Chapter 171
လူထုံလူအ
" ဘာလို့ ဂျာကင်မဝတ်ဘဲ လျှောက်ပြေးနေတာလဲ..."
" ငါက မိစ္ဆာပဲလေ အအေးမိမှာ မကြောက်ပါဘူး..."
ဖူလီက ဂျာကင်ဝတ်လိုက်ပြီးနောက် ကျွမ်းချင်နှင့် လက်ချင်းချိတ်လိုက်သည်။
" ဒါဆို သွားမယ်လေ..."
" အင်း..."
ကျွမ်းချင်ကလည်း ဖူလီ့လက်ကို ပြန်ဆုပ်ကိုင်ထားသည်။ ဖုန်းလွေ့ကျုံးက သူတို့ကို တံခါးနောက်မဗ ချောင်းကြည့်နေသည်ကို မမြင်ချင်ယောင်တောင်ပြီး ဖူလီ၏ ရှုပ်ပွနေသည့် ဆံပင်များကို သပ်တင်ပေးလိုက်သည်။
ဂျူနီယာနှစ်ယောက် လွင့်မျောနန်းတော်မှ ထွက်သွားသည့်အခါ ရှင်းရှင်းက ခြံဝင်းထဲတွင် အရံအတားတစ်ခု ချထားလိုက်ပြီး သူ၏မှော်ပစ္စည်းထဲမှ ဝမ်လျန့်ကို ထုတ်လိုက်သည်။
" အိုး... ဝမ်လျန့်က ဘာလို့ ဒီလောက်တောင် ပိန်ကပ်သွားတာလဲ..."
ပိုင်ဇယ်၏ 'အိုး'ဟူသောအသံထဲတွင် လှောင်ပြောင်သရော်မှု အထင်သေးမှုတို့ ရောနှောပါဝင်နေသည်။ ဝမ်လျန့် ဒေါသထွက်သောကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသော်လည်း မင်္ဂလာသားရဲလေးကောင်က သူ့ရှေ့တွင် အတူတကွရှိနေပြီး သူကိုယ်တိုင်ကလည်း စွမ်းအားများ ချိပ်ပိတ်ခံထားရ၍ အင်အားမဲ့နေသည်။
" ဒါက ဝမ်လျန့်လား..."
ဖုန်းလွေ့ကျုံးက အနက်ရောင်အလုံးကြီးကို ပုတ်လိုက်သည်။
" သူ့ပုံစံက ဘာလို့ သာမန်မကောင်းဆိုးဝါးဝိညာဉ်နဲ့ တူနေရတာလဲ... သူ့ရဲ့သူတော်ကောင်းတရားတွေကို ဆုံးရှုံးစေတဲ့ ကိစ္စအများကြီးကို လုပ်ခဲ့လို့ ဒီလောက်အားနည်းနေရတာလား..."
ဝမ်လျန့်က သရော်လိုက်သည်။
" မင်း ငါ့ကို ရန်စ စရာ မလိုပါဘူး... ငါဒီနေ့ မင်းလက်ထဲ ရောက်သွားခဲ့ပေမယ့် မင်းနေရာမှာ ငါသာဆို ဒီလိုစကားတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး..."
ပိုင်ဇယ်က ဘာစကားမှ မပြောတော့ဘဲ ဝမ်လျန့်ကိုယ်ပေါ်တွင် မင်္ဂလာမီးတစ်မျိုးထွန်းလိုက်၍ နာကျင်စွာ အော်ဟစ်နေရတော့သည်။
ဝမ်လျန့် : ...
" မင်း မတောင့်ခံနိုင်ဘူးဆိုရင် စကားကြီးစကားကျယ်တွေ ပြောမနေနဲ့... မင်းရဲ့အကြံတွေကို ဖောက်ထွင်းပြီးမြင်နေရတာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ..."
ပိုင်ဇယ်က သူ၏ မင်္ဂလာအလင်းတန်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘေးနားမှ ခုံတစ်ခုံတွင် ထိုင်လိုက်သည်။
" ကဲပါ ငါတို့နဲ့စကားစမြည်ပြောရအောင် မင်းကို ချိပ်စည်းထဲကနေ ကယ်ပေးလိုက်တာ ဘယ်သူလဲ..."
