အပိုင်း ၁၂၆
Viewers 38k

🐰Chapter 126🐉
မလွယ်ပါဘူးလေ


ရက်အနည်းငယ်ကြာပြီးနောက် ဖူလီက ရုံးခန်းထဲတွင် ထိုင်ကာ သတင်းဖတ်နေသည်။ အလွန်စိတ်ဝင်စားဖွယ် တင်ပြချက်တစ်ခု ရှိပေသည်။ မနေ့က ကလေးတစ်ဦးကို ချီကာ ကစားနေသော မိဘတစ်ဦးက ကလေးငယ်ကို ဝက်ဝံနက်များ နေထိုင်ရာ နေရာသို့ မတော်တဆ ပြုတ်ကျသွားပေသည်။ ဝက်ဝံနက်ကြီးတစ်ကောင်က ကလေးကို စားလုဆဲဆဲတွင် မြွေခြံဝန်းမှ လွတ်မြောက်လာသော စပါးအုံးနက်ကြီးတစ်ကောင်က ဝက်ဝံနက်ကြီးကို ကြောက်လန့်နောက်ဆုတ်စေကာ ကလေး၏ အသက်ကို ကယ်လိုက်သည်။ တိရိစ္ဆာန်ရုံ လုပ်သားများက အလွန်စိတ်လှုပ်ရှားနေကြသည်။ စပါးအုံးနက်ကြီးကို ဖမ်းကာ မြွေခြံဝန်းထဲတွင် ပြန်ထားပြီးနောက် သူတို့က ထိုမြွေကြီးအတွက် သီးသန့်အခန်းတစ်ခု ပြုလုပ်ပေးလိုက်သည်။

ထိုသတင်း၏ အောက်ခြေတွင် တစ်ချို့သော အင်တာနက်အသုံးပြုသူများက ဖခင်၏ ပေါ့ဆမှုကို အပြစ်ဆိုနေကြပြီး တစ်ချို့က ကလေးမှာ ထိုမြွေကို မွေးစားဖခင်အဖြစ် လေးစားသင့်သည်ဟု ဆိုနေကြသည်။ တခြားသော အင်တာနက် အသုံးပြုသူများက ထိုမြွေမှာ ဆောင်းခိုခြင်း၏ သဘာဝ အလေ့အကျင့်ကို ခက်ခက်ခဲခဲ ဆန့်ကျင်ကာ ခြံဝန်းထဲမှ လွတ်မြောက်ရန် အလွန်ခက်ခဲစွာ ကြိုးစားခဲ့ရသော်လည်း ထိုအားစိုက်မှုအားလုံးကို ကလေးငယ်တစ်ဦးအားကယ်ဆယ်ရန် ဖြုန်းတီးလိုက်ရသည်ဟု စနောက်နေပေသည်။ ၄င်းမှာ ဉာဏ်ရည်ရရှိလုဆဲဆဲဖြစ်နေသော မြွေအမျိုးအစားတစ်မျိုး ဖြစ်နိုင်ပေသည်။ 

ဖူလီက လူကြိုက်များသော မှတ်ချက်များကို အတန်ကြာအောင် လျှောက်ကြည့်နေလိုက်ကာ သတင်းက ပေးထားသော ဗီဒီလိုလင့်ကို နှိပ်လိုက်သည်။ 

စပါးအုံးနက်ကြီးက ကလေးငယ်လေးကို လူတိုင်း၏ အော်သံများအလယ်တွင် ကာကွယ်ထားကာ ဝက်ဝံနက်ကြီးကို ပါးစပ်ဟကာ ရင်ဆိုင်နေပေသည်။ နှစ်ဖက်စလုံးမှာ တစ်မိနစ်ခန့် စူးစိုက်ကြည့်နေပြီး နောက်ဆုံးတွင် ဝက်ဝံနက်ကြီးက နောက်ဆုတ်သွားလေသည်။ အလုပ်သမားများက ထိုအခွင့်အရေးကို ယူကာ ကလေးကို ကယ်တင်ပြီး စပါးအုံးနက်ကြီးကို ဖမ်းလိုက်သည်။ 

