Part 403
စန်းဝမ်နှင့် အားဝမ်က ညည်းတွားလိုက်သည်။
" ဒုတိယအစ်ကို ... ကျွန်တော်တို့ အဖေ ရေမကူးနိုင်ဘူးလို့ ထင်လား ..."
အားဝမ် : " သေချာပေါက်ကူးတတ်တာပေါ့ အဖေက ဆောင်းရာသီမှာ ရေကူးလေ့ကျင့်ဖူးတယ် ....."
" အဲ့တာဆို ဘာလို့ နွေရာသီမှာကျ ရေထဲမဆင်းတော့တာလဲ ...."
အားဝမ်လည်း မသိသော်လည်း မေးလည်း မမေးရဲပေ။
သူတို့က ရှောင်ဝမ်ကိုသာ သွားမေးခိုင်းလိုက်သည်။
ထို့ကြောင့် မနက်ခင်းလေ့ကျင့်ခန်းအပြီး မနက်စားဖို့ အိမ်ပြန်သည့်လမ်း၌ ရှောင်ဝမ်က သူ့ရဲ့ကောက်ရိုးဖိနပ်ကို ကန်လိုက်ပြီး ဟန်ချင်စုန့်နောက်ကို ခြေဗလာနဲ့ပြေးလိုက်ကာ ခေါ်လိုက်သည်။
" အဖေ ...."
ဟန်ချင်စုန့်က သူလမ်းလျှောက်တာ မြန်နေသည်ဟု ထင်သော်လည်း အရှိန်မလျော့ပဲ နောက်ပြန်လှည့်ပြီး သူ့ကို မကာ လက်မောင်းပေါ်တင်ထားလိုက်သည်။
သူပြန်လှည့်လာတာက ရှောင်ဝမ်ကို ပျော်ရွှင်စေတာကြောင့် သူက ဟန်ချင်စုန့်ကို နမ်းလိုက်သည်။
ဟန်ချင်စုန့် : " ..... "
" အဖေ မေးခွန်းတစ်ခုလောက် မေးချင်လို့ ..."
ဟန်ချင်စုန့် : " မေးလေ ..."
" ဘာလို့ ရေထဲမဆင်းခဲ့တာလဲဟင် ရေဘယ်လိုကူးရမယ်ဆိုတာ သိတယ်မလား ...."
ဟန်ချင်စုန့် : " ဟုတ်တယ်... ဒါပေမဲ့ အဆင်မပြေလို့ ...."
ရှောင်ဝမ် : " ဘာလို့ အဆင်မပြေတာလဲ ...."
ဟန်ချင်စုန့် : " မင်း နားမလည်ပါဘူး...."
ရှောင်ဝမ် : " အဖေပြောတာ ကျွန်တော်သိပါတယ် ..."
ဟန်ချင်စုန့် : " သွား .... မင်း အစ်ကိုတွေနဲ့ သွားကစားတော့ ...."
ရှောင်ဝမ်က သူ့ကို ထပ်မမေးရဲတော့ပေ။ စန်းဝမ်နှင့် အားဝမ်က သူ့ကိုမေးလိုက်သည်။
" မင်း မေးခဲ့လား ...."
ရှောင်ဝမ်က ကြည့်လိုက်ပြီး ပြောသည်။
" အဆင်မပြေလို့တဲ့ အဖေက ပြောတယ် ...."
စန်းဝမ်က ရီလိုက်သည်။
" သူက မိန်းကလေးမှ မဟုတ်တာ ဘာအဆင်မပြေတာတဲ့လဲ ...."
တဝမ်က ၎င်းကိုကြား၍ ဆော်ဪလိုက့သည်။
" အိမ်ပြန်ရအောင် ...."
အိမ်ပြန်ရောက်ချိန်တွင် စန်းဝမ်က လင်းလန်ကို တိုးတိုးတိတ်တိတ် မေးလိုက်သည်။
လင်းလန် : " အမေက သူ့ကို ရေထဲမဆင်းခိုင်းတာ... "
စန်းဝမ် နားမလည်ပေ။
" ဘာလို့လဲ ..."
