အပိုင်း ၄၀၁-၄၀၂
Viewers 20k

Part 401


ချိုက်ဟွားနှင့် ယန်ယန်တို့ကလည်း လူအုပ်ထဲတွင်ကြည့်နေကြသည်။ သူမက ယန်ယန်ကိုထိလိုက်သည်။


"တွေ့လား... သူနင့်ကိုထပ်ပြီး အနိုင်မကျင့်ရဲတော့ဘူး..."


ယန်ယန်ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးပါဟာ...."


ကလေးများက ဇွန်လ၏ မိုးတိမ်များကို လွင့်ပျံသွားစေလုနီးနီးအော်ငိုနေကြသော်လည်း ဟန်ရုံဖန်ကဂရုမစိုက်ပေ။ ခေတ်သာကောင်းနေလျှင် အကုန်လုံး ဒီ့ထက်ပိုဆိုးကြမည်ဖြစ်သည်။


ရိုက်ပွဲကြီးပြီးနောက်တွင် လူတိုင်း အိမ်ပြန်ရန်ပြင်ကြသည်။


လင်းလန်က ကျောက်ကွေ့ရှန်းနှင့် စွန်းအိုက်ဖန်းကို တားလိုက်သည်။

"နေဦး...."


"ငါတို့ကလေးတွေလည်း အရိုက်ခံရပြီးလို့ သေမလိုဖြစ်နေပြီ... နင်ကဘာလုပ်ချင်သေးတာလဲ..."

ကျောက်ကွေ့လျန်နှင့် အဘွားဝူတို့က မျက်လုံးကျွတ်မတတ်ငိုကြွေးနေကြလေသည်။


လင်းလန်က အေးစက်စွာပြောလိုက်သည်။

"နင်တို့ကလေးတွေက ငါတို့စန်းဝမ်ကို လှည့်စားရုံမကဘူး ရှောင်ဝမ်ကိုပါ ရေထဲတွန်းချကြသေးတာ... ငါတို့ရှောင်ဝမ်အတွက် ဆေးဖိုးမပေးဘဲ ထွက်ပြေးဖို့မကြိုးစားနဲ့...."


လူကြီးများဆိုသည်မှာ ပိုက်ဆံမဆုံးရှုံးရလျှင် သင်ခန်းစာမရသူများဖြစ်သည်။


"ဘာပြောတယ်.... နင်ဘာလို့ ဒီလောက်တောင် အကျင့်မကောင်းရတာလဲ... ငါတို့ကလေးတွေကဖြင့် နင့်သားကန်ချတာခံရပြီးကတည်းက အခုထိပြန်မကောင်းသေးဘူး...."


မူလက သူတို့က လင်းလန်ကို တရားစွဲပြီး တဝမ်၏လုပ်ရပ်ကို လူသတ်ချင်သော လုပ်ရပ်ဟုဆိုရင်း ပိုက်ဆံဆုံးရှုံးအောင်လုပ်ချင်ခဲ့သည်။


သို့သော် လင်းလန်က သူတို့ကို ပိုက်ဆံတောင်းလာမည်ဟု မည်သူကထင်မည်နည်း။


လင်းလန်: "ငါတို့ရှောင်ဝမ်ရဲ့ ဆေးဖိုးဝါးခနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ယွမ်တစ်ရာလျော်ကြေးပေးရမယ်... မဟုတ်ရင် ကောင်တီကိုသွားကြတာပေါ့..."


မည်သူမှ မသွားရဲကြပါချေ။


အစက သူတို့အားလုံး တဝေ့တစ်ယောက် ရှောင်ဝမ်ကိုတွန်းချခဲ့မည်ဟု မသိကြပေ။


ကျောက်ကွေ့လျန်က ဆုံးရှုံးမှုများလွန်း၍ အသက်ရှူပင်ကြပ်လာသည်။ မူလက သူမက လင်းလန်တို့ကိုတရားစွဲပြီး ပိုက်ဆံတောင်းချင်သော်လည်း သူမ၏သားကသာ အရိုက်ခံရပြီး လျော်ကြေးပင်ပေးရပေတော့မည်။


သို့သော် လင်းလန်က အလွတ်မပေးပေ။ ဟန်ချင်စုန့်နှင့် အခြားလူများကလည်း လင်းလန်တို့ဘက်တွင်ရှိနေလေရာ ပိုက်ဆံမဆုံးရှုံးပဲ ထွက်သွား၍မရတော့သည့်ပုံပင်။


လင်းလန်က အေးစက်စွာပြောလိုက်သည်။

"ငါ့ကိုပြဿနာရှာချင်ရင် ငါကပူးပေါင်းပေးရမှာပေါ့... ဒါပေမဲ့ တန်ကြေးမပေးပဲ ထွက်သွားလို့ရမယ်လို့တကယ်ထင်တာလား..."


