အပိုင်း ၄၁၉-၄၂၀
Viewers 20k

Part 419


သို့သော် ဟန်ကျင်းယုက အတိုင်းအတာကို နားလည်နေသရွေ့ လင်းလန်က သူမကို မျက်နှာသာပေးနေမည်ဖြစ်သည်။


" ငါက ထောက်ပံ့ရေးအဖွဲ့အစည်းဆီ သွားမှာ ပြီးရင် ရုံရှင်အဝင်ဝမှာ တွေ့ကြမယ်လေ ငါပြောမယ် အလွန်ဆုံးလေးနာရီပဲ ငါစောင့်မှာ အဲ့ထက် နောက်ကျလွန်းသွားရင် မစောင့်တော့ဘူး ....."


လေးနာရီဆို အိမ်ပြန်ရန် အလင်းရောင်ရှိသေးသည်။ သူမ ညမှောင်မှ မပြန်ချင်ပေ။ ၎င်းက လုံခြုံရေးအတွက် မကောင်းပေ။


ဟန်ကျင်းယုက မပျော်သော်လည်း လက်ခံလိုက်ရသည်။


လင်းလန်က အချိန်ကို ကြည့်ကာ ဆေးရုံကို အရင်သွားလိုက်သည်။ သူမက ဒေါက်တာကျွမ်းကို ကွန်ဒုံး ဝယ်ခိုင်းလိုက်သည်။ ကံကောင်းစွာဖြင့် သူမနှင့် ဟန်ချင်စုန့်က ၎င်းကိုဝယ်ဖို့ ဒီဆေးရုံကို ခဏခဏလာဖူးသောကြောင့် ဝယ်ယူရာမှာ အခက်အခဲမရှိပေ။


သူမ ဒေါက်တာကျိုးဆီမှ ထွက်လာချိန်တွင် သူမကိုရှာနေသော ယန်ဟန်ဆီ ပြေးသွားခဲ့သည်။ သူမကို ကြည့်နေသည့် သူမျက်လုံးများက စနောက်လိုမှု အပြည့်နှင့်ပင်။


လင်းလန် : " ဖန်းယန်ဟန် ဘာအမူအရာလဲ ...."


ယန်ဟန် : " ငါပြောရင် နင်သိသွားမှာပေါ့ ....."


လင်းလန် : " ဟမ့်.... နင် ငါ့ကို ဆုံးရှူံရတော့မယ်ဆိုတာ သိလား ငါတို့သူငယ်ချင်းဆက်ဆံရေးကို ဖျက်သိမ်းလိုက်တော့မယ် ...."


ယန်ဟန်က ရီလိုက်ကာပြောလိုက်သည်။

" ရှက်ရကောင်းမှန်းတော့ သိသေးတယ်ပေါ့ ဒါရိုက်တာဟန်က နင့်ကို ခြောက်ကပ်နေအောင် အရည်ညှစ်ပစ်တော့မှာပဲ ...."


လင်းလန်က အိတ်ကို ယူကာ သူ့ကို လွှဲရိုက်လိုက်သည်။


" ဘာလို့ အဲ့လောက်အများကြီး လျောက်ပြောနေတာလဲ ငါ့သားစန်းဝမ်သာဆို အရိုက်ခံနေရပြီ သိရဲ့လား ....."


ယန်ဟန် : " နင် သစ်ခွဝိဉာဉ်ဖြစ်လာပြီလို့ ငါထင်နေမိပြီ..... "  

မဟုတ်ရင် နင်တို့ အဲ့လောက် ရှက်နေမှာ မဟုတ်ဘူး.....


