အပိုင်း ၁၇၇
Viewers 38k

Chapter 177
မိစ္ဆာတစ်သောင်းရှိခိုးမှု အစီအရင်



" ပိုင်ဇယ်..."

ကျူးယွဲ့က ဖရိုဖရဲ‌ဖြစ်နေသည့် ဒြပ်စင်ငါးမျိုးဖြင့် ဂမ္ဘီရအစီအရင်ပြုလုပ်ရန် ကြိုးပမ်းသော်လည်း မလုပ်နိုင်ဖြစ်နေသည်။ သူမ ရွေးချယ်စရာမရှိတော့၍ ပိုင်ဇယ့်ကိုလှမ်းကြည့်လိုက်သည်။

 ပိုင်ဇယ်က ကျူးယွဲ့ထက်ပို၍ မျက်နှာပျက်နေပြီး ခေါင်းခါပြလိုက်သည်။

" ငါ မလုပ်နိုင်ဘူးလေ..."

ကျူးယွဲ့ အသက်ပြင်းပြင်းရှုလိုက်သည်။
" ရှောင်လီ ပြန်မရောက်လာသေးဘူးလား..."


" ငါသူ့ကိုသွားရှာလိုက်မယ်..."

ပိုင်ဇယ်က လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး လေးနက်သည့်အမူအရာဖြင့် အခြားလူများကို ပြောလိုက်သည်။

" ဒီမှာစောင့်နေကြ... တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင်..."

" တကယ်လို့ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ငါတို့ စကားတစ်ခွန်းမှမပြောဘဲ မထွက်သွားပါဘူး..."
ကျူးယွဲ့က ဘေးနားချထားသည့်ဓားကိုကောက်ကိုင်ပြီး တောက်ပစွာပြုံးပြလိုက်သည်။

" အဲဒီနှစ်က မိုးပြာနဂါးမျိုးနွယ်က မကောင်းတဲ့ကိစ္စတွေလုပ်နေခဲ့တယ် ပြီးတော့ ကောင်းကင်ဘုံစည်းမျဉ်းကလည်း ငါတို့ကို စောင့်ကြည့်နေခဲ့တယ်လေ... ငါတို့ အခုတော့ မကြောက်တော့ပါဘူး..."

သူတို့က မင်္ဂလာသားရဲအဖြစ်မွေးဖွားလာခဲ့ပြီး မရေမတွက်နိုင်သော သတ္တဝါများ၏ ပူဇော်ခံရခြင်းမှာ သူတို့ရင်ထဲတွင် ဤနယ်မြေအပေါ်ချစ်ခင်မှုတို့ ရှိနေသောကြောင့်ဖြစ်သည်။ 

ကောင်းကင်နှင့်ကမ္ဘာမြေကြီး အန္တရာယ်ရှိနေချိန်တွင်  သေရေးရှင်ရေးကိစ္စတစ်မျိုးတည်းကို သူတို့တွေးမနေနိုင်ပေ။ 

ညနေခင်းအချိန်က နေ့နှင့်ည လဲလှယ်ချိန်ဖြစ်၍ အမှောင်ထုက အလင်းရောင်ကို ဝါးမျိုချိန်လည်းဖြစ်သည်။ မကောင်းသည့်အရာများကလည်း ကမ္ဘာပေါ်သို့ ဆင်းသက်လာချိန်သောကြောင့် လူအများက မကောင်းမှုဖြင့် ကြုံတွေ့ရချိန်ဟုလည်း ခေါ်တတ်ပေသည်။ ယောင်ကျင့်ကြံသူများက ဤအကြောင်းပြောရသည်ကို မနှစ်သက်သော်လည်း အလင်းနှင့်အမှောင်တို့ အပြောင်းအလဲဖြစ်ချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဒြပ်စင်ငါးခုက ဖရိုဖရဲအဖြစ်ဆုံးအချိန်ဖြစ်ကြောင်း ဝန်ခံရပေမည်။ 

အမှောင်ထုထဲတွင် အလင်းရှိသကဲ့သို့ အလင်းထဲတွင်လည်း အမှောင်ထု ရှိပေသည်။ သို့ရာတွင် ညအချိန်ရောက်ချိန်တွင်မူ အဆုံးမဲ့အမှောင်ထုကြီးက အလင်းကို လုံးဝဖုံးလွှမ်းသွားသည်။

.....

