အပိုင်း ၄၁၃-၄၁၄
Viewers 23k

Part 413


ဟန်ချင်ဟွက ရုတ်တရက်ကြီး အရမ်း ယဉ်ကျေးလာပြီး နာခံတတ်လာသည်က လင်းလန်ကို သူ ပြန်မွေးဖွားလာတာလား ဟန်ဆောင်တာလားဆိုတာကို အတွေးများစေခဲ့သည်။ 


 ဘာလို့ အဲ့လောက် ထူးဆန်းနေရတာပါလိမ့် ..... အလိုလိုက်ခံရပြီး ပျက်ဆီးနေတဲ့ကလေးတစ်ယောက်ကို အခုလို ပြောင်းလဲသွားစေဖို့ ဘယ်လို ပညာတွေများ ပေးခဲ့တာပါလိမ့်....


အတိတ်က ပုံစံ နည်းနည်းလေးတောင် ရှိမနေတော့ဘူး....ပြီးတော့ သူ့အပြုံးကလည်း အရမ်း သန့်ရှင်းနေပြီး ဟန်ဆောင်နေတာနဲ့ မတူဘူးလေ.... လန့်တော့ လန့်စရာပဲ ...


လင်းလန်တွင် ကလေးငါးယောက်ရှိသောကြောင့် သတိထားရန် လို‌အပ်သည်။ သူမကလေးများကို ဘယ်အရာထက်မဆို သူမက ပိုချစ်မြတ်နိုးသည်။


ထိုအချိန်မှာတွင် ဟန်ကျင်းယုက အပြင်မှ ပြေးဝင်လာကာ ပြောလိုက်သည်။

" ကျင်းပေါင် နင် ဘာတွေလုပ်နေတာလဲ ...."


ဟန်ချင်ဟွက ပြောလိုက်သည်။


"  နင်လည်း လာပြီပဲ အတူတူ မရီးကို တောင်းပန်ရအောင် ငါတို့ တော်တော်လေးဆိုးခဲ့ကြတာ ....."


ဟန်ကျင်းယုက နှာရှုံ့လိုက်သည်။


" နင်လည်း စန်းဝမ်လို ဖြစ်သွားပြီးပဲ စိတ်တွေ ထွေပြားနေပြီ ....."


စန်းဝမ် : ငါ ဘာလုပ်မိလို့လဲ.... ဘာလို့ ငါ့ကိုဆွဲသွင်းကြတာလဲ ....


လင်းလန်က သူတို့ကို စိုက်ကြည့်ကာ ဖြေးဖြေးချင်း ရိပ်မိသွားသည်။ ဟန်ချင်ဟွက လက်တုန့်ပြန်မည့် ပုံမပေါ်သောကြောင့် သူမ အရမ်းကြီး မလန့်တော့ပေ။


" ဆွေမျိုးတွေဆီအလည်ပြန်လာတာလား ....."


သူက မည်သူ့ကိုမှ မပြောပြထားပေ။ သူမ မှ မမေးရင် ဟန်ချင်ဟွက ပြောပြမှာ မဟုတ်ပေ။


ဟန်ချင်ဟွက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ် ....."


ထို့နောက် သူက တဝမ်နှင့် စကားပြန်ပြောနေလိုက်သည်။


" အရမ်းကြီး မလန့်ပါနဲ့.... ငါက လူတိုင်း ထင်သလို လယ်အလုပ် မလုပ်တတ်တာမဟုတ်ပါဘူး.... တစ်ခါတစ်လေ ငါလည်း မင်းလို လယ်အလုပ် လုပ်ပါတယ် ...."


သူက ကျောက်ကျန့်ရှဲလို သူခိုးများနှင့်မတူပေ။ တားမြစ်ခံထားရသည့် စာအုပ်ကိုဖတ်ပြီးနောက် သူက အဖမ်းခံလိုက်ရသည်။ သူက လုပ်သားအကျဉ်းသားမဖြစ်ခဲ့သော်လည်း အလုပ်ကိုတော့ သွားရသည်။ သို့သော် အများကြီး ထိန်းချုပ်တာ မခံရပေ။  ရှောင်ဇီ၊ လျှိုချွန်းနှင့် သူခိုးများဆိုလျှင်ပင် သူတို့ကလယ်ထဲတွင် အလုပ် လုပ်ရန် လိုသေးသည်။ ထို့အပြင် သူတို့ကလည်း အများကြီး ထိန်းချုပ်မခံရပေ။ သင်ထွက်မပြေးသရွေ့ စည်းကမ်းမဖောက်ဖျက်သရွေ့ ဘာမှ ဖြစ်မှာ မဟုတ်ပေ။


