အပိုင်း ၁၅၄
Viewers 38k

🐰Chapter 154🐉
လူသားများ၏ ရုပ်ရည် ချောမောခြင်း



တစ်ခါတစ်ရံတွင် ခန်းကူက ဖူလီသည် ခံစားချက်များကို နားမလည်၍ ထိုအတွေးများ ရှိသည်လား သို့မဟုတ် သူ့၏ စိတ်အခြေအနေက အထူးအလင်းပေါက်မှုများဖြစ်ပြီး၍ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့၏ ဘဝသံသရာနှင့် စိတ်ခံစားချက်များ၏ စစ်မှန်သည့် အဆီအနှစ်ကို ဖောက်ထွင်းကာမြင်နိုင်၍ ထိုသို့တွေးမိသည်လားကို သိချင်လှပေသည်။ 

"ဘာလို့သေးလို့လဲ... နဂါးလေးကျွမ်းက ကျွန်တော် မသိတာတွေအကုန်လုံးကို သင်ပေးဖို့ ရှိနေတာပဲကို..."

ဖူလီက ခေါင်းခါလိုက်သည်။ 
"အတိတ်ကို လက်ကိုင်ထားလို့မရဘူး... ပစ္စုပ္ပန်ကိုပဲ ချစ်မြတ်နိုးရမှာ..."

"မင်း မှန်တယ်... အတိတ်ကို လက်ကိုင်ထားလို့မရဘူး... လက်ရှိ ပစ္စုပ္ပန်က လူတွေကိုပဲ ချစ်ရမှာပေါ့..."

ခန်းကူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"ကျင့်ကြံသူတွေဆိုတာ အဲ့လိုပဲဖြစ်သင့်တာ... ပေါ်လျန်ကို တွေ့တာက မင်းရဲ့ ကံတရားပဲ... ကျွမ်းချင်ကို တွေ့ရတာလည်း မင်းရဲ့ ကံတရားပဲ..."

ခန်းကူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 
"ကောင်းကင်ဘုံ စည်းမျဉ်းက အညှာအတာမဲ့ပေမဲ့ သက်ညှာပေးတတ်ပါတယ်... သက်ရှိတွေ အကုန်လုံးက အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်..."

ဖူလီမှာ ခေါင်းစည်းက အဘယ့်ကြောင့် ရှင်သန်ရန် အခွင့်အရေးသို့ ပြောင်းသွားသည်ကို နားမလည်ပါပေ။ ခန်းကူက ထိုနှစ်များရှိ သူ့အတွေ့အကြုံများအကြောင်း တမ်းတမိသွားသည်ဟု တွေးမိရာ သူက ခေါင်းညိတ်ပြလိုက်သည်။
"ဘုရင်ပြောတာ ဟုတ်တယ်..."

"ကျွမ်းချင်က မိစ္ဆာကောင်းတစ်ယောက်ပါ... မင်းက သူ့ထက် နှစ်၂၀၀၀လောက် ပိုကြီးတယ်... သူ့ကို စိတ်မပျက်စေနဲ့..."

ခန်းကူက ဖူလီ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ရောင်ပြန်မြူတောင်ပေါ်က ငါတို့ မိစ္ဆာတွေက ကိုယ်ကျင့်တရား ဖြောင့်မတ်တယ်... စိတ်နှစ်ခွမဖြစ်နဲ့... သစ္စာမရှိတာ တစ်ခုမှ မလုပ်နဲ့..."

ထိုစကားလုံးများက တစ်ခုခုလွဲနေဟန် ရပေသည်။ ဖူလီက ဘုရင်ကန်းလေ့ တစ်ခုခုကို နားလည်မှုလွဲနေသည်ဟု ခံစားရပေသည်။ 

"ဖူလီ..."