ဟန်ရုံဖန်က ထိုကိစ္စကိုဂရုမစိုက်တော့ပေ။ အဆုံးတွင် လျှိုကွေ့ဖာနှင့် ခေါင်းဆောင်တို့က ယွမ်သုံးဆယ်ဟု သတ်မှတ်ပေးလိုက်၍ ကျောက်ကွေ့လျန်နှင့် စွန်းအိုက်ဖန်းတို့က တစ်ယောက် ဆယ့်ငါးယွမ်ဆီပေးရပေတော့မည်။ ပိုက်ဆံမပေးနိုင်လျှင် အလုပ်ရမှတ်များကိုပေးရမည်ဖြစ်သည်။


၎င်းက ခေါက်ဆွဲတစ်ပေါင်လျှင် နှစ်ဆင့်သာကျသင့်ချိန်တွင် သာမန်လူများအတွက် အလွန်များသည့် ပမာဏပင်။


"ဘုရားရေ... ဒါငါတို့ကိုတမင်သတ်နေတာပဲ..."

အဘွားကြီးဝူက ချုံးပွဲချငိုလေတော့သည်။ 


ကျောက်ကွေ့လျန်နှင့်  ကျောက်ကွေ့ရှန်းတို့က ရွေးချယ်စရာမရှိ၍ တွန့်ဆုတ်စွာသဘောတူလိုက်ကြသည်။ မည်သူကမှ တဝေ့က လင်းလန်၏ကလေးကို တွန်းချခဲ့မည်ဟု မထင်ခဲ့ကြပေ။ ရလဒ်အနေဖြင့် သူတို့၏မိသားစုကပါ သက်ရောက်ခံခဲ့ရ၍ နောင်အနာဂတ်တွင် မိသားစုနှစ်စုပြေလည်ရန် မလွယ်ကူတော့ပေ။


တဝမ်က တဝေ့ကို လောက်လေးဖြင့်ချိန်ထားပြီး သားရေကြိုးကိုတင်းနေအောင်ဆွဲထားပြီး ဖောက်ခနဲမြည်အောင်ပစ်လိုက်သည်။


"အား....."


တဝေ့မှာ နဂိုကတည်းက သေလုနီးပါးအရိုက်ခ့ထားရသညိဖြစ်၍ ထိုထိမှန်ချက်က သူ့ကိုသတိပင်မေ့မျောသွားစေသည်။ ထိုအချိန်မှစ၍ တဝမ်က သူ့ဘဝ၏အိပ်မက်ဆိုးကြီးဖြစ်လာတော့သည်။


တဝမ် နှုတ်ခမ်းထောင့်ကိုတွန့်ကွေးလိုက်သည်။


အမှိုက်တွေ....


........


မျက်စိတစ်မှိတ်အတွင်းတွင် နွေဦးစိုက်ပျိုးခြင်းက ပြီးဆုံးသွားခဲ့ပြီး စပါးရိတ်သိမ်းရမည့် အချိန်က နောက်ရက်အနည်းငယ်ဆို ရောက်ရှိလာတော့မည်ဖြစ်သည်။


နွေရာသီသုံးရာသီက ဆောင်းဦးတစ်ရာသီလောက် မရှည်ကြာပေ။ ထိုအပြင် ဆောင်းသုံးရာသီကလည်း နွေရာသီတစ်ရာသီလောက် အလုပ်မရှုပ်ပေ။


