Chapter 10
Viewers 22

Chapter ( 10 )

ကုအန်းက အစပိုင်းတွင် ရုန်းကန်ချင်သော်လည်း ထိုလူရဲ့အရှိန်အဝါကြောင့် သူ တစ်နည်းနည်းဖြင့် ယစ်မူးလာကာ အထူးတလည် အာရုံခံစားမှုတစ်ခု ဖြစ်တည်လာခဲ့သည်။


ရှောင်မင်က ကုအန်းကို ခဏဖက်ထားပြီးနောက် အနားပတ်ဝန်းကျင်ကိုကြည့်ကာ စိုးရိမ်မှုအပြည့်ဖြင့် မေးလိုက်သည်။


" ထိခိုက်သွားသေးလား အန်းအန်း "


ကုအန်းမော့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည်ကတော့ ‌ချောမောသည့်မျက်နှာတစ်ခုဖြစ်ကာ နက်ရှိုင်းစူးရှသည့် မျက်လုံးများက ပိုက်ကွန်တစ်ခုလိုမျိုး သူ့အားချောင်ပိတ်လျက် ကြည့်‌နေလေသည်။


စက္ကန့်ပိုင်းမျှကြာပြီးနောက် ကုအန်း ပြန်ဖြေလိုက်သည်။


" ကျွန်တော် အဆင်ပြေပါတယ် "


ထို့နောက် ထိုလူရဲ့ပွေ့ဖက်မှုထဲမှ ရုန်းထွက်ကာ ထိုလူ့ကို အသေးစိတ်ကြည့်ရှုပြီးနောက် သူမေးလိုက်သည်။


" ခင်ဗျားက ဘယ်သူလဲ? ကျွန်တော်တို့က အချင်းချင်းသိကြတာလား? "


မင်ရဲ့မှာ တအံ့တသြဖြစ်သွားပြီး ကုအန်းအား အထိတ်တလန့်ကြည့်လိုက်သည်။


" ဘာတွေပြောနေတာလဲ အန်းအန်းရဲ့ ကိုယ်တို့က တရားဝင်လက်ထပ်ထားတာလေ!! "


ကုအန်း အသာမျက်မှောင်ကြုတ်ပြီး သူ့ရှေ့မှလူကို မမှတ်မိတာကြောင့် မသက်မသာခံစားလိုက်ရသည်။ သို့သော်လည်း ထိုလူပြောတာအမှန်ဖြစ်သည်ဟု သူ မသိစိတ်မှ ခံစားမိနေလေသည်။


ကုအန်း ထိုလူကို အသေချာလေ့လာလိုက်သည်။


ထိုလူရဲ့သွင်ပြင်က သံသယဝင်စရာမလိုအောင် ချောမောလွန်းလှသည်။


နက်ရှိုင်းသည့်မျက်ခုံးမျက်လုံး ၊ ချော်ရည်ကျောက်ကဲ့သို့ မည်းနက်သည့် မျက်ဆံများရှိပြီး နှာတံမြင့်မြင့်အောက်တွင် နှုတ်ခမ်းပါးတစ်စုံရှိသည်။


ထိုလူရဲ့အသားအရေက ဖြူဖျော့ကာ သူ့နှုတ်ခမ်းများက တစ်နည်းနည်းကြောင့် အရောင်မဲ့နေသည်။ သူ့ဆံပင်က အနည်းငယ်ရှည်ကာ ကျောနောက်တွင် ဒီအတိုင်းချထားပြီး လေနှင့်အတူ သိမ်မွေ့စွာယိမ်းနွဲ့နေခဲ့သည်။


ဒီယောက်ျားရဲ့ အရပ်ရှည်ရှည်သွင်ပြင်ကြောင့်လား ဒါမှမဟုတ် စူးရှတဲ့မျက်ခုံးမျက်လုံး‌တွေကြောင့်လား မသိပေမယ့် 'သိမ်မွေ့တယ်' ဆိုတဲ့စကားက ထိုယောက်ျားနှင့် မအပ်စပ်ဖြစ်နေခဲ့သည်။ သို့သော်လည်း ဒီယောက်ျားရဲ့ သူ့အပေါ်ညင်သာမှုကို ကုအန်းအနေဖြင့် ရှင်းမပြတတ်အောင် ခံစားနေရသည်။ အကြောင်းပြချက်မရှိပါပဲ ထိုလူက အလွန်နူးညံ့သည်ဟု ခံစားနေရလေသည်။