" မင်း ဘာကိုပြောချင်တာလဲ ငါမသိဘူး..."
ဝမ်လျန့်က ခေါင်းကိုတစ်ဖက်စောင်းလိုက်သည်။
" ငါ ကိုယ့်ဘာသာထွက်လာတာ..."
" မင်းရဲ့ လက်ကျန်ခွန်အားလေးနဲ့ ချိပ်စည်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ..."
ဖုန်းလွေ့ကျုံးက သူ့ကို အညှာအတာကင်းမဲ့စွာဖြင့် သရော်လိုက်သည်။
" ဒီလိုစကားတွေပြောရတာ လိပ်ပြာမလုံ မဖြစ်မိဘူးလား..."
ဖုန်းလွေ့ကျုံး၏ အပြုအမူကြောင့် ဝမ်လျန့် သွေးအန်မတတ် ဖြစ်လာသည်။ သူ့မျက်နှာကလည်း ရှုံ့မဲ့နေသည်။
" မင်္ဂလာသားရဲတွေက တခြားမိစ္ဆာတွေကို ဒီလိုပဲ အထင်သေးတတ်ကြတာလား..."
" မဟုတ်ဘူး... မင်းရဲ့အတွေးမှားနေတာ..."
ပိုင်ဇယ်၏အပြုံးက ပိုမိုနူးညံ့သိမ်မွေ့သွားသည်။
" ငါတို့က မင်းကို အစတည်းက အထင်မကြီးတာပါ... မင်းက အမှောင်ထဲမှာ မွေးဖွားလာပြီး တခြားသက်ရှိတွေရဲ့ စိတ်ခံစားချက်တွေကို စုပ်ယူပြီး ကြီးပြင်းလာတာလေ... ဒါတောင်မှ စိတ်ခံစားချက်က ဘာဆိုတာ နားမလည်ဘူး... အမုန်းတရားနဲ့ မနာလိုဝန်တိုမှုတွေကို ဖြန့်ဝေတာကလွဲရင် မင်းဘာများလုပ်နိုင်လို့လဲ..."
"မင်းတို့လို သဘာဝ မင်္ဂလာသားရဲတွေက ဘာများနားလည်လို့လဲ... မင်းတို့မွေးဖွားလာတဲ့အချိန်တည်းက သူများရဲ့အထက်မှာနေနိုင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့သူတွေဖြစ်ပြီး အသင်္ချေမကတဲ့ သက်ရှိတွေရဲ့ ရှိခိုးခံရတယ်... အဲ့တော့ ငါတို့လိုမျိုး မွေးတည်းက ကံဆိုးမှုတွေပဲ ယူဆောင်လာပေးတဲ့ မိစ္ဆာသားရဲတွေကို အထင်သေးတာ သဘာဝပါပဲ..."
ဝမ်လျန့်က ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
" ပိုပြီးရယ်စရာကောင်းတာက မွေးတည်းက ကံဆိုးမှုတွေပဲ ယူလာပေးတဲ့ငါ့ကို မင်းတို့လိုမျိုး ဖြစ်စေချင်နေတာကိုပဲ..."
" ကံဆိုးတာက ကံဆိုးတာပဲ?.. ဒီလောကမှာ မကောင်းဆိုးဝါးသားရဲတွေက မင်္ဂလာသားရဲဖြစ်လာဖို့က လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲ..."
ဝမ်လျန့်၏မျက်နှာထက်တွင် လှောင်ပြောင်သရော်မှုများ ပြည့်နေသည်။ သူက ကြီးကျယ်မြင့်မြတ်သော မင်္ဂလာသားရဲများကို သရော်နေသည့်အပြင် သူတို့၏တုံးအမှုကိုပါ လှောင်ပြောင်နေခြင်းဖြစ်သည်။
.....
" ဖူကော..."
ဖူလီ စီမံခန့်ခွဲရေးဗျူရိုသို့ရောက်သည်နှင့် ကျန်းခယ့်က သူ့ကို လက်ယပ်ခေါ်လိုက်သည်။
ဖူလီက ဒိန်ချဉ်ဘူးခွံကို အမှိုက်ပုံးထဲထည့်ပြီး ကျန်းခယ့်ထံသို့ သွားလိုက်သည်။
" ငါ့ကို ဘာသတင်းကောင်းတွေများ ပြောမလို့လဲ..."
