🐰Chapter 149🐉
အတူတကွ
"ဖူလီက သူ့အကြောင်း မင်းကို ပြောဖူးတယ်လား..."
ဖုန်းလွေ့ကျုံးက ပြုံးလိုက်သည်။ လက်ဘက်ရည်အိုးကို ကောက်ကိုင်ကာ သူက ကျွမ်းချင်ကို လက်ဘက်ရည်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
"ဒီလက်ဖက်ရွက်တွေက နှစ်၂၀၀၀ သက်တမ်းရှိတဲ့ ချန်မင်းဆက် လက်ဖက်ရည်ပဲ... ဒါပေမဲ့ သူတို့ကို ချမ့်ခွန်းအိတ်ထဲမှာ လတ်လတ်ဆတ်ဆတ်သိမ်းထားတာ.. သောက်ကြည့်..."
ကျွမ်းချင်က လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ အရသာမခံပဲ သူက ဆက်မေးလိုက်သည်။
"သူက ဖူလီအတွက် အရမ်း အရေးပါတယ်လား..."
"ရှောင်လီက အရမ်းတာဝန်သိတတ်တဲ့ ပိုင်ရှင်ပါ... ပြီးတော့ အဲ့ဒါက သူ့ရဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော အိမ်မွေးကောင်လေ..."
ထိုလူသားအကြောင်းပြောဆိုရာတွင် ဖုန်းလွေ့ကျုံး၏ အသံတွင် ခံစားချက်အများအပြားမရှိပါပေ။
"ကံမကောင်းတာက အဲ့လူသားက ကန့်သတ်ထားတဲ့ ဘဝသက်တမ်းရှိပြီး အဖျားကြောင့် မသေဆုံးသွားခင်အထိ ငါးနှစ်ထက်ပိုပြီး ရှောင်လေးရဲ့ဘေးမှာ မရှိခဲ့ဘူး..."
ကျွမ်းချင်က သူဖူလီကို သိစအချိန်က လစန္ဒာပေါင်းကူးဟိုတယ်ပြင်ပတွင် မြေအောက်ကမ္ဘာ၏ ယင်းချိုင်ခေါင်းဆောင်နှင့် ဖူလီတို့ကြားမှ စကားဝိုင်းကို ထပ်မံ ပြန်သတိရသွားလေသည်။
"ရှောင်လီက သူ့ကို မြေမြှုပ်ပြီးတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာလေ..."
ဖုန်းလွေ့ကျုံး၏ မျက်ခွံထောင့်များက နီရွှေရောင် ဖျော့ဖျော့သန်းနေလေသည်။ သူက ခေါင်းငုံ့ပြီး လက်ဖက်ရည်ခွက်များကို လှုပ်ရှားလိုက်သောအခါ မာနကြီးကာ အေးစက်ဟန် ပေါ်လေသည်။
ကျွမ်းချင်က ဖူလီပြောဖူးသည့် ပျော်တတ်သော စာကလေးငှက်လေးနှင့် သူ့ကြားမှ တူညီမှုကို ရှာမတွေ့ပါပေ။
"လူသားတွေမှာ 'နတ်ဘုရား အစီအစဉ် တွေက ငါတို့ကိုယ်ပိုင်ကို အစားထိုးတယ်'ဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ်... ငါတို့က ကောင်းကင်ဘုံ စည်းမျဉ်းရဲ့ မျက်စိအောက်က ပုန်းနေတယ်လို့ တွေးနေတုန်းမှာပဲ မိုးပြာနဂါးမျိုးနွယ်က အတ္တဆန်ဆန် ဖရိုဖရဲတွေ ဖြစ်အောင်လုပ်ပြီး ဝေ့မြစ်တစ်ခုလုံးကို ဧရိယာအများကြီး ရေကြီးသွားစေတယ်... မရေမတွက်နိုင်တဲ့ လူတွေက ရေကြီးလို့ သေခဲ့ရတယ်..."
