အပိုင်း ၁၅၂
Viewers 38k

Chapter 152




လူသားတွေနဲ့ မိစ္ဆာတွေတောင် ချစ်မိသွားနိုင်တယ်ဆိုရင် ယောက်ျားလေးအချင်ချင်း အတူနေနေ မိန်းကလေး အချင်းချင်း အတူနေနေ ဘာထူးဆန်းလို့လဲ...

ဤကိစ္စနှင့်စပ်လျဉ်း၍ လူသားများက အနည်းငယ် အမြင်ကျဉ်းကြပေသည်။ သူတို့က သဘာဝလောကရှိ အပင်များနှင့် တိရိစ္ဆာန်များ၏ ပွင့်လင်းမြင်သာမှု မရှိကြသေးပါပေ။

ပန်ဒါ အမြီး : OP အတွေ့အကြုံရှိသူတစ်ယောက်အနေနဲ့ ပြောရရင် မင်းသူငယ်ချင်းရဲ့ ရည်ရွယ်ချက်အမှန်ကို ရှင်းရှင်းလင်းလင်းလုပ်သင့်တယ်လို့ ငါ ခံစားရတယ်...  မင်း သူ့ကို မကြိုက်ရင် သူ့ခံစားချက်ကို မထိခိုက်စေဘဲ ရှင်းအောင်ပြောလိုက်... တကယ်တော့ လိင်တူတဲ့ လူတစ်ယောက်ကို တိတ်တိတ်လေး သဘောကျရတာက သတ္တိအများကြီးလိုတယ်... မင်းလည်း သူ့ကို သဘောကျရင် အတူတူနေလိုက်... ကောလာဟလတွေကို မကြောက်နဲ့... တခြားသူတွေရဲ့ အကြည့်တွေကို မကြောက်နဲ့... လူ့ဘဝက တိုတယ်... မင်းနဲ့ အချင်းချင်း ရင်းနှီးတဲ့ ချစ်သူကို ရှာတွေ့ဖို့က မလွယ်ဘူး...

ဖူလီက ကျွမ်ချင်ကို လှည့်ကြည့်လိုက်သည်။ ဤသည်က အမှန်ပင် လေးနက်သည့် ကိစ္စတစ်ခုဖြစ်ပေသည်။

ရသာဆိုး ကဏန်းများ : ငါပြောသလိုလုပ်... သူနဲ့ တိုက်ရိုက်သာအိပ်လိုက်... အဲ့ဒါ အချစ်ဟုတ်မဟုတ် သိသွားလိမ့်မယ်...

ဖူလီ : ...

အဲ့တော့ တချို့လူသားတွေက ဒီလောက်တောင် ရိုးရှင်းပြီး အရိုင်းဆန်ကြတယ်ပေါ့...

သူက နောက်တစ်ကြိမ် ပြန်လည် ဆန်းသစ်လိုက်ရာ နောက်ထပ် ဖြေဆိုမှု အများအပြား ထွက်ပေါ်လာပြီး အများစုမှာ လှောင်ပြောင်ခြင်း မဟုတ်ပါက သူနှင့် ကျွမ်းချင်ကြားမှ ဖြစ်ပျက်ခဲ့သည်ကို သိချင်နေကြခြင်း ဖြစ်သည်။ အနည်းစုသည်သာ စိတ်ရင်းမှန်ဖြင့် အကြံပြုချက်များကို ပြုလုပ်ပေးကြလေသည်။  

စိတ်လှုပ်ရှားမှုကိုကြည့်ရတာ လူသားတွေကြားကပင်မရေစီးကြောင်းဆိုတာ အသေအချာပဲ...

"စားပြီးပြီလား" 
 ကျွမ်းချင်က လျှောက်လာလေသည်။ ဖူလီသည် သစ်စေ့များကို စားပြီးပြီကို မြင်ရာ သူက ပန်းကန်ပြားကို ဘေးစားပွဲပေါ် ချောချောမွေ့မွေ့ ချလိုက်သည်။  

“သွားရအောင်... အသီးအရွက်တွေယူဖို့ လွင်ပြင်ဂိုဏ်းကို သွားမယ်..."

“အိုး...” 
ဖူလီက သူ့ဖုန်းကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျွမ်းချင်၏ လက်ကောက်ဝတ်ကို ဆွဲဆိတ်လိုက်သည်။

အင်း... သူက ကျွမ်းချင်နဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရတာကို မနှစ်သက်တာ မဟုတ်တာတော့ သေချာသွားပြီ...

