Part 395
ထိုနှစ်ယောက်က လူတကာအလုပ်ရှုပ်ရသည့်နွေဦးရာသီ၌ လူတိုင်းခွေးသေများလို မောပန်းနေကြချိန်တွင် ညတိုင်းညလယ်ရောက်သည်နှင့် အော်ဟစ်ကြစမြဲဖြစ်၍ လူတိုင်းအိပ်ရေးပျက် သည်။
အိမ်နီးချင်းများအားလုံးက ပြောဆိုကြလေတော့သည်။
ဒီလိုပုံနဲ့ဆို ဘယ်လိုလုပ် အလုပ်လုပ်နိုင်တော့မှာလဲ....
ကျောက်ကွေ့လျန်က သူမ၏အစ်မဖြစ်သူ ကျောက်ကွေ့ရှန်းနှင့်အတူ ဟန်ချင်းပေါင်နှင့် ဟန်ရုံဖန်၏ရှေ့တွင် လာငိုပြကြသည်။
သူမက ကိုယ်ဝန်ရှိလာရန် ဆေးများသောက်နေသော်လည်း ယခုအချိန်အထိ မရသေးပေ။ နောက်ပိုင်းတွင် သူမ၌ အနည်းငယ်သတ္တိရှိလာခဲပြီး ကလေးတစ်ယောက်မွေးစားချင်လာခဲ့သည်။ သို့သော် သူမယောက်ျား၏ ညီအစ်ကိုများမိသားစုမှ ကလေးကိုမလိုချင်ပေ။ သူမနှင့် ယောက်ျားဘက်မှ ဆွေမျိုးများက ဆက်ဆံရေးမကောင်းလှ၍ သူတို့ဆီမှကလေးကို မပျိုးထောင်ပေးချင်၍ သူမ အစ်မ၏ကလေးကိုသာလိုချင်ခဲ့သည်။ သို့သော် သူမက ငယ်ရွယ်လွန်းနေပြီး သူမဘာသာ သွားခေါ်ရန် မစောင့်နိုင်တော့ပေ။ သူမက လိမ္မာပြီး ပြောစကားနားထောင်သည့်ကလေးကို လိုချင်ခဲ့သည်။ ရှင်းဖူက ငယ်ငယ်ကတည်းက လိမ္မာသည့်ကလေးတစ်ယောက်ဟုသတ်မှတ်ခံခဲ့ရပြီး သူ့ကိုသာ စောင့်ရှောက်ပေးရန်ဆုံးဖြတ်ခဲ့သည်။ သူရှစ်နှစ် ကိုးနှစ်အရွယ်တွင် ကျောက်ကွေ့ရှန်းအိမ်သို့ မကြာခဏသွားနေလေ့ရှိနေလေပြီ။
ကျောက်ကွေ့ရှန်းက သူ့ကို သူမ၏သားအဖြစ် သတ်မှတ်ပြီးသားဖြစ်လေသည်။ အကယ်၍ သူအသက်လေးဆယ်အထိ ကလေးမရသေးပါက ရှင်းဖူကိုမွေးစားပြီး ဇနီးတစ်ယောက်လက်ထပ်ပေးမည်ဖြစ်သည်။ ရှင်းဖူမွေးလာသည့်ကလေးကို သူ့မိသားစုမှ မြေးအဖြစ်သတ်မှတ်မည်ဖြစ်သည်။
သို့သော် ရှင်းဖူကက အလွန်လန့်နေပြီး သူမရွေးထားသည့်ကလေးက အလကားဖြစ်သွားမည်ဟု သူမ မည်သို့သိမည်နည်း။ သူမ မခံစားနိုင်တော့ပေ။
ကျောက်ကွေ့ရှန်းက သူမတူလေး အလွန်လန့်နေပြီး အပြင်ပင်မထွက်ရဲ့တော့သည်ကို ကြည့်နေခဲ့ရသည်။ သူမ ဒေါသထွက်လွန်း၍ နည်းမျိုးစုံရှာကြံလေတော့သည်။
"ငါသူတို့ကို တရားသူကြီးရှေ့ကိုပို့ချင်တယ်..."
သူမ ကျောက်ကွေ့လျန်ကိုခေါ်ကာ စွန်းအိုက်ဖန်းကိုသွားရှာခဲ့သည်။
"ရှင်ဘာလို့ ဒီလောက်အထိ အသုံးမကျရတာလဲ... အနိုင်ကျင့်လည်းခံရသေးတယ် ရေငုံနှုတ်ပိတ်နေပြီး ဘာမှမပြောဘူး... သွားဌာနခွဲ အတွင်းရေးမှူးဆီသွားပြီး တိုင်ကြားချေ...."