ယခင်က ဟန်ချင်ဟွသည်အလိုလိုက်ခံရကာ လွယ်လွယ်ကူကူနှင့်နေရသည်ကို နေသားကျခဲ့သော်လည်း ယခုတွင် သူက လူတိုင်းလို အလုပ်လုပ်နေပြီ ဖြစ်သည်။ ၎င်းက အမှန်တကယ် ပြင်းထန်လှသည့် ပြောင်းလဲမှုပင်။


ယင်းကပဲ ဟန်ချင်စုန့်က သူ့ကို ဒီပို့လိုက်ရတဲ့ အကြောင်းအရင်းဖြစ်သည်။


ထိုအပြင် လယ်ထဲ၌ အလုပ်လုပ်ရသည်မှာ အိမ်တွင် အလုပ်လုပ်ရသည်နှင့် ဆင်တူ‌သည်။ နှစ်ခုလုံးက သူ့ကိုသူထောက်ပံ့ရန် အလုပ်မှတ်များ စုပေးသည်။ သူတကယ် လိမ္မာသွားပါက ဟန်ချင်စုန့်၏ အားစိုက်ထုတ်မှုများက အလဟသမဖြစ်တော့ဘဲ အသီးအပွင့်ကို ခံစားရလိမ့်မည်။


သို့သော် လင်းလန်က ၎င်းကို လွယ်လွယ် မယုံပေ။ သူမက ပြောလိုက်သည်။


" နင့်ရဲ့ တတိယအစ်ကိုက အလုပ်ကနေ ပြန်မလာသေးဘူး ....အိမ်ကို အရင်ပြန်သင့်တယ် သူပြန်ရောက်လာရင် နင်လာသွားတဲ့အကြောင်း ငါပြောလိုက်ပါ့မယ်....."


ဟန်ချင်ဟွက တစ်ခုခုပြောချင်သော်လည်း ဟန်ကျင်းယုတားတာ ခံလိုက်ရသည်။ သူမက ဒေါသထွက်စွာ ပြောလိုက်သည်။


" နင်ရူးနေလား သူမ ပြောနေတာ ရှင်းရှင်းလေး ဒီအိမ်က နင့်ကို ဝင်ခိုင်းမှာ မဟုတ်ဘူး ....."


ဟန်ချင်ဟွ : " ကျင်းယု ငါက ဆိုးခဲ့တဲ့သူလေ တတိယမရီး စိတ်ဆိုးတာက ဖြစ်သင့်တာပဲ ....."


သူက လင်းလန်ကို ပြောလိုက်သည်။


" တတိယမရီး အဲ့ဒါဆို ကျွန်တော် အရင်ပြန်သွားလိုက်အုန်းမယ် တတိယအစ်ကို ပြန်လာမှပဲ ထပ်လာခဲ့ပါ့မယ် ...."


သူက ဟန်ကျင်းယုကို ဆွဲခေါ်သွားခဲ့သည်။


လမ်းတွင် ဟန်ကျင်းယုက သူ့ကို ပွစိပွစိ ပြောလာခဲ့သည်။


" နင် အလုပ်က ပင်ပန်းလွန်းလို့များ ရူးသွားတာလား.... ငါ့အမေ နွေးနွေးထွေးထွေး စကားလုံးတွေမပြောခင် အိမ်ကိုသာ ပြန်သွားစမ်းပါ နင် သူ့ဆီမှာ ဒုက္ခခံဖို့သွားတာလား ဟမ် နင်တကယ် တစ်ခုခုပဲ ...."


ဟန်ချင်ဟွ : "ငါပြောတာမကြားလိုက်ဘူးလား ငါမှားခဲ့တယ်.... မှားခဲ့တဲ့သူက ငါလေ.... အဲ့ဒါကို ငါက ဘာလို့ ပြန်ရောက်တုန်းလေး ငါ့မရီးကို မတောင်းပန်ရမှာလဲ ...."