ကျွမ်းချင်မှာ ပန်းများ ထွင်းထားသော တံခါးဘေးတွင် ရပ်နေပေသည်။ ညလင်းပုလဲများ၏ အလင်းရောင်အောက်တွင် သူ့၏ ရှည်လျားကာ ဖြောင့်မတ်သော ကိုယ်နေဟန်ထားက အနည်းငယ် ပြေလျော့သွားပြီး သူ့၏ ပုံမှန်ကဲ့သို့ အေးစက်စက်ဖြစ်တည်မှုက ပျောက်ဆုံးသွားလေသည်။

ဖူလီက ကျွမ်းချင်အသံကြားပြီးနောက် အမှတ်တမဲ့ လက်ရှိအနေအထားသို့ ပြန်ရောက်သွားလေသည်။ 

"အင်း..."

သူက အချိန်ကို လှမ်းကြည့်လိုက်သည်။ ၄င်းမှာ သူ့၏ ပုံမှန်အိပ်ချိန် ရောက်နေပြီဖြစ်သည်။ သူက ခန်းကူကို ဆိုလိုက်သည်။ 

"ဘုရင်... နောက်ကျနေပြီ... ကျွန်တော် အိပ်ရာဝင်သင့်ပြီ... ကျွန်တော် မနက်ဖြန်မနက်ကျရင် နဂါးလေးကျွမ်းနဲ့ အစားအသောက် ပြင်ထားလိုက်မယ်... အဲ့အချိန်ကျရင် တစ်စားပွဲလုံး အပြည့်ပြင်ပေးမယ်နော်..."

"ဟုတ်ပါပြီ... ဟုတ်ပါပြီ..."

ခန်းကူက အလိုအလျောက်ပင် ကန့်ကွက်ချက်မရှိပဲ မျက်နှာတစ်ခုလုံး တောက်ပသွားသည်အထိ ပြုံးပြလိုက်လေသည်။ 

"အဲ့ဒါဆိုလည်း နှစ်ယောက်သား မြန်မြန်အိပ်ရာဝင်ကြတော့..."

ဖူလီ၏ ခြေလှမ်းများက တုံ့ဆိုင်းသွားသည်။ ထိုစကားမှာ ပို၍ပင် မှားယွင်းနေပေသည်။ 

ကျွမ်းချင်က နေရာတွင် ရပ်ကာ ဖူလီကို စောင့်နေလိုက်သည်။ ဖူလီက သူ့ဆီသို့ ရောက်သည့် အခါမှသာလျှင် သူက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ 

"မွမ်းမံတာက အရမ်း စိတ်ဝင်စားစရာ ကောင်းတာပဲ..."

"အင်း... ဘုရင်နဲ့ ဦးလေးဖုန်းက မင်းက အရမ်းကို ပါရမီရှိတဲ့ ဂျူနီယာတစ်ယောက်လို့ ပြောတယ်..."

ဖူလီက ကျွမ်းချင်ဘေးတွင် လမ်းလျှောက်နေစဉ်၌ သူ့လက်ထဲတွင် ကိုင်ရန် ချမ့်ခွန်းအိတ်ထဲမှ ရတနာ ရှစ်ရောင် ဖန်မီးအိမ်ကို ထုတ်လိုက်သည်။ ဖန်မှာ ရေကဲ့သို့ အလင်းပေါက်နေပြီး အတွင်း၌ ကြီးမားသော ညပုလဲ တစ်လုံးပါဝင်ပေသည်။ ၄င်းက သူတို့ ခြေထောက်အောက်မှ လမ်းကို အလင်းပေးရုံသာမက နန်းတော်ထဲရှိ တောင်မြူများကိုလည်း အလင်းပေးနေပေသည်။ 

ဖူလီက ကျွမ်းချင်ကို တံခါးဝသို့ လိုက်ပို့လိုက်သည်။ ကျွမ်းချင်က တံခါးကိုကျော်ကာ တစ်လှမ်းလှမ်းလိုက်ရာ ဖူလီက အပြင်တွင် နေခဲ့ပေသည်။ ကျွမ်းချင်က တံခါးကို မပိတ်ပဲ သူ့ကို လှည့်ကြည့်လိုက်သည်။ 

ကျွမ်းချင်၏ မျက်လုံးများက ညပုလဲ၏ အလင်းရောင်အောက်တွင် တောက်ပနေပြီး ဖူလီ ရောင်ပြန်မြူတောင်ပေါ်တွင် မြင်ရသည့် ကြယ်များထက်ပင် တောက်ပနေပေသည်။ ၄င်းတို့မှာ ကြည့်ကောင်းသည်ထက်ပင် ပိုပေသည်။ 
ဖူလီက 'နဂါးလေးကျွမ်းနဲ့ တာအိုလက်တွဲဖော်ဖြစ်ရတာက... တစ်ဝက်လောက်တော့ မဆိုးဘူး'ဟု ရုတ်တရက် တွေးမိသွားလေသည်။ 

"ဘာလို့လဲ..."

