Chapter 147
"ရက်ရောလှတဲ့ လက်ဆောင်ကိုပေးတာ ဦးလေးဖုန်းကို ကျေးဇူးတင်ပါတယ်... ဒီဂျူနီယာက တော်တော် အကျိုးရလိုက်ပါတယ်..."
"ဒီကိစ္စရဲ့ နှလုံးသားက နှီးနွယ်မှုပဲ... ငါက ဒီနှစ်ထဲမှာ အဲ့ဒါကို ပေးဖို့ သင့်တော်တဲ့ နဂါး ရှာမတွေ့ခဲ့ဘူး... အဲ့တော့ မင်းလည်း ငါ့ကို အများကြီး အကူအညီပေးခဲ့တာပါ..."
ဖုန်းလွေ့ကျုံးမှာ အမှန်ဆိုနေခြင်းဖြစ်ပေသည်။ ကျွမ်းချင်က အမှန်ပင် သူ့ကို အနည်းငယ် အကူအညီပေးခဲ့ပေသည်။ ပထမတစ်ခုအနေဖြင့် သူက နဂါးပြာကို သူပေးခဲ့သော ကတိကို ဖြည့်ဆည်းပေးရန် ကူညီပေးပေသည်။ ဒုတိယအနေဖြင့် ကျွမ်းချင်က ဖူလီသူ့အား မုန်းတီးခြင်းမှ ကယ်တင်ပေးပေသည်။
သို့သော် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် မည်သူကမှ နဂါးပြာ၏ အမွေက သူ့လက်ထဲတွင် ရှိသည်ကို မသိခဲ့ပါပေ။ သူက ကျွမ်းချင်ကို အမွေ'ပေးခဲ့သည်'ဆိုသည်ကို သိနိုင်သည်က ပို၍ပင်နည်းပေမည်။ သို့ဖြစ်၍ ဤကိစ္စကို သူတစ်ယောက်တည်း သိမ်းထားသည်က ပိုကောင်းပေသည်။
ဖုန်းလွေ့ကျုံး မာနကြီးခဲ့စဉ်က သူသည် အလွန် ရန်စတတ်ပြီး မိစ္ဆာများစွာက သူ့ကို သေသည်အထိ ရိုက်ချင်နေပေသည်။ သို့သော် သူတစ်စုံတစ်ယောက်ကို ကောင်းကောင်း ဆက်ဆံလိုပါက သူက ထိန်ချန်ထားခြင်း အနည်းငယ်ပင် မရှိပဲ ပြုလုပ်ပေးမည် ဖြစ်ပေသည်။ သူကဲ့သို့ မိစ္ဆာတစ်ဦးက သန်မာသော ခံစားချက်ရော လိုအင်ရော မရှိသလို ကလေးလည်း ရှိမည်မဟုတ်ပါပေ။ သူ့နှလုံးသားထဲတွင် ဖူလီက သူ့ကလေးနှင့် ညီမျှပေသည်။
ကိုယ့်ကလေးရဲ့ အားနည်းချက်တွေကို ကာကွယ်ပေးတာက ဘယ်လိုလုပ်ပြီး လိမ်တယ်လို့ ပြောလို့ရမှာလဲ...
သို့ဖြစ်၍ သူက ကျွမ်းချင်မှာ ဖူလီနှင့် အသားကျနေပြီဖြစ်ကာ သူက သဘာဝအတိုင်းပင် ကျွမ်းချင်ကို ကောင်းကောင်းဆက်ဆံပေသည်။ ဖူလီ သူ့၏ လူသားအိမ်မွေးအကောင်လေးကို ပြန်ခေါ်လာသည့် နှစ်ကကဲ့သို့ပင်။ လူတိုင်းက သူသည် ဖူလီနှင့် အသားကျနေပြီကို သိသောအခါ သူတို့က သဘာဝအလျောက်ပင် သူ့အား ကျေကျေနပ်နပ်ထောက်ခံမှု ပြသလိုပေသည်။
သူတို့မျက်လုံးထဲတွင် သတ္တဝါများအားလုံးက တူညီပေသည်။
ဖူလီမှလွဲ၍ မည်သည့် အသက်ပုံစံမဆိုသည် ဖူလီနှင့် ပတ်သတ်ပေသည်။
နေ့လည်ခင်းတွင် ကျွမ်းချင်က စကားလက်ဆုံကျနေသော ဖုန်းလွေ့ကျုံးနှင့် ဖူလီကို ပြောလိုက်သည်။
"နေ့ခင်းရောက်တော့မယ်... ဖူလီ... ဦးလေးဖုန်းကို အရင်ဆုံး နေ့လယ်စာစားဖို့ ခေါ်သွားရအောင်..."
