Chapter 6
Viewers 19

Chapter ( 6 )

----------


ကျောင်းယွမ်စကားပြောနေစဉ် ပြတင်းပေါက်အပြင်ဖက်၌ တစ်စုံတစ်ခုက လှစ်ခနဲဖြတ်ပြေးသွားခဲ့သည်။


ကုအန်းက အာရုံခံမိ၍ လှည့်ကြည့်လိုက်သော်လည်း ဘာကိုမှမမြင်ရပေ။


သူ မျက်လွှာချကာ သတိကပ်ထားရင်း မျက်လုံးထောင့်မှနေ ပြတင်းပေါက်ကို အာရုံစိုက်ထားခဲ့သည်။


ကျောင်းယွမ်စကားပြောပြီးချိန်၌ ကုအန်းက အနက်ရောင်ဓားကို သူ့လည်ပင်းမှဖယ်ကာ ဘာစကားမှမဆိုပဲ သစ်သားထိုင်ခုံသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။


ကျောင်းယွမ်နှင့် ဝမ်ဖေးဖေးက ဘေးဖက်တွင် ပူးကပ်နေကြသည်။ ကုအန်းရဲ့စရိုက်ကို သူတို့မခန့်မှန်းနိုင်သော်လည်း ခုနကအဖြစ်အပျက်အပြီးတွင် သူတို့တွေ ကမူးရှူးထိုး မပြုမူရဲပေ။


သူ့အား စိတ်တိုအောင်လုပ်မိပြီး အကျိုးဆက်များ ခံစားရမည်ကို ကြောက်ရွံ့နေကြသည်။


ကုအန်းက အပြင်ဖက်ကိုစောင့်ကြည့်ရင်း စိတ်ထဲတွင် 521 နှင့် စကားပြောနေခဲ့သည်။


သိပ်မကြာခင်တုန်းက 521 က သူနှင့်စကားပြောရာတွင် ပါးစပ်မှထုတ်ပြောစရာမလိုပဲ တွေးလိုက်ရုံဖြင့်ရကြောင်း ပြောခဲ့သည်။


521 က ခုနကတည်းက အသံတွေမြည်နေကာ ကုအန်းအတွက် လျစ်လျူရှုရန် ခက်ခဲနေခဲ့သည်။


" ဘာမှားလို့လဲ? "


521 ကို ကုအန်းမေးလိုက်သည်။


521 က နည်းနည်းလေးကြောက်နေပြီး သူ့အသံကိုဖိနှိပ်ထားသော်လည်း မထင်မှတ်ထားစွာ ကုအန်းက ကြားနိုင်ဆဲဖြစ်သည်။


သူက ပြောသည်။ " ငါက အရမ်းအသုံးမဝင်ဖြစ်နေတာလားဟင် အန်းအန်း? "


သရဲတစ္ဆေတွေကိုတောင် ကြောက်နေရတယ်လို့ ငါက မကောင်းတဲ့ system ပဲ ဝူးဝူးဝူး...


ကုအန်း ပြန်‌ဖြေလိုက်သည်။


" မင်းက လုံးဝအသုံးမဝင်တာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ငါ့အသက်ကိုကယ်နိုင်တဲ့ ဓားတစ်လက်ပေးခဲ့တယ်လေ "


သူက သူ့လက်ပတ်ထဲရှိ လဲလှယ်မောလ်ကို စစ်ဆေးခဲ့သည်။ သူ့ရဲ့ရှင်သန်ရေးအမှတ်များက မီးဖိုချောင်သုံးဓားတစ်လက်ဝယ်ရန်သာ လုံလောက်ကာ မောလ်ထဲမှ အပနှင်သည့်ပစ္စည်းများက အလွန်အမင်း စျေးကြီးလေသည်။


ဒါကြောင့် 521 က အသုံးမဝင်ဟု သူ မထင်မိပေ။


ကုအန်းရဲ့ချီးကျူးသံကိုကြားလျှင် 521 က ခုနက စကားများကို လုံးဝမေ့ပစ်လိုက်ပြီး ပျော်ပျော်ကြီး စက်ဝိုင်းပတ်နေတော့သည်။


ကုအန်းက စကားထပ်မပြောတော့ပဲ မေးစေ့ကိုထိလျက် အပြင်သို့ စိုက်ကြည့်နေခဲ့သည်။


အပြင်ဖက်တွင် ကောင်းကင်ယံမှ လမင်းကြီးက သူ မသိလိုက်ခင်မှာ အရောင်ပြောင်းသွားပြီး သန့်ရှင်းသည့်အဖြူရောင်မဟုတ်တော့ပဲ ထိုအစား နိမိတ်မကောင်းသည့် ကြက်သွေးရောင် ဖြစ်နေခဲ့သည်။


