမက်စောက်၍ စန်း၀မ်မှာ အားမရှိတော့သော်လည်း တက်နိုင်သွားသည်။ 


သူ ချမ်းနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ရှောင်၀မ်ကို ရေများအန်ထွက်လာအောင် လုပ်ပေးနေလေသည်။ 


ရေနစ်သည့်အချိန်မှာ သိပ်မကြာလိုက်၍ ခဏအကြာတွင် ရှောင်၀မ်က တဝေါ့ဝေါ့ဖြင့် ရေများကို ပြန်အန်ထုတ်လာလေသည်။ 


ရေများအန်ထွက်သွားသော်လည်း ရှောင်၀မ်က သတိမလည်လာသေး ။ 


စန်း၀မ်မှာ တစ်ကိုယ်လုံးအေးစက်နေကာ သူ့ခြေထောက်အား ရေထဲမှ တစ်ယောက်ယောက်က ဆွဲထားသည်ဟု ခံစားနေရလေသည်။ မနှစ်တုန်းက ကလေးတစ်ယောက်ရေနစ်ခဲ့စဥ်အခါက လူကြီးများပြောခဲ့ဖူးသည့် ရေနစ်သွားသည့်လူသည် အခြားတစ်ယောက်ကိုပါ ဆွဲချတတ်သည်ဟူသည့် ပြေားစကားကို အမှတ်ရသွားမိသည်။


 ရှောင်၀မ်သာ သေသွားခဲ့ရင် .... 


စန်း၀မ် လုံး၀ ဆက်မတွေးရဲပါ ....သူလည်း ရေထဲခုန်ချပြီး လိုက်သေပစ်လိုက်မှာ အသေအချာပင်....


စန်း၀မ် မျက်ရည်များကို မထိန်းနိုင်တော့ ။ သွားပြီ ။ ရှောင်၀မ်သာ တစ်ခုခုဖြစ်သွားရင် ဟုတွေးနေရင်းဖြင့် အားလည်းမရှိတော့ဘဲ ရေထဲသို့ ပြန်ဆင်းရန် ပြင်လိုက်မိသည်။ 


ရေထဲသို့ ခြေချမိသည့်အခါမှသာ စန်း၀မ်က လင်းလန်သင်ပေးထားသည့် အရေးပေါ်အသက်ကယ်နည်းကို သတိရသွားလေသည်။ 


ရေထဲမှ ချက်ချင်းပြန်တက်ကာ လင်းလန်သင်ပေးထားသည့် နည်းလမ်းအတိုင်း ရှောင်း၀မ်ကို အသက်ရှုနိုင်အောင် ကူညီပေးလေသည်။ 


အဲ့တုန်းက ပျော်ဖို့ကောင်းတယ်ဆိုပြီး သူသေချာလိုက်သင်ထားလိုက်လို့ တော်သေးတာပေါ့ ။ ပြီးနောက်တွင်လည်း ရွာထဲမှ ကလေးများနှင့် ထိုအတိုင်းဆော့ခဲ့ဖူးသဖြင့် သူ ရှောင်၀မ်ကို ကယ်လိုက်နိုင်သည်။ 


ရှောင်၀မ် ချောင်းတဟွတ်ဟွတ်ဆိုးကာ နိုးလာတော့သည်။ 


စန်း၀မ်က ထိုအခါမှ စိတ်လျှော့သွားနိုင်ကာ ရှောင်၀မ်ကို တင်းတင်းကြပ်ကြပ်ဖက်၍ အော်ငိုလေသည်။ 


ရှောင်၀မ်လေးသည် အစ်ကိိုဖြစ်သူမှ သု့အား ဖက်ထားသဖြင့် ပျော်သွားလေသည်။


 " စန်း ...စန်း၀မ် ...တော်သေးတာပေါ့...ဘာမှမဖြစ်လို့ ....သား...သားအရမ်းချမ်းနေတယ် " 