သူ့နဖူးပေါ်တွင် အနည်းငယ် ကြမ်းတမ်းသော လက်ဖဝါးတစ်ဖက် ရောက်လာပေသည်။ ထိုလက်ဖဝါးမှာ အစ်မကျူးယွဲ့၏ လက်ဖဝါးလောက် မနူးညံ့သော်လည်း နွေးထွေးနေဆဲ ဖြစ်ပေသည်။ 

"ကိုယ်လည်း မပူပါဘူး... ဘာလို့ မျက်နှာကြီး နီလာတာလဲ..."

ကျွမ်းချင်က တံခါးအပြင်သို့ ခြေတစ်ဖက်တင်ကာ အတွင်း၌ ခြေတစ်ဖက်တင်ထားလေသည်။ သူနှင့် ဖူလီကြားမှ အကွာအဝေးက သေးငယ်လှပေသည်။

ဖူလီက သူ့နဖူးပေါ်ရှိ ကျွမ်းချင်ထိလိုက်သော နေရာသို့ ထိလိုက်ကာ ခေါင်းမော့ပြီး သူ့ကို ကြည့်လိုက်သည်။

"နဂါးလေးကျွမ်း... ငါမင်းကို မေးစရာရှိတယ်..."

ကျွမ်းချင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် နိမ့်ကျသွားသည်။ သူ့မျက်လုံးများက ကြယ်အလင်းများသဖွယ်တောက်ပ ကျန်ခဲ့ပေသည်။ 

"ဘာလဲ..."

"မင်းက နဂါးအမနဲ့ မျိုးမပွားရင် ရွှေနဂါးမျိုးနွယ်က မျိုးတုံးသွားမှာလား..."

"ရွှေနဂါးမျိုးနွယ်က မျိုးတုံးပြီးနေပြီ... ငါက နဂါးတစ်ပိုင်းပဲလေ..."

ကျွမ်းချင်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ 
"အဲ့တော့ မင်းဒီလိုစိတ်ပူတာက နည်းနည်းတောင် နောက်ကျနေပြီ..."

"ငါနားလည်ပါတယ်..."

ဖူလီက ခေတ္တမျှ နက်နက်ရှိုင်းရှိုင်းတွေးတောလိုက်သည်။ 

"ငါက ဒီမျိုးနွယ်ရဲ့ တစ်ယောက်တည်းသော အဖွဲ့ဝင်လေ... အဲ့တော့ မျိုးနွယ်က မျိုးတုံးသွားပြီလို့ ယူဆလို့ရတယ်..."

ကျွမ်းချင်က ၄င်းက ဘာကို ဆိုလိုသည်အား မေးချင်သော်လည်း နောက်ဆုံးတွင် ဖူလီက သူ့မျက်နှာထက်တွင် လေးလံသော မျက်နှာထားဖြင့် လှည့်ထွက်သွားလေသည်။

"ဒီလို ငတုံးမိစ္ဆာလေးက ရုတ်တရက်ကြီးဘာလို့ မျိုးနွယ်စု မျိုးပွားတဲ့အကြောင်း တွေးမိတာလဲ..."

ကျွမ်းချင်က တံခါးကို ပိတ်လိုက်ကာ သူ့နှလုံးသားက စိုးရိမ်မှုများဖြင့် လေးလံနေပေသည်။ 

စီနီယာခန်းကူက ဖူလီ့ကို ကလေးလိုချင်အောင် တစ်ခုခု ပြောလိုက်လို့လား...ကလေးမမွေးနိုင်တဲ့ မိစ္ဆာထီးတစ်ကောင်က ကလေးလိုချင်တဲ့ မိစ္ဆာထီးတစ်ကောင်နဲ့ ဘယ်လိုလုပ်ပြီး အတူတူနေနိုင်မှာပဲ...