[ သစ်ခွဝိဉာဉ်ဆိုတာက အလှတရား အချစ်တရား သန့်စင်ခြင်း မျိုးဆက်ပေါများခြင်း ဆင်ခြင်ဉာဏ်နဲ့ ဆွဲဆောင်မှုရှိခြင်းကို ကိုယ်စားပြုပါတယ် ]


သူတို့နှစ်ယောက် စကားပြောရင်း လမ်းလျှောက်လာတုန်း သူနာပြုအနည်းငယ်နှင့် ဝင်တိုက်မိလေသည်။ သူတို့ထဲက တစ်ယောက်က လင်းလန်ကို ဆိုးဝါးစွာ ကြည့်လိုက်သည်။


ယန်ဟန်က သူမကို လျစ်လျူရှုလိုက်ပြီး သူမကို သူ့ရဲ့ရုံးခန်းထဲ ခေါ်သွားလေသည်။ သူ့ရုံးခန်းထဲရောက်တော့ သူက အိတ်တစ်ခုကို ထုတ်လိုက်ပြီး သူမပခုံးပေါ်မှအိတ်ထဲ တိတ်တဆိတ်ထည့်လိုက်လေသည်။


" ငါ့အစ်ကို စိတ်ဝင်စားဖို့ မလုံလောက်ဘူးလို့ မပြောနဲ့နော် ...."


လင်းလန် : " ... "


ငါ့မိသားစုဝင် ဟန်ချင်စုန့်ကလွဲပြီး ကျန်တဲ့သူတွေက မျက်နှာအရည်ထူတာပဲ...ဘယ်လိုရှက်ရမယ်မှန်းတောင် မသိကြဘူး....


ယန်ဟန်က သူမပခုံးကို ပုတ်လိုက်ကာ အစ်ကိုကြီးတစ်ယောက်လို လေသံနှင့်ပြောလိုက်သည်။


" အဆင်ပြေပါတယ် ငါတို့ဆက်ဆံရေးကြောင့် မရှက်ပါနဲ့ .....မင်းကလည်း မငယ်တော့ဘူးလေ ကိုယ့်ရဲ့လက်ကျန်ခန္ဓာကိုယ်လေးကို ဂရုစိုက်.... "

ထိုသို့ပြောပြီး သူကပြုံးလိုက်သည်။


လင်းလန်က သူ့ကိုရိုက်လိုက်သည်။

" သနားစရာလေးပဲ နင့်မှာ အဲ့လိုစကားတွေပြောစရာ မိန်းမမရှိရှာဘူး ...."


ယန်ဟန် " ဟဟ ....."


အချိန်ကိုကြည့်လိုက်ပြီး ယန်ဟန်က လင်းလန်ကို ထမင်းလိုက်ကျွေးရန် လုပ်လိုက်သည်။ သို့သော် လင်းလန်က သူ့အလုပ်ကို မနှောင့်ယှက်ချင်သောကြောင့် ဆေးရုံမှ ထွက်လာပြီး ထောက်ပံ့ရေးအဖွဲ့အစည်းဆီသွားလိုက်သည်။


ခဏခဏ လာလည်တာကြောင့် လူတိုင်းက သူမကို သိနေပြီ ဖြစ်သည်။


သူမက တစ်ခါတည်း ဆပ်ပြာလေးခဲဝယ်လိုက်သည် ဈေးသည်များက သူမကို ဂြိုဟ်သားလိုကြည့်ကာ သူမကချမ်းသာသော်လည်း ကိုယ့်ဘဝကို မသိတဲ့အ‌‌ကြောင်း တီးတိုးပြောနေကြလေသည်။ သို့သော် သူမကို ဘယ်သူမှ မခန့်မှန်းနိုင်ပေ။ ထို့အပြင် ဆပ်ပြာများဈေးကြီးနေအချိန်တွင် သူမကအများကြီးဝယ်ယူခဲ့သည် ထိုပိုက်ဆံများကို မသုံးဘဲစုထားပါက အိမ်၏လိုအပ်တာအားလုံး ဝယ်၍ရနိုင်သည်။


ယခုအချိန်က ထောက်ပံ့ရေးများက ရှားပါးပြီး ငွေရှာဖို့ကလည်း မလွယ်ကူပေ။ မြို့ကလူများ၏ တစ်လဝင်ငွေက ယွမ်နှစ်ဆယ်မှ သုံးဆယ်ဖြစ်ပြီး ဆန်၊ ဆီ၊ အသား၊ ကြက်ဥ၊ အိမ်သာသုံးစက္ကူနှင့် မီးသွေး စသည်တို့ပါအပါအဝင် ယွမ်သုံးဆယ်ဖြစ်သည်။ ဆပ်ပြာတစ်တုံးကို နိုင်လွန်ကြိုးနှင့် လေးပိုင်းပိုင်းပြီး ရောင်းရသည်။ ဆပ်ပြာပိုင်းသေးသေးလေးကတောင် ရှစ်ပြားကျသင့်လေသည်။ မြို့ကလူများက တစ်လကို တစ်ပိုင်းသာ ရရှိပြီး လူအများစုကတော့ လူခုနှစ်ယောက် ရှစ်ယောက်အတွက်တောင် တစ်လမှ တပိုင်းဝယ်ယူကြပြီး သုံးလောက်ပေသည်။


