အပိုင်း ၄၀၉-၄၁၀
Viewers 20k

Part 409


စားပွဲပေါ်က ဟင်းပွဲများကက ပေါများပြီး ခွက်ကြီး ခွက်ငယ် အသီးသီးဖြစ်နေသည်။ စားပွဲတွင် သခွားသီး ၊ ပဲကတ္တီပါ ၊ ကြက်သွန်မြိတ်နဲ့ ကြက်ဥမွှေကြော် ၊ သကြားနဲ့ ခရမ်းချဉ်သီးအေးအေးလေး ၊ မှိုစတူး ၊ ငါးကြင်းခေါင်းစွပ်ပြုတ်၊ လိပ်ကြော်တို့နှင့် ပြည့်နေလေသည်။


ဟန်ချင်းယွမ်က အံ့ဩစွာ ပြောလိုက်သည်။

" မရီးရေ ဟင်းတွေက အရမ်းကောင်းတာပဲဗျာ ...."


လင်းလန် : " အကုန်လုံးက ဥယျာဉ်ထဲက အသီးအရွက်တွေ ပဲတွေက ပခုထက်ထိ မင်းမရီးမစားနိုင်သေးတဲ့ဟာတွေပဲ ...."


ဟန်ချင်းယွမ် : .မျက်ရည်ကျနေပါပြီကွာ....ဟင်းချက်နည်းတွေ မတွေးတတ်တာက တော်တော်လေး ကွာတာပဲတယ်.....


 သူတို့မိသားစုက မဆင်းရဲပေ။ ဥယျာဉ်ထဲတွင်လည်း အသီးအရွက်များစွာ စိုက်ပျိုးထားသည်။ သို့သော် အိမ်တွင်စားသည့် သားသတ်လွတ်ဟင်းများက ဤမျှစားမကောင်းကြောင်း သူပြောနိုင်သည်။


စန်းဝမ်က ဟန်ချင်းယွမ်စားသည့်ပုံစံကို သိသွားသည်။ သူက ပြုံးကာ ပြောလိုက်သည်။


" ဦးလေး သားနားလည်တယ်.... သားလည်း အခြားသူအိမ်ရောက်ရင် ဟင်းအတူတူချင်းတောင် အရသာမတူတော့ဘူး ကိုယ့်အိမ်ကဟာလောက် မကောင်းသလို ခံစားရတယ် ...."


ဟန်ချင်းယွမ်: " ငါ မင်းတို့ မိသားစုနဲ့သာ အတူတူနေချင်လိုက်တော့တယ် ...."


ရှောင်ဝမ်က လင်းလန်ကို ဂုဏ်ယူစွာ ညွှန်ပြလိုက်သည်။

" အမေရယ် အစ်မရယ် အစ်ကိုရယ်က အရသာရှိတဲ့ အစားအစာတွေ ချက်ပေးကြတာလေ...."


ဟန်ချင်းယွမ် တော်တော်လေး မနာလိုဖြစ်သွားရသည်။


" အဲ့ဒါကြောင့် ပြောကြတာ ဇနီးကောင်းတစ်ယောက်ကို လက်ထပ်ယူနိုင်ဖို့က အရေးကြီးတယ်လို့ ...."


လင်းလန်က အချိန်ကိုက် မေးလိုက်သည်။

" ကျင်းယွမ်... မင်း‌ဇနီးအကြောင်းပြောဖို့ အဆင်သင့်မဖြစ်သေးဘူးလား...."


ဟန်ချင်းယွမ်က ပြုံးကာပြောလိုက်သည်။

" မရီးကပဲ... တစ်ယောက်လောက် မိတ်ဆတ်ပေးလေ...."


