အပိုင်း ၄၁၅-၄၁၆
Viewers 23k

Part 415


ခြောက်နာရီထိုးချိန်တွင် ကလေးများက အတူတူ ပြန်လာခဲ့ကြသည်။ ထုတ်လုပ်ရေးအဖွဲ့အတွက် မြက်များ ဖြတ်ပေးခဲ့ရုံသာမက သူတို့က နူးညံ့သည့် အသီးအရွက်ရိုင်းအချို့ကိုလည်း ဘဲစာအဖြစ် ဝယ်လာခဲ့သေးသည်။ သူတို့ဘဲများက အရမ်းဉာဏ်ကောင်းလေကာ နေ့ဘက်တွင် မြစ်ထဲဆင်းပြီး ငါးဖြစ်ဖြစ် ပုစွန်ဖြစ်ဖြစ် စားလေ့ရှိသော်လည်း မြစ်ထဲတွင် ဘယ်သောအခါမှ ဥမဥပေ။ သူတို့အသိုက်မှာသာ မနက် ဒါမှမဟုတ် ညနေခင်းကျမှ ဥ ဥလေ့ရှိသည်။


ကောင်လေးများက ရေကူးဝတ်စုံ ဝတ်ထားပြီး တစ်ယောက်ပြီး တစ်ယောက် ရေထဲ ခုန်ဆင်းသွားကြသည်။ မိုင်စွေ့က လွယ်အိတ်နှစ်လုံးကို သယ်ကာ ရှောင်းဝမ်ကို ဦးဆောင်လာခဲ့သည်။


သူတို့ အိမ်ပြန်ရောက်သောအခါတွင် ရေကူးဝတ်စုံကို လဲပြီး အင်္ကျီနှင့်ဘောင်းဘီရှည် ဝတ်ကာ ကူညီရန် ထွက်လာခဲ့သည်။


လင်းလန်က အိုးတစ်လုံးကိုင်ထားကာ ရေငတ်ပြေစေရန် တစ်ယောက်ကို ခရမ်းချဉ်သီးတစ်လုံးဆီ‌ ပေးလိုက်သည်။ ထို့နောက် တဝမ်နှင့်စန်းဝမ်က ခြံထဲ သန့်ရှင်းရေးလုပ်လေသည်။


 ဟန်ချင်စုန့်က ထမင်းစားပွဲကို ခြံထဲရွေ့ကာ အားဝမ်နှင့် မိုင်စွေ့က သူတို့အမေ အစားအစာများကို စီစဉ်တဲ့နေရာတွင် ကူညီနေလိုက်သည်။ ရှောင်းဝမ်ကမူ အိမ်မှာရှိသည့် ကြက်များ၊ ဘဲများနှင့်ခွေးများကို စစ်ဆေးရန် သွားလိုက်သည်။


အထူးသဖြင့် အရင်မိတ်လိုက်ရာသီတုန်းက အပြင်ထွက်ပြီး မိတ်လိုက်ခဲ့သည့် ဝမ်ဝမ် ... သူမက ယခု ကိုယ်ဝန်ဆောင်ထားရသည်။ သူမ ဤလကုန်လောက်ဆို မွေးတော့မည်ဟု မျှော်မှန်းထားကြ၍ ရှောင်ဝမ်က အလွန်စိုးရိမ်နေခဲ့သည်။


အကုန်လုံး နေရာချပြီးနောက်တွင် မိသားစုက ခြံထဲထိုင်ကာ စကားပြော စားသောက်ရင်း အအေးဒဏ်ကို ပျော်မွေ့နေကြလေသည်။


ညနေခင်း လေပြည်က ဥယျာဉ်ကို ဖြတ်သန်းလာကာ အချို့ပုစဉ်းရင်ကွဲများက အပူဒဏ်ကို မခံနိုင်စွာ အော်နေပြီး  ခြံဝန်းကို ပိုပိုပြီး လယ်တောအိမ်လေးနှင့်တူအောင် လုပ်နေလေသည်။