ဖူလီက စပါးအုံးနက်ကြီး၏ 'ဘဝက အဓိပ္ပာယ်မရှိ'ဟူသော မျက်နှာကို ကြည့်ကာ ရယ်မောပြီး ကီးဘုတ်ပေါ်သို့  ပြုတ်ကျသွားလေသည်။ 

"ဖူ‌ကော... ဘာတွေ ရယ်နေတာလဲ..."
ချူးယွီက သူ့စားပွဲပေါ်တွင် လက်ဖက်ရည်တစ်ခွက်ထားလိုက်ကာ ဖန်သားပြင်ကိုကြည့်ရန် ခေါင်းဆန့်လာလေသည်။

အဲ့ဒါ မြွေတစ်ကောင်မလား...

"ဘာမှမဟုတ်ပါဘူး..."

ဖူလီက မတ်မတ်ထိုင်လိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ချူးယွီကို ကျေးဇူးတင်လိုက်သည်။

ချူးယွီက သူ့ထိုင်ခုံဆီသို့ ပြန်သွားကာ ဖုန်းကို ဆွဲထုတ်လိုက်ပြီး သူ့သူငယ်ချင်းများထံသို့ အဖွဲ့လိုက် စကားပြောခန်းမှ စာလှမ်းပို့လိုက်သည်။ 

ကမ္ဘာပေါ်က နံပါတ် ၁ ငါးလေး : အွန်လိုင်းက သတင်းကို တွေ့ပြီးကြပြီလား... ဘော့စ်နဲ့ ဖူကော ပန်ဒါနားရွက်တွေ ဝတ်ထားတာကို အနောက်က ရိုက်ထားတဲ့ ဓာတ်ပုံလေ...

အမျိုးသမီး ဧကရီရဲ့ အထူးဆံညှပ် : တွေ့လိုက်တယ်... နင် ဘာပြောဖို့ ကြိုးစားနေတာလဲ...

ထိမိတဲ့ အလှလေး : ဘော့စ်နဲ့ ဖူကောက လွန်ခဲ့တဲ့ နှစ်ရက်က တိရိစ္ဆာန်ရုံမှာ သွားဒိတ်ကြတာလား... တိရိစ္ဆာန်ရုံက ဘာစိတ်ဝင်စားစရာကောင်းလို့လဲ... သူတို့က အနည်းဆုံးတော့ အကောင်းစားနေရာတွေကို သွားသင့်တယ်... ဘော့စ်က ကပ်စေးနည်းလိုက်တာ... သူက ဒိတ်လုပ်တာတောင် ပိုက်ဆံ မသုံးချင်ဘူး...

ထူးခြားတဲ့ ဓားကောင်း : ဘော့စ်က ဘယ်သူနဲ့ ဒိတ်တာလဲ... ဖူကောနဲ့လား... သူတို့က ဘာလို့ ဒိတ်တာလဲ...

လူချောလေး ခယ့် : ဓားအစ်ကိုကြီး... ဘော့စ်က ဖူကောနဲ့ ကော်ဇောနီမှာ အတူလျှောက်တယ်... လက်ကိုင်တယ်... လေလံပွဲမှာလည်း သစ်သားပန်းပုအတွက်နဲ့ တစ်သန်းတောင် သုံးခဲ့တာ... အဲ့ဒါက အချစ်မဟုတ်ရင် ဘာလဲ...

ထူးခြားတဲ့ ဓားကောင်း : ဘာကြီး... သူတို့က တွဲနေတာလား...

ထိမိတဲ့ အလှလေး : အဲ့လိုမဟုတ်ရင် ဘယ်လိုထင်လို့လဲ...

ထူးခြားတဲ့ ဓားကောင်း : ဒါပေမဲ့ ဖူကောရဲ့ မူလပုံစံက အရမ်းသေးတယ်လေ... သူတို့အတူအိပ်ရင်...