လင်းလန်က သူ့ကို လက်ညိုးနဲ့တောက်လိုက်သည်။
" မင်း စာကို ပိုဂရုတစိုက်လုပ်ရင် ကောင်းလိမ့်မယ်... အခုကိစ္စကတော့ အကြောင်းပြချက်တွေ အများကြီးရှိတယ် ..."
ဘာလို့လဲဟုတ်လား... အဲ့လောက်မလွယ်ဘူးလေ.... ငါက ငါ့ယောကျာ်းရဲ့ ပြီးပြည်စုံနေတဲ့ ခန္ဓာကိုယ်ကို ဘယ်မိန်းမဆီကိုမှ မပြချင်ရုံလေးလေ....သူ မနက်ခင်းလေ့ကျင့်ခန်းအတွက် ထွက်လာပြီဆိုရင် သူ့နားတဝဲလည်လည်လုပ်နေပြီး ရွနေတဲ့ဟာတွေကို သူမ မမြင်ဘူးလား....တစ်ခါက သူ အင်္ကျီတိုနဲ့ ဘောင်းဘီတိုဝတ်ပြီး သူ့ရဲ့ ချောမွေ့လှပတဲ့ ကြွက်သားတွေကိုပြလိုက်တာ သေစမ်း ရွာထဲက မိန်းမကြီးတွေ ကြည့်ဖို့ပြေးလာလိုက်ကြတာများ....ဘာများ ကြည့်စရာရှိလို့လဲ....
ထို့ကြောင့် နောက်တစ်ခါ ဟန်ချင်စုန့် မနက်ခင်းလေ့ကျင့်ခန်းသွားတော့မည်ဆိုလျှင် လင်းလန်က သူ့ကို အင်္ကျီတိုနှင့် ဘောင်းဘီတို ဝတ်မည့်အစား ရိုးရိုးရှင်းရှင်း အင်္ကျီနှင့် ဘောင်းဘီရှည်သာ ဝတ်ခိုင်းလိုက်သည်။
တကယ်လို့ ရေကူးဝတ်စုံသာ ဝတ်မယ်ဆိုရင် မြစ်မှာလည်း မနက်စောစောစီးစီး အဝတ်လာလျှော်တဲ့ မိန်းမကြီးတွေ ပြည့်နေမှာလေ.....
စန်းဝမ်က ဟန်ချင်စုန့် ဘာကြောင့် ရေထဲမဆင်းတာလဲ မသိတာကြောင့် သူက စပ်စုချင်နေပြီး ထိုကိစ္စကို ပြဿနာကြီးတစ်ရပ်လို စဉ်းစားနေလေသည်။
အလုပ်ရှုပ်သည့် စိုက်ပျိုးရေးလုပ်ကိုင်ပြီးသည်နှင့် ဟန်ချင်စုန့်က ရက်အနည်းငယ်ယူကာ အနောက်ဘက်အိမ်၏ အဖီကိုကာရန် လူအနည်းငယ်သုံးခဲ့ရသည်။ ယခု ၎င်းက သူတို့၏ ရေချိုးခန်းဖြစ်လာတော့သည်။
[ အဖီဆိုတာက အပြင်ဘက်ကို ထွက်နေတဲ့ ခေါင်မိုးကိုပြောတာပါ အိမ်ဘေးကနေ ထွက်နေတဲ့ အိမ်ခေါင်မိုးလိုပဲလေ တံစက်မြိတ်ပါပဲ ]
ရေချိုးခန်းကို လင်းလန်နှင့် ဟန်ချင်စုန့်က ဒီဇိုင်းဆွဲထားတာဖြစ်သည်။ ကြမ်းပြင်ကို အပြာရောင်ကျောက်များနှင့် အလှဆင်ထားပြီး ရေမြောင်းလည်း ဘေးမှာရှိတာကြောင့် ချိုးရေများက အလွယ်တကူ အပြင်ကို စီးသွားနိုင်သည်။ ရေချိုးခန်းကို နှစ်ပိုင်းခွဲထားပြီး အပြင်ဘက်က ရေပူတည်နိုင်သည့် မီးဖိုဖြစ်ပြီး အထဲ၌ ရေချိုးကန်ဖြစ်သည်။ ထိုအပြင် ကိုယ်တိုင်လုပ်ထားသည့် ရေပန်းလည်း ပါသေးသည်။ ပြောရမည်ဆိုလျှင် ၎င်းက အောက်ခံပန်းအိုးပါပြီး အပေါက်များဖောက်ထားသော ရေပုံးဖြစ်သည်။ ၎င်းကို သားရေဖြင့်ဖုံးထားပြီး ဖွင့်သည်နှင့် ရေများပန်းထွက်လာသည်။
