Part 397
ပညာမတတ်သလို ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိရမည်မှန်း မသိသောလူများကဤသို့သာဖြစ်သည်။ သူတို့က အဆင့်အတန်းနိမ့်ကျသော်လည်း တစ်ဖက်လူ၏ပျော့ကွက်ကိုတွေ့သည်နှင့် အဆက်မပြတ်နင်းချေပြီး တစ်ဖက်နှင့်တစ်ဖက် အဆက်မပြတ် ဖိနှိပ်ကြလေသည်။
သို့သော် ဟန်ရုံဖန်ရော ဟန်ချင်းဖန်ပါပေါ်မလာခဲ့ပေ။ လင်းလန်က သူတို့၏ ယောက္ခမကိုတမင် ပြဿနာရှာခိုင်းသည်လားဟုပင် တွေးလိုက်မိသည်။
ဘယ်လိုတောင် စွန့်ပစ်လိုက်တဲ့အပြုအမူကြီးလဲ....
မကြာမီတွင် ဟန်ရုံဖန်နှင့် ခေါင်းဆောင်က အချိန်မှန်ရောက်လာပြီး ဟန်ချင်းယွမ်နှင့် လျှိုကွေ့ဖာ အပါအဝင်ကလေးတစ်အုပ်ပါခေါ်လာခဲ့သည်။ ထိုကလေးများတွင် ရှင်းဖူနှင့် တဝေ့ပါပါလာသည်။
တဝမ်က သူတို့ကိုတစ်ချက်သာကြည့်လိုက်သည်။
"အား............"
ရှင်းဖူကအော်လေပြီး မြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ငါ့ကိုမကန်ပါနဲ့...."
တဝေ့ကလည်း လူကြီးများနောက်တွင်ပုန်းကာတုန်ရီနေလေသည်။
"တဝမ်...."
ဟန်ရုံဖန်ကအေးစက်စွာပြောလိုက်သည်။
"ငါ့မှာ ဖြုန်းစရာအချိန်မရှိဘူး... ပြောစရာရှိတာပြော မေးစရာရှိတာမေးကြ...."
သူ ၇နှစ်မှ ၉နှစ်အထိရှိသော ကလေးငါးယောက်က်ုကြည့်လိုက်ပြီး တဝေ့ရှင်းဖူနှင့် စန်းဝမ်ရှောင်ဝမ်ကိုပါကြည့်လိုက်သည်။
"အဲ့နေ့ကဘာဖြစ်ခဲ့လဲ ငါ့ကိုပြောပြကြ...."
ခေါင်းဆောင်က အော်လိုက်သည်။
လင်းလန်က စန်းဝမ်နှင့်ရှောင်ဝမ်တို့ကို ထိုနေ့ကဘာဖြစ်ခဲ့လဲ ပြောရန်လက်တို့လိုက်သည်။ သူမက လူကြီးများကိုပင် ဦးဆောင်ပြီး တာဝန်ခွဲပေးနိုင်သူဖြစ်ရာ ကလေးတစ်အုပ်ကို ဦးဆောင်ပေးရန်မှာလွယ်လှပေသည်။
စန်းဝမ်နှင့်ရှောင်ဝမ်တို့က မှတ်ဉာဏ်ကောင်းကြသည်။ သူတို့က ထိုနေ့နှင့်ပတ်သတ်ပြီး ပြတ်ပြတ်သားသားမှတ်မိလေသည်။ အခြားကလေးများက မေ့သွားသည်ဖြစ်စေ မှားပြောမိသည်ဖြစ်စေ သူတို့ကချက်ချင်းထောက်ပေးနိုင်သည်။
ကျောက်ကွေ့ရှန်းက အော်လေသည်။
"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့...."
လင်းလန်: "နင်အဲ့ဒီ့အချိန်တုန်းကရှိခဲ့လို့လား... ပါးစပ်ပိတ်ထားစမ်းပါ...."