စန်း၀မ် ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရကာ ကိုယ့်ကိုယ်ကို ရိုက်နှက်ပစ်ချင်သွားမိသည်။


ထိုအချိန်တွင် လျိုကွေ့ဖာနှင့် လူငယ်လေးတစ်ယောက်လည်း ပြေးလာကာ ရေထဲတွင် ရှိနေသေးဆဲ စန်း၀မ်နှင့် စိုရွှဲနေသည့် ရှောင်၀မ်ကို တွေ့သွားလေသည်။


 ကလေးနှစ်ယောက်လုံး အသက်ရှိကြသေးတယ် ။ 


ထိုအခါမှ လျှိုကွေ့ဖာ သက်ပြင်းချနိုင်ကာ စန်း၀မ်အား ရေထဲမှ တက်လာနိုင်ရန် ဆွဲကူပေးလိုက်သည်။ 


စန်း၀မ် : " ဆရာ....ပြန်ပို့ ...သားညီလေးကို ..အိမ်ပြန်ပို့ပေးပါ " 


လျှ်ို့ကွေ့ဖာ ရှောင်း၀မ်ကို ကုန်းပိုးလိုက်ကာ လူငယ်လေးက စန်း၀မ်အား ကူတွဲပေးလိုက်သည်။ 


လူငယ်လေးက စန်း၀မ်၏ အင်္ကျီကို ကောက်ယူလိုက်ကာ သူ၀တ်ထားသည့် အပေါ်အင်္ကျီကိုဆွဲချွတ်လိုက်ပြီး စန်း၀မ်၏ ကိုယ်အား ရေသုတ်ပေးရန် အပြုတွင် စန်း၀မ်သည် ရေထဲသို့ ပြန်ခုန်ချသွားလေသည်။ 


လူငယ်လေး : "......" 


ခဏအကြာတွင် စန်း၀မ် ပြန်ပေါ်လာကာ လက်ထဲ၌ ကလေးများသုံးသည့် မျက်မှန်တစ်လက်ပြန်ပါလာလေသည်။ စန်း၀မ်၏ မျက်နှာမှာ ရတနာပစ္စည်း တွေ့လာသည့်နှယ် ဖြစ်လို့နေ၏။


လူငယ်လေးက စန်း၀မ်ကို ရေထဲမှ ပြန်ဆွဲတင်ပေးကာ ရေများကို သုတ်ပေးပြီးနောက်တွင် အင်္ကျီဘောင်းဘီများကို ပြန်၀တ်စေလေသည်။ 


စန်း၀မ်၏ ခြေထောက်သည် ကွေးနေဆဲဖြစ်သည်ကို တွေ့သည့်အခါ ကြွက်တက်နေဆဲဖြစ်ကြောင်းကို သိ၍  လူငယ်လေးသည် ခြေထောက်ကို ဆုပ်နယ်ပေးကာ ကြွက်မတက်တော့အောင် လုပ်ပေးလေသည်။ 


စန်း၀မ် နာလွန်း၍ အော်မိသည်။ ခုနတုန်းက ရှောင်၀မ်ကို စိတ်ပူနေ၍ သတိမထားမိသော်လည်း ယခုအခါမှသာ အတော်လေး နာကျင်နေသည်ကို သတိရသွားလေသည်။ 


ခဏအကြာတွင် စန်း၀မ်၏ ခြေထောက်များမှာ ကြွက်မတက်တော့ ။ 


လူငယ်လေးသည် ထိုသည်ကိုကြည့်ကာ စနောက်သည့်ဟန်ဖြင့် " ရေထဲဆင်းတုန်းကတော့ ကြွက်တက်မှာကို မမျှော်လင့်ထားဘူးလား အခုမှ နာနေတယ်ပေါ့လေ အခုမှ ကြောက်နေလည်း မထူးဘူးကွ " 