ဟန်ကျင်းယုက သူ့ကို တစ်ခါမှမတွေ့ဖူးသောလူလို ကြည့်ပြီး မေးလိုက်သည်။


" ကျင်းပေါင် နင်အတည်ပြောနေတာလား ...."


ဟန်ချင်ဟွ : " ငါလိမ်နေတယ်လို့ ထင်နေတာလား ငါငယ်ငယ်တုန်းက လိမ်ညာတာကို မကြိုက်ဘူး ......"


ဟန်ကျင်းယု ထိတ်လန့်သွားပြီး အိမ်ကို ပြန်ပြေးကာ ခန်းမထဲ ပြေးဝင်သွားပြီး အဘွားကြီးဟန်ကို ပြောလိုက်သည်။


" အမေ အံ့ဩစရာပဲ သမီးတို့ ကျင်းပေါင် ပြောင်းလဲသွားပြီ ....."


ဟန်ချင်ဟွက အနောက်မှ လိုက်လာပြီး အခန်းထဲ ဝင်လာခဲ့သည်။


" ဘာတွေ အဲ့လောက် အံ့ဩနေကြတာလဲ ကျွန်တော် မဆိုးတော့ဘဲ ဖြောင့်မတ်လိမ္မာသွားတာ ကောင်းတာပဲ မဟုတ်ဘူးလား ....."


အဘွားကြီးဟန်က သူမ၏သားလေး လယ်ထဲတွင် တော်တော်လေး နှိပ်စက်ခံခဲ့ရသည်ဟု တွေးပြီး သူမက နွေးထွေးသည့် အမေတစ်ယောက်အဖြစ် ဟန်လုပ်လိုက်သည်။ သူမက သူ့ကို လက်မောင်းတွေကြားပွေ့ဖက်ကာ ငိုရင်းပြောလေသည်။


" ငါ့ရဲ့သနားစရာ ကျင်းပေါင်လေး ဘယ်လောက်တောင် ခံစားခဲ့ရလို့ ... ဒီလို ဒီလို မဲသဲပြီး ကြမ်းတမ်းလာရတာလဲ ... "


ဟန်ချင်ဟွက သူမခေါင်းကို ထိလိုက်သည်။


" ဒါက‌ ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်..... အခု ကျွန်တော် ကြွက်သားတွေနဲ့ သန်မာလာပြီလေ....."


အဘွားကြီးဟန်က ငိုပြီးရင်း ငိုနေပြီး ဟန်ကျင်းယွီက သူ့ကို လက်မခံနိုင်ပေ။


ခြံဝင်းထဲတွင် ဒုတိယဇနီးဟန်က သူမကိုကြည့်ကာ ပါးစပ် ရွဲ့လိုက်ရင်း ဘေးနားက ဟန်ကျင်းယုရဲ့အဝတ်ပုံကြီးကို လျစ်လျူရှုကာ အဝတ်လျှော်နေလိုက်သည်။


ဟန်ကျင်းယုက တမင်တကာ အဝတ်ပုံကြီး ဖြစ်အောင်လုပ်ထားပြီး ဒုတိယယောက်မဟန်ဆီ ပေးကာ သူမကို လျှော်ခိုင်းလိုက်သည်။ ၎င်းက ယောက်မဟန်ကို သူမ ကန့်လန့်တိုက်သည့် နည်းပင်။ အစ်မဟန်က သူ့အဝတ်သာ သူလျှော်ပြီး သူမဟာများကို လွင့်ပစ်ထားလေသည်။ ထို့ကြောင့် သူမကပဲ ကိုယ့်အဝတ်ကို ပြန်လျှော်လိုက်ရသည်။ ဟန်ကျွင်းယုက ၎င်းကို အသားမကျပေ။ သို့သော် အကယ်၍ သူမသာ မလျော်ပါက အဝတ်များ ပုပ်စော်နံနေလိမ့်မည်။


ဟန်ကျင်းယုက အဝတ်လျှော်ရန် ပြေးသွားခဲ့သော်လည်း ကန်ထဲတွင် ရေမရှိတော့ကြောင်း တွေ့သွားရသည်။ ထို့ကြောင့် သူမက ဒုတိယယောက်မဟန်ကို ရေခပ်ပေးခိုင်းလိုက်သည်။


ဒုတိယယောက်မဟန်က ချက်ချင်းရပ်လိုက်ပြီး ပြောလေသည်။

" အပြင်မှာ အရမ်းပူနေတာ မြစ်ထဲကို မသွားနိုင်ဘူး ...."


