Part 417
ဟန်ချင်စုန့် : " အွန်းးး သူတို့နဲ့ ပွဲတစ်ခုလုပ်ခဲ့လို့ပါ......"
လင်းလန်က နောက်ထပ် ဘာမှ မပြောတော့ဘဲ လုပ်စရာရှိတာ လုပ်ခိုင်းလိုက်သည် ။
ဟန်ချင်စုန့်က အဝတ်အစားများ ချွတ်ကာ ရေချိုးလိုက်ပြီး ပြန်လာကာ ကုတင်ပေါ်တက်လိုက်သည်။
" စတုတ္ထညီက ဆောင်းဦးရိတ်သိမ်းပွဲမတိုင်ခင် ပြန်လိမ့်မယ် သူ့အလုပ်သူ လုပ်မှာပါ စိတ်မပူပါနဲ့ ....."
လင်းလန်က ပြုံးကာ ပြောလိုက်သည်။
" ရှင်နဲ့သာဆို ကျွန်မက ဘာကို စိတ်ပူရအုန်းမှာလဲ ...."
ပုံမှန်ဆို သူမက ဟန်ချင်ဟွကို ယုံကြည်မှာမဟုတ်ပေ။ သူမက သူ့ကို နှိမ်တာမျိုးလည်း လုပ်မှာ မဟုတ်ပေ။သို့သော်လည်း အဆုံးတွင် သူက သူမယောကျာ်း၏ညီဖြစ်နေသောကြောင့် ယုံကြည်ဖို့သာ တတ်နိုင်လေသည်။
ဟန်ချင်စုန့်က သူမပေါင်ပေါ် ခေါင်းအုံးကာချွဲလေသည်။
" ခေါင်းနည်းနည်း မူးနေတယ် ...."
လင်းလန်က သူ့နားထင်ကို ပွတ်ပေးလိုက်ပြီးမေးလိုက်သည်။
" ဘယ်လောက်တောင် သောက်ခဲ့လို့ မူးနေရတာလဲ ...."
သူမလက်ချောင်းများက ပျော့ပြောင်းကာ သူ့ကို နှိပ်ပေးနေသည်မှာ ဇိမ်ရှိလှ၍ သူမလက်မောင်းကြားထဲ တစ်ဖန် ဝင်ခိုလိုက်ပြန်သည်။
" နည်းနည်းမူးနေရုံပါ ...."
သူက အရက်သောက်ခဲ့၍ သူ့လက်များက မတည်ငြိမ်တော့ပေ။
လင်းလန်က သူ့၏တုန်နေသည့် လက်ကို ကိုင်ကာ ခေါင်းအုံးခံထားပေးလိုက်သည်။
" အမူးပြေဟင်းချို လုပ်ပေးမယ် ...."
သူမ ထခါနီး သူက သူမခါးကို လှမ်းဖက်ကာ ရင်ဘတ်ပေါ်ဖိလိုက်သည်။ သူမက သူ့ကို ကြည့်လိုက်ပြီးပြောလေသည်။
" မမူးဘဲနဲ့များ ....."
" မင်းကို ဒီလိုကြည့်ရတာက ပိုမူးတယ် ....."
သူ့မျက်လုံးများက နက်မှောင်သည့်အမူအရာများနှင့် ပြည့်နေပြီး မျက်လုံးထောင့်များကလည်း နီရဲနေသည်မှာ ရုပ်ရှင်ဆန်ပြီး အနည်းငယ် ချိုမြိန်လေသည်။
လင်းလန် သူမနှလုံးသား ခုန်ပေါက်နေကြောင်းကို ခံစားမိပြီး ခေါင်းငုံ့ကာ သူ့ကို နမ်းရှိုက်လိုက်သည်။
သူက လှည့်လိုက်ပြီး သူမကို အောက်တွင် ဖိထားကာ စတင်နမ်းရှိုက်လိုက်သည်။
" တော်တော်လေး အရက်နာကျနေတာပဲ ...."