ဖုန်းလွေ့ကျုံး၏ အသံမှာ အေးစက်နေပေသည်။
"ငါတို့က တောင်တွေထဲမှာ ပုန်နေပြီး ထွက်မလာရင် ကပ်ဘေးရောက်ရဲ့လူအရေအတွက်က ပိုတိုးလာမှာ... ဒါပေမဲ့ ငါတို့က မိုးပြာနဂါးမျိုးနွယ်ကို တားဖို့ ထွက်သွားရင် ကောင်းကင်ဘုံ စည်းမျဉ်းက ငါတို့ကို သေချာပေါက် ရှာတွေ့သွားမှာ..."
"ကောင်းကင်ဘုံစည်းမျဉ်းက ကမ္ဘာပေါ်က အစွမ်းထက် ယောင်ကျင့်ကြံသူတွေရဲ့ ဖြစ်တည်မှုကို သည်းမခံတော့ဘူး... အဲ့ဒါက မှော်ပညာမပါတဲ့ ခေတ်တစ်ခု၊ သာမန်လူသားတွေနဲ့ပဲ သက်ဆိုင်တဲ့ ခေတ်တစ်ခုကို တည်ဆောက်ချင်တာ..."
ဖုန်းလွေ့ကျုံးက တုံ့ဆိုင်းလိုက်သည်။
"မင်းက အရမ်းတော်ပါတယ်... ကျင့်ကြံသူတွေကို လူသားလောကထဲ ခိုးဝင်ပြီး အဲ့မှာနေဖို့ လမ်းပြပေးတယ်... မင်းက ကောင်းကင်ဘုံစည်မျဉ်းကိုတောင် ဒီလို အပြန်အလှန်ဆက်ဆံရေး နည်းလမ်းကို သတိပြုမိလာအောင် လုပ်ပြီး မိစ္ဆာမျိုးနွယ်ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်..."
ကောင်းကင်ဘုံ စည်းမျဉ်းက မျှတသည်လား မမျှတသည်လားကို မပြောနိုင်တော့ပါပေ။ ရှေးဟောင်း မဟာမိစ္ဆာခေတ်အတွင်း၌ မိစ္ဆာမျိုးနွယ်မှာ တိုက်ကြီးများ အားလုံးနီးပါးကို သိမ်းပိုက်ကာ တခြားသော သက်ရှိ သတ္တဝါများက မဟာမိစ္ဆာများ၏ ပါးစပ်ထဲတွင် အသားငါးများသာ ဖြစ်ပေသည်။ မဟာမိစ္ဆာများရှေ့တွင် ဆန္ဒပြခြင်းဖြင့်သာလျှင် အသားငါးများက သေခြင်းတံခါးဝတွင် ရုန်းကန်နိုင်ခြင်း ဖြစ်ပေသည်။
နောက်ပိုင်းတွင် လူသားမျိုးနွယ်က တဖြည်းဖြည်း ရှင်သန်လာပေသည်။ သူတို့သည်လည်း ရှင်သန်ရန် အခြေအနေကောင်းကောင်းရှိစေရန် အမျိုးမျိုးသော မိစ္ဆာနတ်ဘုရားများကို လက်ဆောင်များပေးလာရပေသည်။ နတ်ဘုရားမိစ္ဆာများက သီးခြားမြင့်မြတ်စွာ ဆက်လက်တည်ရှိနေပြီး လူသားများကို ကစားစရာများသဖွယ် ဆက်ဆံနေကြပေသည်။ ၄င်းက မဟာမိစ္ဆာက တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်း သို့မဟုတ် သေဆုံသွားခြင်းတိုင်အောင် ကြာရှည်ကာ လူသားများ၏ ဖန်တီးနိုင်စွမ်းက ပိုပို၍ သန်မာလာပေသည်။ နတ်ဘုရားမိစ္ဆာတို့၏ ကြီးမြတ်သော နေ့ရက်များက စတင်ဆုံးသတ်သွားပြီး လူသားများ၏ မှော်ပညာမဲ့ခေတ်ကို ကြိုဆိုနေပေသည်။
ယနေ့ခေတ် လူသားများက ထိုခေတ်က ယောင်ကျင့်ကြံသူများနှင့် ဆင်တူပေသည်။ သူတို့က ကမ္ဘာကြီး၏ အရင်းအမြစ်များအားလုံးကို အတားအဆီးအနည်းငယ်ပင်မရှိ အသုံးပြုကာ သက်ရှိ သတ္တဝါများအားလုံး၏ ထိပ်ဆုံးတွင် နေထိုင်ကာ မည်သည့် စိုးရိမ်မှုမှ မရှိပဲ တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်ကြံစည်နေကြပေသည်။
ဒါပေမဲ့ ဘယ်သူက လူသားတွေရဲ့ ကျက်သရေက အမြဲတမ်းတည်မြဲနေမယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ...