ကျွမ်းချင်က သူ့အင်္ကျီလက်များကို ငုံ့ကြည့်လိုက်သည်။ သူ အထူးပြောင်းထားသည့် အပေါ်ထပ်အသစ်တွင် အတွန့်သေးသေးလေးတစ်ခု ပေါ်လာပေသည်။

"ဖူလီ... အစာစားပြီးရင် လက်ကိုဆေးရမယ်လေ..."
ကျွမ်းချင်က အံ တင်းတင်းကြိတ်လိုက်ပေသည်။

ဖူလီ : ...

သူ အတွေးလွန်နေတာလဲ ဖြစ်နိုင်ပါတယ်... ကျွမ်းချင်ကလည်း သူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တာကို အထူးတလည် တုံ့ပြန်တဲ့ပုံမရပါဘူး...

လွင်ပြင်ဂိုဏ်းမှာ ပုံစံနှင့် အမည်နှင့် အလွန်ဆင်တူပေသည်။ အပင်စိုက်ပျိုးခြင်းသည် သူတို့အနှစ်သက်ဆုံးအရာဖြစ်သည်။ သူတို့က ဟင်းသီးဟင်းရွက်များ၊ သစ်ပင်များနှင့် ဆေးဖက်ဝင်အပင် အမျိုးမျိုးကို စိုက်ထားလေသည်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် စိုက်ပျိုးခြင်း၌ သူတို့ထက် သာလွန်သောဂိုဏ်း မရှိပါပေ။ နှစ်သစ်ရောက်တိုင်း လူအများအပြားက နှစ်သစ်ကို အရသာရှိရှိ ကုန်ဆုံးနိုင်ရန် စိတ်ဝိညာဉ် ဆန်၊ ဟင်းသီးဟင်းရွက်နဲ့ စိတ်ဝိညာဥ်သီးအနှံများကို လွင်ပြင်ဂိုဏ်းမှ မှာယူကြပေသည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အရာများက အနည်းငယ်ကွာခြားပေသည်။ လွင်ပြင်ဂိုဏ်းတစ်ခုလုံးမှာ မယုံနိုင်လောက်အောင် အလုပ်များနေသော်လည်း အမှာစာ၏ ပိုင်ရှင်မှာ ကျွမ်းချင်ဖြစ်သောကြောင့် ဂိုဏ်း၏အကြီးအကဲသည် ပုဂ္ဂိုလ်ရေးအရ အမှာစာ လက်ခံဆဲဖြစ်သည်။ ဤနှစ်များအတွင်း ကျွမ်းချင်သည် နှစ်သစ်၌ လွင်ပြင်ဂိုဏ်းကို အထူးအမှာစာ တစ်ခါမှ မတင်ဖူးပါပေ။ သူကနောက်ဆုံးတွင် ဤတစ်ကြိမ် ခြွင်းချက်တစ်ခု ပြုလုပ်လာသောကြောင့် လွင်ပြင်ဂိုဏ်းတွင် မည်သူမျှ ထိုအကြောင်းကို ပေါ့ပေါ့တန်တန်မပြုဝံ့ပါပေ။

ငယ်ရွယ်သော တပည့်တစ်ဦးက ဤကိစ္စကို ဖြန့်ကျက်ပြီးနောက် နှစ်သစ်ကူးပွဲတော် မည်သည့်အခါမှ မကျင်းပဖူးသော ခေါင်းဆောင်ကျွမ်းသည် ယခုနှစ်တွင် နှစ်သစ်ကူးအကြိုပြင်ဆင်မှုအတွက် ကုန်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ကျင့်ကြံရေးလောက တစ်ဝက်က သိရှိသွားပေသည်။ ကျွမ်းချင်သည် ၂၉ရက်နေ့ညနေခင်းတွင် ကုန်ပစ္စည်းများ လာယူမည်ကို သိရှိပြီးနောက် အချို့သော သတင်းရထားသည့် အလုပ်များသူများသည် လွင်ပြင်ဂိုဏ်းတွင် အမှန်တကယ် တည်းခိုခဲ့ကြသည်

“သူရောက်လာပြီ... သူရောက်လာပြီ...” 

