အပိုင်း ၁၄၆
Viewers 38k

🐰Chapter 146🐉
အဖွဲ့သားတစ်ယောက်ကို ထုတ်ရောင်းခြင်း


"အဲ့တော့ မင်းက ဖူကျင့်ကြံသူရဲ့ အကြီးအကဲပေါ့..." 

ယောင်အစည်းအရုံး၏ ဝန်ထမ်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ 

"ဒီကိစ္စက နားလည်မှု လွဲတာဆိုတော့ ငါတို့ ယောင်အစည်းအရုံးက ထပ်ပြီး ဝင်မပါတော့ပါဘူး..."

ထိုဝန်ထမ်းမှာ ကျင့်ကြံခြင်း အနှစ်၃၀၀၀ခန့်ရှိထားသော်လည်း ဖုန်းလွေ့ကျုံး၏ ပုံစံအစစ်ကို မခန့်မှန်းနိုင်ပါပေ။ အမှန်တကယ်တွင် သူက အနည်းဆုံး ချီဓာတ်ကိုပင် အာရုံမခံနိုင်ပါပေ။ တစ်ဖက်မှာ သူက တောင်မှ ထွက်လာသော မဟာမိစ္ဆာကြီးတစ်ကောင်ဟု တိတ်တဆိတ် ခန်းမှန်းမိသော်လည်း သူ့အား အနည်းငယ်ပင် မတိုက်ခိုက်ဝံ့ပဲ ထရပ်ကာ အလေးအနက် အရိုအသေးပေးလိုက်သည်။

"အင်း..." 

ဖုန်းလွေ့ကျုံးက ခေါင်းညိတ်ကာ ထို အရိုအသေပေးခြင်းကို တည်ငြိမ်သော အမူအရာတစ်ခုဖြင့် လက်ခံလိုက်သည်။ 

လူတိုင်းက နေရခက်စွာ အံ့အားသင့်နေကြသည်။ ဤယောင်အစည်းအရုံးဝန်ထမ်းများမှာ ကျင့်ကြံခြင်းလောကတွင် သူတော်ကောင်းတရားနှင့် သိက္ခာတရားတို့ ပိုင်ဆိုင်ထားသူများဟု ယူဆထားပြီး မည်သူ့ကိုမှ အလေးအနက် အရိုအသေပေးသည်ကို မမြင်ဖူးကြပါပေ။ 
ဒီအမျိုးသားရဲ့ ရင်းမြစ်က တကယ်တိတိကျကျ ဘာလဲ...

"အိုင်း..."
ချောင်းယွင်က ချူးယွီကို ညင်သာစွာ ဆိုလိုက်သည်။ 

"ဖူကောရဲ့ အကြီးအကဲလို့ပြောတဲ့ ယောင်ကျင့်ကြံသူရဲ့ ရင်းမြစ်က ဘာလဲ..."

ချူးယွီက လေးနက်သော အကြည့်ဖြင့် ခေါင်းခါလိုက်သည်။ 

"ငါလည်း မသိဘူး..."

"မင်းတောင် မသိဘူးလား..."

ချောင်းယွင်က အံ့အားသင့်သွားလေသည်။ ချူးယွီမှာ ဤအပိုင်းတွင် အထူးပင် ဆတ်ဆတ်ထိမခံပါပေ။ 

သူတကယ်ကြီး ထိုးဖောက် မမြင်ရတဲ့ မိစ္ဆာတစ်ကောင် ရှိတယ်လား...

ချူးယွီက ခါးသက်စွာ ပြုံးလိုက်သည်။ သူကအသံကို လျော့ကာ ဆိုလိုက်သည်။

"ငါက အရာရာကို ထိုးဖောက်မြင်နိုင်တဲ့ မိစ္ဆာဖော်ထုတ်ရေး ကြေးမုံမဟုတ်ဘူး... အခုအချိန်မှာ ငါက ဖူကောဦးလေးဆီက မိစ္ဆာချီခပ်ဖျော့ဖျော့ကိုပဲ ခပ်ရေးရေး အာရုံခံမိတာ... ဒါပေမဲ့ သူ့ရဲ့ မူလပုံစံကို မမြင်နိုင်ဘူး..."

