Ch 15
Viewers 49

🍏 Chapter 15






"အား"



မထင်မှတ်ဘဲ တွန်းထုတ်ခံလိုက်ရသော ချန်စစ်ကျယ်မှာ ဘေးသို့ အနည်းငယ် ယိုင်သွားပြီး နာသွားသော လက်မောင်းကိုပြန်ပွတ်နေမိသည်။ သူသည် သူမကို မကျေမနပ်ကြည့်လိုက်သော်လည်း နှုတ်ခမ်းကို စိထားကာ ဘာမှ ထပ်မပြောတော့ပေ။


ဝမ်သိုက်သည် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ၂၃ နာရီ ထိုးရန် တစ်နာရီကျော်သာ လိုတော့သည်။ သူမသည် ချုပ်နှောင်ခံထားရသော မိစ္ဆာလေးကိုကြည့်လိုက်ရာ ထိုမိစ္ဆာ၏အေးစက်သော မျက်လုံးများနှင့် ဆုံသွားသဖြင့် ကျောထဲတွင် စိမ့်သွားရပေသည်။ 



သူမ မိစ္ဆာငယ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။



"နင် ဘာလို့ လူပြန်မဝင်စားသေးတာလဲ၊ နင်က လူပြန်ဝင်စားချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ ရေနစ်သေတဲ့ ဝိညာဉ်တွေက များသောအားဖြင့် လူပြန်ဝင်စားလို့ ရရမှာလေ၊ နင် ဘာဖြစ်လို့ အမျှဝေတာကို စောင့်နေရတာလဲ"



မိစ္ဆာလေး ခေတ္တမျှ ငြိမ်သွားပြီးနောက် အတိတ်ကို ပြန်သတိရဟန်ဖြင့် ပြောလိုက်သည်။



"ဘာလို့လဲဆိုတော့၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘဲ၊ အသတ်ခံရတာမို့လို့ပါ"



ထိုစကားကြောင့် အနားတွင် ရှိနေသော ချန်စစ်ကျယ်မှာလည်း စိတ်ဝင်စားသွားပြီး အနားသို့တိုးလာလေသည်။



"ကျွန်တော့်မှာ လက်ထပ်တော့မယ့် ချစ်သူတစ်ယောက် ရှိခဲ့တယ်၊ မဟုတ်ဘူး၊ လက်ထပ်ဖို့ သေချာထားတဲ့သူပေါ့၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ နှစ်ရှည်လများပေါင်းလာတဲ့ သူငယ် ချင်းက၊ သူမက ဖောက်ပြန်နေတယ်လို့ ကျွန်တော့်ကို လာပြောတယ်၊ သူက ဓာတ်ပုံတွေပါပြခဲ့တာ၊ ကျွန်တော်က ဒေါသထွက်ပြီး သူမနဲ့ စကားများခဲ့တယ်”



“အဲဒီနောက်မှာ ကျွန်တော့်သူငယ်ချင်းက၊ ကျွန်တော့်ကို ဒီမြစ်ဘေးကို ခေါ်လာပြီး အရက်တိုက်တယ်၊ ကျွန်တော် မူးနေတဲ့အချိန်မှာ သူက ကျွန်တော့်ကို မြစ်ထဲ တွန်းချလိုက်တာ၊ သူက ကျွန်တော့် ချစ်သူကိုကြိုက်နေတာတဲ့၊ ကျွန်တော့်လို သူများပြောတာကို ယုံလွယ်တဲ့သူက၊ သူမနဲ့ မထိုက်တန်ဘူးလို့ သူက ပြောတယ်"