"ဟုတ်ပြီ..."
ဖူလီက ခေါင်းညိတ်ပြသည်။
"ဦးလေးဖုန်း သွားစို့..."
ဖူလီ၏ သူ့အပေါ် စိတ်ထားမှာ ထိုအချိန်တုန်းကနှင့် ဆန့်ကျင်ဘက်ဖြစ်လာသည်ကိုမြင်ကာ ဖုန်းလွေ့ကျုံးက အလွန်ပျော်နေပေသည်။
"ရှောင်လီ... နောက်ဆိုရင် ဦးလေးက မင်းကို မလိမ်လဲ မလိမ်တော့ဘူး ဘာမှမပြောပဲလဲ ထားမသွားတော့ဘူးနော်..."
ဖူလီက ပြုံးလိုက်သည်။
"ဟုတ်ပါပြီ..."
သူတို့သုံးဦးက အောက်ထပ်ဆင်းလာကာ လန့်ကန်းသစ်ပင်ကိုဖြတ်သွားရာတွင် သစ်ပင်က ပြင်းပြင်းထန်ထန် ခါယမ်းနေပေသည်။ ၄င်း၏ နွယ်များက ကျူးယွီသစ်သီးများကို ရစ်ပတ်ကာ ဖုန်းကွေ့ကျုံးဆီသို့ ဆက်သနေပေသည်။
ဖူလီက နွယ်ပင်များနှင့် ကျူးယွီသစ်သီးများကို အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။
"ဦးလေးဖုန်း... အဲ့အသီးတွေက အရသာရှိတယ်... မြည်းကြည့်ပါလား..."
ဖုန်းလွေ့ကျုံးက တံတွေးမျိုချကာ လက်မဆန့်ထုတ်ရဲပဲ ဖြစ်နေလေသည်။
"ဖုန်းဟွမ်..."
ခေါင်းသုံးလုံးမျိုးနွယ် တထုန်ဖာက ဖူချန်သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ဖုန်းလွေ့ကျုံးရှေ့တွင် စိတ်လှုပ်ရှားစွာ ဒူးထောက်လိုက်လေသည်။
"သခင်ကြီးဖုန်းဟွမ်... ကျွန်တော့်ရဲ့ မျိုးနွယ်တူတွေနဲ့ ကျွန်တော်က သခင်ကြီးကို စောင့်နေတာ..."
တခြားသော မျိုးနွယ်တူ ကျုံးဖာနှင့် ရှောင်ထုံဖာနှစ်ဦးသည်လည်း ဖုန်းလွေ့ကျုံးရှေ့တွင် ဒူးထောက်လိုက်ကြသည်။
ဖုန်းလွေ့ကျုံး : ...
သူက ခေါင်းမော့ကာ ဖူလီကို ကြည့်လိုက်သည်။
" ရှောင်လီ... ငါရှင်းပြပါမယ်..."
ဖူလီက စကားမဆိုပဲ ပြုံးလိုက်သည်။
"လူငယ်လေး... မင်းက တကယ်မြင့်မြတ်တဲ့ လူပဲ... မင်းက သခင်ကြီးဖုန်းဟွမ်ကို ငါတို့ မျိုးနွယ်ကိုယ်စားရှာလာပေးတယ်... အခုကစပြီး မင်းက ငါတို့ ခေါင်းသုံးလုံးမျိုးနွယ်စုရဲ့ အထူး ဧည့်သည်တော်ပဲ..."
တထုန်ဖာက ဖူလီကို အလေးအနက် အရိုအသေးပေးကာ သူ့၏ မျက်လုံး၆လုံးက ကျေးဇူးတင်ခြင်းတို့ဖြင့် ပြည့်နှက်နေလေသည်။
ဖူလီက ထွက်ရပ်လိုက်ပြီး သူ့ခေါင်းတစ်လုံးကို ပွတ်ပေးလိုက်သည်။
"ရပါတယ်..."