အမျိုးသမီး ဧကရီရဲ့ အထူးဆံညှပ် : ဝိုး... နင့်ကို အဲ့လောက်ညစ်ပတ်တဲ့ ဓားဖြစ်မယ်လို့ မထင်ထားဘူး...[အထင်သေးသည့် မျက်နှာ...]

ထူးခြားတဲ့ ဓားကောင်း : ...

 လုပ်ဖော်ကိုင်ဖက်အချို့က ခေါင်းငုံ့ကာ သူတို့၏ ဖုန်းများဆော့ပြီး မျက်နှာထက်တွင် နက်နဲသော အပြုံးများ ပြုံးနေသည်ကို မြင်လိုက်ရာ ဖူလီ ကူကယ်ရာမဲ့စွာခေါင်းခါလိုက်သည်။ လက်ရှိ လူ့အသိုင်းအဝိုင်းတွင် လူသားဖြစ်စေ မိစ္ဆာဖြစ်စေ အားလုံးက ဖုန်းကို စွဲလမ်းနေကြပေသည်။ သူတို့၏ ဖုန်းများမှ ခွဲခွာခြင်းက သူတို့ကို ရူးသွပ်စေနိုင်ပေသည်။ 

သူက ထိုဖုန်းစွဲလမ်းသူများနှင့် နှိုင်းယှဉ်မရဟု ခံစားရပြီး ထကာ ကျွမ်းချင်ကို သွားရှာလိုက်သည်။ လူငယ် မိစ္ဆာများကြားတွင် ကျွမ်းချင်က သူကဲ့သို့ မိစ္ဆာအိုတစ်ယောက်နှင့် ပို၍ သင့်တော်ပေသည်။ ဖူလီက တံခါးဆီသို့ လာပြီး တံခါးခေါက်လုဆဲဆဲတွင် အထဲမှ ကျွမ်းချင်၏ အသံထွက်လာလေသည်။

"မင်းက မိုးခေါင်ရေရှားတဲ့ ပြဿနာကို ဖြေရှင်းချင်တာ ငါနားလည်ပါတယ်... ဒါပေမဲ့ အဲ့နေရာမှာ ပြဿနာရှာနေတဲ့ မိစ္ဆာမရှိသလို ယောင်ကျင့်ကြံသူတွေကို မိုးခေါ်ခိုင်းလို့မရဘူး... စိတ်ပူစရာမလိုပါဘူး... နောက်ရက်အနည်းငယ်ကျရင် မိုးရွာလာလိမ့်မယ်... ကျေးဇူးပြုပြီး အခုအချိန်လေးမှာပဲ သည်းခံလိုက်ပါဦး..."

"ပိုက်ဆံ..."

"ငါတို့က လူသားတွေကို အမှုထမ်းနေတာလေ... ပိုက်ဆံကိစ္စက ဘယ်လိုလုပ် ပါလာတာလဲ..."

"ကျွန်တော် ဗျူရိုရဲ့ ကျင့်ကြံသူတွေကို အဲ့ကို သွားပြီး ဒီပြဿနာ ဖြေရှင်းလို့ရလားဆိုတာ ကြည့်ခိုင်းလိုက်ပါမယ်..."

"ယဉ်ကျေးလွန်းနေပါပြီ... မိစ္ဆာတွေနဲ့ လူသားတွေက လိုက်လျောညီထွေဖြစ်တဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ထားတဲ့ အတူတကွ ပေါင်းစပ်ထားတဲ့ မိသားစုတစ်ခုပါပဲ... ကျွန်တော်တို့ ကျင့်ကြံသူတွေက လူသားတွေနဲ့အတူ လှပတဲ့ အနာဂတ်ကို မျှဝေနေတာပါ..."

ကျွမ်းချင်က ဖုန်းတစ်ဖက်မှ လူနှင့် အမူအရာမဲ့ ဟိုဟိုဒီဒီပြောဆိုနေပေသည်။ ဖူလီက အပြင်တွင် ရပ်နေသည်ကို မြင်ရာ သူက တစ်ခြားတစ်ဖက်နှင့် အလျင်အမြန် စကားစဖြတ်လိုက်သည်။ 

"ဝင်ခဲ့လေ..."