မိစ္ဆာလေး အသံမှာတုန်ယင်နေပြီး မျက်ဝန်းထဲတွင် နာကျင်မှုများ ပြည့်နှက်နေပေသည်။



"ကျွန်တော် သေသွားတော့ သူက လူနာတင်ကား ခေါ်တယ်၊ ဒါပေမဲ့ အရာအားလုံးက နောက်ကျသွားပြီ၊ ကျွန်တော့်ရဲ့ သေဆုံးမှုကို အရက်မူးပြီး ရေနစ်သေတယ်လို့ပဲ သတ်မှတ်လိုက်ကြတယ်၊ အရမ်းရယ်ရတယ် မဟုတ်လား၊ ကျွန်တော့်ချစ်သူ မြစ်ဘေးမှာ ငိုနေတာကို ကြည့်ပြီး၊ ကျွန်တော် အရမ်းကို နာကျင်ခဲ့ရတယ်၊ အာဃာတတွေကြောင့်ပဲ ကျွန်တော် ဒီကနေ မထွက်သွားနိုင်တာပါ"



ဝမ်သိုက် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် မိစ္ဆာလေးကို ကြည့်ကာပြောလိုက်သည်။



"နှမြောစရာပဲ၊ ကျွန်မက ရဲလည်း မဟုတ်သလို၊ အာဏာရှိတဲ့သူလည်း မဟုတ်ဘူး၊ ဒါကြောင့် ရှင့်အတွက် အမှုကို ပြန်ဖော်ပေးဖို့တော့ မတတ်နိုင်ဘူး၊ ဒါပေမဲ့ ရှင့်ကို နင့်အိမ်ပြန်ရောက်အောင်တော့ ကျွန်မ ပို့ပေးနိုင်တယ်၊ ရှင့်ရဲ့ အာဃာတတွေကို ဖြေဖျောက်ဖို့အတွက် ရှင့်မိဘတွေနဲ့ ရှင့်ချစ်သူကို အိပ်မက် ပေးလို့ ရအောင် ကျွန်မ ကူညီပေးမယ်၊ သူတို့က ရှင့်အိပ်မက်ကို ယုံပြီး အမှုကို ပြန်ဖော်မလား ဆိုတာတော့ မသေချာပေမဲ့၊ အဲဒီသူငယ်ချင်းရဲ့ သရုပ်မှန်ကို သိသွားရင်တော့ မဆိုးပါဘူး"



ဝမ်သိုက်သည် အစောင့်အရှောက်များကို အချက်ပြလိုက်ရာ မိစ္ဆာငယ်မှာ ပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် ချင်ယန်က သူတို့ဘက်သို့ လှည့်ကာ မေးလိုက်သည်။



"ညီမတို့ စကားပြောလို့ပြီးပြီလား"



သူမသည် ဘေးတွင် လဲလျောင်းနေသော ချင်ထုံကို လက်ညှိုးထိုးပြလိုက်သည်။



"ချင်ထုံလေး မျက်လုံးပွင့်လာတယ်၊ ဒါပေမဲ့ သူက ဘာမှလည်း မလှုပ်ဘူး၊ အစ်မ ခုနက ခေါ်တာကိုလည်း မကြားသလိုပဲ"



ချန်စစ်ကျယ်သည် ချက်ချင်းပင် ချင်ထုံအနားသို့ သွားပြီး စစ်ဆေးလိုက်သည်။ သူ့ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး ပြတ်သားစွာ ပြောလိုက်လေသည်။



"မျက်လုံးထဲမှာ အလင်းကို တုံ့ပြန်မှုမရှိတော့ဘူး၊ အချိန်မရှိတော့ဘူး၊ အခု ချက်ချင်းသွားကြရအောင်"



"ကောင်းပြီ"



ဝမ်သိုက် လွယ်အိတ်ကိုဆွဲကာ အမှောင်ထုထဲသို့ အလျင်အ မြန်ပြေးထွက်သွားလေသည်။ သူမသည် မြစ်ကမ်းဘေးသို့ ရောက်သောအခါ အစောင့်အရှောက်များ၏ အကူအညီဖြင့် လမ်းကို ရှာဖွေပြီး အားအင်ကြီးမားသော မိစ္ဆာကြီးရှိရာသို့ ဦးတည်လိုက်သည်။