သူက လန့်ကန်းသစ်ပင်၏ အနွယ်များမှ ကျူးယွီသစ်သီး ၂လုံးကို ယူကာ ကျွမ်းချင်နှင့် ခွဲဝေပြီး ဖြည်းညင်းစွာ စားလိုက်ပေသည်။
"ဦးလေးဖုန်း... သူတို့က လွန်ခဲ့တဲ့ ၂လကျော်လောက်က ဖူချန်သစ်ပင်ပေါ်မှာ မွေးလာတာလေ..."
လွန်ခဲ့သည့် ၂လကျော်ကမှ မီးထဲမှ ပြန်ထလာသော ဖုန်းလွေ့ကျုံး : ...
သူက ဤကလေးငယ်အား ချော့မော့ရန် မည်သည့်အရာရှိနေလဲဆိုသည်ကို ပိုတွေးသင့်ပေသည်။
"ကျွန်တော် အပြင်မှာစောင့်နေမယ်..."
ဖူလီက ကျွမ်းချင်၏ အင်္ကျီလက်ကို ထိလိုက်သည်။
"နဂါးလေးကျွမ်း... သွားစို့..."
ကျွမ်းချင်က ဖုန်းလွေ့ကျုံးကို တောင်းပန်သည့် အပြုံးတစ်ခု ပြုံးပြပြီး တုံ့ဆိုင်းခြင်း မရှိပဲ ဖူလီနှင့် ထွက်လာပေသည်။ နှစ်သိမ့်သည့် စကားတစ်ခွန်းပင် ထွက်မလာပါချေ။
ဖုန်းလွေ့ကျုံး : ...
ဖူလီက ရုံးအဆောက်အဦးပြင်ပသို့ လျှောက်သွားလိုက်ပြီး ကောင်းကင်တွင် မြောနေသော နှင်းပွင့်များကို ကြည့်လိုက်သည္။
"နဂါးလေးကျွမ်း..."
"အင်း..."
ကျွမ်းချင်က သူ့ကို လှည့်ကြည့်လာသည်။
"ငါအရမ်းပျော်တယ်..."
"အင်း..."
ကျွမ်းချင်က ခေတ္တမျှတုံ့ဆိုင်းနေပြီး လက်တစ်ဖက်ဆန့်ကာ သူ့ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။
ဗီလာထဲရှိ နှစ်သစ်ကူး ကုန်ပစ္စည်းများနှင့် ကာရံညီနှစ်ကြောင်းစပ်ဗျာနှင့် ယခုအထိ ကူးမထည့်ရသေးသော 'ဖူ'စကားလုံးကို တွေးမိရာ ကျွမ်းချင်က စိတ်ထဲတွင် ရယ်သံဖွဖွတစ်ခုကို ပြုလုပ်လိုက်သည်။ ဖူလီမှာ သူ၏ ဆွေမျိုးများကို တွေ့သွားပြီ ဖြစ်ရာ သူတို့နှင့် မကြာမကြာဆုံမည် ဖြစ်ပေသည်။ မည်သည့်ကိစ္စတွင်မဆို သူမွေးသည့်နှစ်နှင့် အမေနှင့်အတူ နှစ်သစ်ကူးကို ဆင်နွှဲရသည့် နှစ်မှလွဲ၍ သူက လူသားများ ပြုလုပ်ထားသော ပိတ်ရက်များကို မဆင်နွှဲတော့၍ ၄င်းက အရေးမပါပေ။
ဟိုတယ်သို့ ရောက်ပြီးနောက် ကျွမ်းချင်က ဟင်းပွဲ တစ်စားပွဲအပြည့်မှာလိုက်သည်။ သို့သော် ဖုန်းလွေ့ကျုံးက အနည်းငယ် စိတ်မအေး ဖြစ်နေပေသည်။
" ရှောင်လီ... ငါတို့က မင်းကို တမင်ကြီး လိမ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး... အဲ့တုန်းက ငါတို့မှာ တခြားရွေးချယ်စရာမရှိလို့ပါ..."