ရေမျက်နှာပြင်ထက်တွင် လှိုင်းများမြင့်တက်လာသည်။ ‌တစ်ဖက်သတ်ရိုက်နှက်ခံနေရသည့် ဖေးမှာ မည်းနက်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ နာကျင်သောကြောင့် အော်ဟစ်ရန်ပင် သတိမရတော့ဘဲ ဟွင်းသွမ်းကို လှမ်းပြောလိုက်သည်။
" ဘုရင် ကောင်းကင်ပေါ်ကို ကြည့်လိုက်ပါဦး..."

ဟွင်းသွမ်းက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

" ဒီနဂါးက ငါ့ကိုအခက်တွေ့အောင်လုပ်နေတာ မင်းမမြင်ဘူးလား... ငါ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အချိန် သူ ငါ့ကို လာတိုက်ရင် ဘယ်လိုလုပ်မလဲ..."

ထိုနှစ်များက မရေမတွက်နိုင်သော လက်အောက်ငယ်သားများစွာနှင့် သူ ခမ်းခမ်းနားနားနေထိုင်ခဲ့ရသည့်ဘဝကို ပြန်တွေးနေမိသည်။ 
အခုတော့ သူ့မှာလက်အောက်ငယ်သားတစ်ယောက်ပဲ ကျန်တော့တဲ့အပြင် အဲ့တစ်ယောက်ကလည်း ဦးနှောက်မရှိဘူးလို့ ဘယ်သူတွေးမိမှာလဲ...

" ဘုရင် အဲ့လိုမဟုတ်ဘူး... ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဒြပ်စင်ငါးခုက တစ်ခုခု ထူးဆန်းနေတယ်... တစ်ယောက်ယောက်က တစ်ခုခုကို ဆင့်ခေါ်နေပြီ..."
ဖေးက အသံဝင်လုမတတ် အော်ပြောလိုက်သည်။

ထိုစကားများကို ကြားသည့်အခါ ဟွင်းသွမ်းက ကျွမ်းချင်ကို တစ်ချက်ကြည့်ကာ သူ့ကိုယ်ပေါ်တွင် အရံအတားအစီအရင်တစ်ခု ချထားလိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ကောင်းကင်တွင် တိမ်မည်းများ တလိပ်လိပ်တက်နေပြီး ဝင်လုဆဲဆဲ နေလုံးကြီးကိုလည်း အမှောင်ထုများက လွှမ်းခြုံထားသည်။ ကောင်းကင်ကြီးတွင် အရောင်ပေါင်းစုံဖြစ်ပေါ်နေသည်။ 

ညက အန္တရာယ်ကျအံဆဲဆဲ အခြေအနေသို့ ရောက်လာသည်။

.....

ရုံးတစ်ရုံးတွင် ကော်လံဖြူဝတ်အလုပ်သမားတစ်ယောက်က အလုပ်ဆင်းရန် ပြင်ဆင်နေချိန်တွင် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ နွေဦးသို့ရောက်နေပြီဖြစ်သော်လည်း ကောင်းကင်ကြီးက အဘယ့်ကြောင့် စောစီးစွာမှောင်သွားသည်ကို သူ သံသယဝင်နေမိသည်။ သူမ ခေါင်းပေါ်မှ မီးကလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး လျှပ်စစ်ဓာတ်အားကလည်း အနည်းငယ် မတည်မငြိမ်ဖြစ်နေပုံပေါ်သည်။

သူမ ဘေးနားတွင်ထိုင်နေသော လုပ်ဖော်ကိုင်ဖက်က အနည်းငယ်လန့်နေသည့်လေသံဖြင့် ပြောလိုက်သည်။ 

" ငါးနာရီတောင် မခွဲသေးတာကို ကောင်းကင်ကြီးက ဘာလို့မှောင်သွားတာပါလိမ့်... ဆောင်းတွင်းလည်း မဟုတ်ပဲနဲ့ ဒီနေ့ကောင်းကင်ကြီးရဲ့အရောင်က ထူးဆန်းလိုက်တာ..."