သောက်ပြီးနောက်တွင် သူ့၏ နဂို တည်ငြိမ်မှုများနှင့် သည်းခံခြင်းများက အဝေးကို လွင့်ပစ်ခံလိုက်ရပြီး သူ့အမူအရာများက ကြမ်းတမ်းကာ ငြင်းဆန်၍ပင်မရပေ။ ၎င်းက လင်းလန်ကို ခုံခံရန် အားမရှိဖြစ်စေပြီး အသနားခံရရုံသာ တတ်နိုင်လေသည်။
...
အချိန်တော်တော်လေး ကြာပြီးနောက်တွင် လမင်းကြီးက ကောင်းကင် အလယ်ကိုရောက်လာတော့သည်။ ထိုအခါမှသူက စိတ်ကျေနပ်စွာဖြင့် သူမကို လွှတ်ပေးလိုက်သည်။
လင်းလန် အရမ်းပင်ပန်းနေခဲ့သည်။
သူက ပြုံးကာ ပြောလိုက်သည်။
" အခု ဝိုင်မူးပြေသွားပြီ ....."
ထို့နောက် သူမရဲ့နားသီးလေးကို ကိုက်လိုက်သည် လင်းလန်ကတော့ အိပ်မောကျသွားပြီ ဖြစ်သည်။
ညအလယ်တွင် မိုးကြိုးမုန်တိုင်းရှိလာပြီး လေကလည်းပိုပြင်းလာကာ ပိုအေးလာခဲ့သည်။သို့သော်လည်း လင်းလန်က ၎င်းကို မသိလောက်သည်အထိ ပင်ပန်းသွားကာ သူ့ပွေ့ဖက်မှုတွေကြားထဲ သက်တောင့်သက်သာရှိစွာ အိပ်နေခဲ့လေသည်။
နောက်နေ့တွင် နေက တောက်ပနေပြီး အိမ်နီးချင်းများ၏ အလုပ်လုပ်သံများကိုကြားနေရလေသည်။ ထို့နောက်တွင်အပူလှိုင်းက တဖြည်းဖြည်းဆီ တိုးလာတော့သည်။
ဟန်ချင်စုန့်က ပုံမှန်အတိုင်း အလုပ်သွားပြီး ကလေးများကလည်း ကျောင်းကို သွားကြလေသည်။ လင်းလန်က မနက်ပိုင်းတွင် တုံဟွိုင်ဟွနှင့် လျှိုချွန်းချန်တို့ဖြင့် အစည်းအဝေးလုပ်ကာ နေ့လည်ခင်းတွင် ချက်ပြုတ်ရန် အိမ်ပြန်သွားတော့သည်။
မမျှောင်လင့်ထားစွာဖြင့် ကလေးမျာစက အရင် အိမ်ပြန်ရောက်နေခဲ့သည်။
လင်းလန်က ပြုံးကာ ပြောလိုက်သည်။
" ဘာလို့ ရေကူး မသွားကြတာလဲ....."
စန်းဝမ် : " ဒုတိယအစ်ကိုက မားမားအဝတ်လျှော်တာ ကူပေးမယ်ဆိုလို့ ....."
မိုင်စွေ့နှင့် အားဝမ်က စောင်များထည့်ထားသောခြင်းကို သယ်လာပြီး တဝမ်ကလည်း အင်တုံကြီးကို မလာလေသည်။ ရှောင်ဝမ်က အိမ်မှာရှိသမျှ တဘက်များကိုကိုင်ထားကာ စန်းဝမ်ကမူ ဆပ်ပြာနှင့် အခြားလိုအပ်တာများကို ယူရန်သွားလေသည်။
လင်းလန်က သူ့လက်ချောင်းများကြားထဲ၌ ကိုင်ထားသော ဆပ်ပြာပိုင်းအကြီးကြီးကို ကြည့်ပြီး ပြောလိုက်သည်။
" မကြီးလွန်းဘူးလား....ဒီကိုယူခဲ့ ...."
စန်းဝမ်က သူမကို ကြောင်တောင်တောင်လေးပြန်ကြည့်လေသည်။
" မားမား ဒီတစ်ခုပဲရှိတော့တာ မကြီးပါဘူး...."
လင်းလန် : " ကုန်ပြီလား ဟိုတလောကပဲ အပိုင်းကြီးကြီး ကြီးဝယ်ခဲ့တာမဟုတ်ဘူးလား....."
အားဝမ် : " ကုန်ပြီလေ မာမားရဲ့..."
