Part 405
အဘွားကြီးဟန်က ထိုင်လိုက်ပြီး သူ့မ၏ မိကျောင်းမျက်ရည်တွေကို သုတ်တော့သည်။ ချက်ချင်းပဲ သူမနှင့် သူမသမီးက ခံရသလိုဖြစ်သွားပြန်သည်။ ယောက်မဟန်က ပြောင်းဆန်ကို ယူပြီး ပြန်သွားသည်။ ဒုတိယယောက်မဟန်က ပြောင်းဆန်တွေ အကုန်ယူသွားပြီး သူတို့အိမ်အလုပ်တွေကိုသာ ဂရုစိုက်တော့သည်။ ရလဒ်အနေဖြင့် သူမအိမ်တွင် ဂရုစိုက်ပေးမည့်သူ တစ်ယောက်မှ မရှိတော့ပေ သူမနှင့် သူမသမီးရယ်သာ ကျန်ခဲ့သည်။ သူမ၏ သမီးက ပျင်းရိလွန်းနေ၍ သူမတစ်ယောက်တည်းကသာ အလုပ်များကို အကုန်သိမ်းကျုံးလုပ်ရသည်။ ထို့ကြောင့် သူမကျောနှင့် ခြေလက်များကို လပေါင်းများစွာ နာကျင်ကိုက်ခဲစေတော့သည်။
ဟန်ချင်စုန့်က သူတို့ကိုကြည့်၍ ပြောလိုက်သည်။
" အမေ ထိုင်နေပါ ကျွန်တော် ချက်ပြုတ်လိုက်ဦးမယ် ...."
အဘွားကြီးဟန်က နောက်ထပ် သည်းမခံနိုင်တော့ပေ။
" တတိယသား မင်းဘာလို့ အဲ့လောက်တောင် အသုံးမကျရတာလဲ ...."
ဟန်ချင်စုန့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အမေက အဲ့လိုပြောလာပြီဆိုမှတော့ ထောက်ထားစရာမျက်နှာမရှိတော့ပေ။
လင်းလန်က အိမ်ခန်းထဲမှာထိုင်နေပြီး အပြင်က စိတ်လှုပ်ရှားစရာကို နားထောင်ရင်း စာအုပ်ဖတ်နေလိုက်သည်။
ဒီလူနှစ်ယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ... သူမနောက်ကျတဲ့အထိအိပ်နိုင်မလား ကြည့်ဖို့ပဲ လာကြတာလေ...
ခဏအကြာတွင် အဘွားကြီးဟန်က သူမ၏ကံတရားကို လက်ခံလိုက်ရပြီး သူမချွေးမအကြောင်း မကောင်းတာကို သူ့မသားဆီပြောရတာ အသုံမဝင်ဘူးဆိုတာ သိလိုက်ရသည်။သူမသားက နားမထောင်ပေ။ သူမမှာ ရွေးချယ်စရာမရှိပေမဲ့ ပြောလိုက်သည်။
" မင်း ငါ့အတွက်စဉ်းစားပေးစရာမလိုပါဘူး ငါကတော့ မင်းအတွက် စဉ်းစားပေးတယ် ...."
ဟန်ကျင်းယွီက အရှေ့ပိုင်းကို သွားပြီး မိုင်စွေ့မှာ ကောင်းတာ ဘာတွေရှိလဲ ရှာဖို့သွားချင်နေလေသည်။ လင်းလန်က သားများထက် သူ့သမီးကို ပိုပြီး အလိုလိုက်သည်။ မိုင်စွေ့အတွက် လုပ်ပေးထားသည့် အဝတ်များ ဖိနပ်များက အမြဲကောင်းမွန်လှသည်။ မိုင်စွေ့ကလည်း ပါးပါးလျလျလေးဖြစ်တာကြောင့် ဘာဝတ်ဝတ်ကြည့်ကောင်းသည်။ ဟန်ကျင်းယွီက အချိန်အကြာကြီး မနာလိုဖြစ်နေခဲ့ပြီး သူမအမေရှိနေတုန်းကို အခွင့်ကောင်းယူကာ အရာအားလုံးအကုန် ယူသွားချငိနေလေသည်။
ဟန်ချင်စုန့် : " လျှောက်မသွားချင်စမ်းနဲ့ ..."