ထိုသို့ပြောလာသည်ဖြစ်ရာ ဤဖုန်းလွေ့ကျုံးမှာ ပို၍ပင် အထင်ကြီးစရာ ကောင်းပေသည်။ သူ့ကိုယ်ပေါ်တွင် မိစ္ဆာချီလုံးဝ မရှိပါပေ။ သူက ထိုနေရာတွင်ရပ်ကာ ဖူကော၏ အကြီးအကဲဖြစ်သည်ဟု ဆိုနေသည့် အချက်ကြောင့်သာမဟုတ်ပါက လူတိုင်းက သူ့ကို လူသားဟု ယူဆကြပေမည်။ 

၄င်းမှာ တစ်စုံတစ်ယောက်အား ကြောက်ရွံ့စေသည်အထိ အထင်ကြီးစရာကောင်းသော်လည်း သူတို့အား ဟန်ဆောင်နေမှုများအားလုံးကို ခွာချသွားအောင် ပြုလုပ်နိုင်ခြင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ပေသည်။

ကြွက်မိစ္ဆာ၏ အသံမှာ တုန်ယင်နေသည်။ 

"မင်း-မင်းက ဖူကျင့်ကြံသူရဲ့အကြီးအကဲလို့ ပြောတာနဲ့ပဲ သူ့အကြီးအကဲ ဖြစ်ရောလား... သက်သေက ဘယ်မှာလဲ..."

ဖုန်းလွေ့ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ကြွက်မိစ္ဆာ၏ ခေါင်းကို ရိုက်နှက်ကာ သူ့စိတ်ထဲမှ အနက်ရောင် အငွေ့တစ်ခုကို ထုတ်လိုက်သည်။ အငွေ့က သူ့လက်ထဲတွင် ဟိုဟိုဒီဒီ လိမ်ကောက်နေသည်မှာ လွတ်မြောက်ကာ သူ့လက်ထဲသို့ ထိုးဖောက်လိုနေသော်လည်း အချည်းအနှီးပင် ဖြစ်ပေသည်။ 

"ကြွက်တွေမှာက သတ္တိကြီးကြီး မရှိဘူးလို့ ငါအမြဲတမ်း ပြောတယ်... တစ်ယောက်ယောက်က တကယ်ပဲ မင်းအပေါ်မှာ အကန့်အသတ်တစ်ခု ချထားတာပဲ..."

သူ့လက်တစ်ချက်ညှစ်လိုက်ကာ အငွေ့က တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ထို့နောက် အထိန်းချုပ်ခံထားရသော ယောင်ကျင့်ကြံသူများက အသိစိတ်ပြန်ဝင်လာကြကာ သူတို့၏ ခန္ဓာကိုယ်များက ထိန်းချုပ်မှုအောက်ရောက်နေခြင်းကြောင့် သူတို့က ကျွမ်းချင်နှင့် ဖူလီကို အသရေဖျက်ခဲ့သည်ဟု ပြောဆိုလာကြပေသည်။

ယောင်အစည်းအရုံး ဝန်ထမ်း၏ မျက်နှာထက်မှ အမူအရာက သိသိသာသာပြောင်းသွားလေသည်။ သူက အမှန်တကယ်ပင် ထိုမိစ္ဆာအချို့ထားခဲ့သည့် ထိန်းချုပ်မှုကို သတိပြုမိရန် ကျရှုံးခဲ့ပေသည်။ 
နောက်ကွယ်ကကြိုးကိုင်သူရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်တောင် နက်နဲတာလဲ...

"ကျွန်တော်တို့ကို သတင်းပေးတာ ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ..."