"ခုဏလေးတင် မင်းက..."

ကျွမ်းချင်က သက်ပြင်းချလိုက်သည်။ သူက နောက်လှည့်ကာ ပြတင်းပေါက် အပြင်မှ ဝေးလံသည့် ရှုခင်းကို လှမ်းကြည့်လိုက်သည်။
"ဗျူရိုအတွက် ရန်ပုံငွေ ရှာရတာ မလွယ်ဘူး..."

ဖူလီက ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါက မင်းအတွက် ခက်ခဲမှာပဲ..."

ဗျူရိုမှာ လူသားနှင့် ယောင်ကျင့်ကြံသူများစွာကို ထောက်ပံ့ထားခြင်းဖြစ်သည်။ ထို့အပြင် ၄င်းက အလုပ်မလုပ်ပဲ မည်သို့ စားသောက်ရန်သာ သိသော ခွန်းဖမ်နှင့် ကုန်းဖုကဲ့သို့ မဟာမိစ္ဆာကြီးများကိုလည်း ထောက်ပံ့ရန် လိုပေသည်။ 
တကယ်တော့ နဂါးလေးကျွမ်းလည်း ဘော့စ်ဖြစ်ရတာမလွယ်ပါဘူးလေ...


ကျွမ်းချင် စီမံခန့်ခွဲရေးဗျူရိုကို ထောက်ပံ့ရန် ကြိုးစားလုပ်ကိုင်နေသော မြင်ကွင်းက ဖူလီ၏ စိတ်ထဲတွင် ပေါ်လာလေသည်။ သူက ချမ့်ခွန်းအိတ်ကို ထုတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ရွှေနှင့် ကျောက်မျက်ရတနာ အပုံတစ်ခုက ထွက်ကျလာသည်။ 

"ဒီပစ္စည်းတွေက လူသားလောကမှာ အရမ်း အဖိုးတန်တယ်... သွားပြီး ပိုက်ဆံနဲ့ လဲလိုက်..."
ဖူလီက သူနှင့် အမြင့်အတူတူနီးပါးရှိသည့် ကျောက်မျက်ရတနာတောင်ကို ကြည့်လိုက်သည်။
"ပိုက်ဆံကို စိတ်မပူနဲ့ ဒါတွေ အကုန် ကုန်သွားရင် ငါ့မှာ ထပ်ရှိသေးတယ်..."

"မြန်မြန် အဲ့ဒါတွေအကုန်လုံးကို သိမ်းလိုက်..."
ကျွမ်းချင်က တံခါးဆီသို့ ချက်ချင်းရောက်သွားကာ ရုံးခန်းတံခါးကို တင်းတင်းပိတ်လိုက်သည်။ သူက နောက်လှည့်ကာ ဖူလီကို ဆုံးမလိုက်သည်။ 

"မင်းရဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ထုတ်မပြဖို့ ငါ ဘယ်နှခါပြောရမှာလဲ... ဘာလို့ မမှတ်မိနိုင်တာလဲ..."

"မင်း ပိုက်ဆံလိုနေတာ မဟုတ်ဘူးလား..."

ဖူလီက ကျောက်မျက်တောင်ကို ဈေးပေါသည့် 
ဖန်ပုတီးများကဲ့သို့ နှစ်ကြိမ်ခန့် ငြင်သာစွာ ကန်လိုက်လေသည်။ ကျောက်မျက်အပုံက ချွမ်ခနဲ ပြိုကျသွားသည်။
"ငါလည်း ဒါတွေ သိပ်မသုံးပါဘူး... ဒါက ငါငယ်ငယ်တုန်းက တောင်ပေါ်က လူကြီးတွေက ကစားဖို့ ပစ်ထားတဲ့ ဟာတွေပါပဲ..."
ဖူလီက ရိုးရိုးသားသားဆိုခြင်းဖြစ်သည်။ လူသားများအတွက်မူ ၄င်းတို့က ရတနာအစစ်များ ဖြစ်ပေသည်။ သို့သော် မူလသွင်ပြင်က တိရိစ္ဆာန်များဖြစ်သော ယောင်ကျင့်ကြံသူအများစု အတွက်မူ ကျောက်မျက်များက မြစ်ဘေးမှ ကျောက်တုံးများနှင့် မခြားနားပါပေ။ 

