အပိုင်း ၁၇၀
Viewers 38k

Chapter 170
ဖောက်ပြန်နေတာလား...


သူက အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အပေါ်ပိုင်းတွင် အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားကာ အင်္ကျီလက်များကို အနည်းငယ်ခေါက်တင်ထားသည်။ သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေသည့် အလှလေးတစ်ယောက်နှင့် တူနေသည်။ ဖူလီက နှုတ်ခမ်းထောင့်ကို သပ်လိုက်မိပြီး လူသားမျိုးနွယ်စု၏ လေ့ကျင့်ခန်းအကြောင်း ရုတ်ချည်းတွေးမိသွားသည်။

" ဗိုက်ဆာလို့လား..."

ဖူလီ လျှာသပ်လိုက်သည်ကို ကျွမ်းချင် သတိပြုမိသွား၍ သက်ပြင်းချလိုက်သည်။

" ထားပါ‌တော့ မင်း‌ဒီမှာနေပြီး မုန့်စားနေလေ ကိုယ် ဟင်းသွားချက်လိုက်ဦးမယ်..."

ကျွမ်းချင် တစ်ဖက်သို့လှည့်သွားသည်ကိုကြည့်ပြီးနောက် ဖူလီက ရုတ်ချည်းမတ်တပ်ထရပ်ကာ သူ့ခါးမှ ဖက်ထားလိုက်သည်။
" နဂါးလေးကျွမ်း..."

" ဘာဖြစ်လို့လဲ..."
ကျွမ်းချင်က သူ့ခါးကိုပွေ့ဖက်ထားသည့် လက်ကို အသာပုတ်လိုက်သည်။

" ဂျီမကျနဲ့လေ မင်း ထမင်းမစားချင်လို့လား..."

ငါတို့က ယောင်ကျင့်ကြံသူတွေလေ ထမင်းတစ်နပ်လောက်မစားတာ ဘာမှမဖြစ်ပါဘူး..."

ဖူလီက သူ့နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

" မိတ်လိုက်ကြမယ်လေ..."

ကျွမ်းချင် ကြောင်အသွားမိသည်။ ခဏအကြာတွင်မှ ဖူလီ့ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။

" အတိတ်ကဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် အပြစ်မကင်းသလို ခံစားရလို့လား..."

ဖူလီ : ...

သူ ဘာလို့ အတိတ်က ကိစ္စနဲ့ ဆက်စပ်ပြီး တွေးနေပြန်တာလဲ...

" မင်း..."

ကျွမ်းချင် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ ဖူလီ့ကို ပွေ့ဖက်ကာ သူ့နှဖူးကို အသာတောက်လိုက်သည်။

" အတွေးမလွန်နေပါနဲ့... ကိုယ်မင်းကို စိတ်မဆိုးသလို မင်းကို အပြစ်လည်း မတင်ပါဘူး... ကိုယ် ဟင်းသွားချက်ဦးမယ် ဒီမှာခဏထိုင်စောင့်နေနော် သိပ်မကြာပါဘူး..."

ဖူလီ : ...

အမည်မဲ့ အင်တာနက်သုံးသူ : ငါ ကြိုးစားကြည့်ပြီးပြီ... ငါ့ကောင်လေးက ငါ့ကို စိတ်မဆိုးဘူး အပြစ်လည်း မတင်ဘူးတဲ့... ဒါပေမဲ့ ငါနဲ့ papapaလုပ်ချင်ပုံမရဘူး...

ချင်းခယ့်ဘာလီဝိုင် : အမှန်တရားက တစ်ခုပဲရှိတော့တယ် မင်းကောင်လေးက ဖောက်ပြန်နေတာပဲ...

၂၅ဆင့် ပန်းသီး : papapa မလုပ်ချင်ဘူးဆိုတော့ OP ကောင်လေးက စိတ်ဆိုးနေတာ ဒါမှမဟုတ် အပြင်မှာ တခြားယောက်ျား ဒါမှမဟုတ် မိန်းမတစ်ယောက် ထပ်ရှိနေလို့ပဲ... သေချာစောင့်ကြည့်ထားနော်...

ပဲသွေး : အပေါ်ထပ်ကလူတွေရဲ့ ဦးနှောက်က အလုပ်လုပ်ရဲ့လား... ဒီလို အစိမ်းရောင်ပို့စ်မျိုးကိုများ မင်းတို့ပြန်ဖြေနေရသေးတယ်လို့...

