Part 411
ဟန်ချင်စုန့်က အမြန်ပြေးလာပြီ ဟန်ကျင်းယုကို အဝေးခေါ်သွားခဲ့သည်။
လောဟိုင်ချန်း ချွေးအေးများပင် ထွက်လာခဲ့ရသည်။
" ငါလုပ်စရာရှိသေးလို့ အရင်သွားနှင့်မယ် ...."
သူ ပျံသွားသလိုမျိုးကို အဝေးပြေးသွားခဲ့သည်။ ပြီးသည်နှင့် ဟန်ချင်စုန့် မျက်စိရှေ့ ရက်တော်တော်ကြာအောင် ပေါ်မလာရန် ရည်ရွယ်ထားသည်။ ဤနည်းဖြင့် သူအရှက်တကွဲမဖြစ်တော့မည်ဖြစ်သည်။
...
လင်းလန် ထိုကိစ္စကို ကြားသောအခါ ဟန်ချင်စုန့်ကို ပြောလိုက်သည်။
" ကျွန်မ ဘာမှမပြောခဲ့ဘူးလေ....ဒါကို သူမက သူမကို သူမ သတိမထားဘဲ လူတွေကို အဲ့လိုမေးခွန်းတွေ မေးရဲတယ်ပေါ့ ...."
အို ဘရားရေ ...ဘယ်လိုတောင် ရှက်စရာကောင်းလိုက်သလဲ... လက်မထပ်ရသေးတဲ့ လူငယ်လေးတစ်ယောက်ကို အောင်သွယ်တော်က မိတ်ဆက်ပေးရင် အဲ့တာ သီးသန့်တွေ့ရမှာလေ.... အောင်သွယ်တော်မပါဘဲနဲ့ အခြားသူတွေကို အဲ့ခေါင်းစဉ်အောက်ကြီးမှာ စကားမပြောရဲပါဘူး.... အဲ့တာက အရှက်မဲ့တာပဲ မဟုတ်ဘူးလား....
လောဟိုင်ချန်းက သူမကိုစိတ်ဝင်စားသည်ဆိုလျှင် တစ်ယောက်နှင့် တစ်ယောက်ချစ်ကြိုက်ပြီး ခပ်လျှိုလျှိုတွေ့၍ရသည်။ ယခုတွင် လောဟိုင်ချန်းက စိတ်မဝင်စားသော်လည်း သူမက သူမကိုသူမ ယုံကြည်ချက် မြင့်မားနေကြောင်း သိသာနေလေသည်။
အဲ့လို သတ္တိမျိုး ဘယ်က ရလာတာလဲ ....ဟန်ချင်းယွမ်က သူမကို အချိန်နဲ့ နေရာ မပေးခဲ့ဘူးလား....
လောဟိုင်ချန်းက အရမ်းကြီး အကောင်းမဟုတ်သော်လည်း အကင်းပါးကြောင်း သူမခံစားမိသည်။
သူမက ဟန်ချင်စုန့်ရှေ့တွင် ဘယ်တော့မှ အဘွားကြီးဟန်အကြောင်း မပြောပေ။ သို့သော် ဟန်ကျင်းယုအကြောင်းပြောရင်မည်ဆိုပါက ပြဿနာမရှိပေ။
ထို့ကြောင့် ဟန်ကျင်းယုက အဘွားကြီးဟန်ကို သူက ယခုလိုမိတ်ဆက်ပေးရတာ မလုပ်ချင်ဘူးကြောင်း ပြောရန်သွားခဲ့သည်။
" ဒါက မသင့်တော်ဘူး ...."
အဘွားကြီးဟန်က ခါးသီးစွာ ပြောလိုက်သည်။
" အဲ့လောမျိုးရိုးက တော်တော်လေး မောက်မာတာပဲ... မင်း သူ့ကို ကောင်းကောင်းဆက်ဆံပေးပြီး ငါတို့ဘယ်လောက်ကောင်းတယ်ဆိုတာ သူသိအောင် လုပ်ရမယ် ...."
ဟန်ချင်စုန့် : ..သူတို့ ဘာလို့မပျော်တာလဲ သိသွားပြီ ...