သူတို့စကားဆုံးချိန်တွင် ရုံး၏ လျှပ်စစ်မီးကြိုးများရှိသည့်နေရာမှ တဖျောက်ဖျောက်အသံများထွက်လာသည်။ တစ်မိနစ်ခန့်အကြာတွင် ရုံးက မှောင်မည်းသွားတော့သည်။

ရုံးတစ်ရုံးလုံး ရုတ်ချည်းတိတ်ဆိတ်သွားသည်။ တစ်စုံတစ်ယောက်က ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ သူတို့မြင်နေရသည့် တစ်ခု‌တည်းသောအရာမှာ အနောက်ဘက်ကောင်းကင်ယံတွင် မကောင်းဆိုးဝါးကြီးတစ်ကောင်က ဧရာမပါးစပ်ကြီးကိုဟပြီး ကောင်းကင်ကို ဝါးမျိုတော့မည့်ပုံစံဖြင့် တိမ်မည်းများသာဖြစ်သည်။

ဝန်ထမ်းတစ်ယောက်က ထိုပုံကို ဓာတ်ပုံရိုက်ပြီး ဝေ့ပေါ်တွင် တင်လိုက်သည်။

တစ်ညတည်းနဲ့ ချမ်းသာရန် တွေးနေသူ : ရုံးမှာ ရုတ်တရက်ကြီး မီးပျက်သွားတယ်... ငါ ဖုန်းထုတ်ပြီး အပြင်ဘက်ကို ဓာတ်ပုံရိုက်လိုက်တော့ ကောင်းကင်ကြီးရဲ့ပုံက ကျင့်ကြံရေးရုပ်ရှင်ကားတွေထဲက ‌ဗီလိန်တစ်ယောက်ယောက် ထွက်လာတော့မယ့်ပုံစံဖြစ်နေတယ်...

.....

" ဒါ မင်းတို့လုပ်တာလား..."

ကျွမ်းချင်က ရေထဲမှ အမြန်ပျံတက်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်ချိန်တွင် လူသားအသွင်ပြောင်းလိုက်သည်။ သူ ဟွင်းသွမ်းကို ဓားဖြင့်ရွယ်ထားလိုက်သည်။ 

" လူသားလောကထဲကို တရားမဝင် ဝင်လာပြီးတော့ ဘာလုပ်ဖို့ကြံနေတာလဲ..."

" အဲဒါ ငါနဲ့ဘာမှမဆိုင်ဘူး... ဒီဘုရင်က ဘယ်တော့မှ တခြားလူတွေကို ထောင်ခြောက်မဆင်ဘူး..."

ဟွင်းသွမ်း၏မျက်နှာထက်တွင် စိုးရိမ်မှု အရိပ်အမြွက်အချို့ ပေါ်လာသည်။ ကျွမ်းချင်က သူ့ကိုဓားဖြင့်ရွယ်ထားဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ 

" မင်းက အာရုံခံနိုင်စွမ်းနိမ့်တာပဲ... အခုလိုအချိန်မှာ ဒီလိုအသေးအဖွဲ့ကိစ္စတွေကို မေးမနေတော့ဘဲ အမြန်ထွက်ပြေးရမှာ..."

ကျွမ်းချင်၏မျက်ခုံးများ တွန့်ချိုးသွားသည်။ အမှောင်ထုကြီးဖြင့် လွှမ်းခြုံထားသော ကောင်းကင်ကြီးကို သူ မော့ကြည့်လိုက်သည်။

" ဒါက ဘာအစီအရင်လဲ..."