ဟန်ကျင်းယွီက စိတ်ဆိုးစွာ ပြောလိုက်သည်။
" ကိုယ့်တတိယအစ်ကိုအိမ်ရောက်နေတာ ညီမက ဘယ်လိုလုပ် ပြဿနာရှာပါ့မလဲ ..."
ဟန်ချင်စုန့် : " မင်းတတိယအစ်ကိုအပြင် မင်းယောက်မရော တူတွေ တူမတွေရော ဒီမိသားစုထဲမှာ ရှိသေးတယ် အဲ့ဒါတွေက ငါ့ဟာတွေ မဟုတ်ဘူး ...."
ဟန်ကျင်းယွီ : " .... "
နင် ဘာလို့ အဲ့လောက်တောင် အသုံးမကျရတာလဲ ... အရာရာကို သူ့မိန်းမကပဲ ထိန်းချုပ်ထားတယ်...
အဘွားကြီးဟန်က သူမလက်ကို ဝေ့ရမ်းလိုက်သည်။
" တတိယသား မင်း တစ်စုံတစ်ခုကိုတော့ ဂရုစိုက်ဖို့ လိုတယ် ...."
ဟန်ချင်စုန့်က သူမကို ကြည့်လိုက်ပြီးပြောလိုက်သည်။
" အမေ့အလုပ်ကို အမေလုပ်နိုင်ပါတယ်.... လုပ်ပိုင်ခွင့်နဲ့ ပတ်သတ်ပြီး ကျွန်တော် ဘာမှ လုပ်လို့မရဘူး ...."
" ဥပဒေကို ချိုးဖောက်တာမျိုး လုပ်ခွင့်မပေးပါဘူး ...."
အဘွားကြီးဟန်က အနည်းငယ် စိတ်တိုလာခဲ့သည်။
ဟန်ချင်စုန့်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
" အမေ ပြောလေ...."
အဘွားကြီးဟန်က သူမသမီးကို ကြည့်လိုက်ပြီး ပြောလာသည်။
" မင်းညီမကို ကြည့်လိုက်စမ်း မငယ်တော့ဘူးမလား ..."
ဟန်ချင်စုန့်က ဟန်ကျင်းယွီကို စိုက်ကြည့်လိုက်သည်။
" အဆင်ပြေပါတယ် ကျွန်တော်ကတော့ အဲ့ကိစ္စတွေနဲ့ပတ်သတ်ပြီး သိပ်မသိဘူးလေ...."
ဟန်ကျင်းယွီ : ..... အဲ့လိုပဲ ပြောလိုက်တယ်ပေါ့ ငါ ဘယ်ရောက်နေတာလဲ လျစ်လျူရှုခံနေတယ်... နင့်ရဲ့လောဘကြီးပြီး ပျင်းရိတဲ့မိန်းမကမှ ပိုပြီး ဉာဏ်ကောင်းဦးမယ်....
အဘွားကြီးဟန်က သက်ပြင်းချလိုက်သည်။
" ကလေးတွေအကုန်လုံးက အမေကနေ ဆင်းသက်လာရတာ လက်ဖမိုးရော လက်ဖဝါးရော အသားပဲ.... ဘယ်ဟာက မနာကျင်ရဘူးလို့ မင်းထင်နေတာလဲ မင်းညီမရဲ့ ဘဝခရီးအတွက် ဆွေးနွေးပေးဖို့ လိုသေးတယ် ..."
