အပိုင်း (၄၇)
Viewers 12k

Part 47


ထန်ထန် စိတ်ဝင်စားစွာနဲ့ သူတို့ဆော့နေတာကို ကြည့်နေမိတယ်။ ကလေးမလေးက ပိုပိုပြီး လျင်မြန်လာတယ်။ အဆုံးမှာတော့ အဲ့ဒါက သုံးမိနစ်အတွင်း ဆက်လို့ပြီးသွားတာဖြစ်တယ်။ 


ထန်ထန် အံ့ဩသွားပြီး


 ‘’ နောင်နောင်… သမီးက တော်လိုက်တာ… မစဉ်းစားပဲနဲ့ ဘယ်လိုတောင် အရုပ်တွေ မြန်မြန်ဆက်နိုင်တာလဲ…’’ 


အဲ့ဒါက သူမ မနေ့ကမှ ဝယ်ပေးလိုက်တဲ့ အရုပ်ဖြစ်တယ်။ အဲ့ကလေးမလေးက အဲ့အရုပ်ကိုမဆော့ဖူးပေ။ သူမက ခဏလောက်ကြည့်လိုက်ရုံနဲ့ အားလုံးကိုပြန်ဆက်နိုင်တယ်။ သူမက မြန်ရုံတင်မက မှတ်ဉာဏ်လဲကောင်းပုံရတယ်။


အရင်က ကျိရှောင်ကျိုးကို အရမ်းတော်နေပြီလို့ သူမတွေးထားတာဖြစ်တယ်။ ဒါကြောင့် ဒီကလေးမလေးကိုလဲ အဲလို့တော်မယ်လို့ သူမ မထင်မိပေ။ ဒီကမ္ဘာက ကလေးတွေက အရမ်းလန့်ဖို့ကောင်းတာပဲ။


ချီးကျူးမှုကြောင့် ဝမ်နောင် မျက်ဝန်းထဲ ပျော်ရွှင်မှုအလင်းတန်းလေး ဖြတ်ပြေးလို့သွားတယ်။ သူမရဲ့ ကြီးမားတဲ့မျက်ဝန်းက လှုပ်ခါသွားပြီး ထန်ထန်ကို ကြည့်နေတယ်။ 'သူမက အရမ်းကို ချစ်ဖို့ကောင်းတာပဲ'


အဲ့အချိန်မှာပဲ ကျိယန် ပြန်ရောက်လာပြီဖြစ်တယ်။ သူက အိမ်မှာ လူအပိုတစ်ယောက်ကို တွေ့လိုက်လို့ အံ့ဩသွားတယ်။ နောက်မှ အဲ့ကလေးမလေးကို ဘယ်သူမှန်း သိသွားတယ်။ သူက ဘာမှမပြောပဲ ပုံမှန်လမ်းလျောက်ကာ မေးလိုက်တယ်


 ‘’ ဘာတွေ ဆော့နေကြတာလဲ…’’’


ထန်ထန်က ချက်ချင်းပဲ ကျိယန်ကို ပုံစံတူအရုပ်ပြလိုက်ကာ


 ‘’ ကြည့်ပါဉီး ယောကျာ်း… ရှောင်ကျိုးက ဒီအရုပ်ကိုဖြုတ်လိုက်ရုံပဲရှိသေးတယ် နောင်နောင်က သုံးမိနစ်အတွင်း ပြန်ဆက်နိုင်တယ်… အရမ်းအံ့ဩဖို့ မကောင်းဘူးလား’’


ကျိယန်လဲ အံ့ဩသွားပြီး ရှုပ်ထွေးလှတဲ့ ပုံစံတူအရုပ်ကိုကြည့်လိုက်တယ်။ ထို့နောက် ကလေးမလေးကိုကြည့်လိုက်တယ်။ ဒီလောက်ရှုပ်ထွေးတဲ့ ပုံစံတူအရုပ်ကို ကလေးမလေးက သုံးမိနစ်တည်းနဲ့ပြန်ဆက်ပြီး တည်ဆောက်နိုင်မယ်ဆိုတာ သူ မျှော်လင့်မထားမိဘူး။ မကြာခဏ အဲ့ဒါတွေ ဆောက်တတ်တဲ့ သူတောင်မှ မလုပ်နိုင်ပေ။


‘’ တကယ် အံ့ဩဖို့ကောင်းတာပဲ’’ 


ကျိယန်က ကလေးကိုမြှောက်ပြောတာမဟုတ်ပေ။ သူက ရိုးရိုးသားသား အမှန်အတိုင်းပြောတာဖြစ်တယ်။ ဒီအပိုင်းအစတွေကို မူလအတိုင်းပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကောင်းတဲ့ မှတ်ညဏ်ရှိဖို့နဲ့ သန်မာတဲ့လုပ်နိုင်စွမ်းလိုတယ်။ ဒီလိုအရာမျိုးက နေ့စဉ်လေ့ကျင့်ရုံနဲ့ ရလာတာမျိုးမဟုတ်ပေ။ အဲ့ဒါက ပါရမီ လိုတာဖြစ်တယ်။ ကလေးမလေးရဲ့ စွမ်းရည်ကတော့ သာမန်ကိုကျော်လွန်နေတာဖြစ်မယ်။