ဒီအိပ်ခန်းက ခြံထဲမှရေတွင်းနှင့် သိပ်မဝေးပေ။ နှစ်မိနစ်မျှသွားလိုက်ရုံဖြင့် ရောက်နိုင်လေသည်။


အနီရဲရဲလရောင်က ရေတွင်းပေါ်သို့ ဖြာကျနေပြီး အထဲမှ အညိုရောင်ရေများကို အလင်းထိုးပေးနေခဲ့သည်။


" ဒေါက် ဒေါက် ဒေါက်-- "


ဒရွတ်တိုက်ဆွဲလာသည့် ခြေသံများက ပဲ့တင်သံထွက်ပေါ်လာပြီး လရောင်အောက်တွင် အဖြူရောင်အရိုးစုများက အိမ်ရှေ့မှဖြတ်သွားကြသည်။ သူတို့တွင် အသားမရှိပဲ အရိုးကြားမှ မကောင်းသည့်စွမ်းအင်ဖျော့ဖျော့ကိုသာ မှီခိုရလျက် အလွယ်လေး ပုံပျက်သွားနိုင်ပေသည်။


သူတို့တွေ လမ်းလျှောက်လာစဉ် အရိုးစုကိုယ်များထဲမှ မကောင်းသည့်စွမ်းအင်က တဖြည်းဖြည်းပုံပြောင်းလာပြီး အမည်းရောင်စွမ်းအင်ကို ထုတ်လွှတ်နေသည့် 'လူများ' ဖြစ်လာခဲ့သည်။


သူတို့က အသိစိတ်မရှိပဲ ဆက်ပြီးလမ်းလျှောက်နေကာ ခြေမခိုင်သည့် သက်ကြီးရွယ်အိုများလိုမျိုး ဒရွတ်တိုက်ဆွဲ၍ ကျယ်လောင်စွာ လမ်းလျှောက်နေကြသည်။


ကုအန်းလည်း အသံများကို ကြားနေရပြီး သူ မျက်လုံးကျဉ်းမြောင်းလိုက်ကာ အပြင်သို့ ထွက်ကြည့်ချင်ခဲ့သည်။


သူက အကြည့်ချင်းဖလှယ်နေသည့် ကျောင်းယွမ်နှင့် ဝမ်ဖေးဖေးကို ဖြတ်ကျော်သွားလိုက်သည်။ သူတို့လည်း အသံများကြားနေရ၏။


သို့သော် သူတို့က အခန်းထဲတွင်နေရန် ရွေးချယ်ကာ ကုတင်ပေါ်မှစောင်ကိုဆွဲယူပြီး ကုတင်အောက်တွင် ထိုးထည့်လျက် ကုတင်အောက်၌ ပုန်းနေလိုက်ကြသည်။


အိမ်၏ လမ်းကြောင်းလေးပေါ်တွင်.....


ကုအန်းက နံရံကိုခုန်ကျော်ပြီး ပင်မအိမ်တော်ဘေးမှ သစ်ပင်အကြီးကြီးဘေးတွင်ရပ်ကာ အဖြူရောင်အရိုးစုများက ပင်မအိမ်တော်သို့ ဒရွတ်တိုက်ဆွဲသွားနေကြပုံကို ကြည့်နေလိုက်သည်။


521 ခမျာ ဒီမြင်ကွင်းကြောင့် ကြောက်လန့်သွားပြီး တုန်တုန်ရီရီဖြင့် မျက်လုံးမှိတ်လျက် နောက်တစ်ကြိမ် ထပ်မဖွင့်ရဲတော့ပေ။


ကုအန်းကြည့်နေစဉ်မှာပဲ အရိုးစုများက ပိုနီးလာပြီး သူတို့ချဉ်းကပ်လာချိန်မှာတော့ တစ္ဆေများ၏အသံကို သူကြားလိုက်ရသည်။


" သူတို့ထပ်ရောက်လာကြပြန်ပြီ! စားလိုက်ရအောင် ညီကိုတို့ရေ! "


" တိုက်ကြဟေ့! ငါဗိုက်ဆာနေတာ! မကောင်းတဲ့စွမ်းအင်နည်းနည်းလောက် ပြန်ဖြည့်တင်းရမယ့်အချိန်ပဲ! "