"အချိန်ဖြုန်းမနေနဲ့တော့... ပါတီအတွင်းရေမှူးက ဂရုစိုက်မှာမပါဘူး..."
စွန်းအိုက်ဖန်းက မလုပ်ရဲပါချေ။ ပါတီအတွင်းရေးမှူးနှင့် ခေါင်းဆောင်ဟန်တို့မိသားစုက အလွန်ရင်းနှီးလှပြီး ဘောင်းဘီတစ်ထည်တည်းကိုပင် အတူတူဝတ်လုနီးနီးပင်။ ထို့ကြောင့် တစ်ဖက်လူဘက်တွင် နေပေးမည်က သိသာလှသည်။
"ရှင်ဘာလို့ အသုံးမကျရတာလဲ... ဌာနခွဲအတွင်းရေးမှူးဆီ သွားသွား ဌာနချုပ်ကိုသွားသွား.. ဘယ်ကိုသွားသွားဂရုမစိုက်ဘူး... ကျွန်မမှာ သက်သေတွေရှိနေရင် သူတို့ဂရုမစိုက်ဘဲ နေရဲမှာတဲ့လား...."
ကျောက်ကွေ့ရှန်းက သူ၏ဆင်ခြင်နိုင်စွမ်းအားလုံး ပျောက်သွားလေသည်။
"ရှင်ရဲ့ အဘိုးကြီးလျှိုကရော သေလူမလို့လား...."
"
စွန်းအိုက်ဖန်း၏ ယောက္ခမဖြစ်သူ အဘွားဝူက ပြေးထွက်လာသည်။
"နင်ဘာလို့ ဒီလိုပြောရတာလဲ..."
ကျောက်ကွေ့ရှန်း: "ကျွန်မဘာလို့ပြောရတာလဲ... ကျွန်မရှင်တို့ကောင်းကျိုးအတွက် အခုလိုလုပ်နေရတာ... ကျွန်မတို့ကလေးတွေမှာ အရမ်းကြောက်ပြီး အခုထိခံစားနေရတုန်းပဲမဟုတ်ဘူးလား..."
အဘွားဝူက ယန်ယန်၏အဖွားဖြစ်ပြီး သူမ၏နေ့ရက်များကို ပုံမှန်လိုသာဖြတ်သန်းသူဖြစ်သည်။ သူမက သမီးမိန်းကလေးများထက် သားယောက်ျားလေးများကို ပိုသဘောကျသူဖြစ်လေရာ သူမ၏ မြေးလေးများကို ကောင်းကောင်းဆက်ဆံပြီး မြေးမလေးများကိုမူ ဆိုးရွားစွာဆက်ဆံလေသည်။ သူမက သာမန်အဘွားကြီးတစ်ယောက်ဖြစ်ကာ သူမ၏အသိုက်အမြုံတွင်နေရင်းအဆင်ပြေနေသည်ဖြစ်ရာ အပြင်ထွက်ရန်လည်း ယုံကြည်ချက်မရှိပေ။ ယခုတွင် ကျောက်ကွေ့ရှန်းက ဦးဆောင်လာပြီဖြစ်၍ သူမ၏မြေးလေးအတွက် ရှေ့ထွက်ကာ ထောက်ပံ့ပေးရမည်ဖြစ်သည်။
"ငါ့အိမ်ကတဝေ့က အရမ်းကိုကြောက်နေတာ... တစ်ညလုံးစောင့်ကြည့်ပေးနေတာတောင် ညလယ်ခေါင်ဆို အလန့်တကြားနိူးလာနေတုန်းပဲ...ယခုဆိုရ် ဘောင်းဘီထဲမှာတောင် ဆီးထွက်ကျနေပြီလေ... သူ့မှာ တဝမ်ကို ဓားထောင်ပေါင်းများစွာလွယ်ထားတဲ့ နတ်ဆိုးဘုရင်တစ်ပါးလို့ကိုမြင်နေတာ..."
