အပိုင်း ၁၃၄
Viewers 38k

🐰Chapter 134🐉
မင်းကရောနားလည်တယ်ဆိုတဲ့သဘောလား


သန့်စင်ခန်းနတ်ဘုရားက အလေးအနက်တွေးတောပြီးသည့်နောက်တွင် ခေါင်းခါလိုက်သည်။

" ကျွန်မကို အချိန်နည်းနည်းပေးဖို့ မိစ္ဆာနတ်ဘုရားအရှင်ကို တောင်းဆိုလို့ရမလား... အနည်းဆုံးတော့ ဒီကလေးကို အမှီအခိုကင်းကင်းနဲ့ ဘယ်လိုနေရမယ်ဆိုတာ သင်ပေးပြီးမှ ကျွန်မစိတ်အေးလက်အေး ထွက်သွားနိုင်မယ်ထင်တယ်... ပြီးတော့ သူက ယွီကျစ်ရဲ့ မြေးမြစ်ဆိုတာ သူ့အစား ဒီကလေးကို ဂရုစိုက်ပေးမှဖြစ်မယ်..."
 
ကျို့နန်က သူ့ကို မည်သို့နေထိုင်ရမည်ကို သင်ပေးမည့်လူ မလိုအပ်ကြောင်း ပြောလိုသော်လည်း ရှုပ်ပွနေသည့်အမှိုက်များကို မြင်သည့်အခါ ငြင်းစရာအကြောင်းပြချက် ရှာမတွေ့တော့ပေ။

" ရပါတယ်..."

ဖူလီ သဘောတူလိုက်သည်။ ထို့နောက် ဤကိစ္စအား မည်သူ့ကိုမှ မပြောနိုင်အောင် ကျို့နန်အပေါ်တွင် အစီအရင်တစ်ခု ချထားလိုက်သည်။ ပုံမှန်အခြေအနေများအတိုင်း ဆိုပါက ကျို့နန်၏မှတ်ဉာဏ်များကို ဖျောက်ပစ်ရမည်ဖြစ်သည်။ သို့ရာတွင် သန့်စင်ခန်းနတ်ဘုရားက သူ့ကိုအမှီအခိုကင်းကင်းနေထိုင်နိုင်အောင် သင်ပြပေးမည်ဖြစ်၍ ကျို့နန်၏မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်ပါက ကန့်သတ်ချက်ကိုကျော်လွန်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ သူတို့အကြားတွင်လည်း ညှိနှိုင်းခြင်းများ ပြုလုပ်ထားခဲ့သည်။

ဖူလီနှင့် ချူးယွီတို့ ထွက်သွားသည့်အခါ သန့်စင်ခန်းနတ်ဘုရားက သူ့ကိုကူညီပြီး ကြမ်းပေါ်မှ အမှိုက်များကို ကောက်ပေးနေသည်အား ကျို့နန် မြင်လိုက်ရသည်။ သူ ကြမ်းပြင်ပေါ်မှ ထခုန်မိမတတ်ဖြစ်သွားသည်။

" ကျေး ကျေးဇူးပြုပြီးထိုင်နေပါ... ညစ်ပတ်တာတွေကို ကျွန်တော်ရှင်းလိုက်ပါ့မယ်..."

သူက ဆိုဖာပေါ်စုပြုံထားသည့်အမှိုက်များကို ကြမ်းပေါ်ချလိုက်ပြီးနောက် ဆိုဖာပေါ်တွင် သဘက်တစ်ထည်ခင်းထားလိုက်သည်။ 

" ကျေးဇူးပြုပြီးထိုင်ပါ... ထိုင်ပါ..."

သန့်စင်ခန်းနတ်ဘုရားက နှစ်လိုဖွယ်ကောင်းသောအပြုံးတစ်ပွင့်ဖြင့် ထိုင်နေလိုက်သည်။

ကျို့နန် ဆယ်ကြိမ်ခန့် အသွားအပြန်လုပ်ပြီးချိန်တွင် အိမ်ထဲမှ အမှိုက်အားလုံးကို ပစ်ပြီးသွား၍ ကြမ်းစတိုက်နေသည်။ နာရီဝက်ခန့်ကြမ်းတိုက်ပြီးသွားသောအခါ အလွန်ပင်ပန်းလွန်း၍ ခေါင်းများချာချာလည်ပြီး မျက်လုံးများ အရောင်မှိန်လာသည်။

" အဖွား... အဖိုးက ကြည့်ကောင်းလား..."