ကျိယန်က အဲ့ဒါကို ကလေးတွေဆော့နေရုံပဲလို့ မသတ်မှတ်ပေ။ သူက ကလေးမလေးရဲ့ စွမ်းရည်ကိုတွေ့ရှိပြီးဖြစ်တဲ့အတွက် သူမရဲ့ပါရမီကို ဒီအတိုင်းကျော်သွားဖို့ မဖြစ်နိုင်ပေ။ 'အဲ့ဒါကို ပျိုးထောင်ပေးဖို့လိုတယ်'


ခဏလောက်တွေးပြီးနောက် ကျိယန်က အိပ်ခန်းထဲသို့တန်းဝင်ကာ စာအုပ်စင်ပေါ်မှ စစ်သဘော်ပုံစံတူအရုပ်ကို ယူလိုက်တယ်။ အဲ့ဒါက ပုံစံတူအကြီးစားဖြစ်တယ်။  အဲ့ပုံစံတူက တစ်မီတာကျယ်ပြီး မီတာဝက်ရှည်တယ်။ ပုံစံနဲ့တည်ဆောက်ပုံက တကယ့်အစစ်အတိုင်းဖြစ်တယ်။ ပြီးတော့ အတွင်းပိုင်းမှ အခြေခံတွေကလဲ တစ်ခုနဲ့တစ်ခု ဆက်စပ်ထားတာဖြစ်တယ်။ အဲ့ဒီပုံစံတူက တကယ်ကိုပဲ ရှုပ်ထွေးလှတယ်။ ကျိယန် အဲ့ဒီ စစ်သဘော်ပုံစံတူကို တည်ဆောက်ဖို့အတွက် အချိန်တစ်လခန့်ကြာမြင့်ခဲ့တယ်။ 


ဘာစကားမှမဆိုပဲ ကျိယန်က အဲ့ဒီပုံစံတူကို တစစီဖြုတ်နေတယ်။ ထန်ထန် အံ့ဩသွားတယ်။


 ‘’ ယောကျာ်း… ဘာလို့ အဲ့ဒါတွေကို ရုတ်တရက်ကြီးဖြုတ်နေတာလဲ’’


ကျိယန်က ဖြုတ်နေရင်းနဲ့ ရှင်းပြတယ် “ ကိုယ်က နောင်နောင်ကို ဒီဟာပြန်ဆက်ကြည့်စေချင်လို့’’


‘’ အဲ့ဒါက….’’ 


ကျိယန်နောက်နေတယ်လို့ ထန်ထန် ထင်လိုက်မိတယ်။ 'ဒီဟာက ကလေးကစားစရာလို မလွယ်ဘူးလေ... ကလေးတစ်ယောက်က ဒီလိုကြီးမားတဲ့ပုံစံတူကို ပြန်ဆောက်နိုင်ပါ့မလား… ပြီးတော့ အဲ့ကလေးက ဒါကိုထိတွေ့ဖူးတာလဲမဟုတ်ပဲနဲ့….'


တုန့်ပြန်ချက်အနေနဲ့ ကျိရှောင်ကျိုးက စိတ်လှုပ်ရှားစွာနဲ့ ဝမ်နောင် ခေါင်းကိုထိလိုက်ရင်း


 ‘’ နောင်နောင်… နင်အဲ့ဒါကို ကောင်းကောင်းပြန်ဆက်ရမယ်နော် အိုကေ…’’


ဝမ်နောင်က နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။ ထို့နောက် သူမက ကျိယန် တစစီဖြုတ်နေတဲ့ ပုံစံတူကို မျက်တောင်မခတ်ပဲ ကြည့်နေတယ်။ ကျိယန်က သူ့ရဲ့လှုပ်ရှားမှုကို ပုံမှန်အမြန်နှုန်းနဲ့ပဲ ဖြုတ်နေတာဖြစ်တယ်။ နာရီဝက်ခန့်ကြာပြီးနောက် ကြီးမားတဲ့အပိုင်းအစတွေက ကြမ်းခင်းပေါ်မှာ အပုံလိုက် ပြန့်ကျဲနေတယ်။ အဲ့မြင်ကွင်းကိုကြည့်ရင်း ထန်ထန် ခေါင်းမူးလာတယ်။


ဝမ်နောင်က ကြမ်းခင်းမှ အပိုင်းအစအပုံလိုက်ကြီးကိုကြည်ပြီး စိုးရိမ်စိတ်ကင်းစွာနဲ့ စတင်ဆက်တော့တယ်။


အမြန်ပဲ ထန်ထန်က ကလေးမလေးကို ချီလိုက်ကာ 


‘’ နောင်နောင်… အန်တီတို့ အခုညစာစားမှဖြစ်တော့မယ်.. မဟုတ်ရင် ဟင်းတွေအေးကုန်လိမ့်မယ်… စားပြီးမှပဲ ပြန်ဆောက်ပေါ့နော်… အိုကေ’’