ဟန်ချင်စုန့်က ၎င်ကို ပန်းပဲဖို၌ နိုင်ငံ့အထောက်အပံ့ပစ္စည်းများနှင့်အတူ ပူးပေါင်းလုပ်ထားဖို့ မှာထားတာဖြစ်သည်။ ဈေးမနည်းလှသော်လည်း လင်းလန် ကြိုက်ပါက တန်သည်ဟုသာ တွေးထားလေသည်။
ထိုနည်းဖြင့် အိမ်က ကောင်လေးများ မြစ်ကိုရေချိုးရန်သွားပြီဆိုပါက သူမက မိုင်စွေ့ကိုခေါ်ပြီး အိမ်မှာရေချိုးလိုက်သည်။ ဒီရက်ပိုင်းမှာလည်း အရင်ကလောက် ကောင်လေးတွေကို ရေချိုးဖို့ မတိုက်တွန်းတော့ပေ။
နွေရာသီမှာက ပူပြင်းလှပြီး ယခုချိန်တွင် ယပ်တောင်ကသာ လူကို ကယ်တင်နိုင်ပေသည်။ ဤအပူကို ငြိမ်းနိုင်မည့်နည်းလမ်းကတော့ ရေချိုးတာပဲဖြစ်သည်။ ပူနွေနေသည့်မြစ်ရေကို ခြံထဲသယ်ပြီး ပုံးထဲထည့်ကာ အပေါ်ချိတ်ပြီး လောင်းချလိုက်သည်။
ဘယ်လောက်တောင် ဇိမ်ရှိလိုက်သလဲ....
ဤရက်တွင်း အပြင်သွားပြီး အိမ်ပြန်ရောက်သည်နှင့် လင်းလန် ပထမဆုံးလုပ်သည်က ရေချိုးခြင်းပင်။ အပြင်မသွားဘူးဆိုလျှင်ပင် သူမချွေးများများထွက်လာတာနှင့် ရေချိုးပြန်သည်။
ဤရေချိုးခန်က တော်တော်လေး အဖိုးတန်သည်ဟု ဟန်ချင်စုန့် တွေးလာမိသည်။
ရေချိုးခန်းရှိတာတောင် ဟန်ချင်စုန့်က ညဆို ရေမချိုးချင်ပေ။ ထို့အပြင် ပြောလိုက်သေးသည်က နွေရာသီမှာ ချွေးပိုထွက်တာက သူ့နောက်ကျောကို ပိုပွတ်တိုက်ပေးသင့်သည် ဟုပင်။
သိသာနေတာပဲမဟုတ်ဘူးလား...မနက် နေ ညအထိ.... ငါအချိန်ရရင် ရေချိုးလိုက်တယ်လေ ဘယ်လိုလုပ် အဲ့လိုတွေ ပွတ်တိုက်နိုင်မှာတုန်း...
သူ သူမခန္ဓာကိုယ်ကို ရေချိုးပေးဖို့ ခေါ်သွားတိုင်း သူက သူမစိုနေပြီဖြစ်ကြောင်းနဲ့ ရေအတူတူချိုးတာက ပိုကောင်းတယ်ဆိုတာ ပြောလေ့ရှိသည်။
ထိုနေ့ ညစာစားပြီးချိန်တွင် စန်းဝမ်က မီးအိမ်နှင့် မီးခြစ်ကိုယူပြီး ရှောင်ဝမ်ကို ဦးဆောင်ကာ ပုစဉ်းရင်ကွဲရှာရန်ထွက်လာခဲ့ကြသည်။
[ zhiligui _ 知了龟 ပုစဉ်းရင်ကွဲအမျိုးအစားပါ ဒါပေမဲ့ ပုရစ်နဲ့လည်းတူတယ် ကြော်စားကြတာများတယ်လို့ပြောပါတယ် ဒီထဲမှာတော့ အဲ့တာကို လိပ်ဆိုပြီး သုံးထားပါတယ် အဓိပ္ပါယ်ရှာကြည့်တော့ ပုစဉ်းရင်ကွဲလိပ် ဆိုပြီး ထွက်လာပါတယ် လိပ်ဆိုတာက အဲ့အကောင်ကို ပြောချင်တာပါ ဟိုလိုလိပ်မဟုတ်ပါ ]
" အစ်ကိုကြီး ဒုတိယအစ်ကိုနဲ့ အစ်မ မြန်မြန်လာ သူတို့နောက်ကျရင် သူတို့ကို တိုင်ပဲထိခိုင်းလိုက်ရမယ် ...."