ထိုမေးခွန်းကို မေးလိုက်ပြီးသည့်အခါမှ သူ့မျက်နှာသူ ဖြတ်ရိုက်ချင်စိတ်ပေါက်သွားသည်။
ဘာအဖွားလဲ... ပြီးတော့ ဘာလို့ အဲ့လိုမျိုးတွေ သွားမေးနေတာလဲ...

ဆိုဖာပေါ်ထိုင်နေသော သန့်စင်ခန်းနတ်ဘုရား၏ မျက်နှာထက်တွင် ကျက်သရေရှိလှသော အပြုံးတစ်ပွင့်ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

" မြေးလိမ္မာလေး မင်းရဲ့အဖိုးက အရမ်း ကြည့်ကောင်းခဲ့တာပေါ့..."

" ဒီလောကမှာ ဘယ်ယောက်ျားမှ သူ့လောက်ကြည့်မကောင်းဘူး..."

.....

ဖူလီနှင့်ချူးယွီက ဗျူရိုသို့ ပြန်လာပြီးနောက် အစည်းအဝေးတက်လိုက်ကြသည်။ ဖူလီက အစည်းအဝေးမှ ပြောလိုသည့် အကြောင်းအရာများကို အကြမ်းဖျင်းနားလည်သည်။ အများအားဖြင့် ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးရန်၊ သဘာဝတရားကိုကာကွယ်ရန် အစရှိသည့်အကြောင်းများသာဖြစ်သည်။ အစည်းအဝေးအဆုံးသတ်သွားသည်နှင့် သူ ကျွမ်းချင်နားကိုပြေးသွားပြီး ပခုံးပေါ် လက်တစ်ဖက်တင်လိုက်သည်။ 

" ထမင်းသွားစားရအောင်..."

သူက ကျွမ်းချင်ကို အဖော်ပြုပေးရန် ကတိပေးထားပြီးဖြစ်၍ ထိုသို့ သေချာပေါက် လုပ်ပေးရမည်ဖြစ်သည်။ ကျွမ်းချင်က နှစ်၂၀၀၀ခန့် သူတစ်ယောက်တည်း စားသောက်နေထိုင်ခဲ့ရကြောင်း တွေးမိသည့်အခါ ဖူလီက ကျွမ်းချင် ထမင်းစားချိန်တိုင်းတွင် ကျိန်းသေပေါက်အဖော်ပြုပေးနေရမည်ဟု ခံစားလိုက်ရသည်။ သို့မှသာ အဖော်တစ်ယောက်နှင့်အတူ ထမင်းစားရခြင်း၏ ပျော်ရွှင်မှုကို ခံစားနိုင်မည်ဖြစ်သည်။ 

ဖူလီ့စိတ်ထဲတွင်မူ ကျွမ်းချင်က သဘာဝတရား၏ အခက်အခဲများစွာကို ရင်ဆိုင်ထားရသည့် မြေပြင်ပေါ်မှ အထီးကျန်ဆန်ပြီး သနားစရာကောင်းသည့် ဂေါ်ဖီထုပ်လေးတစ်ခုဖြစ်သည်။ 

အစည်အဝေးခန်းထဲမှ မထွက်သွားသေးသည့် လုပ်ဖော်ကိုင်ဖက်များက ရုတ်ချည်းရပ်တန့်သွားပြီး ဘော့စ်မည်သို့ ဒိတ်လုပ်မည်ကို သိချင်နေကြသည်။ 

ကျွမ်းချင်က သူတို့ဘက်လှည့်ပြီးတစ်ချက်ကြည့်လိုက်သည်။ သူ့တို့ကျောပြင်မှ ကြက်သီးများထလာပြီး အစည်းအဝေးခန်းမထဲမှ အမြန်ထွက်သွားကြတာ နောက်ပြန်လှည့်မကြည့်‌ရဲတော့ပေ။ ဟွမ်စန်းက အနှေးဆုံးဖြစ်နေ၍ သူ၏လုပ်ဖော်ကိုင်ဖက်များ၏ ပိတ်ဆို့ခံနေရသည်။ သို့ဖြစ်၍ သူ၏မူရင်းဖျံပုံစံသို့ပြောင်းပြီး လူကြားထဲမှ တိုးထွက်သွားသည်။ 

" သူတို့တွေ ဘာလို့အမြန်ပြေးထွက်သွားကြတာလဲ..."