ဝမ်နောင်က ကြမ်းခင်းမှ အပိုင်းအစတွေကိုကြည့်လိုက်တယ်။ သူမက တွန့်ဆုတ်တဲ့အမူအယာဖြစ်သွားပေမယ့်လဲ အဆုံးမှာတော့ ခေါင်းငြိမ့်လိုက်တယ်။


ထန်ထန်က ကလေးမလေးကို ထမင်းစားပွဲက ထိုင်ခုံပေါ်သို့ ချီသွားလိုက်တယ်။ သူမ အားအင်အများကြီး မစိုက်ထုတ်လိုက်ရပေ။ အဲ့ဒါက ကလေးမလေးက ဘယ်လောက်တောင် ပေါ့ပါးနေလဲဆိုတာပဲ။ ထန်ထန်က ကလေးမလေးအတွက် ထမင်းအပြည့် ဇလုံထဲထည့်ပေးလိုက်တယ်


 ‘’ နောင်နောင်… သမီးက အရမ်းပိန်တာပဲ… များများစားဖို့လိုတယ်… ရှောင်ကျိုးလို ဝဝကစ်ကစ်လေးဖြစ်လာမယ်ဆိုရင် ပိုကောင်းမယ်’’


ဝမ်နောင်က ကျိရှောင်ကျိုးက လှမ်းကြည့်လိုက်တယ်။ သူမလဲ အဲ့လိုဝနေတာက ပိုကောင်းတယ်လို့ထင်တယ်။ ဒါကြောင့် ခေါင်းငြိမ့်ကာ ပါးစပ်ထဲသို့ ထမင်းအပြည့်ထည့်လိုက်တယ်။ 


ထန်ထန်က ကျိယန်ဘေးမှာထိုင်လိုက်ပြီး အချိန်ကို လှမ်းကြည့်လိုက်တော့ ၈ နာရီခွဲနေပြီဖြစ်တယ်။ အချိန်တွေ ဒီလောက်ကြာနေတာတောင် ဘယ်သူမှ ကလေးမလေးကို လာမရှာကြဘူး.. 'အိမ်မှာ ကလေး မရှိတာ ဘယ်သူမှ သတိမထားမိကြဘူးလား…'


ထန်ထန် စိတ်ထဲ အတော်လေးမနှစ်မြို့သလို ခံစားမိတဲ့အတွက် မနေနိုင်ပဲ ကျိယန်ကိုမေးလိုက်တော့တယ်


 ‘’ ယောကျာ်း… အခုချိန်ဆို လူတိုင်းအိမ်ပြန်ရောက်လောက်ပြီ မဟုတ်လား…’’


ကျိယန်က ထန်ထန် ဘာမေးချင်လဲဆိုတာ နားလည်ပြီးဖြစ်တယ်။ သူက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး


 ‘’ မစ်ရှင်လုပ်နေတဲ့သူနဲ့ ညဘက်လေ့ကျင့်ရေး လုပ်နေတဲ့လူတွေကလွဲလို့ပေါ့’’


‘’ အိုး... ‘’ ထန်ထန်က ပြန်ဖြေလိုက်ပြီး ယဉ်ကျေးစွာနဲ့ ထမင်းစားနေတဲ့ ကလေးမကို လှမ်းကြည့်လိုက်တယ်။ သူမ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဒီကလေးမလေးကို ဘယ်သူမှ လာမခေါ်တော့ဘူးဆိုတာ နားလည်လိုက်တယ်။ ဒါဆို အဲ့ကလေးကို ဒီမှာပဲ ညသိပ်လိုက်တာပေါ့။


ညစာစားပြီးတဲ့နောက် သူမလေးက အလျင်အမြန်ပဲ စစ်သဘော်ပုံစံတူကို အပြေးအလွှားဆက်တော့တယ်။ ကျိယန်၊ ကျိရှောင်ကျိုးနဲ့ ထန်ထန်ကတော့ ဘေးမှထိုင်ပြီး သူမအလုပ်ကို ကြည့်နေတော့တယ်။


စောနကလိုပဲ ကလေးမလေးက လျင်မြန်စွာနဲ့အပိုင်းအစတွေကို တုန့်ဆိုင်းခြင်းမရှိ ပြန်ဆက်နေတယ်။ မကြာခင်မှာပဲ အမြှောက်အပိုင်းက ဆက်လို့ပြီးသွားတယ်။ ထန်ထန်က စိတ်လှုပ်ရှားစွာနဲ့


 ‘’ ယောကျာ်း… နောင်နောင်က လုံးဝအံ့ဩဖို့ကောင်းတယ်နော်’’