သူက အလန့်တကြား တုန်ယင်နေသော ယောင်ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီးနောက် ကျွမ်းချင်နှင့် ဖူလီတို့အား တောင်းပန်ကာ သူတို့အား ခေါ်ထုတ်သွားလေသည်။

အခန်းထဲဝင်လာသည့် အချိန်မှစ၍ စကားအနည်းငယ်ထက် ပိုမပြောသော ဖူလီက ဖုန်းလွေ့ကျုံးကိုကြည့်ကာ ဆက်လက်တိတ်ဆိတ်နေပေသည်။ သူ့၏ အကြည့်အောက်တွင် မရဲတရဲဖြစ်ကာ ဖုန်းလွေ့ကျုံးမှာ သူ့၏ မျက်နှာအမူအရာမှတစ်ဆင့် ခံစားချက်အမှန်များကို ထုတ်မပြဝံ့သော်လည်း သူ့၏ မျက်နှာထက်မှ အပြုံးက ပိုပို၍ တောင့်တင်းလာပေသည်။ 

ဤအမူအရာမှာ ရှက်ရွံ့ခြင်းနှင့် အပြစ်ရှိမှုကို ပြသနေပေသည်။ 

ကျန်ရှိနေသူများက လေထုက တစ်ခုခုထူးဆန်းနေသည်ဟု ခံစားရ၍ ပါးပါးနပ်နပ်ဖြင့် အခန်းထဲမှ ထွက်သွားကာ ကျွမ်းချင်နှင့် ဖူလီကို ဤအကြီးအကဲကို သူတို့ကိုယ်တိုင် ဧည့်ခံရန် ချန်ထားခဲ့ကြသည်။ 

ချူးယွီ တံခါးပိတ်လိုက်သောအခါ ကျွမ်းချင်က သူ့အား အသံကူးပြောင်းရေး အရည်အချင်းကို အသုံးပြုကာ စကားပြောလာပေသည်။ 

"အဲ့ယောင်ကျင့်ကြံသူတွေရဲ့ နေရာကို စုံစမ်းပြီး တစ်ခုခုတွေ့မလားကြည့်လိုက်..."

ချူးယွီက ခေါင်းညိတ်လိုက်သည်။ သူက နောက်လှည့်ကာ လူတိုင်းကို တာဝန်များ ပေးအပ်လိုက်သည်။ ဤကိစ္စမှာ 'ဖြစ်ရိုးဖြစ်စဉ် အဖြစ်အပျက်'တစ်ခုဟု ထင်ရသော်လည်း အမှန်တရားမှာ အမုန်းတရားများဖြင့် ပြည့်နေပေသည်။ 
အဲ့ကြိုးကိုင်သူက ဘော့စ်ကိုတင်မဟုတ်ပဲ ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ပစ်မှတ်ထားနေတာဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခု ရှိတယ်...

တံခါးပိတ်သွားပြီး ဧည့်ကြိုအခန်းမှာ တိတ်ဆိတ်သွားလေသည်။ 

"ဦးလေးဖုန်း... ထိုင်ပါ..."

ဖူလီက သူ့မျက်နှာချင်းဆိုင်ရှိ တစ်ယောက်ထိုင်ခုံကို ညွှန်ပြလိုက်သည်။ 

ဖုန်းလွေ့ကျုံးက ခြောက်ကပ်ကပ်ရယ်ကာ ထိုင်ချလိုက်သည်။ 

"ငါလွန်ခဲ့တဲ့ ၂ရက်က လူသားလောကရဲ့ ငွေကြေးကို အပြည့်အဝနားလည်အောင် လုပ်ထားတယ်... ငါ တက္ကစီတားလိုက်တော့ ဒရိုက်ဘာကပြောတာက မင်းအလုပ်လုပ်တဲ့နေရာက အရမ်းထူးချွန်တယ်တဲ့... သူပြောတာက မင်းက ဘိုးဘေးတွေအတွက် ဘယ်လိုဂုဏ်ယူစရာကောင်းတယ်ဆိုတာတွေပဲ..."