မင်ရဲ့က စကားပြောခါနီးတွင် ရုတ်တရက်ပြောလာသံကို ကြားလိုက်ရသည်။


" တောင်းပန်ပါတယ် ဒါတွေအားလုံး ငါ့အပြစ်တွေပါ အန်းအန်းကို အပြစ်မတင်ပါနဲ့နော် QAQ "


မင်ရဲ့ မျက်မှောင်ကြုတ််သွားပြီး အေးတိအေးစက်ဖြင့် မေးလိုက်သည်။


" မင်းက ဘယ်သူလဲ? "


521 ခမျာ ထိုလူရဲ့ရန်လိုမှုကို ခံစားမိတာကြောင့် ကြောက်လန့်သွားရှာပြီး အသံသေးသေးလေးနှင့် ပြောလိုက်သည်။


" ငါက 521 လို့ ခေါ်ပါတယ်။ အချစ်system တစ်ခုပါ။ ငါ အန်းအန်းနဲ့ချည်နှောင်တုန်းက မတော်တဆဖြစ်သွားပြီး အန်းအန်းကို တချို့အရာတွေမေ့သွားအောင် လုပ်လိုက်မိတယ် "


သူ့အသံထဲတွင် ရှိုက်ငိုမှုတစ်စွန်းတစ်စ ပါရှိနေ

လေသည်။


" မင်းတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေ အပါအဝင်ဆိုပါတော့။ ဝူးဝူးဝူး ဒါတွေအကုန်လုံး ငါ့အပြစ်တွေပါ။ အပြစ်တင်ချင်ရင် ငါ့ကိုပဲ အပြစ်တင်ပါ။ အန်းအန်းကို ဒေါသမထွက်ပါနဲ့နော်။ သူက မင်းကိုမေ့ပစ်လိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး... "


မင်ရဲ့ : " ... "


အား စိတ်ရှုပ်ဖို့ကောင်းလိုက်တာ....


မင်ရဲ့ သူ့ရှေ့မှ ကုအန်းကိုကြည့်လိုက်သည်။


သူက ကုအန်းရဲ့မျက်နှာလှလှလေးကို ဂရုတစိုက်စူးစမ်းနေကာ ခဏနေတော့ ပြောလိုက်သည်။


" မင်း ဝိတ်ကျသွားတယ် "


ထို့နောက် ကုအန်း၏ပြောစရာမဲ့နေသည့် အကြည့်အောက်တွင် မင်ရဲ့က ကုအန်းရဲ့လက်ကိုယူကာ ဖွဖွလေးနမ်းလိုက်ပြီး ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။


" မင်းကို အချိန်မီ ရှာမတွေ့ခဲ့တာ ကိုယ့်အမှားပါ။ မင်းကို ဒုက္ခများစေခဲ့ပြီ "


မင်ရဲ့၏ နာကျင်နေသည့်မျက်နှာနှင့် နောင်တရနေသည့်အကြည့်ကြောင့် ကုအန်း တိတ်ဆိတ်သွားခဲ့သည်။


ဒီလူက ရူးနေတာလား? သူ့ကိုမသိဘူးလို့ သူပြောပြီးပြီလေ ဒါကိုတောင် သူ့လက်ကိုဆွဲပြီး နမ်းလိုက်သေးတယ်


ကုအန်း ဒီအကြောင်းကိုတွေးရင်း သူ့နားရွက်များက ဒေါသဖြင့်ပူလောင်လာခဲ့သည်။


ထို့နောက် သူ အနည်းငယ်ဒေါသထွက်သွားပြီး လေသံမာမာနှင့် ပြောလိုက်သည်။


" ခင်ဗျားက လူတိုင်းကို ဒီလိုလုပ်တာပဲလား? "


ဒီအတိုင်းကြီးရောက်ချလာပြီး နမ်းတာလေ?