ဟန်ကျင်းယွီက ၎င်းကို ကြား၍ သူမ၏ လက်ထပ်ပွဲအကြောင်း ပြောချင်သွားသည်။သူမက အခြားမိန်းကလေးတွေပုံစံအတုယူပြီး ရှက်သယောင် ဟန်လုပ်လိုက်သည်။ သူမ မြန်မြန် ပုန်းကွယ်လိုက်သော်လည်း ခန်းမအဝင်မှာ မတ်တပ်ရပ်နေပြီး နားထောင်နေလိုက်သည်။
ထို့နောက် သူမက အရှေ့ပြတင်းပေါက်ကို သွားပြီး လင်းလန် ဘာလုပ်နေလဲ ချောင်းကြည့်ဖို့သွားလိုက်သည်။ သူမ ကြည့်လိုက်သည်နှင့် လင်းလန်၏ ပြုံးယောင်သန်းနေသော မျက်လုံးများနှင့် ဆုံသွားသည်။ လင်းလန်က ပြတင်းပေါက်ပေါ်တွင် ထိုင်နေပြီး လက်ကြားထဲ ဘောပင်ကိုင်ထားရင်း ညာလက်ပေါ် ပါးတင်ထားကာ ပြုံးနေတာကို တွေ့လိုက်ရသည်။
" ဟဲ့ နင် နင်ဘာလို့ ထပြီး အမေ့ကို မနှုတ်ဆတ်ရတာလဲ ..."
ဟန်ကျင်းယွီက လင်းလန်ကို လက်ညိုးထိုး ပြောလိုက်သည်။
လင်းလန်က ဘောပင်ကို လှည့်လိုက်ပြီး သူမကိုကြည့်ကာ ဖြူစင်တဲ့အကြည့်လေး ပေးလိုက်သည်။
" ကိုယ့်ကိုယ်ကိုယ် အတွက် ယောကျာ်းရှာဖို့ အရေး အဲ့လောက်ယောက်ယတ်ခတ်နေတာမျိုး ငါ တစ်သက်နဲ့ တစ်ကိုယ် မတွေ့ဖူးသေးပါဘူး ...."
" နင် ..."
အမှန်တရားကို ပြောလိုက်၍ ဟန်ကျင်းယွီက လင်းလန်ကို စိတ်တိုသွားလေသည်။
လင်းလန်က သူမကို အလျော့ မပေးပေ။ သူမက နှာရှုပ်လိုက်ပြီး လှောင်ပြောင်လေသည်။
" နင်က ပျင်းရိပြီး တုံးအတယ်လို့ နင်ပြောခဲ့တာလေ... အဲ့ဒါတောင် နင်က မြို့က လူကို လက်ထပ်ချင်သေးတယ်ပေါ့လေ... မြို့က လူတွေက အကန်းတွေလို့ထင်နေတာလား.... အရူးတွေလား.... ငါဆိုရင် အသုံးမကျတဲ့ ဇနီးမျိုးမရှာချင်ပါဘူး အထူးသဖြင့် နင့်လိုမျိုးပေါ့ ...."
" ဝါး ~~ "
ဟန်ကျင်းယွီ မျက်ရည်များ သုတ်ကာ ခန်းမထဲ ပြေးဝင်သွားသည်။
" အစ်ကို သူ ညီမကို အနိုင်ကျင့်တယ် ...."
သူမ သူ့မိန်းမကို ယောက်မဟု မခေါ်ဘဲ လင်းလန်ဟု ဆက်ခေါ်နေသရွေ့ ဟန်ချင်စုန့်က သူမကို မျက်နှာသာပေးမှာ မဟုတ်ပေ။
သူမသမီးက ပါးစပ်စည်းကမ်းမရှိသည်ကို မြင်၍ အဘွားကြီးဟန်တစ်ယောက် ကြာပွတ်ဖြင့်သာ ရိုက်လိုက်ချင်တော့သည်။
လင်းလန် နိုးလာပြီဆိုသည်ကို ဟန်ချင်စုန့် သိသည်နှင့် သူက တံခါးကိုဖွင့်ပြီး အရှေ့ခန်းကို သွားကာ ပြောလိုက်သည်။
" စားကြရအောင် ..."
သူ လင်းလန်ကို ညင်ညင်သာသာဆက်ဆံပြုစုနေရတာကို ကြား၍ အဘွားကြီးဟန်နှင့် ဟန်ကျင်းယွီက ရူးမတတ်ဖြစ်သွားရသည်။ ဒီလို ကောင်းမွန်တဲ့ယောကျာ်းမျိုးက သူတို့ကိုပဲ ပြုစုရမှာဖြစ်သည်။
လင်းလန်က သူကိုပြုံးပြကာ ကုပ်ကပ်တက်လိုက်ပြီး လည်ပင်းကို ကိုင်ကာ သူ့ကို နမ်းလိုက်သည်။
" ကောင်းပြီ ကျွန်မလည်း ဗိုက်ဆာနေတာ ..."
