Chapter ( 19 )
ဆန်ကုန်သည်ကြီးနှင့် သူ့အစေခံများ ထွက်လာချိန်တွင် အတော်နောက်ကျနေပြီဖြစ်ကာ သူက လင်းအိမ်တော်မှ အဖိုးတန်ပစ္စည်းအားလုံးကို ယူလာခဲ့ပြီးဖြစ်သည်။
လင်းဝမ်ပြန်လာချိန်တွင် ဆန်ကုန်သည်ကြီးက သူ့အစေခံများကို ပစ္စည်းများပြောင်းရွှေ့ရန် ညွှန်ကြားနေခြင်းနှင့် ဆုံသွားခဲ့သည်။ အစေခံများက သူမရဲ့လက်ဝတ်ရတနာများကို မြင်းလှည်းပေါ်သို့ တင်နေတာမြင်ပြီး သူမမျက်လုံးတို့က ဒေါသကြောင့် နီရဲလာသည်။
သူမ ထွက်လာချိန်က သူမမျက်နှာပေါ်တွင် တစ်စုံတစ်ခုကို တမင်လိမ်းခြယ်ထားခဲ့၏။ သူမက သူမသူငယ်ချင်းများကို အကူအညီတောင်းချင်ခဲ့သော်လည်း သူတို့ကို ရှာမတွေ့ခဲ့ပေ။ သူတို့ရဲ့အစေခံများပင် သူမရဲ့အမှတ်အသားတုတ်ချောင်းကို မြေပြင်ပေါ်သို့ လွှင့်ပစ်ခဲ့ကြသည်။
လင်းဝမ်က လမ်းများပေါ်တွင် မိန်းမောစွာလျှောက်သွားနေခဲ့ပြီး လမ်းဘေးစျေးသည်များက သူမမိသားစု၏ ထူးဆန်းသည့်အဖြစ်အပျက်များအကြောင်း ပြောနေကြသံကို နားထောင်ခဲ့ရသည်။ သူတို့၏စကားလုံးများတွင် ပျော်ရွှင်မှုတို့ ပြည့်လျှံနေခဲ့သည်။
လင်းဝမ် အပြင်မထွက်ရဲခဲ့ပေ။
သူမက အိပ်ခန်းထဲတွင်နေကာ အပြင်ဖက်မှာ ညအမှောင်ကိုငေးကြည့်ရင်း အထီးကျန်မှုတို့ဖြင့် ပြည့်နေခဲ့သည်။
ကံကောင်းစွာနှင့် လင်းမိသားစုတွင် ရိက္ခာတချို့ကျန်သေးတာကြောင့် အချိန်တစ်ခုလောက်တော့ လင်းဝမ်အသက်ရှင်နေရန် လုံလောက်ပေသည်။
ကိစ္စများက ဒီထက်ပိုမဆိုးနိုင်တော့ဟု လင်းဝမ်တွေးလိုက်ချိန်မှာပဲ မနက်ခင်းတစ်ခုတွင် လူတစ်စုက လင်းအိမ်တော််ထဲသို့ အတင်းဝင်ရောက်လာလေသည်။
အဖိုးအိုတစ်ယောက်က သူမမျက်နှာကို လက်ညှိုးထိုးကာ မကောင်းဆိုးဝါးမဟု ကျိန််ဆဲနေပြီး မြို့ထဲမှ တစ္ဆေများကို ဖိနှိပ်ရန်အတွက် သူမကို ရေတွင်းထဲပစ်ချမည်ဟု ပြောနေကြလေသည်။
...........