သို့သော်လည်း သူ အနည်းငယ်ရှက်မိတာကြောင့် ဒီစကားကို အကျယ်ကြီးထုတ်မပြောနိုင်ပေ။


သို့ရာတွင် သူ ဒီစကားကိုပြောပြီးသည်နှင့် နောင်တရသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူရဲ့မျက်လုံးများကို မြင်လိုက်ရခြင်းကြောင့်ဖြစ်သည်။ သူက ထိုစကားပြောလိုက်ချိန်တွင် မူလ၌ မှေးမှိန်နေသည့်မျက်လုံးများက ရုတ်ချည်း တောက်ပလာကြသည်။


ထိုမျက်လုံးများက အတော်လေးကြည့်ကောင်းတာကြောင့် ကုအန်း အကြိမ်အနည်းငယ်မျှ ကြည့်လိုက်မိသည်။


မင်ရဲ့က ပေါ့ပေါးပါးပါး ရယ်မောကာ ကုအန်းရဲ့နီမြန်းနေတဲ့ နားသန်သီးကို ဖွဖွလေးလှမ်းဖျစ်ပြီး ပြုံးလျက်ပြန်ပြောလိုက်သည်။


" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ဒီလိုလုပ်တာလေ "


မင်ရဲ့ တိတ်တိတ်လေး တွေးလိုက်သည်။ ' သဝန်တိုနေတဲ့ ကလေးလေးကတော့ ချစ်စရာလေးကွာ '


ကုအန်း ရှောင်မင်ကိုစိုက်ကြည့်ကာ သူ့လက်ကိုပြန်ရုတ်ပြီး ပြောလိုက်သည်။


" ကျွန်တော်မှ ခင်ဗျားကို တကယ်မသိတာ။ တစ်ယောက်ယောက်နဲ့များ လူမှားနေတာလား? "


မင်ရဲ့ အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်သည်။


သူက ဘယ်လိုလုပ်ပြီး လူမှားရမှာလဲ? အန်းအန်းက အရမ်းချစ်စရာကောင်းပြီး နာခံတတ်တာကို


သူက သူ(မင်ရဲ့ )ဘယ်သူဖြစ်ကြောင်း မေ့သွားခဲ့တာတောင် နာနာခံခံနဲ့ ဖက်ခွင့်နမ်းခွင့် ပေးထားတုန်းလေ...


ဒါကိုတွေးပြီး မင်ရဲ့အကြည့်တို့က နက်မှောင်သွားရသည်။ သူ့အသံက အေးစက်သွားကာ ကုအန်းအား ပြောလိုက်၏။


" အန်းအန်း အနာဂတ်မှာ တခြားသူတွေနဲ့တွေ့ရင် အရမ်းနာခံပြနေလို့ မရဘူးနော် "


သူ ထပ်ပြောလိုက်၏။ " ကိုယ်ကလွဲလို့ "


ကုအန်းတွင် မေးခွန်းသင်္ကေတများ တန်းစီသွားခဲ့သည်။


သူက ဘယ်အချိန်တုန်းက နာခံပြလိုက်တာလဲ?


သူ ထိုလူကို ပိုထူးဆန်းလာသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


ဒီလူရဲ့မျက်လုံးက တကယ်ကို ဆိုးဝါးနေတာဖြစ်မယ်။


အမြဲရှက်တတ်သည့် 521 က တိတ်တဆိတ် တွေးလိုက်၏။


အခုလေးတင် မင်ရဲ့လက်ထဲမှာ တွန့်လိမ်နေပြီး မယုံနိုင်လောက်အောင် နာခံမှုရှိနေခဲ့တာလေ။


သို့သော်လည်း ဒီစကားများကို သူထုတ်မပြောနိုင်ပေ။ ဆယ်ဆလောက် သတ္တိရှိလာရင်တောင် သူပြောရဲမှာမဟုတ်ချေ။


မင်ရဲ့နှင့်ပတ်သတ်၍တော့ 521 က ဖော်မပြနိုင်သည့်ခံစားချက်တစ်ခု ရနေခဲ့ကာ သူက ထိုလူရဲ့ရန်လိုမှုကို ခံစားနိုင်ခဲ့သည်။


သူ ထိုလူအား ပထမဆုံးမြင်လိုက်ရချိန်တွင် ဒီလူက အတော်အန္တရာယ်ရှိကြောင်း ခံစားမိခဲ့သည်။


သို့သော်လည်း မင်ရဲ့က ကုအန်းအပေါ်တွင် အစွမ်းကုန်ကြင်နာနေသည်။


ဒီနေရာမှာတော့ ထိုခံစားချက်များက နှစ်သက်ဖွယ်ကောင်းလှသည်။


..........


