Ch 6
Viewers 62

🍏 Chapter 6




"အစ်မ ... ဒီရုံးထဲမှာ လူယုတ်မာကြီး တစ်ယောက်ရှိတယ်၊ သူက တခြားသူတွေရှေ့မှာတော့ ဟန်ဆောင်ကောင်းမှာပါ၊ ဒါပေမဲ့ သူက ကျွန်မကို မကောင်းတာတွေ လုပ်ခိုင်းခဲ့တယ်၊ ကျွန်မက အခုမှ ၂၁ နှစ်ပဲ ရှိသေးတာ၊ ဘယ်သူနဲ့မှလည်း မပတ်သက်ဖူးသေးဘူး ... ဟီး ... သူ ပိုက်ဆံယူထားတဲ့ သက်သေတွေလည်း သူ့ဖုန်းထဲမှာ ရှိနေမှာပါ၊ ခုနစ်ထောင်တောင်၊ နှစ်ခါခွဲပြီး ယူတာ၊ သူက ရှေ့နေဆိုတော့ ကျွန်မက သူ့ကို ဘယ်လိုမှ ပြန်မတိုက်ခိုက်နိုင်ဘူး"


ဝမ်သိုက်သည် သရုပ်ဆောင်ကောင်းလှပေသည်။ သူမသည် ခေါင်းကို ငုံ့ကာ ဝမ်းနည်းပူဆွေးနေသည့် မိန်းကလေးအသွင်ကို အပြည့်အဝ ဖော်ဆောင်နေသည်။


ချန်နျိုသည် ဝမ်သိုက်၏ စကားကို ကြားသောအခါမျက် မှောင်ကြုတ်သွားသည်။ သူမသည် ရုံးထဲရှိ အမျိုးသားများကို စဉ်းစားကြည့်သော်လည်း ဤမိန်းကလေး ပြောသကဲ့သို့ ငွေခုနစ်ထောင်လောက်ကို မက်မည့်သူ မရှိနိုင်ဟု တွေးမိသည်။


သို့သော် ... တစ်ဦးတည်းသော ကပ်စေးနှဲလေး ရှိနေပေသည်။


ချန်နျိုသည် ဝမ်သိုက် ပုခုံးကို ကိုင်ကာ နှစ်သိမ့်လိုက်သည်။


"ညီမလေး ... အဲဒီလူယုတ်မာရဲ့ နာမည်က ဘယ်သူလဲ၊ ဒါမှမဟုတ် ဘယ်လိုပုံစံလဲဆိုတာ ပြောပြပါ၊ အစ်မက ဒီရုံးရဲ့ ရှယ်ယာရှင်တစ်ယောက်ပါ၊ အစ်မ နာမည်က ချန်နျို၊ အစ်မ ညီမလေးအတွက် တရားမျှတမှု ရှာပေးပါ့မယ်"


"အစ်မချန်နျို ... ချန်စစ်ကျယ်ကို သိလား၊ အရပ်ရှည်ရှည်၊ မျက်လုံးအောက်မှာ မှဲ့ပါတဲ့ မိန်းကလေးနဲ့ တူတူတဲ့လူလေ" ဟု ဝမ်သိုက်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။


ချန်နျိုမျက်ခုံးများ တွန့်သွားသည်။ သူမသည် ဝမ်သိုက်ကို တစ်ချက်ကြည့်ကာ အံကြိတ်၍ နာမည်ကို ခေါ်လိုက်သည်။


"ချန် ... စစ် ... ကျယ် ... လား.... ကောင်းပြီ ... လာ၊ ညီမလေး အစ်မနောက်ကို လိုက်ခဲ့၊ အစ်မ သူ့ဆီ ခေါ်သွားပေးမယ်"


ဝမ်သိုက်သည် ချန်နျို၏ အကူအညီဖြင့် ထရပ်လိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောကာ အနောက်မှ လိုက်လာခဲ့သည်။ ရုံးထဲသို့ ရောက်သောအခါ အေးစက်သော လေအေးပေးစက်အရှိန်ကြောင့် ဝမ်သိုက်မှာ စိတ်လက်ပေါ့ပါးသွားသည်။ သူမသည် ကြောက်လန့်နေသော ပုံစံဖြင့် ချန်နျို အနောက်က လိုက်လာခဲ့သည်။


၁၅ လွှာသို့ ရောက်သောအခါ ရုံးခန်းထဲရှိ ရှေ့နေများက ဝမ်သိုက်ကို ကြည့်ကြသည်။ အတင်းအဖျင်း ဆိုသည်မှာ ရှေ့နေများအတွက်လည်း စိတ်ဝင်စားစရာ မဟုတ်ပါလား။


ချန်နျိုသည် ချန်စစ်ကျယ်၏ ရုံးခန်းတံခါးကို ခေါက်လိုက်ရာ အတွင်းမှ ပျင်းရိပျင်းတွဲ အသံ ထွက်ပေါ်လာသည်။


"ဝင်ခဲ့"


