အပိုင်း ၄၀၇-၄၀၈
Viewers 22k

Part 407


အဘွားကြီးဟန်နှင့် ဟန်ကျင်းယုက သူစကားပြောမတတ်တာကြောင့် အလွန် စိတ်တိုနေကြသည်။


အဘွားကြီးဟန်က လင်းလန်ကို စိုက်ကြည့်ကာပြောလိုက်သည်။

" မသိချင်ယောင်ဆောင်ပြီး အစားပဲစားမနေနဲ့ နင့်ယောက်မအတွက် ကူပြောပေးဦး ..."


လင်းလန် ပါးစပ်ထဲမှာရှိသည့် ကြက်ဥကို မြိုချလိုက်ပြီး သူတို့ကို စိုက်ကြည့်ကာ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။


"စန်းကော... ကျွန်မယောကျာ်းပြောတာ မှန်တယ်လို့ ကျွန်မထင်တယ်.... ရှင်တို့ ကျွန်မကို ငြူစူတာဖြစ်ဖြစ် ဒါမှမဟုတ် စစ်တပ်က အိမ် ပြန်လွှတ်လိုက်တဲ့ တစ်ခြားသူတွေကို ရှာတာဖြစ်ဖြစ် လုပ်ပေါ့ အကိုပင်းကော...."


ပုံမှန်ဆိုလျှင် ထိုသို့ရွေ့ပြောင်းလာရတဲ့သူတွေက ဟန်ချင်စုန့်လောက်မကောင်းပေ။ သူတို့ထဲက အများစုက သာမာန်အလုပ်နှင့် လစာပဲရရှိကြသည်။


" ငါဂရုမစိုက်ဘူး ညီမက ညီမနဲ့အတူတူ လမ်းဘေးစာစားပေးမဲ့ တစ်စုံတစ်ယောက်ပဲလိုချင်တာ ...."


ဟန်ကျင်းယု ရှက်စပြုလာပြန်သည်။


ဟန်ချင်စုန့် မျက်နှာပျက်သွားရသည်။


" ငါက လမ်းဘေးစာစားနိုင်ရင်တောင် နင့်ယောက်မက မစားနိုင်ဘူး ဘယ်လိုအစားအစာမျိုး နင်စားနိုင်မယ်လို့ ထင်နေတာလဲ ...."


[ လမ်းဘေးစာစားတယ်ဆိုတာ ဆင်းရဲမွဲတေတာကိုပြောတာပါ ဟန်ကျင်းယုပြောချင်တဲ့ အဓိပ္ပာယ်က ဆင်းရဲမွဲတေနေရင်တောင် သူနဲ့အတူတူရှိနေပေးမဲ့သူကို လိုချင်တယ် ပြောတာပါ ]


ဟန်ကျင်းယု တွေးထားတာက သူက အကြီးဖြစ်ပြီး သူမက သူ့ညီမဖြ့စ်တာကြောင့် အကုန် သူဖြေရှင်းရမယ် ဟုပင်။


လင်းလန် သူမ(ဟန်ကျင်းယု)က သူ့ယောကျာ်း(ဟန်ချင်စုန့်)အပေါ် ‌ကလေးလိုမျိုးပြုမူနေတာကို မကြည့်နိုင်တော့ပေ။


" တစ်ယောက်ယောက်ကို လက်ထပ်ချင်ရင် အဆင်ပြေတယ်လေ.. မင်းရဲ့ အခြေခံအတန်းတူသူငယ်ချင်းတွေဆိုရော ဘယ်လိုလဲ ..."


သူမ စွန်းယောင်းဝူ ကိုရှာမတွေ့တော့ရော ဘာအရေးလဲ နောက်တစ်ယောက်ထပ်ရှာပေါ့....


ယခုလိုမျိုးပြောလိုက်တာက ဟန်ကျင်းယု၏ ဒေါသကို လောင်စာထပ်ထည့်လိုက်သလိုပင်။

" အဲ့ဒါက နင်ကြောင့်ပဲ မဟုတ်ဘူးလား ...."