ဆောင်းဦးရာသီက ရိတ်သိမ်းရာသီဖြစ်ပြီး ဂျုံများက နေ့ချင်းညချင်းရင့်မှည့်ကြသည်။


ဆောင်းဦးရာသီတွင် နေ့တိုင်း သုံးရာသီလုံး ရိတ်သိမ်းကြရသည်။ သို့သော် ဂျုံရိတ်သိမ်းရသည်က မကောင်းလှပေ။ စပါးနှံများ ရွှေဝါရောင်သန်းပြီး ရင့်မှည့်နေတာမြင်ပါက မနက်တိုင်း ငှက်များ လာတတ်တာကြောင့် မြန်မြန် လယ်ကွင်းထဲပြန်ပြီး သူတို့ခြောက်လွှတ်ကြရမည်။


ထို့ကြောင့် ဂျုံရိတ်သိမ်းရာသီက တစ်နှစ်ပတ်လုံး၌ အလုပ်အရှုပ်ဆုံးနှင့် အပင်ပန်းဆုံးရာသီဖြစ်သည်။ သို့သော် လူတိုင်းက ဆယ်ရက် သို့မဟုတ် ဆယ်ရက်ကျော်ကြာသည်အထိ ရိတ်သိမ်းကြသည်။


ဂျုံရိတ်ရသည့် အဖွဲ့ဝင်များကို ဆုချတဲ့အနေဖြင့် အဖွဲ့က ‌အသားနောက်တစ်ခါ ချက်‌ကျွေးလေသည်။


ဂျုံများ ရိတ်သိမ်းပြီး ပြောင်း၊ ပြောင်းဆန် အစရှိတာများ စိုက်ရန် လယ်ကွင်းကိုနောက်တစ်ကြိမ် ပြန်ထွန်ယက်ရသည်။ ထို့မှသာ အဖွဲ့ဝင်များ အနေအစားချောင်မှာဖြစ်သည်။


ထိုအချိန်တွင် ဟင်းသီးဟင်းရွက်ဥယျာဉ်ထဲမှ အသီးနှင့် အရွက်များကိုလည်း ခူးထားပြီးပြီးဖြစ်တာကြောင့် အိမ်တိုင်း၏ ထမင်းစားပွဲတိုင်းတွင်ပြည့်လျှံနေကာ အထူးသဖြင့် နေ့တိုင်း ကလေးတွေကို ခေါ်၍ အရသာရှိသောစားစရာများလုပ်ကျွေးလေ့ရှိသည့် လင်းလန်၏မိသားစုပင်။


ဂျုံများ အကုန် ရိတ်ပြီးသည်နှင့် အသားသုံးကတ်တီကို ခွဲထားလိုက်သည်။ ပြောရမည်ဆိုလျှင် ဟန်ချင်စုန့်က တစ်လကို အသား ရှစ်ကတ်တီသို့မဟုတ် တစ်ဆယ်ကတ်တီ ဖြတ်နိုင်သည်။ ပူပြင်းလှသည့် နွေရာသီ၌ အသား၊ ငါးများက ကြာရှည်မခံပေ။ သူတို့မည်မျှပဲဝယ်ဝယ် လင်းလန်က အကုန်လုံးကို တစ်ခါတည်းချက်လိုက်ပြီး ကလေးများကို ပျော်အောင်လုပ်ပေးလိုက်သည်။


ဝက်သားချဉ်စပ်၊ ဝက်သားစတူး၊ ခြင်္သေ့ခေါင်းစတူး၊ လက်လုပ်အသားလုံး၊ မိုးခိုသားချိုချဉ်ကျော်တွေ....လင်းလန်က အကုန်ချက်ပေးပြီး ကလေးများကလည်း ဂျုံ‌လုံးတွေအကုန်စားကာ သူတို့ပါးစပ်များက အဆီတဝင်းဝင်းဖြစ်နေတော့သည်။


နွေရာသီအလယ်လောက်ရောက်သောအခါ ရာသီဥတုက ပူ‌ပြင်းလာသည်။ဤ နှစ်တွင် မိုးပြင်းပြင်းထန်ထန်ရွာထား၍ ခြင်များလည်းပေါလေသည်။


လင်းလန်တို့ နေသည့်နေရာက အပင်ပိုများ၍ ခြင်ပိုပေါသည်။ ခြင်များက အလွန်ရက်စက်ပြီး သူတို့က ရှောင်ဝမ်ကို ကိုက်လေသည်။ ကလေးများ၏ အခန်းအကြောင်းပြောရလျှင် ခြင်များက ရှောင်ဝမ်၏အသားပေါပေါခန္ဓာကိုယ်ကိုသာ ရွေးချယ်ကြရာ ၎င်းက လင်းလန်ကို ရင်နာစေလေသည်။