ဤသို့ဆက်ဖြစ်နေပါက ဤကလေးက သေချာပေါက်စွန့်ပစ်ခံရပေတော့မည်။
သို့သော် သူမ၏သားနှစ်ယောက်က သူတို့၏ကိုယ်ပိုင်မိသားစုများအတွက် တွက်ချက်နေကြပြီး သူတို့၏မိဘများကိုပင် သူတို့၏ဇနီးမယား သားသမီးများရှေ့၌ ဩဇာပြကာ လှောင်ပြောင်ရယ်မောနေလေ့ရှိသည်။
သူတို့အပေါ်ကို လုံးဝမှီခို၍မရပါချေ။
ယောက်ျားများ အလုပ်သွားချိန်တွင် ကျောက်ကွေ့ရှန်းက ကျောက်ကွေ့လျန်ကိုခေါ်ကာ စွန်းအိုက်ဖန်း၊ အဘွားဝူနှင့် သူမ၏အခြားသော ချွေးမတစ်ယောက်ကိုပါ ခေါ်သွားခဲ့သည်။
ယန်ယန်အမေဖြစ်သူ ဝူခိုင်းရှန်က တုန့်ဆိုင်းကာ ထွက်သွားရန်ငြင်းဆိုလေသည်။
အဘွားဝူက သူမကိုဆူလေသည်။
"နင့်ရဲ့တူကဖြင့် တခြားသူဆီကအရိုက်ခံလာရတာလေ... ဒါကိုတောင်နင်က မသွားချင်ဘူးတဲ့လား...."
ယန်ယန်အမေက သူမ မလိုက်ချင်ကြောင်းပြောသော်လည်း အဘွားဝူကမူ အော်ဟစ်ဆဲဆိုလေပြီး နောက်ဆုံး၌ ရန်ဖြစ်စကားများတော့သည်။ ရွာဘက်မှ ရန်ပွဲများမှာ ဤသို့သာဖြစ်ပြီး အသာစီးရအောင် ပြောဆိုအော်ဟစ်ကြပြီး နိုင်သွားသူကဦးဆောင်သည်ကို ကျန်သူကလိုက်ရသည်။
ယန်ယန်က သတင်းကြားသည်နှင့် အပြေးပြန်လာကာ သူ့မ အမေကိုဆွဲသည်။
"အမေ... သွားလို့မဖြစ်ဘူးနော်...."
ကျောက်ကွေ့ရှန်း: "အိုး... အရမ်းကိုစာတတ်နေတဲ့ကျောင်းသူကြီးပဲ... နင့်လို ကျောင်းသူကြီးကိုထားခဲ့ပြီး တဝမ်ကိုသွားရှာရမှာမလို့ မအားသေးဘူးသိလား..."
ယန်ယန်က အလွန်ရှက်သွားသည်။
"ရှင်... ဘာတွေပြောနေတာလဲ... ဒါတွေအကုန်လုံးက သမီးမောင်တွေမှားတယ်ဆိုတာအသိအသာကြီးလေ... ဒါကိုပြဿနာသွားရှာဦးမယ်ဆိုတော့ မဖြစ်...."
အဘွားဝူက သူမ၏မြေးမကို ဖြန်းကနဲနေအောင် ပါးချလိုက်သည်။
"ဘာကိုမဖြစ်တာလဲ... သောက်ကောင်မ နင်အာခံချင်နေတာလား...."
အဘွားဝူက ကျောက်ကွေ့ရှန်း၏ အရှေ့တွင်မျက်နှာ မပျက်ချင်ပေ။
ယန်ယန်က အရိုက်ခံရပြီး ငိုကြွေးနေလေသည်။
ချိုက်ဟွားက အပြေးလာပြီး ယန်ယန်ကိုဆွဲထုတ်ကာ ပုန်းအောင်းရင်း တီးတိုးပြောလေသည်။
"နင်ရူးနေတာလား... လူကောင်းလုပ်မယ်ဆိုရင်လည်း အခြားသူတွေပါပြောပြမှပေါ့... ကိုယ့်ကိုယ်ကိုယ် အရိုက်ခံရအောင်လုပ်ရလား...."
သို့သော် ယန်ယန်က ဘာကိုမှမစဉ်းစားနိုင်ပဲ ငိုသာငိုနေသည်။
"ဒါ ငါ့မောင်အမှားဆိုတာအသိအသာကြီးလေ... ဒါကိုတောင် သူတို့က တခြားလူကိုပြဿနာရှာချင်သေးတာ... အရမ်းရှက်ဖို့ကောင်းတာပဲ...."