ကျိယန်က ‘’ အင်း ‘’ လို့သာ တုန့်ပြန်လိုက်တယ်။ သူ ဝမ်နောင်ကိုကြည့်ရင်း သူမရဲ့ကွာခြားချက်တွေကို တွေ့လာတယ်။ ကျိယန် သူမရဲ့လုပ်ကိုင်ပုံကိုကြည့်ရင်း ဒီကလေးမလေးက ပြန်ဆက်တဲ့နေရာမှာတင်တော်ရုံမကပဲ မတူညီတဲ့အရာတွေကိုပြန်ဆက်စပ်တဲ့ မွေးရာပါစွမ်းရည် ရှိနေတာကိုပါ သတိထားမိတယ်။ သူမ မသိတဲ့အရာတွေအများကြီး ဒီပုံစံတူထဲမှာပါတာတောင် သူမက မှန်မှန်ကန်ကန် ပြန်ဆက်စပ်နိုင်တယ်။


အဲ့ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်ပဲ။ 'တကယ်လို့ သူမသာ ဒီစွမ်းရည်ကို ကမ္ဘာ့အကောင်းဆုံး စစ်သဘော် ဒါမှမဟုတ် အနာဂါတ်လက်နက်တွေ အပေါ်မှာသာ အသုံးချမယ်ဆိုရင်… တစ်နိုင်ငံလုံးတော့…'


ဒီကလေးမလေးက တကယ်ကို ပျိုးပင်ကောင်းလေး တစ်ပင်ပဲ။ သူမကိုသာ ကောင်းကောင်းပျိုးထောင်ပေးနိုင်မယ်ဆိုရင် သူမက နိုင်ငံအတွက် အရေးကြီးတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်။ သူမက သူရဲ့ယူတနစ်တစ်ခုစာထက်တောင် ပိုပြီးအဖိုးတန်နိုင်တယ်။


‘’ညဏ်ကြီးရှင်’’ ဒီစကားက သူ့စိတ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာတယ်။ ပြီးတော့ ကျိယန် ဒီစကားလုံးကို တခါမှ ကျိရှောင်ကျိုးအပေါ်မှာ မသုံးဖူးပေ။


အဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးမှ အသံကြားလိုက်ရတယ်။ ပုံစံတူပြန်ဆက်နေတဲ့ ဝမ်နောင် မှလွဲပြီး ကျန်တဲ့သုံးယောက်လုံးက ကြားလိုက်ရတယ်။ ကျိယန်က မတ်တပ်ရပ်ဖို့ပြင်နေတဲ့ ထန်ထန်ကိုတားလိုက်ပြီး တံခါးဖွင့်ဖို့ ထွက်သွားလိုက်တယ်။ တံခါးအပြင်မှာ ရပ်နေတဲ့သူက ကျိယန်ကို မအံ့ဩစေပေ။


‘’ ဗိုလ်ကြီး ဝမ်’’


ဝမ်ကျန်းရိ က ကျိယန်ကို ခေါင်းငြိမ့်ပြရင်း အဓိကအချက်ကို တန်းပြောလိုက်တယ်


 “ ကျိယန်.. ငါ့သမီးဒီမှာရှိတယ်ကြားလို့ လာခေါ်တာ…’’


ကျိယန်က ရှင်းပြလိုက်တယ်


 “ ကျောင်းဆင်းတဲ့အထိ မူကြိုမှာကလေးကို လာကြိုမယ့်သူဘယ်သူမှ မရှိဘူး… မိုးကလဲ အရမ်းသည်းနေတယ်… ပြီးတော့ ငါ့ဇနီးကလဲ မင်းရဲ့အိမ်ကိုမသိတာနဲ့ ကလေးကိုငါ့အိမ်ပဲခေါ်လာလိုက်တာ’’


အနည်းငယ် ရှက်ရွံ့မှုက ဝမ်ကျန်းရီ မျက်ဝန်းထဲဖြတ်ပြေးလို့သွားတယ်။ သူ ဒီနေ့ အိမ်ပြန်ရောက်တာနောက်ကျတယ်။ ပြီးတော့ အချိန်အတော်အကြာ ဝမ်နောင်ကို မတွေ့တော့မှ သူမ ပျောက်နေမှန်း သူ သတိထားမိတာဖြစ်တယ်။ သူ့ဇနီးကိုမေးတော့ ဝမ်နောင် ပြန်မလာသေးတာကိုသိလိုက်ရတယ်။ ဒါကြောင့် သူ အလောတကြီးလိုက်ရှာနေတာဖြစ်တယ်။ မူကြိုက အစောကြီးကတည်းက ပိတ်သွားပြီဖြစ်တဲ့အတွက် အဲ့ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။  ဝမ်ကျန်းရီ ဆရာမလိပ်စာကိုမေးကာလိုက်သွားပြီးနောက် ဆရာမက ဝမ်နောင်ရှိတဲ့နေရာကို ပြောလိုက်မှသာ သူ ဒီကိုရောက်လာခြင်းဖြစ်တယ်။