ကျောက်ကွေ့ရှန်းက အလွန်ရှက်သွားပြီး ဒေါသလည်းထွက်သွားရာ မျက်နှာမှာ ပေါက်ကွဲလုမတတ်မဲမှောင်နေလေသည်။
ကလေးများက သရုပ်ဖော်ပြနေပြီး စန်းဝမ်ရေထဲခုန်ချသည်နှင့်အဆုံးသတ်သွားသည်။ တဝေ့နှင့် ရှင်းဖူတို့က ကမ်းပါးတွင် ဝမ်းသာအားရ ရပ်နေပြီး အခြားလူများက လှောင်ပြောင်ရယ်မောနေကြလေသည်။
ရှင်းဖူနှင့် တဝေ့တို့က ပိုမိုပြင်းထန်စွာတုန်ယင်လာသည်။ အစက သူတို့က တဝမ်ထံမှ ခြောက်လှန့်ခံရရုံသာဖြစ်သော်လည်း ယခုတွင် လူရှေ့၌ လှောင်ပြောင်ခံရပေတော့မည်။
လင်းလန်က ထို့နှစ်ယောက်၏သနားစဖွယ်သွင်ပြင်ကိုကြည့်ပြီး တောင့်တောင့်ကြီးရပ်နေသည်ကို သတိထားမိလိုက်သည်။ ထိုမိဘများက ကလေးများကို မည်သို့နှစ်သိမ့်ရမလဲမသိသည့်အပြင် လူရှေ့၌ပင်အရှက်ခွဲနေကြသေးသည်။
ကျောက်ကွေ့ရှန်းက ချက်ချင်းအော်လာသည်။
"နင်တို့ဘာများပြောချင်သေးတာလဲ... စန်းဝမ်ကသူ့ဘာသူခုန်ချသွားတာလေ... ဒါကိုကြဘာမှမပြောကြဘူး... တဝမ်က ကြ ငါတို့ကလေးတွေကို ရေထဲကန်ချခဲ့တာလေ... ငါတို့ကလေးတွေဘယ်လောက်ကြောက်နေလဲ မမြင်ဘူးလား... ဒါအရမ်းကောင်းနေလို့လား...."
သူမက ရှင်းဖူကို ဆွဲပြီးပြလာသည်။
ရှင်းဖူက သူ့ကိုယ်သူလူအုပ်ထဲမှပျောက်ကွယ်သွားစေရန်ပင် မျှော်လင့်နေမိသည်။
အထူးသဖြင့် တဝမ်ကတစ်ဖက်တွင်ရပ်နေပြီး သူ့ကိုစူးစိုက်ကြည့်နေသည်မှာ သူ့ခေါင်းကိုသေနတ်ဖြင့်ချိန်ထားပြီး ခြိမ်းခြောက်နေသလိုခံစားနေရသည်။ ၎င်းက ရှင်းဖူကိုပို၍ကြောက်လန့်လာစေသည်။
လင်းလန်ကပြောသည်။
"တဝမ်က ရှင်းဖူကိုရေထဲကန်ချတယ်ဆိုတာ သူက သူပြောသလိုရေထဲမှမဆင်းခဲ့တာ...နင်ကဘာလို့ ပြဿနာရှာချင်နေသေးတာလဲ..."
ကျောက်ကွေ့ရှန်း: "ငါဘာလုပ်နေလဲဟုတ်လား... နင့်ကလေးတွေကိုကြည့်စမ်း သူတို့ကြောက်နေတာများမြင်မိလား..."
လင်းလန်က ချက်ချင်းဒေါသထွက်လာတော့သည်။
"နင်က နင့်ကလေးတွေကြောက်တာကိုပဲမြင်တယ် ငါ့ကလေးတွေကိုကြ မမြင်ဘူးလား... ငါတို့အိမ်က စန်းဝမ်မှာ ကြောက်လွန်းလို့ ရက်တွေအများကြီးကြာအောင်စကားမပြောနိုင်ဘူး... ကြောက်လွန်းလို့ အိမ်ကတောင်ထွက်ပြေးသွားသေးတယ်... ရှောင်ဝမ်ကိုရောကြည့်မလားအဖျားက ၄၀ဒီဂရီပါကျော်တယ်...."
"နင့်ကလေးတွေက အခုကောင်းသွားပြီမဟုတ်လား... ငါ့ကလေးတွေကအခုထိမကောင်းသေးဘူးလေ...."
"ငါ့ကလေးတွေက ကောင်းသွားမှာပေါ့... သူတို့က ကောင်းချီးပေးခံရပြီး၊ ယုံကြည်ချက်လည်းပြင်းထန်တော့ ကျန်းမာရေးကောင်းတာပေါ့... နင့်ကလေးတွေပြန်မကောင်းတာ နင်တို့က အဲ့လိုမှမရှိတာ...."