လွင်ပြင်ဂိုဏ်းမှ တပည့်တစ်ဦးက အဓိက ခန်းမထဲသို့ ပြေးဝင်လာလေသည်။  

"ခေါင်းဆောင်ကျွမ်းက ဖူကျင့်ကြံသူနှင့်အတူ လာတာပဲ..."

ကျန်ရှိသည့် ပွဲကြည့်သူများက ချက်ချင်းပင် နားလည်သွားလေသည်။ အကြီးအကဲ ကျွမ်း၏ လုပ်ဆောင်မှုပုံစံမှာ ယခုနှစ်တွင် ကွဲပြားနေသည်မှာ အံ့ဩစရာမရှိပါပေ... အဖော်နှင့် နဂါးတစ်ကောင်က ကွဲပြားပေသည်။

ကျွမ်းချင်နှင့် ဖူလီတို့သည် လွင်ပြင်ဂိုဏ်း၏ အကြီးအကဲနှင့် တွေ့ဆုံခဲ့သည်။ အကြီးအကဲက မှာထားသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပေးလိုက်ပြီး သစ်သီးယိုတစ်ဘူးကို ပိုပေးလိုက်သည်။  

"ဒီဂိုဏ်းလေးက ခေါင်းဆောင်ကျွမ်းဆီက စောင့်ရှောက်မှုတွေ အများကြီးရခဲ့တာပဲ... ဒီသစ်သီးယိုပုလင်းက ခေါင်းဆောင်နဲ့ ဖူကျင့်ကြံသူ စားဖို့ပါ..."

"ကျေးဇူးတင်ပါတယ် အကြီးအကဲ..." 
ဖူလီက သူ့ကို ကျေးဇူးတင်စကား ဆိုပြီး သူ့လက်နှစ်ဖက်က သစ်သီးယိုကို ကိုင်ထားလိုက်သည်။

“မင်းက ယဉ်ကျေးလွန်းနေပါပြီ...” 
အကြီးအကဲက အလွန်ကြင်နာစွာ ပြုံးပြလိုက်သည်။  

"ကျွန်တော်တို့က ခေါင်းဆောင်တို့နှစ်ယောက်ကို နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်... ခံစားချက်တွေ ပိုပြီးနက်ရှိုင်းလာပါစေ..."

ဖူလီ : ...

ဤကောလဟာလမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဖြစ်သည်ကို သူသိလိုက်ပေသည်။

"ကျေးဇူးတင်ပါတယ်..."

ဖူလီက ကြောင်အကာတွေးတောနေစဥ်၌ ကျွမ်းချင်က ထိုစကားများ ပြောလာသည်ကို ကြားလိုက်ပေသည်။

ဖူလီ ကျွမ်းချင်ကို ကြည့်လိုက်ပြီးနောက် လွင်ပြင်ဂိုဏ်းမှ အကြီးအကဲကို ကြည့်လိုက်လေသည်။ သူသည် ဤနားလည်မှုလွဲနေသည်ကို တစ်ဖက်လူကို အသိပေးချင်သော်လည်း ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက မြင့်တက်လာသည်ကို လှမ်းမြင်လိုက်ရာ သစ်သီးယိုပုလင်းကို တင်းတင်းကြပ်ကြပ်ဖက်ကာ တိတ်ဆိတ်နေလိုက်လေသည်။

လွင်ပြင်ဂိုဏ်း၏အကြီးအကဲများ၏ မျက်လုံးထဲတွင် ဖူလီ၏ တိတ်ဆိတ်မှုသည် သူ့၏ ရှက်ရွံ့မှုကြောင့်ဖြစ်ရာ ၎င်းကို များစွာမတွေးပါပေ။

ဖူလီသည် လွင်ပြင်ဂိုဏ်း၏ ပင်မဝင်ပေါက်သို့ သွားရာလမ်းတစ်လျှောက်တွင် နှစ်သစ်ကူးဆုတောင်းများစွာကို ရရှိခဲ့ပေသည်။ သူ့နှင့်ကျွမ်းချင်ကို အဓိပ္ပာယ်နှစ်ခွနှင့် စိုက်ကြည့်နေသော ကျင့်ကြံသူ အများအပြားပင် ရှိပြီး သူတို့၏ အမူအရာများမှာ 'ဘာမှ ပြောစရာ မလိုပါဘူး ငါတို့ နားလည်ပါတယ်'ဟု အော်ဟစ်ပြောဆိုနေကြပေသည်။