ယောင်ကျင့်ကြံသူအများစုက သေမျိုးလောကမှ ထွက်ခွာရန် တွန့်ဆုတ်နေကြသည့် အကြောင်းပြချက်မှာ လူသားလောကထဲရှိ ရွှေ၊ ငွေနှင့် ကျောက်မျက်များကြောင့် မဟုတ်ပါပေ။ လူသားလောကမှာ စိတ်ခံစားချက် ဆွဲဆောင်မှုအားလုံးနှင့် ပြည့်နှက်နေခြင်းကြောင့် ဖြစ်ပေသည်။
ယောင့်ကျင့်ကြံသူ ဘယ်လောက်များများက အဲ့ဒါကြောင့် မတွန်းလှန်နိုင်နေတာကို ဘယ်သူသိမှာလဲ… စိတ်ဝင်စားစရာအကောင်းဆုံးက လူသားတွေက မိစ္ဆာတွေ သရဲတွေကို အရမ်းကြောက်ပေမဲ့ မိစ္ဆာတွေ သရဲတွေကို ရုပ်ရှင်တွေနဲ့ စာပေလက်ရာတွေရဲ့ ဇာတ်လိုက်တွေ အနေနဲ့ အခြေတည်ရတာကို နှစ်သက်ပြီး ဆန်းကြယ်မှုကို တမ်းတတာကို လှုံ့ဆော်ပေးတယ်... 

ဥပမာအနေဖြင့် လက်ရာများကို ရိုက်ကူးကာ အကြိမ်ကြိမ် ပြုပြင်ခြင်းဖြစ်သည်။ ဤသည်က တစ်စုံတစ်ခုကို နှစ်သက်ကာ မငြီးငွေ့ခြင်း၏ စံနမူနာ ဖြစ်ပေသည်။ သို့သော် မိစ္ဆာသို့မဟုတ် သရဲတစ်ကောင်က အမှန်တကယ် ပေါ်လာခဲ့ပါက လူသားတို့၏ ပထမဆုံး တုံ့ပြန်ချက်မှာ ကြောက်လန့်ခြင်းနှင့် မနှစ်မြို့သော အံ့အားသင့်ခြင်းဖြစ်ပေမည်။

'တစ်ယောက်ယောက်က တကယ်ကြောက်တဲ့အရာကို ဟန်ဆောင်နှစ်သက်ခြင်း'ဟူသောအရာက ဤကဲ့သို့ ဖြစ်နိုင်ပေသည်။ 

"ငါတို့က ဒီနိုင်ငံအတွက် အလုပ်လုပ်နေတာ... နိုင်ငံတော်က ဘယ်လိုလုပ်ပြီး ငါတို့ကို မမျှမတ ဆက်ဆံနေရတာလဲ... ဒီဟာတွေကို အရင်ဆုံး သိမ်းထားလိုက်..."

ကျွမ်းချင်က ဖူလီလက်ထဲမှ ချမ့်ခွန်းအိတ်ကို လှမ်းဆွဲကာ ၄င်းပေါ်တွင် သွေးကန့်သတ်ချက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ပေသည်။ ဖူလီမှလွဲ၍ မည်သူမှ သူ့၏ ချမ့်ခွန်းအိတ်ကို ဖွင့်ကာ အထဲမှ ပစ္စည်းများကို ယူနိုင်မည် မဟုတ်ပါပေ။ ရွေးချယ်စရာမရှိတော့၍ သူက ကျောက်မျက်များကို တစ်ကြိမ်လျှင် လက်တစ်ဆုပ်ကောက်ကာ ထည့်ရန်သာ တတ်နိုင်ပေတော့သည်။ 

ရွှေ၊ မဟူရာ၊ နီလာ၊ ကျောက်စိမ်း၊ သဘာဝ သလင်းကျောက်များ၊ စိန်များ၊ ပုလဲများ...