"နင်သူတို့ကို ဂရုစိုက်နေသေးရင်တော့ရှက်မှာပဲ... လွှတ်ထားလိုက်စန်းပါ...နင့် အဘွားနဲ့ နင့်မောင်နဲ့ခံလာရရင် ပိုကောင်းတာမဟုတ်ဘူးလား...."
ချိုက်ဟွားက သူ့ကိုပြောပြလေသည်။
ယန်ယန်ကမူ စိတ်မလျော့နိုင်သေးပေ။
ချိုက်ဟွားကပြောသည်။
"တဝမ်ကိုသူတို့က အနိုင်ကျင့်ဖို့လွယ်မယ်ထင်လို့လား... ပြီးတော့ နင်က အသက်၁၅ပဲရှိသေးတာကို ရှင်းဖူရဲ့မိန်းမလုပ်ချင်နေလို့လား..."
ယန်ယန်က ခေါင်းခါလိုက်သည်။
"ဟင့်အင်း..."
"ဒါဆိုပြီးပြီလေ...ငါ့စကားနားထောင်စမ်းပါ... ငါကနင်ကောင်းဖို့ပြောနေတာ... တဝေ့နဲ့ ရှင်းဖူက ဟန်မိသားစုကိုစော်ကားမိသွားပြီ... ဒါကလည်းကောင်းတဲ့အရာလုံးဝမဟုတ်ဘူး... သူတို့ကအနာဂတ်မှာသေချာပေါက် ကံကောင်းမှာမဟုတ်တော့ဘူး... နင်ကောင်းကောင်းပြင်ဆင်ထားသင့်တယ်..."
ယန်ယန်က သေချာတွေးလိုက်သော်လည်း ကောင်းသည်ဟုမထင်သေးပေ။ သို့သော် မိုင်စွေ့ဆီ တိတ်တိတ်လေးသွား၍သတင်းပေးချင်နေသေးသည်။
Xxxxx
Part 396
ချိုက်ဟွားက သူမဆိုလိုသည်ကိုနားလည်၍ အပြုံးလေးဖြင့်ပြောလိုက်သည်။
"အမှန်ပဲ... နင်ဘယ်ဘက်ကလဲဆိုတာ လူတွေကိုသိအောင်လုပ်ပြရမယ်... လုပ်စမ်းပါ သွားမယ် သွားကြမယ်..."
ဤသို့ဖြင့် ယန်ယန်က မိုင်စွေ့ကိုသတင်းလာပေးသည့် မြင်ကွင်းဖြစ်ပေါ်လာရသည်။
ကျောက်ကွေ့ရှန်းက အမျိုးသမီးတစ်အုပ်ကိုဦးဆောင်ကာ ပြဿနာရှာရန်ထွက်လာသည်။ သူတို့က လျှိုကွေ့ဖာကိုလည်းမယုံ၍ အတွင်းရေးမှူးနှင့် ခေါင်းဆောင်တို့ကိုသာ သွားရှာကြသည်။
သို့သော် ထိုအချိန်တွင် သူတို့အားလုံးက အလုပ်ရှုပ်နေကြသည်။ ဟန်ရုံဖန်က အတွင်းရေးလက်ထောက်ဖြစ်ပြီး အပြင်၌ အလုပ်သွားမလုပ်သော်လည်း သူ့တွင် ထိုလူတစ်အုပ်ကို ဖျော်ဖြေရန်မည်သို့ အချိန်ရှိမည်နည်း။
ကျောက်ကွေ့ရှန်း၏ ဒေါသတကြီးပုံကြီးကိုကြည့်ပြီး ဟန်ရုံဖန်က မျက်မှောင်ကြုတ်ကာ စိတ်မကြည်စွာပြောလိုက်သည်။
"အလုပ်ကိစ္စပေါ်လာလို့သွားဦးမယ်..."
ကျောက်ကွေ့ရှန်းက လင်းလန်အကြောင်းလာတိုင်ရန် အလွန်ကြိုးစားခဲ့သော်လည်း ဤသို့ဖြင့် ရုတ်တရက်ကြီး အထားခံခဲ့ရလေသည်။
ခေါင်းဆောင်ကလည်း မျက်နှာတည်တည်ဖြင့်ပြောလေသည်။
"ငါ လယ်လုပ်နေတုန်းတော့ တခြားအလုပ် မလုပ်နိုင်သေးဘူး... ငါအားမှပြောကြတာပေါ့,.."