လင်းလန်က ပါးစပ်ကို ကွယ်ကာ ပြုံးလိုက်သည်။

" မင်းက ငယ်ရွယ်ပြီး ချောမောတဲ့အပြင် လုပ်ကိုင်နိုင်စွမ်းလည်း ရှိတယ် ... "


ဟန်ချင်စုန့်က သူမကို စိုက်ကြည့်လာသည်ကို သူမ ခံစားလိုက်ရသည်။ ထို့နောက် ပြန်ကြည့်ကာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။


" တတိယအစ်ကိုကလည်း မင်းက တော်တယ်လို့ တွေးတယ်လေ.... မင်းမှာ ဇနီးကောင်းတစ်ယောက် ရှိသင့်တယ်တဲ့ ငါတို့က မင်းတို့လို လူငယ်တွေလောက် ပညာမတတ်ကြဘူးမလား.... စီဝှိုက်ရွာမှာလည်း ချောမော‌ ကောင်းမွန်တဲ့ ကလေးမလေးတွေ ရှိပါတယ်... မင်းစိတ်ဝင်စားရင် ငါ့မိသားစုနဲ့ အစ်မတွေကို ကြည့်ခိုင်းလိုက်မယ် ပြီးတော့ တူတဲ့ဟာလေးတွေလည်း ရှိသေးတယ် ...."


ဟန်ချင်းယွမ်က ချက်ချင်း ထပြောလိုက်သည်။

" မရီး... မရီးနဲ့တူတဲ့သူလေးရော ရှိလား ...."


ဟန်ချင်စုန့်က ငါးတစ်ပိုင်းကို သူ့ဆီပေးကာပြောလိုက်သည်။

" ငါးစား ...."


ဟန်ချင်းယွမ် ခါးသီးစွာ ပြုံးလိုက်မိသည်။

" တတိယအစ်ကိုက အရမ်းကြင်နာတတ်တာပဲ..."


ငါးစွပ်ပြုတ်က ငါးနှင့် ဝါရွက်ရယ် ပြုတ်ထားခြင်းဖြစ်သောကြောင့် ဘယ်သူမှ မကြိုက်ကြပေ။


[ ဝါရွက်ဆိုတာက ဂွမ်းထွက်တဲ့အပင်က အရွက်ပါ ပြောရရင် ဂွမ်းရွက်ပါ ပြီးတော့ ငါးနဲ့ ဝါရွက်စွပ်ပြုတ်က မီးဖွားမီးခါစက မိခင်တွေ နို့ထွက်အောင် အသောက်များကြပါတယ် အရသာက ညှီအောက်အောက်နဲ့ ခါးပါတယ် တစ်ချို့ကတော့ ငါးနဲ့မဟုတ်ဘဲ ကြက်သားနဲ့ သောက်ကြပါတယ် ]


စားပြီးသည်နှင့် ကလေးများက ပုရစ်ရှာရန် ပြေးထွက်သွားကြလေသည်။


လင်းလန်က ဟန်ချင်းယွမ်ကို စကားပြောနေပြီး လျိုကျန့်ယွင် နှင့် လောဟိုင်က ချန်ဒူမှာ ဘာမှ လုပ်စရာမရှိမှန်း သိလိုက်သည်။ သို့သော် လျိုကျန့်ယွင်၏ အမေက သူ့မသားကို မိန်းကလေးတစ်ယောက်‌လောက်ကို မြို့မှာ ရှာရန် ပြောနေသည်။ သူ့ရွာက မဟုတ်ဘဲ စက်ရုံက မိန်းကလေးလည်း မဟုတ်သည့် မြို့က မိန်းကလေးတစ်ယောက် ဖြစ်ပြီး ခရိုင်မှ ဘယ်မှမသွားမည့် မိန်းကလေးတစ်ယောက်ကို ရှာဖို့ ပြောနေခဲ့သည်။လောဟိုင်ချန်း၏ မိသားစုကို ကွန်မြူနတီက ပိုင်သည်။ သူ့အဖေက တပ်၏ ထောက်ပို့ကြေးစားသမားဖြစ်သော်လည်း သူတို့အတွက်ချွေးမလောင်းကို မြို့မှ ရှာနိုင်သည်။ သို့သော် လောဟိုင်ချန်းက သူ့အဖေနှင့် အမေ ပြောတာကို နားမထောင်ပေ။ သူ့ဘာသာ ကိုယ်တိုင်ရှာဖို့လိုပြီး သူ့မိဘများဆီကိုလည်း အကြိမ်များစွာ မိတ်ဆက်ပေးပြီးပြီဖြစ်သော်လည်း သူနှင့် မအပ်စပ်ပေ။


လင်းလန်က စမ်းသပ်သလို မေးလိုက်သည်။

" အဲ့တာဆို မင်းရဲ့ ယောက်ဖက ... "


လင်းလန်တွင် နားလည်လွယ်သည့် အမူအရာရှိနေလေသည်။


ဟန်ချင်းယွမ်ကလည်း စက္ကန့်အနည်းငယ်အတွင်း သဘော‌ပေါက်သွားသည်။ သူက ခေါင်းကို ကုတ်ကာပြောလိုက်သည်။

" မရီး... ဒါက... "


သူက ဟန်ချင်စုန့်ကို ကြည်ကာပြောလိုက်သည်။

" အစ်ကို လောဟိုင်ချန်းကို ကြည့်ရအောင် ခေါ်လိုက်ပါဦး...."