လင်းလန် တွေးသည်က ယခုလိုစားသောက်ရတာကလည်း စိတ်ဝင်စားစရာ ကောင်းသည်ဆိုသည်ကိုပင်။


ရှောင်ဝမ်နှင့် စန်းဝမ် လိမ္မာသွားကတည်းက သူတို့က စားနေသည့် အချိန်ဆို ဘေးချင်းကပ်ရပ်ထိုင်ကြပြီး လင်းလန်ကတော့ အခန်းနှင့် ဆန့်ကျင်ဘက် တံခါးဘက်မှာ ထိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမက သူတို့လေးများကို ခွံ့ကျွေးချင်၍ ဖြစ်သည်။ ထို့ကြောင့် ဟန်ချင်စုန့်နှင့် တဝမ်က သူမနှင့် ဆန့်ကျင်ဘက်တွင် အတူတူထိုင်ရသည်။


အဖေနှင့်သားတွင် တူညီသည့် လေးနက်မှုများရှိလေသည်။ မပြုံးတာလည်းတူ တစ်ခါတစ်လေ စားနေသည့်အချိန်တောင် အချို့ အမူအရာများက တူညီနေတတ်သည်။


ဘယ်ဘက်က မိုင်စွေ့နှင့် အားဝမ်ကို ကြည့်လိုက်မည်ဆိုပါက သူတို့နှစ်ယောက်လုံးက ပညာရှင်ပုံစံတွေ ဖြစ်သည်။ ယခုလို သေးငယ်သည့် ခြံလေးထဲတွင်တောင် ကလေးနှစ်ယောက်လုံးက သူမတူသည့် ဉာဏ်ရှိလေသည်။ ညာဘက်က စန်းဝမ်နှင့် ရှောင်ဝမ်ကတော့ တစ်ယောက်က ချစ်စရာကောင်းကာ တိတ်ဆိတ်ပြီး ဖြူဖွေးနူးညံ့လှသည်။ ကျန်တစ်ယောက်က မဲနက်နေသည် သို့သော် စန်းဝမ်သာ တစ်ခုခုစပြောလိုက်ရင် ရှောင်ဝမ်ကလည်း သူနှင့် အတူတူ လိုက်ရီမောပေးလိမ့်မည်။ ပြီးသည်နှင့် ညီအစ်ကိုနှစ်ယောက်လုံးက ပါးစပ်ကိုဟကာ မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးနေလိမ့်မည်။


ရှောင်ဝမ်ဆီတွင် အော်တစ်ဇင်လက္ခဏာများ နောက်ထပ် မတွေ့ရတော့ပေ။ ၎င်းက သတင်းကောင်းပင်။


[ အော်တစ်ဇင်ဆိုတာက ပုံမှန်လူတွေနဲ့ မတူညီတဲ့ အတွေးအခေါ်ရှိပြီး လူတွေနဲ့ ဆက်ဆံရာမှာ ခက်ခဲကာ ပြင်းထန်တဲ့ ဖွံ့ဖြိုးမှုတစ်ခုရဲ့ ချို့ယွင်းချက် တစ်ခုဖြစ်ပါတယ်  ဥပမာ - ဝူယောင်းဝူ ရှေ့နေ ]


လင်းလန် မရီဘဲ မနေနိုင်တော့ချေ။


ထိုအချိန်တွင် မိသားစုဝင်များ အကုန်လုံးက သူမကို ဝိုင်းကြည့်လာသည်။


စန်းဝမ် : " မားမား ဘာတွေ ရီနေတာလဲ ......"


လင်းလန် ပြုံးပြီးဖြေလိုက်သည်။

" မားမားကပျော်နေတာလေ....မင်းတို့လေးတွေ အတူတူရှိနေတာတွေ့တော့ မားမားနေ့တိုင်း ပျော်တယ်လေ.... "


ရှောင်ဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မားမား သားရောပဲ ! "


သူပြောပြီးသည်နှင့် သူက လက်မောင်းကို ဖွင့်ကာ စန်းဝမ်ကို ခေါ်လိုက်သည်။ စန်းဝမ် ချက်ချင်း ပြောလိုက်သည်။


" ဒါပေါ့ အရမ်းကောင်းတဲ့ နေ့မျိုးပဲ...ဇနီးတစ်ယောက်အတွက် ဘယ်တော့မှ မပြောင်းလဲဘူး ...."