ဆန်ကုန်သည်ကြီးက လင်းမိသားစု၏ ရတနာများကို ပြောင်းရွှေ့ပြီးသည့်နေ့တွင် ညတိုင်းဖျားတော့သည်။
သမားတော်အများအပြားက သူ့တွင် အချိန်အနည်းငယ်သာ ကျန်တော့သည်ဟုပြောကြပြီး စျာပနပွဲအတွက် စတင်ပြင်ဆင်သင့်သည်ဟု ပြောလာကြသည်။
ဆန်ကုန်သည်ကြီး၏ ဇနီး၊ ကိုယ်လုပ်တော်များနှင့် ကလေးများက အတူငိုကြွေးကြကာ နောက်တစ်ရက်ရောက်လျှင် ဆန်ကုန်သည်ကြီးက အသက်ရှူသံ ပိုမိုနှေးကွေးလာခဲ့သည်။ မျက်ရည်အဖြိုင်ဖြိုင်နှင့် သူ့မိသားစုက သူ့အတွက် ခေါင်းတလားတစ်ခုကို ပြင်ဆင်ကြ၏။
ထိုအချိန်တွင် တာအိုပညာရှင်ဘုန်းတော်ကြီးတစ်ပါးက ဆန်ကုန်သည်ကြီးအိမ်သို့ ရောက်လာပြီး ဆန်ကုန်သည်ကြီးကို ဝိဉာဉ်ဆိုးများက ဝင်ပူးထားခြင်းဖြစ်သည်ဟုဆိုကာ အနှီဝိဉာဉ်များကို သူ့ခန္ဓာကိုယ်မှ မောင်းထုတ်နိုင်လျှင် အလိုအလျောက် သက်သာသွားလိမ့်မည်ဟု ပြောလာခဲ့သည်။
ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသည့် ဆန်ကုန်သည်ကြီးမိသားစုက ဘုန်းတော်ကြီး၏ အစီအစဉ်ကို ခွင့်ပြုပေးလိုက်သည်။ ဘုန်းတော်ကြီးက သူ့လက်များကို လှုပ်ရှားလိုက်ရာ ဆန်ကုန်သည်၏ရင်ဘတ်မှ အမည်းရောင်မြူတစ်ခုထွက်လာပြီး ဘုန်းတော်ကြီးက ၎င်းကို အမြန်ဖမ်းကာ တန်ဖိုးကြီးဘူးတစ်ခုထဲသို့ ထည့်လိုက်သည်။
ဆန်ကုန်သည်ကြီးက သတိရလာပြီး ဒီအကြောင်းကိုသိလျှင် ဘုန်းတော်ကြီးကို ဂုဏ်သရေရှိဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံခဲ့သည်။ သူက လင်းမိသားစုတွင် ဖြစ်သွားသည့် အရာအားလုံးကို ပြန်ပြောပြလိုက်သည်။ ဘုန်းတော််ကြီးက သူ့လက်ချောင်းများဖြင့် တွက်ချက်လိုက်ကာ သူ တစ်ခါတုန်းက လင်းဟိုင်ကို လျှို့ဝှက်စာအုပ်တစ်အုပ် ပေးခဲ့ဖူးပြီး လင်းမိသားစုတွင် ယင်ဓာတ်အလွန်ကြွယ်ဝသည့် တစ်ဦးတည်းသောသမီးသာ ကျန်ရစ်ခဲ့ကြောင်း သိလိုက်ရသည်။
နေရာအနှံ့ကို လှည့်လည်သွားလာနေသည့် ဘုန်းတော်ကြီးက ကံကောင်းသူများကို မကြာခဏ 'ရတနာများ' လက်ဆောင်ပေးတတ်သည်။ ဒီကံကောင်းသူများက လျှို့ဝှက်နည်းလမ်းများကို ကျင့်သုံးချိန်တွင် သူတို့၌ များပြားစုပုံလာသည့် မကောင်းသည့်စွမ်းအင်က သူ့ရဲ့အဖိုးတန်ပစ္စည်းများအပေါ် အကျိုးသက်ရောက်လာလိမ့်မည်။