အခြားသူတွေ အကုန် စွန်းယောင်းဝူကြောင့် စိတ်တိုနေရပြီး သူမကို နောက်ထပ် ဘယ်သူကမှ မဆက်သွယ်တော့ပေ။


လင်းလန် အံ့ဩသွားရသည်။

" အဲ့ဒါဆို ငါ့မှာ တော်တော်လေးကောင်းတဲ့ လုပ်နိုင်စွမ်းရှိတာပဲ..."


ဟန်ချင်စုန့်က အဘွားကြီးဟန်ကို ပြောလိုက်သည်။

" အမေ့ကို မေးပါဦးမယ် လူတွေက အဲ့ဒါကို အာမခံမရတာကို ပျော်နေတာလား..."


၎င်း သူ့အတွက် အနည်းငယ်ခက်ခဲနေကြောင်း လင်းလန်ခံစားမိသည်။ သူက အမြဲ တည်နေပြီး သူ့လက်အောက်ငယ်သားတွေကပါ သူ့လို တည်နေကြသည်။ ဒီလို အိမ်ထောင်ရေးအကြောင်းပြောဖို့ တောင်းဆိုတာ သူ့အတွက် ခက်ခဲစေလှသည်။


သူမက ပြောလိုက်သည်။

" ကျင်းယွင်ကို အရင်မေးလိုက်မယ် သူက ငယ်ပြီး သူတို့နဲ့ ပိုရင်းနှီးတယ် ...."


အဘွားကြီးဟန်က လင်းလန် သူမကို နှောင့်ယှက်မှာဆိုးတာကြောင့် သူမကို ဂရုစိုက်ပေးဖို့ ထပ်ပြောလိုက်သည်။

" ဒါက မင်းယောက်မနော် ..."


လင်းလန် မျက်ခုံးပင့်လိုက်သော်လည်း ပြန်မတုံ့ပြန်လိုက်ပေ။


 

အချိန်က တော်တော်လေး နောက်ကျလာသည်ဖြစ်၍ အဘွားကြီးဟန်က အိမ်ပြန်ပြီး ဟန်တန်အာနှင့် သားအကြီးဆုံးအတွက် ချက်ပြုတ်ပေးဖို့ရှိ၍ သူ့သမီးကို လောဆော်ပြီး အိမ်ပြန်သွားသည်။


......


နေ့လည်ခင်းတွင် ဟန်ချင်စုန့်က အလုပ်လည်းမသွားသလို အခြားသူများနှင့်လည်း စကားသွားမပြောပေ။ ယင်းအစား သူက လင်းလန် သူ့မ၏ကိုယ်ပိုင် အသီးအရွက်စိုက်ခင်းထဲတွင် ပြင်ဆင်နေသည်ကို ကူညီပေးနေလိုက်သည်။ ပုရစ်များ၊ ပေါင်းပင်များ၊  အင်းစက်ပိုးမွှားများ၊ အပင်များကိုထိခိုက်စေမည့် အခြားအပင်များကို နှုတ်နေရသည်။ မကြာခင်တွင် ညနေခင်းပင် ဖြစ်သွားလေသည်။


နှစ်ယောက်သား မြစ်ထဲတွင် ခြေထောက်ဆေးလိုက်သည်။


ထိုအချိန်တွင် နေက အနောက်ဘက်တွင် ဝင်လုဆဲဆဲဖြစ်နေပြီး နီဝါရောင်အလင်းများ ဖြန့်ကျက်နေကာ မြစ်တစ်ခုလုံး ရွှေရောင်တောက်ပနေသလို ဖြစ်နေလေသည်။ အဖြူရောင် ငန်းအုပ်နှင့် ဘဲအုပ်များကလည်း ကူးခတ်သွားလာနေသည်မှာ ကျေနပ်စရာကောင်းလှသည်။ လင်းလန် မြစ်ဘေးက ကျောက်တုံးပေါ် ထိုင်လိုက်ပြီး သူ့မခြေထောက်ကို ရေထဲ ထည့်ထားသည်။ ရေမျက်နှာပြင်က နည်းနည်းနိမ့်သော့လည်း ရေအတွင်းထဲတွင်တော့ အေးပြီး နေလို့ကောင်းလေသည်။


" ဝိုး ယောကျာ်းရေ ခြေထောက် ရေလာစိမ်ကြည့် အရမ်း နေလို့ကောင်းတာပဲ ...."