အမည်မဲ့ အင်တာနက်သုံးသူ : အစိမ်းရောင်ပို့စ်ကဘာလဲ... ငါသုံးနေတာ စာလုံးအမည်းတွေလေ...

ပဲသွေး : အစိမ်းရောင်ပို့စ်ကိုတောင် ဘာမှန်းမသိဘူးတဲ့... OPက အခုမှ အင်တာနက်သုံးဖူးတဲ့ တောသားလား ဒါမှမဟုတ် ဖြူစင်ချင်ယောင်ဆောင်နေတာလား...

အတိတ်လေပြည် : OP ပဲသွေးပြောချင်တာက မင်း ဒီပို့စ်တင်တာ တခြားလူတွေကို လိမ်ချင်လို့တဲ့...

အမည်မဲ့ အင်တာနက်သုံးသူ : ငါပြောတာအားလုံးက အမှန်တွေပါ... ဘာလို့အားလုံးက သူ အပြင်မှာ နောက်တစ်ယောက်ထားနေတယ် ထင်နေရတာလဲ... ငါ သူနဲ့ နေ့တိုင်းအတူတူရှိနေတာပဲ ထူးဆန်းတာတစ်ခုမှ မတွေ့မိပါဘူး...

ပဲသွေး : OPက အရူးပဲ... ယောကျာ်းတစ်ယောက် ဖောက်ပြန်ချင်ပြီဆိုရင် မင်းသူနဲ့ ၂၄နာရီ အတူရှိနေရင်တောင်မှ နည်းလမ်းရှာနိုင်တယ်...

ဖောက်ပြန်ခြင်းနှင့် တိတ်တဆိတ်ဖောက်ပြားခြင်းအကြောင်းများ စပြောလာသည့်အခါ မူလက replyအနည်းငယ်ခန့်သာရှိသောပို့စ်က ရုတ်ချည်းလူစည်လာခဲ့သည်။ အင်တာနက်အသုံးပြုသူများစွာက သူတို့၏ ပါတနာများ ဖောက်ပြန်ခဲ့သည့် အတွေ့အကြုံများစွာကို ဖူလီ့ဖြစ်စဉ်ကို အကျယ်ချဲ့၍ ဝေမျှပြောလာကြသည်။

လူသားများမှာ သက်တမ်းတိုတောင်းကြသော်လည်း သူတို့၏ပါတနာအပေါ် သစ္စာမဲ့မှုက အလွန်အကျွံဖြစ်သည်။

အဆုံးတွင်မူ OP၏ကောင်လေးက စကားများရန် အကြောင်းရှာနေခြင်းဟု ကောက်ချက်ချသွားကြသည်။ သူက အပြင်တွင် ဖောက်ပြန်နေသောကြောင့် ဤကဲ့သို့သော ကိုးရို့ကားယားနိုင်သည့် အကြောင်းပြချက်မျိုးသုံးကာ OPကို ပြဿနာရှာ‌နေခြင်းဖြစ်သည်။ သူက လောကကြီးတွင် ပြိုင်ဘက်ကင်း လူယုတ်မာတစ်ယောက်လည်း ဖြစ်သွားခဲ့သည်။ ပို့စ်ပိုင်ရှင်(OP)ကလည်း ထိုကဲ့သို့သော စကားများကို ယုံကြည်ပြီး ဖောက်ပြန်သူကို ရတနာအဖြစ် တန်ဖိုးထားနေသည့်အတွင် ဦးနှောက်မရှိသူအဖြစ် သတ်မှတ်ခံလိုက်ရပေသည်။

ဖူလီ : ...

ဘာဖြစ်လို့ ကိစ္စတွေက ဒီအခြေအနေထိ ရောက်သွားရတာလဲ...

သူ့ဖုန်းကို သိမ်းထားလိုက်ပြီး ထမင်းစားခန်းထဲ သွားလိုက်သည်။ ကျွမ်းချင်က ငါးခုတ်နေဆဲအချိန်ဖြစ်ပြီး အရောင်တလက်လက်တောက်ကာ ကြည်လင်နေသည့် ငါးအသားလွှာများကို ပန်းကန်ပေါ်မှ ဝါးရွက်များပေါ် စီထား၍ အလွန်လှပသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည်။ ဖူလီ ကျွမ်းချင်ဘေးနားကို ရောက်သွားသည်။ 
" မင်း ငါ့ရဲ့ အကူအညီ တကယ်မလိုဘူးလား..."