သူက အသက်ဓာတ်များကို ပိုစုပ်ယူလေ သူ့ရဲ့အဖိုးတန်ပစ္စည်းများက ပိုအစွမ်းထက်လေဖြစ်သည်။
သူ့ရဲ့အဖိုးတန်ပစ္စည်းများ၏ စွမ်းအားဖြင့် ဘုန်းတော်ကြီးက အထက်တန်းလွှာများထံတွင် မျက်နှာသာပေးခံရသည်။
သူ့ရဲ့အဆက်အသွယ်များကိုသုံးပြီး သူက အသက်ဆက်ခြင်းများ, ကံကြမ္မာပြောင်းလဲခြင်းများကို လုပ်ဆောင်လေသည်။ အထူးသဖြင့် အသက်ရှည်ရန် ကောင်းချီးရထားသူများ၏ ကံနှင့်သက်တမ်းကို လွှဲပြောင်းယူခြင်းဖြစ်သည်။
သူက တစ်ကြိမ်လျှင် အနည်းငယ်သာ စုပ်ယူတာကြောင့် နှစ်ပေါင်းများစွာကြာတာတောင် ဘယ်သူကမှ သူ့လုပ်ရပ်များကို မသိခဲ့ပေ။ အကယ်၍ သိခဲ့ရင်တောင် သူတို့တတ်နိုင််တာ ဘာမှမရှိချေ။
ဘုန်းတော်ကြီး၏ ယုတ်ညံ့သည့်စွမ်းရည်များကြောင့် သာမန်တာအိုပညာရှင်များက သူ့အတွက်တော့ ပြိုင်ဖက်မဟုတ်ကြပေ။ သူသာ ဖမ်းခံခဲ့ရလျှင် ထွက်ပြေးရန်အတွက် နည်းလမ်းအများအပြားရှိပေသည်။
ဘုန်းတော်ကြီးက လင်းဝမ်အပေါ်တွင်လည်း အလွန်စိတ်ဝင်စားခဲ့သည်။
သူက သူ့ရဲ့အသုံးအဆောင်ပစ္စည်းများကို ဓာတ်ပြုစေရန် လင်းဝမ်ရဲ့အသက်ဓာတ်ကို သုံးလိုသည်။ ယင်ဓာတ်များပြားလွန်းခြင်းက သာမန်လူများအတွက် သည်းမခံနိုင်ဖွယ်ဖြစ်သော်လည်း သူ့ရဲ့ပစ္စည်းများက ဒီလိုအမှောင်စွမ်းအင်ကိုမှီခိုကာ အစွမ်းထက်လာကြခြင်းဖြစ်သည်။
သူ့ပစ္စည်းများသာ အပြည့်အဝ ဓာတ်ပြုသွားလျှင် သူက မကြာခဏဆိုသလို အသက်ဆက်နေရန် မလိုတော့ပေ။ ဒီအသုံးအဆောင်များက သူ့အသက်ကို အလွယ်တကူ ဆက်ပေးသွားလိမ့်မည်။
ဘုန်းတော်ကြီး ကယ်တင်ပေးထားသည့် ဆန်ကုန်သည်ကြီးက သူ့အား လုံးဝနာခံကာ သူ့ဆန္ဒများကို မဆန့်ကျင်ရဲပေ။
ဘုန်းတော်ကြီးက သူ့အား ပြောလိုက်သည်။
" လင်းမိသားစုမှာ သမီးတစ်ယောက်က အသက်ရှင်နေသေးတယ်။ သူက ဝိဉာဉ်ဆိုးတွေရဲ့အရှိန်အဝါကို သယ်ဆောင်ထားပြီးတော့ တခြားသူတွေကို ဘေးသင့်စေတာ "
ဒီစကားကိုကြားလျှင် ဆန်ကုန်သည်ကြီးက ခဏတွေးလိုက်သည်။ သွားခဲ့ကြသည့် ကုန်သည်များအားလုံးတွင် သူတစ်ယောက်သာ နေမကောင်းဖြစ်ခဲ့သည်။ သူက လင်းမိသားစုနဲ့ မိသားစုရေးအရ ပတ်သတ်မှုရှိနေတော့ သူ့ကိုဆွဲချသွားတာ အနှီဂြိုလ်ကောင်မ လင်းဝမ် ဖြစ်လိမ့်မည် !