ဖူလီက နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ စိတ်ထဲတွင် အရာများကို မြင်ယောင်ကြည့်ခြင်းသည် လူသားတို့၏ အကျင့်ဆိုးတစ်ခုဖြစ်သော်လည်း ယောင်ကျင့်ကြံသူများသည် လူသားပုံစံအဖြစ် ပြောင်းလဲသည့်အခါတွင် သူတို့က ဤအကျင့်ဆိုးမျိုးကိုလည်း ရရှိလာနိုင်ပေသည်။

ဖူလီက သူ့ခေါင်းကို တိတ်တဆိတ် ငုံ့ထားသည်ကိုကျွမ်းချင် သတိပြုမိသောအခါ လွင်ပြင်ဂိုဏ်း၏ အရံအတားမှ ထွက်မလာရသေးပါပေ။ ဖူလီသည် ထိုစကားများကို ကန့်ကွက်ကြောင်းသိလိုက်ရသဖြင့် သူက တည်ငြိမ်စွာပြောလိုက်ပေသည်။ 

"သူတို့ပြောတာတွေကို စိတ်ထဲထားနေစရာ မလိုပါဘူး... အချိန်ကြာလာရင် အဲဒါတွေက ကောလဟာလတွေပဲဆိုတာ သူတို့သဘောပေါက်သွားလိမ့်မယ်...”

ဖူလီသည် သူ့မျက်ခွံများကို လှန်ကာ ကျွမ်းချင်ကို ကြည့်လိုက်လေသည်။ ကျွမ်းချင်က သူနှင့် အကြည့်ဆုံသွားလေသည်။  

"ငါတို့ အခု လွင့်မျောနန်းတော်ကို သွားကြမှာလား..."

“အင်း...” 
ဖူလီက ခေါင်းညိတ်လိုက်သည်။ သူက သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထိလိုက်သည်။  
လွင့်မျောနန်းတော်ထဲမှာ လိုင်းမိပါ့မလား...

ခန်းကူနှင့် ဖုန်းလွေ့ကျုံးသည် ဂျူနီယာနှစ်ယောက်က နှစ်ရက်ကြာလာနေမည်ကို သိပြီးနောက် အရာအားလုံးကို ပြင်ဆင်နေပေသည်။ သူတို့မမျှော်လင့်ထားသည်မှာ ကျွမ်းချင်က လူသားလောကမှ လက်ဆောင်တွေ အများကြီးယူလာသည်ကိုပင်။ ပစ္စည်းများသည် ဈေးမကြီးသော်လည်း ဤကဲ့သို့ စိတ်ရင်းများက ရရှိရန်ခက်ခဲပေသည်။ ရလဒ်အနေဖြင့် သူတို့က ကျွမ်းချင်ကို ပို၍နှစ်သက်လာခဲ့ပေသည်။

“မင်းတို့အခန်းတွေက အရှေ့ဘက်ခန်းမမှာ... ရှောင်လီ ရှောင်ကျွမ်းကို ခေါ်သွားလိုက်..."  

ဖုန်းလွေ့ကျုံးသည် ခန်းကူနှင့် မှော်အ၀တ်အစားများ ပြုလုပ်နေပြီး လောလောဆယ်တွင် အပြင်မထွက်နိုင်သောကြောင့် ဖူလီကို ဆိုလိုက်သည်။ 

"ကောင်းကောင်းကစားကြ... ဒီမှာ ပူတယ်... အကြာကြီးမနေနဲ့..."

သာမာန်မီးမှာ နက်နဲသော ကျင့်ကြံခြင်းရှိသည့် မိစ္ဆာများအတွက် အန္တရာယ်မရှိသော်လည်း နတ်ဘုရားမီးတောက်ခန်းမထဲတွင် လက်ရှိရှိနေသော မီးမှာ ဖုန်းလွေ့ကျုံး ထွေးထုတ်ထားသောသော စစ်မှန်သောမီးဖြစ်ပေသည်။ ဂျူနီယာများက အကြာကြီးနေပါက နေရခက်လာမည် ဖြစ်ပေသည်။

"ဒါဆို ဦးလေးဖုန်းနဲ့ ဘုရင်ကန်းလေ့လည်း ကိုယ့်ကိုကိုယ် သိပ်ပြီး တွန်းအားပေးမနေနဲ့..." 