သူမလို တောသူမလေးက အခုလို အများကြီးဝယ်သွားတယ်ပေါ့လေ....


ပုံမှန်ဆို လင်းလန် အခြားသူများကို ရှင်းပြလေ့မရှိပေ။ သူမမှာလည်း မာနရှိလေသည်။ ဤဆပ်ပြာ၏အရည်အသွေးက သုံးမရအောင် တော်တော်လေး စုတ်ပြတ်နေသော်လည်း အခြားနည်းလမ်းလည်းမရှိတော့ သူမ ၎င်းကို ဝယ်ယူရုံသာတတ်နိုင်သည်


လင်းလန်က စိတ်ထဲ၌ ညည်းတွားလိုက်သော်လည်း တည်ငြိမ်မှုနှင့် လှပမှုက သူမမျက်နှာပေါ်တွင် တည်ရှိနေဆဲဖြစ်ပြီး ဈေးသည်များ၏ နှလုံးသားထဲ ဝင်ရောက်သွားတော့သည်။


ထောက်ပံ့ရေးအဖွဲ့အစည်းမှ ထွက်လာချိန်တွင် တစ်နာရီခွဲကျော်နေပြီ ဖြစ်သည်။ လင်းလန်က မြို့ထဲ လျှောက်သွားလိုက်သော်လည်း စန္ဒယားဘယ်မှာရောင်းမှန်း သူမမသိပေ။ ဒီလိုမြို့ကြီးမှာ ဝယ်လို့ရလောက်သည်ဟု သူမထင်ခဲ့လေသည်။ အခု သူမမှာ ပိုက်ဆံမရှိတော့တာကြောင့် သူမ၎င်းကို ထပ်မစဉ်းစားတော့ဘဲ ရှောင်ဝမ်မျက်လုံး ကုလို့ပြီးအောင် စောင့်လိုက်သည်။


သူမက ရုပ်ရှင်ရုံရှေ့တွင် အရင်စောင့်ရမယ်ထင်ထားသော်လည်း ဟန်ကျင်းယုက အရင်ရောက်နေမည်ဟု မထင်ထားပေ။


လင်းလန်ကို မြင်တာတောင် သူမက မပျော်မရွှင်ဖြစ်နေဆဲပင်။


မကြာခင်တွင် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က လက်မှတ်ကိုင်ကာ ရောက်လာသည်။ သူက မြို့ကလူတွေလို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ဖြီးသင်ထားကာ ဘယ်ဘယက်အိပ်ကပ်ထဲ ဖောင်တိန်တစ်ချောင်းထည့်ထားလေသည်။ သူတို့ကိုမြင်တော့ သူက ရီလိုက်မိတ်ဆက်လေသည်။


" ဟယ်လို ငါ့နာမည်က လျှိုဟောက်ကျီပါ ...."


သူက တော်တော်လေးသာမာန်ဆန်သည်ဟု လင်းလန်တွေးလိုက်မိသည်။ သူမျက်နှာက နည်းနည်းရှည်ပြီး နှုတ်ခမ်းပါးကာ စာနာစိတ်မရှိသည့်လူလပုံပေါ်သော်လည်း သူရီလိုက်တဲ့အခါမှာတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးသက်ဝင်လှုပ်ရှားလာကာ မျက်လုံးများက တောက်ပပြီး အတွင်းထဲကနေ ပြုံးနေသလို ‌အားအင်ပြည့်ဝလာလေသည်။