သူမ အခြားတစ်ဖက်မှာ မြက်တွေကို ရေဆေးနေသည့် ဟန်ချင်စုန့်ကို ခေါ်လိုက်သည်။


သူက သန့်ရှင်းရေးလုပ်လိုက်ပြီး လမ်းလျှောက်သွားကာ သူမဘေးမှာ ထိုင်ချလိုက်သည်။ နွေပူပူ၌ လေညှင်းလေးက မြစ်ကို ဖြတ်သန်းတိုက်ခတ်လာပြီး အေးမြမှုကို ယူဆောင်လာကာ သူမ၏နားရွက်များကို ပွတ်တိုက်သွားပြီး ဆံပင်များကို ကျီစားနေကာ သူမ၏ အလှတရားကို ထင်ရှားလာစေသည်။ ဟန်ချင်စုန့် ခမျာ အဝေးကိုတောင် အကြည့်မလွှဲနိုင်ပေ။


" ‌ကိုယ် မင်းကို ရေကူးသင်ပေးမယ် ..."

သူ တီးတိုးပြောလိုက်သည်။


ရေကူးတာနဲ့ ပတ်သတ်ပြီး ဘာလို့ အဲ့လောက် စွဲလန်းနေရတာလဲ....

သူ၏ ‌အသက်ရူသံပြင်းပြင်းက လင်းလန်၏ နားတွေကို ယားယံစေလေသည်။


" ကျွန်မ ကြောက်တယ် ...."


"ကျွန်မရေကူးနိုင်တယ်...." ဟုသာ သူမ‌ ပြောလိုက်ချင်တော့သည်။ 


ဟန်ချင်စုန့်က သူမပါးကို ထိလိုက်ပြီး နဖူးက ချွေးများကို သုတ်ပေးလိုက်သည်။

" ကိုယ်လည်း အဲ့မှာ ရှိနေမှာလေ ..."


လင်းလန်က သူ့နား ကပ်သွားပြီး ပြောလိုက်သည်။

" ကျွန်မတို့ နှစ်ယောက်တည်း ရေကူးမယ်ဆိုရင် လူတွေ ဘယ်နှစ်ယောက်တောင် လာချောင်းကြမယ် ထင်လည်း မေ့လိုက်တော့ ...."


ဟန်ချင်စုန့် : " ညကျမှ လာမယ်လေ ....'


သူလည်း သူ့ဇနီးလေး ရေကူးဝတ်စုံ ဝတ်ပြီး လူအများကြီး ကြည့်တာ ခံရမှာကို မလိုချင်ပါဘူးနော်...


သူတို့နှစ်ယောက် ပင်ပန်းနေပြီး မြစ်ဘေးတွင် မှီတွယ်နေသည်ကို မြင်၍ ဖြတ်သွားသည့် အဖွဲ့ဝင်များက တီးတိုး‌ပြောလိုက်သည်။


" အဲ့လင်မယားကို ကြည့်ပါအုန်း အိမ်မှာ နီးနီးကပ်ကပ် မနေရတဲ့အတိုင်းပဲ ပူးကပ်နေလိုက်တာ ...."


" အဲ့လောက်ကြီး မဆိုးလောက်ပါဘူး... ငါ ဘယ်တော့မှ သူ တခြား သူတွေနဲ့ စကားပြောတာ မမြင်ဖူးဘူး အမြဲ သူ့မိန်းမနားပဲ ကပ်နေတာ ...."