သူက ဤကိစ္စကြီးကို သဘောတွေ့လှသည် မဟုတ်ပေ။ လောဟိုင်ချန်းက အပေါ်ယံကြည့်ပါက တုံးအပြီး လုပ်နိုင်ကိုင်နိုင်သည့် ခေါင်းဆောင်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူက ရဲရင့်ပြီး ရည်မှန်းချက်ကြီးကာ ဉာဏ်နီဉာဏ်နက်များသည့် သူမျိုးဖြစ်သည်။ သေချာပေါက် ဘာမှမသိ ဘာမှမလုပ်သည့် ဟန်ကျင်းယုနှင့် လုံးဝဆန့်ကျင်ဘက်ပင်။


ဟန်ချင်စုန့် : " မင်းကိုပဲ အားကိုးရတော့မယ် ...."


ဟန်ချင်းယွမ် : " ဟမ်... တတိယအစ်ကို အဲ့တာဆို ဘာလိုချင်တာတုန်း ..."


အဲ့တာ အဘွားကြီး ဒါမှမဟုတ် တစ်ခုခုရဲ့ အကြံအစည်လား....


လင်းလန် ပြောလိုက်သည်။


" ချင်းယွမ် နင် အောင်မြင်မြင် မမြင်မြင် အရေးမကြီးပါဘူး... ကြိုးစားကြည့်ပြီး ပြန်ပြောပြလေ ပြီးတော့ လောဟိုင်ချန်းကိုလည်း အဲ့လောက်ကြီး ဖိအားပေးစရာမလိုပါဘူး... အခြားသူတွေကိုလည်း ဟန်ဆောင်ခိုင်းစရာမလိုဘူး အထင်မလွဲနဲ့နော် ..."


ပြောရမည်ဆိုလျှင် အဲ့တာအတွက် လိုပင် မလိုချေ။ ဟန်ချင်းယွမ်ကိုသာ ရှေ့ထွက်ခိုင်းလိုက်လျှင်ရနေလေပြီ။


ဟန်ချင်းယွမ် နားလည်သွားသည်။


" အဆင်ပြေပါတယ် ဘယ်လိုလုပ်ရမလဲ သိသွားပြီ ...."


အဘွားကြီးဟန် ခိုင်းတာကိုပဲ ကော်ပီကူးချလိုက်မယ်.....


နောက်နေ့မှာတွင် သူက ဟန်ကျင်းယုကို ကွန်မြူနတီဆီဖိတ်ကာ လောဟိုင်ချန်းနှင့် ပထမဆုံးပေးတွေ့ပေးလိုက်သည်။ ဟန်ကျင်းယုကို မြင်သည်နှင့် လောဟိုင်ချန်း၏ မျက်လုံးများက တောက်ပသွားလေသည်။ ပြောရမည်ဆိုလျှင် ဟန်ကျင်းယုက ဘယ်လို လှလှပပ ဝတ်စားရမလဲဆိုတာ သင်ထားတာကြောင့် ကြည့်ကောင်းနေလေသည်။  


ဟန်ကျင်းယုတစ်ယောက် သူမရည်ရွယ်ချက် ပြီးမြောက်တော့မလို ခံစားနေရသည်။


ဤကိစ္စက အနည်ထိုင်သွားသလိုမျိုး သူမနှင့် ဟန်ချင်းယွမ်က လွယ်လွယ်ကူကူ ယုံကြည်ချက်ရှိရှိ အိမ်ပြန်လာခဲ့သည်။


ရွာကိုအဝင်တွင် သူမက ဟန်ချင်းယွမ်ကို မေးလိုက်သည်။


" အစ်ကိုချင်းယွမ် အဲ့ဒီ့လောဟိုင်ချန်းရဲ့ မိသားစုအခြေအနေက မြင့်တယ်နော် ...."