ဖုန်းလွေ့ကျုံးက စိတ်မအေးဟန်ကို ဆင်မြန်းထားသည်။ သူက ဖူလီစိတ်ဆိုးမည်ကို ကြောက်သော်လည်း ကိစ္စရပ်များကို အသေးစိတ်ပြောပြ၍ မရပါပေ။ ဟင်းပွဲ တစ်စားပွဲအပြည့်နှင့် ရင်ဆိုင်ရသော်လည်း သူက တူများကို ရွှေ့လျားရန် စိတ်မပါနေပါချေ။
"ကျွန်တော် အစ်မကျူးယွဲ့နဲ့ တွေ့ပြီးပြီ..."
ဖူလီက ရုတ်တရက် ဆိုလိုက်သည်။
"သူမက အခု ဦးလေးနဲ့ အတူရှိနေလား..."
ဖုန်းလွေ့ကျုံးက ဖူလီကို ကြောင်ငေးကြည့်နေလေသည်။ သူ့မျက်နှာထက်မှ ပျော်ရွှင်မှုက ဖုံးဖိမရနိုင်ပါပေ။
"သူ အသက်ရှင်နေသေးတာလား..."
"အင်း..."
ဖူလီက ခေါင်းညိတ်ပြလိုက်သည်။ သူက ပန်းကန်ထဲသို့ ဟင်းချိုတစ်ပန်းကန် ထည့်ကာ ကျွမ်းချင်ကိုလည်း ထည့်ပေးလိုက်သည်။
"ဦးလေးတို့အားလုံး ဘာလို့ ကျွန်တော့်ကို အမှောင်ထဲမှာ ထားထားချင်လဲ မသိပေမဲ့ အဲ့ဒါကို ကျွန်တော်သိနေတာက ဦးလေးတို့အားလုံးအတွက် အဆင်မပြေရင် အဲ့ဒါကို ကျွန်တော်မသိတဲ့ ကိစ္စတစ်ခုလိုပဲ ထားလိုက်ပါမယ်..."
"ဘာပဲဖြစ်ဖြစ် စာကလေးတွေက သေးသေးလေးမို့ မရှိမဖြစ် အင်္ဂါမရှိဘူး..."
ဖူလီက ပြုံးလိုက်သည်။
"ခြားနားချက်မရှိပါဘူး..."
ဖုန်းလွေ့ကျုံးက ဖူလီကို ကြည့်ကာ သူ့ခံစားချက်က ရှုပ်ထွေးသွားလေသည်။ ဖူလီက သူနှင့်အလွန် ရင်းနှီးနေသေးသော်လည်း သူတို့မရှိခဲ့သည့် နှစ်၂၀၀၀နီးပါးတွင် ဖူလီက အများအပြားရင့်ကျက်လာသည်ကို ဝန်မခံ၍ မရပါပေ။
သူတို့ချစ်မြတ်နိုးခဲ့ရသည့် ကလေးငယ်လေးက သူတို့မျှော်မှန်းထားသည်ထက် ပို၍ ရင့်ကျက်လာပေသည်။ ကံမကောင်းစွာဖြင့် သူတို့က ထိုဖြစ်စဉ်တွင် ခွဲခွာနေခဲ့ရပေသည်။
"တကယ်တော့ အဲ့အိမ်အစုတ်ကြီးမှာ နောက်ထပ် အသက်ရှင်နေတဲ့ လူတစ်ယောက်ရှိသေးတယ်..."
ဖုန်းလွေ့ကျုံးက တွေးတောကာ သူ့၏ အဖွဲ့သားကို ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်သည်။
"ငါတို့တောင်ရဲ့ ဘုရင်ကြီးလည်း အဲ့မှာ ရှိနေတယ်..."
"တကယ်ကြီး..."
ဖူလီက ပျော်ရွှင်စွာ ဆိုလိုက်သည်။
"အဲ့ဒါဆိုရင် အဲ့နေ့က သူက ဘာလို့ ကျွန်တော်ကို ထွက်မတွေ့တာလဲ..."
"သူက... မတွေ့ရဲလို့နေမယ်..."
ဖုန်းလွေ့ကျုံးက တွေးတောလိုက်သည်။
"လူသားလောကမှာ 'အိမ်နဲ့နီးလေ ကြောင့်ကြများလေလေ'ဆိုတဲ့ စကားပုံတစ်ခုရှိတယ်လေ... ငါတို့လူကြီးတွေက မင်းနဲ့တွေ့ဖို့ကို ရှက်နေကြတာ... မင်းသာကောင်ကောင်းနေနေရင် ငါတို့က စိတ်အေးအေး နားနေနိုင်ပြီ..."