" ဒီမှာကြည့် ဒီမှာကြည့်..."
ကျန်းခယ့်က ကွန်ပျူတာဖန်သားပြင်ကို လက်ညှိုးထိုးပြလိုက်သည်။ ဖန်သားပြင်ထက်တွင် 'တစ်နိုင်ငံလုံး၏ ရင်ထဲထိစေခဲ့သည့် ထိပ်တန်းစုံတွဲဆယ်တွဲ' ဟူသောပို့စ်ကို မြင်လိုက်ရသည်။ သူနှင့် ကျွမ်းချင်ကို မဲပေးသူက အလွန်များ၍ သူတို့က ထိပ်ဆုံးငါးယောက်ထဲတွင် ပါနေသည်။
အခုခေတ်လူသားတွေ အဲလောက်တောင် အားနေကြတာလား... စုံတွဲတွေကို ဘာကိစ္စ အဆင့်သတ်မှတ်နေတာလဲ... သူတို့က မဲတောင်ပေးနေသေးတယ်... ချစ်သူတွေအများစုက အပေါ်ယံမှာတော့ ချစ်ပြနေတယ်ဆိုပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဘဝကိုတော့ သူများတွေကို ချပြနေမှာ မဟုတ်ဘူးလေ... အင်တာနက်သုံးတဲ့သူတွေက ဒါကိုဘာကိစ္စ မဲပေးနေရသေးတာလဲ...
ဖူလီက ထိုအတွေးများကို စိတ်ထဲတွင်သာထားပြီး အပြုံးလေးဖြင့် ပြန်ဖြေသည့် ကျန်းခယ့်ကို ကြည့်လိုက်သည်။
" တကယ်လို့ ဖူကောနဲ့ဘော့စ် သဘောမကျဘူးဆိုရင် ကျွန်တော် တခြားဌာနတွေကိုဆက်သွယ်ပြီး ဒီ website က ပို့စ်ကို ဖျက်ခိုင်းလိုက်ပါ့မယ်..."
" မလိုပါဘူး သူတို့ပျော်သလိုနေပါစေ... ရေးကြီးခွင်ကျယ်ကိစ္စလည်း မဟုတ်ဘူးလေ..."
ဖူလီက ဘေးနားမှခုံတွင် ဝင်ထိုင်လိုက်ပြီး မည်သည့်အရာကိုမှ စိတ်ထဲမထားသည့်အတိုင်း ပြုံးလိုက်သည်။
" ဖူကော ဒီနေ့ ပုံမှန်ထက်ပိုပြီး စိတ်ကြည်နေတယ်လို့ မထင်ဘူးလား..."
ရှုယွမ်က သူမဖုန်းကိုထုတ်ပြီး group chatထဲတွင် မေးလိုက်သည်။
" ကိစ္စကောင်းတစ်ခုခုများ ဖြစ်ထားလို့လား..."
ထူးခြားတဲ့ ဓားကောင်း : ဖူကောရဲ့ အကြီးအကဲတွေ ပြန်ရောက်လာလို့များလား...
အမျိုးသမီးဧကရီရဲ့ အထူးဆံညှပ် : မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး... ဖူကောရဲ့မျက်နှာက နွေဦးရာသီမှာပွင့်တဲ့ ပန်းလေးတွေလို ဝင်းလက်နေတာပဲ... နင့်လို့ စိတ်ခံစားချက်မရှိတဲ့ဓားက နားမလည်နိုင်ပါဘူး...
" အိုး... ငါသိပြီ..."
ကျန်းခယ့်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။
" ဘာသိတာလဲ..."
ဖူလီက ကျန်းခယ့်ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေလိုက်သည်။
" ဘ ဘာမှမဟုတ်ပါဘူး... နွေဦးရောက်တော့မယ်ဆိုတာ ရုတ်တရက် တွေးမိသွားလို့ပါ..."
ကျန်းခယ့်က တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" နွေဦးရာသီက တော်တော်လေး လှတာပဲ..."