လင်းလန်က ခါးသက်စွာပြောလေသည်။
သူမက ကလေးများ၏ ပျော်ရွှင်နေသောမျက်နှာကိုကြည့်ပြီး ရယ်ပြုံးနေသော်လည်း သူမရင်ထဲတွင် သိမ်းထားရသော ဒေါသတို့က ပေါက်ကွဲလုမတတ်ဖြစ်နေလေသည်။ သူမက ကျောက်ကွေ့လျန်တို့ကို ဘာမှသွားမပြောခဲ့သော်လည်း သူတို့က အရင် ရန်လာစနေလေပြီ။
၎င်းက သူမ၏ဒေါသအိုးကို အပေါက်ဖောက်လိုက်သလိုပင်။
လင်းလန်ကအော်လိုက်သည်။
"ဆက်ပြောကြ... အခုထိမပြီးသေးဘူး...."
ထို့နောက်တွင် စန်းဝမ်က ရေထဲတွင်ရေကူးလေပြီး ကြွက်တက်လေရာ ရှောင်ဝမ်က သစ်ချောင်းကို ချက်ချင်းဆွဲလာပြီး မြစ်ကမ်းပါးဆီပြေးလာပြီး ကလေးအများစုက ကြောက်လန့်တကြား ထွက်ပြေးကြလေတော့သည်။
ကလေးများက ၎င်းကိုအပြီးဟုပြောလေသည်။(အဲ့နေရာမှာ ဇာတ်လမ်းပြီးပြီ)
အားဝမ်ကပြောသည်။
"ရှောင်ဝမ်က ရေထဲမှမဆင်းသေးတာ.. ဘယ်လိုလုပ်ပြီးရမှာလဲ.."
တစ်ယောက်ယောက်ကထပြောသည်။
"သူက လောင်စန်း ဆီဆင်းသွားတာမဟုတ်ဘူး.. ပြုတ်ကျသွားတာ.."
အားဝမ်: "ငါ့ညီလေးက အလိမ္မာဆုံးနဲ့ အသိတတ်ဆုံးပဲ... သူကို မဆင်းခိုင်းဘဲ ဆင်းလာမှာမဟုတ်ဘူး... အရူးတစ်ပိုင်းနဲ့ပြေးသွားတာမှမဟုတ်ရင် သူဘယ်လိုလုပ်ပြုတ်ကျသွားတာလဲ...."
သူအခြားလူများကိုကြည့်လိုက်ပြီး ရှောင်ဝမ်က စဉ်းစားနေသည့်ပုံဖြင့် မလှုပ်တော့ကြောင်းမြင်လိုက်၍မေးလိုက်သည်။
"ရှောင်ဝမ်... အဲ့နေ့က မင်းဘာလုပ်နေခဲ့တာလဲ..."
ရှောင်ဝမ်က ပဟေဠိ ဖြစ်နေပုံပင်။
"ဘယ်သူမှသားကိုလာမတွန်းဘူးလား.."
အရင်က သူကတွန်းချခံခဲ့ရသော်လည်း ယခုတွင် မည်သူကမှထိုအပိုင်းတွင် သရုပ်မပြလေ၍ သူ့အမူအရာမှာ တစ်စုံတစ်ယောက်လာတွန်းမည်ကို စောင့်နေသလိုဖြစ်ပြီး ထိုမှသာ သူရေထဲကျနိုင်မည်ဖြစ်သည်။
ဘာ...
လင်းလန် ချက်ချင်းဒေါသထွက်လာသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။ မူလက ရှောင်ဝမ်က သူ့အစ်ကိုကိုကယ်ရင်း မတော်တဆပြုတ်ကျခဲ့သည်ဟုသာ တွေးခဲ့သော်လည်း ယခုတွင် သူမ မထင်မှတ်ထားသလိုဖြစ်နေလေသည်။
သူမ သည်းမခံနိုင်တော့ဘဲ ချက်ချင်းကလေးများကို အေးစက်စွာပြောလိုက်သည်။
"ဘယ်သူ ငါ့ရှောင်ဝမ်ကိုတွန်းချတာလဲ... ကိုယ့်ဘာသာကိုယ်ဝန်ခံမလား ငါ့ဘာသာရှာရမလား...."