ကောင်းကင်ဘုံစည်းမျဉ်းက လူသားများကို မျက်နှာသာပေးလေ့ရှိသည်။ လက်ရှိအချိန်တွင် ယောင်ကျင့်ကြံသူတစ်ယောက်က ဤမျှကြီးမားသော အစီအရင်တစ်ခု ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ဤအစီအရင်က အောင်မြင်တော့မည်ဟု ထင်ရသည်။ 
ဘယိလိုနတ်ဆိုးမျိုးက ကောင်းကင်ကြီးကို လုံးဝမည်းနက်သွားအောင် လုပ်ပစ်တာပါလိမ့်...

" တကယ်လို့ ငါထင်တာ မမှားဘူးဆိုရင် ဒီမိစ္ဆာမျိုးနွယ်က လွန်ခဲ့တဲ့ နှစ်သောင်းကျော်တည်းက သေသွားခဲ့ပြီ..."

" မိစ္ဆာတစ်သောင်း ရှိခိုးမှု..."

ငွေရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းလာပြီး ခေါင်းမှခြေဖျားအထိ ဖြူဖွေးနေကာ ဦးခေါင်းထိပ်တွင် ဦးချိုနှစ်ချောင်းပါဝင်သည့်ပိုင်ဇယ်က တစ်ကိုယ်လုံး မြင့်မြတ်အလင်းတန်းများ တောက်ပနေလျက်ဖြင့် မှော်တိမ်တိုက်များစီးပြီး ကျွမ်းချင်၏ရှေ့တွင် ပေါ်လာသည်။ သူ၏အမွေးများက လေနှင့်အတူလွင့်နေပြီး သူ့လေသံက အလွန်လေးနက်နေသည်။

" ဒီအစီအရင်ကို အသက်သွင်းဖို့ဆိုရင် တောင်တန်းတွေနဲ့ မြစ်ချောင်းတွေမှာ မြှုပ်ထားတဲ့ ယောင်ကျင့်ကြံသူတစ်သောင်းရဲ့ အရိုးအကြွင်းအကျန်တွေလိုတယ်... နေ့နဲ့ည အရွှေ့အပြောင်းမှာ နဂါးချီဓာတ်ကို ငါးစာအဖြစ်သုံးပြီး ယစ်ကောင်တွေကို ကောင်းကင်ပေါ်ပို့တယ်…"

" သူ ကောင်းကင်ဘုံကို ဘာဆုတောင်းတာလဲ..."
ကျွမ်းချင်က ပိုင်ဇယ်ကို အရိုအသေပြုလိုက်သည်။

" မိစ္ဆာမျိုးနွယ်ရဲ့ဧကရာဇ် မွေးဖွားလာဖို့ ဆုတောင်းတာ..."

ပိုင်ဇယ်က ကောင်းကင်ကြီးကို လေ့လာနေသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်ခန့်က အနက်ရောင်ပြောင်းသွားပြီဖြစ်သည်။ 

" မိစ္ဆာဧကရာဇ်(ယောင်ဧကရာဇ်) ပေါ်လာတဲ့အချိန် တစ်လောကလုံး ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်..."

မိစ္ဆာဧကရာဇ်ဟူသည့်အမည်ကို ကြားချိန်တိုင်း ကျွမ်းချင်၏ရင်ထဲတွင် ဖော်ညွှန်းမရနိုင်သည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ဤနာမည်ကို မကောင်းဆိုးဝါးသားရဲများထံမှ တစ်ကြိမ်ထက်ပို ကြားခဲ့ဖူးသော်လည်း မင်္ဂလာသားရဲထံမှ ကြားရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

" မိစ္ဆာဧကရာဇ်က ဘယ်သူလဲ... သူ့မှာ အစီအရင်ကိုဖျက်ဆီးဖို့ နည်းလမ်းရှိလား..."
ကျွမ်းချင်က မေးလိုက်သည်။

" မရှိဘူး..."