သူက ချက်ချင်းပဲ ဘုန်းတော်ကြီးရဲ့စကားကို သဘောတူသလိုမျိုး လက်ခုပ်တီးပြီး ပြောလိုက်သည်။
" ကျုပ်သိနေတယ်! ဒီလိုဖြစ်အောင်လုပ်တာ အဲ့ဒီဂြိုလ်ကောင်မပဲ! "
" ကျုပ် သူ့ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်နေလိုက်! "
ဆန်ကုန်သည်ကြီးက ကုတင်မှထပြီး အပြင်ထွက်မလို့လုပ်ချိန်တွင် ဘုန်းတော်ကြီးက သူ့ကို တားလာသည်။
" မမလေးလင်းက တခြားသူတွေကို ထိခိုက်အောင်လုပ်မယ့် လက္ခဏာတွေမပြသေးဘူး။ သူက အဲ့လိုလုပ်တော့မယ့်အချိန်မှ တစ်ခါတည်း ဖြေရှင်းကြတာပေါ့ "
စကားလုံးအနည်းငယ်ဖြင့် လင်းဝမ်၏ ကံကြမ္မာက သတ်မှတ်ခံလိုက်ရကာ ဆန်ကုန်သည်ကြီးက သဘောတူညီမှုဖြင့် လက်ခုပ်တီးလိုက်သည်။
သို့ရာတွင် သူ အမြန်ပြန်တွေးပြီး ထပ်မေးလိုက်သည်။
" သူက တခြားသူတွေကို အန္တရာယ်ပေးဖို့ ဘယ်တော့မှ ဆန္ဒမရှိရင်ရော? ကျုပ်ရဲ့ဝေဒနာက အချည်းနှီးဖြစ်မသွားဘူးလား? "
" စိတ်မပူနဲ့ "
ဘုန်းတော်ကြီးက ဆန်ကုန်သည်ကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
" သူ့မှာ သေချာပေါက် အဲ့အတွေးရှိလိမ့်မယ် "
အဖြစ်အပျက်လေးတစ်ခုကို ဖန်းတီးပြီး သူမအပေါ်တွင် အပြစ်ပုံချလိုက်ရန် လွယ်ကူလေသည်။
ထိုအချိန်ကျလျှင် လူများက သူ့ကိုတောင်းဆိုလာလိမ့်မည်။
ဘုန်းတော်ကြီးက သူ့ရဲ့မုတ်ဆိတ်ကိုထိကာ နားလည်ရခက်စွာပြုံးလိုက်ပြီး တိတ်ဆိတ်သွားတော့သည်။
ထို့နေ့ညတွင်။
ဘုန်းတော်ကြီးက သူ့ပစ္စည်းများမှ အမှောင်စွမ်းအင်များကို အသုံးပြု၍ တစ္ဆေများကိုဖန်တီးကာ ချမ်းသာသည့်အိမ်များသို့ သွားခိုင်းလိုက်သည်။
သူက လူငယ်များထက် သူ့စကားများကိုပိုယုံမည့် အသက်ကြီးများကို အထူးပစ်မှတ်ထားခဲ့သည်။
ဘုန်းတော်ကြီး၏ ပယောဂဖြင့် နောက်တစ်နေ့မနက်တွင် တစ်စုံတစ်ယောက်က ဆန်ကုန်သည်၏အိမ်တံခါးကို လာခေါက်တော့သည်။
ဘုန်းတော်ကြီးက တစ္ဆေရှာပေးရန် အကူအညီလာတောင်းသူထံမှ သာမန်ကာလျှံကာဖြင့် 'တစ္ဆေ' ကို ထုတ်ပေးလိုက်သည်။ ထို 'တစ္ဆေ' ပျောက်ကွယ်သွားချိန်တွင် 'လင်း' ဟူသောစာလုံး ကျန်ရစ်ခဲ့ပြီး အမွှေးနံ့သာနံ့တစ်ခုလည်း ကျန်ရှိနေခဲ့သည်။
ဘုန်းတော်ကြီးမှလွဲ၍ လူတိုင်း၏အမူအရာများ ပြောင်းလဲသွားကြသည်။