ထိုပစ္စည်းများကို အမှိုက်သဖွယ် ဖူလီ၏ ချမ့်ခွန်းအိတ်ထဲသို့ လှည်းထည့်ပြီးနောက်တွင် ကျွမ်းချင်က မလှုပ်ရှားနိုင်လုနီးနီးဖြစ်သွားစေသော ဆန္ဒပြင်းပြင်းကို လမ်းကြောင်းပေးလိုက်သည်။ သူက ယခုတွင် လူအများစုက အဘယ့်ကြောင့် လူချမ်းသာ ဒုတိယမျိုးဆက်ကို မုန်းတီးသည်အား နားလည်သွားလေသည်။ သူက အိတ်ကို ဖြည့်ရန် အချိန်အနည်းငယ် ဖြုန်းလိုက်သော်လည်း ကျောက်မျက်တောင်ကြီးက သုံးပုံတစ်ပုံသာ လျော့သွားပေသည်။ ကျွမ်းချင်က ချမ့်ခွန်းအိတ်ကို ဖူလီဆီသို့ ပစ်ထုတ်လိုက်သည်။ 
"မြန်မြန်... အဲ့ဒါတွေကို ပြန်ထည့်လိုက်..."

"မင်း အဲ့ဒါတွေကို တကယ်မလိုချင်ဘူးလား..."

"မလိုချင်ဘူး..."

"အဲ့ဒါဆိုလဲ ပြီးတာပဲ..."
ဖူလီက ကူကယ်ရာမဲ့စွာ ကျောက်မျက်များကို ပြန်သိမ်းလိုက်သည်။ သူက ယခုတွင် မိစ္ဆာငယ်တစ်ဦး၏ မာနကို နားလည်သွားလေသည်။ 
"မင်း အနာဂတ်မှာ ဒါတွေ လိုလာရင် ငါ့ကို သိခွင့်ပေးဖို့ သတိရလိုက်..."

ကျွမ်းချင်က သူ့မျက်စိရှေ့တွင် ကျောက်မျက်အပုံကြီး ပျောက်သွားမှ သက်ပြင်းချလိုက်လေသည္။သူက တစ်စုံတစ်ဦးက သူ့အား ဆွဲဆောင်ရန်အတွက် ထားထာသော စားကောင်းသောက်ဖွယ်များကို ဖယ်ရှားခံလိုက်ရသည့် အစားရှောင်နေသော လူတစ်ဦးကဲ့သို့ စိတ်ပျက်ကာ စိတ်အေးသွားသည်ဟု ခံစားလိုက်ရသည်။ 

"တစ်နေရာမှာ မိုးခေါင် ရေရှားနေတာလား..."
ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ကို ကျုံ့လိုက်ကာ သူ့နားထဲတွင် ချိတ်ပိတ်လိုက်သည်။

"အင်း..."
ကျွမ်းချင်က ခေါင်းညိတ်လိုက်သည်။
"ကျုံးရှန်စီရင်စုရဲ့ တောင်ပိုင်းက ရေပေါတဲ့ ပထဝီဝင်ဒေသတစ်ခုဖြစ်သင့်တာ... ဒါပေမဲ့ ဇူလိုင်လကတည်းက မိုးတစ်စက်တောင် မကျသေးဘူး... သက်ဆိုင်ရာ ဌာနကလည်း မိုးအတုရွာဖို့ နည်းလမ်းတွေ ကြိုးစားနေပေမဲ့ သဘာဝ အခြေအနေတွေက လိုအပ်ချက်တွေနဲ့ မကိုက်ညီလို့ သူတို့ မအောင်မြင်ခဲ့ဘူး... ကျုံးရှန်စီရင်စုတစ်ခုလုံမှာ  ကောလဟာလတွေအများကြီး ပျံ့နှံ့နေပြီး ဟာသတွေ အများကြီးဖြစ်နေတယ်တဲ့..."

"အဲ့ဒါဆိုရင် ငါတို့ရဲ့ ဗျုရိုက ဘယ်သူက ဒီပြဿနာ ဖြေရှင်းဖို့ အသင့်တော်ဆုံးလဲ..."