ကောင်းကင်ဘုံ စည်းမျဉ်းက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံးအပေါ် အပ်နှင်းထားသည်များက တန်ဖိုးမရှိပါက ကောင်းကင်ဘုံစည်မျဉ်းက သူတို့အားလုံးကို ပြန်ခေါ်လာမည့်နေ့တစ်နေ့ ရောက်လာပေမည်။
"မြင့်မြတ်သားရဲ နဂါးပြာရဲ့ အမွေကို မင်းကိုပေးမိတာကလည်း ကောင်းကင်ဘုံရဲ့ ဆန္ဒလား..."
ဖုန်းလွေ့ကျုံးက ကောင်းကင်ကို ကြည့်လိုက်သည်။
"အဲ့ အရံအတား ၄၉ခုက အကြာကြီး ထိန်းမထားနိုင်ဘူး... မင်းထပ်ပြီး မေးချင်နေတာရှိရင် အခုအချိန်မှာ မေးဖို့ အခွင့်အရေးယူလိုက်... ငါမင်းကို အရာအားလုံးပြောပြမယ်..."
"ဦးလေးတို့အားလုံးက အဲ့နှစ်က ပင်ပင်ပန်းပန်းနဲ့ အားစိုက်ပြီး ကောင်းကင်ဘုံစည်းမျဉ်းရဲ့ မျက်လုံးကိုရှောင်နေပြီးတော့ အခုကျတော့ ဘာလို့ ထွက်လာရဲတာလဲ..."
ကျွမ်းချင်က ဖုန်းလွေ့ကျုံးကို ကြည့်လိုက်သည်။
"အဲ့နှစ်တွေတုန်းက... ဦးလေးတို့က ဖူလီကို လှည့်စားခဲ့ပြီး ဦးလေးတို့ အကုန်လုံးကို သာမန်ယောင်ကျင့်ကြံသူတွေရဲ့ သရုပ်မှန်တွေနဲ့ ကောင်းကင်ဘုံ စည်းမျဥ်းရဲ့မျက်စိအောက်ကနေ ပုန်းကွယ်ဖို့ ခွင့်ပြုပြီး တောင်ကနေ တစ်ခါတစ်ရံ ထွက်သွားနိုင်ခဲ့တယ်... ဒါပေမဲ့ ဦးလေးတို့ရဲ့ သရုပ်မှန်တွေက အခုဖော်ထုတ်ခံလိုက်ရပြီလေ... အဲ့ဒါကို ဘာလို့ ဦးလေးတို့ပေါ်လာတော့ ကောင်းကင်ဘုံစည်းမျဉ်းဆီကနေ တုံ့ပြန်ချက် မရှိရတာလဲ..."
"မင်းက အရမ်း တော်တာပဲ..."
ဖုန်းလွေ့ကျုံးက ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ဒီနှစ် အစကတည်းက လူသားတွေရဲ့ အသက်က သူတို့ရဲ့ ထိပ်ဆုံးကို ရောက်နေပြီးပြီ... ငါတို့ယောင်ကျင့်ကြံသူတွေက ငါတို့ရဲ့ အပြုအမူတွေ ထိပ်ဆုံးကို မရောက်သရွေ့ လူသား ကမ္ဘာမှာ ရုန်းကန် ရှင်သန်လို့ရနေပြီ... အဲ့နှစ်တွေက လူသားတွေ လက်ရှိ နတ်ဘုရား မိစ္ဆာရှိတုန်းက လုပ်ခဲ့သလိုပေါ့..."