ထို့အပြင် အကူအညီလာတောင်းသူတိုင်းက လင်းမိသားစု၏ အမွှေးနံ့သာလုပ်ငန်းဟာ ဟွေ့ယန်မြို့တွင် နာမည်အကြီးဆုံးဖြစ်ကြောင်း သိကြပြီး လင်းမိသားစုက ကပ်ဘေးသင့်ခဲ့ကြပုံကိုလည်း သိထားကြသည်။
ဘုန်းတော်ကြီးက သူ့လက်ချောင်းများဖြင့် ခဏမျှ တွက်ချက်နေဟန်ဆောင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" လင်းမိသားစုမှာ သမီးတစ်ယောက် ကျန်နေခဲ့တယ်။ ဒီပြဿနာတွေအားလုံးက သူ့ကြောင့်ဖြစ်ရတာ "
ဒီစကားကိုကြားလျှင် လူအုပ်ကြီးက အထင်သေးသည့်စကားများကို ပြောလာကြသည်။
" လင်းမိသားစုက ရုတ်တရက်ကြီး ဘာလို့များ အစုအပြုံလိုက် အသတ်ခံလိုက်ရလဲမှတ်တယ် လတ်စသတ်တော့ သူ့ကြောင့် ဒီလိုဖြစ်သွားတာကိုး! အုတ်ဂူထဲက လင်းသခင်ကြီးသာ ဒီအကြောင်းကိုသိသွားရင် ဒီလိုသမီးမျိုးရှိတဲ့အတွက် နောင်တရနေမလားသိချင်ပါရဲ့! "
" လင်းမိသားစုအကြောင်း ထပ်မပြောရအောင်။ အဲ့ဒါက ကံဆိုးစေရုံပဲ ဖြစ်လိမ့်မယ်။ ဆရာသခင် ကျွန်တော်တို့တွေ ဒါကို ဘယ်လိုလုပ်သင့်လဲဗျ? "
" ဟုတ်တယ် ဆရာသခင် ကျွန်တော်တို့ကို ကယ်ပါ! "
ဘုန်းတော်ကြီးက သူတို့၏စကားများကြောင့် အလွန်ကျေနပ်နေခဲ့သည်။ သူတို့အများစုက ကုန်သည်များဖြစ်ကာ သူတို့စကားများက ပျားရည်ထက်တောင် ချိုမြိန်ကြပြီး ဘုန်းတော်ကြီးလိုလူမျိုးတောင် ငြင်းဆန်ရန် ခက်ခဲလှသည်။
သူက သူ့မုတ်ဆိတ်ကိုထိကာ မျက်လုံးမှိတ်ထားရင်း စတင်တွက်ချက်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် မျက်လုံးဖွင့်ပြီး ပြောလိုက်သည်။
" လင်းမိသားစုရဲ့ ခြံဝင်းထဲမှာ တစ်ခါတုန်းက တကယ့်နဂါးတစ်ကောင်နေထိုင်ခဲ့တဲ့ ရေတွင်းတစ်တွင်းရှိတယ်။ ရေတွင်းထဲမှာ နဂါးတစ်ကောင်ရဲ့ စွမ်းအားတွေရှိနေတယ်။ လပြည့်ညမှာ လင်းသခင်မလေးကို ရေတွင်းထဲထည့်လိုက်ရင် သူ့ကိုယ်ပေါ်က မကောင်းတဲ့စွမ်းအင်တွေကို နဂါးစွမ်းအင်က ချေဖျက်ပေးလိမ့်မယ် "
လူအများစုက ဒီနည်းလမ်းကို သဘောတူသော်လည်း အနည်းငယ်က တုံ့ဆိုင်းနေကြသည်။
" သူ သေလားရှင်လားဆိုတာကို ဘာကိစ္စ ဂရုစိုက်နေသေးတာလဲ? သူကြောင့် သူ့မိသားစုတစ်ခုလုံး သေသွားပြီနော်။ သူက ငါတို့ကိုပါ သတ်ချင်နေရင် ဘယ်လိုလုပ်မလဲ? "