သူက ဘာမှ ထပ်မပြောတော့ဘဲ ဒီတိုင်းသာ လွှတ်ထားလိုက်တော့သည်။ အဘွားကြီးဟန်နှင့် ဟန်ကျင်းယုက သူကို ဘယ်တော့မှ သူတို့နှင့်မိတ်မဆက်ပေးပေ။ ထို့အပြင် သူတို့က ဟန်ချင်းယွမ်ကိုတောင် မထီမဲ့မြင်ပြုခဲ့ကြသည်။
သူ အိမ်ပြန်ရောက်လာသောအခါတွင် လင်းလန်က ဟန်ချင်စုန့်ကို နှစ်သိမ့်ပေးလေသည်။
" ယောကျာ်း ဒေါသထွက်မနေပါနဲ့တော့ အကုန်လုံးက ကံကြမ္မာအတိုင်းပဲလေ ပြောင်းလဲလို့မှမရတာ ...."
ဟန်ချင်စုန့် : " ကိုယ် ဒေါသမထွက်ပါဘူး ...."
သို့သော် လင်းလန်က သူ့ကို ကလေးကြီးသဖွယ် ကြည့်လာလေသည်။ သူ သူမအပေါ် ကလေးသဖွယ်လုပ်နေခဲ့သည်လားဟ လင်းလန် တုန်တက်သွားရသည်။ ဟန်ချင်စုန့်က ကလေးကြီးလို လုပ်နေတုန်းဖြစ်ပြီး သူမအမြင်ကျဉ်းခဲ့သည်ပင်။
သူမကိုသူမ ရယ်မောလိုက်သည်။ ကလေးများက ခြံထဲမှာ ကစားနေ၍ သူမက သူ့ကို နမ်းကာ နှစ်သိမ့်ပေးနေရသော်လည်း ဟန်ချင်စုန့် ကူညီတာခံခဲ့ရလေသည်။
" ဟေးဟေးဟေး အောက်ကို ပြန်ချ မြန်မြန် အဓိကအရာကို အာရုံစိုက်ထား ...."
လင်းလန်က သူ့ကိုစောင့်ခိုင်းထားပြီး ပခုံးပေါ်ကို တက်လိုက်သည်။
နွေရာသီတွင် သူမက နည်းနည်းပဲ ဝတ်စားထား၍ သူမရင်ဘတ်က ပြည့်မောက်နေကာ သူမခန္ဓာကိုယ်က သူ့စိတ်ကို ယောက်ယက်ခတ်စေလေသည်။ သူမကို စနောက်ရသည့်အရသာကို သူသဘောကျသည်ဆိုသော်ငြား သူက ၎င်းကို သဘောကျကြောင်း သူမကို ပေးသိမှာမဟုတ်ပါချေ။
လင်းလန် သူက အနမ်းကိုလိုချင်နေသည်ဟုသာ တွေးလိုက်ပြီး ခပ်မြန်မြန် အနမ်းဖွဖွလေး ပေးလိုက်သည်။ သူမမျက်နှာက နီရဲနေပြီး သူမနှလုံးသားကလည်း အခုန်မြန်နေလေသည်။
" မြန်မြန်လွှတ်ပါတော့ မြည်းငတုံးသုံးကောင် မမြင်စေနဲ့ ...."
အခြားကလေးများသာ ဤကဲ့သို့မြင်ကွင်းကို မြင်ပါက မမြင်ချင်ယောင်ဆောင်နေမှာ ဖြစ်သော်လည်း သူ့ကလေးများက မတူပေ။
.........