အိမ်ရှိ လူကြီးများ အားလုံးမှာ သူတို့၏ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကလေးကို အိမ်တွင် ပစ်ထားပြီး သူ့တို့အသက်ကို ကယ်တင်ရန် သေဟန်ဆောင်နေကြပေသည်။ သူတို့က ထိုအချိန်တွင် အသက်ရှင်နိုင်သည်လား မသေချာသော်လည်း ကလေးငယ်၏ ရှေ့တွင် ပေါ်လာရန် ယုံကြည်ချက် အမှန်တကယ် မရှိခဲ့ပါပေ။
ဖူလီ၏ အပြုံးက ပို၍ပင် တောက်ပလာလေသည်။
"အဲ့ဒါဆိုရင် နောက်ကျမှ ကျွန်တော် ဘုရင်ကြီးဆီကို သီးသန့်လာလည်ဦးမယ်..."
ဘုရင်ကန်းလေ့မှာ လက်ရှိတွင် အမျိုးသမီး အဖော်များကိုမွမ်းမံရန် မှော်ကိရိယာများကို အသုံးပြုနေသည်ဖြစ်ရာ သူ့ခေါင်းတစ်ခုလုံးမှာ ဖူလီအတွက် အမျိုးသမီးအစောင့်အများအပြားကို မွမ်းမံရန်သာ သိမ်းပိုက်ထားပေသည်။ ထိုအချိန်တွင် သူက သူ့အဖွဲ့သား၏ ရောင်းထုတ်ခြင်းကို ခံလိုက်ရပြီဟူသော အချက်ကို သတိမမူမိပဲ ရှိနေပေသည်။
သူတို့ စားသောက်ပြီးခါနီးတွင် ဖူလီက သီးသန့်ခန်းမှ ထွက်လာလိုက်သည်။
ဖုန်းလွေ့ကျုံးက သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကျွမ်းချင်ပေါ်တွင် နှိုင်းယှဉ်မရနိုင်သော မင်္ဂလာချီဓာတ်တစ်ခုကို အာရုံခံမိလေသည်။ သူ့မျက်နှာထက်တွင် အပြုံးတစ်စကို မြင်နိုင်ပေသည်။
"ရှောင်လီကို ဒီအတောအတွင်းမှာ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် နဂါးဧကရာဇ်..."
"ဦးလေးဖုန်းမှာ ကန့်ကွက်စရာမရှိရင် ကျွန်တော့်ကို နာမည်ပဲ တပ်ပြီးခေါ်ပါ..."
ကျွမ်းချင်က တူကိုချလိုက်ကာ သူ့နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။
"သူနဲ့ ကျွန်တော်က တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးတာပါ... ကျွန်တော်ကို ကျေးဇူးတင်စရာ ထွေထွေထူးထူးမရှိပါဘူး... ဦးလေးက ယဉ်ကျေးလွန်းနေပါပြီ ဦးလေးဖုန်း..."
ဖုန်းလွေ့ကျုံး၏ ကျွမ်းချင်အပေါ် ထင်မြင်ချက်ကောင်းမှုမှာ ထိုစကားလုံးများကြားပြီးနောက် ပို၍ပင် နက်ရှိုင်းသွားသည်။ လူကြီးများ၏ မျက်လုံးထဲတွင် ခင်မင်မှုကို အလေးထားသော ဂျူနီယာများက အမြဲတမ်းပင် ကျေနပ်စရာကောင်းပေသည်။
ဖူလီ ပြန်လာသောအခါ ကျွမ်းချင်နှင့် ဖုန်းလွေ့ကျုံးကြားရှိလေထုက အတန်ပင် ကောင်းနေပေသည်။ နဂါးများနှင့် အမွေတစ်ခုအကြောင်းကိုပင် ပြောဆိုနေကြပေသည်။ သူ ဝင်လာသည်ကို မြင်ရာ ဖုန်းလွေ့ကျုံးက ဆိုလိုက်သည်။
"ဒီကလေး ရှောင်ကျွမ်းက အတော်လေးကောင်းတယ်..."