လင်းလန်က တိတ်တဆိတ်အံ့ဩသွားသော်လည်း ယခုလို လူတစ်ယောက်ရှိနေမည်ဟု မမျှော်လင့်ထားပေ။ သူမအရင်ဘဝတွင် လူအများကြီးနှင့် ကြုံတွေ့ဖူးပြီး ဘဝ၏ အတက်အကျကြားတွင် များစွာသော စိတ်နေစိတ်ထားတွေကြား ဒီလိုလူမျိုး သူမကြုံတွေ့ခဲ့ဖူးသည်။


ပုံမှန်ဆို သူက စာနာစိတ်မရှိဘဲ နားထောင်ပေးတတ်သူမဟုတ်သော်လည်း သူသာ စိတ်ဝင်စားသွားပါက သူက ထိုလူကို နွေဦးလေပြည်လေးလို ဆက်ဆံလိမ့်မည်။


ကြည့်ရတာ သူက ဟန်ကျင်းယုကို စိတ်ကျေနပ်ပုံပဲ....


သူမက ပြုံးလိုက်ပြီးမိတ်ဆက်လေသည်။

" ဟယ်လို ကျွန်မက ဟန်ကျင်းယုရဲ့ တတိယယောက်မပါ ...."


" တတိယယောက်မ ...."


လျှိုဟောက်ကျီက မယုံနိုင်သလိုဖြစ်သွားသည်။

" မဖြစ်နိုင်တာ ကျွန်တော်က ခင်ဗျားလက်မထပ်ရသေးဘူး ထင်နေတာ ...."


လင်းလန်က သူမြှောက်ပင့်ပြောနေမှန်း သိသော်လည်း သူမက ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်သည်။


" ရှင်ကတော့ တော်တော်လေးစကားတတ်တာပဲ ...."


အနည်းငယ် မိတ်ဆက်ပြီးနောက်တွင် လျှိုဟောက်ကျီက ချက်ချင်းပဲမုန့်နှင့် ရေခဲမုန့်နှစ်ခု ပြေးဝယ်လေသည်။ ယခုချိန်တွင် ရေခဲနှင့်ဆုပ်ထားသည့် ပဲမုန့်ချိုက သုံးပြားပေးရပြီး ရေခဲ့မုန့်ကတော့ တစ်ခုကို ဆယ်ပြားကျသင့်ပေသည်။


Xxxxxxxxxx

Part 420


လျှိုဟောက်ကျီက ရေခဲ့မုန့်ကို လင်းလန်နှင့် ဟန်ကျင်းယုဆီပေးလိုက်ပြီး ပဲမုန့်ကိုတော့ သူကစားလိုက်သည်။


" ဒီနေ့ တော်တော်လေး ပူတာပဲ ရေခဲမုန့်စားပြီးရင် ရုပ်ရှင်နည်းနည်းလောက်ကြည့်သွားရအောင် ....."


လင်းလန်က နာရီကိုကြည့်လိုက်တော့ ဟန်ကျင်းယုအမူအရာက ပြောင်းလဲသွားလေသည်။ နာရီက သူမဟာပဲ။


" ရှင်တို့ အခုမှ ရုပ်ရှင်ကြည့်ကြတာလား ..."


လင်းလန် ပဟေဠိဖြစ်သွားရသည်။ 


တစ်နေကုန်လုံး မင်းတို့ဘယ်သွားနေလို့ အခုမှ ဇတ်ကားကြည့်ကြတာလဲ.....


လျှိုဟောက်ကျီက ရှင်းပြလိုက်သည်။


" တပ်မှူးချင်စုန့်က တစ်ညလုံးမနေနိုင်တော့ နေ့ဘက်ပဲကြည့်ရတာ နေ့ဘက်ကြည့်ရတဲ့ ရုပ်ရှင်တွေက ကန့်သတ်ထားတယ်လေ ....."


‌လူတော်တော်များများက နေ့လည်ဆို ရုပ်ရှင်ကြည့်ဖို့ အလုပ်ဆင်းလေ့ရှိပြီး ၎င်းက ရက်အနည်းတိုင်း ဖြစ်လေ့ရှိသည်။


ဟန်ကျင်းယုက လျှိုဟောက်ကျီကို ပြုံးကြည့်လိုက်သော်လည်း အမူအရာက ပျော်မနေပေ။


လျှိုဟောက်ကျီက အဲ့တာကို မမြင်ဘဲ စကားဆက်ပြောနေဆဲပင်။


" သူငယ်ချင်းက လက်မှတ်တွေ ဝယ်ပေးလာတာ အစက သူလာမယ်လုပ်ပေမဲ့ အလုပ်ပေါ်လာလို့ မလာဖြစ်ဘူးဖြစ်သွားတာ ‌ယောက်မလည်း ဒီရောက်နေတော့ အတူတူကြည့်ကြမယ်လေ ....."