မြေပြင်ပေါ်ရှိ ဝမ်နျဲ့က အိပ်မွေ့ကျသည့်အခြေအနေမျိုး ဖြစ်နေပြီး သူ့မျက်လုံးရှေ့တွင် ပုံရိပ်ယောင်များပေါ်လာကာ တစ္ဆေများက နေရာအနှံ့လွင့်မျောနေပြီး အတိတ်တွင် သူကျူးလွန်ခဲ့သည့် မကောင်းမှုများကိုပြောကာ သူ့ရဲ့ညံ့ဖျင်းမှုများကို လှောင်ရီနေကြသည်။


ဝမ်နျဲ့က ချွေးများဖြင့် စိုစွတ်နေပြီး ပြန်လည်ချေပလိုက်၏။


" မဟုတ်ဘူး အဲ့ဒါငါမဟုတ်ဘူး... ငါ အဲ့လိုမလုပ်ခဲ့ဘူး... ငါက မညံ့ဘူး... ငါက အတော်ဆုံးပဲ... "


ထို့နောက်တွင် သူ့နားထဲသို့ တီးတိုးပြောလာသံတစ်ခုကို ကြားလိုက်ရသည်။


" မင်းက အဲ့လောက်လုပ်နိုင်စွမ်းရှိနေရင် ဟိုမိန်းမကို သွားသတ်လိုက်လေ။ မင်းလက်ထဲကဓားနဲ့ သူ့ကို သွားသတ်လိုက် "


" သူ့ကိုသတ်လိုက်ရင် မင်းကိုညံ့တယ်လို့ ဘယ်သူမှမပြောတော့ဘူး သူ့ကိုသတ်ပစ်လိုက်... "


ဝမ်နျဲ့က အညှို့ခံလိုက်ရပုံပေါ်ကာ မြေပြင်ပေါ်တွင်ကျနေသည့် သံဓားကိုကောက်ကိုင်ပြီး မင်ရဲ့၏အမည်းရောင်စွမ်းရည်များဖြင့် ထိန်းချုပ်ခံထားရသည့် တစ္ဆေမကို ဓားဖြင့်ထိုးလိုက်လေသည်။


" ဒုတ် -- "


သံဓားက တစ္ဆေမ၏ကိုယ်ထဲသို့ စိုက်ဝင်သွားခဲ့သည်။


တစ္ဆေမက ဆွဲဆွဲငင်ငင်အော်လိုက်ကာ ဒဏ်ရာထဲမှ အမည်းရောင်စွမ်းရည်များ စိမ့်ထွက်လာသည်။


တစ်အိမ်လုံးတွင် အမည်းရောင်စွမ်းအင်များ ဖုံးလွှမ်းသွားပြီး အမည်းရောင်စွမ်းအင်အများအပြားက လူတချို့အနားသို့ ဝန်းရံလာပေသည်။


ထိုနောက်အမည်းရောင်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေငယ်တစ်ခုက သူတို့ထံသို့ တဟုန်ထိုးပြေးဝင်လာခဲ့သည်။


.........


လေပွေထဲတွင် တစ္ဆေအများအပြားက အော်ဟစ်ဆူညံနေကြသည်။


ကုအန်းက ကျယ်ပြန့်လာသည့် လေပွေကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားရ၏။သို့သော်လည်း ခဏအကြာတွင် နွေးထွေးသည့်လက်ချောင်းတို့က သူ့မျက်ခုံးများကို ထိလာခဲ့သည်။


မင်ရဲ့ ပြောလိုက်သည်။ " မကြောက်နဲ့ ကိုယ်ဒီမှာရှိတယ် "


ကုအန်းမျက်လုံးတို့က အနည်းငယ် ငေးငိုင်သွားသည်။ ဒီစကားကို တစ်ယောက်ယောက်က သူ့အား ပြောခဲ့ဖူးသလိုပင်။


- အန်းအန်း မကြောက်နဲ့နော် ကိုယ်ဒီမှာရှိတယ်


မင်ရဲ့က ကုအန်းကို တင်းတင်းဖက်ထားကာ သူ့လက်ထဲတွင် အမည်းရောင်စွမ်းအင်များ စုဝေးလာပြီးနောက် ထိုအမည်းရောင်စွမ်းအင်များကို လေပွေထံသို့ တွန်းပို့လိုက်သည်။


အမည်းရောင်စွမ်းအင်များက လေပွေနှင့် တိုက်မိသွားကာ စွမ်းအင်ပြိုကွဲသွားခြင်းမရှိသော်လည်း အဆုံးတွင်မူ လေပွေက အသာစီးရသွားခဲ့သည်။