ရာသီဥတုက ပူနွေးလာပြီး ပွဲများရှိလာ၍ ယောကျာ်းများက ပြပွဲကို သွားပြီး ပွဲမရှိပါက တပ်ထဲ၌သာ စကားပြောနေလေ့ရှိသည်။ အချို့ယောကျာ်းများကတ သူတို့ ဇနီးတွေနှင့် အိမ်မှာ နှပ်နေကြသည်။ မည်သို့ပင်ဆိုစေ သူတို့ယောက်ျားများက နေ့ဘက်အလုပ်မအားတာကြောင့် ညဘက်  ပြန်လာချိန်မှသာ သူတို့ကြိုက်တာလုပ်နိုင်သည်။ သေချာတာပေါ့ သူတို့က ကုတင်ပေါ် မဟုတ်ရင်တောင် အခြားအပျော်များ ရှာနိုင်ပါသေးသည်။


ဒါရိုက်တာဟန်က အခြားလူများနှင့် ကွာခြားသည်။ နေ့ဆို သူကအလုပ်သွားရင် သွား မသွားရင်လည်း အခြားသူများနှင့် စကားမပြောဘဲ အိမ်မှာသာနေပြီး သူ့မိန်းမကို ကြည့်နေလေ့ရှိသည်။


ဟန်ချင်စုန့် မိန်းမကို အခြားမိန်းမများ မည်မျှ မနာလိုနေသလဲ ရေတောင်မရေနိုင်တော့ချေ။


သို့သော် ထိုအမျိုးသမီးတို့၏ယောကျာ်းတွေကလည်း ညည်းညူကြသည်။ အကယ်၍ သူတို့မိန်းမများသာ လင်းလန်လောက် လှပပြီး အိမ်ထောင်မှု နိုင်နင်းပါက သူတို့လည်း နေ့တိုင်း ခေါင်းအစ ခြေအဆုံး ထိုင်ကြည့်နေမည်သာဖြစ်သည်။


Xxxxxx

Part 408


ဟန်ချင်စုန့်က ညနေတိုင်း သူ့မိန်းမလေးကို ခေါ်ပြီး မြစ်ထဲတွင် ရေကူးသင်ပေးလေ့ရှိကာ သူ့တို့ အိမ်သုံးပစ္စည်းများနှင့် မြစ်ထဲ ဆင်းလေ့ရှိသည်။


" အားး ကူပါအုန်း ငါ့ကို မကိုက်နဲ့လေ ...."


စန်းဝမ်၏ အော်သံကြီးကို လင်းလန် အဝေးကပင် ကြားလိုက်ရသည်။


ဟန်ချင်စုန့်က သူမကို ဂရုမစိုက်ဖို့ ပြောလိုက်သည်။

" သူ ငန်းတစ်ကောင်လိုက်တာ ခံနေရတာ ..."


ထိုအကြောင်း အားဝမ်ပြောခဲ့သည်ကို လင်းလန်ကြားဖူးသော်လည်း ကိုယ်တိုင် မမြင်ဖူးပေ။ ယခုတွင် ပုတင်းနက်လေး ယခုလို ငန်းကြီးကြီး လိုက်ဆိတ်တာခံနေရတာကို မြင်၍ သူမ ထိုင်ကြည့်ချင်လာသည်။


သူတို့ လမ်းလျှောက်သွားသောအခါ မြစ်ထဲတွင် ကောင်လေး တစ်ဒါဇင်လောက်ကို တွေ့လိုက်ရသည်။ သူတို့ကြားထဲတွင် ချမ်းသာသည့် လူများပါ ပါသေးသည်။ ငယ်ရွယ် ချမ်းသာတဲ့ သူနှစ်ယောက်ပင်။


မနက်ခင်းလေ့ကျင့်ရေးနှင့် ရေကူးခြင်းတို့ကြောင့် ကောင်လေးများက ရေကူးဝတ်စုံများကို ကျောင်းအထိ ဝတ်သွားလေ့ရှိသည်။ ကျောင်းဆင်းသည်နှင့် သူတို့က မြစ်ထဲ ပြေးသွားကြပြီး ‌ကျောက်တုံးအကွယ်တွင် ရေကူးဝတ်စုံလဲကာ ရေထဲကို ကြီးစဉ်ငယ်လိုက် တင်းသွားကြသည်။ စန်းဝမ်က တစ်နှစ်သုံး အော်ပြီး ရေထဲ အတူတူ ခုန်ချလိုက်သည်။