အခန်းထဲရှိ ဟန်ကျင်းဟွက ထိုစကားကို ကြားသွားသည်။


" နေအုန်း ကျွန်တော်လုပ်ပေးမယ် ...."


သူက ရေသယ်ဖို့ လုပ်လိုက်သည်။ အဘွားကြီးအိမ်က ရေကန်ကို ‌ဖြည့်ပေးရုံသာမက ဒုတိယဟန်ဇနီး၏ ကန်ကိုပါ ဖြည့်ပေးလိုက်သည်။


ဒုတိယချွေးမဟန်က သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။

" စတုတ္ထမတ်လေး ရှင် ... အဆင်ပြေရဲ့လား ...."


ဟန်ကျင်းဟွက ပြုံးလိုက်ကာ ဖြူဖွေးလှပတဲ့ သွားတွေကို ဖော်ပြရင်းပြောလိုက်သည်။


" ဒုတိယမရီး ဘာလိုလို ခေါ်လိုက်ပါ ...."


ဒုတိယယောက်မဟန်က စမ်းသပ်သည့် သဘောအနေ မေးလိုက်သည်။


" စတုတ္ထမတ်လေး ဒီတစ်ခေါက်ပြန်လာတာ ဘယ်လောက်ကြာကြာ နေမှာလဲ ...."


ဟန်ချင်ဟွ : " ဆောင်းဦးပွဲတော်ပြီးပြီးရင် ပြန်မှာလေ အဲ့အချိန် ကောက်ညှင်းတွေ ရိတ်ရတော့မဲ့ အခါကျ လူလိုမှပေါ့....."


ဒုတိယမရီးဟန်က ထိုပြုပြင်ပြောင်းလဲရေး လုပ်သားနေရာက တော်တော်လေး ကောင်းသည့်နေရာဟု ယုံကြည်လာလေသည်။ သူမက ဟန်ကျင်းယုကို ကြည့်လိုက်ပြီး သူမကိုရော ဘာလို့ အဲ့နေရာကို မပို့လိုက်တာလဲဟု တွေးနေလိုက်သည်။


Xxxxxxx

Part 414


ဟန်ကျင်းယုက ဒုတိယယောက်မဟန်၏ မကောင်းသည့် အကြည့်များကို ခံစားမိတာကြောင့် ပြောလိုက်သည်။


" နင်ဘာတွေတွေးနေပြန်တာလဲ ....."


ဒုတိယယောက်မဟန် : " လယ်က ကောင်းတယ်လို့ တွေးနေရုံတင်ပါ ....."


" ကောင်းတယ်ထင်ရင် လယ်သွားစိုက်လေ ...."


ဟန်ကျင်းယု ဒေါသဖြစ်စွာ လက်ယမ်းလိုက်သည်။


ယောက်မဟန်က ဒေါသမထွက်ပေ။ သူမက ဟန်ချင်ဟွကို ထိုအကြောင်း မေးလိုက်သည်။ ဟန်ချင်ဟွက စိတ်ရှုပ်ပုံမပြဘဲ အပြုံးနှင့် သူမမေးသမျှကို ပြန်ဖြေခဲ့သည်။


အဘွားကြီးဟန်က သူမ၏ အဖိုးတန်သားလေးက ပင်ပန်းပြီး နှိပ်စက်ခံခဲ့ရသည်ဟုတွေးကာ အိမ်ထဲတွင် စိတ်ဓာတ်ကျနေခဲ့သည်။ သူမ စိတ်ကလည်း ပိုမကောင်းလာပေ။


" ကျင်းယု နင့်တတိယအစ်ကိုပြန်လာပြီလား သူကို လာခိုင်းလိုက် မေးရအောင် ....."


.....