" နောက်ပြီး ငါတို့က အန္တရာယ်ရှိတဲ့လူတွေကို ဖယ်ထုတ်ပစ်ဖို့ ဒီလိုလုပ်နေတာလေ။ သူက လူတောင်မဟုတ်တာကို မင်းတို့က ဘာကိစ္စ သနားနေတာတုန်း? "
စကားလုံးအနည်းငယ်မျှဖြင့် ထိုလူများ၏ နှလုံးသားက ယိမ်းယိုင်သွားခဲ့သည်။
ပြောရပါက သူတို့သာ လင်းဝမ်ကို စွန့်ပစ်လိုက်လျှင် အားလုံးအသက်ရှင်နိုင်သည်။ သို့ရာတွင် လူတစ်ယောက်အတွက်နှင့် ကျန်လူများက သေပေးရမည်ဆိုပါက ဘယ်သူမှ သဘောတူလိမ့်မှာမဟုတ်ပေ။
စကားပြောပြီးသွားနောက် ဘုန်းတော်ကြီးက သူ့တွင် ပြင်ဆင်စရာတချို့ရှိသေးတာကြောင့် အခုလောလောဆယ် အိမ်ပြန်ခိုင်းလိုက်သည်။ မနက်ဖြန်မနက်တွင် သူတို့က လင်းဝမ်ကို သွားဖမ်းကြမည်ဖြစ်ပြီး လပြည့်ညရောက်လျှင် ရေတွင်းထဲသို့ ပစ်ချကြမည်။
တခြားသူများတွင်လည်း ကန့်ကွက်စရာမရှိတော့ပဲ ထွက်သွားခဲ့ကြသည်။
နောက်တစ်နေ့မနက်တွင် လင်းမိသားစုအိမ်သို့ လူအုပ်စုလိုက်ကြီး ချီတက်သွားကြသည်။ ခဏရှာပြီးနောက် လျှို့ဝှက်ခန်းတစ်ခုထဲတွင် စိတ်ဆင်းရဲစရာကောင်းအောင် အရူးတစ်ယောက်လိုဖြစ်နေသည့် လင်းဝမ်ကို ရှာတွေ့ခဲ့ကြသည်။
လင်းဝမ်က ကံကြမ္မာမျိုးစုံကို ခံစားရပြီးနောက်တွင် အလွန်အမင်း အထိမခံဖြစ်နေခဲ့သည်။ သို့သော်လည်း သူမတွင် ကျိုးကြောင်းဆင်ခြင်ဉာဏ်များ ရှိနေသေးကာ ဘာလုပ်သင့်ဘမလုပ်သင့်ကို ခွဲခြားသိသေး၏။
ဒါကြောင် သူတို့က သူမအား စွပ်စွဲလာချိန်တွင် ချက်ချင်းတုံ့ပြန်ခဲ့သည်။
" ရှင်တို့ အထင်မှားနေတာလား? ကျွန်မက ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးဖြစ်မှာလဲ? "
လင်းဝမ်က အရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ မျက်နှာပေါ်အောင် ဆံပင်ကိုဘေးသို့သပ်လိုက်ပြီး သူမရဲ့အရေပြားကို ဆွဲဆိတ်ပြလိုက်သည်။
" ကြည့်လေ ကျွန်မက ဘယ်လိုလုပ်ပြီး လူမဟုတ်ပဲနေမှာလဲ? ကျွန်မက လူပါ! "
အတူပါလာသူများတွင် တစ်ချိန်တုန်းက လင်းဝမ်ကို သဘောကျဖူးသူများ ပါဝင်ကာ ထိုသူများက အခုတော့ ရွံရှာသည့်ဟန်ပန် ဖြစ်နေခဲ့ကြသည်။
လင်းဝမ်သာ ဒီလိုလူမျိုးဖြစ်ကြောင်း သူတို့သိခဲ့လျှင် သူမကို သဘောကျခဲ့မိတာ သူတို့က မျက်ကန်းများဖြစ်လိမ့်မည် !