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရာသီဥတုက ပူသထက် ပူလာပြီး နေကလည်း အလွန်ပူပြင်းစွာ တောက်ပနေကာ ပုစဉ်းရင်ကွဲများကလည်း တကျီကျီ အော်မြည်နေကြလေသည်။
ထိုအချိန်တွင် လယ်အလုပ်က အလုပ်မများပေ။ အဓိကကတော့ လယ်ထွန်ခြင်းဖြစ်၍ အဖွဲ့ဝင်များက အနားယူနိုင်လေသည်။
နေ့တာက အလွန်ရှည်လျားပြီး အပူလှိုင်းကလည်း ဖြတ်နေလေသည်။ အပူဒဏ်ကို ခံနိုင်ရန် နည်းလမ်းမှာ နေ့လည်နေ့ခင်း တရေးတမောအိပ်ခြင်း ဖြစ်သည်။
လင်းလန်က တံခါးဝနားမှ တဲကို သန့်ရှင်းရေးလုပ်ပြီး တရေးတမော အိပ်ရစေရန် ထိုနေရာတွင် ကောက်ရိုးဖျာတစ်ချပ်ခင်း၍ အပြင်မှ စိမ်းလန်းနေသည့် မြင်ကွင်းများကိုကြည့်ရင်း ပုစဥ်းရင်ကွဲအော်သံတွေကို နားထောင်ကာ လွတ်လပ်ပေါ့ပါးသည့်အရသာကို ခံစားရသည်အား သဘောကျ၏။
မြေပြင်ပေါ်တွင် အိပ်ရသည်က သူမအတွက် အရမ်းအေးနေမည်ကို ဟန်ချင်စုန့်က စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက ကျန်နေသည့် သစ်သားချပ်များဖြင့် တစ်ယောက်ယောက်ကို ကုတင်လုပ်ခိုင်းကာ တဲအိမ်ထဲ ထည့်ခိုင်းခဲ့သည်။ ထို့နောက် အပေါ်တွင် ကောက်ရိုးဖျာတစ်ချပ် ခင်းထားလိုက်သည်။ ရှေ့တွင် အရိပ်နံရံတစ်ခုကာထား၍ လေအရမ်းမဝင်ပေ။ တံခါးကို ဖွင့်ထား၍ အလင်းဝင်သော်လည်း အရမ်းကြီးမကျယ်ပေ။ အအေးခံရန် အကောင်းဆုံးနေရာသာ ဖြစ်သည်။
လင်းလန်က ရှောင်ဝမ်ကို လက်မောင်းကြားထဲ ထည့်ကာ ယပ်တောင်ခတ်ပေးနေပြီး အိမ်ခန်းထဲရှိ ကလေးများ၏ ဆူညံသံကို နားထောင်နေလေသည်။
အားဝမ် : " မင်း အဲ့လို လုပ်လို့မရဘူး မင်းမှာ ပန်းကန်ရှိတာ မင်းမြင်တာပဲ အဲ့လို ဆက်လုပ်နေမယ်ဆိုရင် မင်းပန်ကန်လဲလိုက် ...."
စန်းဝမ် : "မားမား ဂျုံနယ်တုန်းကလည်းဒီလိုပဲထင်တယ်... ရေ ထပ်ထည့်လိုက် ...."
" မင်း အများကြီး ထည့်ပြီးပြီ ...ဂျုံထပ်ထည့်ရင် အိုးကြီးက မဆံ့တော့ဘူး ...."
အားဝမ်က အသံတိုးတိုးနှင့် လက်ညိုးထိုးပြလိုက်သည်။
အခန်းထဲက မိုင်စွေ့က တရေးတမော အိပ်နေပြီး ပင်ပန်းနေ၍ မထနိုင်ပေ။ သူတို့က သူမကိုနှိုးသလိုဖြစ်သွားကြသည်။
" ဘာလို့ ငြင်းခုန်နေရတာလဲ တနေ့လည်လုံး ငြင်းခုန်နေတာ ...."
စန်းဝမ်က လျှာထုတ်ရင်း ဖြေလိုက်သည်။
" မမ..နင်အိပ်သွားဖို့ပဲ ငါလိုချင်တာ နင့်ကို ဂလူတန်ကူလုပ်ပေးဖို့ မတောင်းဆိုပါဘူး ...."
ထိုအချိန်မှာတွင် လင်းလန် ဝင်လာကာ ယပ်တောင်ခတ်လိုက်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။
" ပူတင်းနက်လေး သားဘာလုပ်နေတာလဲ...."
စန်းဝမ် : " မာမား...ကျွန်တော်အများကြီး သိလာပြီလို့ ကျွန်တော် ထင်တယ်...တစ်လနှစ်လကြာရင်ပလုံ(သေ) သွားကြမှာဆိုတော့ စိတ်မကောင်းစရာပဲ...ဘာလို့ သူတို့ကို မီးကင်လိုက်ပြီး အတူတူမစားရမှာလဲ..."