" ဟားဟားဟား! ဒီလောက်များတဲ့ နိမိတ်ဆိုးစွမ်းအားတွေ! အားလုံးကို စားပစ်မယ်ကွ! "


ကုအန်းက တစ္ဆေများနှင့် အရိုးစုများအပေါ်တွင် လုံးဝအာရုံစိုက်ထားတာကြောင့် တချို့မူမမှန်မှုများကို မြင်လိုက်ရသည်။


ရုတ်တရက်များပြားလာသည့် တစ္ဆေများက ဆာလောင်နေသည့် ဝံပုလွေများလိုမျိုး အဖြူရောင်အရိုးစုများအပေါ် ခုန်အုပ်ကာ အရိုးစုများထံမှ နိမိတ်ဆိုးစွမ်းအင်ကို အတင်းစုပ်ယူကြလေသည်။


အရိုးစုများက အပြင်းအထန်ခုခံသော်လည်း ဝိဉာဉ်ဆိုးများက အင်မတန်ကြမ်းကြုတ်သည်။ အရိုးစုများမှာ သူတို့နှင့်ဖက်မပြိုင်သာပဲ သူတို့ရဲ့အရိုးများကြားမှ နိမိတ်ဆိုးစွမ်းအင်များကိုသာ စုပ်ယူခံနေကြရသည်။


နိမိတ်ဆိုးစွမ်းအင် ခမ်းခြောက်လာသည်နှင့်အမျှ အဖြူရောင်အရိုးများတွင် ကပ်ငြိစေသည့်အရာမရှိတော့ပဲ ပင်မအိမ်တော်ရှေ့၌ ပြန့်ကြဲသွားခဲ့သည်။


ကြက်သွေးရောင် လရောင်အောက်တွင် ၎င်းက အလွန်အမင်း ချောက်ချားစရာကောင်းနေခဲ့၏။


ကုအန်းက ဒီမြင်ကွင်းကို သစ်ကိုင်းပေါ်မှကြည့်ရင်း လက်ပတ်မှပေးထားသည့် ဖော်ပြချက်ကို ပြန်သတိရသွားခဲ့သည်။


အိမ်ထဲမှာပေါ်လာတဲ့ အဖြူရောင်အရိုးတွေ...


သူက အောက်ဖက်မှ အသံတိတ်သတ်ဖြတ်မှုမြင်ကွင်းကို ခြုံငုံလေ့လာရင်း ၎င်းက မြေကြီးအောက်မှ အဖြူရောင်အရိုးများနှင့် ဆက်စပ်နေသလားဟု တွေးမိသွားသည်။


ဒါပေမယ့် ဒီအရိုးတွေက ဘာဖြစ်လို့ ပင်မအိမ်တော်ကို သွားနေကြတာလဲ? ပြီးတော့ အရိုးတွေရဲ့ နိမိတ်ဆိုးစွမ်းအင်တွေကို တစ္ဆေတွေက ဘာလို့စုပ်ယူတာလဲ? ဒီအရိုးတွေက ဘယ်ကလာတာလဲ? သူတို့က အိမ်ထဲမှာ ဘာလို့ရှိနေတာလဲ...?


အရာအားလုံးက လျှို့ဝှက်ဆန်းကြယ်နေပြီး သူ့အတွက် နားမလည်နိုင်ဖြစ်နေခဲ့သည်။


တစ္ဆေများက အရိုးစုများထံမှ နိမိတ်ဆိုးစွမ်းအင်တွေ စုပ်ယူပြီးနောက် လေထဲ၌ လွင့်မျောသွားကြသည်။


ကုအန်းက အကွာအဝေးတစ်ခုခြားပြီး သူတို့နောက်က လိုက်သွားခဲ့သည်။ တစ္ဆေများက သူတို့သွားမယ့်နေရာကို သိဟန်တူပြီး အမည်းရောင်နိမိတ်ဆိုး စွမ်းအင်စီးကြောင်းက နေရာတစ်ခုသို့ ဦးတည်နေခဲ့သည်။


ကုအန်းက နောက်မှလိုက်သွားပြီး နံရံပေါ်တွင်ရပ်လျက် လွင့်မျောနေသည့်တစ္ဆေများကို ကြည့်လိုက်သည်။