 လင်းလန်သည်လည်း အလွန်အံ့ဩနေခဲ့သည်။ ကလေးများ ကျောင်းသွားပြီးနောက်တွင် သူမက ထိုအကြောင်းကို အိမ်မှာ ဆက်တွေးနေခဲ့ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်နေခဲ့သည်။ သူက သစ်သားချောင်း သစ်သားခက်ရင်းများကို အိမ်နှင့် ခြံထဲတွင် သူမအလွယ်တကူယူ၍ရသောနေရာတွင် ထားထားလိုက်သည်။ ထို့မှသာ ဟန်ချင်ဟွ တစ်ခုခု လုပ်လာပြီဆိုပါက သူမပြန်လည် ခုခံနိုင်မည်ဖြစ်သည်။


ထို့နောက် သူမက စောင်များ ချည်အဝတ်များနှင့် အိမ်တွင်ရှိသမျှ  စောင် ငါးထည် ခြောက်ထည်လောက်အကုန်ယူကာ လူတိုင်း၏ အပေါ်ဝတ်များ အကုန်လုံးကို ဖယ်ပစ် လျှော်ဖွပ်ပစ်ပြီး အခြောက်ခံကာ ချုပ်ထားလိုက်သည်။


ထိုအချိန်တွင် ယောက်မဟန်က  ရေမှုန့်များ တင်နေသော လတ်လတ်ဆတ်ဆတ် ခူးထားသည့် တည်သီး တစ်ပုံးကို သယ်ကာရောက်လာခဲ့သည်။ 


" ညီမရေ ဒီနိုင်ငံခြား တည်သီးတွေကို ကြည့်ပါအုန်း မှည့်နေပြီမလို့ ငါအချို့ ခူးလာခဲ့တယ် ....."


လင်းလန်၏ အသီးအရွက် ဥယျာဉ်တွင်လည်း အများကြီးရှိနေသော်ငြားသူမတွင် ကလေး အများကြီးရှိနေသည်။ ထို့အပြင် ကလေးများက တည်သီးအေးအေးလေး စားရတာ သဘောကျကြသည်။ ထို့ကြောင့် သူတို့က တည်သီးတွေ အကုန် တခဏအတွင်းမှာပဲ စားလိုက်ပြီး မကျန်တော့ပေ။ ထို့ကြောင့်လသူတို့နှင့် ရင်းနှီးတဲ့သူတွေက အနည်းငယ် လာပေးကြသည်။


လင်းလန်က ထည့်စရာတစ်ခု ယူလိုက်ပြီး တည်သီးတွေကို ထည့်လိုက်သည်။


" ယောက်မရေ စတုတ္ထလေး ပြန်ရောက်နေပြီနော် ...."


ပထမယောက်မဟန်က ယခုအထိ မသိသေးပေ။


" စတုတ္ထကလေး ..သူ...ဟန်ချင်ဟွလား ...."


လင်းလန် ခေါင်းညိတ်လိုက်သည်။


ယောက်မဟန်က မျက်မှောင်ကြုတ်လိုက်သည်။

" ငါပြောသားပဲ တစ်နှစ်ခွဲလောက်ကြာရင် သူက ဆွေမျိုးတွေဆီ အလည်လာလိမ့်မယ်လို့ ... နင် တွေ့ပြီးပြီဆိုတော့ ဘယ်လိုလဲ အခုထက်ထိ ရိုင်းစိုင်းနေတုန်းလား ....."


လင်းလန်က ဟန်ချင်ဟွ ရောက်လာပုံကို ပြောပြလိုက်သည်။


ယောက်မဟန်က ပြောလိုက်သည်။

" ပြောင်းလဲသွားတာလား ....."


သူမကလည်း သင်္ကာမကင်းဖြစ်နေခဲ့သည်။


လင်းလန် : " ကျွန်မလည်း မသိဘူး ကြည့်ကြည့်လိုက်ဦး....."


အချိန်တစ်ခုကြာပြီးနောက်တွင် လူများ၏ စိတ်ရင်းနှလုံးသားကို မြင်လာနိုင်စမြဲပင်။ သူတို့က ရိုးသားတဲ့လူများသာဖြစ်သည်။ အကြာကြီး ဟန်မဆောင်နိုင်ကြပေ။ သူတို့င် အမြီးရှိပါက တစ်ချိန်ချိန်တွင် ပေါ်လာမည်ဖြစ်ပြီး သူကလည်း အကြာကြီး နေနိုင်မှာ မဟုတ်ပေ။


ယောက်မဟန်က အနည်းငယ် စိုးရိမ်နေခဲ့သည်။


" နင်ဂရုစိုက်သင့်တယ်....ဒါပေမဲ့ ကြင်နာမှုတော့ သွားမပြမိစေနဲ့ ...."