သူမ ပထမဆုံးအဖွဲ့မှ အထူးချည်များကို ခြင်ထောင်လုပ်ရန် ဖြတ်လိုက်ပြီး  အဖြူရောင်အဝတ်စဖြင့် ခြင်ထောင်သုံးခု ချုပ်လိုက်လေသည်။ သူမနှင့် ဟန်ချင်စုန့်၊ ကောင်လေးများနှင့် မိုင်စွေ့ အတွက်ပင်။


ရလဒ်အနေဖြင့် စန်းဝမ် ခြေထောက်ကို ခြင်ထောင်ဖြင့် ထိနေသောကြောင့် ကောင်းကောင်းအိပ်မရပေ။ အကယ်၍ သူသာ အလယ်တွင် အိပ်လိုက်ပါက ဘယ်ညာနှစ်ဖက်က လူက ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် တဝမ်က သူ့ကိုထောင့်မှာအိပ်ခိုင်းလိုက်သည်။ သို့သော် ဤပုံမျိုးဆိုပါက သူက ခြင်ထောင်နှင့်ထိရင်း လှဲနေရမည်ဖြစ်သည်။ အအိပ်ကြမ်းလှ၍ သူခြေထောက်က အပြင်ထွက်နေသော်လည်း ခြင်များက မကိုက်ကြဘဲ သူ့‌ ‌ခြေထောက်ကိုကျော်ပြီး ရှောင်ဝမ်ကိုသွားကိုက်လေသည်။


စန်းဝမ်က ဖြူဖျော့လွန်း၍ ခြင်များကတောင် သူ့ဆီက ‌သွေးမစုပ်နိုင်ဘူးဟု အကုန်လုံးက ဟာသပြောကာရီကြလေသည်။ နဂါးလှေပွဲတော်ရောက်ခါနီး နေစတင် ပူပြင်းလာကတည်းက စန်းဝမ်က မျက်စိရှေ့မှာတင် တစ်နေ့တစ်ခြားအသားပိုမဲလာပြီး နဖူးပေါ်ကလခြမ်းကွေးနှင့် ပေါင်ချိန်ပုံစံပြောင်းနေလေသည်။


[ ပေါင်ချိန်ဆိုတာက တရုတ်ကားထဲက အသားမဲမဲနဲ့ နဖူးပေါ်က လခြမ်းပုံစံနဲ့ တရားစီရင်ရေးအမတ်ကြီးကိုပြောတာပါ ]


Xxxxx

Part 402


ဟန်ချင်စုန့်နှင့် တဝမ်ကို လင်းလန်က သူတို့ကအေးစက်လွန်း၍ ခြင်ကတောင်မကိုက်ရဲဘူးဆိုပြီး လှောင်လေသည်။ ထို့ကြောင့် သူတို့က ခြင်တောင်မကိုက်ရဲသူဟူ၍ နာမည်‌ပြောင်ရသွားပြီး စန်းဝမ်က ပူတင်းနက်လေးဆိုပြီး နာမည်ပြောင်ရသွားလေသည်။


နောက်ဆုံးတော့ သူမက ရှောင်ဝမ်ကို မိုင်စွေ့၏ ခြင်ထောင်ထဲပြောင်းလိုက်မှသာ ရှောင်ဝမ် ကောင်းကောင်းမွန်မွန်အိပ်လေသည်။ ထို့အပြင် သူအစ်မနှင့် အတူတူအိပ်ရတာကိုလည်း ကြိုက်ပုံရသည်။


အမှန်တွင် သူမက ရှောင်ဝမ်ကို သူမနှင့် အတူတူအိပ်ခိုင်းချင်သော်လည်း ဟန်ချင်စုန့်က သဘောမတူပေ။


နွေရာသီမှာ ပူလွန်း၍ ညဘက်ဆို သူမက အဝတ်နည်းနည်းလေးပဲဝတ်လေ့ရှိသည်။ သူက သူမကိုတွယ်ကပ်နေရတာကို သဘောကျပြီး ဘာမှလုပ်စရာမရှိရင် တစ်ခုခုကိုလုပ်နေလေ့ရှိသည်။ ကလေးက သူ့မျက်လုံးထဲရှုပ်နေတာ၍ အပြင်ကန်ထုတ်ခံလိုက်ရ‌လေသည်။


