Chapter 157
နျန်မှာ နဂါးမျိုးနွယ်နှင့် ဆက်ဆံခဲသော်လည်း သူကြားဖူးသည့် ဒဏ္ဍရာရီများထဲမှ နဂါးများမှာ ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားပြီး မည်သည့် အခြေခံ လိုအပ်ချက်မှ မပိုင်ဆိုင်ထားပါပေ။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ကျော်က ယောင်ကျင့်ကြံသူတစ်ဦးက နဂါးဘုရင်အား ၇လမြောက်၏ ၇ရက်မြောက်တွင် မွေးဖွားသော လူတစ်ဦး၏ နှလုံးသားကို ပေးခဲ့သည်ဟု ဆိုကြပေသည်။ အပျော်လွန်နေသည့် နဂါးဘုရင်က ထို့နောက် သူ့အား မယုံနိုင်ဖွယ် နက်နဲသည့် ကျင့်ကြံခြင်း နည်းစနစ် တစ်ခုပေးခဲ့ပေသည်။
နဂါးမျိုးနွယ်က လူသားတွေကို အမြဲလိုလို အထင်သေးနေတာကို အစွမ်းထက်ချီဓာတ်နဲ့ ဒီနဂါးက ဘာလို့ လူသားတစ်ယောက်တဲ့ အတူရှိနေတာလဲ...
"ဒီငတုံးက ဘယ်တောကနေ လာတာလဲ..."
ဘေးကင်းနေပြီးဖြစ်သည့် ခရုစုပ်ငှက်မှာ သူ့၏ သွေးစွန်းနေသော အမွေးများကို ခါလိုက်သည်။
"ဒီခေတ်ကြီးမှာ လောကကြီးက စည်းလုံးသွားတာ ကြာပြီကို မင်းက လူသားတွေနဲ့ မိစ္ဆာတွေကို စားချင်နေတုန်းလား... ဘာလို့ ကိုယ်ဘာသာကိုယ် ပြန်မစားလိုက်လဲ..."
"ဘာမှမသိတဲ့ငှက်... ငါက နဂါးသခင်ကို ပြောနေတာ... မင်းဝင်ပြောစရာ နေရာရှိလို့လား..."
နျန်မှာ ဆိုးယုတ်သော သွင်ပြင်ရှိနေသော်လည်း တစ်စုံတစ်ယောက်ကို မျက်နှာလိုမျက်နှာရ လုပ်လိုသောအခါ အတန်ပင် ပါးနပ်လှပေသည်။
"လောင်ဇီက နိုင်ငံ့ရတနာကွ..."
ခရုစုပ်ငှက်က တောင်ပံတဖျပ်ဖျပ် ခတ်လိုက်သည်။ များစွာသော နီရဲရဲအမွေးများက နှင်းဖုံးနေသော မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒါ စားလိုက်..."
ဖူလီက ဆေးတောင့်တစ်တောင့်ကို ထုတ်ကာ ခရုစုပ်ငှက်ဆီသို့ ပစ်ပေးလိုက်သည်။ ခရုစုပ်ငှက်က ၄င်းကို လက်သည်းများဖြင့်ဖမ်းကာ ဖူလီ့ကို သင်္ကာမကင်း ကြည့်လိုက်သည်။
"ဒါက ဘာဆေးလဲ..."
"စိတ်မပူပါနဲ့... ငါက တောကလာပေမဲ့ အဲ့ဆေးကြောင့်တော့ မင်းမသေပါဘူး..."
ဖူလီက မျက်ခုံးပင့်ကာ သူ့အသံထဲတွင် ကွဲပြားသည့် အရိပ်အယောင်မရှိပါပေ။
"ငလူး... မင်းက အရေးမပါပါဘူး... ငါက နျန်ကို ဆဲနေတာ... မင်းကို မဟုတ်ဘူး..."
ဆေးတောင့်၏ ရနံ့ကို ရှုကာ ခရုစုပ်ငှက်က တံတွေးမျိုချလိုက်ပြီး ဆေးသောက်လိုက်သည်။
သူ အံ့အားသင့်သွားသည်မှာ သူ့၏ အတွင်းဒဏ်ရာတစ်ဝက်မှာ ဆေးသောက်ပြီးပြီးချင်း ပျောက်ကင်းသွားသည်သာမက သူ့ကျင့်ကြံခြင်းသည်လည်း အနည်းငယ် မြင့်တက်လာပေသည်။ သူက မမေးဘဲ မနေနိုင်တော့ပါပေ။
"ဒါက ဘာဆေးလဲ..."