ဖူလီက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
" မကောင်းတော့ဘူး စားဖိုမှူးပေါင်က ဒီနေ့ ဘာစားကောင်းတာတွေ ချက်ထားလဲမသိဘူး... သူတို့အမြန်ပြေးထွက်သွားတာ အကန့်အသတ်နဲ့စားစရာကို အမြန်လုချင်လို့ဖြစ်မယ်..."

သူ ကျွမ်းချင်၏လက်မောင်းကိုဆွဲပြီး အမြန်ပြေးထွက်လာသည်။ 

" မြန်မြန်သွားကြမယ် သူတို့အရင်ဆုံးယူသွားလို့ မဖြစ်ဘူး..."

ကျွမ်းချင် : ...

စားစရာတစ်ခုအတွက် ဦးနှောက်မရှိပဲပြေးနေတဲ့ ဒီငတုံးမိစ္ဆာလေးကို သူဘာလို့ အဖော်လုပ်ပေးရမှာလဲ... သူက တိုင်းပြည်ကံကြမ္မာရဲ့ ကြီးကျယ်ခမ်းနားတဲ့နဂါးလေ ဒီလောက်စားစရာလေးကို ဘာလုပ်ရမှာလဲ...

ကျွမ်းချင်က ဖူလီ၏ ဆွဲခေါ်ခံလိုက်ရပြီး သူ့နောက်မှ ပြေးသွားချိန်တွင် ရုပ်တည်ကြီးဖြစ်နေသည်။ ကျွမ်းချင်၏ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွတ်သွားသည်။

" ငါ့လက်ကိုကိုင်ထားလေ..."

ကျွမ်းချင်က ဖူလီ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ 
" မင်း အဲဒါလုလို့ရအောက် ငါခေါ်သွားပေးမယ်..."

စီမံခန့်ခွဲရေးဗျူရို၏ ဝန်ထမ်းများက သူတို့ဘေးနားမှ ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သွားသည်ကို ခံစားလိုက်ရသော်လည်း သူတို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ မည်သည့်အရာကိုမှ မမြင်ရပေ။ 

" မင်းတို့ရဲ့ ရွှေနဂါးမျိုးနွယ်က တော်တော်မြန်တာပဲ..."

ဖူလီက သူအကြိုက်ဆုံးငါးနှင့်ပုစွန်များကို သူများထက်ဦးအောင် ရသွား၍ စိတ်ကြည်လင်နေပြီး ကျွမ်းချင်ကို ငါး ပေးလိုက်သည်။

" တခြားမိစ္ဆာတွေကတော့ ဒီရှု့ထောင့်ကနေဆိုရင် မင်းကိုယှဉ်နိုင်မှာမဟုတ်ဘူး..."

ကျွမ်းချင်က ဖူလီထည့်ပေးသည့်ငါးကို ခပ်ကြီးကြီးကိုက်လိုက်ပြီး ခေါင်းမော့လိုက်ကာ မျက်နှာတွင် ဂုဏ်ယူဝံ့ကြွားသွားသည့် အကြည့်တစ်မျိုးပေါ်လာသည်။

" ဒီလောက်က ဘာမှမဟုတ်ပါဘူး..."

" နောက်ဆို စားဖိုမှူးပေါင် စားစရာကောင်းကောင်းတွေချက်တဲ့နေ့ဆို ငါမင်းကိုခေါ်သွားပြီး လုပေးမယ်လေ... သူတို့ကတော့ ကျိန်းသေပေါက် ငါ့ကိုကျော်နိုင်မှာ မဟုတ်ပါဘူး..."

ကျွမ်းချင်က ငါး၏ သုံးပုံတစ်ပုံကို စားပြီးပြီဖြစ်ကာ မျက်နှာသေကြီးဖြင့် ခေါင်းညိတ်ပြီး သဘောတူဟန်ပြလိုက်သည်။

ရလဒ်အနေဖြင့် ဖူလီ၏ပန်းကန်ထဲတွင် ငါးပုတ်သင်ဝါအသားအနည်းငယ် ရောက်လာသည်။

" မင်း ဒီနေ့သွားခဲ့တဲ့နေရာက တစ်ခုခုထူးဆန်းနေတာမျိုးရှိလား..."