ကလေးများကို ခြင်ကိုက်၍ ယားယံခြင်းမှ ကာကွယ်စေရန် သူမက စက်ဘီးစီးပြီး ဟန်ချင်စုန့်ပေးသည့် လက်မှတ်ကိုယူကာ တစ်သောင်းရွှေဆီသေတ္တာအနည်းငယ်ဝယ်ရန် မြို့ကိုသွားလိုက်သည်။

[ တစ်သောင်းရွှေဆီ ဆိုတာက မြန်မာပြည်က Tiger Balm ကိုပြောတာပါ ]နဂါးကျားတံဆိပ် အလှဆီက ဈေးချိုပြီး သုံးရတာလည်း လွယ်ကူသည်။ ၎င်းကို နွေရာသီမှာ အိမ်တိုင်းလိုလို သုံးလေ့ရှိကြသည်။ သို့သော် ထိုအရာမျိုးများက သေချာဂရုမစိုက်ဘဲ ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် မိုင်စွေနှင့် အားဝမ်ကို အိမ်စောင့်ခိုင်းထားပြီး သူတို့အိတ်များကို လုံခြုံသည့် နေရာ၌ ထားထားကာ သုံးချင်သူတိုင်း သူတို့ကို အရင်ခွင့်တောင်းရမည်ဖြစ်သည်။


အကယ်၍ စန်းဝမ်ကိုသာ ထိခိုင်းလိုက်ရင် မျက်တောင်တစ်ခတ်အတွင်း မည်သို့ကုန်သွားမှန်းသိမှာမဟုတ်တော့ပေ။


ခြင်တွေအရမ်းပေါသော်လည်း ကလေးတွေက နွေရာသီကိုကြိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ သူတို့က မြစ်ထဲဆင်းပြီး ရေကစားလို့ရလေသည်။ စန်းဝမ်က ချင်းမင်ပွဲတော်တုန်းက ရေထဲ၌ ကြွက်တက်ခဲ့၍ လင်းလန်က သူ့ကိုရေထဲမဆင်းခိုင်းတော့ပေ။ သူကိုလည်း နွေးနွေးထွေးထွေးနေဖို့နှင့် အခြားသူတွေနဲ့တစ်ယောက်တည်း မကစားဖို့မှာထားရသည်။ တဝမ်ကိုလည်း သူအချိန်ရရင် ညီလေးများကို ရေကူးသင်ပေးဖို့ ပြောထားလေသည်။


စန်းဝမ် ကျောင်းဆင်း၍ မြက်ပင်တွေကြားထဲ ဖြတ်ပြန်လာတုန်း သူက ရေကူးပြီး ငါးဖမ်းချင်ခဲ့သည်။သူက ရေကူးခြင်းနှင့် ငါးဖမ်းခြင်း၌ တော်သည်။ ပြီးတော့ အိမ်ကိုလည်း အကြိမ်အနည်းငယ်လောက် ဖမ်းသွားနိုင်လေသည်။


၎င်းက ဟန်ချင်စုန့်က ရွာကို ပေါ့ပေါ့လျော့လျော့ စီမံရခြင်းအကြောင်းဖြစ်သည်။ သူတို့ရွာက ငါးမမွေးပေ။ ပုံမှန်ဆိုပါက ရေကြီးသည့်ရာသီ၌ ငါးများက အပေါ်တက်လာလေ့ရှိသည်။အဖွဲ့ဝင်များက ငါးများကို သူတို့ကြိုက်သည့်အချိန်တိုင်း ဖမ်းလို့ရသည်။ ပုဂ္ဂလိကပိုင်လူများက မဖမ်းရဘူးဟု သူမဆိုလိုပေ။ သို့သော် လင်းကျားထွင် ရွာ၌ ငါးများကို အဖွဲ့ဝင်များ ဖမ်းလို့မရပေ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ငါးကို ခွင့်ပြုချက်မရဘဲ ဖမ်းသွားရင် ခိုးမှုမြောက်ပြီး ဥပဒေအရ အပြစ်ပေးရမည်ဖြစ်သည်။