ဖူလီက သူတို့ မည်သို့အလုပ်လုပ်သည်ကို သိရာ ကူညီရန် ကျန်နေဖို့ မပြောတော့ဘဲ ကျွမ်းချင်ကို အပြင်ကို ခေါ်ထုတ်ခဲ့လိုက်သည်။ လမ်းတစ်လျှောက်တွင် သူတို့ တွေ့သည့် ကင်းလှည့်နေသော ကိုယ်ရံတော်အစေခံများက တယောက်ပြီး တယောက် ဦးညွှတ်သွားကြလေသည်။ ၎င်းတို့၏အမူအရာများက အလွန်ထင်ရှားနေကာ သာမန်လူများနှင့် ဆင်တူပေသည်။  ဂရုတစိုက် ဆန်းစစ်မှုမရှိပါက ၎င်းတို့သည် စိတ်ဝိညာဉ်မပါသည့် ပြုလုပ်ထားသော ကိရိယာများသာဖြစ်ကြောင်း ပြောရန် မဖြစ်နိုင်ပါပေ။

သက်ရှိလူသားများနှင့် အလွန်တူညီစေသည့် စက်ပစ္စည်းများကို ဖန်တီးနိုင်ကာ ထိုအရာများ အများအပြားကို ပြုလုပ်နိုင်သည်မှာ ဤရှေးဟောင်းမဟာမိစ္ဆာကြီးများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များရှိကြ၍ ဖြစ်ပေသည်။

“အဲ့ဒါက ဒီဘက်မှာထင်တယ်...” 

ဖူလီက နန်းတော်အရှေ့ဘက်ကို ညွှန်ပြသည်။  
“ငါတို့မိသားစုရဲ့ အကြီးအကဲတွေက ငါ့အတွက် နေရာကို အရှေ့ဘက်မှာ နေရာချရတာကို ကြိုက်တယ်...”

အရှေ့ဘက်၌ နန်းတော်တစ်ခု တည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ 'တက်နေ ခန်းမ၊ အရှေ့မှ နေထွက်ခြင်း'ဟု အမည် ရေးထွင်းထားသည့်အခန်းမှာ အလွန်သင့်လျော်ပေသည်။ ခန်းမထဲတွင် ပိုလျှံသော ၀ိညာဉ်ချီဓာတ် အများအပြားရှိကာ ကြမ်းပြင်နှင့် နံရံများသည် စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ခင်းထားသည်သာမက ၎င်းတို့အပေါ်တွင် ရေးဆွဲထားသည့် ဝိညာဉ်စုစည်းမှုအစီအရင်တစ်ခု ပါရှိကြောင်း ကျွမ်းချင်က တွေ့လိုက်လေသည်။  ဤနေရာတွင် တစ်ရက်သာ ကျင့်ကြံခြင်းသည် အပြင်တွင် ဆယ်ရက်တာ ကျင့်ကြံခြင်းနှင့် ညီမျှပေသည်။

"အခန်းတွေက အတူတူပဲ..."  
ဖူလီက မာစတာ အိပ်ခန်းနှစ်ခန်းကိုဖွင့်ကာ အကြည့်အနည်းငယ်ပေးလိုက်ပြီး ကျွမ်းချင်ကို ပြောလိုက်လေသည်။

"ငါဘယ်ဘက်ကအခန်းယူမယ်... မင်းက ညာဘက်ယူလိုက်..."

"ဟုတ်ပြီ..."

ကျွမ်းချင်က အခန်းထဲသို့ လျှောက်လာလိုက်သည်။တစ်ဖက်အခန်းမှ တံခါးပိတ်သံကို ကြားလိုက်ပြီးမှသာ သူ့နှုတ်ခမ်းထောင့်များက တင်းတင်းစေ့သွားလေသည်။

အခန်းထဲတွင် ပုန်းနေသည့် ဖူလီက သူ့ဖုန်းကို ထုတ်လိုက်ရာ အချက်ပြဘားနှစ်ခု ရှိနေသည်ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့လေသည်။ နိုင်ငံ၏ အခြေခံအဆောက်အအုံသည် အမှန်တကယ်ပင် မိစ္ဆာများကို ယိုယွင်းပျက်စီးစေလေသည်။  
လူသားတွေက ကြီးကျယ် ခမ်းနားလိုက်တာနော်...