သားတို့ အိမ်မှာ ဆပ်ပြာဘယ်လောက်သုံးရတယ်ဆိုတာ မားမားမသိတာကြလို့....
လင်းလန်လည်း ရိပ်မိသွားသည်။
" တကယ်ကြီး ကုန်သွားပြီပေါ့ ......"
မယုံနိုင်စရာပဲ....အရင်ရက်ကမှ ဆပ်ပြာပိုင်းကြီး ရှိနေသေးတာလေ...အဲ့ဆပ်ပြာကို စားပစ်လိုက်ကြတာများလား.....
အားဝမ် : " မားမား နေ့တိုင်း အဝတ်လျှော်ကြစို့ ...."
ဆောင်းရာသီတွင် အဝတ်အများကြီး ဝတ်ကြသော်လည်း နွေရာသီတွင်မူ အဝတ်နည်းနည်းသာဝတ်ကြလေသည်။ သို့သော် အတွင်းခံကိုတော့ နေ့တိုင်း လဲဝတ်ရပြီး လက်တိုအင်္ကျီနှင့် ဘောင်းဘီတိုများကိုတော့ နေ့တိုင်းနီးပါးလျှော်ရသည်။ အထူးသဖြင့် စန်းဝမ်၏ ဟာများက အရမ်းညစ်ပတ်လေသည်။ လင်းလန်က သူတို့အဝတ် လျှော်တိုင်း ဆပ်ပြာကို သုံးလေ့ရှိသည်။ ယခုလက်ရှိတွင် ဆပ်ပြာကို မသုံးရန် မတားမြစ်ထား၍ အသုံးပြုလို့ရလေသည်။ အပိုငွေတော့ အနည်းငယ် ကုန်ကျလေသည်။
အရင်ကဆို သူတို့ မားမားက အဝတ်ကောင်းကောင်း လျှော်ပေးသော်လည်း အဖေက အဝတ်လျှော်ရသည်က သူ့မိန်းမလေးအတွက် ပင်ပန်းလွန်းသည်ဟု ထင်တဲ့အတွက် သူတို့ဘာသာ သူတို့လျှော်ရတော့သည်။
ရလဒ်အနေဖြင့် မိုင်စွေ့က သူမအမေလျှော်သလို အဝတ်များ မသန့်ရှင်းမည်ကို စိုးရိမ်၍ ဆပ်ပြာနှင့် ကြိမ်ဖန်များစွာ ပွတ်တိုက်တော့သည်။ သူတို့လေးယောက်လုံး၏ အဝတ်များက ကောင်းသော်လည်း အစ်ကိုကြီး၏အဝတ်များက မကောင်းပေ။ သူက ဆပ်ပြာများကို ညှစ်လေ့ရှိပြီး မြန်မြန် အသုံးပြုလေ့ရှိသည်။ ထို့အပြင် ခဏခဏ စပ်စုသည့် ကောင်လေး စန်းဝမ်လည်း ရှိသေးသည်။
သူမသာ ဆပ်ပြာကို စောင့်ကြည့်မနေပါက မြန်မြန်အသုံးပြုပစ်လိမ့်မည်။
လင်းလန်က တွေဝေနေပြီး သူ့မစိတ်ထဲမှနာကျင်မှုကိုအပြုံးလေးနှင့် ဖုံးထားရန် ဆုံးဖြတ်လိုက်သည်။
" အခု ဆပ်ပြာအရည်အသွေးက မကောင်းဘူးပဲ "
ရေက ပူလွန်းပါက အက်ဆစ်ဓာတ်များလွန်းသည့် ဆပ်ပြာက အစွန်းအထင်းများကို မဖယ်ရှားပေးနိုင်ပေ။ထို့ကြောင့် မြစ်ရေထဲတွင် အဝတ်လျှော်သည်က အကောင်းဆုံးပင်။
အားဝမ် : " ဆပ်ပြာက ဘယ်အချိန်မှ ကောင်းမှာလဲ ဟောင်းသွားမှလား ....."
လင်းလန် : " ဒါပေါ့ နောက်ကျရင် ကောင်းသွားမှာ ....."
အားဝမ် : " အဲ့တာဆို အခု ဘာလုပ်သင့်လဲ ....."