ပိုင်ဇယ် ခေါင်းခါလိုက်သည်။ 

" မိစ္ဆာတစ်သောင်း ရှိခိုးမှု အစီအရင်စတာနဲ့ အဲဒါကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူး..."

ကောင်းကင်ဘုံက မိစ္ဆာဧကရာဇ်ကို မွေးဖွားခွင့်ပြုလိုက်ခြင်းမှာ လူသားများက ကောင်းကင်ဘုံစည်းမျဉ်း၏ သည်းခံနိုင်သော အကန့်အသတ်ထက် ကျော်လွန်သည့်ကိစ္စများ ပြုလုပ်လာသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်ဘုံစည်းမျဉ်းက မိစ္ဆာမျိုးနွယ်ကို လူသားတို့အား သင်ခန်းစာပေးစေလိုခြင်းဖြစ်သည်။ 

" ပိုင်ဇယ်..."

ပိုင်ဇယ့်ကို မြင်ပြီးသည့်နောက်တွင် ဟွင်းသွမ်း၏ မျက်လုံးများက ပြုတ်ကျမတတ်ပင် ဖြစ်သွားသည်။ သူက ကောင်းကင်နှင့် ကမ္ဘာမြေကို မကြောက်သော်လည်း ပိုင်ဇယ်ကို အလွန်အမင်းကြောက်သည်။ 

မွေးဖွားလာစဉ်တည်းက ပိုင်ဇယ်က သူစိတ်ရှိတိုင်းပြုလုပ်မည့်အရာများကိူ ရှု့ထောင့်ပေါင်းစုံမှ ဟန့်တားထားသည်။ ပိုင်ဇယ်၏ခန္ဓာကိုယ်နှင့်တာအိုက ပျောက်ကွယ်သွားသည့်အချိန်မှသာ လူသားလောကတွင် သူ အဖျက်အမှောင့်လုပ်ငန်းများ လုပ်နိုင်ရဲခဲ့သည်။ ပိုင်ဇယ်က ဤအချိန်ထိရှင်သန်နေပြီး အရိပ်အမြွက်ပင်မပြဘဲ ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ 

" ဟွင်းသွမ်းလား..."

ပိုင်ဇယ်က ထောင့်တစ်နေရာတွင်ပုန်းနေသည့် ဖက်တီးကိုလှမ်းကြည့်လိုက်သည်။ 

" မင်း အသက်ရှင်နေသေးတာလား..."

ဟွင်းသွမ်းက စိတ်ထဲတွင် မကျေမချမ်းဖြစ်နေပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။
" မင်းတောင် အသက်ရှင်နေသေးတာ ငါက ဘာကိစ္စ သေရမှာလဲ..."

ပိုင်ဇယ်က ဟွင်းသွမ်းကို ဟာသလုပ်ရန် စိတ်မပါနေပေ။ ကျွမ်းချင် မူလပုံစံ ပြန်ပြောင်းလိုက်သည်ကိုကြည့်ပြီး သူမေးလိုက်သည်။

" ဘယ်သွားမလို့လဲ..."

" ကျွန်တော် အစီအရင်ရဲ့ အလယ်ဗဟိုကို သွားကြည့်မလို့..."

ကျွမ်းချင်က ဖူလီ့ကို သူ့အမြီးဖြင့်ပတ်လိုက်ပြီး ခေါင်းပေါ်တင်လိုက်သည်။
" ကျွန်တော် မတားနိုင်ရင်တောင် ကြိုးစားကြည့်ဦးမလို့..."

ပိုင်ဇယ် သက်ပြင်းချလိုက်သည်။
" ကောင်းပြီလေ ငါလည်း မင်းနဲ့တူတူသွားမယ်..."

ပိုင်ဇယ်က အရှေ့ခွာဖြင့် နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

" အစီအရင်ရဲ့ အလယ်ဗဟိုက အဲ့နေရာလောက်မှာ ရှိမယ်ထင်တယ်..."