သူက လက်မှတ်တစ်စောင် လင်းလန်ဆီ ပေးလိုက်သည်။


လင်းလန်က ခေါင်းယမ်းလိုက်သည်။


" နေပါစေ ဟိုနား ဒီနား ဈေးပတ်ဝယ်လိုက်အုန်းမယ် ...."


အခုနေ ရုပ်ရှင်ကြည့်ဖို့ သူမစိတ်မဝင်စားပေ။ ထို့ကြောင့် ပိုက်ဆံရမည့်နေရာလေးများ ရှိမလား လှည့်ပတ်ကြည့်လေသည်။


သူ့မယောကျာ်းက ပြည်သူ့လုံခြုံရေးဗျူရို၏ ခေါင်းဆောင်ဖြစ်တာကြောင့် သူမ ဘာမှလုပ်စရာမလိုပေ။ ထို့အပြင် ၎င်းက အဆင်မပြေပေ။ အခုလို လူတိုင်းက အပြင်ထွက်ပြီး ပိုက်ဆံရှာချင်ကြသော်လည်းအများအမြင်က မကောင်းပေ။ သို့သော် စည်းကမ်းတင်းကျပ်မှုတွေကြောင့် သူမ ၎င်းကို မစဉ်းစားတော့ပေ။


သို့သော်လည်း တစ်ယောက်၏ဘဝကို ကြွယ်ဝစေရန် အခြားလူများ၏ ပစ္စည်းများကို ဝယ်ယူရန်တော့ ဝန်ထုပ်ဝန်ပိုးမဖြစ်ပေ။


လျှိုဟောက်ကျီက ပြောလိုက်သည်။

" မရီးမယူရင် လက်မှတ်က ဒိတ်ကုန်သွားလိမ့်မယ် သွားလိုက်ပါ ...."


သူက ဟန်ကျင်းယုဆီ လက်မှတ်ပေးလိုက်သည်။


ဟန်ကျင်းယုက ‌နှုတ်ခမ်းဆူလိုက်ပြီး လင်းလန်ကို ကြည့်ပြောလိုက်သည်။

" ဒီလိုပဲ ထွက်သွားမလို့လား ဒီလူက နင့်ကို ဖိတ်နေတယ်လေ ...."


သူမက လင်းလန်ကို ကြည့်လိုက်ပြီး တုံ့ဆိုင်းနေကာ သူမလက်ထဲ လက်မှတ်ထည့်ပေးလိုက်သည်။


" နင်ကတကယ် စိတ်ကျေနပ်ဖို့ မလွယ်ဘူးပဲ ...."


လင်းလန် သဘောတူလိုက်ရသည်။


ရုံထဲဝင်လိုက်ချိန်တွင် လက်မှတ်ရောင်းသည့်သူက ကွာစေ့ပါရောင်းနေကြောင်း ဟန်ကျင်းယုတွေ့လိုက်သည်။ သူတို့ကလက်မှတ်မလိုသော်လည်း အရမ်းဈေးကြီးသည်။ လျှိုဟောက်ကျီက ဝယ်ဖို့ ဘာမှ မပြောတာကြောင့် သူမဘာမှ မပြောသော်လည်း အနည်းငယ် မပျော်မရွှင်ဖြစ်နေလေသည်။


ဝင်သွားပြီးနောက် လင်းလန်က ဟန်ကျင်းယုဘေးကို ထိုင်လိုက်သည်။


ရုပ်ရှင်ကြည့်ရတာက ဘာမှမကောင်းသော်လည်း လူတွေကတော့ အားတက်သရောကြည့်ကြလေသည်။ လင်းလန်က ရုပ်ရှင်ကိုမကြည့်ဘဲ နာရီကိုသာ ကြည့်နေလေသည်။ သူမ အိမ်ကို လေးနာရီမတိုင်ခင် ပြန်ချင်နေသည်။ ရုပ်ရှင်ရုံက ထွက်တော့ နေက မြင့်နေဆဲဖြစ်ပြီး အပူက မြင့်တက်ဆဲပင်။


လျှိုဟောက်ကျီ ပြောလိုက်သည်။

" တတိယမရီး မသွားခင် ထမင်းတစ်နပ်လောက် စားသွားအုန်းလေ ...."