ဖူလီက တိတ်ဆိတ်စွာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"ပြီး-ပြီးတော့ ငါမင်းအတွက် ပစ္စည်းတွေ အများကြီး ယူလာသေးတယ်... ဒါတွေက မင်းကြိုက်တဲ့ စားစရာတွေပဲ..."

ဖုန်းလွေ့ကျုံးက သူ့အိတ်ထဲမှ ပစ္စည်းပုံကြီးတစ်ခုကို ထုတ်ကာ စားပွဲတစ်ခုလုံးအား စိတ်ဝိညာဉ် အဆီအနှစ်များ၊ စိတ်ဝိညာဉ် သစ်သီးများနှင့် ရှားပါးဆေးပင်များမှ ပြုလုပ်ထားသည့် မွှေးကြိုင်သော ဆေးမျိုးစုံနှင့် ပြည့်နှက်သွားစေသည်။

ဖူလီက စကားမပြောလာသည်ကို မြင်ရာ ဖုန်းလွေ့ကျုံးက ပျာယာခတ်ကာ မဝံ့မရဲမေးလိုက်သည်။ 

"မင်းအရင်တစ်ခေါက်က ငါ့ကို လူသားကမ္ဘာက အရသာရှိတဲ့ အစားအသောက်တွေကို မြည်းစမ်းဖို့ ခေါ်သွားပေးမယ်ဆိုပြီး ပြောတာက အခုထိ အကျုံးဝင်သေးလား..."

သူ့၏ သတိကြီးကာ လေးနက်လှသော သွင်ပြင်မှာ ယခင်က ထည်ဝါမှုတစ်ခုမှပင် မရှိတော့ပါချေ။ 

ဖူလီ၏ လည်စလုတ်က ရွေ့လျားသွားလေသည်။ သူပြန်မဖြေခင်တွင် အချိန်အတန်ကြာအောင် ကုန်ဆုံးသွားလေသည်။ 

"ဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲ..."

ဖုန်းလွေ့ကျုံးမှာ ပျော်ရွှင်သော်လည်း ဖူလီက နောက်ဆုံးတွင် စကားပြောလိုစိတ်ရှိလာ၍ ရှက်ရွံ့နေပေသည်။ 

"အဲ့တုန်းက အရမ်း ဖရိုဖရဲတွေ ဖြစ်နေခဲ့တာ... ငါ အစက မင်းကို အတူခေါ်သွားချင်တာ... ဒါပေမဲ့...  ဒါပေမဲ့ မင်းလည်း ဝင်ပါလာမှာ ကြောက်လို့..."
သူက ဖူလီဘေးတွင် ထိုင်နေသော ကျွမ်းချင်ကိုကြည့်ကာ ပြုံးလိုက်သည်။ 

"ကံကောင်းတာက အဲ့အချိန်တုန်းက ငါ သူတို့စကားနားထောင်ပြီး မင်းကို အတူခေါ်မလာမိတာပဲ... အဲ့လိုမှမဟုတ်ရင် ငါမင်းကို အန္တရာယ် ပေးမိလောက်တယ်..."

ဖူလီ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားသည်။
"အစ်ကိုက ငါ့ကို မမှတ်မိချင်ယောင်ဆောင်ပြီး ဦးလေးလို့ခေါ်အောင်တောင် လှည့်စားလိုက်သေးတယ်... အစ်ကိုက တကယ်ကို အရှက်မရှိတာပဲ..."

"ကောင်စုတ်လေး... ငါကမင်းထက် နှစ်ပေါင်းသောင်းချီပိုကြီးတယ်လေ... ဦးလေးလို့မခေါ်ရင် ဘယ်လိုခေါ်မလို့လဲ..."

ဖုန်းလွေ့ကျုံးက သူ့မျက်နှာထက်တွင် မဝံ့မရဲသွင်ပြင်ရှိနေပေသည်။

"မင်းက သတိကိုမရှိဘူး... သူတို့ကိုကျတော့ ဦးလေးလို့ခေါ်ပေမဲ့ ငါ့ကိုကျ စာကလေးလို့ခေါ်ဖို့ပဲသိတယ်... ငါက မင်းအတွက် ဘာမှ မကောင်းဘူးလား..."