"ချီဓာတ်အားဖြည့်ဆေးတောင့်..."
ဖူလီက ခရုစုပ်ငှက်ကကို အရေးစိုက်ရန်အချိန်မရှိပဲ နျန်နှင့် ရင်ဆိုင်ကာ အိမ်ကိုပြန်ပြီး နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရန်သာ စိတ်ရောက်နေပေသည်။
သူ လွန်ခဲ့သည့်နှစ်များက သတင်းနားထောင်ရန် အိမ်ထဲတွင် ပုန်းနေတတ်သော်လည်း နှစ်သစ်ကူးမှာ လူသားများအတွက် အရေးပါသဖြင့် လူသားများ စုစည်းကြသည့်နှစ်ကူး အချိန်ကို အလိုက်သတိ ရှောင်ပေးခဲ့ပေသည်။
ဤနှစ်မှာ လပြည့် နှစ်သစ်ကူးပွဲတော်ကို ကြည့်ရှုရသည့် ပထမဆုံး အကြိမ်ဖြစ်ပေသည်။ နေ့လည်စာစားပြီးနောက် သူက ဦးလေးဖုန်းနှင့် ဘုရင်ကို ကျွမ်းချင်၏ ဗီလာသို့ ခေါ်လာပြီး တီဗွီဘေးတွင်ထိုင်ကာ ပွဲတော်စရန် စောင့်နေသည်ဖြစ်သည်။ ယခုတွင် နျန်တစ်ကောင်က ထွက်လာကာ သူ့ကိုနှောင့်ယှက်လာရာ သူ့ခံစားချက်မှာ အလွန်မကောင်းတော့ပါချေ။
'ချီဓာတ်အားဖြည့်ဆေးတောင့်'ဟူသော စကားလုံးများကြောင့် ခရုစုပ်ငှက်က သစ်ပင်ပေါ် ကုတ်တွယ်ထားသည်ကိုပင် ချော်ကျကာ မြေပြင်သို့ တိုက်ရိုက်ပြုတ်ကျလုနီးပါးဖြစ်အောင် ထိတ်လန့်သွားစေပေသည်။
သူက တကယ်ကြီး ဈေးကြီးတဲ့ ချီဓာတ်အားဖြင့် ဆေးတောင့်ကို စားလိုက်တာလား...
သူက နောက်ဆုံးတွင် လူအများက အဘယ့်ကြောင့် sugar babiesများဖြစ်ရသည်ကို နှစ်သက်သည်ကို နားလည်သွားလေသည်။ စိုက်ပျိုးခြင်းမရှိပဲ ရိတ်သိမ်းရသည့် ပျော်ရွှင်မှုက အမှန်တကယ်ပင် အလွန်ကောင်းပေသည်။
မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... နိုင်ငံ့ရတနာတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး အဲ့လို ပျက်ပြားတဲ့ နည်းလမ်းမျိုး တွေးရတာလဲ...
သူက ပင်ပင်ပန်းပန်း ရုန်းကန်ပြီး သူ့ကိုယ်သူပဲ အားကိုးသင့်တယ်...
"မင်းက လူသားမဟုတ်ဘူးလား..."
နျန်က သူတို့၏ စကားဝိုင်းမှ သဲလွန်စတစ်ခု ရသွားလေသည်။ သူက ဖူလီကို မကောင်းဆိုဝါးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ အလန့်တကြားကြည့်လိုက်ပေသည်။
ယောင်ကျင့်ကြံသူတစ်ယောက်က ကြောက်စရာခွန်အားကို ပိုင်ဆိုင်ထားပြီး ဘယ်မိစ္ဆာချီဓာတ်မှ မထုတ်ပေးတာက ဘယ်လောက်တောင် ကြောက်စရာကောင်းနေလို့လဲ...
"လူသား ဟုတ်လား မဟုတ်လားက အရေးကြီးလို့လား..."