ကျွမ်းချင်က စိတ်ဝိညာဉ် ကျောက်စိမ်းအိပ်ယာပေါ်တွင် ထိုင်ချလိုက်ပြီး အခန်းထဲတွင် အလှပြထားသည့် ပစ္စည်းများက မည်မျှ အဖိုးတန်သည်နှင့် ကျောက်စိမ်းလက်မှုနံရံများက မည်မျှ တန်ဖိုးကြီးသည်ကို ကြည့်ရန်အတွက် အလွန် စိတ်ဖိစီးနေပေသည်။ သူ့စိတ်မှာ ဖူလီ ကလေးလိုချင်သည့်အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်မိနေပေသည်။ 

သူက ဖူလီ ဉာဏ်အလင်းပွင့်သွားသောအခါ အရာရာအဆင်ပြေသွားမည်ဟု ထင်ထားသော်လည်း သူဉာဏ်အလင်းပွင့်သွားပြီးနောက် တခြားသော မိစ္ဆာမတစ်ဦးကို ကြိုက်သွားပါက မည်သို့ လုပ်ရမည်ကို မတွေးထားပါပေ။ 

သူက တိတ်တိတ်လေးပဲ ဖူလီ ပျော်ရွှင်ဖို့ မျှော်လင့်ပြီး သူ့ခံစားချက်တွေကို နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်ရမလား...

ငလူးကို တိတ်တိတ်လေးပဲ သူပျော်ရွှင်ဖို့ မျှော်လင့်နေလိုက်...

ကျွမ်းချင်က အုံးတားကို အမူအရာမဲ့ ထိုးလိုက်သည်။ သူပျော်ရန် မျှော်လင့်သည်မှာ မဖြစ်နိုင်ပါပေ။ သူ့ဘဝ တစ်လျှောက်တွင် သူ၄င်းကို မည်သည့်အခါမှ လုပ်မည် မဟုတ်ပါပေ။

ထိုအချိန်၌ ဖိုရမ်တစ်ခုပေါ်တွင် အင်တာနက် အသုံးပြုသူများမှာ 'စွမ်းအားကြီးယုန်'မှ တင်ထားသော ပိုစ့်ကြောင့် ရူးသွပ်နေကြပေသည်။

အစပိုင်းတွင် ထိုပိုစ့်မှာ OPသည် အမျိုးသားတစ်ယောက်ဖြစ်ကာ တခြားသော အမျိုးသားတစ်ယောက်၏ တိတ်တခိုး အချစ်ခံရ၍ ဒရမ်မာကြည့်သည့် အင်တာနက်အသုံးပြုသူအချို့ကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ထို့နောက် ထိုOPက ဗီလာတစ်ခုနှင့် ကျောက်မျက်ရတနာများ လက်ဆောင်ပေးခြင်းအကြောင်းကို ပြောလာရာ OPမှာ တမင်သက်သက် ပုံပြင်တစ်ခု ဖန်တီးကာ လူတိုင်းကို လိမ်လည်နေသည်ဟု ယူဆကာ အင်တာနက် အသုံးပြုသူများကို ထပ်မံ ဖိတ်ခေါ်လိုက်ပေသည်။ အားလုံးထဲတွင် လူတိုင်းက OPအား လူလိမ်အဖြစ် ဖော်ထုတ်ပြီးသည့်အခါ OPကထပ်မံပေါ်မလာတော့ရာ ထိုပိုစ့်မှာ လုပ်ကြံထားသည်ကို ပိုမို သေချာစေခဲ့ပေသည်။ 

ဗလလေးရဲ့ ညီက ဗလကြီးကို ခေါ်နေတယ် : ငါ စိတ်မပါပေမဲ့ ဒီစကားကို ပြောမယ်... ဒီပိုစ့်ကို နေးဗားရင်းပေါ်က အရမ်းနာမည်ကြီးနေတဲ့ ပိုစ့်နဲ့ တွဲဖတ်ရင် ပိုပြီး လှပတဲ့ အတွေ့အကြုံရလိမ့်မယ်... OPက ညာနေတာ မဟုတ်လောက်ဘူး... သူက အရမ်းချမ်းသာနေတာ ဖြစ်မယ်...