ဟန်ချင်းယွမ်က သူမကို မရှက်ဖို့ပြောနေပြီး သူနဲ့သူမရဲ့ လက်ထပ်ပွဲအကြောင်း ဆွေးနွေးပေးလိုက်သည်။


" အဲ့လိုမဟုတ်ပါဘူး ငါတို့အကုန် မြို့ကလူနဲ့ ရချင်ကြတာပဲလေ.... အဲ့မြို့က လူတွေက သူတို့ဘဝကို အနိမ့်ခံကြပါ့မလား... လောဟိုင်ချန်းကြင်နာတာကိုပဲ ကြည့်မနေနဲ့ သူမိဘတွေက တင်းကျပ်နိုင်တယ် ..."


ဟန်ကျင်းယုက ပြောတာရပ်လိုက်ပြီး လောဟိုင်ချန်းကို အရင်ဆက်သွယ်ပါက ပိုကောင်းလိမ့်မည်ဟု တွေးလိုက်သည်။


လောဟိုင်ချန်းက တိုးတိုးလေးပြောလေသည်။

" အဲ့တာ မင်းကောင်မလေးလား ...."


ဟန်ကျင်းယုက ပြုံးကာ ပြောလိုက်သည်။

" ဒီလိုကောင်မလေးမျိုး ရဖို့ ငါ့မှာ ဘယ်က ကောင်းချီးတွေ ရှိမှာလဲကွာ ဒါက ငါတို့ ဒါရိုက်တာဟန်ရဲ့ ညီမလေး ...."


လောဟိုင်ချန်း အံ့ဩသွားခဲ့သည်။

" ဒါရိုက်တာဟန်မှာ ဒီလိုညီမမျိုးရှိတယ်လား...."


" ကောင်းပြီ မင်းမသိဘူးလား မင်းမှာလည်း ညီလေးမရှိဘူးလား ...."


လောဟိုင်ချန်း မျက်နှာပေါ်တွင် အလင်း ဖြတ်ပြေးသွားသည်။ ဟန်ကျင်းယုအကြောင်း ဆက်မပြောတော့ပေ။


ဟန်ချင်းယွမ်က သူ့ကို မေးလိုက်သည်။


" မင်း ဘယ်လိုထင်လဲ မင်းကြိုက်ရင် ငါ မင်းလိုက်ဖို့ ကူညီပေးမယ် ...."


Xxxxxx

Part 410


လောဟိုင်ချန်းက ဟန်ကျင်းယွီလို ချောမောသည့် ကျောင်းသူလေးကို ကြိုက်လိမ့်မည်ဟု သူတွေးလိုက်သည်။


လောဟိုင်ချန်းက ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။


" အဲ့လိုဆိုကောင်းတယ်ဆိုပေမဲ့ ငါ့အတွက် မသင့်တော်ဘူး... ပေါက်ကရတွေ ပြောမနေနဲ့တော့ ကောင်မလေးနောက်ကွယ်မှာ အဲ့လိုပြောနေတာ မကောင်းဘူး ...."


ဟန်ချင်းယွမ် : " ဘာလို့ မသင့်တော်တာလဲ အရမ်းလှပြီး ခန္ဓာကိုယ်လည်း လှတယ်လေ... "


လောဟိုင်ချန်းက မသင့်တော်ဘူးဟုသာ ပြောခဲ့လေသည်


ဟန်ချင်းယွမ် စိတ်ရှုပ်သွားသည်။


" မင်းလည်း တက်ကြွတဲ့လူပဲလို့ မင်းပြောခဲ့တာလေ... မင်းက မင်းသူဌေး ပိတ်ရက်တွေ အလုပ်ဆင်းခိုင်းမှာကိုလည်း မကြောက်ဘူး... အခုတော့ ဘာတွေ လုပ်နေတာလဲ... မင်းအတွက် ဖိနပ်စီးဖို့ တတိယအစ်ကိုကို ငါပြောလိုက်မှာ ကြောက်နေတာလား တော်လိုက်တော့ ဟန်ကျင်းယွမ်က အဲ့လို လူလားကွ ...."