လင်းလန် : " .... စဉ်းစားလိုက်အုန်းမယ် အခြားလူတွေ ဘယ်လိုလုပ်ကြလဲ ...."
မိုင်စွေ့က ပြုံးကာ ပြောလိုက်သည်။
" မားမား သမီးတို့က ဆပ်ပြာမသုံးဘဲ ဆိုဒါသုံးဖူးတယ်..... ဆိုဒါကို မသုံးရဲသေးတာမို့ အဲ့တုန်းက မြက်တွေကိုမီးရှို့ထားတဲ့ ပြာတွေကို သုံးလိုက်တာ.... အိုးအောက်က ပူဖောင်းတွေကို ယူပြီး အဝတ်တွေကို ဒုတ်ပုတ်နဲ့ ထုလိုက်တာ ပြီးသွားရော ... "
လင်းလန်က လက်ကိုယမ်းပြီး အမြန်ပြောလိုက်သည်။
" ဘယ်လိုအဝတ်မျိုးက ခံနိုင်မှာလဲ...တစ်နှစ်မှ တစ်ခါပဲလျှော်ရင်ထားပါတော့ နှစ်ရက် သုံးရက်တစ်ကြိမ် လျှော်နေရင်တော့ ပျက်ဆီးတော့မှာပဲ ဆပ်ပြာဝယ်ဖို့ နည်းလမ်းအချို့ပဲ ရှာကြရအောင် ...."
ယခုခေတ်တွင် ဆပ်ပြာအတွက် ကူပွန် အကုန်သုံးရသည်။ လူတစ်ယောက်ကို တစ်လလျှင် ဆပ်ပြာ 300 ဂရမ်ကို လေးပိုင်းပိုင်းကာ နိုင်လွန်ကြိုးနှင့် ချည်ထားသော ဆပ်ပြာတုံးအသေးလေးရသည်။ လူတစ်ယောက် အတွက် တစ်တုံး ရပြီး ၎င်းက တစ်ခုလျှင် ရှစ်ကျပ်ကျသင့်လေသည်။ တစ်မိသားစုလုံးဆို သုံးဆယ့်နှစ်ကျပ်ကျသင့်မှာ ဖြစ်ပြီး အရမ်းဈေးကြီးလှသည်။ နှစ်ကျပ်ဆိုလျှင်တောင် နယ်ဘက်များတွင် ဂျင်ခေါက်ဆွဲ ဝယ်လို့ရသည်။
[ ဂျင်ခေါက်ဆွဲဆိုတာ လက်လုပ်ခေါက်ဆွဲကိုပြောတာပါ ]
နယ်ဘက်မှ လူများတွင် ထိုမျှလောက် ငွေအများကြီးမရှိပေ။ထို့အပြင် အယ်ကာလီများ၊ အပင်ပြာများနှင့် တူသည့်အရာများကို ဆပ်ပြာအစားသုံးနိုင်တာကြောင့် ပုံမှန်ဆို ဆပ်ပြာကို မဝယ်ကြပေ။
Xxxxxx
Part 418
နယ်ဘက်မှ လူများတွင် ထိုမျှလောက် ငွေအများကြီးမရှိပေ။ ထို့အပြင် အယ်ကာလီများ၊ အပင်ပြာများနှင့် တူသည့်အရာများကို ဆပ်ပြာအစားသုံးနိုင်တာကြောင့် ပုံမှန်ဆို ဆပ်ပြာကို မဝယ်ကြပေ။
ထို့အပြင် ယခုချိန်တွင် ထောက်ပံ့ရေးအဖွဲ့အစည်းများက ရွာများဆီ ဆပ်ပြာလက်မှတ်များ မပို့ပေးသေးပေ။ ထို့ကြောင့် အဖွဲ့ဝင်များက သူတို့၏မှတ်စုအတိုင်း သူတို့ဝေစုကို ဝယ်ယူရသည်။ အများကြီးတော့ မဝယ်ကြပေ။ တကယ်တမ်းပြောရလျှင် ဘယ်သူကမှ မဝယ်ကြပေ။