ထိုအင်တာနက်အသုံးပြုသူ၏ မှတ်ချက် ပထမဆုံးပေါ်လာသည့်အချိန်၌ လှောင်ပြောင်မှုများ အများအပြားရသွားလေသည်။ သူ့အား OP၏ ရုပ်သေးရုပ်ဟုပင် ခေါ်သူအချို့ ရှိလေသည်။ သို့သော် နေဗားရင်းပေါ်မှ <ဉက္ကဌ ကျွမ်းနဲ့ လက်ထောက်လေးအကြောင်း အချို့အရာများ>ဟူသော ပိုစ့်ကို အမှန်တကယ် ဖတ်ရန် လာရောက်ကြသော လုပ်စရာမရှိကာ ပျင်းနေသည့် အင်တာနက် အသုံးပြုသူများလည်း ရှိပေသည်။ 

၄င်းကို မဖတ်သူများက အမှောင်ထဲတွင် ကျန်ရစ်ကာ ဖတ်သူများက ထိတ်လန့်သွားကြပေသည်။ အသေးစိတ်များစွာက တိုက်ဆိုင်စွာပင် ကိုက်ညီနေ၍ ကြောက်စရာပင် ကောင်းလှပေသည်။

စွမ်းအားကြီးယုန်က ထိုပိုစ့်တွင် သူ့၏ သူငယ်ချင်းကောင်းမှာ စူပါမားကတ်တွင် ထီးကလေးများ ဝယ်သည့်အကြောင်းပြောခဲ့ပြီး ထိုပိုစ့်၌ ဉက္ကဌကျွမ်းနှင့် လက်ထောက်လေးသည်လည်း စူပါမားကတ်တွင် လျှောက်လည်ကာ ထီးကလေးများ ဝယ်သွားသည်ဟု ဆိုထားပေသည်။

ခွန်အားကြီး ခမ်းနားသည့် ယုန်က ထိုပိုစ့်တွင် သူ့သူငယ်ချင်း သူ့အားပေးဖူးသည့် ဈေးအကြီးဆုံး လက်ဆောင်မှာ ဗီလာတစ်ခုဟု ပြောခဲ့ပြီး ထိုပိုစ့်တွင် ဉက္ကဌကျွမ်းက လက်ထောက်လေးအား သန်းဆယ်ချီသည့် ဗီလာတစ်ခု ဝယ်ပေးသည်ဟု ဆိုထားပေသည်။

အလုပ်အတူ လုပ်ခြင်းနှင့် လူအများ၏ စုံတွဲဟု အထင်ခံရခြင်းစသည့် ကိစ္စများအားလုံးမှာလည်း နေဗားရင်းပေါ်ရှိ ပိုစ့်နှင့် ကိုက်ညီနေပေသည်။ အင်တာနက် အသုံးပြုသူများက တိတ်ဆိတ်သွားကြသည်။ သူတို့က OPအား ဆဲရေးခြင်းများကို အထက်အောက်ရွေ့လျားကာ ဖိုရမ်၏ စစ်ဆေးရေးသမားကို ဖျက်ပေးရန် တိတ်တဆိတ် လျှောက်ထားလိုက်သည်။ 

၄င်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဆိုပါက အဆင်ပြေသော်လည်း အကယ်၍ OPမှာ ဥက္ကဌကျွမ်း၏ လက်ထောက်လေးဖြစ်နေပါ ၄င်းမှာ မယုံနိုင်ဖွယ် ဖြစ်ပေသည်...

ပန်းကလေး : အဲ့တော့ ဥက္ကဌ ကျွမ်းနဲ့ လက်ထောက်လေးက အခုထိ မတွဲကြသေးဘူးပေါ့...ဥက္ကဌကျွမ်းက တိတ်တိတ်လေး တစ်ဖက်သတ်ချစ်နေတာလား...