ကျွမ်းချင် မေးလိုက်သည်။ 

" ဟုတ်တယ် အဲဒါက သန့်စင်ခန်းသရဲလေ..."
ဖူလီက ကိစ္စတစ်ခုလုံးကို ပြန်လည်တွေးတောနေသည်။

" ဆယ်နှစ်လောက်ပဲချစ်ခဲ့တဲ့အချစ်က ဘယ်လောက်တောင်အရေးပါလို့ သူ အရာအားလုံးကို လက်လျှော့ပစ်ချင်နေတာလဲဆိုတာကို နားမလည်နိုင်ဘူး..."

ကျွမ်းချင်၏တူပေါ်မှ ရေပုတ်သင်ဝါတစ်ကောင်က သူ့ပန်းကန်ပေါ် ကျလာသည်။ သူ ခေါင်းငုံ့လိုက်ပြီး မျက်နှာသေကြီး‌ဖြင့် စားပွဲပေါ်စင်သွားသည့်ဆီစက်များကို သုတ်နေလိုက်သည်။

" မင်း နားမလည်သေးတဲ့အရာတွေ အများကြီးရှိတယ်လေ..."

" မင်းကရော နားလည်တယ်ဆိုတဲ့သဘောလား..."

ကျွမ်းချင် သူ့ကိုမော့ကြည့်လိုက်သည်။

" တကယ်လို့ ငါ တစ်ယောက်ယောက်ကို ချစ်ခဲ့မိတယ်ဆိုရင် သူ့ထက်ပိုပြီး ဇွဲကောင်းမိမှာပဲ... ငါ သူ့နောက်ကို နေ့နေ့ညည လိုက်နေမှာ..."

ကျွမ်းချင်၏အကြည့်ကြောင့် ဖူလီ့စိတ်ထဲ အနည်းငယ် ထူးဆန်းသွားသည်။ သူ့နှလုံးသားထဲတွင် ယုန်တစ်ကောင်ကခုန်နေသကဲ့သို့ ဖြစ်သွားသည်။ 

" ဒါ ဒါကတော့ တကယ်ကိုဇွဲကောင်းတာပဲ..."

" အင်း မင်းနားလည်ရင် ပြီးတာပဲ..."
ကျွမ်းချင်က ရေပုတ်သင်ဝါကို သိမ်မွေ့ညင်သာစွာဝါးလိုက်သည်။

" မင်းစားနေတဲ့ပုံစံက ကြည့်ကောင်းတယ် ငါအတိတ်တုန်းက မွေးခဲ့ဖူးတဲ့ အိမ်မွေးကောင်လေးလိုပဲ..."

" ပါးစပ်ပိတ်ထား နားငြီးတယ်..."

" အို့..."

ပုန်ကန်တဲ့အရွယ်ရောက်နေတဲ့ လူငယ်တွေက စကားပြောရ တယ်ခက်တာပဲ...


ထမင်းစားပြီးသည့်အခါ ဖူလီက ကျွမ်းချင်နှင့်အတူထသွားပြီး စားထားသည့်ပန်းကန်များကို ဆေးပေးသည့်နေရာသို့ ယူသွားလိုက်သည်။ ဖူလီ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျွမ်းချင်က မျက်နှာတည်ကြီးဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူ့ပုံစံက စကားပြောချင်ပုံမရ၍ ဖူလီက အကြုံပြုချက်တစ်ခု ပြုလုပ်လိုက်သည်။

" ငါတို့ ဘာလို့လမ်းမလျှောက်တာလဲ..  