မြစ်ရေပြင်ပေါ်တွင် လမင်း၏အလင်းရောင်များမှာ အေးစက်စွာ တောက်ပနေပေသည်။ ဝမ်သိုက်သည် အိတ်ထဲမှ အစီအရင် ပစ္စည်းများကို ထုတ်လိုက်ပြီး မိစ္ဆာကြီးနှင့် ရင်ဆိုင်ရန် ပြင်ဆင်လိုက်လေသည်။



"နင်က မိစ္ဆာကြီး ဖြစ်နေပေမဲ့၊ ငါ့ကိုတော့ လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး"



လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ လှုပ်ခါနေပေသည်။ ဝမ်သိုက်သည် မန္တန်များကို ရွတ်ဆိုလိုက်ရာ လက်ထဲမှ အလင်းတန်းများထွက်ပေါ်လာပြီး မိစ္ဆာကြီးကို တိုက်ခိုက်လိုက်လေသည်။



ချန်စစ်ကျယ်သည်လည်း နောက်မှ ကူညီပေးနေပြီး သူ့ အစွမ်းများဖြင့် မိစ္ဆာကြီးကို ချုပ်နှောင်လိုက်သည်။ ညည့်နက်ပိုင်း၏တိတ်ဆိတ်မှုထဲတွင် လျှပ်စီးလက်သံများမှာ ဟိန်းထွက်သွားပြီး မိစ္ဆာကြီးမှာ အငွေ့ပျံ ပျောက်ကွယ်သွားရချေပြီ။



ဝမ်သိုက်သည် ထိုမိစ္ဆာရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မိမိကိုယ်မိမိ ထိုမိစ္ဆာနှင့် ထိတွေ့နိုင်စေရန် မန္တန်အချို့ကို အသုံးပြုလိုက်သည်။ သူမသည် မိစ္ဆာ၏မြက်ခြောက်ကဲ့သို့ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဆွဲကိုင်ကာ ခေါင်းကို ပင့်မလိုက်လေသည်။



၎င်းမိစ္ဆာသည် ဝမ်သိုက်က အကာအကွယ်ပေးရန် စေခိုင်းထားသည့် ကံဆိုးရှာသော ဝိညာဉ်ငယ်လေးနှင့် ယှဉ်လျှင် အဆင့်မြင့်မိစ္ဆာတစ်ကောင်၏ ရုပ်လက္ခဏာနှင့် ပိုကိုက်ညီပေသည်။ အဆင့်မြင့်မိစ္ဆာတို့သည် မိမိတို့အလိုရှိသလို ရုပ်ဖျက်နိုင်ကြသဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ကြည့်ကောင်းသော ရုပ်ရည်ရှိနေသည်ဟု ထင်ရပေသည်။



"မြင်ပြီမလား.... ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာပြီပဲ၊ နင့်ရဲ့ ဝိညာဥ်က ပြိုကွဲမသွားတာ နှမြောစရာပဲနော်၊ အခုတော့ အရမ်းနာနေပြီလား"



ဝမ်သိုက်သည် အာခေါင်သံမျှသာ ပြုနိုင်တော့သည့် မိစ္ဆာကို ပြုံးရွှင်စွာ ကြည့်နေခဲ့သည်။ သူမသည် စိတ်ထဲမှနေ၍ အစောင့်အရှောက်များကို အချက်ပြကာ မိစ္ဆာက ဖမ်းဆီးထားသော ဝိညာဉ်များကို မူလကိုယ်ခန္ဓာများဆီသို့ ပြန်လည်ပို့ဆောင်ခိုင်းလိုက်လေသည်။