ကျွမ်းချင်၏ အမူအရာမှာ သိမ်မွေ့နေပေသည်။ အရံအတားဆီမှ အက်ကွဲသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည့်အခါ သူက ထပ်မေးချင်နေဆဲဖြစ်သည်။ တစ်စုံတစ်ခုက ကွဲအက်သွားပုံရသော်လည်း တစ်ချိန်တည်းမှာပင် အရာရာက သာမန်ဖြစ်နေပုံရပေသည်။ ကျွမ်းချင်က သူဆက်ပြီး မမေးနိုင်တော့သည်ကို သိပြီး ဖုန်းလွေ့ကျုံးသည်လည်း တစ်ချို့အရာများကို ထိန်ချန်ထားသည်ဟု ခံစားရပေသည်။
"ဒီလက်ဖက်ရည်မျိုးက ဟုန်းဖန့် လက်ဘက်ရည်လို့ခေါ်တယ်... အရွက်တွေကို ခွန်းလွန်တောင်ပေါ်က ခူးထားတာ... ကံမကောင်းတာက ဒီလို လက်ဖက်ရည်မျိုးက အခုဆိုရင် မလုံလောက်တဲ့ ဝိညာဉ်ချီဓာတ်ကြောင့် ပျောက်သွားပြီ... မင်းသောက်နေတာက မရတော့တဲ့ အမျိုးအစားတစ်ခုလေ... အဲ့တော့ ကောင်းကောင်းအရသာခံ မဖြုန်းတီးပစ်နဲ့..."
ဖုန်းလွေ့ကျုံးက အနည်းငယ် ပျင်းရိနေဟန် ရပေသည်။ သူက စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကို စိတ်ဝိညာဉ် စမ်းချောင်းထဲသို့ ပစ်လိုက်ကာ အထဲရှိ ရွှေကြာများကို လှုပ်ယမ်းသွားစေသည်။
ကျွမ်းချင်က ဝိညာဉ် ကျောက်တုံးက စမ်းချောင်း၏ အောက်ခြေကို နစ်မြုပ်သွားသည်အား ကြည့်နေလေသည်။ သူ့လက်ဘက်ရည်ခွက်ကို ကိုင်ထားသော လက်များက တင်းကြပ်သွားကာ ထပ်မံပြေလျော့သွားပေသည်။
"အဲ့လူသားအိမ်မွေးကောင်လေးက ပြန်ပြီး မွေးဖွားလာပြီ ဟုတ်တယ်မလား..."
ကျွမ်းချင်က ခွက်၏မျက်နှာပြင်ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရေထဲတွင် အလင်းပြန်နေပေသည်။ သူက မျက်လုံးများကို မှိတ်လိုက်သည် သူ့နှလုံးသားထဲမှ မနာလိုခြင်းကို မမြင်လိုပါချေ။
"ဖြစ်နိုင်ပါတယ်..."
ဖုန်းလွေ့ကျုံးက စိတ်ဝိညာဉ် စမ်းချောင်းဆီသို့ ဆေးနှစ်တောင့် ပစ်ထည့်လိုက်သည်။ အတွင်းထဲရှိ ရွှေငါးမိစ္ဆာက ရေထဲမှ ခုန်ထွက်လာပြီး ဆေးတောင့်ကို စားသုံးကာ ၄င်း၏ ရွှေရောင် ငါးအမြီးမှာ လေထဲတွင် လှပသော စက်ဝိုင်းခြမ်းတစ်ခုကို ပုံဖော်နေပေသည်။
"အဲ့လူသားမှာက အသက်သုံးဆက်တိတိ ဧကရာဇ်ကြီးတစ်ယောက်ရဲ့ ကံတရားရှိတယ်... တိုင်းပြည်နဲ့ လူမျိုးတွေကို အကျိုးပြုပေးမဲ့ ဧကရာဇ်ကောင်းတစ်ယောက်ပဲ... ငါတို့က သမိုင်းစာအုပ် လှန်ကြည့်ရင်တောင် ဘယ်၃ယောက်က သူလဲဆိုတာ ခန့်မှန်းကြည့်လို့ရလောက်တယ်..."
ကျွမ်းချင်က တိတ်ဆိတ်နေပေသည်။ ဖူလီက နောက်ပိုင်းတွင် တက္ကသိုလ်တက်ရန် ပြင်ဆင်နေသည်ဖြစ်သည်။
သူက သမိုင်းစာကျက်နေရင်းနဲ့ ဘယ်ဧကရာဇ်က သူ့အိမ်မွေးကောင်လဲဆိုတာ သူခန့်မှန်းခဲ့သေးလား...