ကျွမ်းချင်က ငါးကြော်အတုံးသေးတစ်တုံးကို ဖူလီ့ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး အသီးအရွက်ဓားကို ချထားလိုက်သည်။ 
" ရပါတယ် ခဏနေရင် ချက်လို့ပြီးတော့မှာ..."

" အိုး..."
ဖူလီက ငါးကြော်ပန်းကန်ကို ယူသွားလိုက်ပြီး လှေကားထစ်နားတွင် သွားထိုင်နေလိုက်သည်။ အသီးအရွက်များကို လှီးနေသည့်အသံနှင့် တရှဲရှဲကြော်ချက်နေသည့်အသံများကို နားထောင်နေလျက် အင်တာနက်သုံးသူများက ကျွမ်းချင်အပြင်တွင် ဖောက်ပြန်နေနိုင်သည်ဟုပြောသည်ကို ပြန်အမှတ်ရလာ၍ သူ့ပါးစပ်ထဲမှ ငါးကြော်ပင် အရသာများ ပျောက်ရှသွားသည်။

ကျွမ်းချင် ချက်ပြုတ်ပြီး၍ ထွက်လာသည့်အခါ ဖူလီက ပန်းကန်ထဲမှ ငါးကြော်များကို မထိထား၍ အံ့ဩသွားသည်။
" ဘာလို့ မစားတာလဲ..."

ဖူလီက ပန်းကန်ကို ကျွမ်းချင်၏လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
" အေးသွားတော့ စားမကောင်းတော့ဘူး..."

" မင်း ဖုန်းဆော့နေလို့ အေးကုန်တာလေ..."
ကျွမ်းချင်က ယခုမှ ပူပူနွေးနွေးကြော်ထားသည့်ငါးကြော်များနှင့် ပန်းကန်ချင်း လဲပေးလိုက်သည်။ 
" ပူတုန်းစားလိုက်..."

ဖူလီက ပန်းကန်ကိုယူလိုက်ပြီး သူ့ဖိနပ်ထိပ်ဖျားများဖြင့် လှေကားကို တို့ထိနေလျက် ပြောလိုက်သည်။
" နဂါးလေးကျွမ်း မင်းဖောက်ပြန်နေတာလား..."

" ဘာကြီး..."
ကျွမ်းချင်က သူပြောသည်ကို ရှင်းလင်းစွာ မကြားလိုက်ပေ။

" မင်းဖောက်ပြန်နေဝာာလားလို့မေးတာ..."
ဖူလီက သူ့ဖိနပ်အဖျားကို လှေကားထစ်ဖြင့် အမြန်ပွတ်နေလိုက်သည်။

ဖူလီ ထိုသို့ အထင်လွဲနေမည်ဟု ကျွမ်းချင် မထင်ထားခဲ့ပေ။ 
" မင်း ခေါင်းထဲမှာ ဘာတွေရှိနေဝာာလဲ... ဖူလီ တခြားအတွေးတွေ တွေးမနေပါနဲ့ မင်းက ကိုယ်ချစ်တဲ့ တစ်ယောက်တည်းသောလူပဲ... အတိတ်က ကိစ္စတွေကို အခုထိ တွေးနေဦးမယ်ဆိုရင် အနာဂတ်မှာလည်း ဒါက ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်..."

" မင်း မဖောက်ပြန်ဘူးဆိုရင် ဘာလို့ ငါနဲ့ မိတ်မလိုက်ချင်တာလဲ..."
ဖူလီက ပန်းကန်ကို ကြမ်းပေါ်ပစ်ချလိုက်ပြီး ရန်လိုစွာဖြင့် ပြောလိုက်သည်။

" ငါမင်းကို မယုံဘူး..."

ကျွမ်းချင်က ခေါက်ထားသည့်အင်္ကျီလက်များကို ပြန်ဖြန့်လိုက်ပြီး ဖူလီ၏ ရန်လိုနေသည့်မျက်နှာကို ရုပ်တည်ကြီးဖြင့် ကြည့်လိုက်သည်။

" မင်း ဘယ်တုန်းက ဒီလိုလုပ်တတ်သွားတာလဲ..."