- ပြိုပျက်နေသည့်ခြံဝင်း


သူ ခြံဝင်းသို့ရောက်ချိန်တွင် တစ္ဆေများက ပျောက်ကွယ်သွားပြီဖြစ်ပြီး လေထဲတွင်ယိမ်းနွဲ့နေသည့် ဒူးတစ်ဝက်အမြင့် ပေါင်းပင်များသာ ရှိတော့သည်။ အနှီပေါင်းပင်များက လရောင်အောက်တွင် ရှည်မျောမျောအရိပ်များဖြစ်နေကာ နတ်ဆိုးများ ကခုန်နေကြပုံနှင့် ဆင်တူနေခဲ့သည်။


ကုအန်းက ခြံဝင်းကို လျှောက်ကြည့်လိုက်သည်။ သူ ပထမဆုံးသတိရလာချိန်က ခြံဝင်းကို အာရုံမစိုက်ခဲ့မိပေ။ သို့ရာတွင် အခုတော့ မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေသည့် ခြံထောင့်မှသစ်သားတံခါးတစ်ခုကို သတိပြုမိသွားခဲ့သည်။


သူ တံခါးဆီသို့ လျှောက်သွားပြီး အနီးကပ်ကြည့်လိုက်ရာ အထဲတွင်ရှိနေသည့်အရာကို မြင်လိုက်ရ၏။


- ၎င်းက နှင်းဆီပန်းများဖြစ်ပြီး ပွင့်ချပ်က သွေးလိုနီရဲနေကာ သာမန်နှင်းဆီများထက် ပိုမိုကြီးမားလှသည်။ အသေချာကြည့်လျှင် နှင်းဆီပွင့်ဖတ်တစ်ခုစီက အမည်းရောင်နိမိတ်ဆိုးစွမ်းအင်များ ထုတ်လွှတ်နေပေသည်။


ထိုအချိန်တွင် တခြားတစ်ဖက်၌။


တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ရေတွင်းမှ ရုတ်တရက် ထူးဆန်းသည့်ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ရေတွင်းနံရံကို လက်သည်းဖြင့်ကုတ်ခြစ်နေသံများ ထွက်ပေါ်လာကာ တစ်စုံတစ်ခုက ရေတွင်းထဲမှထွက်လာရန် ကြိုးစားနေသော်လည်း ရေထဲသို့ ပြန်လျှောကျသွားသလိုမျိုး ဗွမ်းခနဲအသံများ ထွက်လာခဲ့သည်။


ခဏကြာပြီးနောက် အထဲမှအရာက တည်ငြိမ်သွားပုံပေါ်ကာ ချိတ်တက်ရန် မကြိုးစားတော့ပေ။


နိမိတ်ဆိုးစွမ်းအင်တစ်ခုကသာ ရေတွင်းအခေါင်းထဲမှ ထွက်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေခဲ့သည်။


ထို့နောက်တွင် ၎င်းက သတိမေ့နေသည့် ယွီမြောင်ကိုယ်ပေါ်သို့ ဆင်းသက်သွား၏။


ဝင်ပူးလိုက်ပြီးနောက် ယွီမြောင်က ကြက်သွေးရောင်မျက်လုံးများ ပွင့်လာကာ မတ်တပ်ထရပ်ပြီး တံခါးကိုဖွင့်လျက် အနီရဲရဲတောက်လရောင်များ ဖြာကျနေသည့် အပြင်ကမ္ဘာသို့ ထွက်သွားလေသည်။


ပိုမိုတောက်ပလာသည့် ကြက်သွေးနီရောင်လရောင်အောက်တွင် 'ယွီမြောင်' ရဲ့ပုံပန်းသွင်ပြင်အား ရှင်းရှင်းလင်းလင်း မြင်နေရသည်။


အိမ်ထဲရှိ အားကောင်းသည့် ယင်စွမ်းအင်များကြောင့် ဖြစ်နိုင်ပေ၏။ ထိုမိန်းမက သူ့ကိုဝင်ပူးသွားပြီးနောက် ယွီမြောင်ရဲ့ကိုယ်ပေါ်တွင် သူမရဲ့လက္ခဏာတစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့သည်။


ထိုမိန်းမက သူမရဲ့ရန်သူကို လမ်းစပျောက်သွားလေရာ အိမ်အနှံ့ပတ်ရှာရန်သာ တတ်နိုင်ခဲ့သည်။


ကြက်သွေးနီရောင်လရောင်က ပြင်းထန်သည့် မကောင်းမှုအာရုံကို ဖြစ်ပေါ်စေသည်။ အချိန်အတော်ကြာအောင် လမ်းလျှောက်နေပြီးနောက် လှုပ်ရှားသံတချို့ကို ကြားလိုက်ရတာကြောင့် သူမ အသံလာရာသို့ လျှောက်သွားလိုက်၏။