ကုမ္ပဏီအဖြစ် အသွင်ယူထားသော စီမံခန့်ခွဲရေးဗျူရိုတွင် ဝန်ထမ်းများ အနားယူနိုင်သည့်ဧရိယာများစွာ ထားရှိ၍ နိုင်ငံတစ်ဝန်းတွင် အလှပဆုံးပတ်ဝန်းကျင်ရှိသည့် ကုမ္ပဏီအဖြစ် မီဒီယာများက သတ်မှတ်ထားကြပေသည်။ ချန်လုံ၏ အနေအထားများကို လူမည်မျှက မနာလိုဖြစ်နေခြင်းအား မသိနိုင်ကြပေ။

ကျွမ်းချင်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဖူလီ့ကို စိုက်ကြည့်နေသည်။ သူက ထိုအကြံပြုချက်ကို သဘောမတူသကဲ့သို့ ငြင်းဆန်ခြင်လည်း မပြုလုပ်ပေ။ 

ဘယ်လိုတောင် ကိုးရို့ကားယားနိုင်တဲ့မိစ္ဆာလေးလဲ...

ဖူလီက သူ့ပခုံးကို ဆုပ်ကိုင်လိုက်သည်။
" သွားကြမယ် သွားကြမယ်... ငါတို့ နေ့ခင်းဘက် ၂နာရီလောက် နားချိန်ရှိသေးတာပဲ လမ်းလျှောက်ရင်း စကားပြောလို့ရတယ်..."

" မင်း ဘာအကြောင်းပြောချင်လို့လဲ..."
ကျွမ်းချင်က မြက်ခင်းစိမ်းလေးများရှိသော လမ်းငယ်လေးတွင် အေးအေးလူလူလျှောက်နေသည်။ သူ ဤနေရာကို ရောက်ဖူးခဲ့သည်မှာ နှစ်တစ်ရာခန့်ရှိပြီဖြစ်သော်လည်း ဤကဲ့သို့ ခပ်နှေးနှေးလမ်းလျှောက်သည့် လေ့ကျင့်ခန်းမျိုးက အဘယ့်ကြောင့် စိတ်ဝင်စားစရာဖြစ်နေကြောင်းကို နားမလည်နိုင် ဖြစ်နေသည်။ 

" အကုန်လုံးပေါ့... ဥပမာပြောရရင် အချစ်အကြောင်းလေ..."
ဖူလီက သူ့ခြေထောက်များကို ဆန့်ထုတ်လိုက်သည်။ 

ကျွမ်းချင်က သရော်လိုက်သည်။
" ဘာလို့လဲ သန့်စင်ခန်းနတ်ဘုရားရဲ့ စကားတွေကြောင့် ရန်စခံရတယ်လို့ ခံစားရလို့လား..."

ကျွမ်းချင် : " အဲ့လို မဟုတ်ပါဘူး မိစ္ဆာတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်ကိုယ်စီ ရှိတယ်လေ... တချို့မိစ္ဆာတွေကတော့ အချစ်က အရေးကြီးဆုံးအရာလို့ ခံစားရပေမယ့် တချို့မိစ္ဆာတွေအတွက်ကျတော့ တာအိုလမ်းစဉ်နောက်ကိုလိုက်တာက အရေးကြီးဆုံးလေ... စွမ်းအားကိုပဲ လိုချင်ကြတဲ့သူတွေလည်းရှိတယ်... သူတို့အားလုံး လောကကြီးကို အန္တရာယ်မပေးသရွေ့ ဘယ်လမ်းကြောင်းကိုလိုက်လိုက် မမှားပါဘူး..."

ကျွမ်းချင်ကိုယ်တိုင်က ယခုအချိန်တွင် သူ့ကိုယ်သူ သူရဲဘောကြောင်သူတစ်ယောက်ဟု ခံစားနေရသည်။ ဖူလီ့ကို သူ့ထက်ပိုပြီး အချစ်အကြောင်း နားလည်စေချင်သည့်လူ မရှိနိုင်သော်လည်း တစ်ချိန်တည်းမှာပင် ဖူလီ့ကို ထိုခံစားချက်များနှင့်ပတ်သက်ပြီး မစိုးရိမ်စေလိုပေ။ 

တစ်နေ့နေ့တွင် ဖူလီက အခြားလူတစ်ယောက်ယောက်၏ လှုံ့ဆော်မှုကြောင့် အချစ်ကို နားလည်လာခြင်းမဟုတ်ဘဲ သူ့အပေါ်ခံစားချက်ရှိသောကြောင့် နားလည်လာခြင်းသာ ဖြစ်စေလိုသည်။ 