နောက်ဆုံးတွင် ဖူလီ၏ ဖိအားပေးခံရခြင်းမှ လွတ်မြောက်သွားသည့် ဖေးက မြေပြင်ပေါ်မှ ကုန်းရုန်းထလာပြီး ဟွင်းသွမ်း၏ဘေးနားကို ကြောက်လန့်တကြား ပြေးသွားသည်။

" ဘုရင် ကျွန်တော်တို့ ပုလိပ်ရောဂါဖြန့်ဦးမှာလား..."

ဟွင်းသွမ်း၏အကြည့်က ဖုန်များပေကျံနေသည့် ဖေး၏အပေါ်ကိုရောက်သွားပြီး သဘောမကျဟန်ဖြင့် နောက်သို့ဆုတ်လိုက်သည်။

" မိစ္ဆာဧကရာဇ်က ပေါ်လာတော့မှာကို မင်းက ဘယ်ပုလိပ်ရောဂါ ဖြန့်ချင်သေးတာလဲ... ငါတို့လည်း သွားကြည့်ကြမှာပေါ့..."

" အဲ့နဂါးဝင်ရှုပ်မှာကို တားမလို့လား..."

" ဘာကိစ္စ သူ့ကိုတားရမှာလဲ..."
ဟွင်းသွမ်းက ညစ်ကျယ်ကျယ်ဖြင့် ပြုံးလိုက်သည်။

" ငါတို့ သူ့ကို မတားရုံတင်မကဘူး ကူလည်းကူညီဦးမှာ..."

" ဘာလို့လဲ..."

ဖေးက စိတ်ရှုပ်ထွေးသွားသည်။
" မိစ္ဆာဧကရာဇ်ဖြစ်ရတာ ကောင်းလို့လား..."

" ငါဖင်ကြီးကို ကောင်းပါလား..."
ဟွင်းသွမ်း နှာမှုတ်လိုက်သည်။

" လောင်ဇီက နှစ်ပေါင်းတစ်သိန်းလောက် နေလာတဲ့ မိစ္ဆာဘုရင်လေ... ဘယ်နေရာကမှန်းမသိ ထွက်လာတဲ့ မိစ္ဆာဧကရာဇ်ရဲ့စကားကို နားထောင်ရမယ်တဲ့လား..."

အကယ်၍ မိစ္ဆာဧကရာဇ် အမှန်တကယ် မွေးဖွားလာခဲ့ပါက သူ၏အမိန့်က ယောင်ကျင့်ကြံသူတို့အပေါ် ပြုစားနိုင်သည့်သက်ရောက်မှုမျိုးရှိ၍ အားလုံးက သူ့စကားကို အလိုလိုနားထောင်ကြမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဟွင်းသွမ်းက သူ့ကိုယ်သူ တောက်ပပြီးနာမည်ကြီးသည့် မကောင်းဆိုးဝါးသားရဲအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

သူက ဘာကိစ္စ အရှက်ကွဲခံပြီး အဲ့လိုဟာဆီမှာ လက်အောက်ငယ်သားလုပ်ရမှာလဲ...

မည်သည့်ငတုံးကောင်က မိစ္ဆာဧကရာဇ်ကို ဆင့်ခေါ်လိုက်သည်အား မသိသော်လည်း ရှာတွေ့ခဲ့ပါက ‌ကျိန်းသေပေါက်သတ်ပစ်မည်ဖြစ်သည်။

ကျွမ်းချင် လျင်မြန်စွာပျံသန်းသွားသည်။ သူက တိမ်မည်းများကိုကျော်လွန်ပြီး မိုးကြိုးနှင့် လျှပ်စီးများအကြား ခက်ခက်ခဲခဲသွားလာနေရသည်။ နောက်ဆုံးတွင် ပိုင်ဇယ်၏အကူအညီဖြင့် အစီအရင်၏ အလယ်ဗဟိုနေရာကို ရှာတွေ့ခဲ့သည်။ ထိုနေရာက သူနှင့် မစိမ်းသက်သောနေရာဖြင်သည့် ဟွင်းရှီတောင်တွင် တည်ရှိသည်။