ဖူလီ ဆွံ့အသွားရသည်။
ဒီကလေးဘာလို့ လူထုံလူအလိုမျိုး ပြောနေရတာလဲ...
သူ့ဖုန်းကို ထုတ်လိုက်ချိန်တွင် ယမန်နေ့က သူ အမည်မဲ့ဖြင့် တင်ခဲ့သည့် ပိုစ့်ကို မြင်လိုက်ရသည်။ အင်တာနက်အသုံးပြုသူများက ထိုပို့စ်အောက်တွင် ငြင်းခုံနေကြပြီး မူရင်းပို့်စ်တင်သူ၏ကိစ္စနှင့် သူအလိုရှိသည့်အဖြေကို စိတ်မဝင်စားကြတော့ပေ။
ဖူလီ ခဏစဉ်းစားလိုက်ပြီး ပို့စ်တွင် စာပြန်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အင်တာနက်အသုံးပြုသူအများအပြားက သူတို့၏အကြံဉာဏ်များစွာအား သူ့ကိုပြောပြခဲ့ပေသည်။
အမည်မဲ့ အင်တာနက်သုံးသူ : အကြံပေးချက်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ အဆင်ပြေသွားကြပါပြီ...
၂၅ဆင့် ပန်းသီး : OPရဲ့လေသံက ဘာလို့ အဲဒီလူနဲ့ တူနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတာပါလိမ့်...
ချင်းခယ့်ဘာလီဝိုင် : အပေါ်ထပ်ကလူ မင်းတစ်ယောက်တည်းမဟုတ်ဘူး ငါလည်းအဲ့လိုထင်တယ်... ငါ အထင်မှားတာလားတော့ မသိပေမယ့် ဘော့စ်နဲ့ လက်ထောက်လေးကြားထဲမှာ ဒီလိုနည်းလမ်းမကျတဲ့ကိစ္စမျိုး ဖြစ်မယ်လို့တော့ မထင်ဘူး... ပြီးတော့ ဒီပိုစ့်တင်တာက အချိန်သိပ်မကြာသေးဘူး...ဘော့စ်နဲ့ လက်ထောက်လေးတို့ မနက်စာဝယ်ဖို့ တူတူတန်းစီနေတဲ့ပုံ တက်လာတာကလည်း မကြာသေးဘူးလေ... သူတို့ဆက်ဆံရေးက ဒီလောက်အဆင်ပြေတာ ဘော့စ်က သေချာပေါက် ဖောက်ပြန်မှာ မဟုတ်ဘူး...
ဤကိစ္စကြီးကို ငြင်းဆိုပြီးသည့်အခါ အားလုံးက တစ်ဖန်ပြန်လည်ပြီး ပျော်ရွှင်စွာ စကားစမြည်ပြောနေကြသည်။ အချို့ကမူ OP၏ အတွေးပေါ်မူတည်ပြီး ဖောက်ပြန်သည့်ယောကျာ်းများကို မည်သို့ခွဲခြားရမည့်နည်းကိုပါ ပြောပြနေသည်။
" မင်း ဒါတွေကိုမြင်လို့ အတွေးတွေလွန်ကုန်တာလား..."
ဖူလီ မော့ကြည့်လိုက်သည့်အခါ ကျွမ်းချင်က သူ့နေရာသို့ လျှောက်လာသည်အား မြင်လိုက်ရသည်။ သူ အင်တာနက်ပေါ်တွင် ပို့စ်တင်လိုက်ခြင်းကို ကျွမ်းချင် သိသွားပုံရသည်။
" ငါက မေးခွန်းတစ်ခုပဲ ဒီတိုင်းမေးလိုက်တာပါ မင်းဘာလို့ ငါ့ဖုန်းကို ခိုးကြည့်တာလဲ..."
ဖူလီက ဖုန်းကို သူ့ဂျာကင်ထဲ ပြန်ထည့်ထားလိုက်ပြီး ဖြောင့်မတ်စွာဖြင့် ပြောလိုက်သည်။
" လူသားလောကမှာ တစ်ဖက်လူရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ် ဆိုတဲ့ စကားမျိုးရှိတယ်လေ သိလား..."