"သူအရမ်းကောင်းတာ ကျွန်တော်သိပါတယ်... ဒါပေမဲ့ ဦးလေးတို့ ဘာတွေ ပြောနေကြတာလဲ... အခန်းထဲမှာ အရံအတားတစ်ခုတောင် ချထားတယ်..."
ဖူလီက အခန်းထဲသို့ ဝင်လာရာ အထဲတွင် အသံလုံအရံအတားတစ်ခုရှိနေသည်ကို တွေ့သွားလေသည်။ ကံကောင်းစွာဖြင့် ဤနေရာရှိ စားပွဲထိုးများက အခန်းထဲသို့ အရမ်းဝင်မလာပါပေ။ သို့မဟုတ်ပါက သူတို့က သူတို့နှစ်ဦးမှာ သရုပ်ဖော်ရှိုးတစ်ခုကို ပြသနေသကဲ့သို့ ထင်နိုင်ပေသည်။
"မင်းက ငယ်သေးတော့ နံရံတွေမှာ နားတွေရှိတယ်ဆိုတာ နားမလည်ဘူး..."
ဖုန်းလွေ့ကျုံးက အရံအတားကို ဖယ်ရှားလိုက်ပြီး ပျော်ရွှင်စွာ ဆက်လက်စားနေလေသည်။ နောက်ပိုင်းတွင် တောင်ဘုရင်ကြီး ကြုံရမည့်အခြေအနေကို တွေးမိရုံဖြင့် အလွန်ခံစားချက်ကောင်းနေပေသည်။ သာမန်လူသားအစားအသောက်သည်ပင် အနည်းငယ်ပို၍ အရသာရှိလာပေသည်။
သူတို့သုံးဦး ထွက်သွားသည့်အခါ ဖုန်းလွေ့ကျုံးသည် ဖူလီက လူသားတစ်ဦးထံမှ ထူးဆန်းသော သေတ္တာအဝိုင်းလေးတစ်ခုကို ယူလိုက်သည်ကို တွေ့လိုက်ပေသည်။ သူက ထိုထဲတွင် ဘာပါသည်ကို လုံးဝ မသိပါပေ။
ဖူလီ သရဲခြောက်သည့်အိမ်ကို လာလည်ပြီးနောက် ဖုန်းလွေ့ကျုံးက သူ့၏ သရုပ်မှန် စာရင်းသွင်းခြင်းကို ပြီးမြောက်ကာ တောင်ကြီးတစ်တောင်၏ ထိပ်သို့ ရွေ့လိုက်သည်။ တောင်ပေါ်တွင် ရှိနေသော သာယာလှသည့် ထည်ဝါမှုကို ကြည့်ကာ ဖူလီက ၄င်းမှာ တရားမဝင် အဆောက်အဦးတစ်ခုဟု ပြောလိုသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားရပေသည်။
သူ ကျွမ်းချင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူ၏ အမူအရာမှာ သာမန်ဖြစ်ပေသည်။ သူက ၄င်းမှာ 'တရားမဝင် အဆောက်အဦး'တစ်ခု ဖြစ်နေသည်ဟူသော ပြဿနာကို မစဥ်းစားသည်လည်း ဖြစ်နိုင်ပေသည်။ သို့ဖြစ်၍ ဖူလီက ဆုံးဖြတ်ချက်တစ်ခုချကာ ထိုအကြောင်းအရာကို နောက်ပို့ထားလိုက်သည်။
"ဒီရွှေရောင်လွင့်မျောနန်းတော်က အစက မင်းအတွက် လုပ်ထားတာ... မင်း နိုးလာပြီးရင် လူသားကမ္ဘာကို သွားပြီး အတွေ့အကြုံယူချင်တယ်လို့ပြောတုန်းက မင်း လူသားတွေရဲ့ အိမ်မှာ သက်သောင့်သက်သာ မဖြစ်မှာကို ငါကစိုးရိမ်လို့ ဘုရင်နဲ့ ငါက လွင့်မျောနန်းတော်တစ်ခု လုပ်ခဲ့တာ..."