ရသာဆိုး ဂဏန်း : OP ပြန်လာပြီး ကြည့်ပေးဖို့ ဒူးထောက် တောင်းပန်ပါတယ်... ငါတို့ပြောလိုက်တာတွေက ဟာသတွေပါ... ငါတို့ပြောချင်တာက မင်းနဲ့ မင်းသူငယ်ချင်းက ကောင်းကင်နဲ့ မြေကြီးက တွဲဖက်ပေးထားတဲ့ အတွဲတွေပဲ... ပြီးတော့ မင်းတို့တွေ မြန် မြန် အတူနေသင့်တယ်...

အာလူး : ချမ်းသာတာ ကောင်းလိုက်တာ... ငါလည်း ငါ့သူငယ်ချင်းက ငါ့ကို ပေါ့ပေါ့ပါးပါး ဗီလာတစ်လုံးလက်ဆောင်ပေးပြီး သူ့ကို ပေါ့ပေါ့ပါးပါးလေးပဲ ကျောက်မျက်ရတနာတစ်အိတ် လက်ဆောင် ပြန်ပေးချင်လိုက်တာ...

ငါးတွေ ပျံနိုင်လား : ချမ်းသာရတာ တကယ်ကောင်းတယ်... +၁

အဓိပ္ပာယ်မဲ့ အဝတ် : OP ကို ဆဲထားတဲ့ အဲ့အစ်ကိုတွေအကုန်လုံး အိမ်မှာ အစားကောင်းတွေ စားထားသင့်တယ်... ဥက္ကဌကျွမ်းက မင်းတို့တွေ လက်ထောက်လေးကို အင်တာနက်ပေါ်မှ အဲ့လို ဆဲနေကြတာသာသိရင် ရလာဒ်က ဘယ်လိုဖြစ်မလဲဆိုတာ သွားပြီးသာ စဉ်းစားလိုက်ကြတော့...

ဆဲထားသော အင်တာနက် အသုံးပြုသူများ : ...

ဖူလီက အိပ်ယာပေါ်တွင် လူးလိမ့်ကာ လျှောက်လှည့်နေပြီး မအိပ်နိုင်ပဲ ဖြစ်နေလေသည်။ သူက ဖုန်းကို ထုတ်ကာ ပိုစ့်များကို လျှောက်ကြည့်ကာ သူယခင်က ပို့ထားသည့် ပိုစ့်နောက်တွင် မီးတောက် သင်္ကေတလေးတစ်ခု အမှန်တကယ်ပေါ်နေကာ ထိုပိုစ့်မှာ နာမည်ကြီးသွားသည်ကို သဘောပေါက် သွားလေသည်။ 

"အဲ့လူသားတွေက စွမ်းအင်အများကြီးရှိတာပဲ... သူတို့က ငါ့ပိုစ့် နာမည်ကြီးသွားတဲ့အထိကို ဆဲနိုင်ကြတာပဲ..."

ဖူလီက ပိုစ့်ကို ဖွင့်လိုက်ပြီး ထိပ်ဆုံးမှ ဆဲရေးသည်များအားလုံးက သူ့ကို ရည်ညွှန်းနေသည်ကို တွေ့လိုက်သော်လည်း အောက်ပိုင်းမှ ပုံစံက လုံးဝ ကွဲပြားနေပေသည်။ ၄င်းတို့မှာ 'လက်ထောက်လေး ငါတို့မှားပါတယ်...'၊ 'လက်ထောက်လေး မင်းနဲ့ ဥက္ကဌကျွမ်း အတူရှိဖို့ ဒူးထောက် တောင်းပန်ပါတယ်' စသည်တို့ဖြင့် ပြည့်နေပေသည်။ 

ပန်းကလေး : OP... မင်းက တကယ်ပဲ လက်ထောက်လေးဆိုရင် ကျေးဇူးပြုပြီး ဥက္ကဌ ကျွမ်းက နင့်ကို တကယ် အများကြီးချစ်တာ ယုံလိုက်ပါ... စကားလုံးတွေက လှည့်ဖြားနိုင်တယ်... ဒါပေမဲ့ မျက်လုံးတွေက ဘယ်တော့မှ မလိမ်နိုင်ဘူး... ဉက္ကဌ ကျွမ်းက နင့်တစ်ယောက်တည်းကိုပဲ မျက်လုံးထဲမြင်တာ... [ဓာတ်ပုံ][ဓာတ်ပုံ]