သူ့ဇနီးက ဝမ်နောင်ကို သဘောမကျဘူးဆိုတာ သူအမြဲတမ်းသိတယ်။ ဒီကလေးက သူတို့တွေရဲ့ ဆက်ဆံရေးကို တစ်ကြိမ်ပြတ်ဆဲဖူးကြောင်း သက်သေပြနေတဲ့ အတွက်ဖြစ်တယ်။ သူ့ဘက်မှ စပြီးမှားခဲ့တာဖြစ်တဲ့အတွက် အရာအားလုံးကို မျက်စိမှိတ်ထားပေးခဲ့တယ်။ ဝမ်နောင်ရဲ့ ထူးဆန်းတဲ့အပြုအမူကလဲ သူမအား သဘောကျချင်စဖွယ် မကောင်းပေ။ အဖေဖြစ်တဲ့ သူတောင်မှ သူမကို သိပ်သဘောမကျပေ။ ဒါကြောင့် ဝမ်ကျန်းရီက သူ့ဇနီးကိုလဲ ဝမ်နောင်အပေါ် ကောင်းပေးဖို့ရာအတွက် တခါမှ မပြောဖူးပေ။ အရမ်းကြီး ဆိုးမလာသ၍ အဆင်ပြေဆဲဖြစ်တယ်။ ဒါပေမယ့် အဲ့အထဲမှာတော့ သူ့ရဲ့သွေးသားဖြစ်တဲ့ သူမကိုပျောက်ဆုံးသွားတဲ့ အထိတော့ မပါဝင်ပေ။


‘’ ငါ မရီးကိုတကယ်ပဲ ကျေးဇူးတင်ပါတယ်… ငါ့ဇနီးက အိမ်မှာကလေးထိန်းနေရတယ်… ကလေးကလဲ ငယ်သေးတော့ လက်လွှတ်လို့မရဘူးလေ… အဲ့ဒါကြောင့် ဝမ်နောင်ကို အချိန်မီ မကြိုနိုင်တာပဲ… ကံကောင်းလို့ပေါ့… မင်းဇနီးက ခေါ်သွားပေးလို့’’


ကျိယန် ဘာမှ မှတ်ချက်မပေးပေ။ သူက ဝမ်ကျန်းရီ ဝင်လို့ရအောင် ဘေးသို့ကပ်ပေးလိုက်တယ်။


ဝမ်ကျန်းရီ အိမ်ထဲသို့ ဝင်လိုက်စဉ်မှာပဲ ကော်ဇောပေါ်မှာထိုင်ပြီး ကြီးမားတဲ့ပုံစံတူအပိုင်းအစတွေကို ဆက်နေတဲ့ ဝမ်နောင်ကို တွေ့လိုက်ရတယ်။ သူ့အမူအယာကလဲ အဆိုးဘက်သို့ ချက်ချင်းပြောင်းသွားပြီး အော်လိုက်တယ် ‘’ ဝမ်နောင်… ဘာလို့ ပစ္စည်းတွေကို လက်လွတ်စပယ် ဖျက်စီးနေပြန်တာလဲ…’’


သူ့ရဲ့အော်သံက ပုံစံတူကို စွဲလမ်းစွာနဲ့ပြန်ဆက်နေတဲ့ ဝမ်နောင်ရဲ့ အာရုံကိုလက်ရှိသို့ ပြန်ရောက်လာစေတယ်။ သူမက သူ့အဖေကိုမြင်လိုက်စဉ်မှာပဲ ကြောက်ရွံ့မှုကမျက်ဝန်းထဲမှာ ဖြတ်သန်းသွားကာ လက်ထဲမှ ဆက်လက်စ အပိုင်းအစလေးက ပြုတ်ကျလို့သွားတယ်။


ကလေးမလေးရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ရတဲ့ထန်ထန်က ချက်ချင်းပဲ သူမရင်ခွင်ထဲသို့ ထွေးပွေ့ထားကာ ဝမ်ကျန်းရီကို ရှင်းပြလိုက်တယ်


 ‘’ သူမက ပစ္စည်းတွေကို လက်လွတ်စပယ် ဖျက်စီးနေတာမဟုတ်ပါဘူး… ကျွန်မတို့က သူ့ကို ပေးကစားထားတာပါ… သူမကို အရမ်းမအော်ပါနဲ့… သူမက ကလေးပဲရှိသေးတယ်..’’


ဝမ်ကျန်းရီက ထန်ထန် စကားတွေကို မယုံပေ။ သူက ကျိယန်ဘက်သို့လှည့်ပြီး တောင်းပန်စကားဆိုလိုက်တယ် 


‘’ အာ… ငါတောင်းပန်ပါတယ်… မင်းမိသားစုကို အနှောက်အယှက်ပေးမိပြီ… ဒီကလေးမက အမြဲပဲ အရာဝထ္တုတွေကို ဆုတ်ဖြဲရတာကြိုက်တယ်… အိမ်မှာလဲ သူမ လုပ်ထားတာတွေ အများကြီးပဲ… သူမကို ငါတို့ခဏခဏဆုံးမပေမယ့်လဲ အသုံးမဝင်ပါဘူးကွာ... အခုတော့ အိမ်မှာမလုပ်ပဲ မင်းအိမ်မှာ လာလုပ်နေတော့တာပဲ’’’ 