ဟန်ရုံဖန်က သူတို့ကိုကြည့်လိုက်သည်။
"နင်တို့က ဘယ်ထုတ်လုပ်ရေးအဖွဲ့ကလဲ... အဖွဲ့ခေါင်းဆောင်သေနေလား... နင်တို့အလုပ်တွေပြီးပြီမလို့လား... ကောက်ပဲသီးနှံတွေစိုက်ပျိုးဖို့ နှေးဖင့်နေရင် ငါ့ကိုအပိုပေးရမယ်မှတ်..."
ကျောက်ကွေ့ရှန်းက ဟန်ရုံဖန်သူမကို လျစ်လျူရှုထားချိန်တွင် အဆုတ်အပြည့် လေရှိုက်သွင်းလိုက်သည်။ သူမ ထိုင်ချကာ စတင်၍သီချင်းဆိုလေတော့သည်။
"ရှန်ရွေ့ရွာရဲ့ ကျောင်းတော်က လူဆိုးတွေကြောင့် ဒုက္ခရောက်နေရပြီ... အရာရှိတွေဘက်က ကာကွယ်ပေးဖို့က မကောင်းလေဘူးလား...."
သူမ၏ သီဆိုသံက ကမ္မည်းတိုင်ရှေ့တွင် ဧယင်ကျူးနေသလိုဖြစ်လေကာ ဝန်ထမ်းများအားလုံးက ခေါင်းထဲတွင် ဗုံးပေါက်သလို ထိတ်လန့်သွားကြသ်ု။
ဟန်ရုံဖန်က လုံးဝဒေါသထွက်သွားခဲ့သည်။ သူ ခေါင်းဆောင်၏ခါးမှ တုတ်ကိုယူကာ ကျောက်ကွေ့ရှန်းဆီပြေးဝင်သွားလေသည်။
ကျောက်ကွေ့ရှန်းက ၎င်းကိုမြင်သည်နှင့် အော်ဟစ်ကာပြေးထွက်သွားလေသည်။
"ဌာနခွဲအတွင်းရေးမှူး လူရိုက်နေပါတယ်.... လူရိုက်နေပါတယ်...."
ခေါင်းဆောင်က ဟန်ရုံဖန်ကို အမြန်တားလိုက်ရသည်။
သူက ဌာနခွဲအတွင်းရေးမှူးနှင့် နှစ်ပေါင်းများစွာပေါင်းလာသည်ဖြစ်၍ သူ၏ ဒေါသကိုနားလည်သည်။ ဟန်ရုံဖန်က ဒေါသကြီးသော်လည်း တပါးသူကို ဘယ်သောအခါမှ မထိခိုက်စေသလို မကောင်းကြံခြင်းလည်းမရှိပေ။ ငွေရပေါက်လွယ်သောအလုပ်ဖြစ်သော်လည်း အမြဲတမ်းလိုလို ရိုးသားကြိုးစားကာ ပျင်းရိခြင်းမရှိချေ။ သို့သော် ဒေါသကြီးသည်က ဒေါသကြီးသည်သာဖြစ်လေရာ စည်းကမ်းဖောက်သည့် မည်သူ့ကိုမဆိုသက်ညှာပေးလေ့မရှိသည်ကို သူ၏ဆွေမျိုးခြောက်ယောက်က မေ့လျော့နေပုံပင်။
ရွာ၏ စည်းကမ်းတွင် သီးနှံ စိုက်ပျိုးချိန်ရောက်ချိန်တွင် အိမ်တိုင်းက စတင်စိုက်ပျိုးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောက်ပဲသီးနှံတို့ကို မစိုက်ပျိုးနိုင်လျှင် အထွက်နှုန်းလျော့ကျမည်ဖြစ်ပြီး လူတိုင်းဗိုက်ဆာကြရပေလိမ့်မည်။
အခုတွင် ဤတစ်ကိုယ်ကောင်းဆန်သောလူအုပ်စုက စုပေါင်းအလုပ်တာဝန်ကိုမလုပ်ဆောင်ချင်ပဲ ပြဿနာရှာရန်ပြင်နေကြသည်။
ထိုသူများက ဤသို့ပြဿနာရှာနေလျှင် တစ်ရွာလုံး စိုက်ပျိုးချိန်နောက်ကျသွားနိုင်သည်။ အချိန်ရောက်လာ၍ တစ်ရွာလုံး အစားအစာမလောက်ငှ၍ ဗိုက်ဆာရလျှင် မည်သို့လုပ်ရမည်နည်း။
ထို့ကြောင့် ဟန်ရုံဖန်က ဤပြဿနာလူတစ်အုပ်ကို ရွံရှာပြီး ချက်ချင်းပင် သတ်ပစ်ချင်နေသည်။
နောက်ဆုံးတွင် ဟန်ချင်စုန့်က သတင်းကြားပြီး အပြေးလာကာ ဟန်ရုံဖန်ကို ဒေါသမထွက်ရန်ပြောလေသည်။
"ဒေါသထွက်ဖို့မလိုပါဘူး... ပြည်သူ့လုံခြုံရေးဗျူရိုက လူတစ်ယောက် လွှတ်လိုက်ပါ့မယ်...."