ဖူလီက မျက်လုံးများနီနေသော်လည်း အော်ရယ်လိုက်သည်။ သူက သူ့မျက်လုံးများကို လက်ဖြင့်ဖုံးအုပ်လိုက်သည်။ 
"ဘယ်သူက အစ်ကို့ကို တစ်ချိန်လုံး လူသားပုံစံမပြောင်းဖို့ ပြောလို့လဲ... အစ်ကို့အသံက ကလေးငယ်တွေနဲ့တောင် တူနေတာ... ကျွန်တော်က အစ်ကို့ကို အစ်မငယ်လေးလို့ မခေါ်တာကပဲ အတော်ကောင်းနေပြီနော်..."

ဖုန်းလွေ့ကျုံးက ဖူလီကို အပြုံးတစ်ခုနှင့် ကြည့်လိုက်ပေသည်။ မထင်မှတ်ထားစွာဖြင့် 'အစ်မငယ်လေး'ဟူသော စကားလုံးများက သူ့ကို ဒေါသမထွက်စေပါပေ။ 

ဖူလီက သူ့ကို အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။ ထိုအပြုံးမှာ နှစ်၂၀၀၀ကျော်ဖြတ်လာသည်မှာ ခွဲခွာခြင်းများနှင့် မရင်းနှီးမှုတို့က ဤအပြုံးနှင့် ရင်ဆိုင်ရသည့်အခါ ဘာမှမဟုတ်တော့သကဲ့သို့ပင်။

"ဒီနှစ်တွေမှာ... အဆင်ပြေရဲ့လား..."

ဖူလီ၏ အသံမှာ အနည်းငယ် ကြမ်းတမ်းနေသည်။ ကျွမ်းချင်က သူ့ပခုံးကို ပုတ်ကာ ထရပ်လိုက်သည်။ 

"ငါ လက်ဘက်ရည် သွားပြင်ပေးမယ်..."

ဖုန်းလွေ့ကျုံးမှာ ကျွမ်းချင်အခန်းထဲမှ ထွက်သွားသည်ကို အပြုံနှင့် ကြည့်လိုက်သည်။ 
"မဆိုးပါဘူး..."

သူက အသက်ရှင်အောင်လုပ်နိုင်ပြီး ဒီကောင်စုတ်လေးကို ပြန်တွေ့နိုင်တာပဲ... ဘယ်လိုလုပ်ပြီး မကောင်းရမှာလဲ...

ဖူလီက ပြုံးလိုသော်လည်း အားတင်းကာ ပြုံးလိုက်ရသည်။ သူက သူ့ကိုယ်သူ အနည်းငယ် ဂရုမစိုက်ဟန် ပေါက်စေရန်အတွက် နံရံပေါ်မှ ပန်းချီအား ခေါင်းလှည့်ကြည့်လိုက်သည်။

"ကျွန်တော်လည်း ဒီနှစ်တွေမှာ အဆင်ပြေပါတယ်..."

ဖုန်းလွေ့ကျုံးက ဖူလီဝတ်ထားသော အဝတ်စုတ်များကို ကြည့်လိုက်သည်။ သူ့နှလုံးသားမှာ မခံနိုင်အောင် နာကျင်လာပေသည်။ 

"ဘယ်လိုလုပ်ပြီး အဆင်ပြေရမှာလဲ... ဒီနှစ်တွေမှာ ငါတို့မှားခဲ့တာပါ... မင်းကို ဂရုမစိုက်ပဲ အခက်အခဲတွေ အများကြီး ကြုံရစေတာ ငါတို့အမှားပါ..."

"စာကလေး..."
ဖူလီက ရပ်တန့်လိုက်သည်။ 
"ဦးလေးဖုန်း..."

"အေး..."