စန်းဝမ်လို အားအင်ပြည့်ဝနေသည့်ကလေးမျိုးက နေ့လည်နေ့ခင်း ဘယ်တော့မှ မအိပ်ပေ။ ၎င်းက သူ့အချိန်ကို ဖြုန်းတီးနေသလို ခံစားရ၍ဖြစ်သည်။ အိပ်နေမည့်အစား ရေထဲဆင်းပြီး ရေကူး ငါးဖမ်း တစ်ခုခုသာ လုပ်လိုက်ချင်တော့လေသည်။
မနေ့ညက မြေပေါ်ထွက်လာသည့်ပုစဥ်းရင်ကွဲများက တစ်လနှစ်လအတွင်း သေကုန်မည်ဖြစ်ကြောင်း လင်းလန်ဆီက သူ ကြားခဲ့ရသည်။ သူ့အနေဖြင့် ထိုဟာက ဖြုန်းတီးမှုပဲဟု ခံစားနေရသည်။ တစ်မနက်ခင်းလုံး စဉ်းစားပြီးနောက် ဖမ်းပြီး ၎င်းတို့ကို စားလိုက်သည်က ပိုကောင်းမည်ဟု ခံစားလာရသည်။ ဤဂလူတန်က စေးကပ်ရန်သုံးသည်ဟု ဟန်ချင်စုန့် ပြောသည်ကိုလည်း သူကြားဖူးသည်။ ထို့ကြောင့်သူ အားအင်တွေ ပြည့်ဝလာပြီး သူ့ကိုယ်တိုင် ဂလူတန် လုပ်ချင်သွားသည်။
[ ဂလူတန်= ဂျုံကနေ ကစီဓာတ်ထုတ်ထားသည့် စေးကပ်သော ပရိုတိန်းဓာတ်တစ်မျိုး ]
ဂလူတန်လုပ်ရသည်က လွယ်ကူ၏။ဂျုံချောကို ရေဖြင့် မုန့်သား(မုန့်ညက်)ဖြစ်အောင်နယ်ရသည်။ ထို့နောက် ဂလူတန်ပဲကျန်သည်အထိ ကစီများကို ရေဆေးချရ၏။ ၎င်းကို သစ်ပင်ကသစ်ရွက်များပေါ်တွင် တင်ကာ နေပူပူမှာလှန်းထားရပြီး နေ့တစ်ဝက်ခန့်ကြာပါက အတော်လေးစေးကပ်လာပေလိမ့်မည်။ ထို့နောက် တံစို့တွင် ပတ်ကာ ပုစဥ်းရင်ကွဲများ၏ တောင်ပံများကို တစ်ကောင်ချင်းစီကပ်ပြီး ဖမ်းရန်အသုံးပြုနိုင်သည်။
အများအားဖြင့် အစ်ကိုကြီးက ကပ်ပြီး ညီ/ညီမတွေက အပ်ကြီးကြီးနှင့်အပ်ချည်ထူထူကို ကိုင်ကာ ပုစဥ်းရင်ကွဲများကို တစ်ကောင်ချင်းသီကြ၏။
Xxxxxx
Part 412
အများအားဖြင့် အစ်ကိုကြီးက ကပ်ပြီး ညီ/ညီမတွေက အပ်ကြီးကြီးနှင့်အပ်ချည်ထူထူကို ကိုင်ကာ ပုစဥ်းရင်ကွဲများကို တစ်ကောင်ချင်းသီကြ၏။
ဂလူတန်ပြုလုပ်ခြင်းက မခက်ပေ။သို့ပေမဲ့ အချို့သောလူများအတွက်မူ ဂျုံနယ်ခြင်းကပင် အခက်အခဲတစ်ခု ဖြစ်နေသည်။ ယခုအချိန်၌ ဂျုံချောက ပစ္စည်းကောင်းတစ်ခုဖြစ်နေပြီး မည်သူမှမစွန့်လွှတ်နိုင်ကြပေ။လင်းလန်ကမူ သားသမီးတွေကို ယခုလိုမျိုး အလိုလိုက်ထားပြီး သူတို့အနေဖြင့် သူတို့လုပ်ချင်ရာလုပ်နိုင်ကြ၏။
လင်းလန် စန်းဝမ်ဂျုံနယ်နေသည်ကို ကြည့်ပြီး ရယ်သေလုနီးပါးသွားသည်။ သူက တကယ်ကို မဟုတ်မဟတ်တွေလျှောက်ပြောနေသည့် ထုံထုံအအမိန်းမကြီးကဲ့သို့ပင်။ ဂျုံများလျှင်ရေထည့်၊ရေများလျှင်ဂျုံထည့်ရင်း အိုးငယ်လေးက အိုးကြီးတစ်ခုဖြင့် အစားထိုးခံလိုက်ရပြီး နောက်ဆုံးတွင် ဂျုံအိုးကြီးတစ်ခုအဖြစ်တိုက်ရိုက်အစားထိုးခံလိုက်ရသည်။