ဖူလီသည် သူယခင်ကဝင်ထားသည့် ဝဘ်ဆိုဒ်ကို ရှာတွေ့ခဲ့ပြီး သူ့၏ပို့စ်ကို ရှာဖွေကာ မေးခွန်းများကို ဆက်လက်မေးလိုက်သည်။

စွမ်းအားကြီးယုန် : ငါပြန်လာပြီ... အပေါ်က အင်တာနက်အသုံးပြုသူတွေ အကူအညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်... အခုပဲ နောက်ထပ်ပြဿနာတစ်ခုကို သဘောပေါက်သွားတာ... ငါတို့၏ လူမှုအသိုင်းအဝိုင်းက လူတိုင်းက ငါတို့ တွဲနေကြတယ်လို့ ထင်ပြီး ငါတို့ကို မျက်နှာချင်းဆိုင် ဆုတောင်းပေးနေကြတာ... အဲ့ဒါကို ငါ့ရဲ့ သူငယ်ချင်းကောင်းက ရှင်းလင်းချက်မပေးဘဲ အဲ့အစား သူတို့ကို ကျေးဇူးတင်နေတာ... ဒါက သူက တကယ်ကြီး ငါ့အတွက် အချစ်ရေး စိတ်ကူးတွေ ရှိနေတယ်လို့ ဆိုလိုတာလား...

ပန်းကလေး : OP ရဲ့ နောက်ဆက်တွဲ ထပ်လာပြီဟေ့... OP မှာ သူငယ်ချင်းကောင်းတစ်စုရှိတယ်လို့ ငါခံစားရတယ်... သူတို့က မင်းရဲ့ချစ်ခြင်းမေတ္တာကို ကောင်းကောင်းလက်ခံကြပြီး မင်းကိုတောင် သေချာဆုတောင်းပေးကြတယ်... အရမ်းချစ်စရာကောင်းတာပဲ...

စွမ်းအားကြီးယုန်:  အဲဒါက ပြဿနာမဟုတ်ဘူး... ငါ့ရဲ့ လူမှုအသိုင်းအဝိုင်းမှာက အချစ်အမျိုးအစားအားလုံးကို ကောင်းကောင်းလက်ခံပေးတယ်... အဲ့ဒါက ငါတောင်းချင်တဲ့ လမ်းညွှန်ချက် မဟုတ်ဘူး... ငါ့သူငယ်ချင်းရဲ့ အဲ့လုပ်ဆောင်ချက်က ဘာကိုဆိုလိုတာလဲဆိုတာကို လူတိုင်းက အကြံဥာဏ်ပေးဖို့ ငါပြောချင်တာ...

ရသာဆိုး ကဏန်းများ : OP ရဲ့ သူငယ်ချင်းက အကြံသမားလို့ ခံစားရတာ ငါတစ်ယောက်တည်းလား... မမြင်နိုင်သော လွှမ်းမိုးမှုတစ်ချို့အောက်မှာ သူနှင့် OPက တွဲနေတယ်လို့ လူတိုင်းကို ခံစားမိအောင် သူကလုပ်နေတာ... OP ကို ဒီလိုမျိုး ဘယ်သူက သူတို့ရဲ့ ခံစားချက်ကို ဖော်ပြမှာလဲ..  OP ကိုကြည့်ရတာ အချစ်ရေးအတွေ့အကြုံရှိတဲ့သူတစ်ယောက်ပုံ မပေါက်ဘူး... OP ငါ မင်းကို ဆက်ပြီးရုန်းကန်မနေပဲ သူ့ကို လက်မလျှော့ဖို့ ရိုးရိုးသားသား အကြံပေးလိုက်မယ်...

ပန်ဒါအမြီး : OP မင်းရဲ့ သူငယ်ချင်းက မင်းကို ကြိုက်နေတာကြာပြီနေမှာနော်... အဲ့ဒါကို မင်းက မသိတာနေမှာ...

ဖူလီသည် ဤအဖြေကို ဖတ်ပြီး အံ့အားသင့်သွားလေသည်။  
ကျွမ်းချင်က သူ့ကို ကြိတ်ချစ်နေတာ တော်တော်ကြာနေပြီလား...

မဖြစ်နိုင်ပါဘူး... ကျွမ်းချင်ရဲ့ သူ့အပေါ် သာမန်သဘောထားက ရုပ်မြင်သံကြား ဒရာမာတွေ နဲ့ လုံးဝမတူပါဘူး... 