ယခုက ကျောင်းမဆင်းသေးပေ။ ကစားချိန် ဆင်းတာဖြစ်သည်။


စန်းဝမ် လက်ထဲတွင် ငါးတစ်ကောင် ကိုင်ထားတာ သူမ တွေ့လိုက်ရသည်။ ကြီးမားသည့် ငန်းကြီးသုံးကောင်ကလည်း သူ့နောက်မှ တကွပ်ကွပ်အော်ကာ မြစ်တစ်လျှောက် လိုက်ဆိတ်တော့သည်။ သို့သော်ငါးကိုတော့ ဆုံးသွားပြီဖြစ်ပြီး မြစ်ထဲက ကလေးများကို ရီမောစေလေသည်။


အဆုံးတွင် စန်းဝမ်က မြစ်ထဲကို ဒိုင်ဗင်ထိုးကာ ငန်းအုပ်ကြီးကို ဖြတ်သွားလိုက်သည်။ တော်တော်ကြာအောင် ရေကူးပြီးသည်နှင့် သူက ပေါလောပေါ်လာကာ မျက်နှာကို သုတ်လိုက်ပြီး ကြောက်ရွံ့စွာ ပြောလိုက်သည်။


" အန္တရယ်များလိုက်တာကွာ ...."


ရှောင်ဝမ်က သူ့လက်ကို ပုတ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။


"အစ်ကို မင်း အရင်ကထက် ရေမြန်မြန်ကူးနိုင်ပြီး အသက်ရူအောင့်တာလည်း တော်တော်လေး တိုးတက်လာပြီ ...."


စန်းဝမ်က သူ့လက်ကို အဖြူရောင်ငန်းဆီ ညွှန်ပြလိုက်သည်။

" အရှုံးပေးတာကို လက်ခံလိုက်ပါတော့ ...."


လူအများကြီး နောက်တစ်ခါ ရီမောလိုက်ရပြန်သည်။


အားဝမ်က သူ့မိဘများကို တွေ့၍ ခေါင်းကိုလှည့်ကာ လက်ရမ်းပြလိုက်သည်။ ရှောင်ဝမ်က ချက်ချင်း ကမ်းပေါ်ကို တက်လာပြီး ငါးကြင်းနှစ်ကောင်ကို လင်းလန်ဆီ ပေးလိုက်သည်။


" အမေ တတိယအစ်ကို ဖမ်းလာတာ ...."


လင်းလန်က ငါးကို ယူလိုက်ပြီး လက်ကိုင်ပဝါကို ထုတ်ကာ ရေစိုနေသည့် ရှောင်ဝမ် မျက်နှာကို သုတ်ပေးလိုက်သည်။ ဖြူဖွေးနူးညံ့သည့် အသားအရေကြောင့် မျက်နှာတစ်ခုလုံး နီရဲကုန်သည်။  ရှောင်ဝမ်၏ အသားအရည်က အရမ်း မနူးညံ့သော်လည်း ပွတ်တိုက်ခံရ၍ နီရဲကာ အရေပြားများ လန်လာလေသည်။ သူမနှင့် ဟန်ချင်စုန့်က ရှောင်ဝမ်ကို အိမ်အရင်လွှတ်လိုက်ပြီး အခြား မောင်နှမများနှင့် ခဏမျှ အတူတူကစားရန် မှာလိုက်သည်။


စန်းဝမ်က ငါးကို ဖမ်းမိခဲ့သည်။ ငါးက ကြီးတော့ မကြီးသော်ငြား အရသာရှိလှသည်။ ၎င်းတို့ကို အကြော်မှုန့်နှင့် ကြော်ခြင်း သို့မဟုတ် ငါးစွပ်ပြုတ်ပြုတ်ခြင်း လုပ်ပါက အရသာအရှိဆုံးဖြစ်သည်။