ယခု တစ်စုံတစ်ယောက်က သူ့ကို မိန်းမရှာဖို့ စနောက်နေပြီ။ နားမလည်တဲ့ကလေးတွေကတော့ မိန်းမတစ်ယောက်အကြောင်း ဂရုမစိုက်ပေ။


အကုန်လုံး ရီလိုက်ကြသည်။


ဟန်ချင်စုန့်နှင့် တဝမ်ကသာ အမူအရာများ နူးညံ့သွားသော်လည်း ဘာမှတော့ မပြောကြပေ။


ရှောင်ဝမ်က သူ့ဘေးတွင် ထိုင်နေသည့် အဖေကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

" အဖေ အိုက်နေတာလား ......"


သူတို့က နေ့တိုင်း ရေစိမ်လေ့ရှိပြီး ဘောင်းဘီရှည်ဝတ်ထားသောကြောင့် နွေးနေဆဲပင်။ သူတို့ အဖေကမူ အမြဲ ယူနီဖောင်းကိုသာ ဝတ်ထားလေ့ရှိသည်။ ယူနီဖောင်းက ဘောင်းဘီရှည်နှင့် အင်္ကျီလက်တိုဖြစ်သည်။ ယခု ဆန်ပြုတ်စားနေရ၍ ပိုပူလာပြီး သူနှင့် သူ့တတိယအစ်ကိုက မျက်နှာမှာ ချွေးများ ‌ထွက်နေသော် အဖေ့ကြည့်ရတာ ပူနေပုံတောင် မရပေ။ သူ့နှာခေါင်းမှာသာ ချွေးလေးများ စို့နေလေသည်။


ရှောင်ဝမ်ကမူ သူအဖေက အရမ်းပူနေပြီး ခက်ခဲနေကာ ချွေးတောင် မထွက်နိုင်အောင်အထိ ပင်ပန်းနေသည်ဟု တွေးလိုက်မိသည်။


ဟန်ချင်စုန့် : " အဆင်ပြေပါတယ် ....."


ရှောင်ဝမ် ချက်ချင်း စားပွဲကထကာ အိမ်ထဲပြေးဝင်သွားပြီး မီးဖိုထဲမှ ယပ်တောင်ကို ယူကာ ဟန်ချင်စုန့်ကို ခပ်ပေးနေလိုက်သည်။


" အဖေက အရမ်းအလုပ်ကြိုးစားတာပဲ... အရမ်းအိုက်နေပြီး ချွေးတွေ ထွက်နေပြီ ......"


" ဟားဟားဟား ... "


လင်းလန် မနေနိုင်ဘဲ ရီမိလိုက်ပြန်သည်။ စန်းဝမ်ကလည်း ပြုံးကာ ဆန်ပြုတ်ပန်းကန်ကို ချလိုက်သည်။


" ညီလေးရှောင်ဝမ် အရမ်းအိုက်နေပြီး ချွေးထွက်နေရင် အဲ့တာ အဖျားရှိလို့ပဲ ....."


သူ့အဖေတွင် အဖျားရှိနေကြောင်း ကြားသည်နှင့် ရှောင်ဝမ်က မြန်မြန်ပြောလိုက်သည်။


" မားမား အဖေ့ကို အန်နယ်ဂျင် ( Analgin ) တစ်ထောင့် ပေးလိုက်ပါအုန်း ....."


[ Analgin ဆိုတာက ဆေးတစ်မျိုးကို ပြောတာပါ သူက အကိုက်အခဲပျောက်ဆေးရော အဖျားကျဆေးအဖြစ်ရော သုံးလို့ရပါတယ် ဆေးတောင့်သောက်လည်း ရသလို ဆေးထိုးတဲပအခါ ဆေးရည်အဖြစ်လည်း သုံးပါတယ် ]


အကုန်လုံးက ပန်းကန်ကို ချကာ ရီမောလိုက်ကြသည်။


ဟန်ချင်စုန့်က ရှောင်ဝမ်၏ ခေါင်းလေးကိုသူ၏  လက်ဖဝါးကြီးနှင့် ပွတ်သပ်လိုက်သည်။


" စားကြရအောင်ပါ အဖေ မဖျားပါဘူး အချိုစားရတာ မကြိုက်ရုံတင်ပါ ...."