ရှန်ရွေ့ရွာ၏ လူများအတွက် အချို့တစ်တုံးကို တစ်လဝယ်သည့်လူများက လွဲလျှင် လင်းလန်ကသာ ပိုဝယ်ထားခြင်းဖြစ်သည်။ သူမဝေစုဖြင့်ပင် ဝယ်ခြင်း မဟုတ်ဘဲ ဟန်ချင်စုန့်၏ အပိုဝေစုကိုပါ ဝယ်ထားသည်။ သူမမိသားစုက မိသားစုဝင် ခုနှစ်ယောက်က နှစ်ယွမ်ဖြင့်မဝယ်နိုင်သော်လည်း သူမက လူမှုအဖွဲ့မှာ ကျော်ကြားနေပြီး ထောက်ပံ့ရေးအဖွဲ့အစည်းက လူတိုင်း သူမကို သိကြသည်။ ထို့အပြင် ဥက္ကဠကိုယ်တိုင်ကတောင် ကိုယ်ရေးကိုယ်တာအရ သူမကို နှစ်ယွမ်ဖြင့် ဝယ်ယူခွင့်ပေးထားလေသည်။ ထို့အပြင် နောက်ထပ် ဟန်ချင်စုန့်၏ တစ်လစာ ဝေစုကိုပါ ရရှိသေးသည်။
ဤနည်းဖြင့် အိမ်အတွက် တစ်လကို ဆပ်ပြာသုံးခဲဝယ်ခြင်းက စုစုပေါင်း ကိုးကျပ်ကျသင့်ခဲ့ပြီး တော်တော်လေး တန်သည်ဟု ပြောရမည်။ တုန်ဟိုက်ဟွပင် ဆွံ့အသွားခဲ့ရပြီး လင်းလန်၏ အိမ်စီမံကွပ်ကဲမှုက တော်တော်လေး ဈေးကြီးသည်ဟု ခံစားလိုက်ရသည်။
အကုန်ပြီးနောက်တွင် ဆပ်ပြာအတွက် တစ်လကို ငွေအများကြီး သုံးခဲမိသည်ဟု လင်းလန်ခံစားလိုက်ရသည်။ ၎င်းက မသင့်တော်ပေ။ အဓိကက ယခုခေတ် ဆပ်ပြာများ၏ အရည်အသွေးက မကောင်းပေ။ ဆပ်ပြာများက မာနေပြီး ကျိုးလွယ်ကာ တစ်ခါတစ်လေ ရေနှင့် မကိုက်တာတွေဖြစ်ပြီး မပြောင်တော့ပေ။
ဟေး ... မော်ဒန်ခေတ်တုန်းက လင်းလန်က ညစ်ပတ်တယ်ဆိုတဲ့ ခံစားချက်ကိုတောင် မရခဲ့ပါဘူး...... အဝတ်လျှော်စက်တွေနဲ့ တစ်ရက် ဒါမှမဟုတ် နှစ်ရက်ကို တစ်ခါပဲ အဝတ်လျှော်လေ့ရှိတာ.... တစ်ပတ်မှာမှ တစ်ခါပဲ လျှော်ရင်တောင် ဖုန်မှုန့်လူံဝမကျန်ခဲ့ဘူးလေ....
ထို့ကြောင့် တစ်လကို ဆပ်ပြာသုံးခဲ ကုန်အောင်လျှော်ပြီးတာတောင် သူမ ဘာမှ မခံစားခဲ့ရပေ။
" စန်းဝမ် ဆပ်ပြာကို ဆော့မနေနဲ့တော့ ...."
စန်းဝမ် ဆပ်ပြာကို အပိုင်းသေးသေးလေး ဆိတ်လိုက်သည်ကို တွေ့၍ အားဝမ်က စိတ်ရှုပ်စွာ ပြောလိုက်သည်။
စန်းဝမ်က သူ့ဆီ မြန်မြန်လှည့်လိုက်ပြီးပြောသည်။
" ဒုတိယအစ်ကို ဒီဆပ်ပြာက ဘာနဲ့လုပ်ထားတာလဲဟင် အရမ်းချော်တာပဲ ...."
လင်းလန် နှလုံးသားလေး လှုပ်ရှားသွားရသည်။
ဟုတ်သားပဲ ... သူမကိုယ်ပိုင် ဆပ်ပြာဘယ်လိုလုပ်ရမယ်ဆိုတာ သူမ ရှာနိုင်လောက်လား....