မနေ့က ကြည့်ခဲ့ဖူးတဲ့ ခွေးသွေးဇာတ်လမ်းက အမျိုးသမီးဇာတ်လိုက်နဲ့ သူ့ကောင်လေးက ဒီပုံစံနဲ့ရန်ဖြစ်ကြတာလား...

" ငါ့ရင်ထဲက ဒေါသတွေကို ဖွင့်ထုတ်နေတာလေ..."
ဖူလီက ကျွမ်းချင်၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သည်။

" သိရဲ့လား ငါ့ဒေါသတွေကို..."

" သိပြီ..."
ကျွမ်းချင်က သူ့မာဖလာကို ချွတ်လိုက်ပြီး မီးဖိုချောင်ထဲတွင် အပူထိန်းညှိသည့် အစီအရင်တစ်ခု ပြုလုပ်လိုက်ကာ ဖူလီ့ကိုချီပြီး နန်းတော်ခန်းမဘက် ဦးတည်သွားသည်။

" ဘာလို့ ငါ့ကို ပြောင်းပြန်ကြီး သယ်သွားတာလဲ... နေရတာ မသက်မသာကြီး..."

" ကိုယ်တို့တွေ မိတ်လိုက်ကြမှာ မဟုတ်ဘူးလား..."

" ပါးစပ်ပိတ်ထား..."

" ဒါဆိုရင်လည်း ကိုယ့်အသုံးအနှုန်းကို ပြင်လိုက်မယ်လေ...papapaတော့မယ်လို့ပဲ ပြောရမလား..."

“...”

ကျွမ်းချင်က တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး ဖူလီ့ကိုအိပ်ရာပေါ်ပစ်ချကာ ရှပ်အင်္ကျီချွတ်လိုက်သည်။

" နေဦး... ငါ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူး... မင်း သိလား..."
ဖူလီက အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူ့ပုံစက စိုးရိမ်ပူပန်နေပုံရသည်။
" နဂါးလေးကျွမ်း ငါတို့အရင်ဆုံး လေ့လာသင့်တယ်ထင်တယ်..."

ကျွမ်းချင်က အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။
ဒီအချိန်ကျမှ ဘာတွေလေ့လာဦးမလို့လဲ...

ဝင်လုဆဲ‌ဆဲ နေလုံးကြီးမှ အလင်းရောင်က ပြတင်းပေါက်ဘောင်မှတစ်ဆင့် ရွှေရောင်အလင်းတန်းများ အခန်းထဲ ဖြာကျလာသည်။ နွေဦးလေပြည်က ဖြတ်သန်းတိုက်ခတ်သွား၍ ခြံဝင်းထဲရှိ သစ်ကိုင်းများ အနည်းငယ် လှုပ်ခါသွားပြီး တရှပ်ရှပ်အသံများ ထွက်လာသည်။

လေပြည်လေညှင်းများက အထပ်ထပ်အခါခါ တိုက်ခတ်နေပြီး ရပ်တန့်မည့်ပုံ မပေါ်ပေ။ 

" မိုးတောင်ချုပ်တော့မယ်..."
စကားကောင်းနေသည့်ခန်းကူက မော့ကြည့်လိုက်သည်။

" မိန်းကလေးအစေခံလေးတွေ ဒီနေ့ဘာလို့ ထမင်းစားဖို့ လာမခေါ်တာပါလိမ့်..."

ပိုင်ဇယ် : " ကျွမ်းလေးနဲ့ ရှောင်လီက တစ်ခုခုနဲ့ အလုပ်များနေတာဖြစ်မယ်... ငါ မီးဖိုချောင်ထဲ သွားကြည့်လိုက်ဦးမယ်..."

သူ အိပ်ခန်းများရှိရာဘက်သို့ အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်သည်။

ထိုညတွင် အကြီးအကဲများ ညစာစားပြီးချိန်အထိ ဖူလီနှင့် ကျွမ်းချင်တို့ တစ်ယောက်မှ ပေါ်မလာခဲ့ပေ။ 

" ကျွမ်းလေးနဲ့ ရှောင်လီတို့ စကားများနေကြတာထင်တယ်..."