သူမ၏မျက်လုံးများက အေးစက်ကာ ထက်ရှနေပြီး ဓားသွားများထွက်လာတော့မလိုပင်။
အတိတ်တုန်းက သူမဒေါသထွက်သည်ဖြစ်စေ ရန်စကားဆိုသည်ဖြစ်စေ သူမ၏ပုံစံက ကြမ်းတမ်းသော်လည်း မျက်လုံးများက နူးညံ့နေပြီး ကလေးများနှင့်ဆုံရာတွင် ဒေါသထွက်သည့်အပိုင်းကို ပြရုံသာပြလေသည်။
ယခုအချိန်တွင် တစ်စုံတစ်ယောက်က ရှောင်ဝမ်ကိုတွန်းချခဲ့သည်ဟုကြာသည်နှင့် သူမက ချက်ချင်းကျားမတစ်ကောက်လိုဖြစ်လာကာ ကလေးတိုင်းကို မြစ်ထဲကန်ချရန်အဆင်သင့်ဖြစ်လေပြီ။
သူမ ကျောက်ကွေ့လျန်နှင့် ကျောက်ကွေ့ရှန်းတို့ကို ကြည့်နေသော အကြည့်များက ပိုမိုခက်ထန်လာပြီး ထိုနှစ်ယောက်ကို ဘယ်အချိန်မဆို ထသတ်တော့မလိုပင်။
Xxxxxx
Part 398
ယခုအချိန်တွင် တစ်စုံတစ်ယောက်က ရှောင်ဝမ်ကိုတွန်းချခဲ့သည်ဟုကြာသည်နှင့် သူမက ချက်ချင်းကျားမတစ်ကောက်လိုဖြစ်လာကာ ကလေးတိုင်းကို မြစ်ထဲကန်ချရန်အဆင်သင့်ဖြစ်လေပြီ။
သူမ ကျောက်ကွေ့လျန်နှင့် ကျောက်ကွေ့ရှန်းတို့ကို ကြညိ့နေသော အကြည့်များက ပိုမိုခက်ထန်လာပြီး ထိုနှစ်ယောက်ကို ဘယ်အချိန်မဆို ထသတ်တော့မလိုပင်။
ကျောက်ကွေ့ရှန်း: "သူဘာတွေပြောနေတာလဲ... ကလေးဖြစ်ပြီးလိမ်နေတာပဲ... သူ့ကိုဘာတွေသင်ပေးထားမှန်း ဘယ်သူသိမှာလဲ...."
ဟန်ချင်စုန့်၏မျက်လုံးများက ခက်ထန်လာကာ အေးစက်စွာပြောလိုက်သည်။
"ဦးလေး... မြစ်ကို ဓာတ်မီးအလင်းနဲ့သွားပြီး ကလေးတွေကိုထပ်သရုပ်ပြခိုင်းကြတာပေါ့..."
ရက်အနည်းငယ်ကြာနေပြီဖြစ်သော်လည်း ကိစ္စကအတော်ကြီး၍ ကလေးများက မမေ့နိုင်သေးဘဲ အိပ်မက်ဆိုးများပင်မက်ခဲ့ကြသေးသည်။
သူတို့မြစ်ကိုရောက်သည်နှင့် ဟန်ချင်စုန့်က ပြောလိုက်သည်။
မင်းတို့တွေအကုန်လုံးက ကလေးတွေပဲ... မင်းတို့တွေမကောင်းတာ လုပ်တဲ့အခါ မင်းတို့ကို ငါတို့ကဘာမှလုပ်လို့မရဘူး... ဒါပေမဲ့ မင်းတို့အဖေက မင်းတို့ကိုကောင်းကောင်းမသင်ပြဘူးလို့ သတ်မှတ်လို့ရတာကြောင့် သူတို့က မင်းတို့ရဲ့အမှားကိုတာဝန်ယူပေးရမယ်..."
ထိုသို့ပြောသည်ကိုကြားမှ ကလေးများက စိတ်ဖိစီးနေရာမှ သက်သာသွားပြီး အမှန်ကိုပြောနိုင်လေတော့သည်။
ဟန်ရုံဖန်က ဒေါသထွက်ထွက်ဖြင့်ပြောလိုက်သည်။
"ဘယ်သူ့ ကလေးကပဲ လုပ်ခဲ့လုပ်ခဲ့ သူ့အဖေက အချက်သုံးဆယ်အရိုက်ခံရမယ်...."