နွေရာသီစာဖြစ်သည့် လိပ်ရှာတာကလည်း အဖွဲ့ဝင်တွေရဲ့နေ့စဉ်အလုပ်လိုပင်။ ၎င်းကို မလုပ်ဘဲမနေနိုင်ကြပေ။ တစ်နေ့လောက် မဖမ်းရရင်ကို နေရတာအဆင်မပြေကြတော့ပေ။
ကလေးငါးယောက်က အတူတူပေါင်းပြီး ရွာအနီးကတောထဲ၌ ရှာလေ့ရှိကြသည်။ ညမှောင်မှောင်မှာ ကြာကြာရှာမယ်ဆိုရင် လေးဆယ် ငါးဆယ် ဒါမှမဟုတ် တစ်ရာလောက် ဖမ်းနိုင်ကြသည်။
စန်းဝမ်က ထိုသို့ဖမ်းရသည်ကို တော်တော်လေးကြိုက်ပြီး စိတ်မဝင်စားသည့် အားဝမ်နှင့် တဝမ်ကတော့ သူနှင့် အမြဲလိုက်ပေးရသည်။
ဖြစ်နိုင်မယ်ဆိုလျှင် မြင်ရအောင် မီးအိမ် ဒါမှမဟုတ် ဓာတ်မီး ယူသွားတာက ကောင်းသည်။ အကယ်၍ သတ္တိရှိသည်ဆိုပါက လရောင်ကို အားပြုပြီးသွားနိုင်သည်။ သစ်ပင်တွင် ကပ်နေသည့် အနက်ရောင်အဖုကို မြင်လျှင် ထိကြည့်လိုက်ရမည်။ အများစုက သစ်ပင်အခေါင်းပေါက်ကြီးဖြစ်သော်လည်း ကံကောင်းပါက ၎င်းကိုရှာတွေ့လိမ့်မည်။ သို့မဟုတ် မြွေနှင့်အခြားပိုးကောင်များကိုလည်း ထိချင် ထိမိနိုင်သည်။
Xxxxxxxx
Part 404
ကလေးတွေ ထွက်သွားသည်နှင့် ဟန်ချင်စုန့်က လင်းလန်ကို ပန်းကန်တွေ ကူသိမ်းပြီး ဆေးကြောပေးလိုက်သည်။
လင်းလန် : " ကျွန်မ အရင်ရေချိုးလိုက်မယ်... "
သူမက ပြင်ထားသည့် အဝတ်သန့်သန့်ကို ယူပြီး ထွက်သွားလိုက်သည်။
ခဏလောက်အလျှင်လိုပြီးနောက် သူ့မှာ အတွင်းခံတွေ အတိုတွေ တွေရှိတာကို လင်းလန်တွေ့သွားသည်။
ဒါပေမဲ့ ဘာလို့ အပေါ်ဝတ်စကုပ်တွေပျောက်နေတာလဲ...
သူမ တိုးတိုးလေးပြောလိုက်သည်။
"စန်းကော....စန်ကော~~ "
ဟန်ချင်စုန့်က ပြတင်းပေါ်ကအပြင်ဘက်က ပေါ်လာခဲ့သည်။
" ဟမ် ..."
" ကျွန်မဝတ်စကုပ်ရော ...."
ဟန်ချင်စုန့်က သူမကို လှည့်စားလိုက်ပြီးပြောလိုက်သည်။
" ဒါနဲ့ ကိုယ့်နောက်ကျော တိုက်ပေးပါဦး..... "
လင်းလန် : " ကျွန်မ တစ်နေ့ကို အကြိမ်ရှစ်ရာလောက်တိုက်ပေးပြီးပြီလေ အဲ့လောက်ကြီး ပွတ်တိုက်ပေးတာက ဘာကောင်းလို့လဲ ..."