မိုင်စွေ့က လင်းလန် ဟင်းချက်နေသည်ကို ကူညီပေးခဲ့သည်။ ထို့နောက် လသာဆောင်ကို သွားပြီး စာရေးလေသည်။ ထိုအချိန်တွင် ကောင်းကင်က မှောင်မဲနေသော်လည်း ရှစ်နာရီသာ ရှိသေးသည်။ ထို့ကြောင့် မီးထွန်းထားပြီး လောင်စာကို သုံးစွဲရန် မလိုအပ်ပေ။


လင်းလန်က ပြောလိုက်သည်။

" အလှလေး ပူနေရင် အိမ်ထဲမှာ မနေနဲ့လေ အပြင်သွားပြီး သူတို့နဲ့ သွားကစားချေ ...."


အပြင်တွင် ဝမ်နှစ်ဝမ်နှင့် သူတို့ကို ခေါင်းဆောင်နေသည့် တဝမ်ရှိသည်။ လင်းလန်က သူရေထဲဆင်းလား မဆင်းလားကို စိတ်မပူပေ။


မိုင်စွေ့က ပြောလိုက်သည်။

" မာမား...သမီးက နောက်ထပ်စာအုပ်တွေ ထပ်ဖတ်ချင်တာ... အလုပ်သမား‌တွေ လယ်သမားတွေနဲ့ စစ်သားတွေအတွက် ‌လေကြောင်းသင်တန်းရှိတယ်လို့ ရေဒီယိုကနေ ကြားလိုက်တယ်.... သမီးတို့ ကြီးလာရင် သွားလို့ရလောက်လား..... "


ကောင်မလေးက အရာတစ်ခုကို ရူးသွပ်ပြီး သူမဘဝကို အချည်းနှီးမဖြစ်စေရန် ရည်ရွယ်ချက်ရှိနေ၍ လင်းလန် အလွန် ကျေနပ်သွားသည်။ သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။


" သမီးက အခုမှ နှစ်တန်းပဲရှိသေးတာလေ.... စိတ်ပူဖို့ မလိုသေးပါဘူး ကြီးလာရင်တော့ ကောလိပ်ကို သွားလို့ရရင် ရမှာပေါ့ ...."


မိုင်စွေ့ မျက်လုံးများ တောက်ပသွားသည်။

"မာမား... တကယ် ပြောတာလားဟင် ...."


လင်းလန် ပြောလိုက်သည်။

" အလုပ်ဖြစ်မယ်လို့ ထင်တာပဲ...  အလုပ်သမားတွေ တောင်သူတွေနဲ့ စစ်သားတွေအ‌တွက် အစလို့မထင်ဘူးလား.... ကောလိပ်နေပဲ ကျောင်းသားတွေ စုဆောင်းနေလို့မရဘူး ကောလိပ်တွေအများကြီး စွန့်ပစ်ခံထားရတယ်လေ ပြီးတော့ ဘဝ‌ရဲ့ ခြေလှမ်းတွေ အကုန်လုံး ပါရမီရှိဖို့လိုတယ် ကျောင်းသားမစုဆောင်းတာက အမှန်မဟုတ်ဘူး ...."


သူမပြောသည်က ဘောင်အတွင်းက မဟုတ်ပေ။ ထို့အပြင် သူမပြောသလို လူတိုင်းတွင် အသိပညာရှိကြသည်။ သို့သော် လင်းလန်က အနာဂတ်ကို ကြိုသိထား၍ ပိုပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြောနိုင်ရန် ယုံကြည်ချက်ရှိလေသည်။ အခြားသူများသာ ပြောမည်ဆိုပါက စာရင်းသွင်းခြင်းက မည်သည့်အချိန် ပြန်စမည်မှန်း သိမှာမဟုတ်ပေ။ ၎င်းက ခန့်မှန်းချက်သာ ဖြစ်လိမ့်မည်။


မိုင်စွေ့ စိတ်ချသွားရသည်။


မကြာခင်တွင် ဟန်ချင်စုန့်က ဟန်ချင်းယွမ်ကို ခေါ်လိုက်သည်။


ဟန်ချင်းယွမ် အရမ်း အံ့ဩသွားသည်။

" အစ်ကို ညစာစားနေတုန်း ခေါ်တာလား ညစာစားဖို့ ခေါ်လိုက်တာလား ...."