' အချစ်နဲ့ပတ်သက်ရင် သူတော်ကောင်းလို ပြုမူမိတဲ့လူတွေက ငတုံးတွေပဲ ' ဟု လူသားများရေးသားသည့် စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည်။ ထိုအချိန်က သူ အချစ်ကို နားမလည်ခဲ့သော်လည်း စိတ်ထဲတွင် ထိုအကြောင်းအရာကို သဘောတူခဲ့မိသည်။ အချစ်ဟူသောအရာကို သူကိုယ်တိုင် ခံစားမိလာသည့်အခါမှသာ ချစ်မိသွားသူတိုင်းက သူတော်ကောင်းကဲ့သို့ မည်သူမှ မပြုမူတတ်ကြောင်း သဘောပေါက်ခဲ့သည်။ အချစ်ဟူသောအရာက အလွန်သိမ်မွေ့ညင်သာပြီး သတိရှိရပေသည်။ တစ်ဖက်လူကို မည်သည့်အကြောင်းကြောင့်နှင့်မှ ဒုက္ခများ မခံစားစေလိုပေ။

ကံကောင်းသည်မှာ သူတို့သက်တမ်းက အလွန်ရှည်ကြာသည်ဖြစ်၍ ဖူလီက တစ်နေ့နေ့တွင် နားလည်လာလိမ့်မည်ဟု ဖြည့်တွေးလိုက်ရသည်။

" မင်းပြောတာ ဟုတ်ပါတယ်..."
ကျွမ်းချင်၏စကားများကို ကြားပြီးသည့်နောက်တွင် ဖူလီ၏ရင်ထဲမှ နေရခက်မှုများက အစပင်ရှာမရဘဲ ပျောက်ကွယ်သွားသည်။ ဘတ်စကတ်ဘောကွင်းတွင် ကစားနေကြသည့် အနည်းငယ်အရွယ်ရောက်ပြီးဖြစ်သော ကလေးများကို သူလှမ်းကြည့်လိုက်သည်။ သူတို့ ဆော့ကစားနေချိန်တွင် မူရင်းပုံစံများသို့ပြောင်းလဲထားကြသည်။ သမင်ငယ်လေးတစ်ကောင်က ခြင်္သေ့လေးတစ်ကောင်ကို ခိုးနမ်းလိုက်လေသည်။

" အဟွတ် အဟွတ်..."
ဖူလီ သူ့မျက်နှာကို တစ်ဖက်လှည့်လိုက်သည်။ 

ဒီခေတ်မိစ္ဆာလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်လုပ်နေကြပြီလား...

" မင်းရဲ့ အတိတ်အကြောင်းကို ပြောပြပါလား... ဥပမာ မင်းရဲ့ လူသားအိမ်မွေးကောင်လေးအကြောင်းပေါ့..."

ကျွမ်းချင်က မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ 
" မင်း အဲဒီလူအကြောင်း ငါ့ရှေ့မှာ တစ်ခါတစ်လေ ပြောဖူးတယ်လေ... သူက မင်းအတွက် အရမ်းအရေးကြီးတာပဲလား..."

" သူက ငါ ပထမဆုံးနဲ့ နောက်ဆုံးမွေးခဲ့ဖူးတဲ့ အိမ်မွေးကောင်လေးပဲ..."

ဖူလီ ထိုအကြောင်းကို တွေးတောလိုက်မိသည်။
" သူက ချက်ပြုတ်တတ်တယ်၊ စာရေးတာနဲ့ ပန်းချီဆွဲတာလည်းရတယ်၊ ပြီးတော့ ပုံပြင်တွေပြောပြပြီး စစ်တုရင်ကစားတတ်သေးတယ်... သူက ကိစ္စတော်တော်များများကိုသိတယ်... အကြီးအကဲမျောက်ဝံဖြူကြီးပြောတာတော့ သူက လူသားတွေကြားထဲမှာ တော်တော်ထူးချွန်တဲ့လူမျိုးတဲ့..."

ကျွမ်းလျင်က အစိမ်းရောင်သစ်ရွက်တစ်ရွက်ကိုကောက်ယူပြီး ဆော့ကစားနေသည်။

" သူက တော်တော်လေး အရည်အချင်းရှိတာပေါ့... မင်းသူ့ကို အရမ်းသဘောကျတာပဲလား..."