သူမက ခန်းမထဲနောက်တစ်ခါ သွားပြီး မျက်နှာသစ် သွားတိုက်လုပ်ကာ ထိုင်နေပြီး မျက်လုံးလှိမ့်နေသည့် အဘွားကြီးဟန်ကို အားရပါးရ ပြောလိုက်သည်။
" အမေလည်း ဒီရောက်နေတော့ အတူတူစားကြတာပေါ့ ..."
ဟန်ချင်စုန့်က အိုးထဲမှ မနက်စာအဖြစ် ပြောင်းဆန်ပြုတ်၊ ကြက်ဥပြုတ်၊ မှိုစတူးနှင့် ဂျုံခေါက်ဆွဲအပြင် ဝေါ်ဝေါ်ထို့ပါထုတ် ယူလာခဲ့သည်။
ဟန်ကျင်းယွီက ကြက်ဥကိုကြည့်လိုက်ပြီး ချက်ချင်း ကောက်ယူရန်လုပ်လိုက်သည်။ ဟန်ချင်စုန့်က သူ့လက်ထဲ ဦးအောင်ယူလိုက်ပြီး စားပွဲပေါ်လှိမ့်ကာ အခွံ့ခွာလိုက်ပြီး လင်းလန်၏ ပြောင်းဆန်ပြုတ်ထဲ ထည့်ပေးလိုက်သည်။
အဘွားကြီးဟန်က ဤကြက်ဥများက လင်းလန်ယူသွားတဲ့ ထိုကြက်များဆီက ဖြစ်မယ်လို့ တွေးလိုက်သည်။ သူမ၏ ဖွံ့ဖွံ့ဖြိုးဖြိုးကြက်မလေးက ဥကောင်းကောင်း ဥပေးနိုင်သည်။ ယခုတော့ သူမက စိတ်ဖိစီးသွားရတော့သည်။
Xxxxxxx
Part 406
ဟန်ကျင်းယုက ဟန်ချင်စုန့်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်ကာပြောလိုက်သည်။
" အစ်ကို ဘာလို့ ကြက်ဥကို အမေ့ အရင်ဦးမချရတာလဲ ...."
ဟန်ချင်စုန့် : " ဒီဥတွေက ရှောင်ဝမ်အတွက် သူ့အမေ ချန်ထားပေးတာ အမေက နောက်တစ်ခါမှ ချက်စားလိုက်တော့ပေါ့ ...."
လင်းလန် ပြုံးလိုက်မိသည်။ သူမက အားရပါးရ အမူအရာနှင့် အဘွးကြီးဟန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
" အမေက စီးပွားရေးအကြောင်းပဲ ပြောနေတော့တာပဲ ကျွန်မအတွက် စိတ်မပူပါနဲ့ ..."
သူမက ယခုလို တိုက်ခိုက်လာ၍ အဘွားကြီးဟန် ကျောမတ်သွားရသည်။ သူမက ဟန်ချင်းစုန့်ကို သူမသမီးအတွက် ယောကျာ်းကောင်းကောင်း ရှာပေးစေချင်ရုံတင်ဖြစ်သည်။
ဟန်ချင်စုန့်က အနည်းငယ် ရှက်သွားရသည်။
" အမေ ကျွန်တော် တစ်ယောက်နဲ့ မိတ်ဆက်ပေးရမလား ...."
အဘွားကြီးဟန် : " ဘာလို့လဲ မင်းအတွက်အဆင်မပြေဘူးလား ...."
ဟန်ချင်စုန့် : " ကျွန်တော်က ကောင်းတဲ့အချိန်အခါမှာ အဆိုးတွေ လုပ်မိမှာဆိုးလို့ပါ ..."