ချန်နျိုက တံခါးဖွင့်လိုက်သောအခါ ချန်စစ်ကျယ်သည် ကွန်ပျူတာရှေ့တွင် အာရုံစိုက်နေသည်ကို တွေ့ရသည်။ သူ၏ ရုပ်ရည်မှာ မိန်းကလေးများ ကြိုက်နှစ်သက်မည့် "ဉာဏ်ကြီးရှင်" ပုံစံပင်။


"ချန်စစ်ကျယ်.... နင် ဘာတွေလုပ်ထားလဲဆိုတာ ကိုယ့်ဘာသာ ဝန်ခံစမ်း" 


ချန်နျိုက ဒေါသတကြီး အော်လိုက်ပြီး အနောက်မှ ဝမ်သိုက်ကို ဆွဲထုတ်ပြလိုက်သည်။


ချန်စစ်ကျယ် မော့ကြည့်လိုက်ရာ ရှေ့တွင်ရှိနေသော ဝမ်သိုက်ကို မြင်ပြီး မျက်မှောင်ကြုတ်သွားသည်။


"နင် ... နောက်တစ်ခါ ထပ်လာပြန်ပြီလား"


ဝမ်သိုက်သည် ချက်ချင်းပင် ချန်နျို ရင်ခွင်ထဲသို့ တိုးဝင်ကာ မျက်ရည်မကျပါဘဲ ငိုရှိုက်ပြလိုက်သည်။


"ဟီး ... အစ်မ၊ ကျွန်မကို ခေါ်လာပေးတာ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ထားလိုက်ပါတော့၊ သူကတော့ ငြင်းမှာပါပဲ၊ သူက စကားပြော တော်တော့ ကျွန်မကိုလည်း မကောင်းတာတွေ စွပ်စွဲဦးမှာ" ဟု ဆိုကာ ထွက်ပြေးဟန် ပြုလိုက်သည်။


ချန်နျို ဝမ်သိုက်ကို ဆွဲထားလိုက်ပြီး ချန်စစ်ကျယ်ကို ဒေါသတကြီး ကြည့်လိုက်သည်။


"နင် ပြောတဲ့ စကားကို ကြည့်စမ်း 'နောက်တစ်ခါ ထပ်လာပြန်ပြီလား' တဲ့၊ ဒါဆို ဒီညီမလေးက နင့်ဆီ အကြိမ်ကြိမ် လာခဲ့ဖူးတာပေါ့၊ ချန်စစ်ကျယ်..... နင်က တခြားသူတွေထက် တော်တာကို ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ ဥပဒေကို ချိုးဖောက်ဖို့ မဟုတ်ဘူးလေ.... အဒေါ်တို့က နင့်ကို သေချာ မဆုံးမခဲ့ဘူး ထင်တယ်၊ အခုတော့ နင်က ငွေကိုလည်း မက်၊ မိန်းကလေးကိုလည်း လိမ်တဲ့အဆင့် ရောက်သွားပြီလား"


"နေဦး ... ဘယ်သူက လိမ်တာလဲ၊ ပိုက်ဆံယူတာကိုတော့ ငါဝန်ခံတယ်၊ အဲဒါက ငါရသင့်ရထိုက်တာ မို့လို့ ယူတာ၊ မိန်းကလေးကို လိမ်တယ်ဆိုတာကရော၊ သူ့မှာ ငါလိမ်လောက်စရာ အလှအပ ရှိလို့လား" ဟု ချန်စစ်ကျယ်က ပြန်ပြောလိုက်သည်။


သို့သော် ချန်နျိုကတော့ သူ ပိုက်ဆံယူသည်ကို ဝန်ခံသည်ဟုသာ မှတ်ယူလိုက်ပြီး ပိုဒေါသထွက်သွားသည်။


"ခုနစ်ထောင်တောင်လေ... မလွန်ဘူးလား ... လူယုတ်မာလေး၊ တခြားသူရဲ့ ပိုက်ဆံက ဘယ်လိုလုပ် နင်ရသင့်ရထိုက်တာ ဖြစ်မှာလဲ၊ နင်ကတော့ ..."


ချန်နျိုသည် သူမ ကြုံဖူးသော အမှုများကို ပြန်စဉ်းစားမိသည်။ အချို့သော ချမ်းသာသူများသည် ထူးဆန်းသော ဝါသနာရှိတတ်ကြသည်။



 á€Ľá€•မဏ - ပိုက်ဆံမလိုသော်လည်း ပိုက်ဆံအတွက် မိမိကိုယ်ကို ရောင်းစားခြင်းမျိုး။ သူမသည် ဝမ်သိုက်၏ ပုခုံးကို ဆုပ်ကိုင်ကာ 


"နင့်အကြောင်းကို ငါ သေချာ မသိခဲ့ဘူးပဲ..... ထားပါတော့၊ အခု ဒီညီမလေးနဲ့ ကိစ္စကို နင် အပြတ်ရှင်းလိုက်.... အဆင်မပြေဘူးဆိုရင်တော့ ငါ တရားဥပဒေအတိုင်း လုပ်ရလိမ့်မယ်"