ဟန်ကျင်းယု : " စားသောက်ဆိုင်တွေမှာ စားဖို့က ဈေးကြီးလွန်းတယ် မစားဘဲနေရအောင်ပါ ...."


လျှိုဟောက်ကျီ ပြုံးကာ ပြောလိုက်သည်။


" စားသောက်ဆိုင်တွေက ဈေးကြီးပေမဲ့ ကျွန်တော်တို့ စားသောက်ဆိုင်မသွားဘူးလေ....ဒီမှာ ကျွန်တော့်ဦးလေးရှိတယ် သူလက်ရာနဲ့ ခေါက်ဆွဲက အရမ်းအရသာရှိတာ အထူးသဖြင့် သူ့ရဲ့အရသာရှိတာထက် သာလွန်တဲ့ ဝက်အူချက် ရှိသေးတာ....."


ဟန်ကျင်းယု လှုပ်ရှားသွားရသည်။


လင်းလန် ပြောလိုက်သည်။

" နောက်တစ်ကြိမ်မှ စားတော့လေ အိမ်မှာ ကလေးတွေကျန်ခဲ့သေးတယ် အိမ်ပြန်ရအုန်းမှာ ...."


ဟန်ကျင်းယုက သူမကို မကျေမနပ်ကြည့်လိုက်ပြီး လင်းလန်ကို နောက်ကနေကိုင်ထားတာကြောင့် လှုပ်မရပေ။


လျှိုဟောက်ကျီက ပြောလိုက်သည်။

" အဲ့ဒါဆိုလည်း နောက်တစ်ခါမှပေါ့.... "


သူက သူတို့နှစ်ယောက်စားဖို့ ကွာစေ့နှစ်ထုပ်ဝယ်ပေးခဲ့သည်။


ဟန်ကျင်းယု : " ရုပ်ရှင်ကြည့်နေတုန်းက ဘာလို့မဝယ်‌ ပေးတာလဲ ....."


လျှိုဟောက်ကျီက ပြောလိုက်သည်။

" ရုပ်ရှင်ကြည့်ရင်း စားတာက အခြားသူတွေကို အနှောင့်အယှက်ဖြစ်စေတယ် ...."


လင်းလန်က ထိုစကားများကြောင့် သူ့ကို စိုက်ကြည့်လိုက်ပေမဲ့ အဲ့လောက်တော်လိမ့်မည်ဟု မထင်ထားပေ။


လျှိုဟောက်ကျီက သူမကြည့်နေတာကို တွေ့၍ သူမကိုပြုံးပြလိုက်သည်။ သူ ပြုံးလိုက်လျှင် တော်တော်ကြည့်ကောင်းသည်။ လူတွေကို သူ့အပြုံးကို ခံစားမိစေပြီး အပြုံးလေးက ရိုးသားလှသည်။


လင်းလန်က စက်ဘီးကို တွန်းလိုက်ပြီး ဟန်ကျင်းယုနှင့် လျှိုဟောက်ကျီထွက်လာမည်ကို စောင့်နေလိုက်သည်။


လျှိုဟောက်ကျီက ပြုံးကာ ပြောလိုက်သည်။

" ရဲဘောကျင်းယုက ငယ်ရွယ်ပြီး သန်မာတယ် မင်းရဲ့ယောက်မကိုညသေချာဂရုတစိုက်ခေါ်သွားပါ ...."


ဟန်ကျင်းယု : " ... ခြေထောက်နာနေတယ် ..."


လင်းလန် : ဥပမာအနေနဲ့ ငါ နင့်ကိုမျက်နှာသာပေးပြီးတော့ မြို့ကထွက်တာနဲ့ နင့်အားအင်တွေကို သုံးခွင့်ပြုလိုက်မယ်....