ဖုန်းလွေ့ကျုံးက လက်တစ်ဖက်ဖြင့် နန်းတော်တံခါးများကို ခေါက်လိုက်ရာ တံခါးများက ပွင့်လာလေသည်။ တံခါးများနောက်တွင် အဆောက်အအုံကြီးများ၊ နှိုင်ယှဉ်စရာမရှိလောက်သည့် လက်ရာမြောက်မှုတစ်ခုနှင့်အတူ မှော်ရတနာများမှ မွမ်းမံထားသော အပျိုစင်အစောင့်များက လျှောက်သွားနေပေသည်။
အလှအပအရာတွင် ပြိုင်စံရှားလှသည့် နန်းတော်တစ်ခုကို တွေ့လိုက်ရာ ဖူလီဘေးတွင် လမ်းလျှောက်နေသော ကျွမ်းချင်က ထိုနှစ်က အဖြစ်အပျက်သာ မဖြစ်ခဲ့ပဲ ရောင်ပြန်မြူတောင်၏ မဟာမိစ္ဆာများသည် ဤမျှ နှံ့နှံ့စပ်စပ် ပြင်ဆင်ပေးထားပါက ဖူလီက လူသားလောကမှ မည်သည့်အတွေ့အကြုံကိုရမည်ကို အလွန်သံသယဝင်လာပေသည်။
"မဟာဘုရင်က အဲ့အိမ်မှာ ပုန်းပြီး မင်းကိုကြည့်နေကတည်းက အဲ့နှစ်က သူ မွမ်းမံတာမပြီးလိုက်တဲ့ အပျိုစင် အစောင့်တွေကို တွေးမိနေတာ... သူက လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ နတ်ဘုရား မီးတောက်ခန်းမထဲမှာပဲ ဆက်တိုက်နေပြီး ထွက်မလာဘူး..."
ဖုန်းလွေ့ကျုံးက ဖူလီကို အဓိကခန်းမဆီသို့ ခေါ်မလာပဲ ဘယ်သို့ကွေ့ရန် ရွေးချယ်လိုက်သည်။
ဝိညာဉ်စုစည်းအအစီအရင်တစ်ခုက လွင့်မျောနန်းတော်ဆီသို့ ထပ်ပေါင်းထည့်ခံရကာ ဝိညာဉ် ချီဓာတ်က ပေါများလာသည်။ အထဲရှိ အပင်နှင့် ပန်းများသည်ပင် အပြင်မှ အရာများထက် ပို၍ အသက်ဝင်နေဟန်ရပေသည်။
လွင့်မျောနန်းတော်ထဲတွင် နတ်ဘုရား နန်းတော် ခန်းမက လက်နက်များ သွန်းလုပ်ရန် သီးသန့်အသုံးပြုလေသည်။ ကျွမ်းချင်က ဖူလီမှာ လက်နက်များ ပြုလုပ်ရာတွင် မထူးချွန်သည်ကို သတိရသွားသည်။ သဘာဝအလျောက်ပင် သူက ဆေးဖော်ခြင်း၌လည်း မထူးချွန်ပါပေ။ သို့သော် လမ်းတစ်လျှောက်တွင် သူက ဆေးဖော်စပ်ရန်နှင့် တိုက်ခိုက်ရေး လေ့ကျင့်ကွင်းအဖြစ် အသုံးပြုသော အမွှေးနံ့သာ ဆေးခန်းမ ကို တွေ့ခဲ့ပေသည်။ ကျွမ်းချင်ကဖုန်းလွေ့ကျုံး၏နောက်ကျောကို စိတ်လှုပ်ရှားဟန်ဖြင့် ကြည့်လိုက်သည်။
ထိုမဟာမိစ္ဆာများ၏ နှလုံးသားထဲတွင် သူတို့က ဖူလီနှင့် ခွဲခွာရန် အလွန် ဆန္ဒမရှိနေသည်ဖြစ်၍ သူတို့ပြုလုပ်ထားသည့် လွင့်မျောနန်းတော်ထဲတွင် သူတို့လိုအပ်သော အထောက်အပံ့ပစ္စည်းအများအပြား ရှိနေဆဲ ဖြစ်သည်။
သူတို့ ခွဲခွာရန် ဆန္ဒမရှိသော်လည်း နောက်ဆုံးတွင်မူ နှစ်၂၀၀၀တိုင်တိုင် ခွဲခွာခဲ့ရသည်။ ၄င်းက ကံတရားပင် ဖြစ်လေသည်။