လောဟိုင်ချန်းက ပြုံးကာ သူ့ပခုံးကို ပုတ်လိုက်သည်။


" စိတ်မပူပါနဲ့ ဒါရိုက်တာဟန်နဲ့ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး....အဲ့ကောင်မလေးသာ ငါတို့ ဒါရိုက်တာဟန်နဲ့တူတဲ့သူဆိုရင် ငါမတောင်းဆိုရဲဘူး ဒါရိုက်တာသာ မပျော်ရင် ငါနေ့တိုင်း အဆူအပူခံရလိမ့်မယ်ကွ ..."


ဟန်ချင်းယွမ်က ပဟေဠိဖြစ်နေဆဲပင်။ ထို့အပြင် သူကလည်း လောဟိုင်ချန်းလောက်လည်း မတော်ပေ။


လောဟိုင်ချန်း : " ဒီမှာပဲ ထားလိုက်ရအောင်.... အဲ့ကောင်မလေးက သူ့မိဘတွေနဲ့ ကြီးလာတာမလား...သူမက ဟန်ချင်ဟွားနဲ့ တူတူပဲ ..."


ဟန်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

" ငါသမီးတွေ သေချာပေါက် ဟုတ်တာပေါ့ မိဘ‌နဲ့ ကြီးလာတာ ....."


" အဲ့တာက အဆုံးမဟုတ်သေးပါဘူး ငါပြောမယ် ငါတို့ ဒါရိုက်တာသာ စီမံရပြီး လေ့ကျင့်ရေးကို မကြီးကြပ်ရရင် အဲ့တာက ... ဟားဟား မှန်တယ်မလား ...."


 လောဟိုင်ချန်းနှင့် ဟန်ချင်းယွမ်က ညီအစ်ကိုကောင်းများဟု သတ်မှတ်ခံထားရပြီး စကားများဖူးတာ မရှိပေ။ သူက အရမ်း တင်းကျပ်ပြီး ဟန်ချင်စုန့်က သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဂရုမစိုက်မှန်း သိတာကြောင့် သူ ဒီလိုပြောရဲတာဖြစ်သည်။ 


ဟန်ချင်းယွမ် သူဘာကို ဆိုလိုချင်သလဲ နားလည်သည်။ သူက ဟန်ကျင်းယု၏ ပုံရိပ်ကို သဘောကျသော်လည်း သူ့မ၏ စိတ်သဘောထားကို သဘောမကျပေ။ သူမက ဟန်ချင်ဟွားနှင့် အဘွားကြီးဟန်လို ဖြစ်ပြီး သူမနှင့်ချစ်ကြိုက်ရဲတဲ့သူက မျက်စိအဆိပ်သင့်နေပြီဟု သူတွေးလိုက်သည်။ ထို့အပြင် သူက သူ့အဆက်အသွယ်များမရှိတော့မည်ကို အကြောက်ဆုံးပင်။


 ငါ့တတိယအစ်ကိုလို ရွှေပေါင်လုံးတုတ်တုတ်ကြီးကို ဘာလို့ အသည်းအသန်ဖက်ချင်နေလဲဆိုတာ မအံ့ဩတော့ပါဘူး.... တော်တော်လေး အကင်းပါးတဲ့ကောင် ...


သို့သော် လောဟိုင်ချန်း၏ သတ္တိကို သူလေးစားသည်။ သူက ‌မိန်းကလေး၏ ပုံရိပ်ကို သဘောကျသော်လည်း သဘာဝကျကျ ပြောင်းလဲ ငြင်းဆန်နိုင်သည်။


ဟန်ချင်းယွမ် သက်ပြင်းချလိုက်သည်။

 "အရမ်းကြီးတော့ မဆိုးပါဘူးလေ... ပြီးတော့ လူတိုင်းက‌လည်း ငါ့တတိယမရီးလို မဟုတ်ဘူးမလား....မင်း အဲ့ဒါပြောင်းလဲတယ်လို့ပြောလိုက်တာ ကောင်းပါတယ် ...."


လောဟိုင်ချန်းက ခေါင်းညိတ်လိုက်ပြီး နောင်တအနည်းငယ်ရစွာ ပြောလိုက်သည်။

" မင်းပြောသလိုဆို ငါ့အစ်ကိုက မိန်းမရကံကောင်းတာပါကွာ ...."