 သူမက လျှိုဟောက်ကျီကို ဝေ့ယမ်းပြလိုက်ပြီး ဟန်ကျင်းယုနှင့် ထွက်လာခဲ့သည်။ သူတို့ မြို့ကထွက်သည်နှင့် ဟန်ကျင်းယုနှင့် နေရာလဲလိုက်သည်။


ဟန်ကျင်းယုက မပျော်မရွှင်ဖြစ်နေသော်လည်း သူက ပြောင်းပေးလိုက်သည်။ ကြည့်ရတာ သူမ ဒေါသကထိပ်ဆုံးရောက်နေပေမဲ့ မပေါက်ကွဲခဲ့ပေ။


လင်းလန်က သူမနှင့် မရင်းနှီးတာကြောင့် သူတို့နှစ်ယောက်ကြားဟာ တိတ်ဆိတ်နေလေသည်။ ပုံမှန်ဆို သူမချိန်းတွေ့တာတွေကို လင်းလန်ဂရုမစိုက်ပေ။ ဟန်ကျင်းယု စိတ်ဆိုးနေတာကို ခံစားမိသော်လည်း ဘာကြောင့် စိတ်ဆိုးနေလဲ မမေးလိုက်ပေ။


အချစ်ဆိုတာ ပျော်လား မပျော်လား ဆိုတာပဲ။.


သူမရွာကို ရောက်ချိန်တွင် ဟန်ကျင်းယုက စက်ဘီးကို လင်းလန်ဆီ ပြန်ပေးလိုက်ပြီး အိမ်ကို ဘာမှမပြောဘဲ ပြန်သွားလေသည်။


ဟန်ချင်ဟွက အိမ်တွင် ထမင်းစားရန် သူမပြန်လာတာကို စောင့်နေပြီး ပြုံးကာ ပြောလိုက်သည်။

" ချိန်းတွေ့တာ ဘယ်လိုလဲ ...."


ဟန်ကျင်းယုက အရမ်းဒေါသထွက်နေပြီး အိတ်ကို လက်နဲ့ ချေမွလိုက်ပြီး ဆဲဆိုလိုက်သည်။


" ဘယ်လို သူတောင်းစားမျိုးနဲ့ မိတ်ဆက်ပေးလိုက်တာလဲ... တစ်နေကုန်ကြာပြီး ငါ့လည်ချောင်းက ခြောက်သွေ့နေတာ ပြီးတော့ ငါက ပဲမုန့်ဝယ်စေချင်တာ မဟုတ်ဘူး သူက အဲ့ကောင်မအတွက်တောင် ပဲမုန့်ဝယ်လာသေးတယ် သူက ငါနဲ့ချိန်းတွေ့တာလား အဲ့ကောင်မနဲ့ချိန်းတွေ့တာလား ...."


ညနေခင်းတွင် လင်းလန်က ဟန်ချင်စုန့်ကို ဟန်ကျင်းယု၏ အိမ်ထောင်ဘက်တွေ့ခဲ့သည့်အကြောင်း ပြောပြလိုက်သည်။


ဟန်ချင်စုန့်ကမူ ထိုအကြောင်းကြားချိန်တွင် လုံးဝမအံ့ဩပေ။ သူမ၏အတန်းဖော်မှ မိတ်ဆက်ပေးသည်ဖြစ်လောက်၍ သူအများကြီးဂရုမစိုက်ပေ။


နောက်နေ့အနည်းငယ်တွင် လင်းလန်က ဟန်ချင်ဟွတစ်ယောက် အလွန်ကြင်နာကာ နေ့တိုင်းပြုံးနေကြောင်း သတိထားမိလိုက်သည်။ ဟန်ချင်စုန့် သူ၏သားများနှင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်ချိန်တွင် သူပါလိုက်ပြေးလေသည် သူလည်း လေ့ကျင့်ခန်းလုပ်ရတာ အလေ့အကျင့်ဖြစ်နေပြီး အိမ်သို့ပြန်ရောက်ချိန်တွင် လေ့ကျင့်ခန်းမလုပ်ရ၍ သက်တောင့်သက်သာမရှိကြောင်းပြောပြနေသည်။


Xxxxx