မင်းကပဲ ပြဿနာလုပ်ရတယ်ရှိသေးတယ်... ဒီလိုဆိုမှတော့ ဒီလောင်ဇစ်က ကောင်းကောင်းသင်ပေးရသေးတာပေါ့...
ထိုအချိန်တွင် ကလေးများ၏မိဘများက ပူပန်လာပြီး သူတို့ကလေးများက မလုပ်ရဲကြပါဟုပြောလာကြသည်။
ဓာတ်မီး၏အလင်းရောင်အောက်တွင် ကလေးများက ထိုနေ့ကအတိုင်း နေရာယူကြသည်။
သရုပ်ပြမှုအပြီးတွင် ရှောင်ဝမ်က သစ်ချောင်းအရှည်ကြီးကိုဆွဲသွားပြန်သည်။ သူက အခြားလူများကို ထိုးမိမည်စိုး၍ ဘေးဘက်ကိုကပ်၍လမ်းလျောက်လေသည်။
တဝေ့က ထိပ်ဆုံးကပြေးပြီး ရှင်းဖူကနောက်က လိုက်လေသည်။ ရှောင်ဝမ်က မြစ်ကမ်းပါးနားတွင် သေချာတွက်ချက်ရင်းရပ်နေသည်။
ထိုအချိန်တွင် ဟန်တန်အာတစ်ယောက် ထပြောသည်။
"တဝေ့... မင်းကအဲ့နားမှာမဟုတ်ဘူး ဟိုနားမှာ..."
ဟန်တန်အာက ရှောင်ဝမ်ဘေးကို လက်ညှိုးထိုးပြလိုက်သည်။
တဝေ့က ချက်ချင်းအော်လာသည်။
"အဓိပ္ပါယ်မရှိတာ ငါကထိပ်ဆုံးကသွားတာပါနော်.... ဒီလောက်ကျယ်တဲ့ မြစ်ကမ်းပါးကို ဘာလို့အဲ့နားကသွားရမှာလဲ...."
ရှောင်ဝမ်က လူများစွာပြေးသွားသည်ကိုမြင်၍ ဘေးဘက်ကပ်၍သွားခဲ့ခြင်းဖြစ်သော်လည်း တဝေ့က အဘယ်ကြောင့်သွားရသနည်း။
ဟန်တန်အာက ဒေါသထွက်ထွက်ဖြင့်ပြန်ပြောလေသည်။
"မင်းက အဲ့နားကသွားတာလေ... မင်းရဲ့ ခြင်းက ထိပ်ဆုံးမှာကို...."
တဝေ့က ထခုန်၍ ငြင်းခုန်လာသည်
"မင်းတွန်းချလိုက်တာ ငါမြင်လိုက်တယ်..."
တဝမ်က နှာမှုတ်လိုက်ပြီး သူ့အသံကအေးစက်နေသည်။
"အိုး.. တကယ်လား...."
တဝေ့က လဲကျသွားတော့သည်။
"ငါမဟုတ်ဘူး... ငါမဟုတ်ဘူး...."
လင်းလန်က နူးညံ့စွာမေးလိုက်သည်။
"ရှောင်ဝမ်... သားကိုဘယ်သူတွန်းလဲ မှတ်မိသေးလား...."
ရှောင်ဝမ်က ခေါင်းခါသည်။
"သားက တတိယအစ်ကိုကိုပဲကြည့်နေတာ...."
"သား ဒီကိုလမ်းလျှောက်လာတော့ တစ်ယောက်ယောက်က တွန်းလိုက်လို့ ရေထဲကျသွားတာပဲ...."
သူ ရေထဲကျသွားသယောင် သရုပ်ပြလိုက်သည်။
တဝေ့က အာခေါင်ခြစ်အော်လေသည်။
"အဓိပ္ပါယ်မရှိတာ... အဓပ္ပါယ်မရှိတာ... ငါမဟုတ်ဘူး...."
ရှင်းဖူက ရုတ်တရက်ထပြောတော့သည်။
"ငါ... ငါလည်း... သူတွန်းချလိုက်တာကိုမြင်လိုက်တယ်...."
တဝေ့က သူ့ကို ရိုက်ရန်ပြေးလာသည်။
"မျိုးမစစ်ကောင်... ငါကတော့မင်းကို ကူညီခဲ့ရတာ...."