ယမန်နှစ်က ထိုက်ဟွားတောင်တွင် ချိတ်ပိတ်ထားခဲ့သော ဖေးယီက မူလတွင် ဟွင်းရှီတောင်ပေါ်၌ နေထိုင်ခြင်းဖြစ်ပြီး အမည်မသိမိစ္ဆာတစ်ကောင်ကြောင့် အပြင်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကမူ ဤကိစ္စကို ယောင်ကျင့်ကြံသူအချို့ တမင်သက်သက်လုပ်ကြံမှုဟု သူ ယူဆခဲ့မိသည်။ သို့သော်လည်း မိစ္ဆာတစ်သောင်း ရှိခိုးမှုအစီအရင်၏ အလယ်ဗဟိုက ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ 

ဟွင်းရှီတောင်ထိပ် အလယ်ဗဟိုတွင် လေပြင်းများ သည်းထန်စွာတိုက်ခတ်နေသည်။ အရပ်မျက်နှာအနှံ့မှ ဝိညာဉ်ချီဓာတ်များက ရပ်တန့်မည့်အရိပ်အယောင်မပြဘဲ ထိုနေရာသို့ ဦးတည်လာနေသည်။ ထိုနေရာသို့ရောက်သည့်အခါ ၎င်းတို့က မကောင်းဆိုးဝါးချီဓာတ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဒြပ်စင်ငါးခုကို ဖရိုဖရဲဖြစ်အောင် ဖန်တီးနေသည်။

ကျွမ်းချင်က ဖူလီနှင့် ပိုင်ဇယ်ကို ထိုနေရာနားသို့ ခေါ်သွားရဲခြင်းမှာ သူ့ထံတွင် ရွှေရောင်သူတော်ကောင်းတရား၏ ကာကွယ်မှုရှိခြင်းကြောင့်ဖြစ်သည်။ ဟွင်းသွမ်းနှင့် ဖေးကမူ ဤနေရာအထိ မလာရဲသောကြောင့် အနောက်တွင် ကျန်ရစ်နေခဲ့ပြီဖြစ်သည်။

" ဖူလီ မင်း တစ်နေရာရာမှာ မသက်မသာဖြစ်နေလား..."

ကျွမ်းချင်က သတိလက်လွတ် မကပ်သွားရဲပေ။ လေထဲတွင် အသွင်ယူနေသည့် မကောင်းဆိုးဝါးချီဓာတ်လေပွေကြီးကိုကြည့်ပြီး သူ နောက်ပြန်ဆုတ်လိုက်သည်။ Work Systemကိုသုံး၍ လူသားလောကရှိ ကျင့်ကြံသူများနှင့် သက်ဆိုင်ရာဌာနများကို ခုခံကာကွယ်မှုများ ပြုလုပ်ထားရန် အရေးပေါ်မက်ဆေ့ပို့လိုက်သည်။ 

" ဖူလီ..."

ကျွမ်းချင်၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ရှိနေသည်။ ဖူလီက ကောင်းကင်ကြီး စတင်မည်းမှောင်လာချိန်တည်းက စကားမပြောတော့ပေ။ 

အေးစက်သည့် မကောင်းဆိုးဝါးလေပြင်းများကြောင့် ကျွမ်းချင်က လူသားပုံစံပြန်ပြောင်းပြီး ဖူလီ့ကို သူ့ရင်ခွင်ထဲ ဖက်ထားလိုက်သည်။

" ဖူလီ..."

ဖူလီ၏ နှင်းတမျှဖြူဖွေးသော အမွေးများက နောက်ဆုံးတွင် သွေးနီရောင်သို့ ပြောင်းလဲသွားလေသည်။