လင်းလန်က ပြုံးလိုက်ကာ ပြောလိုက်သည်။

" မင်းအဖေက နွေအပူလည်း မကြောက်သလို ဆောင်းတွင်း အအေးလည်းမကြောက်ဘူး..... အဲ့ဒါကို ကျန်းမာရေးကောင်းတယ်လို့ ခေါ်တယ်....  သားလည်း လေ့ကျင့်‌ခန်းလုပ်ပြီး သင်ယူသင့်တယ် ...."


ညစာစားပြီးနောက် စန်းဝမ်က ပုစဉ်းရင်ကွဲရှာရန် သွားချင်သော်လည်း တဝမ်က သူ့ကို ဒီနေ့မသွားတော့ကြောင်း ပြောလိုက်သည်။


စန်းဝမ် : " အစ်ကိုကြီး ဘာလို့မသွားတာလဲ ...."


တဝမ် : " ငါ ဒီနေ့ပင်ပန်းနေတယ် မနက်ဖြန်မှပဲ သွားတော့မယ် ....."


စန်းဝမ် ပြောလိုက်သည်။

" အစ်ကို ပင်ပန်းနေတုန်းလား အစ်ကို ဘယ်တော့မှ မပင်ပန်းတတ်ဘူးလို့ ကျွန်တော် ထင်နေတာ ......"


သူနှင့် ရှောင်ဝမ်ပင် မပင်ပန်းသည်ကို အစ်ကိုကြီးက ဘာကြောင့် ပင်ပန်းနေရသလဲ သူအံ့ဩနေမိသည်။ သို့သော် တဝမ် မသွားနိုင်ဘူးပြောနေ၍ သူတတ်နိုင်တာ ဘာမှ မရှိတော့ပေ။ အားဝမ်ကိုသာ ခေါင်းဆောင်ရန် သွားခေါ်တော့သည်။


လင်းလန်က ပြောလိုက်သည်။


" ဒီနေ့ လူတိုင်း ပင်ပန်းနေကြတယ်... အမေတောင် မနက်တုန်းကအစောကြီး ထလာရတာ မထနိုင်တော့ဘူး.... ဒီနေ့မိုးရွာမယ်လည်း မထင်ဘူး သားတို့ မသွားကြနဲ့တော့ ....'


ထိုအချိန်တွင် နေ့လည်ခင်းက ကြည်လင်နေသည့် ကောင်းကင်က ချက်ချင်း တိမ်ထူထပ်ကာ အုံ့မှိုင်းနေပြီး လျှပ်စီးများ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေလေသည်။


Xxxxxxx

Part 416


လင်းလန်က ပြောလိုက်သည်။


" ဒီနေ့ လူတိုင်း ပင်ပန်းနေကြတယ်... မာမားတောင် မနက်တုန်းကအစောကြီး ထလာရတာ မထနိုင်တော့ဘူး.... ဒီနေ့မိုးရွာမယ်လည်း မထင်ဘူး သားတို့ မသွားကြနဲ့တော့ ....'


ထိုအချိန်တွင် နေ့လည်ခင်းက ကြည်လင်နေသည့် ကောင်းကင်က ချက်ချင်း တိမ်ထူထပ်ကာ အုံ့မှိုင်းနေပြီး လျှပ်စီးများ မှိတ်တုတ် မှိတ်တုတ် ဖြစ်လာလေသည်။


စန်းဝမ်က သူ့အမေလေသံကိုတု၍ ပြောလိုက်သည်။


" ရှောင်ဝမ် တံခါးကနေ ထွက်ပြီး သွားရှာကြစို့...."


ရှောင်ဝမ်က သူယူနေကျ ပုလင်းလွတ်ကြီးကို ပိုက်ကာပြောလိုက်သည်။

" သွားကြစို့ ....."


ထိုအချိန်တွင် ဟန်ချင်စုန့်က အိမ်ဟောင်းကို သွားရန် ပြောသောကြောင့် လင်းလန်က တုံဟွိုင်ဟွာ ပို့ထားသော တည်သီးများ ထည့်ပေးလိုက်သည်။

သူမသွားခင်တွင် ဟန်ချင်ဟွ ရောက်လာခဲ့သည်။


" တတိယအစ်ကို ...."