ဟန်ချင်းယွမ်က ပုဂ္ဂိုလ်ရေးအရ လောဟိုင်ချန်း ဘာကိုဆိုလိုချင်ကြောင်း အဘွားကြီးဟန်နှင့် ဟန်ကျင်းယုကို ပြန်ပြောပြလိုက်ရသည်။ သူတို့က တစ်ခါမှ သူ့ကို တရားဝင် ဆက်သွယ်ထားတာမျိုး မရှိဖူးပေ။ လောဟိုင်ချန်းက ပတ်ကျင်မှလူများကို မသင့်တော်လျှင် မသင့်တော်ကြောင်းပြောရမည်ကို မကြောက်ပေ။


ဒါပေါ့ ... ဟန်ချင်းယွမ်ကလည်း လောဟိုင်ချန်းကို တိုက်ရိုက်ကြီး အဘွားကြီးဟန်၏ မကောင်းသည့် အမူအကျင့်တွေကို ပြောပြမှာ မဟုတ်ပေ။ လောဟိုင်ချန်းက ဒါရိုက်တာ၏ညီမကို အမှီပြုပြီး အမြင့်ကို မတက်လှမ်းချင်ပေ။ ထို့ကြောင့် သူက အလုပ်ကို ခက်ခက်ခဲခဲဆက်လုပ်ပြီး သူ့တွင် တူညီသည့် ကဏ္ဍက တူညီသည့်လူရှိပြီးသား ဖြစ်သည်။


ယခုတွင် ဟန်ကျင်းယုက နောက်တစ်ခါ ဒေါသထွက်လာပြန်သည်။


" အမေ ပြောတော့ တတိယအစ်ကိုက သမီးကို ကူညီပေးနေတာဆို... အဲ့အကူအညီက ကောင်းတဲ့အကူအညီမဟုတ်ဘဲ ဆွဲချတာဖြစ်နေပြီ ...သူ့ကြောင့်သာမဟုတ်ရင် လောဟိုင်ချန်းက ပျော်ပျော်ကြီး လက်ခံလိုက်မှာ ...."


သူမက သုံးစားမရတဲ့သူဖြစ်နေသော်လည်း သူမနှင့် အဆက်အသွယ်ရှိသည့်သူ‌များက တော်တော်လေးများသည်။ ထို့အပြင် လောဟိုင်ချန်းက သူမကိုစိတ်ဝင်စားနေသည်ဆိုသည်ကို သူမခံစားနိုင်သည်။


ရလဒ်အနေဖြင့် တတိယအစ်ကိုက သူ့ အထက်လူကြီး ဖြစ်နေတာကြောင့်ပဲ သူတို့နှစ်ယောက် လွဲချော်သွားခဲ့ရသည်။


သူမက စိတ်မချသေးပေ။ ခဏအကြာတွင် သူမက ကွန်မြူနတီကိုသွားပြီး လောဟိုင်ချန်းကို သွားရှာလေသည်။ သူ့အစ်ကိုက ဗျူရို၏ခေါင်းဆောင်ဖြစ်ပြီး သူမကို အထင်သေးနေတယ်ဆိုကြောင်းကို သူမရှင်းပြရန်လိုအပ်သည်။


ဟန်ကျင်းယု ဤမျှ ရဲတင်းမည်ဟု လောဟိုင်ချန်း မမျှော်လင့်ထားပေ။ သူမက နှစ်ခါ သုံးခါသာ တွေ့ဖူးပြီး စကားပင် သေချာမပြောဖူးသော ‌အမျိုးသားတစ်ယောက်ကို တွေ့ရန် ပြေးလာခဲ့သည်။ သူမက အိမ်ထောင်ဘက်တွေ့ဖို့ပင် တရားဝင်မစ‌ထားကြပေ။


သူတွင် တိုင်းတာနိုင်သည့် အာရုံရှိသည်။ သူသာ မတွေးတောဘဲ အပြင်ထွက်သွားပါက သူက ဟန်ကျင်းယုကို ကြိုက်သလိုဖြစ်သွားလိမ့်မည်။


" ရှင်ပြော ... ရှင်ဘာလို့ ကျွန်မကို မကြိုက်ရတာလဲ... ကျွန်မက ကြည့်မကောင်းလို့လား ကျွန်မ့အစ်ကိုက ဗျုရိုခေါင်းဆောင်ဖြစ်နေလို့လား ...ဒါပေမဲ့ အဲ့တာက ကျွန်မ တစ်စုံတစ်ယောက်ကို ရှာဖို့အတွက် ကြီးမားတဲ့အတားအဆီးကြီး ဖြစ်နေတာလား ..."