နှစ်ယောက်သားက ငယ်စဉ်ကတည်းက ဆက်ဆံရေးကောင်းကြသည်။ ရှင်းဖူနှင့် တဝေ့ အချင်းချင်း ကူညီပေးကြလေ့ရှိပြီး သူက ရှင်းဖူကို တဝမ်နှင့်ရင်ဆိုင်နိုင်အောင် ကူညီပေးခဲ့သည်။ ချိုက်ဟွားက စန်းဝမ် မြက်သွားဖြတ်သည်ဟု ပြောတာကြားသည်နှင့် ရှင်းဖူကိုခေါ်ကာ လိုက်သွားခဲ့သည်။
ယခုတွင် ရှင်းဖူက သူ့ကိုသစ္စာဖောက်သွားလေပြီ။
"မင်းသူ့ကိုတွန်းလိုက်တာပဲ...."
အမှန်တရားထွက်ပေါ်လာလေပြီ။
ဟန်ချင်စုန့် အပြောကိုမစောင့်ဘဲ ဟန်ရုံဖန်က ဒေါသတကြီးရှေ့ထွက်လာသည်။
"မင်းတို့နှစ်ယောက်လုံး မလွတ်စေရဘူး... တစ်ယောက် အချက်သုံးဆယ်ပဲ...."
ရှင်းဖူ အော်လေသည်။
"သားကိုဘာလို့ရိုက်မှာလဲ... တဝေ့တွန်းချတာလေ... သားနဲ့ဘာဆိုင်လို့လဲ...."
"မင်းလည်း လာမပြောပြဘဲ အတူထွက်ပြေးခဲ့တော့ ရှောင်ဝမ်တွန်းချခံရတဲ့ကိစ္စမှာ မင်းတာဝန်လည်းပါသွားပြီ... မင်းတို့တစ်ယောက်ကို အချက်သုံးဆယ်အရိုက်ခံရမယ်... ငြင်းဆိုချင်တာရှိရင် မနက်ဖြန်မှဆက်ပြောကြတာပေါ့...."
ခေါင်းဆောင်လည်း ပြောလိုက်သည်။
"မင်းတို့ အလုပ်အားနေရင် တစ်နေ့လုံးပြဿနာရှာနိုင်တယ်... အရိုက်ခံရပြီးရင်တော့ ရိုးသားသွားတာပေါ့...."
သူက ဟန်ရုံဖန်ပြင်ပေးထားသော ကြိမ်လုံးကို အမြဲသယ်လာလေ့ရှိပြီး သူကမည်သူ့ကိုမှမရိုက်ဖူးပါချေ။ သို့သော် ဟန်ရုံဖန်က ကြိမ်လုံးနှင့်ကစားသည့်အချိန်နှင့် တစ်စုံတစ်ယောက်ကိုရိုက်ရာတွင် "ဝှစ်"ဟူသော အသံထွက်လာသည်ကို အလွန်လှပသည့်အသံဟုခံစားရလေသည်။
သူ၏ မကောင်းဆိုးဝါးအာရုံခံစားမှုလေးကို မည်သူ့ကိုမှတော့မပြောပြဖူးပါချေ။
ခေါင်းဆောင်ကအော်လိုက်သည်။
"လျှိုဝမ်ဟူ... ဟန်ချင်းဟယ်... မင်းတို့သားတွေအတွက် ကြိမ်ဒဏ်လာခံယူကြ...."
ဟန်ချင်းဟယ်က သူ့မိန်းမခေါ်ရာနောက်ကို တိတ်တိတ်လေးလိုက်လာခဲ့ပြီး ချောင်းကြည့်ရုံသာဖြစ်သော်လည်း လျှိုဝမ်ဟူကမူ အတူမလာရဲပါချေ။ သူ၏နေ့စဉ်ဘဝတွင် သူ့ညီကို အနိုင်ကျင့်ကာ သူ့ညီ၏ဇနီး၏မိသားစုမှ အခွင့်အရေးယူကာ ပြဿနာရှာလေ့ရှိသော်လည်း သူအရိုက်မခံရဲပါချေ။ သူ၏ပုံမှန်ပုံစံမှာ အပြင်ထွက်သည်နှင့် လူကောင်းပုံ ဖမ်းရန်သာဖြစ်သည်။
ရလဒ်အနေဖြင့်ဤလူကောင်းကြီးက သူ့သားအတွက်အရိုက်ခံရပေတော့မည်။
သူအော်ဟစ်လာလေသည်။
"ငါ့ကိုဘာလို့ရိုက်မှာလဲ... ငါဘာအမှားမှမလုပ်ဘူးလေ... အဲ့ကောင်စုတ်လေးလုပ်တာကို ငါကဘာဆိုင်လို့အရိုက်ခံရမှာလဲ...."