သူက ဆက်ပြောလိုက်တယ်


 ‘’ သူမ ဖျက်ဆီးခဲ့တာတွေက ဘယ်လောက်ကျလဲ… ငါပြန်လျော်ပေးပါ့မယ်’’


‘’ မလိုပါဘူး’’ ကျိယန်မျက်ဝန်းတွေက မည်းနက်လို့နေတယ်။ သူ့အသံက အစကလောက် မကောင်းတော့ပဲ ‘’ ငါ့ဇနီးပြောတာ အမှန်ပဲ… အဲ့ပုံစံတူကို ငါဖျက်ပြီး ဝမ်နောင် ပြန်ဆောက်လို့ရအောင် လုပ်ပေးလိုက်တာ… အဲ့ဒါကြောင့် လျော်ပေးဖို့မလိုဘူး ပြီးတော့  ကလေးကို အဲ့လောက်ထိမအော်ပါနဲ့"


ဝမ်ကျန်းရီ ဗလာဖြစ်သွားတယ်။ သူက ကို့ယို့ကားယားနဲ့  ပြုံးလိုက်ပြီး ‘’ အဲ့လိုလား.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်… အချိန်လဲ မနည်းတော့ဘူး ငါသူ့ကို အိမ်ပြန်ခေါ်သွားတော့မယ်’’


ဝမ်ကျန်းရီက ပြောပြီးတာနဲ့ ကလေးမကိုချက်ချင်းပဲချီကာ တံခါးဝဆီသို့ လျောက်သွားလိုက်တယ်။ ဝမ်နောင်က သူမအဖေပုခုံးပေါ်မှကျော်ကာ သူမရဲ့ဆောက်လက်စ စစ်သဘော်ကိုကြည့်ပြီး ကျိရှောင်ကျိုးဆီသို့ အကြည့်ရောက်သွားတယ်။


ကျိရှောင်ကျိုးက ဝမ်ကျန်းရီနောက်မှ လိုက်သွားပြီး ‘’ နောင်နောင်… နင်လိမ်မာရမယ်နော်… အိမ်ပြန်ပြီး အိပ်တော့ ပြီးမှ မနက်ဖြန်ကျရင် ငါနင်နဲ့အတူတူဆော့မယ် အိုကေ…’’


ကလေးမလေးက နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်တယ်။


‘’ စိတ်မပူနဲ့.. ဒီအပိုင်းအစတွေအကုန်လုံးကို ငါသိမ်းထားပေးမယ် ပြီးတော့ နောက်တခေါက်မှာ နင်ကဆက်ဆောက်ပေါ့’’


ကလေးမလေး မျက်ဝန်းတွေက တောက်ပသွားတယ်။ သူက ချစ်စဖွယ်ကောင်းစွာနဲ့ ကျိရှောင်ကျိုးကို လက်ယမ်းပြီး နှုတ်ဆက်လိုက်တယ်။


ကျိရှောင်ကျိုးက ဝင်ပေါက်အထိလိုက်သွားတယ်။ သူမြင်ကွင်းထဲက ပျောက်သွားတဲ့အထိ လိုက်ကြည့်နေပြီးမှ ပြန်လှည့်လာတယ်။ သူ့မျက်နှာက အလေးအနက်နဲ့ဖြစ်နေပြီး သက်ပြင်းချလိုက်တယ်။


‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်… နောင်နောင့်ကို လွမ်းလို့လား…’’


ကျိရှောင်ကျိုးက ခေါင်းကိုယမ်းလိုက်ပြီး စိတ်မချတဲ့လေသံနဲ့


 ‘’ မာမီ… နောင်နောင် ဒယ်ဒီက သူမအပေါ် ကောင်းကောင်းမဆက်ဆံဘူးထင်တယ်နော်… သူက အခုလေးတင် သူမကိုအော်လိုက်တယ်.. သားဒယ်ဒီသာဆိုရင် အဲ့လိုလုပ်မှာမဟုတ်ဘူး’’


ဟုတ်တာပေါ့… ဝမ်ကျန်းရီ သူ့သမီးအပေါ် သိပ်ဂရုမစိုက်တာ သူမလဲသတိထားမိတယ်။ ဒါပေမယ့် ဒီအချိန်မှာ အကောင်းဆုံး ဘာပြောသင့်လဲဆိုတာ သူမလဲ မသိတော့ပေ။ မိဘတွေက သူတို့သားသမီးအပေါ် ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ အပြင်လူတွေက ဝင်ပါလို့ကောင်းတဲ့အရာမဟုတ်ပေ။ မချစ်မနှစ်သက်တဲ့ အမျိုးသမီးနှစ်ယောက်လုံးဆီမှမွေးဖွားလာတဲ့  ကလေးတွေချင်းအတူတူ ဝမ်ကျန်းရီက သူ့ကလေးအပေါ် ဂရုမစိုက်ပေ။ ကျိယန် ကတော့ သူ့ရဲ့ကလေးကိုချစ်တဲ့အပြင့် ကလေးကြောင့် ကွာရှင်းခွင့်တောင်မလုပ်ခဲ့ပေ။ 


