အပိုင်း ၂၄.၂
Viewers 13k

Chapter 24.2

ယီဟွေ့က ရင်တုန်စရာအဖြစ်အပျက်ကြောင့် ကြောက်လန့်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ ကျန်းယီဟွေ့က ကျိန်းသေပေါက်စက်ဘီးစီးနိုင်ခြင်းကြောင့် ဤခန္ဓာကိုယ်တွင် စက်ဘီးစီးသည့်မှတ်ဉာဏ်များ ကျန်ရှိနေသည်ဟု တွေးလိုက်မိသဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူ ထင်ထားသည့်အတိုင်း မည်သူမှ ရှိမနေပေ။ 

ယီဟွေ့က ကံကောင်းသည်ဟု တွေးလိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။

........

စက်ဘီးပေါ်မှ ပုံရိပ်လေးက နောက်ဆုံးတွင် တဖြည်းပျောက်ကွယ်သွားသည်။ ကျိုးကျင်ဟမ့်က လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီးသည့်နောက်တွင် လမ်းဘေးရှိ မြက်ပင်ရှည်များထဲ၌ ဒူးကွေးထိုင်နေခဲ့ခြင်းဖြစ်သည်။ 

သူ မတ်တပ်ထရပ်လိုသော်လည်း လက်ဖဝါးများကို မြက်ပင်များဖြင့် ရှသွားခဲ့သည်။ သူ မတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံးမှ မြေကြီးများကိုခါကာ လက်နှစ်ဖက်လုံးမှ ဒဏ်ရာ လတ်လတ်ဆတ်ဆတ်များကို ကြည့်နေလိုက်သည်။ ဒဏ်ရာအသစ်များက ဒဏ်ရာအဟောင်းပေါ် ထပ်သွားသည်ကိုကြည့်ကာ သူ ပျော်ရွှင်သွားမိသည်။ ယခုအခါ ရုပ်ရှင်ရိုက်ကူးရေးမှ အနားယူရန် အကြောင်းပြချက်တစ်ခု ရရှ်ိသွားပြန်ပြီဖြစ်သည်။ 

ရက်အနည်းငယ် ထပ်မံအနားယူရန်အတွက် ရှောင်လင်းကို ဖုန်းခေါ်လိုက်ချိန်တွင် ရှောင်လင်းက ဝမ်းနည်းစွာဖြင့် ပြောလာသည်။

" အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးလို့ ခေါ်မယ်နော်... နားရက်က ထပ်ယူလို့မရတော့ဘူးထင်တယ် အကုန်လုံးက ဒီနေရာမှာ အလုပ်စဖို့ စောင့်နေကြတာ... မျက်နှာပေါ်က ဒဏ်ရာကို မိတ်ကပ်နဲ့ဖုံးလိုက်ရင် မမြင်ရတော့လောက်ပါဘူး... ရိုက်ကူးရေးအဖွဲ့ကလည်း အာမခံကြေးပေးထားပြီးတော့ တောင်းပန်စာတစ်စောင် ပို့ထားသေးတယ် အစ်ကိုကြီး ပြန်မလာဘူးဆိုရင် အားလုံးကို မျက်နှာဖြတ်ရိုက်သလို ဖြစ်နေမှာပေါ့..."

သူ စောဒကတက်သည်ကို နားထောင်ပြီးသောအခါ ကျိုးကျင်ဟမ့်က အားနည်းဟန်ဆောင်လိုက်ပြီး ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။

" ငါ့မျက်နှာတင်မကဘူး လက်တွေရော ဒဏ်ရာရပြီး ပိုးဝင်သွားတာထင်တယ် ‌အဖျားကြီးနေတဲ့ လက္ခဏာလည်းတွေ့တယ်... ငါ ဒီတစ်ခေါက်ရိုက်ရမယ့်ကားက လက်နက်ကိုင်ရတာမို့ လက်တွေက်ု အနီးကပ်ရိုက်ပြရမယ့်အခန်းတွေပါတယ်လေ အဲဒါကြောင့်မို့ လောလောဆယ်တော့ ရုပ်ရှင်ရိုက်လို့ မဖြစ်သေးဘူးထင်တယ်..."