ကျွမ်းချင်က သူ့ကို အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ သူနှင့် အကြည့်ချင်းဆုံသွားသည့်အခါ ဖူလီ လိပ်ပြာမလုံဖြစ်သွားရသည်။
" ထားလိုက်ပါတော့ ဒီနေ့အပြင်မှာ အလုပ်ကိစ္စတစ်ခုခုရှိရင် မင်းကိုယ်တိုင်သွားစရာမလိုတော့ဘူး... ကိုယ်မင်းကို နေ့လည်နားချိန်ကျ နေ့လယ်စာစားဖို့ ခေါ်သွားမယ်..."
ကျွမ်းချင်က နာရီကြည့်လိုက်သည်။
" ကိုယ် ပင်လယ်စာဆိုင်တစ်ဆိုင်မှာ ဘိုကင်ယူထားတယ်..."
ဖူလီက စဉ်းစားမနေတော့ဘဲ သဘောတူလိုက်သည်။ သူတို့နှစ်ယောက်လုံးက ပင်လယ်စာများ စားရခြင်းကို နှစ်သက်သောကြောင့် အနည်းဆုံး ပြန်လည်အဆင်ပြေသွားချိန်တွင်လည်း အကြိုက်တူနေသောကြောင့် စကားပြောရသည်ကို စနိုးစနောင့်ဖြစ်မနေတော့ပေ။
" ဘော့စ် နှစ်ယောက်တည်းစားမယ့်အစား အုပ်စုလိုက်သွားပါလား... ကျွန်တော်လည်း ပင်လယ်စာ မစားရတာကြာပြီ..."
ချူးယွီက ပြဿနာလာရှာသည်။
" ကျွန်တော်တို့လည်း စားချင်တာပေါ့..."
ချောင်းယွင်နှင့် နျဉ်ရွှမ်က ချူးယွီကို စစ်သည်တော်တစ်ယောက်သဖွယ် ကြည့်လိုက်သည်။ သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ ကျွမ်းချင်က တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။
" အားလုံးသွားချင်နေမှတော့ နေ့လယ်ဘက် နားချိန်ကျရင် အကုန်တူတူသွားကြတာပေါ့..."
" ကျေး ကျေးဇူးတင်ပါတယ် ဘော့စ်..."
ချူးယွီက ကျွမ်းချင်ကိုကြည့်ပြီး အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။ သူ တစ်ဖက်သို့လှည့်ပြီး ဖူလီ့ကို ခိုးကြည့်လိုက်မိသည်။
ကြည့်ရတာ ဖူကောရဲ့ အကြီးအကဲတွေက ဘော့စ်ကို ရတနာတွေအများကြီးပေးထားလို့ သူဒီလောက်ထိ ရက်ရောနေတာဖြစ်မယ်...
အခြားသော လုပ်ဖော်ကိုင်ဖက်များကလည်း အံ့ဩတကြီးဖြစ်ကုန်သည်။
နွေရာသီမှာတောင် အဲကွန်းဖွင့်ပြီး အလုပ်မလုပ်တဲ့ဘော့စ်က သူတို့ကို ပင်လယ်စာလိုက်ကျွေးမယ်တဲ့... ဘယ်လိုတောင် ထူးဆန်းနေတာလဲ...
" ဘော့စ် ကျွန်တော်တို့ ဘယ်မှာစားကြမှာလဲ..."
ချူးယွီက သတ္တိရှိနေဆဲဖြစ်သည်။
" Centralပလာဇာက နာမည်ကြီးဆိုင်မှာ... အားလုံးသွားချင်မယ်ဆိုတာသိလို့ ငါကြိုပြီး ဘိုကင်တင်ထားပြီးပြီ..."
ကျွမ်းချင် လက်ကာပြလိုက်သည်။။
" အလုပ်လုပ်ကြ မဟုတ်ရင် မစားရဘူး..."
" အလုပ်လုပ်ရမယ် အလုပ်လုပ်ရမယ်..."