သူ လူအများကြီးကို သိသော်လည်း သူတို့ လက်ထပ်ပြီးပြီးလား တစ်ယောက်တည်းပဲလားဆိုတာ သူဂရုမစိုက်မိပေ။ သူတို့ကြိုက်သည့် လူနှင့်ပေးတွေ့ပေးလိုက်ပြီး သမက်လုပ်ခိုင်းလိုက်မည်ဖြစ်သည်။ သို့သော် သူ့ကို မိတ်ဆက်ပေးခိုင်းတာက နည်းနည်း မသက်မသာဖြစ်စေသည်။
အဘွားကြီးဟန်က ပြောလိုက်သည်။
" မင်းညီမအတွက် ဘာကအကောင်းဆုံးလဲဆိုတာ မင်းစဉ်းစားပေးရုံပါပဲ... မင်း ဆိုးတဲ့အရာတွေ မလုပ်မိပါဘူး မင်းလက်အောက်ခံတွေက လျှို ဒါမှမဟုတ် တစ်ခုခုမလား... သူတို့က ခရိုင်ကမလား ...."
ဟန်ချင်စုန့် : " လျှိုကျင်းယွင် ..."လျှိုကျင်းယွင်က တော်တော်လေးကောင်းလှသည်။ သူက ကြည့်ရလွယ်ကူပြီး စီးပွားရေးမှာ တော်တော်လေး ထက်မြက်ပြီး လုပ်နိုင်စွမ်းလည်း ရှိသည်။ သူလက်ထပ်ပြီးပြီလား မထပ်ရသေးဘူးလားတော့ ဟန်ချင်စုန့် မသိပေ။ သူက ဘယ်လိုစကားပြောရမယ်မှန်း မသိပေ။ ထို့ကြောင့် သူက လျှိုကျင်းယွင်ကို တည့်တိုးသာ မေးလိုက်ချင်သည် ။
မင်းလက်ထပ်ပြီးပြီလား ...ငါ့မှာတော်တော်လေးကို ပျင်းရိပြီး မြို့တက်လင်ရှာချင်နေတဲ့ ညီမတစ်ယောက်ရှိတယ်...သူမကို မင်းလက်ထပ်ချင်သလား....
(အူတက်🤣🤣)
ဟန်ကျင်းယုက လင်းလန်ကို စူးစိုက်ကြည့်ပြီးနောက် ဟန်ချင်စုန့်ကို ပြောလိုက်သည်။
" အစ်ကို အစ်ကို သူ့ကို အိမ် ထမင်းစားဖိတ်မယ်ဆိုရင်ရော ...."
၎င်းက လျှိုကျင်းယွင်နှင့် အဆက်အသွယ်ရရန် သူမအတွက် အစပင်။
အဘွားကြီးဟန်ကလည်း ကူပြောပေးခဲ့သည်။
" ဟုတ်တယ် ထမင်းအတူတူစားလိုက်... သူက ရွာကိုတောင်လာပြီး ထမင်းမစားရသေးဘူးမလား ...."
ဟန်ချင်စုန့် : " အကြောင်းပြချက်မရှိဘဲ သူကို ဘယ်လိုညစာလိုက်ကျွေးရမှာလဲ....သူကိုညစာဖိတ်ကျွေးလိုက်ရင် သူက အမှားတွေလုပ်မိလိမ့်မယ်.... ပုံမှန်ဆို သူက ဘယ်သူ့ကိုမှ အမှားခံတာမဟုတ်ဘူး ...."