ဒါက လူနှစ်ယောက်ကြားက ကြီးမားတဲ့ ကွာခြားချက်ဖြစ်တယ်။


ကျိရှောင်ကျိုးက ကြမ်းခင်းပေါ်မှ အပိုင်းအစနဲ့ဆောက်လက်စတွေကို ကောက်ယူ သိမ်းဆည်းရင်း တီးတိုးရေရွတ်လိုက်တယ်


 ‘’ နောင်နောင်က အရမ်းအံ့ဩဖို့ကောင်းတာပဲလို့ သားထင်တယ်… အဲ့ဒါကို ဘာလို့ သူ့ဒယ်ဒီက ပစ္စည်းတွေ လျောက်ဖျက်ဆီးတယ်လို့ ပြောတာလဲမသိဘူး... အဲ့ဒါ အမှန်မှမဟုတ်တာ... သူက အားလုံးကို ကောင်းကောင်းပြန်ဆက်နိုင်တယ်’’


အသေးလေးပြောနေတာကို ကျိယန်ကြားသွားပြီး ခေါင်းကိုပွတ်ပေးလိုက်ကာ 


‘’ နောင်နောင် က ပစ္စည်းတွေကို မဆင်မခြင် ဖျက်ဆီးတာမဟုတ်ပါဘူး… သူမက ညဏ်ကြီးရှင်ပဲလေ… သူ့အဖေက အဲ့ဒါကို မသိသေးလို့ပေါ့ သားရဲ့"


ကျိရှောင်ကျိုးက အပြည့်အဝ သဘောတူတယ်။ သူ့ခံစားချက်ကလဲ ကောင်းမွန်လာပြီး မေးလိုက်တယ်


 “ ဒယ်ဒီ… နောင်နောင်ရဲ့ဒယ်ဒီက အဲ့ဒါကိုမသိသေးမှတော့ သားတို့မိသားစုထဲ နောင်နောင်ကို ခေါ်လိုက်လို့ရလား…’’


ကျိယန်က ကျိရှောင်ကျိုးအကြံကို သဘောမတူပေ


 ‘’ နောင်နောင့်ဆီမှာ ကိုယ်ပိုင်မိသားစုရှိတယ်လေ… သူမ အဖေက အဲ့ဒါကို သဘောတူမှာ မဟုတ်ဘူး… ဒယ်ဒီက သားကို သူများကို မပေးနိုင်သလိုပေါ့’’


စိတ်ဓါတ်ကျစွာနဲ့ ကျိရှောင်ကျိုးက ကြမ်းပြင်သို့ကြည့်နေတယ်။ သူက ခဏနေပြီးနောက် မော့ကြည့်လိုက်ကာ


 ‘’ ဒါဆို ဒီသဘော်ကြီးကို ပြန်ဆောက်ဖို့ နောင်နောင်ကို နေ့တိုင်းအိမ်ခေါ်လာလို့ ရမလား ..’’


ကျိယန် ခေါင်းငြိမ့်ပြလိုက်တယ်


 ‘’ ရတာပေါ့… သားခေါ်လိုက်လေ… နောင်နောင်က ဒီတစ်ခုဆောက်ပြီးသွားရင် သူမ ပိုပျော်သွားအောင်လို့ ဒယ်ဒီက နောက်တစ်ခုထပ်ဝယ်ပေးဦးမယ်’’


‘’တကယ်လား… အဲ့ဒါဆို မနက်ဖြန် သားနောင်နောင်ကို ပြောပြလိုက်မယ်နော်... သူမ အရမ်းပျော်နေတော့မှာပဲ’’


ပုံစံတူ အပိုင်းအစတွေကိုသယ်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်သွားတဲ့ ကျိရှောင်ကျိုးကိုကြည့်ရင်း ထန်ထန်က ပဟေဋိဖြစ်စွာနဲ့ ကျိယန်ကို မေးလိုက်တယ်


 ‘’ ယောကျာ်း… ပေါင်ပေါင်က နောင်နောင်အပေါ် အထူးတလည်ဆက်ဆံနေတာနဲ့ ပတ်သတ်ပြီး ရှင်ဘယ်လိုထင်လဲ…ကျွန်မ နောင်နောင့် ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာကိုတောင် သူက မနာလိုမဖြစ်ဘူး… အရင်ကဆို ကျွန်မ ဝမ်ဝမ့်ကိုဖက်လိုက်တာနဲ့ သူက မနာလိုဖြစ်တော့တာပဲ’’


ကျိယန် တိတ်ဆိတ်လို့နေတယ်။ အဲ့ဒါက အမျိုးသားတွေရဲ့ တစ်စုံတစ်ယောက်ကို ကာကွယ်ချင်တတ်တဲ့ စိတ်ကြောင့်ပဲထင်တယ်။ အဲ့ဒါကို လေးနှစ်တောင် မပြည့်သေးတဲ့ ယောကျာ်းလေး တစ်ယောက်ဆီမှာတောင်မှ တွေ့နေရတယ်။