"ချင်ရှုသွားပါစေ... သူက လင်အန်းဘုန်းကြီးကျောင်းမှာ အထူးချွန်ဆုံး တာအိုပညာရှင်ဖြစ်ပြီး မိုးခေါ်တာမှာ အကျွမ်းကျင်ဆုံးလေ... သူက စီမံခန့်ခွဲရေး ဗျူရိုနဲ့ အတူရှိခဲ့တဲ့ ပြီးခဲ့တဲ့ လတွေအတွင်းမှာ အပြင်ထွက်ပြီး ကိုယ်ပိုင်လေ့ကျင့်ဖို့အခွင့်အရေး မရှိခဲ့ဘူး... သူ့ကို ကိုင်တွယ်ခိုင်းလိုက်တာက သင့်တော်တယ်..."

ဖူလီက ရုတ်တရက် နားလည်သွားလေသည်။
"မင်းက ကိစ္စတွေကို တော်တော်လေး စေ့စေ့စပ်စပ်တွေးတာပဲ... ဝန်ထမ်းအသစ်က လေ့ကျင့်ရေး အခွင့်အရေးလိုတယ်..."

ချင်ရှုမှာ သူက တရားဝင်အလုပ်တစ်ခု လုပ်ရမည်ဟူသော သတင်းကြားပြီး အလွန် ကြည်နူးနေပေသည်။ သူက ဗျူရိုနှင့် အချိန် အတန်ကြာအောင် အတူရှိခဲ့သော်လည်း သူ့၏ အရည်အချင်းကိုပြသရန် အခွင့်အရေးမရှိသေးကာ နောက်ဆုံးတွင် သူ့ကိုလိုအပ်သော နေရာတစ်ခု ရှိလာခဲ့ပေသည်။ သူက တစ်ခါတည်း ပျော်ရွှင်စွာ အထုတ်ပြင်ပြီး ထိုညအတွက် ရထားလက်မှတ်တစ်ခုဖြတ်လိုက်ကာ ကျုံးရှန်စီရင်စုဆီသို့ အလျင်အမြန် သွားလိုက်သည်။

ရထားက နောက်တစ်နေ့နံနက်တွင် ကျုံးရှန်စီရင်စု၏ ပြင်းပြင်းထန်ထန် သက်ရောက်မှု ခံရသော မြို့ပြဒေသတစ်ခုကို ရောက်သွားလေသည်။ ရထားပေါ်မှ ဆင်းလာပြီးနောက် ချင်ရှုက ပြင်ပမှ အပူကြောင့် လှည်းကျင်းခံရလုနီးနီးဖြစ်သွားသည်။ သူက ဂျာကင်နှင့် သိုးမွေးဆွယ်တာကို ချွတ်လိုက်ပြီး သူ့ကို ကြိုဆိုရန် တာဝန်ကျသော အလုပ်သမားနှင့် ဆုံလိုက်သည်။ 

သူ့ကို လာကြိုသော အလုပ်သမားက ချင်ရှုလက်ထဲမှ အဝတ်များကိုမြင်ကာ မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ခု ပေါ်လာကာ ကူကယ်ရာမဲ့ဆိုလိုက်သည်။
"ခရီးက ကြမ်းတယ်... ငါတို့က ဒီက အပူချိန်ကို နိမ့်ဖို့ကို လုံးဝ မအောင်မြင်သေးဘူး... ဒီနေ့ အပူချိန်က အဆင်ပြေတယ်လို့ ပြောရမှာ... ၃၆ဒီဂရီပဲ ရှိတာ... လွန်ခဲ့တဲ့ ရက်တွေက အမြင့်ဆုံး အပူချိန်က ၄၁ဒီဂရီလေ... စက်ရုံတွေနဲ့ ကျောင်းတွေက ရွေးစရာမရှိလို့ ပိတ်ထားရတယ်..."