ဖူလီက စီမံခန့်ခွဲရေး ဗျူရိုမှ ပေးထားသော မိစ္ဆာချုပ်နှောင်သော့တစ်ခုကိုထုတ်ကာ သူ့ကိုခတ်လိုက်သည်။
"နောက်ကျသွားတာ တောင်းပန်ပါတယ်..."
ညင်သာသော အမူအရာ၊ ခါးထိရှည်သော ဆံပင်နှင့်အမျိုးသမီးတစ်ယောက်က အရံအတားကို ဖြတ်သန်းကာ လျှောက်လာလေသည်။ ထိုအမျိုးသမီးက မလှသော်လည်း သူမ၏ အကြည့်က နွေးထွေးကာ သဘောထားကြီးသည်မှာ သူမ၏ မျက်လုံးများက နွေဦးများအားလုံးဖြင့် ဖွဲ့စည်းထားသကဲ့သို့ပင်။
"မင်းက ဘယ်သူလဲ..."
ဖူလီက ထိုအမျိုးသမီးထံမှ ဝိညာဉ် ချီဓာတ်များစွာကို အနံ့ခံမိလေသည်။ သူမက မိစ္ဆာတစ်ဦးနှင့်လည်း မတူပါပေ။ ၄င်းထက် သူမက လူသားများ 'နတ်ဘုရား'ဟု ခေါ်သည်နှင့် ပိုနီးစပ်ပေသည်။
သို့သော် ကမ္ဘာပေါ်တွင် နတ်ဘုရား မရှိပါပေ။ ထိုနတ်ဘုရားဟူသည်များက လူသားများ၏ အတွေးနှင့် ကိုးကွယ်မှုတို့မှ ဖြစ်ပေါ်လာသည့် ဝိညာဉ် ခန္ဓာကိုယ် အမျိုးအစားတစ်ခုသာ ဖြစ်ပေသည်။
"နှုတ်ဆက်ပါတယ်... ကျင့်ကြံသူတို့..."
အမျိုးသမီးက ဖူလီကို ညင်သာစွာ ပြုံးပြလိုက်သည်။ သူမ၏ အပြုံးက ဖူလီကို'မိခင်'ဟူသော စကားလုံးအား တွေးမိစေသည်။ သူက လူသားမိခင်များစွာ ဤနည်းအတိုင်းပြုံးသည်ကို မြင်ဖူးပေသည်။
"ကျွန်မက နျန်ချူးယီလို့ ခေါ်ပါတယ်..."
နျန်ချူးယီဟု အမည်ရသော အမျိုးသမီးက သူမ၏ ရင်းမြစ်ကို ရှင်းပြလာသည်။
"လူသားတွေက နှစ်သစ်ကူး ပထမဆုံးနေ့ရက်ကို မျှော်လင့်ချက်တွေနဲ့ စတင်ပြည့်နှက်နေတယ်ဆိုပြီး ယူဆကြလို့ ဟိုးအရင်တုန်းက ဧကရာဇ်တစ်ပါးက ငါ့ကို နွေဦးနတ်ဘုရားလို့ အမည်ပေးထားတာ... ငါ့ကို ချူးယီလို့ပဲ ခေါ်ပါ..."
"ချူးယီ..."
ဖူလီက နှစ်၂၀၀၀တိုင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့၍ လူသားလောကတွင် 'လူသားများ ပြုလုပ်ထားသည့် နတ်ဘုရားများ'၏ တည်ရှိမှုကို မသိပါပေ။ သူက ကျွမ်းချင်ကို လှည့်ကြည့်လိုက်သောအခါ ကျွမ်းချင်က သတိမေ့နေသော လူများကို အရံအတားအပြင်သို့ ပို့ပေးပြီး ဖြစ်လေသည်။ အလွန်ထိတ်လန့်နေသော ကလေးနှစ်ဦးသည်ပင် သူ့၏ မှတ်ဉာဏ်ဖျက်ခြင်းကို ခံရပြီး အရံအတားပြင်ပတွင် လူကြီးများနှင့် ပျော်ရွှင်စွာ လှည့်ပတ်ဆော့ကစားနေပေသည်။
"နဂါးသခင်လူကြီးမင်း... မတွေ့တာ နှစ်ရာချီရှိပြီနော်... အဆင်ပြေနေရဲ့လား..."