သူမက ပြောလိုက်၏။
"လာ မားမားသင်ပေးမယ်"
အားဝမ်က စန်းဝမ်ပေးသောဘေးဆိုးကြောင့် စိတ်ဆင်းရဲနေဆဲဖြစ်သည်။
လင်းလန်က ပြုံး၍ ပြောလိုက်၏။
"ရပါတယ်... ညကျရင် ပန်ကိတ်တွေအများကြီးလုပ်စားကြတာပေါ့"
သူမက စန်းဝမ်၏လက်တွေကို တဖန်ကြည့်လိုက်ပြီးပြောသည်။
"လက်ဆေးပြီးပြီလား"
စန်းဝမ်က ရယ်လိုက်ပြီး ပေါင်ချိန်အသေးစားလေးကဲ့သို့ပင်။
"ဒါပေါ့... မဆေးရသေးဘူး ဟားဟားဟား... "
လင်းလန်က သူ့ကို ရိုက်မှာစိုးသဖြင့် အလျင်အမြန် ထပ်ပြီးဆိုလိုက်၏။
"ဆေးပြီးပြီ...ဆေးပြီးပြီ... ကျွန်တော် မလိမ်ဘူး"
လင်းလန်က စန်းဝမ်ကို ဂလူတန်တစ်ပိုင်းရရန် ကူညီပေးခဲ့ပြီး ရေဆေးချလိုက်သော ကစီများကို
ဂျုံနယ်ရန် သိမ်းထားလိုက်သည်။ ထိုဟာကိုကြည့်ရင်း သူမစိတ်ကူးဉာဏ်ကွန့်လာပြီး ညတွင် သူမကစီများကို ကလေးတွေအတွက် လျန့်ဖိ (ခေါက်ဆွဲအေး)လုပ်ပေးနိုင်သည်ဟုတွေးလိုက်၏။
ဂလူတန်က မြန်မြန်ပဲ စေးကပ်လာကာ စန်းဝမ်ကအားဝမ်နှင့်အတူ အစ်ကိုအကြီးဆုံးဆီ မြန်မြန်လေး ရိုက်လို့ရအောင် ချက်ချင်း ဆွဲသွားလိုက်သည်။
သူတို့ သွားကပ်လေ့ရှိတဲ့ တံခါးမှာ သစ်သားချောင်းလေးရှိသည်။
ထိုအပြင် စန်းဝမ်က ငယ်သေးပြီး လက်တွင် လုံလောက်သည့် အားမရှိပေ။ ၎င်းကို ဆွဲဖို့ ခက်ခဲဆဲပင်။ အားဝမ်က အဆင်ပြေသော်လည် သူ့အတွေးထဲတွင် နစ်မြုပ်နေကာ သစ်ရွက်ပေါ်က ပုစဉ်းများကို ကြည့်ပြီး တွေဝေကာ အချိန်ဖြုန်းနေလေသည်။ တဝမ်က အားအကြီးဆုံးပင်။ အသက်ရှူထိန်းပြီး အတံကို လက်နှစ်ချောင်းနဲ့ကိုင်ကာ တည်တည်ငြိမ်ငြိမ်နဲ့
သူပုံစံကျပြီဆိုမှ အမြန်ပစ်လွှတ်လိုက်နိုင်သည်။ ဂလူတန်က မြန်မြန်ပဲ ပုစဉ်းရဲ့တောင်ပံကို ကပ်သွားခဲ့သည်။
စန်းဝမ်က စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
" အစ်ကိုကြီး အရမ်းတော်တာပဲ ...."
သူတို့က အလုပ်ရှုပ်နေစဥ် တစ်ယောက်ယောက်က သူတို့ဆီလာကာ ပြောလိုက်သည်။
" အို ငါသိသားပဲ ပြောတယ်လေ ငါက ကစားသမားကောင်းတစ်ယောက်ပါလို့ လာပါဦး.... ငါလည်း ကူပစ်ပေးမယ် ...."
အသံကိုကြားသည်နှင့် တဝမ်က ခေါင်းကိုလှည့်ကာ သူ့ကို ကြည့်လိုက်သည်။
" စတုတ္ထဦးလေး ပြန်လာပြီလား ...."