လေပွေက အမည်းရောင်စွမ်းအင်များကို စုပ်ယူပြီးနောက် အလင်း၏အရှိန်နှင့် သူတို့ထံသို့ ဦးတည်လာနေခဲ့သည်။


ဝမ်နျဲ့က တစ္ဆေမထံမှ ဝိဉာဉ်အရှိန်အဝါကြောင့် ဆတ်ခနဲ သတိဝင်လာသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ရှေ့မှမြင်ကွင်းကြောင့် အလန့်တကြား တုန်ယင်သွားလေသည်။


သူ အော်ဟစ်ငိုကြွေးရင်း ထွက်ပြေးရန်ကြိုးစားသော်လည်း တစ္ဆေမရဲ့လက်သည်းများက သူ့အသားထဲ စိုက်ဝင်နေကာ လှုပ်ရှားမရဖြစ်နေခဲ့ကာ လေပွေနီးကပ်လာတာကို မတတ်သာစွာ ကြည့်နေခဲ့ရသည်။


521 လည်း နည်းနည်းဂနာမငြိမ်ဖြစ်လာသည်။


" ပြေးတော့လေ အန်းအန်း! လေပွေစုပ်တာခံရရင် ပွဲသိမ်းပြီးပဲနော်!! "


ကုအန်းက လေပွေနှင့် လေပွေထဲမှဝိဉာဉ်များကိုကြည့်ကာ ထိုဝိဉာဉ်များ၏ အော်သံများက သူ့နားထဲတွင်ကြားနေရသလိုပင်။


မင်ရဲ့က ကုအန်းကို တင်းတင်းဖက်ကာ ဒီတစ္ဆေမက ဒီအိမ်ကြီးနှင့်ဆက်စပ်နေမည်ဟု မျှော်လင့်မထားပုံရသည်။


လေပွေက သူတို့နှစ်ယောက်ကို ဝါးမြိုသွားစဉ် ဝမ်နျဲ့က တစ္ဆေမလက်တွင် အဖမ်းခံထားရပြီး သူ၏မယုံနိုင်သည့် အကြည့်အောက်တွင်ပဲ သူမ သတ်တာခံလိုက်ရသည်။


လေပွေဖြတ်ကျော်သွားပြီးနောက် အိမ်ကြီးက ပြန်လည်တည်ငြိမ်သွားခဲ့သည်။ထိုနောက် တစ္ဆေမက ဝမ်နျဲ့ကို ဘေးသို့လွှင့်ပစ်ကာ အစာဆက်ရှာရန်အတွက် ခြံထဲမှထွက်သွားသည်။


သို့သော်လည်း ထိုအခိုက်အတန့်တွင် ရေတွင်းထဲမှ ရွှေရောင်အလင်းတစ်ခုထွက်လာကာ ချိန်းကြိုးပုံစံပြောင်းသွားလျက် တစ္ဆေမကို တင်းတင်းရစ်ပတ်ပြီး ရေတွင်းထဲသို့ ပြန်ဆွဲခေါ်သွားလေသည်။ ချိန်းကြိုးက ရေတွင်းအဖုံးပေါ်မှ ပိုက်ကွန်အသွင်ပြောင်းသွားပြီး ရွှေရောင်တစ်ချက်လက်ကာ ပိုက်ကွန်ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း တစ္ဆေမကို ချည်နှောင်ထားသည့် စွမ်းအားက ပျောက်ကွယ်မသွားခဲ့ချေ။


ဒဏ်ရာရကာ နှောင့်နှေးသွားသည့် တစ္ဆေမက ရေတွင်းနှုတ်ခမ်းရှိ လက်ဖွဲ့ကြောင့် အလွယ်တကူ မလွတ်မြောက်နိုင်ပေ။


ကုအန်း

က လေပွေထဲတွင်ရောက်နေကာ သူ့ရှေ့မှအရာအားလုံးက အလျင်အမြန်ရွေ့လျားနေပြီး ဆယ်စုနှစ််စာအချိန်များက လျင်မြန်စွာ လှည့်ပတ်နေခဲ့သည်။


နောက်ဆုံးတွင် တိကျသည့်နေရာတစ်ခုသို့အရောက် အချိန်ကရပ်တန့်သွားခဲ့သည်။