ခရမ်းချဉ်သီးများကိုင်ကာ အိမ်ထဲဝင်လာသည့် ဟန်ချင်ဟွက ပျှော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ သူက ခရမ်းချဉ်သီးများကို စားပွဲပေပါ်တင်လိုက်ပြီး လင်းလန်ကို ကြည့်ကာပြောသည်။


" မရီး ဒါတွေက အရမ်းချိုတယ် ....."


လင်းလန်က ပြုံးလိုက်သည်။

" ကျေးဇူးပါ စားခဲ့ပြီးပြီလား ....."


ဟန်ချင်ဟွ " စားခဲ့ပြီးပြီ ဗျ..."


ကလေးများ အကုန်လုံးက စတုတ္ထဦးလေးကို နှုတ်ဆက်လိုက်ကြသည်။


သူက စန်းဝမ် ပုစဉ်းရင်ကွဲရှာရန်သွားမည်မှန်း တွေ့လေ၍ စိတ်လှုပ်ရှားစွာပြောလိုက်သည်။


" ဦးလေးရော လိုက်မယ်လေ ...."


လင်းလန်က အမြန် ဖြတ်ပြောလိုက်သည်။

" ထိုင်ပြီး စကားပြောရအောင် သူတို့က တံခါးနားမှာပဲ ရှာကြမှာ ...."


မိုင်စွေ့နှင့် အားဝမ်က လက်သုတ်ဝတ်ယူကာ စားပွဲကို သုတ်လိုက်ပြီး လက်ဖက်ရည်အိုးနှင့် ခွက်များယူလာခဲ့သည်။


ဟန်ချင်စုန့် သူ့စတုတ္ထညီလေးကို ထိုင်ခိုင်းလိုက်ပြီး သောက်ရန် ရေနွေးငှဲ့ပေးလိုက်သည်။ လင်းလန်လုပ်ထားသည့် အသီးလက်ဖက်ရည်က ချိုပြီး အနည်းငယ် ချဉ်ပြုံးပြုံးလေးဖြစ်နေ၍ ရေဆာမှုကို ပျောက်ပြယ်စေသည်။


ဟန်ချင်ဟွက မှုတ်သောက်လိုက်သည်။

" အရသာရှိလိုက်တာ ...."


ဟန်ချင်စုန့် : " မင်းမရီး လုပ်ထားတာ ...."


လင်းလန်၏ မိသားစုက ပုံမှန်ဆို လက်ဖက်ရည် မပြင်ဆင်တတ်ပေ။ ယခုကာလကြီးတွင် ပြည်တွင်းလက်ဖက်ရည်များ၏ အရည်အသွေးက မကောင်းပေ။ ဟန်ချင်စုန့်က အစားစာချင်စိတ်နည်းပါးသူဖြစ်ပြီး ဆေးလိပ်၊ အရက်၊ သကြား လက်ဖက်ရည် စသည်တို့ကို သောက်တတ်သည့်လူလည်း မဟုတ်ပေ။ ထို့ကြောင့် လင်းလန်က ၎င်းကို လုပ်ပေးရန် အနှောင့်အယှက်မဖြစ်ခဲ့ပေ။ သူမက ဟော်သွန်းသီးခြောက်အချို့ကို ယူကာဇီးသီးခြောက်အချို့၊ ဟော်သွန်းအချို့နှင့် ရေနွေးတည်လိုက်ပြီး စွပ်ပြတ်အိုးထဲ ထည့်ကာ တစ်နေကုန်သောက်နေလေ့ရှိသည်။


[ ဟော်ဘယ်ရီ ကို hawthorn လို့လည်း ခေါ်ပါတယ် သူက ချုံမျိုးနွယ်အပင်ရဲ့ အမျိုးအစားတစ်ရာကျော်ထဲက တစ်ခုဖြစ်ပါတယ် သူ့ကို hawberry , hawthorn အပြင် thornapple, May Tree, Mayflower လို့လည်းခေါ်ပါတယ် နှလုံးသွေးကြောကျဉ်းတာကို သက်သာစေပြီး သွေးတိုးတာကိုလည်း ထိန်းပေးပါတယ် ပုံစံကတော့ ဇီးပင်လိုကိုမှာ အရွက်ပိုသေးပြီး အသီးကလည်း နီနီရဲရဲ နဲ့ ဇီးသီးလို အရွယ်လေးပါပဲ ]


ဟန်ချင်ဟွက လေးခွနှင့်ကစားနေသည့် တဝမ်ကိုကြည့်ကာ ပြောလိုက်သည်။


" တဝမ် မင်းအရပ်ရှည်လာတာပဲ .."