လင်းလန်က တဝမ်နှင့် စန်းဝမ်ကို အားဝမ်နှင့် ရှောင်ဝမ်ကို ရေကူးသင်ပေးရန် ပြောခဲ့သည်။ယခုချိန်၌ ရွာထဲရှိ လူတွေအကုန်လုံးက ဘဲတွေပဲဖြစ်သည်။ ထို့ကြောင့် သူမ ဒီကောင်လေးတွေ ရေကူးသင်ဖို့လိုတယ်လို့ ခံစားလိုက်ရသည်။ယခုလို နွေရာသီ၌ ရေချိုးလိုက်ရရင် ဘယ်လောက်တောင် ကောင်းလိမ့်မည်နည်း။

[ ရွာထဲက လူတွေအကုန် ဘဲတွေပဲဖြစ်သည် ဆိုတာက ရွာထဲကလူတွေအကုန် ရေကူးကျွမ်းတယ်ဆိုတာကို ပြောတာပါ ]


ရွာကလူများက အဆင်မပြေမဖြစ့်ပါက သူမက မိုင်စွေ့ကိုလည်း အတူတူခေါ်သွားပြီး ရေကူးသင်ပေးချင်လေသည်။


ရှောင်ဝမ်က မြန်ဆန်စွာ သင်ယူနိုင်ခဲ့သည်။သူက ငယ်ရွယ်သလို သူ့အစ်ကိုအကြီးဆုံးနှင့်  တတိယအစ်ကို အပေါ်ကိုလည်း အထူးယုံကြည်လေသည်။


စန်းဝမ်က ပြောလိုက်သည်။

" ဘောင်းဘီချွတ်ပြီး ရေငုံ့လိုက် ငါထိန်းထားပေးမယ် ..."


ရှောင်ဝမ်ကလည်း နာနာခံခံနှင့် လိုက်လုပ်လိုက်သည်။ သူအစ်ကိုကြီးနှင့် တတိယအစ်ကိုကြီးကို သူယုံကြည်လေသည်။ သူတို့က သူ့ကို သေချာပေါက် ထိန်းထားပေးလိမ့်မည်။ ထို့ကြောင့် သူက အသက်ရှူအောင့်ပြီး ရေထဲမှာ ဘယ်လိုအသက်ရူရမည်ဆိုသည်ကို တစ်နာရီအတွင်းမှာ သင်နိုင်ခဲ့သည်။ သို့သော်သူက ဖြေးဖြေးပဲ ရေကူးနိုင်သေးသောကြောင့် ရေထဲကိုတော့ မနစ်သွားပေ။


တဝမ်က သူ့ကို ရေတိမ်တိမ်ထဲမှာ ကစားဖို့ခေါ်သွားခဲ့သည်။


အားဝမ်ကတော့ သင်ယူတာနှေးနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက အရင်က ရေဘယ်လိုဆော့မည်၊ ကူးရမည်ဆိုသည်ကိုပင် မသိခဲ့၍ပင်။ ယခုအချိန်တွင် သူက အနည်းငယ် ကြောက်လန့်နေပြီး ခေါင်းကို ရေထဲမနှစ်ရဲပေ။တစ်ခါတည်း အသက်ဝဝရူလိုက်ပြီး နှာခေါင်းကို ရေထဲနှစ်လိုက် ရမှာဖြစ်ပြီး ပထမတစ်ခါပြီးပါက ဒုတိယတစ်ခါလည်း ရှိလာမည်ဖြစ်သည်။အချိန်များစွာကြာပြီးနောက် နှစ်ရက် သုံးရက်အတွင်း၌မှာ နည်းလမ်းနှစ်မျိုးကို သင်ယူနိုင်ခဲ့ကြသည်။


ထို့ကြောင့် ညီအစ်ကိုလေးယောက်က မြစ်ထဲမှာ ငါးလေး လေးကောင်လို ကူးခတ်နေပြီး တစ်ခါတစ်လေ တစ်ယောက်ထဲ တစ်ခါတစ်လေ အကုန်လုံးတန်းစီ၍ကူးကြသည်။ စန်းဝမ်က ငါး၏ပါးစပ်ကို လက်မြှောက်လိုက်ပြီး ခက်ခက်ခဲခဲ ပိတ်လိုက်သည်။


" ဟားဟားဟဟ....ငါကိုယ်တိုင် အိမ်ကိုဖမ်းလာခဲ့တာ ...."