ရောက်လာသူက ဟန်ချင်ဟွ ဖြစ်သည်။ သူက အရင်ကလို မောက်မာပြီး ကဲ့ရဲ့တတ်သူမဟုတ်တော့ဘဲ သူ့အပြုံးက ကြင်နာကာ တည်ငြိမ်နေလေသည်။ ထို့ကြောင့် သူ့ကို ဟန်ချင်စုန့်နှင့်ပင် တူသွားစေသည်။
ဟန်ချင်ဟွက ကြည့်ကောင်းသည့် လူထဲတွင်ပါသည်။ သူက အလိုလိုက်ခံရပြီး ကလေးကတည်းက ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့လေးဖြစ်သည်။ စာအုပ်လည်း ဖတ်ပြီး ကျေးလက်တွင် နေရသူဟု ထင်ရက်စရာမရှိအောင်ကို ချောမောလှသည်။ အတိတ်တုန်းက အကျင့်ပျက်ခဲ့ရုံသာ ဖြစ်သည်။ သူက တစ်နေ့လုံး စစ်တပ်ဝတ်စုံ အစိမ်းရောင်ကို ဝတ်ပြီး စစ်ဦးထုတ်ကိုလည်း ဆောင်းကာ စက်ဘီးတစ်စီးနှင့် ခွေးတစ်ကောင်လို နေခဲ့ဖူးသည်။
ယခုချိန်တွင် သူက ရဲစခန်း၌ လေ့ကျင့်ရေးဆင်းပြီးနောက် အရပ်အနည်းငယ်ရှည်လာကာ အနည်းငယ် ရှည်သယောင်ဖြစ်နေသော သူ၏ဆံပင်များကိုလည်း တိုအောင်ညှပ်လိုက်သည် သူ့ဖြူဖွေးနေသည့် အသားအရေဆိုလျှင် နေလောင်ကာ အညိုရောင်သန်းနေပြီး လူများအပြင် တိရစ္ဆာန်များကိုပါ အန္တရာယ်ကင်းစွာ ပြုံးပြလာခဲ့သည်။ သူ့အနီးနားက လေထုကပါ နူးညံ့သိမ်မွေ့နေပြီး အလွန်ပြောင်းလဲသွားကာ ကြည့်ကောင်းလှသည့် လူငယ်လေးတစ်ယောက် ပြန်လည်မွေးဖွားလာခဲ့သလိုပင်။
တဝမ်၏မျက်နှာက အစပိုင်းမှာ နစ်မြုပ်သွားပြီး ခဏနေတော့ မူလအခြေအနေကို ပြန်ရောက်သွားခဲ့သည်။ ထို့နောက် ဟန်ချင်ဟွထံ တံလျှိုကို လှမ်းပေးလိုက်သည်
ဟန်ချင်ဟွက အစေးကပ်တာကြောင့် သူက သူတို့ကို တိတ်တိတ်လေးနေခိုင်းပြီး အဝေးမှာ နေခိုင်းလိုက်သည်။
" သစ်ပင်ပေါ်က ပုစဉ်းတွေက မင်းတို့လှုပ်တာတွေကို ကြားနိုင်တယ် ...."
ခဏအတွင်းတွင် သူက ကော် အနည်းငယ်သုတ်လိုက်သည်။
အားဝမ်နှင့် စန်းဝမ်က အိမ်ကို ပြန်ပြေးကာ လင်းလန်ကို အမြန်ပြောလိုက်သည်။
"မာမား...စတုတ္ထဦးလေး ပြန်လာပြီ...."