ခန်းကူက စိုးရိမ်နေသည်။
" ကျွမ်း‌လေးက ရှောင်လီရဲ့ အတိတ်အကြောင်းကို အတိတ်သိမြင်ကြေးမုံကနေတစ်ဆင့် မြင်သွားမယ်ဆိုတာသာ သိခဲ့မယ်ဆိုရင် လောင်ဖုန်းဟွမ်ကို အဲ့ကြေးမုံ မကြည့်ဘူး ပြောခဲ့ပါတယ်..."

ဖုန်းလွေ့ကျုံးကလည်း စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည်။

" ငါတို့ ပြန်လာတုန်းက ဖူလီ ပေါ်လျန့်အပေါ် ဘာခံစားချက်မှ မရှိဘူးလို့ ကျွမ်းလေးကို မင်းတို့ပြောတာ မထူးဆန်းတော့ပါဘူး..."

ရှင်းရှင်းသက်ပြင်းချလိုက်မိသည်။ သူ အလွန်ခေါင်းကိုက်လာသည်ဟု ခံစားနေရသည်။
" ဒါပေမဲ့ ကျွမ်းချင်က အရင်ဘဝတုန်းက ပေါ်လျန်ဆိုတာ မင်းတို့သိကြလား..."

" ဘာ..."
ခန်းကူနှင့် ဖုန်းလွေ့ကျုံးက ဓာတ်လိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ ပိုင်ဇယ်သည်ပင် တအံ့တဩဖြစ်သွားပုံပေါ်သည်။ သူ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

" ကျွမ်းချင်က ပေါ်လျန်လား..."

ကောင်းကင်ဘုံစည်းမျဉ်းရဲ့ ကိစ္စတွေကို ကိုင်တွယ်ပုံမျိုးနဲ့ဆိုရင် ကျွမ်းချင်က အရင်ဘဝက ပေါ်လျန် ဖြစ်နေခဲ့မယ်ဆိုရင်တောင် ဒီဘဝ ဖူလီနဲ့တွေ့ခွင့်ပေးမယ်တဲ့လား...

" ငါ ကျွမ်းလေးရဲ့အတိတ်ကိုမြင်ခဲ့တယ်... သူ့ရဲ့ အရင်ဘဝက ပေါ်လျန်ပဲ..."

ရှင်းရှင်း ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် အလွန်စိတ်ရှုပ်ထွေးနေသည့်လေသံဖြင့် ပြောလိုက်သည်။
" ကျွမ်းချင်က ဒီစိတ်ခံစားချက်အတွက် တော်တော်လေး ပေးဆပ်ခဲ့ရတာ..."

သူ ကျွမ်းချင်၏ အတိတ်အားလုံးကို မမြင်ခဲ့ရသော်လည်း မိစ္ဆာငယ်လေးဖြစ်သော ကျွမ်းချင်အတွက်မူ ဤဘဝတွင် ကြုံတွေ့ခဲ့ရသည်များက နာကျင်စရာကောင်းလွန်းလှသည်။

သူသာ မြေအောက်လောကမှာ ရှစ်၈၀လောက် တဝဲလည်လည် ဖြစ်မနေခဲ့ဘူးဆိုရင် ဒီဘဝမှာ ကြုံတွေ့ရတဲ့ ခါးသီးမှုတွေကို တွေ့ခဲ့ရမှာ မဟုတ်ဘူး...


.....

ဖူလီက ညလယ်ခေါင်တွင် အိပ်ရာပေါ်၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ့ချမ့်ခွန်းအိတ်ထဲမှ အသက်ဓာတ်အားဖြည့်ဆေးတစ်လုံးကိုထုတ်ပြီး ကျွမ်းချင်ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

" မင်းလည်း တော်တော်ပင်ပန်းသွားမှာပဲ..."

အသက်ဓာတ်အားဖြည့်ဆေးကို မြင်သည့်အခါ ကျွမ်းချင်၏မျက်နှာကြီး မည်းမှောင်သွားသည်။ သူ ဖူလီ့ကို အိပ်ရာပေါ် ဖိထားလိုက်ပြီး အံတင်းတင်းကြိတ်ထားသည်။

" ဖူလီ မင်းတော့..."

" ဘာလဲ..."

ဖူလီက ခေါင်းစောင်းလိုက်ပြီး လက်ဆန့်ထုတ်ကာ ကျွမ်းချင်၏ ပါးပြင်ကိုထိရန် ပြင်လိုက်သည်။

" လာမထိနဲ့ ..."