လင်ညီအစ်မနှစ်ယောက်က ခဏလောက်စကားပြောနေခဲ့သည်။ ယောက်မဟန်က လင်းလန် အိပ်ယာခင်းများ ချွတ်ပြီး လျှော်နေတာကို ကြည့်နေလိုက်သည်။ သူမမှာလည်း အိမ်အလုပ်တွေရှိသေးတာကြောင့် ပြန်လာခဲ့သည်။


နေ့လည်ခင်း၌ ဟန်ချင်ဟွက ပြန်မလာခဲ့ပေ။ ထို့ကြောင့် လင်းလန်က စောင်ကို ရုတ်ကာ အိမ်ထဲ ပြန်သိမ်းသွားသည်။ သူမက အမြဲစောင်အဖုံးလုပ်ချင်သော်လည်း သူမက မချမ်းသာပေ။ ထို့ကြောင့် စောင်ကို ဖြဲ၍ နွေရာသီတိုင်း လျှော်လိုက် အခြောက်ခံလိုက်ဖြင့် အလုပ်ရှုပ်ရပေသည်။(ဂွမ်းစောင်ကို အထဲက ဂွမ်းတွေထုတ်ပြီး လျော်တာပါ စောင်အဖုံးရှိရင်ကျ အစွပ်ပဲဖြုတ်လျော်ရုံဆိုတော့ အလုပ်မရှုပ်ဘူးပေါ့)


သူမက ယောကျာ်းလေးများ၏စောင်ကို အရင်ခွဲလိုက်သည်။သူမမိသားစုက တစ်ကိုယ်ရေးသန့်ရှင်းရေးကို ဂရုစိုက်သောကြောင့် သူမကလေးများကို အမြဲ ခြေ‌လက်ဆေးခိုင်း မျက်နှာသစ်ခိုင်းပြီး ရက်အနည်းတစ်ခါ ရေချိုးခိုင်းလေ့ရှိသည်။ ထိုသို့ဆိုလျှင်ပင် သူတို့စောင်များက ညစ်ပတ်ဆဲပင်။ ထို့အပြင် ၎င်းတို့ကို တစ်နှစ် တစ်ခါသာလျှော်သည်ဖြစ်၍ စောင်များက အမြဲညစ်ပတ်နေလိမ့်မည်။


အခြားသူ‌များ၏အိမ်များက သန့်ရှင်းရေးကို ဂရုမစိုက်ပေ။ စောင်များက ဆောင်းရာသီကနေ နွေရာသီတစ်လျှောက်လုံး မလျှော်ဘဲ သုံးလာသည်ဖြစ်၍ အလွန်ညစ်ပတ်နေလေသည်။


ချည်စောင်များ အပြင် မိသားစု၏ ချည်ထည်အဝတ်အစားများကိုပါ ဖယ်သင့်သည့်အရာ ဖယ်ပစ် လျှော်သင့်သည့်အရာ လျှော်ပစ်လုပ်ရသည်။ အထဲမှ ဂွမ်းစများကိုမူ အသစ်အစားထိုးရလေသည်။ အလွန်ကြာနေပြီဆိုပါက နောက်ထပ်အသစ်တစ်ခု လုပ်လိုက်ပါက အကောင်းဆုံးပင်။ အဝတ်များက သေးသွားပါကလည်း အစားထိုးဖို့ လုပ်ရလိမ့်မည်။


ချည်ထည်များက ပိုကောင်းလှသည်။ သူမက ကလေးများ ဝတ်ရန် အပေါ်ဝတ်တွေများနှင့် အတွင်းခံများ လုပ်ပေးထား၍ ချည်ထည်များကို သိပ်မညစ်ပတ်စေတော့ပေ။ ရွာထဲမှ အခြားကလေးများလိုမဟုတ်ဘဲ သူတို့က ခေါင်းလျှိုရသည့် အင်္ကျီအရှည်နှင့် ဘောင်းဘီကို တွဲဝတ်ကြသည်။ ရာသီဥတု ပူသည့်အခါတွင် သူတို့က ၎င်းကိုသာ ဝတ်ပြီး ရာသီဥတုအေးလာသည့်အခါတွင် ထိုအဝတ်များ မည်မျှ ညစ်ပတ်နေပြီလဲဆိုတာ စိတ်ကူးကြည့်လို့ပင် မရပေ။