"မွှေးလိုက်တာ..."
ဖူလီက လျှောက်ဝင်လာပေသည်။ နတ်ဘုရား ကိရိယာများမှ ပြုလုပ်ထားသည့် အစောင့်နှင့် နန်းတော် အစေခံတစ်ယောက်က သူ့နောက်မှ လိုက်လာလေသည်။ သူက ထိုနှစ်များအတွင်း ရောင်ပြန်မြူတောင်ပေါ်၌ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ ပြောင်းလဲ ဝတ်ထားပြီး ဖြစ်သည်။ မှော်ဝတ်ရုံမှာ လှပသော်လည်း မဟာမိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို တားဆီးပေးနိုင်ပြီး သူ့၏ မှော်ခါးပတ်မှာ နတ်ဘုရား ကျောက်တုံးမှ ထွင်းထုထားခြင်း ဖြစ်ပေသည်။ ဝိညာဉ် ချီဓာတ်ပေါပေါများများက သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် လှည့်ပတ်နေပေသည်။
ဖူလီဝင်လာသည်ကို မြင်ရာ ဖုန်းလွေ့ကျုံး၏ သတိမမူသော သွင်ပြင်က ချက်ချင်ပင် များစွာ ပို၍ သင့်တော်လာပေသည်။ ကြင်နာသော အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဆင်မြန်းထားပေသည်။
"မင်းက ဒီအတိုင်းဝတ်ထားရင် ပိုချောတယ်... ငါတို့ မိသားစုရဲ့ကလေးက ဘယ်လိုလုပ်ပြီး အဲ့အဝတ်စုတ် တွေကို ဝတ်ရမှာလဲ... အရင်ဆုံး ဒီအဝတ်အစားတွေကို သေချာဝတ်...နောက်ကျရင် ဘုရင်နဲ့ ငါက လက်ရှိ လူသားလောကရဲ့ စတိုင်အတိုင်း မှော်အဝတ်အစားတွေ လုပ်ပေးမယ်... လူသားတွေက အရမ်း သာမန်ဆန်တာ နှမြောစရာကောင်းတာပဲ... သူတို့က ဆံပင်အတိုညှပ်ပြီး ခေါင်းစည်းတောင်မသုံးတော့ဘူး... ငါတို့ကတော့ မင်းကို ဦးထုပ်နည်နည်းပဲ ပိုလုပ်ပေးလို့ရတယ်..."
သူတို့၏ မိဘများက လူငယ်မျိုးဆက်သစ်အပေါ်တွင် မည်သို့ အဆုံးမရှိ အလိုလိုက်သည်ကို မြင်တွေ့ပြီးနောက် ကျွမ်းချင်က ဖူလီ၏ ပစ္စည်းများ လျှောက်ပေးတတ်သော အကျင့်ဆိုးမှာ ထိုအကြီးအကဲများဆီမှ အစပြုလာသည်မှာ သေချာသိသွားပေသည်။ သူတို့၏ မျက်လုံးများထဲတွင် တခြားသူများက အဖိုးတန်ရတနာလေးများဟု ယူဆသောအရာများက ကစားစရာများထက် ဘာမှမပိုပါပေ။ သို့ဖြစ်၍ သူတို့က ၄င်းတို့ကို ပေးလိုက်လျှင်တောင် မည်သည့် နှလုံးနာကျင်မှုမှ မခံစားရပါပေ။
သူ့၏ အပြုအမူကောင်းများအပြင် ဖူလီနှင့် လူသားလောကရှိ လူချမ်းသာမိဘများ၏ ပျော်ရွှင်သော သားနှင့် ခြားနားချက် သိပ်မများပါပေ။
"ဦးလေးကလည်း နေ့လည်ကျရင် အလုပ်လုပ်ရဦးမှာလား..."
ဖုန်းလွေ့ကျုံးက ဖူလီဝတ်ထားသော မှော်အဝတ်အစားများကို ပွတ်သပ်လိုက်ပြီး ဖူလီက ခပ်ကြာကြာမဝတ်ရသည်ကို နောင်တအနည်းငယ် စတင်ရနေပြီ ဖြစ်သည်။ သူက ထပ်မံဆိုလိုက်သည်။
"ဒီမှာ ကျွမ်းချင်နဲ့ ခဏလေး ထိုင်နေဦး... မင်းဦးလေး ကန်းလေ့နဲ့ ငါနဲ့က မင်းအပြင်မှာ လောလောဆယ် ဝတ်လို့ရအောင် မှော်အဝတ်အစားတွေ လုပ်ပေးမယ်..."