အရှုံးနှင့်အမြတ် တစ်ခုမှမရတော့သော မိစ္ဆာမှာ အတင်းအ ကျပ် ရုန်းကန်နေသော်လည်း အမှန်တကယ်တွင်မူ အနည်း ငယ် လှုပ်ယိမ်းနိုင်ရုံမျှသာရှိသည်။ ၎င်းသည် ဝမ်သိုက်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်လေသည်။



"နင်တို့မှာ အရည်အချင်းရှိရင် ငါ့ကို အခုပဲ သတ်ပစ်လိုက်၊ မဟုတ်ရင် ငါ့ရဲ့ဝိညာဉ် ပြန်ကောင်းလာတဲ့နေ့မှာ နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"



သို့သော်လည်း သူမရှေ့တွင် ရှိနေသော အမျိုးသမီးမှာမူ ပြုံးမြဲတိုင်း ပြုံးနေဆဲပင်။ ဝမ်သိုက် မျက်ဝန်းအစုံမှာ တစ်ဖက် သားကို ကြောက်ရွံ့သွားစေလောက်အောင် အေးစက်လှပေသည်။ သူမက အေးအေးလူလူပင် ဆိုလိုက်လေသည်။



"နင်သိလား၊ ငါကလည်း တခြားသူကို စိန်ခေါ်ပြီး စကား ပြောရတာ ဝါသနာပါတဲ့သူပဲ၊ ဒါကြောင့် နင် အခုလို ပြောနေတာတွေက ငါ့အတွက် အပိုပဲ၊ နင်က အခုလိုမျိုး အကုသိုလ်တွေ ဆက်တိုက်လုပ်ပြီး အခုကျမှ အသတ်ခံချင်နေတာက တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်ဖို့လား ဒါမှမဟုတ် ဒီလောကကနေ အမြန်ဆုံး ထွက်ခွာချင်လို့လား”


“ဒါမှမဟုတ် ဝိညာဉ်ချုပ်ငြိမ်းသွားတာကိုပဲ လိုချင်နေတာလား၊ နင် ဘယ်လို နှိပ်စက်မှုတွေ ခံခဲ့ရလဲဆိုတာ ငါမသိသလို နင့်ရဲ့ အာဃာတတွေ ဘာကြောင့် ဒီလောက်ကြီးမားနေလဲဆိုတာလည်း ငါနားမလည်ဘူး၊ ဒါပေမဲ့ အပြစ်မရှိတဲ့လူတွေကို နင် သွားပြီး ဒုက္ခပေးတာကတော့ အကြီးအကျယ်မှားသွားပြီ၊ နင့်ရဲ့ အလိုဆန္ဒအတိုင်း လွယ်လွယ်နဲ့တော့ ချုပ်ငြိမ်းသွားခွင့် ပေးမှာမဟုတ်ဘူး"


ထိုစကားကြောင့် ဒေါသထွက်နေသော မိစ္ဆာမှာ ရုတ်တရက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ရှိသွားပေသည်။ ၎င်းသည် ဝမ်သိုက်ကို ကြောင်စီစီဖြင့် စိုက်ကြည့်နေပြီးနောက် ဝမ်သိုက်က ၎င်း၏ဆံပင်ကို ဆွဲကိုင်ထားသည့်အတိုင်း လေထဲတွင် အားအင်မဲ့စွာ တွဲလွဲခိုနေလေတော့သည်။



"ငါ လူပြန်ဝင်စားဖို့ စိတ်မကူးဘူး၊ ငါရဲ့ အာဃာတတွေ မကုန်မချင်း နင်တို့ ငါ့ကို အမျှဝေပေးလို့ ရမှာမဟုတ်ဘူး၊ ငါသာ မကောင်းမှုတွေ ဆက်လုပ်နေရင် နင်တို့ ငါ့ကို သတ်ပစ်ရလိမ့်မယ်"