ဟန်ကျင်းယုက ဒေါသထွက်ပြီးရင်း ထွက်နေခဲ့သည်။ 


သူ့ကြောင့် ငါအိမ်မှာ အများကြီး မျှော်လင့်လာရတာ.... သူ့ကြောင့်နဲ့ အဘွားကြီးဟန်ဆီ ခဏခဏ စကားပြောနေရတာ ... အဲ့ဒါကို သူက ပြန်ရောက်တာနဲ့ အဲ့လို လုပ်လိုက်တယ်ပေါ့.... သူမနှလုံးသားထဲမှာ သူမရယ် လောဟိုင်ချန်းရယ်က အတူတူပေါင်းစည်းသင့်တယ်ဆိုတာပဲသိတယ်...သူတို့က တူညီတာကြောင့် အတူတူဖြစ်သင့်တယ်လို့ သူမတွေးနေခဲ့တာ....  


ဒါပေမဲ့ လောဟိုင်ချန်းက သူမနဲ့ မရင်းနှီးချင်ဘူးတဲ့လေ...


ဤမိန်းကလေးတွင် တော်တော်လေး ကြီးမားသည့် ဦးနှောက်ပြဿနာရှိလိမ့်မည်ဟူ သူတွေးနေမိသည်။ သူတို့နှစ်ယောက်က လုံးလုံးကို မရင်းနှီးကြသည့် လူများပင်။ မသိပါက သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေသလို လေသံဖြင့် သူမက လာမေးနေလေသည်။ ဟန်ချင်စုန့်နှင့် ဟန်ချင်းယွမ် မျက်နှာသာမရှိလျှင် သူ တစ်ခုခု ရိုင်းတာမျိုး ပြန်ပြောမိလိမ့်မည်။ ဥပမာ ဆိုရလျှင်-


( မိန်းကလေး မင်းမှာ ဦးနှောက်က တစ်ခုခုဖြစ်နေပြီလို့ထင်တယ် ဆေးကောင်းကောင်းသောက်ပြီး ဆရာဝန်လေး ဘာလေး ပြကြည့် ....)


(မမလေးဟန် ခဗျား အထင်လွဲနေပြီ ထင်တယ် ပြီးတော့ ဒါရိုက်တာဟန်ကိုရော အထင်လွဲနေပြီ.... )


(အဆိုးဆုံးကတော့ မင်းကို မင်း အထင်မှားနေတာပဲကွ.....)


လောဟိုင်ချန်း အလွန် ရှက်ရွံ့နေရသည်။


" ကျွန်တော် ခဗျားကို အထင်မသေးပါဘူး အထင်မမှားပါနဲ့ အဲ့တာက ကျွန်တော်တို့အတွက် မကောင်းဘူး ...."


ဤကဲ့သို့ အရာမျိုးက ပြောပြဖို့ ခက်ခဲလှသည်။ သူ ဟန်ကျင်းယုကို ကြည့်ကောင်းအောင်သာပြောနိုင်သည်။ 


မင်းက ဒါရိုက်တာဟန်ရဲ့ညီမလို့ ပြောတယ်နော်.... ဒါပေမဲ့ မင်းနဲ့ ဒါရိုက်တာဟန်က မိဘတူတာကလွဲရင် မောင်နှမလို့ ထင်စရာကိုမရှိဘူး... ငါ လက်မထပ်ချင်ဘူး မင်း အိမ်မှာ ပြဿနာများရှိနေတာလား မင်းခေါင်းကပဲလား....


အဆုံးတွင် ဟန်ချင်းယွမ်တစ်ယောက် ဟန်ချင်စုန့်ကို ဟန်ကျင်းယုက လောဟိုင်ချန်းဆီလာနေကြောင်းကို အမြန်ပြောလိုက်ရသည်။


Xxxxxxx