" အဲ့တာဆို.... ညီမကို ခရိုင်ခေါ်သွားပေးပါ့လား ... "
သူမကို သူမိတ်ဆက်ပေးလိုက်တာနှင့် လျှိုကျင်းယွင်က သူ့ကို အရူးလို့ မြင်သွားတော့မည်။
လျှိုကျင်းယွင် သူ့ကိုကြည့်လိုက်သည်နှင့် သူက သူမ၏စရိုက်တွေကို ပြောပြမိလိမ့်မည်။
ဟန်ကျင်းယုကလည်း သူ့အကြောင်းအကုန် မေးမြန်းခဲ့သည်။ လျှိုကျင်းယွင်က နည်းနည်းအသက်ကြီးပြီး အခုဆို သုံးဆယ့်ငါးရောက်နေပြီဆိုသော်လည်း သူက ငယ်ရွယ်ပြီး ကတိတည်သည်။ ကြည့်ကောင်းလှတာကြောင့် သူ့ကို လက်ထပ်ရတာ မဆိုးပေ။
ဟန်ကျင်းယု၏ နောက်ထပ် ပစ်မှတ်က လောဟိုင်ချန်း ဖြစ်သည်။ ခရိုင်ကလူကို လက်မထပ်နိုင်ပါက ကွန်မြူနတီကိုသာ သွားလိုက်ပါဟူသော စကားအရ ကွန်မြူနတီကို ရောက်ပြီဆိုရင် လောဟိုင်ချန်းက အကောင်းဆုံး အသင့်တော်ဆုံးပင်။
လောဟိုင်ချန်းကလည်း အသက်နှစ်ဆယ့်ငါးဖြစ်ပြီး လက်မထပ်ရသေးပေ။ သူ့အဖေနှင့် အမေကိုလည်း တပ်ထဲတွင် ကောင်းကောင်းဂရုစိုက်ပေးပြီး သူ့ဘဝက ကောင်းမွန်လှသည်။ သူနှင့် လက်ထပ်ရပါက လယ်စိုက်စရာမလိုတော့ပေ။
၎င်းက ဟန်ကျင်းယု၏ စုံစမ်းမေးမြန်းမှုများစွာမှ ရလဒ်များဖြစ်သည်။
ဟန်ချင်စုန့်က ငြင်းပယ်လိုက်သည်။ သူက ဘာကြောင့် သူမကို ခရိုင်ကို ခေါ်သွားရမည်နည်း။ ကိစ္စတစ်ခုခုမရှိဘဲ သူမကို ခေါ်သွားလို့ မရပေ။ လျှိုကျင်းယွင်က တည်ကြည်ပြီး သူ့ခယ်မတွေ ညီမများနှင့် အဆင်ပြေပြေ ရင်းနှီးကာ သူနှင့်အသက်တော်တော်ကွာသည့် သူ့၏ညီငယ် ညီမငယ်များ အပေါ်လည်း ကြင်နာလှသည်။
သူ့ညီမလို ပုံစံမျိုးနှင့်ဆိုပါက...
သူနှင့် သူ့ညီမက ဆန့်ကျင်ဘက်တွေပင်။ သူမက သူ့မယောက်မကိုတောင် မလေးစားပေ။ သူ့မကို တစ်ယောက်တည်း ထားတာအကောင်းဆုံးပင်။ သူသာ ဖျားနာမနေဘဲ အဆင်ပြေနေမည်ဆိုရင် ဟန်ချင်စုန့်က သူ့ညီမနှင့် မိတ်ဆက်ပေးတာကို သေချာပေါက် ငြင်းပယ်လိမ့်မည်။
အဘွားကြီးဟန်က ပြောလိုက်သည်။
" ခရိုင်ကို သွားပြီး ရုပ်ရှင်ကြည့်ဖို့နဲ့ ပြဇာတ်ကြည့်ဖို့ ရက်ချိန်းယူခဲ့ ..."
ဟန်ချင်စုန့် မျက်မှောင်ကြုတ်လိုက်သည်.
" အမေ ကျွန်တော့်မှာ ဘယ်လိုလုပ် ရုပ်ရှင်ကြည့်ဖို့ အချိန်ရှိမှာလဲ ..."
သူ့မိန်းမနဲ့ ရုပ်ရှင်ကြည့် ဘာညာ လုပ်ဖို့ မဒိတ်ရသေးဘူး ...ဘာကိစ္စ ညီမကို ခေါ်သွားရမှာလဲ....သူဘာမှမလုပ်ချင်ရင် ဘာမှမလုပ်ဘူးပဲ...
အဘွားကြီးဟန်က စိတ်တိုသွားသည်။
" နင်မှာ ဘာလို့ အချိန်မရှိရမှာလဲ နင် ဒီနေ့ အိမ်မှာပဲ တစ်နေကုန်နေပြီး ဘာမှမလုပ်ဘဲနေမလို့လား ...."
ဟန်ချင်စုန့် : " ကျွန်တော်က ကျွန်တော့်မိန်းမနဲ့ အိမ်မှာနေမှာလေ ဘာမှလုပ်စရာမရှိတာမှ မဟုတ်တာ ...."