ကျောက်ကွေ့ရှန်းက အော်ဟစ်လာသည်။
"ဘာကို ပြည်သူ့လုံခြုံရေးဗျူရိုလဲ... အကုန်လုံးကနင့်ကိုကာကွယ်ပေးကြမှာမလား... ဟန်ချင်းယွမ်လည်း နင်ပြောတာနားထောင်တယ်... လော့ခိုင်ချန်းလည်း နားထောင်တယ်... နင့်စကားကိုနားမထောင်တဲ့လူ ဘယ်သူများရှိလိုပလဲ...."
ဟန်ချင်စုန့်က သူမကိုကြည့်ပင်မကြည့်ဘဲ အေးစက်စက်ပြောလိုက်သည်။
"ကျုပ်က ဒါကို ကလေးတွေအချင်းချင်းစနောက်တယ်ပဲတွေးခဲ့တာ... ကိုယ့်ကလေးကိုယ် ပြန်ဆုံးမရင်ပြီးပြီပေါ့... ဒါပေမဲ့ ခင်ဗျားတို့က အခုလိုပြဿနာလုပ်မှတော့ ဒီကိစ္စကဒီလောက်ရိုးရှင်းမယ်လို့မထင်မိဘူး... ညကြ အလုပ်ပြီးတဲ့အချိန် အဖွဲ့အစည်းအဝေးလုပ်ကြတာပေါ့...."
ဟန်ချင်စုန့်ပြောသည်ကိုကြားသည်နှင့် ဟန်ရုံဖန်ကနှာမှုတ်လိုက်သည်။
"အလုပ်ပြီးရင် လူတိုင်းမြန်မြန်စားသောက်ကြ... ခုနစ်နာရီခွဲမှာ အစည်းအဝေးရှိမယ်..."
ထိုသို့ပြောပြီးနောက် ဒေါသတကြီးထွက်သွားလေသည်။
ကျောက်ကွေ့ရှန်းနှင့် အခြားလူများက ဟန်ချင်စုန့်ပြောသည်ကိုကြားသည်နှင့် အပျော်လုံးဆို့သွားကြကာ ဟန်ချင်စုန့်ကို ပြဿနာများပေးနိုင်ပြီဟုတွေးနေကြသည်။ ခေါင်းဆောင်ကိုယ်တိုင်ပင် အရိုက်ခံရနိုင်လောက်သည်။
ဟန်ရုံဖန်က ဘာမှမသိသလိုဟန်ဆောင်ကာ သူ့သား ဟန်ချင်းပေါင်ကို ဂရုမစိုက်ရန်ပင်ပြောလိုက်သေးသည်။
လင်းလန်က သူမအလုပ်မဆင်းမီတွင် မိုင်စွေ့ကို စန်းဝမ်နှင့်ရှောင်ဝမ်တို့ကို အိမ်ပြန်ခေါ်သွားခိုင်းပြီး ပေါက်စီဖြူများနွှေးကာ အသီးအရွက်အချဉ်တို့ပါပြင်ထားခိုင်းလိုက်သည်။ ဤနည်းဖြင့် အခြားလူများ အိမ်ပြန်ရောက်ချိန်တွင် ခုနစ်နာရီ ရှစ်နာရီအထိ ထမင်းစားရန်စောင့်စရာမလိုတော့ပေ။
လင်းလန်က ဤနေ့များတွင် အတော်လေးစိတ်ကြည်နေသည်။ သူမအလုပ်မှပင်ပန်းသော်လည်း ဝါဒဖြန့်အဖွဲ့မှ အလုပ်ရမှတ်များရကာ အစားအသောက်များပင်ရသေးသည်။ ဟန်ချင်စုန့်ကလည်း လစာအပြည့်နှင့် အလုပ်ရမှတ်များဖြင့် ပြန်လာ၍ ကလေးငါးယောက်လုံးကို ဖူလုံအောင်ကျွေးမွေးနိုင်နေလေပြီ။
အချိန်ရောက်လာသောအခါတွင် လင်းလန်နှင့် ဟန်ချင်စုန့်က ကလေးများကိုခေါ်ပြီး ရွာ၏အစည်းအဝေးခန်းမကိုသွားလိုက်သည်။ သူတို့ကြည့်ရသည်မှာ ယောက်ျားလေးအဖွဲ့အတိုင်းပင်။