ဘုရားရေ....နေက အနောက်ဘက်နေ ထွက်လာတော့မှာပဲ..... 


ရုံးမှာ ဒါရိုက်တာဟန်က တင်းကျပ်ပြီး ဘယ်သောအခါမှ အခြားသူများကို ထမင်းစား မဖိတ်သော ခေါင်းမာသည့် သံကျောက်ခဲကြီးဖြစ်ကြောင်း မသိသူမရှိပေ။ သူ့ကို ညစာစားရန် ဖိတ်ခေါ်လိုက်ခြင်းက ဂုဏ်ယူစရာပင်။


 မဟုတ်သေးပါဘူး.... တတိယအစ်ကို သူ့ရဲ့ ယုတ်မာတဲ့ မျက်လုံးတွေကို ဖွက်ထားပြီး သူ့ကို ကြာပွတ်နဲ့ ရိုက်ချင်နေတာတော့ မဟုတ်ဘူးမလား ....


သူ ရုတ်တရက် စိတ်ရှုပ်သွားသည်။


ဟန်ချင်စုန့် : " မင်းမရီးက လာဖို့‌ ခေါ်ခိုင်းလိုက်လို့ ...."


ဟန်ချင်းယွမ်ပိုပျော်သွားသည်။

" ကျွန်တော့် မရီးက အရမ်းကောင်းတာပဲ ကျွန်တော့်အကြောင်း အမြဲ စဉ်းစားပေးတယ် ...."


သူ နောက်ကျောကို မတ်လိုက်ပြီး သူ့ဆံပင်ကို အနည်းငယ် သပ်ချလိုက်ကာ နည်းနည်းပိုချောလာသည်ဟု ခံစားလိုက်ရသည်။


ဟန်ချင်စုန့် : " .... " 


ရုတ်တရက်ကြီး ငါ အဲ့ကောင်ကို ကန်ထုတ်ချင်လာပြီ .....ဒါပေမဲ့ ဒီလူငယ်က ယုံကြည်မှုလွန်ကဲနေတာပဲ.... ဒါကို ငါလက်ခံရမယ် ....


လင်းလန်က ထမင်းကျွေးပြီး ဟန်ကျင်းယွမ်ကို ဂုဏ်ပြုပေးရန် ဝိုင်တစ်ပုလင်း ထုတ်လာခဲ့သည်။


" ချင်းယွမ် မင်း အခုထက်ထိ အခုလုပ်လုပ်တုန်းပဲလား ခက်ခဲတဲ့အလုပ်ပဲ ...."


ဟန်ချင်းယွမ်: " မရီးရယ်... ကျွန်တော့် တတိယအစ်ကိုလောက်တော့ မဟုတ်ပါဘူး ... "


သူ့ဘော့စ်ဆီကနေ အကြည့်ကြီးကို လက်ခံရရှိလိုက်ပြီး ချက်ချင်းပြုံးလိုက်သည်။

" ဖြစ်နိုင်ပါတယ် .."


ဟန်ချင်စုန့်က သူ့ကို အထဲ ထိုင်ခိုင်းလိုက်သည်။


ဟန်ချင်းယွမ်က အမြန် ငြင်းပယ်လေသည်။

" တတိယအစ်ကို ဒါက မကောင်းပါဘူး ကျွန်တော် အပြင်မှာပဲ ထိုင်ပါ့မယ် ...."


ဟန်ချင်စုန့်က သူ့ပခုံးများကို ဖိချလိုက်ပြီး အထဲတွင် ထိုင်ခိုင်းလိုက်သည်။ နွေရာသီကာသ ပူအိုက်လှသည်။ ခြံထဲတွင် မစားပါက သူ့မိန်းမလေးနှင့် နေရာပြောင်းရပြီး လင်းလန်ကို ပူအိုက်လှသည့် အထဲတွင် ထိုင်ခိုင်းသလို ဖြစ်သွားလိမ့်မည်။


Xxxxxx