လင်းလန်က အိမ်ထဲတွင် ခေါက်ဆွဲလုပ်နေတာ ဖြစ်ပြီး စတုတ္ထဦးလေးဆိုသည်ကို ကြားသည်နှင့် တန့်ကနဲဖြစ်သွားသေးသည်။ ထို့နောက် ဟန်ချင်ဟွ မှန်း သူမ သိသွားလိုက်သည်။
သူမ အကျပ်အတည်းထဲရောက်သလို ခံစားရပြီး ဟန်ချင်ဟွက အိမ်ကိုအရှုပ်များလုပ်ရန်အတွက် ရောက်လာသည်ဟု သူမ တွေးလိုက်မိသည်။ ထို့ကြောင့် လက်ကို မြန်မြန်ဆေးပြီး အေပရွှန်ကို ချွတ်ကာ ကလေးများကို လိုက်ပြခိုင်းလိုက်သည်။
ဟန်ချင်ဟွနှင့် တဝမ်က ဂိတ်ပေါက်မှ လင်းလန်ဆီ ပြေးလာပြီး တံလျှိုကို တဝမ်ဆီပေးကာ လင်းလန်ကို လက်လှမ်းလိုက်သည်။ သူက တက်ကြွစွာ ပြုံးလိုက်ပြီးပြောလိုက်သည်။
" မရီး ကျွန်တော် ဒီကို ပေးစရာရှိလို့ရောက်လာတာ....ပြီးတော့ အရင်က ငါ့လုပ်ရပ်တွေ တော်တော်မိုက်မဲနေခဲ့ကြောင်း သိနေပါပြီ...."
သူက ထိုသို့ပြောပြီး လင်းလန်ဆီ ဦးညွှတ်လိုက်သည်။
လင်းလန် အနည်းငယ် မျက်မှောင်ကြုပ်သွားသည်။
" ဟန်ချင်ဟွ မင်းဘာတွေလုပ်နေတာလဲ...."
သူက ပြန်လာချင်နေတာလား.....ဟန်ချင်စုန့်က သူ့ကို ဘာလို့ ဘာမှမပြောတာလဲ.... သူလည်း မသိလို့များလား....
ဟန်ချင်ဟွက ဝမ်းနည်းသည့် အမူအရာနှင့် မတ်တပ်ရပ်လိုက်သည်။
" မရီး အထင်လွှဲနေပြီ ကျွန်တော် ဒီကိုတကယ် တောင်းပန်ဖို့ လာတာပါ ....ကျွန်တော် မှားခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ် ကျွန်တော် အရင်က အရမ်း ဆိုးသွမ်းခဲ့တာလေ.... ဒါပေမဲ့ မှားမှန်း ကျွန်တော် သိသွားပါပြီ ...."
နံရံထောင့်၌ တုတ်တစ်ချောင်း ထောင်ထားကြောင်းကို တွေ့လိုက်ရပြီး တုတ်ကို သူ့ရှေ့ လှမ်းဆွဲလိုက်သည်။
တဝမ်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း လင်းလန်ရှေ့တွင် ကာထားလိုက်သည်။
ဟန်ချင်ဟွက သူတို့၏ အကြည့်များကို ကြည့်ပြီး ရီမောလိုက်သည်။
" သူတို့က လိမ္မာတဲ့ ကလေးတွေပဲ သူတို့အမေပေါ်ကို သိတတ်တယ် ....."
သူက ခါးသီး စွာပြုံးလိုက်သည်။
" ကျွန်တော် အရမ်းဆိုးခဲ့တာပဲ အရမ်းလည်း လူမဆန်ခဲ့တာ ပြီးတော့ မရီး အထင်လွှဲအောင်လည်း လုပ်မိသွားတယ် ....."
သူက တုတ်ကို အပေါ်အောက် ပြောင်းလိုက်ပြီး လင်းလန်ဆီ ပေးလိုက်သည်။
" မရီး ဒေါသတွေ ပြေပျောက်ဖို့ ကျွန်တော့်ကိုသာ ရိုက်လိုက်ပါ.... ဒါပေမဲ့ အနာဂတ်မှာ ကျွန်တော့်ရဲ့ အမူအရာတွေကိုလည်း စောင့်ကြည့်ပေးပါ ....."
လင်းလန် : " မင်း အဲ့လို လုပ်ဖို့ မလိုပါဘူး ....."
ဟန်ချင်ဟွက ရုတ်တရက်ကြီး အရမ်း ယဉ်ကျေးလာပြီး နာခံတတ်လာသည်က လင်းလန်ကို သူ ပြန်မွေးဖွားလာတာလား ဟန်ဆောင်တာလားဆိုတာကို အတွေးများစေခဲ့သည်။
ဘာလို့ အဲ့လောက် ထူးဆန်းနေရတာပါလိမ့် ..... အလိုလိုက်ခံရပြီး ပျက်ဆီးနေတဲ့ကလေးတစ်ယောက်ကို အခုလို ပြောင်းလဲသွားစေဖို့ ဘယ်လို ပညာတွေများ ပေးခဲ့တာပါလိမ့်....
Xxxxxxxx