ကျိယန်က ချောင်းဟန့်လိုက်ပြီး ‘’ သူတို့တွေက ထိုင်ခုံဖော်တွေ ဖြစ်လို့နေမှာပေါ့’’


‘’အဲ့ဒါအမှန်ပဲ… အဲ့နှစ်ယောက်လုံးက အတော်လေးကပ်ကြတယ်… သူတို့ဆက်ဆံရေးက ကောင်းမှာအသေအချာပဲ… အခုကစပြီး နောင်နောင်ကို အိမ်ခဏခဏခေါ်ပြီး ညစာကျွေးရမယ်… အဲ့လို သူငယ်ချင်းကောင်းရဖို့က ခက်တယ်’’


ကျိယန် ဘာမှပြန်ပြောစရာ မရှိတော့ပေ။ အိမ်မှာ ကလေးနောက်တစ်ယောက် ရှိတာ ကောင်းပါတယ်။ ပြီးတော့ သူလဲ အဲ့ကလေးလေးရဲ့ ညဏ်ရည် အတိမ်အနက်ကိုသိရတာပေါ့။


‘’ ဟချိုး…’’ ထန်ထန် ရုတ်တရက် နှာချေလိုက်တယ်။ သူမ ချက်ချင်းပဲ နှာခေါင်းကိုကာလိုက်တယ်။


ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး


 ‘’ ဘာဖြစ်လို့လဲ… ဖျားနေပြီလား’’


ထန်ထန် ခေါင်းကိုယမ်းလိုက်တယ်


 ‘’ ဟင့်အင်း… မဖျားပါဘူး… ယားလာသလိုခံစားရလို့ နှာချေလိုက်မိတာပါ… ကျွန်မ ကျန်းမာရေးက နွားတစ်ကောင်လိုပဲ သန်မာတာပါနော်’’


သို့သော်လဲ နွားတစ်ကောင်ကဲ့သို သန်မာလှတဲ့ ထန်ထန် တစ်ယောက် ညလယ်ရောက်တဲ့အခါမှာတော့ နေမကောင်းဖြစ်သွားပါတော့တယ်။


-  - - - - - -


အချပ်ပို


နောင်အနာဂတ် နှစ်သုံးဆယ်အကြာမှာတော့ အဖွဲ့လေးတစ်ဖွဲမှ အမူးသမားများက ကလေးဆန်စွာနဲ့ သူတို့ရဲ့ ဇနီးတွေကို ယဉ်ပြိုင်နေကြပါတယ်။


ကုကျန်းအန် ရဲ့သား ကုစစ်က စတင်လိုက်တယ် 


‘’ ငါ့မိန်းမက စစ်တပ်ထဲမှာ အလှလေးပဲ သာမန်လူတစ်ယောက်က သူမနဲ့ယှဉ်မချနိုင်ဘူး… သူမကိုတွေ့တာနဲ့ သူတို့တွေက ဒူးတွေပါတုန်လာကြတာ’’


ယွမ်လျန့်ရဲ့သား ယွမ်ရိဖန် ကပြောလိုက်တယ်


 ‘’ စစ်တပ်ထဲက အလှလေးက အဲ့လောက်လဲမဟုတ်ပါဘူး… ငါဇနီးကမှ ပိုပြီးအားကျဖို့ကောင်းတာ… သူမက ထိပ်ဆုံးစိတ်ပညာရှင်လေ… သူက တစ်ချက်ကြည့်လိုက်ရုံနဲ့ အားလုံးရဲ့စိတ်ထဲကိုမြင်နိုင်သလို မင်းကိုလဲ ဖျက်ဆီးနိုင်တယ်… စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေအားလုံး သူမကိုမဆန့်ကျင်ရဲကြဘူးလေ’’


ကျိုးကျိရဲ့သား က ကျိုးရန်ကလဲ ဝင်ပါလာတယ် 


‘’ ငါဇနီးကမှ မင်းတို့ဇနီးတွေထက် ပိုသာတာ… ငါ့ဇနီးက တိုင်းပြည်ရဲ့ အငယ်ဆုံးအမျိုးသမီး မြို့တော်ဝန်ပဲ… ရဲနဲ့ စိတ်ပညာရှင်က သူမရဲ့ စီမံမှုအောက်မှာပဲ’’


ကျိရှောင်ကျိုးတစ်ယောက်သာ ဘာမှမပြောပဲ ဆက်သောက်နေတာဖြစ်တယ်။ လူတိုင်းက သူဘာလို့မပြောလဲဆိုတာ မေးလိုက်တဲ့အခါမှာတော့ သူ့ခေါင်းကိုယမ်းလိုက်ပြီး


 ‘’ ငါ့ဇနီးက အတော်လေး သာမန်ပါပဲ… သူက နျူးကလီးယာနဲ့ လေယာဉ်တင်သဘော်တွေလိုဟာတွေရဲ့ သုသေသနဲ့ဖွံ့ဖြိုးတိုးတက်ရေး မှာ လုပ်တာ’’


လူတိုင်း ‘’…..’’ 


အဲ့ကောင်ကိုဝိုင်းရိုက်ရအောင် !