၎င်းတို့ကို ချုပ်ပေးရန် အရမ်းခက်ခဲပြီး ပြဲလွယ်လှသည်။ ဟန်ချင်စုန့်က သူ့ကိုကူပြီး စောင်နှင့် အပေါ်ဝတ်များ ကူချုပ်ပေးတာကို စဉ်းစားမိလိုက်၍ လင်းလန်မနေနိုင်ဘဲ ရီမိသွားသည်။


စောင်များက အများကြီးရှိသည်ဖြစ်၍ နေ့တစ်ဝက်လောက်နှင့်တော့ အကုန်ပြီးအောင် မလုပ်နိုင်ပေ။ သူမက ဖယ်ထားသည့် ဂွမ်းစများကို လိပ်လိုက်ပြီး အိတ်တစ်အိတ်ထဲ ထည့်ကာ ဖုန်နှင့် အညစ်အကြေးများ မတက်အောင် ဗီရိုထဲ ထည့်ထားလိုက်သည်။


အချိန်နီးနေပြီဖြစ်ကြောင်း သိသောအခါတွင် သူမ ညစာပြင်လိုက်သည်။


ယခုတွင် ကလေး‌များက ကျောင်းဆင်း၍ အလုပ်အမှတ်များ စုရအောင် မြက်နှုတ်သွားကြပြီဖြစ်ပြီး သူတို့ စိတ်ပါလျှင် မြစ်ထဲ ရေကူးကြလိမ့်မည်။ မဟုတ်ပါက သူတို့ စောစော ပြန်လာလိမ့်မည်။


သူမ အသီးအရွက်များကို ဆေးနေတုန်း ဟန်ချင်စုန့် ပြန်ရောက်လာခဲ့သည်။ လင်းလန်က သူ့ကို ရေဆေးထားသည့် ခရမ်းချဉ်သီး တစ်လုံးပေးလိုက်သည်။ ဟန်ချင်စုန့်က သရေစာမစားတတ်သော်လည်း လင်းလန်က သူ့ကို ဖရဲသီးဖြစ်ဖြစ် အသီးဖြစ်ဖြစ်ကျွေးရင်တော့ သူစားရုံကလွဲ မတတ်နိုင်ပေ။ ထို့အပြင် သူကလည်း ၎င်းကို အသားကျနေပြီ ဖြစ်သည်။


ဟန်ချင်စုန့်က ခရမ်းချဉ်သီးကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ အသီးအရွက်စိုက်ခင်းထဲမှာ သူစိုက်ထားတဲ့ ခရမ်းချဉ်သီးက နီရဲနေပြီဖြစ်သည်။ သူတို့က ချိုမြိန်ပြီး အရည်ရွမ်းလှပြီး တော်တော်လေးကို ချိုသည့်အရသာရှိသည်။


လင်းလန် : " စတုတ္ထလေး ပြန်ရောက်နေပြီ မသိသေးဘူးလား ...."


၎င်းကို ကြား၍ ဟန်ချင်စုန့်က ခဏလောက်ရပ်သွားကာ နောက်တစ်ကြိမ် ပြန်စားလိုက်သည်။


" အခု သူကဆွေမျိုးတွေဆီ သွားလည်နိုင်ပြီ‌ပေါ့ သူဒီကို ရောက်လာသေးလား ....."


လင်းလန် ခေါင်းညိတ်လိုက်သည်။


" နေ့လည်တုန်းက ကလေးတွေ လာပြောလို့ သိတာ ပြီးတော့ အများကြီး ပြောင်းလဲသွားသလိုပဲ ...."


ဟန်ချင်စုန့် : " လုပ်သားပြုပြင်ရေးက လူတွေကို ပြောင်းလဲပေးနိုင်တယ် ....."


လင်းလန် ပြောလိုက်သည်။

" သွားတွေ့လိုက်အုန်း လေ....."


" ညစာ စားပြီးမှ ဆက်ပြောကြတာပေါ့ ....."


ဟန်ချင်စုန့်က အလျင်မလိုပေ။ ပုံမှန်ဆို သူ ရှန်ရွှေလယ်ကွက်ဆီ သွားတိုင်း စတုတ္ထညီက တားလေ့ရှိသည်။ ထို့ကြောင့် အထူးတွေ့နေစရာ အကြောင်းမရှိပေ။


Xxxxxxx