တဝမ် ပြောလိုက်သည်။

" စတုတ္ထဦးလေးရောပဲ အရပ်ရှည်လာတယ် ...."


" မင်းတို့ကောင်တွေလည်း တော်တော်သတ္တိကောင်းတာပါပဲ ရွာနားတစ်ဝှိုက်ကို လျှောက်သွားရဲတယ် ....."


တဝမ်၏ မျက်နှာမှာ ဘာအမူအရာမှ မရှိပေ။ 


ခဏလောက် စကားပြောပြီးနောက်တွင် ဟန်ချင်ဟွက ပြောလိုက်သည်

" တတိယအစ်ကို အကိုကြီးနဲ့ ဒုတိယအစ်ကိုဆီ စကားသွားပြောရအောင် ......"


ဟန်ချင်စုန့်က လင်းလန်ကို ကြည့်လိုက်သည်။


လင်းလန်က ပြောလိုက်သည်။

" သွားလေ အိမ်မှာ အဆင်ပြေပါတယ် ...."


သူမက စောင်များနှင့် ချည်ထည်များကို ထပ်ယူလာ၍ ကြီးကြီးမားမား အလုပ်မရှိပေ။


ဟန်ချင်စုန့်က ဟန်ချင်ဟွနှင့် အပြင်ထွက်သွားချိန်တွင် တဝမ်က လိုက်သွားရန် တုန့်ဆိုင်းနေခဲ့သည်။


လင်းလန် : " သားကြီး အိမ်စာတွေ မလုပ်ရသေးဘူးလေ ....."


တဝမ် : " ကျောင်းမှာ ကတည်းက ရေးပြီးပြီ  ...."


ထို့နောက် သူ အပြင်ထွက်သွားလိုက်သည်။


မကြာခင်တွင် အိမ်ထဲ၌ လင်းလန်၊ မိုင်စွေ့နှင့် အားဝမ်သာ ကျန်ခဲ့လေသည်။


မိုင်စွေ့က တိုးတိုးလေး ပြောလိုက်သည်။

" မာမား စတုတ္ထဦးလေးက တကယ်ပြောင်းလဲသွားပြီလို့ ထင်လား ....."


လင်းလန် : " မပြောတတ်ဘူး ....."


ပြောရမည်ဆိုလျှင် လူများ၏ စိတ်နှလုံးက သူတို့ ကိုယ်တွင်းတွင် ရှိသော်လည်း ရုတ်တရက်အကဲဖြတ်၍မရပေ။ ကြည့်ရသည်မှာ တကယ်ပြောင်းလဲသွားပုံပင်။


အားဝမ် ပြောလိုက်သည်။

" မားမား ဘာလို့လဲမသိဘူး ဦးလေးပြုံးတာကို ကြည့်ရတာ လန့်တယ် ....."


လင်းလန်က သူ့ပခုံးကို ပုတ်ပေးကာ အပြုံးလေးနှင့်ပြောလိုက်သည်။


" ဘာလို့ ပျာယာခတ်နေတာလဲ သားအဖေလည်း အဲ့မှာ ရှိပါတယ် ...."


အားဝမ် ရှက်ရွံ့စွာ ပြောလိုက်သည်။

" မသိဘူး ဒီတိုင်း သူ့ကို နည်းနည်းလေး မယုံသေးတာ မားမား သား သံသယစိတ်ကြီးတယ်လို့ မားမားထင်လား ......"


" သားလေး အရမ်းကြီး ဂရုစိုက်နေတာက သားအတွက် အဆင်ပြေပါတယ်.... လူတွေရဲ့ စိတ်နှလုံးက ဖုံးကွယ်ထားကြတာလေ.... မျက်နှာကိုသာ သိရင်သိမယ် အတွင်းစိတ်ကို မသိနိုင်ဘူး အမေတို့ သူ့ကိုသံသယဝင်နေတယ်ဆိုတာ သူမသိစေနဲ့ ..."