သူမသည် ဝမ်သိုက်ကို နှစ်သိမ့်လိုက်သည်။


"ညီမလေး ... ဒီကိစ္စက အမှုဖွင့်ဖို့တော့ ခက်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ညီမလေးတို့ နှစ်ယောက်ကြားက ကိစ္စက နှစ်ဦးသဘောတူလို ဖြစ်နေတော့လေ.... အခု ဒီမှာပဲ နှစ်ယောက်တည်း သေချာပြောကြ၊ သူ ညီမလေးကို ခြိမ်းခြောက်ရင် အစ်မကို လာပြောပါ၊ အစ်မက သူ့ရဲ့ အစ်မဝမ်းကွဲလည်း ဖြစ်သလို ဒီရုံးရဲ့ရှယ်ယာရှင်လည်း ဖြစ်တယ်၊ သူ့ကို ဆုံးမနိုင်စွမ်း ရှိပါတယ်"


“ရှင်.....”


ဝမ်သိုက်သည် ချန်နျိုအတွေးများကို လိုက်မမှီတော့ဘဲ ကြောင်တောင်တောင် ဖြစ်သွားသည်။ ချန်နော့က သူမ၏ ခေါင်းကို အသာအယာ ပွတ်ပေးကာ အခန်းထဲမှ ထွက်သွားလေသည်။


“မဟုတ်ဘူးလေ ... ဒီအမျိုးသမီးကြီး ဘာတွေ တွေးနေတာလဲ”


ချန်စစ်ကျယ်၏ လှောင်ပြုံးသံကြောင့် ဝမ်သိုက် သတိဝင်လာသည်။


"နင့်ကို အထင်သေးမိတာ မှားသွားတယ်၊ ငါ့အကြောင်းကို ဒီလို လာပြီး သတင်းလွှင့်ရဲတယ်ပေါ့၊ ဥပဒေအရ ငါ နင့်ကို အမှုဖွင့်လို့ ရတယ်ဆိုတာ သိလား၊ နင် တကယ်ပဲ ထောင်ထဲ သွားချင်နေတာလား" ဟု ဆိုကာ ချန်စစ်ကျယ်က ဖုန်းကို ကောက်ကိုင်လိုက်သည်။


ဝမ်သိုက်သည် သူ အမှုဖွင့်တော့မည်ဟု ထင်ကာ သူ့ လက် ကောက်ဝတ်ကို အတင်းပြေးဖမ်း လိုက်သည်။ သူမသည် စားပွဲစွန်းကို မှီကာ သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။


"ရှင်ကရော ဘာထူးလဲ၊ ရှင့်ကြောင့် ကျွန်မရဲ့ အလုပ်တွေ ပျက်ကုန်ပြီလေ၊ ကျွန်မ Live ကိုလည်း ရှင် တိုင်လိုက်လို့ အပိတ်ခံရပြီ၊ ရှင်က ရှေ့နေဆိုပြီး လူကို ဒီလိုပဲ နှိပ်ကွပ်တော့မှာလား"


ချန်စစ်ကျယ်သည် သူ့လက်ကို ရုန်းသော်လည်း ဝမ်သိုက်က အတင်းဆုပ်ကိုင်ထားသဖြင့် မရချေ။ သူသည် သူမ၏ မျက်ဝန်းများကို ကြည့်လိုက်ရာ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။


"ငါက သတင်းလွှင့်တာ မဟုတ်ဘူး၊ အမှန်အတိုင်းပြောတာပဲ၊ ငါပြောတာ မှားနေရင် Live က ဘာလို့ အပိတ်ခံရမှာလဲ" ဟု သူက ချေပလိုက်သည်။


ဝမ်သိုက်သည် အံကြိတ်ကာ အော်ဟစ်လိုက်တော့သည်။


"ရှင် သိရမှာက ဒီလူ့အဖွဲ့အစည်းမှာ နတ်ဆရာတွေကို နှိမ်ထားကြလို့ပဲ.... ရှင့်ရဲ့ အတွေးအခေါ်က မှားနေတာ၊ ကျွန်မက လိမ်တာဆိုရင် လူတွေက ကျွန်မကို ပိုက်ဆံပေးပါ့မလား... 


ရှင့်အမေကော၊ ကျွန်မရဲ့ ပရိသတ်တွေကော ပိုက်ဆံပေးတယ်ဆိုတာ ကျွန်မရဲ့ အရည်အချင်းကြောင့်ပဲ၊ ရှင်ကတော့ ရှင့်ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ ရှင်သန်နေတာ... လက်တွေ့ကို မကြည့်ဘဲ ရှင့်အမြင်တစ်ခုတည်းနဲ့ပဲ ဆုံးဖြတ်နေတဲ့ ရှင် တကယ်ကို စိတ်သဘောထား သေးသိမ်တဲ့လူပဲ"