" မင်းက ငါ့ရဲ့နဂါးလေး ဖြစ်သွားပြီလေ ထိဝောာ့ရော ဘာဖြစ်လဲ..."

အမှန်တွင် ထိုသို့ထိတွေ့ခြင်းက မှားယွင်းနေခြင်း မရှိပေ။ သို့ရာတွင် မီးတောက်များ လောင်ကျွမ်းနေချိန်တွင်မူ ၎င်းက ညတာရှည်စေမည့် ပြဿနာတစ်ခု ဖြစ်သွားနိုင်သည်။

နောက်နေ့မနက်တွင်လည်း ဂျူနီယာနှစ်ယောက် မနက်စာထွက်စားသည်ကို အကြီးအကဲများ မတွေ့ရပေ။ ဖုန်းလွေ့ကျုံးက တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေပြီး အိပ်ခန်းများရှိရာဘက်သို့ လေးလေးနက်နက်ကြည့်နေသည်။ ပိုင်ဇယ်က သူ့နားလျှောက်လာပြီး ပခုံးကို ပုတ်လိုက်သည်။ 
" မင်း ဒီမှာထိုင်ပြီး ဘာတွေစဉ်းစားနေတာလဲ..."

" ငါတွေးနေတာ...တကယ်လို့ ရှောင်လီနဲ့ ကျွမ်းလေးတို့ ရန်ဖြစ်ကြတယ်ဆိုရင် ငါတို့ မသိချင်ယောင်ဆောင်နေသင့်လား... သူတို့ ပြန်အဆင်ပြေအောင် လုပ်ပေးသင့်လား...

" မင်း အတွေးလွန်နေတာပဲ... "
ပိုင်ဇယ်က မရယ်ဘဲ မနေနိုင်တော့ပေ။
" သူတို့ဆက်ဆံရေးက အရမ်းကောင်းတာပဲ... မင်း အကြောင်းအရင်းမရှိဘဲ စိတ်ပူနေစရာမလိုဘူး... မင်း လူသားလောကရဲ့ ဇာတ်လမ်း‌တွဲတွေကိုကြည့်ရတာ သဘောကျတယ်မလား... ဇာတ်ကားထဲမှာ လူငယ်တွေကြားထဲ ဝင်ပါတဲ့ လူကြီးတွေက အရမ်းအမြင်ကတ်စရာကောင်းတယ်လေ..."

ဖုန်းလွေ့ကျုံး ခေါင်းညိတ်ပြလိုက်သည်။ 

" ဒါဆိုရင် မင်းလည်း ဇာတ်ကားထဲက အဲ့လူကြီးတွေလိုမျိုး မနေသင့်ဘူး..."

ဖုန်းလွေ့ကျုံး ဖျတ်ခနဲ သဘောပေါက်သွားသည်။ ပိုင်ဇယ်က သူ့ကို ဝင်ရှုပ်သည့်လူဟု သွယ်ဝိုက်ပြောနေခြင်းဖြစ်သည်။ သူ ခေါင်းငုံ့လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ‌ဦးလေးဖုန်းနဲ့ ဦးလေးပိုင်... ဘာလို့ ထမင်းစားခန်းရှေ့မှာ ဆောင့်ကြောင့်ထိုင်နေကြတာလဲ..."
ဖူလီက အပြင်ဘက်မှ ဝင်လာသည်။ သူ့အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေကာ ဆံချည်မျှင်တစ်ချောင်းချင်းစီတိုင်းကလည်း ဖျတ်လတ်မှုဖြင့် အရောင်တောက်ပနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အသက်ဓာတ်များဖြင့် ပြည့်ဝနေသည်ဟု ထင်ရသည်။

ဖူလီ့မျက်နှာကို ရှင်းလင်းစွာမြင်လိုက်ရချိန်၌ ပိုင်ဇယ်နှင့် ဖုန်းလွေ့ကျုံးတို့၏ မျက်နှာထက်တွင် ထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။ ဖူလီ၏ ဇာတာခွင်အရဆိုပါက သူ့ကိုယ်ပေါ်တွင်ရွှေရောင်သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ် ရှိမည်မဟုတ်ပေ။ ထိုသို့မဟုတ်ဘဲ ၎င်းတို့က ရုတ်ချည်းထွက်ပေါ်လာရန်လည်း မဖြစ်နိုင်ပေ။ 
ဒါဆိုရင် သူတို့အခု ဖူလီ့ကိုယ်ပေါ်မှာ မြင်နေရတဲ့ ရွှေရောင်နဲ့ ခရမ်းရောင်အလင်းတွေကဘာလဲ... ဒီအလင်းရောင်တွေကို မီးလုံးနဲ့ အတုလုပ်ထားတာမျိုးတော့ မဟုတ်လောက်ဘူလေ ဟုတ်တယ်မလား...