ဆပ်ပြာက လုပ်ရတာ ခက်ခဲသည့် အရာမဟုတ်ပေ။ သူမ၏ အရင်ဘဝတုန်းက သူမတွင် ကလေးများကို အိမ်တွင် ဂရုစိုက်ပေးရင်း လက်လုပ်ပစ္စည်းတွေရောင်းသည့် အခင်ဆုံးသူငယ်ချင်းတစ်ယောက်ရှိသည်။ သူမက မုန့်ဖုတ်သည့်အပြင်ကို အိမ်လုပ်ဆပ်ပြာများနှင့် အိမ်လုပ်နှုတ်ခမ်းနီများလည်း ရောင်းခဲ့သည်။
သူမက ကိုယ့်နှဖူးကို ပြန်ရိုက်လိုက်သည်။ ဆပ်ပြာလုပ်နည်းက ရှုပ်ထွေးပုံမပေါ်သော်လည်း ယခုချိန်မှာတော့ လုပ်လို့ မရလောက်သေးပေ။
အဘယ်ကြောင့်ဆိုသော် ဆပ်ပြာလုပ်ရာတွင် အယ်ကာလီအပြင် တိရစ္ဆာန်အဆီနှင့် အခြား အဆီများကိုပါ အသုံးပြုရသည်။ သို့သော်လည်း ယခုချိန်တွင် ဝက်ဆီနှင့် ထောပတ်များက အလွန်အဖိုးတန်ပြီး ဟင်းချက်သည့်နေရာ၌ သုံးရန်သာ ချန်ထားရလေသည်။ သူမဆပ်ပြာလုပ်ရန် အတွက် မည်သည့်နေရာက ယူရမည်နည်း။
သူမ အရှုံးမပေးချင်ပေ။
ထို့ကြောင့် ပြန်လာပြီး အခြားနည်းလမ်းတွေ စဉ်းစားနေလိုက်သည်။
ဒီမှာ တော်တော်လေးအသုံးဝင်တဲ့ အဝတ်လျှော်မှုန့်မရှိဘူးပဲ.....
ထို့ကြောင့် သူမက အံကြိတ်လိုက်ပြီး ဆပ်ပြာဝယ်ရန်သာ ဆုံးဖြတ်လိုက်သည်။ အခြားကဏ္ဍများတွင်သာ ပိုက်ဆံပိုချွေတာတော့မည်။
ထို့ကြောင့် သူမက ကလေးများကို အဝတ်လျှော်နေတာကို ရပ်လိုက်ပြီး သဘောရှိသလို ကစားခိုင်းလိုက်သည်။
ရက်အနည်းငယ်အကြာတွင် သူမက တုန်ဟွိုင်ဟွနှင့် အခြားလူအနည်းငယ်၏ မှတ်စုများကို ငှားရမ်းပြီး ထောက်ပံ့ရေးအသင်းဆီ ဆပ်ပြာဝယ်ရန် သွားတော့သည်။ သူမက များများဝယ်ချင်သော်လည်း ကွန်မြူနတီက မရောင်းပေ။ မြို့မှာဆိုပါက ကုန်ပစ္စည်းများများ ရှိသည့်အပြင် ဝယ်ယူဖို့ရာလည်း လွယ်ကူလှသည်။
သူမက ဟန်ချင်စုန့်ကို ညကတည်းက ပြောထားပြီး စက်ဘီးကို ထားခဲ့ခိုင်းလိုက်သည်။ သူမက မြို့ကို ဆပ်ပြာဝယ်ရန် သွားခဲ့သည်။ အစက ဟန်ချင်စုန့်က သူမအစား ဝယ်ပေးချင်သော်လည်း လတ်တလော ရှန်ရွှေကွန်မြူနတီကို သွားရန့် အလုပ်ရှုပ်နေတာကြောင့် သူမကို သွားခွင့်ပေးလိုက်ရသည်။
မနက်စာစားပြီးသည်နှင့် ကလေးများ အကုန် ကျောင်းသွားကြလေသည်။ လင်းလန်က ပိုက်ဆံ၊ မှတ်စုများနှင့် မှတ်ပုံတင်ကတ်ပြားကို ယူပြီး လမ်းတွင် အချိန်မှာကုန်မည်စိုး၍ စကားမပြောဘဲ လိုက်လာခဲ့တော့သည်။
သူမ စက်ဘီးနှင့် သွားရန်ပြင်နေစဉ် ဟန်ကျင်းယုက ပြေးလာကာ အထိတ်တလန့် ပြောလိုက်သည်။
" ယောက်မ စက်ဘီးငှားအုန်း ငါမြို့ကိုသွားမလို့ ...."