၄င်းတို့မှာ မျက်နှာနီမြန်းခြင်း၊ ရည်းစားစာများ တိတ်တခိုးရေးခြင်း၊ လက်ဆောင်များပေးခြင်းနှင့် စကားပြောသည့်အခါ စကားထစ်ခြင်းစသည်များ ဖြစ်ပေသည်။ ကျွမ်းချင်သည် ၎င်းတို့အနက်မှ တစ်ခုနှင့်မှ မကိုက်ညီပါပေ။ 

စွမ်းအားကြီးယုန် : ငါ့သူငယ်ချင်းက မည်သည်ကိုမျှ မကြောက်တတ်တဲ့ အရမ်းအထင်ကြီးစရာကောင်းတဲ့ လူမျိုး...  သူငါ့ကို ရည်ရွယ်ထားရင်တော့ အကြာကြီး နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး...

ပန်ဒါအမြီး : အရဲရင့်ဆုံးလူဆိုရင်တောင် ချစ်ခြင်းမေတ္တာနဲ့ ရင်ဆိုင်လာရရင် ရှက်ကြောက်တတ်တယ်...  သူက ပိုဂရုစိုက်လေလေ သတိထားလေလေပဲ... ဘာလို့လဲဆိုတော့ အချစ်ဆိုတဲ့ အလောင်းအစားကြီးထဲမှာ သူက မရှုံးရဲဘူး၊ မရှုံးချင်ဘူး၊ ရှုံးဖို့လည်း မတတ်နိုင်ဘူးလေ...

ဖူလီက သူ့မေးစေ့ကို ပွတ်ကာ အလေးအနက် ကြည့်လိုက်သည်။  

တကယ်ကြီး အဲ့လိုမျိုးလား...

"တုံးလိုက်တဲ့ငတုံးကောင်..."  

ခရုစုပ်ငှက်က သူ့အိပ်ယာပေါ်တွင် တင်ပုလ္လင်ခွေထိုင်ကာ ဖုန်းသုံးနေလေသည်။ 
သူ့ဘေးနားကလူက သူ့ကိုကြိုက်လားဆိုတာတောင် မသိတဲ့ မိုက်မဲတဲ့လူသားကို သူမတွေ့ရတာတောင် အတော်ကြာနေပြီ...

ပန်ဒါအမြီး : သေချာစဉ်းစားနော်... သူက ပုံမှန်ဆို ဘယ်လိုမျိုးလဲ... သူက လူတွေကို ဘယ်လိုဆက်ဆံသလဲ... သူက မင်းကို သီးသန့် စျေးကြီးတဲ့လက်ဆောင်တွေ ပေးဖူးလား...

စွမ်းအားကြီးယုန် : ဘာမှ သိပ်စျေးကြီးတာတော့ မဟုတ်ပါဘူး... သူက သိပ်မကြာသေးခင်က ငါ့ကို ဗီလာတစ်လုံး ပေးထားတာ...

ပန်းကလေး : ဟီးဟီး... OP က ငါတို့ကို တမင်တကာ အရူးလုပ်နေတာလား...

ရသာဆိုး ကဏန်းများ : နောက်ထပ် အလိမ် ပိုစ့်တစ်ခုလား...

ပန်ဒါ အမြီး : ဗီလာတစ်ခုလား... မင်းကဘာလို့ မင်းနဲ့ တိတ်တိတ်လေး ကြိုက်နေတဲ့လူက မင်းကို ရွှေ၊ ငွေနဲ့ ကျောက်မျက်ရတနာတွေ အများကြီးပေးခဲ့တယ်လို့ မကြွားတာလဲ...

စွမ်းအားကြီးယုန် : အဲ့လိုတော့မဖြစ်ဘူး အဲဒါတွေက ငါ သူ့ကို ပေးခဲ့တာ...

"ငါတို့က ကောင်းကောင်း ပြောနေတာပါ... ဘာလို့ ငါ့ကို ကျိန်ဆဲကြတာလဲ..."  

ပို့စ်ပေါ်ရှိ အင်တာနက်အသုံးပြုသူများသည် ၎င်း၏မေးခွန်းကို မဖြေတော့ဘဲ 'အစိမ်းသေ ပျော်ရွှင်ခြင်း'၊ 'လူတိုင်းကို သေအောင် လှည့်စားသည့် ပို့စ်' ဟူသော မှတ်ချက်များပေးလာကြသည်။ ၄င်းကိုမြင်ရာ ဖူလီက ခေါင်းခါကာ ပိုစ့်မှ ထွက်လိုက်သည်။

"လူသားတွေက တကယ်ကို စိတ်ဆတ်တာပဲ..."