သူမက မိုင်စွေ့ကို ရှောင်ဝမ်နှင့် အိမ်တွင်အိပ်နေစေချင်ခဲ့သည်။ ရှောင်ဝမ်က ကလေးလေးသာရှိသေးပြီး ရှစ်နာရီထိုးသည်နှင့် အိပ်လေ့ရှိလေရာ သူလေး၏အိပ်ချိန်ကို နောက်မဆုတ်ချင်ပေသည်။
သို့သော် ရှောင်ဝမ်က သူ့တတိအစ်ကိုပြောသည့် "အတူတူသွားတိုက်ခိုက်ကြမယ်..."ဟူသော စကားကိုကြားပြီး လိုက်မည်ဟုသာပြောနေလေသည်။ သူ့ရင်ထဲတွင် သွေးများဆူပွက့်လာသလိုခံစားလိုက်ရပြီး ဘာကြောင့်လည်း နားမလည်သော်လည်း သူ့မိဘများနှင့်အတူလိုက်ချင်နေသည်။
စန်းဝမ်က သူ၏လက်ကလေးကိုကိုင်လိုက်ပြီး သူ့ရှေ့မှလျောက်ကာပြောလေသည်။
"အချစ်ကလေးရင်ထဲ ဘာတွေများရှိနေလဲ..."
သူသေချာလိုက်မှတ်သော်လည်း ဇာတ်လမ်းတွဲများထဲမှ ထိုစကားငါးလုံးကလွဲ၍ ထပ်မမှတ်နိုင်ပေ။
ရှောင်ဝမ်က ရယ်မောလေသည်။
သူတို့အားလုံး စိတ်မလှုပ်ရှားကြပေ။
သူတို့ ကျေးရွာအစည်းအဝေးခန်းသို့ရောက်သောအခါ ကျောက်ကွေ့ရှန်းနှင့် အခြားလူများကရောက်နေကြပြီဖြစ်သည်။
သူမကသရော်လေသည်။
"အရာရှိဖြစ်ရတာအရမ်းကောင်းတာပဲ... လူတွေအများကြီး ကိုယ့်ကိုစောင့်နေရတာတောင် မျက်နှာတစ်ချက်မပျက်ဘူး..."
လင်းလန်: "ငါအရင်နှစ်က နာရီဝယ်ထားတယ်..."
ကျောက်ကွေ့ရှန်း: "နင်ဘာပြောတာ"....
လင်းလန်က ပြုံးပြီးပြောလိုက်သည်။
"ငါပြောချင်တာ နင်ဘယ်အချိန်လဲမသိဘူးဆိုတာ အဓိပ္ပါယ်ရှိတယ်ဆိုတာကိုပဲ...."
သူမ သူမ၏လက်ကောက်ဝတ်ကိုမြှောက်ကာ အမူအရာပြလိုက်သည်။ ၎င်းက ဟန်ကျင်းယု၏လက်မှ ယူလာခဲ့ခြင်းဖြစ်ပြီး အတော်လေးကျေနပ်သလိုခံစားနေရသည်။
ကျောက်ကွေ့လျန်နှင့် အဘွားကြီးဝူတို့က ပြောပြီးရင်းပြောရင်း စကားများနေသည်မှာ ဈေးထဲရှိ ဘဲများလိုပင်။
ပညာမတတ်သလို ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိရမည်မှန်း မသိသောလူများကဤသို့သာဖြစ်သည်။ သူတို့က အဆင့်အတန်းနိမ့်ကျသော်လည်း တစ်ဖက်လူ၏ပျော့ကွက်ကိုတွေ့သည်နှင့် အဆက်မပြတ်နင်းချေပြီး တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ် ဖိနှိပ်ကြလေသည်။
Xxxxxx