ချူးယီက ကျွမ်းချင် အရံအတားကို ဖြတ်လျှောက်လာသည်အား မြင်လိုက်သည့်အခိုက်တွင် သူမက ရှေ့ထွက်ကာ ရည်မွန်သော အရိုအသေပေးလိုက်သည်။
"အားလုံး အဆင်ပြေပါတယ်..."
ကျွမ်းချင်က ဖူလီဖမ်းထားသော နျန်ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းက သူ့အတွက် လာခဲ့တာလား..."
"ဟုတ်ပါတယ်..."
ချူးယီက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မက ကြမ်းတမ်းတဲ့နျန်ကို လိုက်ဖမ်းပြီး လူသားတွေကို ငြိမ်းချမ်းတဲ့နှစ်သစ် ယူဆောင်လာပေးနိုင်ဖို့ ရှိနေတာလေ..."
နျန်မှာ အစဉ်အမြဲ သေဆုံးနေလေသည်။ သူက နှစ်တိုင်း သေဆုံးသော်လည်း နှစ်သစ်ရောက်သည်နှင့် ထပ်မံရောက်ရှိလာပေမည်။ နျန်မှာ လူသားတို့၏ ဆန္ဒနှင့် အကြောက်တရားမှ မွေးဖွားလာပြီး ချူးယီက လူသားတို့၏ မျှော်လင့်ချက်၊ ဉာဏ်ပညာနှင့် သတ္တိတို့မှ မွေးဖွားလာပေသည်။
ချူးယီက ဖူလီဆီသို့ လျှောက်သွားကာ အရိုအသေပေးလိုက်သည်။
"နျန်ကို ဖမ်းဖို့ ကူညီပေးတာ ကျင့်ကြံသူကို ကျေးဇူးအများကြီးတင်ပါတယ်..."
နျန်က ချူးယီကို မြင်ပြီးနောက် လှောင်ပြုံးတစ်ခု ပေးလိုက်လေသည်။
"သနားစရာ နွေဦးနတ်ဘုရား... နင်ငါ့ကို သတ်တော့ရော ဘာဖြစ်လဲ... ငါက နောက်နှစ် ဒီလိုအချိန်မှာ ထပ်ပေါ်လာဦးမှာပဲ... လူသားတွေမှာက လောဘကို အခြေခံတဲ့ ဆန္ဒတွေ ရှိနေသရွေ့ကတော့ ငါ့ကို ဘယ်တော့မှ အဆုံးသတ်လို့ မရဘူး..."
"လောဘမရှိရင် ပန်းတိုင်းတွေကို လိုက်ဖမ်းတာ ရှိမှာမဟုတ်ဘူး... လိုက်ဖမ်းတာကပဲ မျှော်လင့်ချက် ရှိနိုင်မှာ..."
ချူးယီက နျန်၏ စကားလုံးများကြောင့် ဒေါသမထွက်ပါပေ။ သူက နျန်၏ ခေါင်းပေါ်တွင် လက်တစ်ဖက်တင်လိုက်ရာ နျန်က နာကျင်စွာ အော်ဟစ်လာပေသည်။
မိစ္ဆာချုပ်နှောင်သော့ကြောင့် နျန်က မည်သည့်အခါမှ မတည်ရှိခဲ့သလိုပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပေသည်။
ချူးယီက ဤသည်များအားလုံးကို ပြီးမြောက်ပြီးနောက် ဖူလီကို ပြုံးပြလိုက်သည်။
"ဒါက ကျွန်မတို့ ပထမဆုံးအကြိမ်တွေ့တာဆိုပေမဲ့ ကျွန်မက တစ်ယောက်ယောက်နဲ့တူတဲ့ အနံ့ကို ရတယ်..."