ဘယ်လောက်တောင် ရူးမိုက်ပြီး အတင့်ရဲလိုက်တဲ့ ကောင်လေးလဲ ။ 


Xxxxxx

Part 376


လူငယ်လေးသည် စန်း၀မ်၏ အင်္ကျီနှင့် ဘောင်းဘီများကို ကမ်းနားတွင် တွေ့လိုက်ကတည်းက ကိုယ့်ဘာသာရေထဲခုန်ချခြင်းဖြစ်သည်ကို သိလိုက်တာဖြစ်သည်။ ကြွက်တက်တာကလည်း ညီလေးကို ကယ်ရင်းဖြစ်တာ မဟုတ်မှန်း သေချာသွားသည်မှာ မြစ်ထဲရှိ ၀ါးလုံးရှည်​ကို တွေ့လိုက်ရတာကြောင့်ပင် ။ 


တွေးကြည့်ရရင် ဒီကလေးနှစ်ယောက်က တကယ်ကံကောင်းတာပဲ ။ ဒီကောင်လေးလည်း တော်တော်လေး ရေကူးကျွမ်းကျင်လို့သာပေါ့ ။ 


စန်း၀မ်မှာ အပြစ်လုပ်ထားတာ ပေါ်သွား၍ ရှက်သွားသည်။ ဘာတွေဖြစ်သွားသည်ကို ပြန်စဥ်းစားကာ ကြောက်လာပြီး အားမရှိတော့သလို ခေါင်းကိုငုံ့ထားမိသည်။ 


လူငယ်လေးက စန်း၀မ်အား ဖိနပ်ပြန်စီးပေးလိုက်သည်။ 


" ရေထဲကြ ဆင်းရဲပြီးတော့ ဘယ်လိုသွေးပူအောင် လုပ်ရမလဲဆိုတာကိုကြ မသိဘူးလား " 


လူငယ်လေးက သူ့ရဲ့ သားရေလွယ်အိတ်ကို ကျောတွင်လွယ်ကာ စန်း၀မ်ကို တစ်ဖက်မှတွဲပေးပြီး တစ်ဖက်က ဟင်းရွက်များထည့်ထားသည့် ခြင်းကို ကောက်ကိုင်လိုက်သည်။ 


စန်း၀မ်က ကိုယ့်ဘာသာ လျှောက်ချင်သော်လည်း အားမရှိသဖြင့် တွဲပေးသည်ကို လက်ခံလိုက်ရကာ ကျေးဇူးပဲဟု ဆိုလိုက်သည်။ 


ထိုအခါမှသာ လူငယ်လေးသည် ရွာထဲမှလူ မဟုတ်သည်ကို စန်း၀မ် သတိထားမိသွားသည်။ သူ့ကို ဘယ်လိုခေါ်ရမှာလဲ ၊ သိမှမသိတဲ့ဟာ ။ အစ်ကိုကြီးလို့ ခေါ်ရမှာလား ဘာလား ။ 


လူငယ်လေး : " ငါက မင်းတို့ရွာက မဟုတ်ဘူး အနောက်ဘက် ရွှယ်ကျားဟယ်က လာတာ " 


စန်း၀မ် : " ကျေးဇူးပါ အစ်ကိုကြီး "


လူငယ်လေးက စန်း၀မ်ညွှန်ပြသည့် လမ်းအတိုင်း သွားကာ အိမ်သို့ ပြန်လိုက်ပို့ပေးလေသည်။ 


လင်းလန်တို့က အိမ်ပြန်မရောက်ကြသေးပေ ။ 


လျိုကွေ့ဖာ ရှောင်၀မ်ကို ခုတင်ပေါ်တင်ပေးကာ ရေစိုအ၀တ်များကို ခဲရာခဲဆစ်ချွတ်ပေးပြီးနောက် သဘက်ဖြင့် ရေများကိုစင်အောင် သုတ်ပေးလိုက်ကာ ရှောင်း၀မ်အား နွေးနေစေရန် စောင်ဖြင့် ပတ်ထားလိုက်သည်။ 