ဖုန်းလွေ့ကျုံးက ပျော်ရွှင်စွာ သဘောတူသည့်အသံ ပြုလုပ်လိုက်သည်။ သူက လွန်ခဲ့သည့်နှစ်အနည်းငယ်အား ဖူလီသူ့အား ဦးလေးဟုခေါ်သည်ကို တွေးကာ ကုန်ဆုံးခဲ့၍ သူက အခက်အခဲများစွာ ကျော်ဖြတ်ပြီးနောက် ဖူလီသူ့ကိုယ်သူ ပြင်ဆင်သည်ကို ကြုံရပြီ ဖြစ်လေသည်။ သူက အလွန်ပျော်နေ၍ တောင်မှ မြောက်အထိပင် ပြောပြနိုင်ပေသည်။ 

"ကျွန်တော် ဒီနှစ်တွေမှာ တကယ် အဆင်ပြေပါတယ်... ကျွန်တော်က ဒီ-ဒီအတိုင်း ဦးလေးတို့ကို နည်းနည်း လွမ်းတာပဲ ရှိတာပါ..."
ဖူလီက ပြုံးလိုက်သည်။ 

"အဲ့တုန်းက ကျွန်တော်အိပ်ပျော်မသွားခင် ဦးလေးတို့က ကျွန်တော်နိုးလာတာစောင့်ပြီး လူသားလောကမှာ အတွေ့အကြုံနှစ်နှစ်ရအောင် ခွင့်ပြုမယ်လို့ ပြောခဲ့တာလေ... နိုးလာတော့ ဦးလေးတို့ အကုန်လုံး မိုးပြာနဂါးတွေ စားတာခံလိုက်ရပြီဆိုတဲ့ သတင်းကြားရမယ်လို့ မမျှော်လင့်ထားဘူး..."

"ဒါပေမဲ့ ဘယ်သူမှ ကျွန်တော်ကို မညာခဲ့ဘူး... ဦးလေးက ကျွန်တော်လူသားလောကထဲမှ နေတာ နှစ်နှစ်မပြည့်ခင် လာရှာတယ်..."

ဖူလီကခေါင်းမော့ကာ သူ့မျက်လုံးများ ကွေးသွားသည်အထိ ဖုန်းလွေ့ကျုံးကို ပြုံးပြလိုက်သည်။ 
"ဦးလေးတို့အားလုံးကို ထပ်တွေ့ရတာ ကောင်းလိုက်တာ..."

ဖုန်းလွေ့ကျုံးက ထရပ်ကာ ဖူလီကို ပွေ့ဖက်လိုက်သည်။ 

စာကလေးက ဓားသိုင်းမသင်လို၍ ဖူလီနှင့်အတူ ချုံပုတ်ထဲတွင်ပုန်းကာ ၄င်း၏ နူးညံ့သော တောင်ပံများကို အသုံးပြုပြီး သူ့ခေါင်းပေါ်သို့ ဖုန်များကျလာခြင်းမှ ကာကွယ်ပေးသကဲ့သို့ပင်။ 

ကျွမ်းချင်က ဧည့်ကြိုအခန်း၏ တံခါးကို ညင်သာစွာတွန်းဖွင့်လိုက်ကာ အခန်းထဲတွင် ဖက်နေသော အမျိုးသားနှစ်ဦး၏ မြင်ကွင်းနှင့် ဆုံသွားလေသည်။ မြင်ကွင်းမှာ အလွန်လှပ၍ ပန်းချီကားတစ်ချပ်နှင့်ပင် တူနေပေသည်။ 

သူ့စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သည်ဟု ခံစားရပေသည်။ သူက တံခါးကို ပိတ်ကာ နံရံကိုမှီပြီး  အသွားအလာလုပ်နေသော လုပ်ဖော်ကိုင်ဖက်များကို အမူအရာမဲ့ စိုက်ကြည့်နေလိုက်သည်။ သူက နှလုံးသားထဲတွင် ဖူလီနှင့် ဖုန်းလွေ့ကျုံးမှာ စီနီယာတစ်ဦးနှင့် ဂျူနီယာတစ်ဦးတို့၏ သာမန်ဆက်ဆံရေးရှိသည်ကို ကောင်းစွာနားလည်သော်လည်း သူတို့က သွေးမတော်ဟုတွေးလိုက်မိသောအခါ အရာရာဖြစ်နိုင်သည်ဟု ခံစားနေရဆဲ ဖြစ်ပေသည်။ 