မိစ္ဆာအသံမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြုလုပ်ထားခြင်း မရှိတော့ဘဲ ကြည်လင်နေပေသည်။ ၎င်းသည် အသက်နှစ်ဆယ်ထက် မပိုသော လူငယ်တစ်ဦး၏အသံနှင့် တူနေပေသည်။ ၎င်းလေသံမှာ အလွန်တည်ငြိမ်နေပြီး ဝမ်သိုက်တို့၏ အလုပ်လုပ်ပုံကိုလည်း ကောင်းစွာ နားလည်ထားပုံရသည်။ 

ထိုမိစ္ဆာသည် ဝိညာဉ်ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်ချက်ဖြင့် မကောင်းမှုများကို ပြုလုပ်နေခြင်းဖြစ်ပေမည်။



အချိန်မှာ သန်းခေါင်ယံသို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်း ကင်ယံရှိ လမင်းမှာ ရှေးဟောင်းပစ္စည်း တစ်ခုကဲ့သို့ အေးစက်စွာ တောက်ပနေပေသည်။



ချန်စစ်ကျယ်သည်လည်း တစ်ခါတစ်ရံတွင် မိမိကျင့်ဝတ်များကို ဘေးဖယ်ထားတတ်သည့် လူစားမျိုး ဖြစ်ပေသည်။ သူသည် တိတ်တဆိတ် တွက်ချက်နေသော အစီအရင်များကို ရပ်တန့်လိုက်ပြီး ရှေ့သို့ လှမ်းလာခဲ့သည်။ သူ့ ကိုယ်တိုင်ချုပ် စျေးကြီးသော သားရေဖိနပ်မှာ မြေကြီးပေါ်သို့ နင်းလိုက်သည့်အခါ ပတ်ဝန်းကျင်နှင့် လားလားမျှ မသက်ဆိုင်သကဲ့ သို့ ရှိနေပေသည်။



"ဝိညာဉ်တစ်ခုက ဘယ်လောက်ကြာအောင် တည်ရှိနေနိုင်လဲဆိုတာ မင်းသိလား၊ အနှစ်နှစ်ဆယ်တောင် မပြည့်တဲ့ ဆင်းရဲဒုက္ခလေးကြောင့်နဲ့ မင်းက ဝိညာဉ်ချုပ်ငြိမ်းသွားဖို့အထိ စဉ်းစားနေတာလား၊ ဒီအနှစ်နှစ်ဆယ် ဆိုတာက မင်းရဲ့ဝိညာဉ် သက်တမ်းနဲ့ယှဉ်ရင် သဲတစ်ပွင့်စာလောက်တောင် မရှိဘူးဆိုတာ မင်းစဉ်းစားဖူးဘူးလား”



“ဝိညာဉ်ချုပ်ငြိမ်းဖို့ ဆိုတာကလည်း မင်းထင်သလို မလွယ်ကူပါဘူး၊ အသတ်ခံလိုက်ရရုံနဲ့ အရာအားလုံးကနေ လွတ် မြောက်သွားမယ်လို့ မထင်နဲ့ဦး၊ ငရဲမင်းကြီးတောင် အလုပ်တွေ အရမ်းများနေတာ၊ ဘယ်နတ်ဘုရားကမှ အားယားနေမှာ မဟုတ်ဘူး၊ မင်းရဲ့ဝိညာဉ် ပျက်စီးသွားရင်လည်း နောက် ထပ် ဝိညာဉ်အသစ်တစ်ခုအနေနဲ့ ထပ်ပြီး လူပြန်ဝင်စားရဦးမှာပဲ"



ရက်စက်လှသော အမှန်တရားကို ချန်စစ်ကျယ်က ပြောလိုက်သည့်အခါ ဝမ်သိုက် အံ့သြစွာဖြင့် မော့ကြည့်လိုက်ပြီးဆိုလိုက်သည်။



"ရှင်က ဘာလို့ သူများရဲ့ အတွင်းရေးတွေကို လိုက်ကြည့်နေတာလဲ၊ ကျွန်မတောင် မကြည့်ရသေးဘူး"