သုံးယောက်သား ရီမောလိုက်ကြသည်။


ခဏကြာတွင် စန်းဝမ်နှင့် အားဝမ်ပြန်လာခဲ့ကြပြီး နှစ်ယောက်လုံးက မကျေမနပ်ဖြစ်နေကြသည်။ အိမ်တဲခါးတွင် ပုစဉ်းများ အဲ့လောက်အများကြီးရှာမတွေ့ပေ။ သို့သော်ကောင်လေးနှစ်ယောက်က မိဘစကားကို မပယ်ရှားဝံ့တာကြောင့် ဝေးဝေးကိုလည်း သွားမရှာရဲပေ။


လင်းလန်က သူတို့ကို နှစ်သိမ့်လိုက်သည်။


" မနက်ဖြန် အစ်ကိုကြီးနဲ့ အတူတူသွားရှာကြပေါ့..... "


ကလေးများက ဘာမှ ပြန်မပြောဘဲ ရေဒီယိုနားထောင်နေလိုက်ကြသည်။ မကြာခင်တွင် တဝမ်က အိမ်ပြန်လာကာ အဖေက ဦးလေးများအပါအဝင် အခြားသူများနှင့် စကားပြောနေကြောင်း ပြောလေသည်။


ညသန်းခေါင်ကြီး မိုးရွာလာမည်ကို လင်းလန် စိုးရိမ်နေသည်။ ထို့ကြောင့် သူမက ကလေးများကို ခြံထဲ ရှင်းခိုင်းလိုက်သည်။ သိမ်းထားရမည့် မြက်များကိုလည်း တောင်ဘက်အိမ်ထဲတွင် စုထားကာ အိမ်ပစ္စည်းများကိုပါ ထည့်ထားလိုက်ပြီး မိုးရေခံဖို့ထားသည့် ကန်များကိုပါ သိမ်းလိုက်သည်။ တံစက်မြိတ်အောက်၌ လည်း အမှိုက်တွေ စုပုံမလာအောင် ရေတူးမြောင်း တစ်ခုလုပ်လိုက်သည်။


လူတော်တော်များများ၏ အိမ်က နိမ့်ပြီး အမှိုက်များ စုနေ၍ မသန့်ရှင်းလှပေ။ ညသန်းခေါင်ကြီး မိုးသည်းသည်းထန်ထန်ရွာလျှင် မိုးရေများက အိမ်ထဲ ကျလိမ့်မည်။ လင်းလန်အိမ်က အိမ်အသစ်ဖြစ်ပြီး အိမ်၏အခြေကလည်း နှစ်ဆင့်လောက်ပိုမြင့်တာကြောင့် စိတ်ပူစရာမလိုပေ။


သိမ်းဆည်းပြီးသည်နှင့် သူမက ကလေးမျာူကို စောစောဆေးကြောခိုင်းပြီး စောစော အိပ်ရာဝင်ခိုင်းလိုက်သည်။ မနက်ရောက်လျှင်စောစောထကာ မနက်ခင်းလေ့ကျင့်ခန်း လုပ်ရပေမည်။ ကလေးများ အနားယူသွားချိန်တွင် လင်းလန်က ကုတင်ပေါ်တွင် တစ်ခုခုကို ရေးရင်း ဟန်ချင်စုန့် ပြန်အလာကို စောင့်နေလိုက်သည်။ 


ဆယ်နာရီနောက်ပိုင်းတွင် မျက်လုံးအောက်တွင် နီရဲနေသည့် ဟန်ချင်စုန့် ပြန်လာတော့သည်။ ကြည့်ရသည်မှာ ဝိုင်အနည်းငယ်သောက်ခဲ့ပုံရသည်။


" စတုတ္ထမတ်လေးနဲ့ သောက်လာတာလား ....."


ဟန်ချင်စုန့်က တစ်ခွက်တလေသောက်ရုံဖြင့်မမူးတတ်ပေ။ အဆုံးတွင် သူ့မျက်လုံးများ ယခုလို နီရဲနေသည်မှာ သေချာပေါက်  တစ်ခွက်ထက်တော့များပေမည်။ လင်းလန် အနည်းငယ် မသက်မသာဖြစ်လာခဲ့သည်။


ဟန်ချင်စုန့် : " အွန်းးး သူတို့နဲ့ ပွဲတစ်ခုလုပ်ခဲ့လို့ပါ......"


Xxxxxx