ကျင့်ကြံခြင်းလောကတွင် တာအိုလက်တွဲ ဖော်များအဖြစ် ချည်နှောင်ထားကြသည့် ဆရာပည့်များစွာ ရှိပေသည်။ သို့သော် သွေးမတော်စပ်သည့် ဦးလေးနှင့် တူတို့အတွက်လည်း တာအိုလက်တွဲဖော်အဖြစ် ချည်နှောင်ရန် မထူးဆန်းပါပေ။ 

ကျွမ်းချင်က သူ့အတွေးများမှာ အလွန် ညစ်ညမ်းသည်ဟု ခံစားလိုက်ရပေသည်။ သူက ဖူလီအပေါ်တွင် ထိုကဲ့သို့ ရည်ရွယ်ချက်များရှိနေသည်နှင့် လူတိုင်းက မကောင်းသည့် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားသည်ဟု ခံစားနေရပေသည်။ 

၄င်းက ရှက်ရွံ့ဖွယ်ကောင်းကာ အဓိပ္ပာယ်မရှိပါပေ။

"မင်းက အရမ်းကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဖွဲ့ထားတာပဲ..."

ဖုန်းလွေ့ကျုံးက ဖူလီ၏ ခေါင်းနောက်ကို ပွတ်ပေးကာ ဖူလီအား အသံကူးပြောင်းပေးလိုက်သည်။ 

"အခုအချိန်တွေမှာ လူသားမျိုးနွယ်က တိုးပွားလာပြီး မိစ္ဆာမျိုးနွယ်က အားလျော့လာပြီ... သူက မိစ္ဆာဆိုပေမဲ့ အစွမ်းထက် သူတော်ကောင်းတရား ချီဓာတ်ကို ပိုင်ဆိုင်ထားတယ်... သူက ထူးခြားတဲ့ ကလေးပဲ..."

"ဦးလေး ဖုန်း... ငါက သူနဲ့ သူငယ်ချင်းလုပ်တာက အဲ့ဒါကြောင့်မဟုတ်..."

"ရှူး..."

ဖုန်းလွေ့ကျုံးမှာ သူ့လက်ညိုးကို နှုတ်ခမ်းဘေးတွင်ထားကာ ရှူးအသံတစ်ခု ပြုလုပ်လိုက်သည်။ သူက ခပ်ဖွဖွ ရယ်လိုက်သည်။ 

"အဲ့ဒါကို သိတာပေါ့... ဒါပေမဲ့ လူကြီးတွေက သူတို့ကလေးတွေကို အဖော်ကောင်းကောင်းရဖို့ မျှော်လင့်ကြတာလေ..."

ရှောင်လီရဲ့ ကံတရားမှာ ထူးခြားပေသည်။ သူတို့က ရှောင်လီ၏ ကံတရားကို မရေမတွက်နိုင်အောင် အာရုံခံကြည့်ပြီးပြီဖြစ်သည်။ အဆုံးသတ်ရလာဒ်မှာ အမြဲလိုလို ဖရိုဖရဲ မဟုတ်ပါက သေဆုံးခြင်း ဖြစ်လေသည်။ သူ ရှင်သန်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးမှာ ပြတ်တောင်းပြတ်တောင်းဖြစ်ကာ မထင်ရှားပါပေ။ ကျွမ်းချင်ကို သူတွေ့လိုက်သည့် နေ့တွင် အသက်ရှင်နိုင်ခြေကို ရှာတွေ့ပြီ ဖြစ်သည်ကို သိပေသည်။ ထို့ကြောင့်သာမဟုတ်ပါက သူက ကျွမ်းချင်အား စိတ်လှုပ်ရှားပြီး နတ်ဘုရား သားရဲ နဂါးပြာ၏အမွေ ဦးချိုပါသည့် ချမ့်ခွန်းအိတ်အား မည်သို့ မှားပေးပါမည်နည်း။