သူမက လူသားအတွေးများမှ မွေးဖွာလာပေသည်။ ထိုကဲ့သို့ပင် သူမရှေ့မှ နက်နဲသော ကျင့်ကြံခြင်းနှင့် မိစ္ဆာများသည်လည်း ကောင်းကင်ဘုံအခွင့်အရေးတစ်ခုမှ ဖြစ်တည်လာပေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းရာကျော်က နျန်မှာ ကောင်းကင်နှင့် မြေကြီးထဲတွင် ဝိညာဉ်ချီဓာတ်အားနည်းသဖြင့် ၄င်း၏ ပုံစံကို သိပ်သည်း၍ မရနိုင်ပါပေ။ သူမသည်လည်း အိပ်ပျော်နေသည် ဖြစ်ပေသည်။ ဤတစ်နှစ်တွင် နျန်က တဖန်ထကြွလာ၍ သူမက နျန်ကို ဖမ်းရန်အတွက် ဝိညာဉ် ချီဓာတ်ချို့တဲ့နေသည့် ခန္ဓာကိုယ်ကို ထောက်ကန်ထားနိုင်ရန်သာ တတ်နိုင်ပေသည်။
လူသားများမှာ ကောင်းကင်တမန် မသေမျိုးများက သူ့တို့အား ကယ်တင်ရန် မမျှော်လင့်တော့ပါချေ။ သူမသည်လည်း မကြာမီတွင် ကောင်းကင်နှင့်မြေကြီးဆီသို့ ပျောက်ကွယ်သွားကာ မည်သည့်အခါမှ မတည်ရှိတော့မည်ဖြစ်နိုင်ပေသည်။
ဤကျင့်ကြံသူက ခြားနားပေသည်။ ပုံစံယူပြီးနောက် သူက တခြားဘဝပုံစံတစ်ခုကို ဆက်လက်နေထိုင်ရန် ဆွဲမထားပါပေ။ ထိုကဲ့သို့အရာမျိုးက ကောင်းမွန်ပေသည်။
၄င်းကိုတွေးမိရာ ချူးယီကပို၍ပင် နူးညံ့လာပေသည်။
"ကျွန်မစကားပြောတာ မှားသွားပါတယ်... ဒီက ကျင့်ကြံသူ စိတ်မရှိဖို့ မျှော်လင့်ပါတယ်... ဒီနှစ်အတွက် နျန်ကို ဖယ်ရှားပြီးပြီဆိုတော့ ကျွန်မပြန်သင့်ပြီ..."
"မင်းက လူသားလောကကို မတွေရတာ ကြာပြီကို... ကျွမ်းချင်နဲ့ ငါ မင်းကို လျှောက်ခေါ်သွားပေးမယ်..."
ဖူလီက ချူးယီ၏ မျကနှာထက်မှ အပြုံးကြောင့် စိတ်လှုပ်ရှားသွားပေသည်။ သူက ကျွမ်းချင်ဘက်သို့ လှည့်လိုက်သည်။
"အဆင်ပြေတယ်မလား... နဂါးလေးကျွမ်း..."
"မလိုတော့ပါဘူး ကျင့်ကြံသူ..."
ချူးယီက ခေါင်းခါပြလိုက်သည်။
"ရှင့်ရဲ့ ကြင်နာတတ်တဲ့ ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်... ကျွန်မရဲ့ လက်ရှိအခြေအနေ့နဲ့ဆိုရင် အလွန်ဆုံး ခံနိုင်လည်း ၂နာရီလောက်ပဲ..."
"နှစ်နာရီက အများကြီး ကြည့်ဖို့ လုံလောက်ပါတယ်..."
ကျွမ်းချင်က ဖူလီဘေးသို့ လျှောက်သွားကာ အမူအရာမဲ့ ဆိုလိုက်သည်။
"သွားစို့..."
ချူးယိီက လမ်းဘေးမှ တောက်ပနေသော မီးများကို ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်လေးများက လှုပ်ရှားသွားသည်။ အတန်ကြာပြီးနောက် သူမက ဆိုလိုက်သည်။
"ကျေးဇူးပါ..."