ပန်းကလေးဟုခေါ်သည့် အင်တာနက် အသုံးပြုသူ တစ်ဦးက ဓာတ်ပုံအချို့ကို ဆက်တိုက်ပို့လာပေသည်။ ၄င်းက အငြိမ်ပုံဖြစ်စေ လှုပ်ရှားနေသည်ဖြစ်စေ အားလုံးကို ပို့လာခဲ့သည်။ သို့သော် ဓာတ်ပုံတိုင်းတွင် ကျွမ်းချင်၏ အကြည့်မှာ သူ့အပေါ်တွင် ရှိနေပေသည်။ 

အထူးသဖြင့် သူကျွမ်းချင်ကို ပန်ဒါနားရွက်များ ကူတပ်ပေးစဉ်က ရိုက်ထားသည့် လှုပ်ရှားနေသည့် ဓာတ်ပုံများ ဖြစ်ပေသည်။ ကျွမ်းချင်မှာ သူ့အား အလိုလိုက်ခံရသော ကလေးဆိုးတစ်ဦးသဖွယ် ကြင်နာမှုများ လွှမ်းခြုံကာ ကူကယ်ရာမဲ့ ကြည့်နေပေသည်။ 

ဖူလီမှာ ၄င်းတို့အားလုံးကို သတိမပြုမိပါပေ။ သို့သော် ထိုအင်တာနက် အသုံးပြုသူများက ၄င်းတို့ကို တင်လာသောအခါ ဖူလီကိုယ်တိုင်ပင် ကျွမ်းချင်သူ့အား အမှန်တကယ် ကြိုက်နေသည်ဟု ယုံကြည်လုနီးပါးဖြစ်လာလေသည်။

.....

၁၂ကြိမ်မြောက်လပြည့် လ၏ ၃၀ရက်နေ့ဖြစ်သည့် ယုန်နှစ်၏ နောက်ဆုံးရက်တွင် ဖူလီက ပြတင်းပေါက်များကို တွန်းဖွင့်လိုက်သည်။ သူက ခေါင်းဆန့်ထုတ်လိုက်သည်။ ကောင်းကင်မှာ ဖြူလွှနေပြီး နှင်းများက ကောင်းကင်ထက်မှ ထပ်မံ ကျဆင်းနေပေသည်။

"အဝတ်အစားဝတ်ပြီး မနက်စာစားဖို့ ထွက်လာခဲ့..."

တစ်စုံတစ်ယောက်က သူ့ခေါင်းကို ပုတ်လိုက်သည်။

ဖူလီက သူ့ခေါင်းကို အုပ်လိုက်ပြီး တက်ကြွကာ ချောမောနေသော ကျွမ်းချင်ကို ကြည့်လိုက်ပြီး ခေါင်းထဲမှ စကားလုံးများအားလုံး ပျောက်ဆုံးသွားလေသည်။

"နဂါးလေးကျွမ်း မင်း..."

"ကလေးယူဖို့ မိစ္ဆာမတစ်ယောက်ကို မရှာနဲ့..."

ကျွမ်းချင်က ရုတ်တရက် သူတို့ကြားမှ အကွာအဝေးကို နီးကပ်စေလိုက်သည်။ 

"ဟို့ကို ကောင်းကင်ကနေမွေးပြီး မြေကြီးကနေပျိုးထောင်ပေးတာ... မင်က ဘယ်မိစ္ဆာမနဲ့ပဲ အတူနေနေ မွေလာတဲ့ ကလေးတွေက ဟို့မဖြစ်နိုင်ဘူး..."

ဖူလီ၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ့အကြည့်က ကျွမ်းချင်၏ မျက်နှာပေါ်တွင် မြဲမြံနေပေသည်။ သူ့နှလုံးသားထဲမှ ယုန်လေးက ခုန်ပေါက်နေလေသည်။

သူက လူသားတွေရဲ့' ကြည့်ကောင်းတယ်'ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်လို အသိအမှတ်ပြုရမလဲဆိုတာ သင်ယူပြီးသွားတဲ့ပုံပဲ...