" ဦးလေးပိုင်နဲ့ ဦးလေးဖုန်း ဘာဖြစ်ကြတာလဲ..."
ဖူလီက သူတို့နှစ်ယောက်၏ မျက်နှာထက်မှ ထူးဆန်းသော အကြည့်များကြောင့် သူနှင့် နဂါးလေးကျွမ်းတို့ ယမန်နေ့ညက မိတ်လိုက်ခဲ့ကြောင်းကို အကြီးအကဲများ သိသွားသည်ဟု သင်္ကာမကင်းဖြစ်သွားသည်။ 

မိစ္ဆာတစ်ယောက်ဖြစ်သော ဖူလီက ဘဝ၏ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုကြောင့် ရှက်စရာကောင်းသည်ဟု မခံစားရပေ။ သို့ရာတွင် သူ့အကြီးအကဲများ ဘာအကြောင်းမှ မသိသည့်အချိန်တွင် သူက နဂါးလေးကျွမ်းနှင့် အိပ်ရာပေါ်၌ ဆော့ကစားခဲ့သည့်အကြောင်းများကို တွေးလိုက်မိသောအခါ အနည်းငယ် နေရခက်သွားသည်။

" ကလေး ဒီနေ့ မင်းရဲ့အသားအရည်က တော်တော်လေး ကောင်းနေတာပဲ..."
ပိုင်ဇယ် အသိစိတ်ပြန်ကပ်သွားချိန်၌ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ရှိနေပြီဖြစ်သည်။

" အဲ့တိုင်း ဆက်ထိန်းထား..."

" အမ်... ကျွန်တော်နဲ့ နဂါးလေးကျွမ်းတို့ အလုပ်သွားတော့မယ်... အိမ်မှာ ကောင်းကောင်းအနားယူကြနော်..."

သူ့လေသံက 'အပြင်တွင် စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရသော်လည်း အိမ်တွင်ကျန်နေခဲ့သည့် ငတုံးဖခင်များကို စိုးရိမ်ပူပန်နေရသည့်ပုံစံ' ဖြစ်နေသည်။

ဖုန်းလွေ့ကျုံးက ဖူလီ့ကျောပြင်ကိုကြည့်နေလျက် ပိုင်ဇယ်ကို ပြောလိုက်သည်။

" ဖူလီ ဒီနေ့စိတ်ကောင်းဝင်နေတယ်လို့ ဘာလို့ထင်နေရတာပါလိမ့်..."

ပိုင်ဇယ်ကလည်း တွေးတောနေလိုက်သည်။
" သူနဲ့ ကျွမ်းလေးကြားက အထင်လွဲနေတာတွေကို ဖြေရှင်းပြီးပြီထင်တယ်... သူတို့က လူငယ်တွေဆိုတော့ ရန်ဖြစ်ပြီးရင် ပြန်တည့်သွားကြတာ ပုံမှန်ပါပဲ..."

" အဲလိုလား..."
ဖုန်းလွေ့ကျုံးက ဤကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ထင်မိသည်။

ကျွမ်းချင်က ဖူလီ့ကို အပြင်ဘက်တွင် ရပ်စောင့်နေသည်။ ဖူလီ ထမင်းစားခန်းဘက်မှ ထွက်လာသည်ကို မြင်သည့်အခါ လက်ထဲမှဂျာကင်ကို ပေးလိုက်သည်။

" ဘာလို့ ဂျာကင်မဝတ်ဘဲ လျှောက်ပြေးနေတာလဲ..."

" ငါက မိစ္ဆာပဲလေ အအေးမိမှာ မ‌ကြောက်ပါဘူး..."
ဖူလီက ဂျာကင်ဝတ်လိုက်ပြီးနောက် ကျွမ်းချင်နှင့် လက်ချင်းချိတ်လိုက်သည်။

" ဒါဆို သွားမယ်လေ..."