သူ့ဘာသူ ဘာလို့မတိုက်လဲ...
မင်းက ငါ့ကို တိုက်ပေး ငါ့က မင်းကို တိုက်ပေး ထိုသို့ဖြင့် ရေချိုးတာက နည်းနည်းကြာခဲ့သည်။
အဆုံးမှာတော့ ဟန်ချင်စုန့်က သူမကို အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး ကုတင်ပေါ် တင်လိုက်သည်။ ပြီးသည်နှင့် ခြင်များကို မောင်းထုတ်လိုက်ပြီး ခြင်ထောင်ကိုချကာ ကလေးများကို မစောင့်တော့ဘဲ သူပါ ကုတင်ပေါ်တက်သွားလိုက်သည်။
သူက သူမဘေး လှဲလိုက်ပြီး ယပ်တောင်နှင့် ယပ်ခတ်ပေးကာ သူ့ဇနီးလေးကို လေးစားသမှုပြနေလေသည်။သူမက ကိုယ်တိုင်ချုပ်ထားသည့် ဝတ်စကုပ်ကို ဝတ်ထားပြီး အရောင်တူဘောင်းဘီကို ဝတ်ထားကာ ရှည်လျားသေးသွယ်သည့် ခြေထောက်ဖြူဖြူလေးများကို ဖော်ပြထားလေသည်။ နွေရာသီမှာ နေပြင်းတာကြောင့် လည်ပင်းနှင့် လက်မောင်းရဲ့အသားအရောင်က အခြားနေရာတွေထက် နည်းနည်းမည်းနေပြီး ဆန့်ကျင်ဘက်အနေဖြင့် ရင်ဘတ်ကအသားတွေကတော့ ဖြူဖွေးနေလေသည်။
သူ့မျက်လုံးက မှောင်သထက် မှောင်လာပြီး သူ့လက်ထဲက ယပ်တောင်ကလည်း တဖြည်းဖြည်းနှေးသွားသည်။ လင်းလန်က သူ သူ့မကိုကြည့်နေမှန်းသိတာကြောင့် ဖြေးဖြေးချင်း ပါးကနေ ခန္ဓာကိုယ်အထိ ပန်းရောင်ဖျော့ဖျော့လေး သန်းလာလေသည်။သူမက ဟိုဘက်လှည့်လိုက်ပြီးပြောလိုက်သည်။
" စောင်တစ်ထည်ပေး ခြုံမလို့ ...."
" မပူဘူးလား ..."
လင်းလန် : ရှင် ကျွန်မကို ကြည့်တဲ့အခါဆို ပိုပူတယ်လို့....
ဟန်ချင်စုန့်က သူမကို ယပ်တောင်နှင့် မြန်မြန်ခပ်ပေးလိုက်လိုက်သည်။ အလွန်ပူနေ၍ သူမကို စောင်မခြုံစေချင်ပေ။ သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက်စကားပြောနေရင်း ကလေးတွေ ပြန်အလာကို စောင့်နေလိုက်သည်။
ကိုးနာရီလောက်ရောက်သောအခါ ကလေးများ ပြန်လာခဲ့ကြသည်။ စန်းဝမ်က ပုစဉ်းရင်ကွဲတွေဘယ်လောက် ဖမ်းမိခဲ့ကြောင်း စိတ်လှုပ်ရှားစွာ ပြန်ပြောပြနေလေသည်။ ဘယ်သူက ဘယ်လောက်ပိုရှာတွေ့ခဲ့တာ ဘယ်သူက ဘယ်လိုရှာတာ သစ်တောဘယ်နားမှာ အများဆုံးရှာတွေ့တာဖြစ်ကြောင်း သူတို့ မနက်ဖြန်ရော ထပ်သွားအုန်းမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောပြေနေသည်။
ရှောင်းဝမ်ကတော့ တဝမ်၏နောက်ကျောပေါ်မှာတင် အိပ်ပျော်သွားသည်။
လင်းလန်က သူတို့ကို ဆေးကြောခိုင်းပြီး မြန်မြန်အိပ်ခိုင်းလိုက်သည်။
ကလေးတွေ အရှေ့ခန်းထဲဝင်သွားပြီး မီးအိမ်ပိတ်လိုက်တာနှင့် ဟန်ချင်စုန့်ကလည်း မီးအိမ်ကို ယပ်တောင်နှင့်ခပ်ပြီး ပိတ်လိုက်သည်။သူက ဘေးစောင်းလိုက်ပြီး သူမကို လက်မောင်းတွေကြားထဲ ဆွဲသွင်းကာပြောလိုက်သည်။
" မင်းကို ပြောဖို့မေ့နေတာ ..."