ချူးယွီက ကွန်ပျူတာကို အမြန်ဖွင့်လိုက်ပြီးနောက် အလုပ်ကြိုးစားသည့်ပုံပေါ်အောင် လုပ်လိုက်သည်။ ကျွမ်းချင် ပြန်ထွက်သွားသည့်အခါ သူ့ဖုန်းကိုထုတ်ပြီး group chat ထဲတွင် စကားလာပြောတော့သည်။
ကမ္ဘာပေါ်က နံပါတ် ၁ ငါးလေး : ဘော့စ်က ဒီနေ့ အရမ်းမိုက်တဲ့ ဥက္ကဌအော်ရာမျိုးနဲ့ပါလား... သူ အရမ်းရက်ရောနေလို့ ငါတောင်မှ တကယ့်အဖြစ်မှန်လို့ မခံစားရဘူး...
အမျိုးသမီးဧကရီရဲ့ အထူးဆံညှပ် : အချစ်က အရာအားလုံးကို ဖြစ်နိုင်စေတယ်ဆိုတာ လက်တွေ့မှာ သက်သေပြခဲ့ပြီ...
အားလုံးက ဖုန်းများချထားပြီး ဖူလီ့ကို လှည့်ကြည့်လိုက်သည်။
ဖူကောက တကယ့်ကို လူကောင်းလေးပဲ...
.....
အလွန်နက်ရှိုင်းသောကြောင့် ပင်လယ်ကြမ်းပြင်ကိုပင် မြင်နေရသည့်နေရာထဲတွင် ပင်လယ်ငါးများက သူတို့၏ပုံစံမကျသော အမြီးများကို တဖျတ်ဖျတ်ခတ်နေကြသည်။ ပင်လယ်အနက်ပိုင်းထဲမှ ဟိန်းသံကျယ်ကြီးထွက်ပေါ်လာသည့်အခါ သူတို့၏ ခန္ဓာကိုယ်ဝဝကြီးများကို အမြန်လှုပ်ခါးပြီး ပိုမိုလျင်မြန်စွာ ကူးခတ်လိုက်သည်။
အရုပ်ဆိုးပြီး ဆူညံလှသည့်ငါးများက ပင်လယ်ပြင်တွင် ပေါ်လာတတ်ပြီး ရေဝဲများဖြစ်အောင် လုပ်တတ်ကြသည်။ အနီးနားရှိ ပင်လယ်ငါးများအားလုံး ကူးခတ်သွားသည့်အခါ လှုပ်ရှားရသည်ကို မနှစ်သက်သူအချို့သာ ကျန်ရစ်ခဲ့သည်။
" ဘုရင်ကြီး ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါ... ဝမ်လျန့်က ခွန်အားနည်းပါတယ်... အဖမ်းခံလိုက်ရတာက သူ့အပြစ်ပါပဲ..."
နွားခန္ဓာကိုယ်၊ မြွေအမြီး၊ မျက်လုံးတစ်လုံးသာရှိသည့် ထူးဆန်းသောသားရဲက မြေပြင်ကိုခွာဖြင့်ယက်နေသည်။ သူက ပင်လယ်ထဲတွင် နေသားမကျသေးသည့်ပုံပေါ်ပြီး ခေါင်းပေါ်မှ ဦးချိုနှစ်ချောင်းက ရံဖန်ရံခါတွင် တစ်ခုခုကို တွန်းနေသကဲ့သို့ လှုပ်ရှားနေသည်။
" အဲဒီအမှိုက်ကောင် ဝမ်လျန့်က ကိစ္စကို မအောင်မြင်လာတဲ့အပြင် ဆိုးဆိုးရွားရွားကို ရှုံးသွားတာပဲ... ယာဇီလိုမျိုး ဦးနှောက်မရှိတဲ့မိစ္ဆာကပဲ သူ့ကိုလက်အောက်ငယ်သားအဖြစ် လက်ခံမှာ..."
သူ့ကိုယ်သူ ဘုရင်ဟုသုံးနှုန်းသည့် ထူးဆန်းသောသားရဲက ခန္ဓာကိုယ်ကို ခါလိုက်သည်။
" အဲဒီ ငထုံကောင်ယာဇီက နဂါးပြာရဲ့ အမွေကိုရှာဖို့ ငါတို့ကို ကူခိုင်းသေးလား..."
ထူးဆန်းသောနွားကြီးကလည်း မှတ်ဉာဏ်ကောင်းပုံမရပေ။ အချိန်အတန်ကြာပြီးမှသာ တဖြည်းဖြည်းချင်း ပြန်ဖြေသည်။
" ယာဇီက ဒီကိစ္စကို အရင်က ပြောဖူးသလိုပဲ..."