ရှောင်၀မ်လေးက ခိုက်ခိုက်တုန်အောင် ချမ်းနေသော်လည်း အသ်ိစိတ်ကောင်းကောင်း ကပ်နေသေး၍ စန်း၀မ်အား ပြုံးပြကာ " မားမား ပြောတာမှန်တယ်နော် "


  ရေကအေးနေတော့ တကယ်ကြွက်တက်တာပဲ ။ 


စန်း၀မ်လည်း ဖိနပ်ကိုချွတ်ကာ ခုတင်ပေါ်သို့ တက်လိုက်ပြီး ရှောင်၀မ်အား နှစ်သိမ့်ပေးမည်ပြုလိုက်သော်လည်း ရှောင်၀မ်က ကြောက်မနေတော့သည်ကို တွေ့လိုက်ရသည်။ ထိုအစား သူကသာ ကြောက်လို့ စကားမပြောရဲ ဖြစ်နေပေသည်။ 


ရှောင်၀မ်ကို တင်းကြပ်စွာ ဖက်လိုက်ကာ စန်း၀မ်  မျက်ရည်များလည်း ပိုးပိုးပေါက်ပေါက် စီးကျလာပြီး ငိုလိုက်မိသည်။ 


ရှောင်၀မ်ကတော့ သူ့ရဲ့ ဘာဂျာလေးကို ကိုင်ကာ ခပ်တိုးတိုးပြောလိုက်သည်


 " တော်သေးတာပေါ့ ဒါလေးကို ယူမသွားမိလို့ " 


လျိုကွေ့ဖာက စန်း၀မ်လည်း ရေထဲမတော်တဆပြုတ်ကျသွားသဖြင့် ကြောက်သွားတာဖြစ်ရမည်ဟု ထင်နေလေ၏ ။ 


" ဆေးမှုးကို သွားခေါ်လိုက်ဦးမယ်နော် " 


ပြီးနောက် လူငယ်လေးအား " ညီအစ်ကိုရေ မင်းကို အလုပ်ရှုပ်စေမိပြီကွာ ဒါနဲ့ ညီအစ်ကိုရှာနေတဲ့ လင်းလောင်ရှီးက သူတို့အမေလေ ကလေးတွေကို ခဏလောက် ကူကြည့်ပေးထားပါဦးကွာ ဆေးမှုးကို သွားပင့်ချင်လို့ " 


သူပြောပြီးသည်နှင့် လူငယ်လေးက သဘောတူသလားဆိုသည်ကိုပင် မစောင့်ဘဲ အလျင်စလို ပြေးထွက်သွားလေ၏ ။


လင်းလန်၏ အိမ်ဆိုသည်ကို ကြားသည့်အခါ လူငယ်လေးသည် အံ့သြသွားကာ စန်း၀မ်နှင့် ရှောင်၀မ်ကို ပြန်ကြည့်လေသည်။ ပြီးမှ ပြုံးပြကာ " တိုက်ဆိုင်လိုက်တာ ငါ့နာမည်က ရွှယ်မင်လျန်ပါ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်တုန်းက မင်းတို့အမေ ကယ်ပေးခဲ့တဲ့လူပါ " 


သူ နှုတ်ဆက်လိုက်ကာ လွယ်အိတ်ထဲမှ မုန့်များကို ထုတ်၍ ကလေးနှစ်ယောက်ကို ပေးလေသည်။ 


စန်း၀မ် ညီငယ်လေးကို ဖက်ထားရာမှ လွှတ်လိုက်ကာ မျက်ရည်များကို သုတ်လိုက်သည်။ စကားပြောချင်သော်လည်း လည်ပင်း၌ ကျောက်တုံးဆို့နေသလို ခံစားနေရ၍ စကားမပြောနိုင် ဖြစ်နေသဖြင့် မျက်ရည်များမှာ သုတ်မနိုင်ဖြစ်ကာ စီးကျလာပြန်လေသည်။ 