လင်းလန် ရယ်မိသွားသည်။
ဟန်ချင်စုန့်ကို ဘာလို့ တွန်းအားပေးနေရတာလဲ... သူ့မျက်လုံးထဲမှာ သူ့မိန်းမတွေ သားသမီးတွေနဲ့ အတူတူရှိဖို့က အလုပ်လုပ်ပြီး အမှတ်စုရတာလိုပဲ အရေးကြီးတာလေ....သူများတွေနဲ့ အပြင်ထွက် စကားပြော ကစားတာက သူ့အတွက် အရေးမပါဘူးဆိုတာ သိသာနေတာကို...
သားအမိနှစ်ယောက်လုံးက ဟန်ချင်စုန့်ကို ဒေါသထွက်တာကြောင့် မျက်လုံးပင် လှန်မိသွားရသည်။
ဟန်ချင်စုန့်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
" နင်က ငယ်သေးတယ်... နောက်နှစ်နှစ်လောက်ကြာမှ ရှာတာလည်း မဆိုးပါဘူး.... ရွာက လူငယ်လေးတွေလည်း....ကြည့်ကောင်းပြီး အိမ်နဲ့နီးတော့ သူတို့လည်း ဂရုစိုက်နိုင်တာပေါ့ ..."
" အစ်ကို...ညီမကောင်းစားတာကို ဘာလို့ မလိုချင်ရတာလဲ ...."
ဟန်ကျင်းယု ခြေဆောင့်လိုက်သည်။
" ညီမကို နားရောထောင်နေရဲ့လား ညီမကို လျှိုကျင်းယွင်ရယ် လောဟိုင်ချန်းရယ်နဲ့ မိတ်ဆက်ပေးဖို့ ပြောနေတာ ...."
ဟန်ကျင်းယု အရမ်းစိတ်ရှုပ်သွားရပြီး ရှက်တာတွေ ဘာတွေ မသိတော့ဘဲ အော်ပြောလိုက်တော့သည်။
ဘယ်သူက ရွာအနီးအနားက ယောကျာ်းပျိုတွေကို ဘယ်သူစိတ်ဝင်စားမှာလဲ....သူတို့အကုန် လယ်စိုက်စားကြရတာပဲလေ....သူမက အဲ့လောက်ဈေးမပေါဘူးလို့....
ဟန်ချင်စုန့်က သူမရှက်နေသည်ဟု မထင်ပေ။
" ကောင်းမွန် မှန်ကန်တဲ့သူကို ရှာတာက ပိုကောင်းပါတယ် ...."
လျှိုကျင်းယွင်နှင့် လော့ဟိုင်ချန် ကလွဲပြီး သူတို့မိသားစုအခြေအနေကို သေချာသူမသိပေ။
ဟန်ကျင်းယု မျက်လုံးများ ပြူးကျယ်သွားသည်။
" သူတို့နဲ့ ဘာလို့အဆင်မပြေရမှာလဲ ညီမအစ်ကိုက ခေါင်းဆောင်လေ သူတို့က ကပ္ပတိန်လေ ဘာများမှားနေလို့လဲ ..."
ဟန်ချင်စုန့် : " ဟုတ်တယ် ငါက ငါ့အဖေကိုရော ငါ့မောင်နှမတွေကိုရော ဂရုမစိုက်ဘူး ...."
ရိုးရိုးသားသား ပြောရရင် သူ့ညီမလိုမိန်းမမျိုးကို လျှိုကျင်းယွင်နှင့် လော့ချန်းဟိုင်ကို မယူစေချင်ပေ။ ၎င်းကလည်း သူတို့ ကောင်းဖို့အတွက်ပင်။ သူတို့ လင်းလန်လို မိန်းမကောင်းလေးကို လက်မထပ်နိုင်ခဲ့လျှင်ပင် သူတို့ဘဝကို ဒုက္ခမရောက်စေမည့် မိန်းကလေးမျိုးကိုသာ လက်ထပ်သင့်သည်။
၎င်းက အလုပ်အတွက်လည်း အဆင်ပြေလိမ့်မည်။
Xxxxxx