"ဦးလေးဖုန်း... ကျွန်တော့်မှာက မလိုပါဘူး..."
"ဘယ်လိုလုပ်ပြီး မလိုရမှာလဲ... ငါတို့မရှိပဲ မင်းဦးဆောင်နေတဲ့ ဘဝကို ကြည့်လိုက်ပါဦး..."
ဖုန်းလွေ့ကျုံးက လက်ဖက်ရည်၊ သစ်သီးနှင့် အစာသွပ်မုန့်များကို ထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်ပြီး တုံ့နှေးစွာ ထွက်လာပြီး ဖူလီအလုပ်မသွားမီ အဝတ်အစား အပြီးချုပ်ရန် ရည်ရွယ်လိုက်ကြသည်။
ဖူလီက ဖုန်းလွေ့ကျုံး၏ ထိုင်ခုံတွင် ထိုင်ကာ ကျွမ်းချင်ကို မေးလိုက်သည်။
"ဘုရင်ကန်းလေ့နဲ့ ငါက ခုဏလေးတင် ပျော်စရာ ပုံပြင်တွေအကြောင်း ပြောနေကြတာ... မင်းတို့ ဒီမှာထိုင်နေရတာ မပျင်းဘူးလား..."
"မပျင်းပါဘူး... စီနီယာဖုန်းက အရမ်း ရယ်ရတယ်..."
ကျွမ်းချင်က ခွက်အလွတ်တစ်ခွက်ကို ထုတ်ကာ ဖူလီကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူက သူ့၏ လက်ဖက်ရည်ခွက်ကိုကိုင်ကာ ဆိုလိုက်သည်။
"အကြီးအကဲတွေနဲ့ ပြန်ဆုံရတာ ဂုဏ်ယူပါတယ်..."
"ကျေးဇူး..."
ဖူလီက ကျွမ်းချင်ကို လက်ဖက်ရည်ခွက်မြှောက်ပြကာ လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ချက်ချင်းပင် သူ့မျက်လုံးများ လခြမ်းသဏ္ဍာန်ဖြစ်သည်အထိ ပြုံးလိုက်လေသည်။
"ဒါက တကယ်တော့ ဟုန်ဖန့် လက်ဖက်ရည်ပဲ အဲ့ စာကလေးက... ဦးလေးဖုန်းမှာက သူ့အတွက်အကောင်းဆုံးအရာတွေ ရှိနေတယ်..."
သူက ပန်းကန်ထဲမှ သာမန်အတိုင်းယူကာ စိတ်ဝိညာဉ် သစ်သီး အချို့ကို စားလိုက်ပြီးနောက် တစ်လုံးကို ဝိညာဉ် စမ်းချောင်းဆီသို့ ပစ်လိုက်သည်။ ရွှေငါးများက လေထဲသို့ အစားအသောက်ဖမ်းရန် ခုန်တက်လာသည်ကို ကြည့်ကာ သူ ကျွမ်းချင်ကိုပြုံးပြလိုက်သည်။
"အဲ့ငါးရဲ့ ကြေးခွံအရောင်တွေက အရမ်းလှတယ်... မင်းနဲ့တူတယ်..."
ကျွမ်းချင်သည် ဖူလီနှင့် ဖုန်းလွေ့ကျုံးတို့ တစ်ထပ်တည်း ပြုမူကြသည်ကိုမြင်ရာ ရောင်ပြန်မြူတောင်မှ မဟာမိစ္ဆာများက ဖူလီကို ပစ္စည်းများအား ချွေချွေတာတာ သုံးတတ်ခြင်းဟူသော သဘောထားကို မည်သည့်အခါမှ မသင်ပေးခဲ့သည်ကို သေချာသွားလေသည်။ သို့သော် ဖူလီက ရွှေငါးကို ချီးကျူးနေသည်အား ကြားသောအခါ သူက တုံ့ပြန်မှုတစ်ခု ပေးလိုက်ဆဲ ဖြစ်ပေသည်။
"ဟုတ်လား..."