လင်းလန် : " ဘာလဲ ..."
" ကိုယ် မနက်ဖြန် အလုပ်မသွားဘူး ...."
သူ့လက်က သူမအင်္ကျီထဲရောက်လာသည်။
လင်းလန် သက်ပြင်းရှိုက်လိုက်ပြီး "ဒါရိုက်တာစုန့်မနက်ဖြန် အလုပ်မှာမရှိမှာကို အကြောက်ဆုံးပဲ..."ဟု တွေးလိုက်မိသည်။
" နှလုံးခုန်သံတွေ နည်းနည်းမြန်နေတယ် "
"..... မပြောနဲ့ "
သူမက အဲ့လိုတွေပြောပြီး တစ်ခုခုမှားလုပ်မိမှာကို ရှက်နေလေသည်။
ထို့နောက် သူက ပြောတာ ရပ်သွားပြီး လရောင်အောက်မှာ သူလုပ်ချင်တာလုပ် နေလေသည်။
" မလုပ်...အဲ့လိုကြီး... "
နောက်နေ့တွင် လင်းလန် မထနိုင်တော့ပေ။ဘယ်အချိန်ရှိနေပြီလဲ သူမ မသိသော်လည်း အဓိကအခန်းထဲက ငြင်းခုန်သံတွေကို ကြားလိုက်ရသည်။
" ငါပြောတာက တတိယသား မင်းမိန်းမကို အရမ်းအလိုမလိုက်လွန်းဘူးလား ...အခု ဘယ်အချိန်ရှိပြီလဲ နေတောင် အတော်မြင့်နေပြီ အိမ်မှာရှိတဲ့သူတိုင်း စားရဖို့ အလုပ်လုပ်နေရပြီ ပြီးတော့ ကလေးတွေတောင်မှ ကျောင်းသွားကုန်ပြီကို ဒင်းက အိပ်တုန်းပေါ့လေ ...."
ကြည့်ရတာ အဘွားကြီးဟန်ထင်တယ်....
လင်းလန် အမြန်ထလိုက်ပြီး အဝတ်တွေကို တိတ်တိတ်လေးဝတ်လိုက်သည်။
သူမ ဟန်ချင်စုန့် ပြန်ပြောတာကြားလိုက်ရသည်။
" အမေ လင်းလန်က တစ်အိမ်လုံးကို ပံ့ပိုးပေးထားတာပါ သူမ နေ့တိုင်းနီးပါး ပင်ပန်းနေရတာ သူမ များများ အိပ်သင့်တယ် ...."
ဟန်ကျင်းယွီက အရှေ့ခန်းတံခါးကို တွန်းဖွင့်ဖို့လုပ်ပေမဲ့ ဟန်ချင်စုန့် တားတာခံလိုက်ရသည်။
ဟန်ချင်စုန့် တိုးတိုးလေးပြောလိုက်သည်။
" မင်း ယောက်မအိပ်နေတာ သွားမနှိုးနဲ့ ...."
လင်းလန် ချက်ချင်း မတွေးလိုက်မိပေ။ အခုချိန် အပြင်ထွက်သွားပြီး အရှက်ကွဲခံနေရမဲ့အစား ပြန်အိပ်နေလိုက်တာ ကောင်းသည်။
ဟားဟား...
အဘွားကြီးဟန်ကတော့ ဗျစ်တောက်ဗျစ်တောက် ပြောနေဆဲပင်။
" မန်ချူးတပ်ထဲက မန်ချူးတွေကို ကြည့်လိုက်စမ်း မင်းဟာမလိုမျိုး ဇနီးတွေအများကြီး ပျင်းရိ လောဘကြီးပြီး ဝတ်ကြီးဝတ်ငယ် မကျေပွန်... "
" အမေ!! "
ဟန်ချင်စုန့်က သူမကို အော်လိုက်သည်။
" လင်းလန်က ဒီမိသားစုကို ကောင်းကောင်း စီမံနေတာ အဲ့လိုစကားလုံးတွေ နောက်ထပ်မပြောပါနဲ့ ဘာများမှားနေလို့လဲ ...."