နံရံအထဲတွင်မူ ဝမ်နျဲ့နှင့် တခြားနှစ်ယောက်ရှိနေခဲ့သည်။


သူတို့သုံးယောက်က တစ္ဆေများလက်မှ အသက်လု၍ထွက်ပြေးလာရကာ အခန်းငယ်လေးတစ်ခုတွင် ပုန်းအောင်းနေကြပြီး တစ္ဆေအုပ်စုကြီး အဝေးရောက်သွားချိန်အထိ စောင့်ဆိုင်းနေခဲ့ကြသည်။


ဒီအချိန်တွင် သူတို့သုံးယောက်က တစ်စုံတစ်ခုကို ဆွေးနွေးနေကြ၏။


ဝမ်နျဲ့က မေးလိုက်သည်။ " တစ်ခုခုရှာတွေ့တာရှိလား? "


ယန်ဖူက ခေါင်းကုတ်ပြီး သူရှာတွေ့ထားတာမရှိကြောင်း ပြောသည်။ ထို့နောက်တွင် စကားပြောတော့မလို ဟန်ပြင်နေသည့် ယန်တုကို တံတောင်ဖြင့် အသာတွန်းလိုက်သည်။


ယန်တုက နှုတ်ခမ်းဆူပြီး ပြောလာသည်။


" ခြံထဲမှာ ရေတွင်းတစ်တွင်းတွေ့တယ်။ အဲ့ဒါက မိတ်ဆက်မှာပြောခဲ့တဲ့ ရေတွင်းဖြစ်နိုင်ပေမယ့် အဲ့မိန်းမက ရေတွင်းထဲမှာရှိသေးလားဆိုတာတော့ ကျွန်တော်မသိဘူး "


" ရေတွင်းလား? "


ဝမ်နျဲ့က သူ့ရဲ့မျက်လုံးသေးသေးလေးများကို ကျဉ်းမြောင်းကာ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်လိုက်သည်။


" အခုသွားကြည့်ရအောင် "


" အခုလား? "


ယန်တုက ကောင်းကင်ပေါ်မှ အနီရောင်လကို တစ်ချက်ကြည့်ပြီး အနည်းငယ်မသက်မသာခံစားလိုက်ရတာကြောင့် သူ အကြံပြုလိုက်သည်။


" အာရုဏ်တက်ချိန်အထိ စောင့်ကြရင်ရော? အရင်ဆုံး အနားယူမယ့်နေရာတစ်ခုကို ရှာကြရအောင်လေ ဝမ်ကော "


ဝမ်နျဲ့က အသံမာမာနှင့် ပြောလိုက်သည်။


" မင်းသွားချင်ရင် သွားလေ! ငါတို့တွေ ပူးပေါင်းမှုလုပ်တုန်းက ဘာပြောခဲ့ကြလဲ? "


ယန်ဖူက ပြောလိုက်သည်။


" ငါတို့တွေ ဝမ်ကောစကားကို နားထောင်သင့်တယ် "


" မင်းက ဘာတွေကြောက်နေတာလဲ? "


ဝမ်နျဲ့ပြောလိုက်သည်။


" ငါတို့တွေ အာရုဏ်တက်ချိန်အထိ စောင့်နေရင် သဲလွန်စကို တခြားသူတွေတွေ့သွားနိုင်တယ်။ မင်းက အဆင့်ကို ရှင်းချင်သေးတာလား? "


ဒီစကားကိုကြားတော့ ယန်တုမှာ သဘောတူရုံသာ တတ်နိုင်ခဲ့သည်။ ထိုတင်မကပဲ သူ့မှာ ဝမ်နျဲ့ကိုလည်း မြှောက်ပင့်ရသည်။


" ကျွန်တော် အတွေးမှားသွားတာပါ ဝမ်ကော။ ကျွန်တော့်လို အတွေ့အကြုံမရှိတဲ့ လူတစ်ယောက်ကို စိတ်မကွက်ပါနဲ့နော် "


ဝမ်နျဲ့က ယ

န်တုကို တစ်ချက်ကြည့်လိုက်ကာ စိတ်မပါတဲ့အမူအရာကိုမြင်ပြီး စိတ်ထဲတွင် ပျက်ရယ်ပြုလိုက်သည်။


သူက အဆင့်ကိုရှင်းချင်သေးတာလား? အိပ်မက်မက်နေလိုက်!


သူက ခြေနင်းတုံးအဖြစ်နဲ့ပဲ သင့်တော်တယ်!