" အင်း ငါသူ့ကို သဘောကျပါတယ်..."
ကျွမ်းချင်၏ တည်ကြည်လေးနက်သော အပြုအမူကို မြင်သည့်အခါ ဖူလီက သူ့ကို အမြန်ချော့မော့ပြောလိုက်သည်။ 

" မင်းရော လူသားအိမ်မွေးကောင်လေး မွေးချင်တာလား..."

ကျွမ်းချင်၏မျက်နှာက ရေခဲတမျှအေးစက်သွားသည်။ 
" မွေးလို့မရဘူးလား..."

" သေချာပေါက် မွေးလို့မရဘူးပေါ့... အခုခေတ် လူသားတွေရဲ့ ဥပဒေက ကျေးကျွန်တွေကို ရောင်းဝယ်တာကို တားထားတယ်လေ ဒါ တရားမဝင်ဘူး..."
ဖူလီက ကျွမ်းချင်၏ ကိုးရို့ကားယားနိုင်သောအတွေးကို လက်လျှော့လိုက်စေရန် အမြန်ဖျောင်းဖျလိုက်သည်။

" မင်း ဒီဥပဒေကို မသိတာနဲ့ပဲ ချိုးဖောက်လို့ မရဘူးလေ..."

" မဟုတ်ပါဘူး ငါ နောက်ထပ်လူတစ်ယောက် ထပ်မမွေးချင်တော့ဘူး..."
ကျွမ်းချင်က သူ့လက်ထဲမှသစ်ရွက်ကို မြေကြီးပေါ် ပစ်ချလိုက်ပြီး စိတ်ပျက်လက်ပျက်ပုံစံဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ ငါ ယုန်တစ်ကောင်မွေးရင် ကောင်းမလားလို့ တွေးနေတာ..."

" ယုန်တွေက မဆိုးပါဘူး... သူတို့ခန္ဓာကိုယ်တစ်ခုလုံး အမွေးနုနုလေးတွေနဲ့ ပြည့်နေတာ ပြီးတော့ ချစ်စရာလည်းကောင်းတယ်..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။

ကျွမ်းချင်က ဖူလီ့ဘက်ကိုလှည့်ကြည့်လိုက်သည်။
" ငါလည်းအဲ့လိုထင်တယ်..."

ဖူလီက သူ့ကိုခဏတာခန့်ကြောင်အစွာစိုက်ကြည့်နေပြီး ခဏတွင်းချင်းပြန်လည်တုံ့ပြန်လိုက်သည်။ 
" မင်းငါ့ကို တမင်နောက်နေတာပဲ..."

ကျွမ်းချင်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
" ကြည့်ရတာ မင်းက အရမ်းကြီးတုံးနေတာတော့ မဟုတ်ဘူးပဲ..."

" ရိုင်းလိုက်တာ ဘယ်သူက တုံးတာလဲ..."

ဖူလီက သူ့ခေါင်းကို ပြန်ပွတ်ပေးချင်သော်လည်း ကျွမ်းချင်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ 
" နဂါးလေးကျွမ်း ငါက နဂါးမဟုတ်ပေမယ့် ကြီးကျယ်မြင့်မြတ်တဲ့ ဟို့ ပါနော် သဘောပေါက်လား..."

ကျွမ်းချင်၏မျက်နှာထက်တွင် အပြုံးမမည်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
" ယုန်နဲ့တူတဲ့ ဟို့လား..."

မဟာမိစ္ဆာတစ်ယောက်ဖြစ်သော သူ၏ဂုဏ်သိက္ခာကို စိန်ခေါ်ခံလိုက်ရသည်ဟု ဖူလီခံစားလိုက်ရသည်။ အင်္ကျီလက်‌ခေါက်ပြီး ကျွမ်းချင်ကို လှမ်းဆွဲလိုက်တော့မည့်အချိန်တွင် ကျွမ်းချင်က လှစ်ခနဲထွက်ပြေးသွားသည်။

လူနှစ်ယောက်က မြက်ခင်းပြင်ပေါ်တွင် တစ်ယောက်ကပြေးပြီး တစ်ယောက်က လိုက်နေသည်။

ချင်ရှု ထမင်းစားဆောင်မှ ထွက်လာချိန်တွင် ကျွမ်းချင်နှင့်ဖူလီက မြက်ခင်းပြင်ပေါ်၌ ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။ သူ၏ အမူအရာပြောင်းလဲသွားပုံကို စကားလုံးဖြင့်ပင် ဖော်ညွှန်းမရနိုင်ပေ။

ဒီလိုမျိုး ပြေးတမ်းလိုက်တမ်းကစားပြီး ကျီစယ်နေတာမျိုးက ဘော့စ်နဲ့ဖူကောရဲ့ ဆက်ဆံရေးထဲမှာပေါ်လာတယ်ဆိုတော့ အရမ်းကြောက်စရာမကောင်းလွန်းဘူးလား...