"အဲ့ဒါက တကယ်ကို ဒုက္ခကြီးပဲ..."
ချင်ရှုက ကောင်းကင်ရှိ နေမင်းကြီးကို ကြည့်လိုက်သည်။ နံနက်ဆယ်နာရီပင် မထိုးသေးသော်လည်း နေမင်းက အလွန်အားပြင်းနေပြီး ဖြစ်သည်။ 

အလုပ်သမားမှာ ချင်ရှုက အထက်မှ စီစဉ်ပေးလိုက်သော ကျွမ်းကျင်သူတစ်ယောက်ဟုသာ သိထားပြီး ချင်ရှုက အတိအကျ ဘာလုပ်မည်ကို မသိထားသော်လည်း မေးခွန်အများအပြားမေးခြင်းက အကြံကောင်းတစ်ခုမဟုတ်သည်ကို သိပေသည်။ ချင်ရှုကို ဟိုတယ်သို့ ခေါ်သွားပြီးနောက် တခြားဌာနများက သူ့ကို အဖော်ပြုပေးရန် ဝန်ထမ်းများ စီစဉ်ပေးမည် ဖြစ်ပေသည်။ 

အဖော်ပြုပေးမည့် အလုပ်သမားများက သဘာဝအလျောက် ချင်ရှု၏ သရုပ်မှန်ကို သိရန် စီစဥ်ထားပေသည်။ သူတို့က ယဉ်ကျေးစွာဖြင့် ချင်ရှုကို အဖော်ပြုကာ နေ့လည်စာစားပေးပြီး မိုးခေါင်ခြင်း၏ နောက်ကွယ်မှ အကြောင်းပြချက်ကို မစုံစမ်းဝံ့သည်ကို ပြသနေပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤမြင်ကွင်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်မှာ ချင်ရှုပင်ဖြစ်ပေသည်။ သူက စားပြီးနောက် ရေချိုးလိုက်ပြီး အမွှေးတိုင်ထွန်းကာ သူ့၏ ထမင်းစားဖော်များကို ဖုန်းရွှေအလွန်ကောင်းမွန်သည့် တောင်တစ်လုံးဆီသို့ ခေါ်သွားလိုက်သည်။ ထို့နောက် သူက နတ်ဘုရားများကို လာဘ်လာဘပစ္စည်းများ ပေးအပ်ရန် အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်။ 

ချင်ရှုက မှော်အစီအရင်တစ်ခုကို ပြုလုပ်နေသည့်အချိန်တွင် အရှေ့ဘက်မှ ထူးဆန့်သည့် အော်ရာတစ်ခုကို အာရုံခံမိလိုက်သည်။ အော်ရာမှာ ကောင်ကင်နှင့် မြေကြီး၏ ဒြပ်စင်ငါးခု၏ သာမန် လှည့်ပတ်ခြင်းကို လွှမ်းမိုးနိုင်ပေသည်။ အထူးသဖြင့် ၄င်းက ရေဒြပ်စင်ကို ထိန်းချုပ်ထားသည်။ သူ့အမူအရာက အလွန် လေးနက်သွားကာ သူ့၏ မှော်လက်နက်ကို ဆွဲထုတ်လိုက်သည်။ 

"ဒီမှာ ဘယ်မိစ္ဆာက ပြဿနာ ရှာနေတာလဲ..."

မိစ္ဆာ...

အဖော်ပြုပေးနေကြသော အလုပ်သမားများက သူ့စကားများကို ကြားပြီး အလန့်တကြားဖြစ်ကာ သူတို့၏ ခါးရှိ အထူးလက်နက်များကို ထုတ်လိုက်လေသည်။ 

ဧရာမမြွေကြီးတစ်ကောင်၏ ခပ်ဝါးဝါး ပုံရိပ်က မြင့်မားသော တောင်များနှင့် မတ်စောက်သော တောင်ရိုးကြားတွင် ပေါ်လာလေသည်။ ၄င်း၏ အမြီးရှည်ကြီးက တောင်တစ်ဝက်အထိ မြင်နိုင်ပေသည်။ ၄င်းက ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေသည်။

"
🐍🐍🐍🐍🐍