" နဂါးပြာရဲ့သားတွေက သူတို့မွေးလာတည်းက ကောင်းကင်ရဲ့ ကမ္ဘာမြေဝိညာဉ်ချီဓာတ်နဲ့ အဆုံးမရှိ အလိုလိုက်ခံထားရတာ... ကောင်းကင်နဲ့ကမ္ဘာမြေက အမြဲတမ်း သူတို့အလိုရှိရာ လုပ်ခွင့်ပေးမယ် ထင်ထားတာလေ... ဘယ်လိုတောင် ကလေးဆန်တာလဲ... သူ ရှာနိုင်တယ်ဆို သူ့ဘာသာရှာပါစေ..."
ဘုရင်က နှာမှုတ်လိုက်သည်။
" ကျွန်တော်တို့ သူ့ကိုကူပြီး အမွေအနှစ် မရှာပေးတော့ဘူးလား..."
ထူးဆန်းသောနွားက ဘုရင်ကြီးကို ဖြတ်ပြောလိုက်မိသည်။
" ကူညီမယ်တဲ့လား... သူ့ကိုကူညီပေးရင် ငါတို့ဘာရမှာလဲ..."
ဘုရင်ကြီးက ငါးသေတစ်ကောင်ကို ထူးဆန်းသောနွား၏ မျက်နှာတည့်တည့် ပစ်ပေါက်လိုက်သည်။
" မင်း စကားပြောတဲ့အချိန်နဲ့ အလုပ်လုပ်ချိန်မှာ ဦးနှောက်လေးဘာလေးသုံးလို့မရဘူးလား..."
သူက ယာဇီ၏လက်အောက်ငယ်သားများ တုံးအမှုကို အပြစ်ဆိုနေသော်လည်း သူ့ရှေ့မှ သတ္တဝါများကလည်း သူမသာ ကိုယ်မသာပင်ဖြစ်သည်။
သတ်ဖြတ်လုယက်ပြီး သတ္တဝါတွေကို အန္တရာယ်ပေးတာကလွဲရင် ဒီငထုံငအတွေက တခြားဟာ မတွေးတတ်တော့ဘူးလား...
" ဘုရင်ကြီး ကျွန်တော် လွန်ခဲ့တဲ့ နှစ် ၅၀၀၀လောက်က ကောလဟာလတစ်ခု ကြားခဲ့တယ်..."
ထူးဆန်းသောနွားက သူ့ခေါင်းပေါ်မှ ငါးသေကိုခါလိုက်ပြီး သူသိသည့် ကောလဟာလတစ်ခုကို အမြန်ပြောပြလိုက်သည်။
" ဘာကောလဟာလလဲ..."
ဘုရင်က သူ့လက်အောက်ငယ်သား၏ပါးစပ်မှ အသုံးဝင်သည့်အရာတစ်ခုခု ထွက်လာမည်ဟု မမျှော်လင့်ထားပေ။
" မိစ္ဆာဧကရာဇ် လောကကြီးကို ဆင်းသက်လာရင် ယောင်လောကတစ်ခုလုံး ပိုပြီးချမ်းသာကြွယ်ဝလာမယ်တဲ့..."
" မင်းဖင်ကြီးကို မိစ္ဆာဧကရာဇ်လား..."
ထူးဆန်းသောနွားကြီး၏ခေါင်းပေါ် ငါးသေတစ်ကောင် ထပ်ရောက်လာသည်။ သူ့မျက်နှာပေါ်မှ တစ်လုံးတည်းသောမျက်စိကလည်း ဖူးယောင်လာသည်။
" လောင်ဇီကမှ ယောင်လောကရဲ့ ဘော့စ်ကွ..."
ဒီလို ငထုံငအတွေကို လက်အောက်ငယ်သားအဖြစ်ထားထားရတာ ငါလိုဘုရင်လည်း မိစ္ဆာဧကရာဇ်ဖြစ်ရတာ တော်တော်ဝမ်းနည်းစရာကောင်းတာပဲလို့ ထင်လာပြီ...