" မင်း ဘာတွေကြည့်နေတာလဲ..."
ချင်ရှုက ထိုနေရာတွင် ကြောင်အစွာရပ်နေသည်ကို မြင်လိုက်ရသောအခါ ချူးယွီက ပခုံးကိုလှမ်းပုတ်လိုက်သည်။
" ဘာတွေကို ဒီလောက်တောင်ငေးနေလို့ စိတ်နဲ့လူ မကပ်တာလဲ..."

" ဟိုမှာ ဘော့စ်နဲ့ ဖူကောတို့..."

ချင်ရှုက သူ ထိုရက်က မြင်ခဲ့သည့်အကြောင်းများအား ချူးယွီကို ပြောသင့်မပြောသင့်တွေးနေမိသည်။ ချူးယွီက ငါးတစ်ကောင်ဖြစ်ပြီး သူက လူသားတစ်ယောက်ဖြစ်နေ၍ သူ၏ရှု့ထောင့်မှဆိုလျှင် သူတို့အကြား၌ ကွာခြားမှုတစ်ခု ရှိနေသည်။ သူတို့ဘုရားကျောင်း၏သခင်ကပင် ချူးယွီကို ဦးညွှတ်အရိုအသေပြုရမည်ဖြစ်သည်။

" အချစ်ရူးတွေကတော့ အဲ့လိုပါပဲ... မင်းလည်း မြင်နေကျဖြစ်သွားရင် အဆင်ပြေသွားမှာပါ..."
ချူးယွီက အေးအေးလူလူပင် ပြောလိုက်သည်။

" မင်းက တာအိုဘုရားကျောင်းမှာပဲ တစ်နေ့လုံးနေနေတာဆိုတော့ ဒီလိုကိစ္စတွေကို နားမလည်တာဖြစ်သင့်ပါတယ်..."

ချင်ရှု : ...

" သူတို့နှစ်ယောက် ပျင်းစရာကောင်းတဲ့ဂိမ်းတွေကစားနေတာကို ကြည့်ဖို့အချိန်ရှိတယ်ဆိုရင် ဘာလို့မန္တန်ဆွဲတာ လေ့ကျင့်မနေတာလဲ... ငါမင်းကို တမင်ပညာပြတာ မဟုတ်ပါဘူး မင်း ကျုံးရှန်စီရင်စုမှာလုပ်ခဲ့တဲ့ မိုးခေါ်တဲ့ကိစ္စကိုပဲကြည့်လေ... တစ်နာရီ နှစ်နာရီလောက်နေမှ မိုးရွာချလာတာမလား... အရင်တုန်းကဆိုရင် မင်းတို့ဘုရားကျောင်းရဲ့ စီနီယာတွေက မင်းထက် ပိုသန်မာကြတယ်..."

ချင်ရှုက အလျင်အမြန်ပြန်ဖြေလိုက်သည်။
" ကျေးဇူးပြုပြီး စိတ်ချပါ အကြီးအကဲ ဒီတပည့်က ပိုပြီးလေ့ကျင့်ပါ့မယ်... ကျွန်တော်တို့ တာအိုပညာရှင်တွေရဲ့သိက္ခာမကျစေရပါဘူး..."

" မင်းမှာ အဲ့လိုစိတ်ရှိတာကောင်းတယ်..."
ချူးယွီက ချင်ရှုကို လက်ချာရိုက်ပြီးနောက်တွင် အပန်းဖြေဧရိယာဘက်သို့ ထွက်သွားသည်။ သူ ခြုံပုတ်ကြီးတစ်ခုနောက်တွင် ပုန်းနေကာ ဖုန်းထုတ်ပြီး မနီးမဝေးတွင် ကစားနေကြသည့်လူနှစ်ယောက်၏ ဓာတ်ပုံများကို ရိုက်ယူလိုက်သည်။