သူအရိုက်ခံရလျှင် သူအရိုက်ခံရသည့် အချက်အတိုင်း ထိုကောင်စုတ်လေးကို နှစ်ဆရိုက်မည်ဖြစ်သည်။
ဟန်ချင်းဟယ်ကလည်း သူအချက်သုံးဆယ်အရိုက်ခံမည်ကိုကြားသည်နှင့် ဟန်ချင်းပေါင်ဆီပြေးတော့သည်။
"အစ်ကို... ရှင်းဖူက အစ်ကိုတူလေးပါ... သူ့ကိုအရိုကိမခံချင်ရင် သူ့အတွက်တိုက်ခိုက်ပေးမှရမှာနော်... ကျွန်တော်ဘယ်လောက်တောင် ပိန်နေလဲကြည့်လိုက်ပါဦး... အစ်ကိုကြီးရယ် သူ့အတွက် နည်းနည်းလောက်သည်းခံပေးပါလား..."
ဟန်ချင်းပေါင်:"...."
"အစ်ကို... ငါအရိုက်မခံချင်ဘူး... ငါငယ်ငယ်ကတည်းက နာကျင်မှုကိုကြောက်တာ မင်းသိရဲ့သားနဲ့..."
ဟန်ချင်းဟယ်က အရိုက်မခံချင်ပေ။
ဟန်ချင်းပေါင်: "ဒါဆို ရှင်းဖူကိုအရိုက်ခံခိုင်းလေ...."
ဟန်ချင်းဟယ်က ခဏမျှကြောင်အသွားသည်။
"ဒါဆို သူသေမှာပေါ့...."
ဟန်ချင်းပေါင်: "ဟန်ချင်စုန့်နှင့်ဟန်ရုံဖန်က အဲ့ကလေးတွေကိုသတ်ချင်နေကြတာပဲလေ...."
ဟန်ချင်းဟယ် သေချာစဉ်းစားပြီး ၎င်းက အမှန်ဖြစ်ကြောင်းသိလိုက်သည်။ ဟန်ချင်စုန့်က အဖေကအရိုက်ခံရလျှင်ခံရ မဟုတ်လျှင် ခေါင်းကိုင်အဖေဟုပြောခဲ့သည်။
ဟန်ချင်းပေါင်: "ဒါအဆုံးသတ်တော့မဟုတ်သေးပါဘူး...."
ဟန်ချင်းဟယ်က နားလည်သွားပြီး သူ့ကိုချက်ချင်းကျေးဇူးတင်လိုက်သည်။
"မင်းက ပိုပြီးဉာဏ်ကောင်းတာပဲ...."
ဟန်ချင်းဟယ် မြစ်ဆီပြေးထွက်သွားသည်။
သူ့ကိုမြင်လိုက်သူများက အော်ကြလေသည်။
"ဟန်ချင်းဟယ် မင်းသားအတွက်လာအရိုက်ခံစမ်းပါ...."
ဟန်ချင်းဟယ် ခက်ထန်စွာပြောလိုက်သည်။
"လူတစ်ယောက်အမှားလုပ်တာကို အခြားလူက တာဝန်ယူပေးရမယ်လား.. ဒီလူအိုကြီးက မနက်ဖြန်အလုပ်သွားပြီး အလုပ်ရမှတ်တွေယူရဦးမှာ... ဘယ်လိုလုပ်အရိုက်ခံနိုင်မှာလဲ... ဒါအလုပ်ကိုနှေးဖင့်အောင်လုပ်တာပဲလေ...."
သူပြောလိုက်သည်နှင့် လျှိုဝမ်ဟူလည်း စိတ်အားတက်ကြွသွားကာ သူ့သားကိုသာအရိုက်ခံခိုင်းမည်ဟုပြောလာသည်။
မည်သို့ပင်ဆိုစေ ဟန်ရုံဖန်က သူတို့ကို သေအောင်မရိုက်နိုင်ပေ။ အချက်သုံးဆယ်ဆိုသည်မှာ အလွန်များပြားလှပေသည်။
Xxxxxx