ထိုကလေးက ငါးဖမ်းရာ၌ တကယ်တော်လှသည်။ သူက ဘဲများနှင့် အဖြူရောင်ငန်းတစ်အုပ်နောက်မှာ ရေလိုက်ကူးပြီး သူတို့ပါးစပ်ထဲက ငါးကိုဆွဲလုတာကြောင့် ‌ဒေါသထွက်နေသည့် အဖြူရောင်ဘဲငန်းတစ်အုပ်ကြီးက သူကိုတွေ့တာနဲ့ လိုက်ဆိတ်ကြတော့သည်။


ထို့ကြောင့် နေ့လည်ခင်းဆိုပါက အဖွဲ့ဝင်များက မြစ်‌ ဘေး၌ အဖြူရောင်ဘဲငန်းအုပ်ကြီး လိုက်ဆိတ်တာခံနေရသော စန်းဝမ်ကို မြင်ရသည် တဝမ်က ရှောင်ဝမ်ကို ချီကာ အားဝမ်ကလည်း နောက်ကနေ နာနာခံခံလိုက်လာရင်း သူတို့ သုံးယောက်က ပုန်းပြီး ထိုမြင်ကွင်းကို ရီနေကြသည်။


ရှောင်ဝမ် :  " ညီလေးက တကယ်အံ့ဩစရာပဲ သူက ဘဲငန်းတွေထက်တောင် မြန်မြန်ရေကူးနိုင်တယ် .."(စန်းဝမ်ကအစ်ကိုပါ)


အားဝမ် : " မင်းနှေးကွေးပြီး ဖင်လေးနေမယ်ဆိုရင် မင်း ရက်နည်းနည်းလောက်တော့ ခြေဆွံ့နေမှာပဲ ...."


တဝမ် : အရူး... အသက်ကို များများရူလိုက်ပြီး ရေအောက်ငုံ ရေစီးကြောင်းအတိုင်းလိုက်လာခဲ့ရမှာကို.....


ကောင်လေးများက ရေကူးခြင်းကို ကြိုက်နေကြ၍ ဟန်ချင်စုန့်က ရေကူးခြင်းကို မနက်ခင်းလေ့ကျင့်ခန်းအဖြစ် သတ်မှတ်လိုက်ပြီး ပြေးခြင်း ဒိုက်ထိုးခြင်းနှင့် အခြားရေကူးခြင်းနှင့် သက်ဆိုင်သည့် သွေးပူလေ့ကျင့်ခန်းများပါရော ထည့်လိုက်သည်။


:

ထိ့ကြောင့် ဟန်ချင်စုန့်က မြို့တော်မှ ယောကျာ်းဝတ် ရေကူးဝတ်စုံများများနှင့် မြို့တော်က မိန်းကလေးရေကူးဝတ်စုံနှစ်စုံရယ်ကို  သွားဝယ်ဖို့ ခိုင်းလိုက်သည်။ တစ်စုံကို တစ်ယောက်ဆီဖြစ်ပြီး ရှောင်ဝမ်မှာက တစ်စုံရှိပြီးသားဖြစ်သည်။


ရေကူးဝတ်စုံရပြီးသည်နှင့် စန်းဝမ်နှင့်ရှောင်ဝမ်က ‌ကိုယ်တုံးလုံးဖြင့် ရေထဲသွားစရာမလိုတော့ပေ။


မနက်ခင်းလေ့ကျင့်ခန်းတွင် စန်းဝမ်က ဟန်ချင်စုန့်ကို သူတို့နှင့်အတူတူ ရေကူးစေချင်ပြီး ဘယ်သူကပိုသာလဲ သိချင်နေတာဖြစ်သည်။ သို့သော် ဟန်ချင်စုန့်က ရေထဲကို တစ်ခါမှ မဆင်းပေ။ သူက ဝီစီကို မှုတ်လိုက်ပြီး   သူ့သားများကို မြစ်ထဲသို့ ဒိုင်ဗင်ထိုးခိုင်းကာ သူက သဲသောင်ပြင်ပေါ်၌ထိုင်ပြီး ကြည့်နေလေ့ရှိသည်။


Xxxxx