"အင်း... အဲ့ဒါရဲ့ ကြေးခွံတွေက မင်းဟာလောက်တော့ ကြည့်မကောင်းပေမဲ့ပေါ့..."
ဖူလီက သူ့လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြုံးလိုက်သည်။ သူဝင်လာသည့် အချိန်ကတည်းမှ သူ့မျက်နှာထက်မှ အပြုံးက တစ်ကြိမ်ပင် မလွင့်ပါးသေးပါပေ။ဖြစ်နိုင်သည်မှာ သူက ခံစားချက်ကောင်းနေသောကြောင့် ဖြစ်ပေသည်။
"မင်းက အမွေးမရှိတဲ့ တိရိစ္ဆာန်တွေကို မကြိုက်ဘူးလို့ပြောဖူးတာ ငါမှတ်မိပါတယ်..."
ကျွမ်းချင်က မျက်ခုံးပင့်လိုက်သည်။
"မင်းက ထူးခြားတယ်လေ..."
ဖူလီက ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။
"မင်းက အဲ့အတိုင်းတွေးရမယ်... ငါက နဂါးမျိုးနွယ်ကို အရမ်းမုန်းပေမဲ့ မင်းချောမောတာကို ချီးကျူးနေတုန်းပဲ... မင်းအရမ်းချောတယ်ဆိုတာ ရှင်းလား..."
ကျွမ်းချင်က သူ့၏ မှားယွင်းသော အကြောင်းပြချက်ကို ခပ်ဖွဖွ ရယ်မောလိုက်သည်။
"မင်းက အကြီးအကဲတွေကို ပြန်တွေ့ပြီဆိုတော့ အစိုးရဝန်ထမ်း ဖြစ်ချင်သေးလား..."
ကျွမ်းချင်၏ အကြည့်က ဖူလီအပေါ်တွင် မြဲမြဲမြံမြံတည်ရှိနေသည်မှာ သူ့မျက်လုံးများထဲမှ အဖြေတစ်ခုကို ရှာဖွေနေသကဲ့သို့ပင်။
"ဒါပေါ့... ငါက လူသားလောကကို အတွေ့အကြုံယူဖို့လာခဲ့တာလေ..."
ဖူလီက အလေးအနက်ဆိုလိုက်သည်။
"ပထမဆုံး အဆင့်က တက္ကသိုလ်ဘွဲ့တစ်ခုရဖို့ပဲ..."
"အင်း... အဲ့ ရည်မှန်းချက်က ရောက်ဖို့ဝေးတာပဲ... ကံကောင်းပါစေ..."
ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားသည်။
"မင်းကို သင်ခန်းစာတွေ သင်ပေးဖို့ လိုသေးလား..."
ဖူလီက ကျွမ်းချင်မှာ တချိန်က တရားဝင်ဖြစ်ကာ ပညာရပ် ဘွဲ့မျိုးစုံရနိုင်သည့် ဗြိတိသျှ စာမေးပွဲများတွင် ထိပ်တန်းအမှတ်ရခဲ့သည်ကို ကျန်းခယ့် သူ့အား ပြောပြသည်အား ပြန်သတိရသွားလေသည်။ သူက ရုတ်တရက် မိစ္ဆာလောက၏ စာလေ့လာရေးနတ်ဘုရားကို အလွန်လေးစားသွားပေသည်။
"အင်း... အင်း... အင်း..."
"အဲ့ဒါဆိုရင် နှစ်သစ်ကူး ပွဲတော်ပြီးရင် သင်ခန်းစာ စကြမယ်..."
ကျွမ်းချင်က စမ်းချောင်းထဲတွင် ရေကူးနေသော ရွှေငါးကို လှည့်ကြည့်လိုက်သည်။ ၄င်း၏ အမြီးက အမှန်တကယ်တွင် ချစ်စရာကောင်းသော်လည်း သူ့အမြီးလောက်မဟုတ်ပါပေ။
တစ်နာရီ ကြာပြီးနောက် ဖုန်းလွေ့ကျုံးက ခန်းကူနှင့်အတူ အိတ်ကြီးများ ဆွဲကာ ဝင်လာလေသည်။
"လာခဲ့... မင်းတို့ ၂ယောက်စလုံး ခန်းမထဲမှာ အဝတ်အစား သွားလဲလိုက်..."