ဟန်ကျင်းယွီက မနာလိုစွာပြောလိုက်သည်။
" အမေ တတိယအစ်ကို သူမ... ကျွန်မယောက်မက တော်တော်လေး ကံကောင်းတာပဲ မြို့ထဲက လက်ထပ်ထားတဲ့ ဘယ်သူ့ဆိုမထက်တောင် ကံကောင်းသေး..... ဘယ်သူကမှ ကိုယ့်ယောက္ခမကို မပြုစုဘဲ စားလိုက်သောက်လိုက် အိပ်ချင်တဲ့ အချိန်အိပ်ပြီး အိမ်ကြီးသခင်လိုမျိုး သက်တောင့်သက်သာရှိမနေဘူး.... ကျွန်မသာဆိုလည်း တတိယအစ်ကိုကို လက်ထပ်ချင်မှာပါပဲလေ "
ဟန်ချင်စုန့်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
" ငါသာ နင့်အစ်ကိုမဟုတ်လည်း နင့်ကို မလိုချင်ပါဘူး ...."
ဟန်ကျင်းယွီ: " အစ်ကိုက...လူချော့တတ်တယ်ပေါ့ ..."
ဟန်ချင်စုန့် : " ငါ ဘယ်တော့မှ မလိမ်ဖူးဘူး ...."
လူတွေကိုချော့ဖို့ စိတ်ရှည်တယ်ဆိုတာ သူရဲ့ဇနီးအပေါ်ပဲ စိတ်ရှည်တာ.... ပြီးတော့ အခြားသူတွေကို ချော့နေဖို့ အချိန်မရှိဘူး....
သူဘာမှထပ်မပြော၍ ဟန်ကျင်းယွီ စိတ်တိုလာပြီး လေးထောင့်စားပွဲရှေ့၌ ထိုင်ချလိုက်တော့သည်။
အဘွားကြီးဟန်ကတော့ ဆက်လက် ပြောဆိုနေဆဲပင်။
" ဒီလို အပျင်းကြီးတဲ့ မိန်းမမျိုး ဘယ်လိုရှိလာရတာလဲ..တော်တော်ပျင်းရိတာပဲ ...."
စိတ်ရှုပ်စရာအကောင်းဆုံးက သူမရဲ့သားက သူ့မကို လုံးဝနားမထောင်တာပဲ...သူက အဲ့အပျင်းကြီးတဲ့ကောင်မကိုပဲ နာခံနေတာ...ခွေးမ ...
အခန်းထဲက လင်းလန်က လေထဲ လက်သီးထိုးလိုက်သည်။
ငါ့ကို ပျင်းရိပြီး လောဘကြီးတယ်ပြောတယ်ပေါ့လေ ဟမ့် ..... ဒီလို ပျင်းရိပြီးလောဘကြီးတဲ့သူက ရှင့်သမီးမဟုတ်ဘူးလား.... ရှင့်ကိုယ်ပိုင်ဘဝတစ်ခုလုံးက အမှိုက်ပုံကြီးပဲ ... တော်တော်မျက်နှာပြောင်တဲ့အဘွားကြီး... ရှင့်သားမျက်နှာသာမရှိရင် ရှင့်ကို နန်နိဝမ် ထိရောက်အောင်ကန်လိုက်ပြီ...
[ နန်နိဝမ်ဆိုတာက 1943 က ကွန်မြူနစ် ဇာတ်ညွှန်းရေးဆရာနဲ့ ကဗျာဆရာပေါင်းပြီး ရေးစပ်ထားတဲ့ တော်လှန်ရေးသီချင်းတစ်ပုဒ်လို့ ဆိုပါတယ် ]
ဟန်ချင်စုန့်က အဘွားကြီးဟန်ကို ထိုင်ခိုင်းလိုက်ပြီး ရေထည့်ပေးလိုက်သည်။
Xxxxxx