နေမင်းကဲ့သို့ တောက်ပနေသော လမ်းမီးများ၊ မြင့်မားသော အဆောက်အဦးများ၊ ကားများနှင့် သူတို့ပတ်လည်မှ လမ်းလျှောက်သူများ၊ အပျော်လွန်နေကြသော ကလေးငယ်များအားလုံးမှတစ်ဆင့် ချူးယီက လူသားကမ္ဘာအသစ်တစ်ခုကို ကြုံတွေ့ခဲ့ရပေသည်။
နေရာတိုင်းတွင် သတ်ဖြတ်ခြင်း၊ ဆာလောင်ခြင်းနှင့် နှိပ်စက်ဒဏ်ရာများ မရှိပါပေ။ သူ ရှင်သန်လာသော လောကကြီးက တစ်ချက်ပုတ်လိုက်သည့်နှင့် နိုးလာနိုင်သော ယာယီအိပ်မက်တစ်ခုသဖွယ် ထင်ရပေသည်။
"လူတိုင်းက... အခုအသားစားနေပြီလား..."
"အင်း... ဒီနိုင်ငံထဲက လူအများစုက ကောင်းကောင်းနေနေကြတယ်... သူတို့ရဲ့ဗိုက်တွေက ပြည့်ပြီး သူတို့က နွေးထွေးတဲ့ အဝတ်အစားတွေ ဝတ်ပေမဲ့ ပြဿနာတွေ အများကြီး ရှိနေတုန်းပဲ..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါ အရမ်းကောင်းတယ်... ဗိုက်ပြည့်ပြီး နွေးထွေးတဲ့ အဝတ်အစားရှိတာက အရမ်းကောင်းတယ်..."
ကလေးတစ်ဦးက ချော်လဲကာ လမ်းဘေးသို့ ပြုတ်ကျသွားသည်ကို မြင်ရာ ချူးယီက လက်တစ်ဖက်ဆန့်ထုတ်ကာ ကူညီလိုပေသည်။ သို့သော် ကလေး၏ မိဘများက ပို၍ လျင်မြန်စွာပင်လှုပ်ရှားကာ ကလေးကို ကောက်ပွေ့လိုက်ကြသည်။
"ငါအိပ်ပျော်သွားတဲ့နေ့က ကလေးတွေအများကြီးက စားစရာမရှိကြဘူး..."
ချူးယီက ပြုံးကာ ထိုမိသားစုကို အကြည့်ဖြင့် အဝေးသို့ ပို့လိုက်သည်။ သူမမျက်လုံးထောင့်မှ အပြုံးနှင့် မျက်ခုံးများက မည်သို့ပင်ဆိုဆို မဖုံးဖိနိုင်ပါပေ။
"အခုကိစ္စတွေက ဒီလိုမျိုး ဖြစ်နေပြီဆိုတော့ တကယ်ကောင်းတယ်..."
လူငယ်အနည်းငယ်က သူတောင်းစားတစ်ဦး၏ လက်ထဲသို့ မုန့်အိတ်ကြီးတစ်ခု ထိုးထည့်နေသည်။ သူတောင်းစားက အပြုံးတစ်ခုနှင့် သူတို့ကို ပျော်ရွှင်စရာနှစ်သစ်ဟု ဆုတောင်းပေးလိုက်လေသည်။
တောက်ပကာ သပ်ရပ်သော အဝတ်အစားများနှင့် လူငယ်များက အပြုံးများဖြင့် ပြေးသွားကြလေသည်။
"သူတို့က မှူးမတ်တွေရဲ့ ကလေးတွေလား..."
"မဟုတ်ဘူး... သူတို့က သာမန်လူငယ်တွေပါပဲ..."
ဖူလီက ခေါင်းခါလိုက်သည်။
"ဒီနိုင်ငံထဲမှာ လူငယ်တွေ အများကြီး ရှိတယ်... သူတို့တွေက အရမ်းကောင်းတဲ့ ကလေးတွေတော့လည်း မဟုတ်ဘူးပေါ့..."
ချူးယီက ပြုံးရုံသာ ပြုံးလိုက်သည်။ သူမက မျက်တောင်ပင် မခတ်နိုင်ပါပေ။ သူမက ဤလောကကြီးကို ထပ်မံ ကြည့်လိုပေသည်။ အကြည့်တစ်ချက်ပင် ပိုသည်ဆိုလျှင်ပင် ကောင်းမွန်နေဆဲ ဖြစ်ပေသည်။
ဖူလီနှင့် ကျွမ်းချင်က ချူးယီကို လူသားများ သွားသွားလာလာလုပ်နေသည့် လူထုရင်ပြင်တစ်ခုသို့ ခေါ်လာလိုက်သည်။ ယောက်ျားလေးနှင့် မိန်းကလေးများက လက်များချိတ်ကာ လျှောက်သွားနေကြပြီး လေထုမှာ ပျားရည်ရနံ့ဖြင့် ပြည့်နှက်နေပေသည်။
"သူတို့က အဲ့လိုနေလို့ ရလို့လား..."