ဖုန်းလွေ့ကျုံးက ကျွမ်းချင်နှင့် ဖူလီတို့၏ လက်ထဲသို့ အိတ်တစ်အိတ်စီ ထိုးထည့်လိုက်သည်။
"ငါတို့ အချိန်မရှိလို့ ရိုးရှင်းတဲ့ ပုံစံနဲ့ ကုတ်တွေ ဖိနပ်တွေပဲ လုပ်နိုင်ခဲ့တယ်... နောက်ကျရင် မင်းတို့အတွက် အစုံလိုက်တွေ ထပ်ပြီးလုပ်ပေးမယ်နော်..."
ကျွမ်းချင်က သူလည်း တစ်အိတ် ရမည်ဟု မမျှော့်လင့်ခဲ့ပေ။ သူက အဝတ်အိတ်ကိုကိုင်ကာ ကြောင်ငေးကြည့် နေလိုက်သည်။
"နဂါးလေးကျွမ်း... ကြောင်မနေနဲ့... ခဏနေရင် ရှောင်လီက လဲပြီးတော့မယ်..."
ခန်းကူက ကျွမ်းချင်ကို ပခုံးပုတ်လိုက်သည်။ သူသတိပြန်ဝင်သောအခါ ကျွမ်းချင်က လူတိုင်းကို လေးနက်စွာ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။
"ဒီကလေးက တော်တော်လေး ယဉ်ကျေးတယ်..."
ခန်းဖူကမေးစေ့ကို ပွတ်ကာ ဖုန်းလွေ့ကျုံးကို ဆိုလိုက်သည်။
"သူ့စရိုက်က နည်းနည်း သီးသန့်ဆန်တာပဲ ရှိတာပါ... နဂါးတစ်ကောင်ရဲ့ စရိုက်နဲ့တော့ လုံးဝ မတူဘူး..."
"မင်းဝက်ခေါင်းကို နည်းနည်းပါးပါး အလုပ်လုပ်စမ်းပါ... သူမှာသာ နဂါးမျိုးနွယ်ရဲ့ ဆိုးဝါးတဲ့ စရိုက်သာရှိရင် ငါ့တို့မိသားစုရဲ့ ကလေးက သူနဲ့ ဘယ်လိုလုပ်မိတ်ဖွဲ့မှာလဲ..."
ဖုန်းလွေ့ကျုံးက ဆိုလိုက်သည်။
"ဒီကလေးက အဘက်ဘက်က စဉ်းစားတတ်ပြီး တည်ငြိမ်တဲ့ စရိုက်ရှိတယ်... နက်နဲတဲ့ သူတော်ကောင်းတရားကိုလည်း ပိုင်ထားတယ်... ငါတို့ကလေးက အဲ့လိုသူငယ်ချင်း ရှိနေတာဆိုတော့ ငါ စိတ်အေးအေး အနားယူလို့ရပြီ..."
ခန်းကူ : "ငါ့ကို ဝက်ဦးနှောက်လို့ခေါ်တာ ရပ်လို့ရမလား..."
"မင်းက ဝက်မဟုတ်ဘူးလား... မင်းက ဝက်မဟုတ်ရင် လူသားလောကထဲမှာ ဆံပင်ကို ချပြီး အဲ့လိုရုတ်ရုတ်သဲသဲဖြစ်အောင် မွှေမလား..."
ဖုန်းလွေ့ကျုံးက အေးစက်စွာ ရယ်လိုက်သည်။
"ငါမြင်တဲ့အတိုင်းဆိုရင် မင်းရဲ့ဦးနှောက်က နှစ်၁၀၀၀လောက် အေးခဲပြီးပျက်စီးသွားပြီ... မင်းက ရေခဲထဲကနေတောင် ခက်ခက်ခဲခဲထွက်လာနိုင်တာကို ကောင်းကင်ဘုံစည်းမျဉ်းရဲ့လျှပ်စီးကြောင့် နောက်မဆုတ်နဲ့လေ..."
ခန်းကူ : ...