စန်း၀မ်၏ အပြုအမူမှာ အလွန်အမင်း ထိတ်လန့်သွားခြင်း၏ နောက်ဆက်တွဲဖြစ်သည်ကို သိ၍ လူငယ်လေးက ကလေးအား စိတ်ပြောင်းသွားစေရန် ချီးမွမ်းစကားဆိုလိုက်သည်။ 


" ကောင်လေး မင်းက ရေကူးတော့ တော်သားပဲကွ အခုလိုဖြစ်တာကလည်း ရေထဲမဆင်းခင် သွေးပူအောင် အရင်မလုပ်လိုက်လို့ပါ ဒါပေမယ့် မင်းညီလေးကို ဘယ်လိုကယ်ရမလဲတော့ သိသားပဲကွ တကယ်ကို အစ်ကိုကောင်းတစ်ယောက်ပဲကွာ ငါမင်းကို ချီးကျူးတယ် " 


စန်း၀မ်က အပြစ်ရှိစိတ်နှင့် ကြောက်စိတ်များရှိနေသေးသော်လည်း ရွှယ်မင်လျန်အား ကျေးဇူးတင်ကြောင်း​ပြန်ပြောလာသည်။ 


ရွှယ်မင်လျန် : " မင်းကရော မကြောက်ဘူးလား " 


ရှောင်၀မ် : " ဘာကို ကြောက်ရမှာလဲ " 


သေရမှာ မကြောက်ဘူးလားဟု မေးချင်တာဖြစ်သော်လည်း ကလေးများကို မေးရန် မသင့်တော်ဟုထင်၍ ရွှယ်မင်လျန် ပြန်မဖြေဖြစ်လိုက် ။ ထိုအစား ပြုံးပြကာ  ရှောင်၀မ်ကို ခေါင်းပုတ်ပေးလိုက်သည်။


 " မင်းလည်း သတ္တိရှိတာပဲကွ "


ရှောင်၀မ်က မူးနောက်နောက်ဖြစ်နေကာ ချမ်းစိမ့်စိမ့်ဖြစ်ပြီး စန်း၀မ်ကို စိုးရိမ်နေတာကလွဲလျှင် ဘာမှမဖြစ်။ သတိပြန်ရလာသည့်အခါတွင် သူ့ကို ဖက်ထားသည့် စန်း၀မ်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားပြီး ကြောက်လန့်ခြင်းမရှိတော့ ။ 


ရှောင်၀မ် အကြောက်ဆုံးမှာ မိဘများက သူ့ကို မလိုချင်တော့မှာကိုသာ ဖြစ်၏ ။ 


ယခုတွင်လည်း ငိုယိုကာ သောင်းကျန်းနေခြင်းမရှိဘဲ စန်း၀မ်အား ပြန်ဖက်လိုက်ကာ အစ်ကိုဖြစ်သူကို နှစ်သိမ့်ပေးနေလေသည်။


 " စန်း၀မ် မကြောက်နဲ့တော့ သား အဖေနဲ့ မားမားကို ပြန်မတိုင်ပါဘူး အဲ့ဒါကြောင့် အရိုက်ခံရမှာ မဟုတ်ဘူးလေနော် " 


စန်း၀မ်က ပို၍ကြောက်လန့်သွားကာ ယခင်ထက်ပင် ပိုငိုလေသည်။ 


ရှောင်၀မ်အား ဖက်ထားကာ စိတ်ထဲမှလည်း ငါမှားသွားတယ် ၊ နောင်ကို ဘယ်တော့မှ ဒီလို ထပ်မလုပ်တော့ပါဘူး ဟုတွေးနေလေသည်။ 


ရွှယ်မင်းလျန်က ကလေးများကိုကြည့်ရင်း ရယ်ရွှင်ဖွယ်ကောင်းသည်ဟုခံစားလိုက်မိ၍ပြောလိုက်သည်။


"အေးနေကြမှာပေါ့.... မင်းတို့အတွက် စွပ်ပြုတ်ဖြစ်ဖြစ်လုပ်ပေးမယ်လေ...."