ချူးယီက အဝေးတွင် ဖက်ထားသော အတွဲတစ်တွဲကို တွေ့လိုက်သည်။ သူမျက်လုံးထဲတွက် အံ့အားသင့်မှုရှိနေသော်လည်း စပ်စုလိုစိတ်မရှိပါပေ။
"အခုက လွတ်လွတ်လပ်လပ် ချစ်လို့ရတယ်... မိဘတွေ စီစဉ်ပေးတဲ့အတိုင်း လက်ထပ်တာက မလိုအပ်တော့ဘူး..."
ကျွမ်းချင်က ဖန်သားပြင်ကြီးကို ကြည့်နေသော သူ့ဘေးမှ ဖူလီကို ကြည့်လိုက်သည်။
"လူအများစုက သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ခွင့်ရှိတယ်..."
လွန်ခဲ့သည့်အချိန်တစ်ခုက ဆယ်နှစ်ကျော် မိန်းကလေးတစ်ဦးက သူမ မချစ်သော ယောက်ျားတစ်ဦးကို လက်ထပ်ခဲ့ရသည်ကို ချူးယီ ပြန်တွေးမိသွားသည်။ သူမက လက်ထပ်ပြီးနောက် အရိုက်ခံရသလို အဆူလည်းခံခဲ့ရပေသည်။ အဆုံးတွင် သူမက နှစ်သစ်ကူးပွဲတော်နေ့တွင် ရေခဲတမျှအေးနေသည့် ရေကန်ထဲသို့ ခုန်ချသွားခဲ့ပေသည်။
သူမက ၄င်းကိုသည်းခံပြီးနေခြင်း သို့မဟုတ် သေဆုံးခြင်းမှလွဲ၍ တခြားသော ရွေးချယ်စရာ မရှိပါပေ။
"ဒီအတိုင်းဆို ကိစ္စတွေက တော်တော်ကောင်းတယ်..."
ချူးယီက ခေါင်းညိတ်ပြလိုက်သည်။
"တကယ်ကို အရမ်းကောင်းတယ်..."
ထိုညတွင် သူမက 'ကောင်းတယ်'ဆိုသည်မှလွဲ၍ တခြားဘာမှ မပြောပါပေ။ လူသားလောကမှာ မပြည့်စုံသော်လည်း အရာများစွာက အလွန်ကောင်းပေသည်။ ဗိုက်ပြည့်သည်။ နွေးထွေးသည့် အဝတ်အစားများ ရှိသည်။ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ လူတိုင်းက လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသည်။
ချူးယီက လူထုရင်ပြင်ကို အချိန်အတန်ကြာအောင် ငေးကြည့်နေသည်။ သူမက လူထုရင်ပြင်ထဲရှိ အရုပ်များကို စိတ်ဝင်စားပြီး နီယွန်ဆိုင်းများကိုလည်း စိတ်ဝင်စားပေသည်။ သူမ၏ မျက်လုံးထဲတွင် ဖန်သားပြင်ကြီးများသည်ပင် အသစ်အဆန်း ဖြစ်နေပေသည်။
"ဒါတွေ မြည်းကြည့်..."
ဖူလီက မုန့်ထုတ်အများကြီးနှင့် ရောက်လာသည်။ ကန်းစွန်းဥဖုတ်၊ အာတာပူစီ၊ သကြားနှင့် သစ်အယ်သီး မီးဖုတ်၊ ဘီစကွတ်၊ ချောကလက်၊ ဖရုံစေ့၊ မြေပဲ စသည်တို့ ရှိလေသည်။ တွေးနိုင်သမျှ အရာရာ ရှိနေပေသည်။
"ကျေးဇူးပါ..."
ချူးယီက မုန့်များကို နွေးထွေးသောအပြုံးဖြင့် လက်ခံလိုက်သည်။