သူမကို မြင်တော့ လင်းလန်က ပြောလိုက်သည်။
" ငါအပြင်ထွက်စရာရှိသေးတယ် ...."
" နင့်မှာ ဘာတွေ အဲ့လောက် ကိစ္စများနေရတာလဲ ...."
လင်းလန် : " ငါက နင့်လောက် မအားဘူးလေ.... "
ဟန်ကျင်းယု : ငါ့ကို မနှောင့်ယှက်ရရင် မနေနိုင်ဘူးလား.....
လင်းလန်လည်း မြို့ကို သွားမှာ သိ၍ သူမက ပျော်ရွှင်စွာ ပြောလိုက်သည်။
" နင်လည်း သွားမှာဆိုတော့ ကောင်းတာပေါ့... အတူတူသွားကြတာပေါ့ ...."
လင်းလန် သူမကို စိုက်ကြည့်လိုက်သည်။ အရင်ရက်တွေကတည်းက ဟန်ကျင်းယုက အနည်းငယ် ပြောင်းလဲနေပြီး အရမ်းကြီး ဒေါသတကြီးမပြုမူတော့ပေ။
အဓိကက နင့်ယောက်မရဲ့ နာမည်ကို နင်သိတယ်ပေါ့လေ....နေက အနောက်ကနေ ထွက်လာတော့မှာပဲ...
လင်းလန် : " အဲ့တာဆိုလည်း ငါ့ကို တင်ခေါ်သွား ...."
ဟန်ကျင်းယု : " ယောက်မ .... ယောက်မအစစ်ရော ဟုတ်ရဲ့လား ငါသွားတွေ့မှာ ...အဟမ်း... တကယ်လို့ ငါသာ ပင်ပန်းနေပြီး ချွေးထွက်နေရင် ရှက်စရာကြီးလေ ......"
လင်းလန် : " ငါ တဘက်နဲ့ ရေနဲ့ယူခဲ့တယ် နင်ချွေးထွက်ရင် ငါသုတ်ပေးမယ်လေ ....."
ဟန်ကျင်းယုက လင်းလန်စက်ဘီးနှင့် ဘာမှမလုပ်နိုင်တာကြောင့် သူမအကောင်းဆုံးသာ လုပ်နိုင်တော့သည်။ သူမက လင်းလန်ကို စက်ဘီးပေါ်တင်ခေါ်သွားတော့သည်။ သို့သော် လင်းလန်က သူမကို ခက်ခဲအောင် မလုပ်ပေ။ လမ်းတစ်ဝက်ကျော်တွင် သူမနှင့် နေရာလဲပြီး မြို့သွားသည့် လမ်း တစ်လျှောက်လုံး တင်နင်းလားခဲ့လေသည်။
" ယောက်မ ငါတို့ တွေ့မယ့်နေရာနဲ့ အချိန်ပြောမယ် ညနေ ငါ့ကို ပြန်လာခေါ်ပေး....."
လင်းလန် သူမကို ကြည့်လိုက်ပြန်သည်။ ဟန်ကျင်းယုက ပြောင်းလဲသွားတာတော့ ပြောင်းလဲသွားတာပင်။ အရင်က သူမကို တစ်ခါမှ ယောက်မလို့ မခေါ်ဖူးပေ။ သို့သော် ဒီနေ့တွင် ယောက်မဟု ခေါ်ရုံတင်မကဘူး အသံတွေပါ ချိုသာနေသေးသည်။
ဒီနှစ်ရက်အတွင်း ဘာတွေ ဖြစ်သွားတာလဲ....လင်းလန် စပ်စုချင်လာတော့သည်။
Xxxxxx