သို့သော် သူတော်ကောင်းတရားကြီးမားသည့် မိစ္ဆာက အမှန်ပင် ထူးခြားပေသည်။ သူက နဂါး နတ်ဘုရား အမွေ၏ လှုံ့ဆော်မှုအောက်တွင် သူ့၏ ကူးပြောင်းခြင်းကို အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ပြီး နတ်ဘုရား နဂါး၏ အမွေကို အပြည့်အဝပင် လက်ခံခဲ့ပေသည်။ 

သူက သူ့၏ တုံးအသော တူလေးက သူ့သူငယ်ချင်းမှာ နတ်ဘုရားနဂါးတစ်ကောင်၏ ခန္ဓာကိုယ်တစ်ဝက်ရှိနေသည်ကို မသိမည်သာ ကြောက်ရွံ့ပေသည်။ သို့သော် ယခုဖြစ်နေသော အရာများသည်လည်း ကောင်းပေသည်။ တစ်စုံတစ်ဦးက မိစ္ဆာဖြစ်စေ လူသားဖြစ်စေ စိတ်ရင်းနှင့် ဆက်ဆံခံလိုသော မည်သူမဆိုက တခြားသူကို စိတ်ရင်းဖြင့် ပြန်လည်ပေးအပ်ရပေမည်။

ဘာပဲပြောပြော ရှောင်လီက သူ့တူလေးဖြစ်ထိုက်ပါတယ်... သူလုပ်တာဆိုလို့ သူငယ်ချင်းတစ်ယောက်ဖွဲ့တာပဲကို… အဲ့သူငယ်ချင်းက မိစ္ဆာမျိုးနွယ်တစ်ခုလုံးအပေါ်မှာ ခေါင်းတစ်လုံးသာတဲ့ ကံတရားနဲ့ လူဖြစ်နေတာလေးပဲ... အဲ့ဒါက ခွန်အားပဲ... 

"ဦးလေး ဖုန်း... ဖူလီ..."

ကျွမ်းချင်က တံခါးခေါက်ကာ ဝင်လာပြီး လက်ဖက်ရည်သုံးခွက်ထည့်ထားသော လင်ဗန်းကို ချလိုက်သည်။ 

"ဦးလေးဖုန်းကို အရင်က ဖူလီရဲ့ အကြီးအကဲဆိုတာကို ကျွန်တော် မသိခဲ့ဘူး... ကျွန်တော် အပြုအမူ မတတ်ခဲ့ရင် ဦးလေးဖုန်းကို ခွင့်လွတ်ပေးဖို့ တောင်းပန်ပါရစေ..."

"မင်းက ယဉ်ကျေးလွန်းနေပါပြီ..."

ဖုန်းလွေ့ကျုံးက နွေးထွေးစွာ ပြုံးလိုက်သည်။
"မင်းက ရှောင်လီရဲ့ သူငယ်ချင်းကောင်း ဆိုတော့ ငါ့တူပဲပေါ့... မိသာစုတွေကြားမှာ ယဉ်ယဉ်ကျေးကျေးစကားတွေ ပြောနေစရာမလိုပါဘူး..."

သူက နတ်ဘုရား နဂါး၏ အမွေအနှစ်အကြောင်း မပြောသည်မှာ ထိုကဲ့သို့ အဖိုးတန်သော ပစ္စည်းကို ကျွမ်းချင်လက်ထဲသို့ ထည့်လိုက်သည်မှာ သူမဟုတ်သလိုပင်။ 

ဖုန်းလွေ့ကျုံးက သူ့အား နတ်ဘုရား နဂါး၏ အမွေကို ဖူလီကြောင့် ပေးလိုက်သည်ကို ကြည့်ကာ ကျွမ်းချင်က ထရပ်ကာ ဖုန်းလွေ့ကျုံးကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။