သူလင်းလန်၏ စဉ်းတီတုံးကိုယူကာ ဓားကိုလည်းယူပြီး ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူတို့ကိုယူကာ အသီးအရွက်အနည်းငယ်ဖြင့် စွပ်ပြုတ်ချက်လိုက်သည်။


သူချက်ပြုတ်ရင်း အလုပ်ရှုပ်နေစဉ်တွင် လင်းလန်က မိုင်စွေ့နှင့်အတူ အပြင်မှအလောတကြီး‌ဝင်လာသည်။


သူမအိမ်ထဲဝင်လိုက်သည်နှင့် သူမ မသိသည့် ရုပ်ချောချောလူငယ်လေးတစ်ယောက်က စွပ်ပြုတ်ချက်နေသည်ကိုမြင်၍ သူမတောင့်ခဲသွားရသည်။


ရွှယ်မင်းလျန်က ချက်ချင်းထလာကာ လင်းလန်ကိုပြောလေသည်။


"အစ်မ စိတ်မပူပါနဲ... ညီအစ်ကိုနှစ်ယောက်လုံးအဆင်ပြေကြပါတယ်...."


လင်းလန်က သူ့ကိုခေါင်းငြိမ့်ပြလိုက်ပြီး ထိုသူကရွာထဲမှလူငယ်တစ်ယောက်ဟုသာတွေးပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် အခန်းထဲရှိကလေးများဆီကိုသာပြေးသွားတော့သည်။ သူမ အနွေးကုတင်ပေါ်ပြေးတက်ကာ စောင်ခြုံထွေးထားသော သူမ၏သားနှစ်ယောက်ကိုဖက်လိုက်သည်။ သူမစကားပြောချင်သော်လည်း မျက်ရည်များသာကျဆင်းလာရသည်။


ရှောင်ဝမ်က လက်ဆန့်ထုတ်ကာ လင်းလန်၏မျက်ရည်များကိုသုတ်ပေးချင်နေသည်။သို့သော် သူ့တစ်ကိုယ်လုံးက အေးစက်နေမှန်းသိ၍ သူ့မာမား၏မျက်နှာကို အေးစက်မသွားစေချင်၍ မထိလိုက်တော့ပေ။


"မာမား.. သားအဆင်ပြေပါတယ်...."


လင်းလန်မျက်ရည်များသုတ်ကာ ငိုသံဖြင့်ပြောလာသည်။


"အခု မြစ်ရေတွေကခဲနေတော့ ဒီလောက်ချောနေတာကို နင်တို့တွေ ဆော့စရာနေရာတအားရှားနေလား...."


သူနှင့်မိုင်စွေ့တို့ အပြင်သို့ခဏသာထွက်သွားရသေးသော်လည်း သူမရင်ထဲတစ်ခုခုကိုစိတ်မချသလို စိုးရိမ်နေသလိုခံစားချက်တို့ဝင်လာခဲ့သည်။ မိုင်စွေ့က သူမစိတ်အခြေအနေမကောင်းကြောင်း မြင်သည်နှင့် သူမကိုအိမ်ပြန်သင့်ကြောင်းပြောခဲ့သည်။ ထိုနေရာတွင်လူများစွာရှိသော်လည်း ပျော်စရာမကောင်းလှပေ။


...

စာရေးသူမှာ ပြောစရာရှိပါတယ် ။ 


တ၀မ် : ငါ့ညီလေးကို အနိုင်ကျင့်တယ်ပေါ့လေ ။


Xxxxxx