သူ့လက်က ဒဏ်ရာများကို ဓာတ်ပုံရိုက်၍ ရှောင်လင်းကို ပို့လိုက်သည့်အခါ ရှောင်လင်းက သူ နားရက်ယူရန် သဘောတူပေးလိုက်သည်။

ကျိုးကျင်ဟမ့်က ရုပ်ရှင်ရိုက်ကူးရခြင်းကို သဘောကျနှစ်သက်သည်။ အတိတ်တွင်မူ သူ ဖျား‌နာနေချိန်မှလွဲ၍ အခြားအကြောင်းပြချက်ဖြင့် အနားယူခြင်းမရှိခဲ့ပေ။ သူ ပထမဆုံးအကြိမ် နားရက်ယူရသော အခြားအကြောင်းပြချက်တစ်ခုမှာ သူ့ဇနီးကိုချော့မော့ပြီး အိမ်ပြန်ခေါ်ရန်အတွက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ 

ကျိုးကျင်ဟမ့်က နှုတ်ခမ်းကော့ညွတ်သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ရယ်လိုက်သည်။ 

သူ့ဇနီးက သူနဲ့အတူ အိမ်ပြန်မလိုက်ပဲ သူ့ကို မသိချင်ယောင်ဆောင်နေတာလေ သူဘာလုပ်ရမလဲ...

ဤရက်ပိုင်းအတွင်း သူ့ပုံစံက နောက်ယောင်ခံလိုက်တတ်သောနှာဘူးတစ်ယောက်နှင့် တူနေကြောင်းကိုလည်းသိသည်။ အကယ်၍ ယီဟွေ့၏ရှေ့တွင် သူဆက်ပြီး ရစ်သီရစ်သီလုပ်နေပါက ရဲခေါ်သည်အထိ ကြောက်လန့်သွားပေလိမ့်မည်။ အရူးလေးက ကြောက်လန့်လွန်း၍ စက်ဘီးပင် အမြန်နင်းထွက်သွားသည်ဖြစ်ရာ ယမန်နေ့က စကားများပြောရန် သူ့အတွက် အလွန်ခက်ခဲခဲ့ပေမည်။ 

ယီဟွေ့ အလိုမရှိသည်ဖြစ်၍ သူတို့နှစ်ယောက် ခဏတာ မတွေ့ဆုံပဲ နေရလိမ့်မည်ဖြစ်သည်။ သူ အထိန်းအကွပ်မဲ့သွားပြီး ယီဟွေ့ကြောက်သွားအောင် မပြုလုပ်ချင်ပေ။

အစောပိုင်းက ဖျတ်ခနဲကြည့်လိုက်ချိန်တွင် ယီဟွေ့၏မေးစေ့က နီရဲနေ‌ဆဲဖြစ်ကြောင်း ကျိုးကျင်ဟမ့် မြင်လိုက်သည်။ ယမန်နေ့ညက သူ အားအလွန်မသုံးခဲ့ဟု ထင်ခဲ့မိသော်လည်း အရူးလေးက ထုံပေပေနေတတ်ကြောင်း သူမေ့သွားသည်။ အလွန်နာကျင်နေလျှင်ပင် သူက အသံတစ်သံမှ မထွက်ပေ။ 

ကျိုးကျင်ဟမ့်က သူ့စိတ်သူ ထိန်းနိုင်အောင် ကြိုးစားရမည်ဟု တွေးလိုက်သည်။ အနည်းဆုံး ယီဟွေ့က သူ့ကို ကြောက်မနေပဲ သူနှင့်တူတူ အိမ်ပြန်လိုက်နိုင်သည်အထိ ဖြစ်သည်။

သူ အစီအစဉ်များဆွဲပြီး ကြံစည်နေသည်ကို ယီဟွေ့တစ်ခုမှ မသိပေ။ သီချင်းတညည်းညည်းဖြင့် ခြံဝင်းထဲပြန်ဝင်လာပြီး ကျောင်းမှပြန်လာသည့်ကျန်းယီမန့်ကို ယနေ့တွင် ကံကောင်းခဲ့ရုံသာမက သူ၏စက်ဘီးစီးစွမ်းရည်ကလည်း အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြောပြလိုက်သည်။

ကျန်းယီမန့်က မနက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည်ကို သတိရနေဆဲဖြစ်ပြီး မျက်လုံးမှေးစင်း၍ သူ့ကိုကြည့်လိုက်သည်။

" အစ်ကိုကြီး ငန်းသွားကျောင်းတာကို စက်ဘီးနဲ့သွားတယ်ပေါ့... အစ်ကိုကြီးရဲ့ငန်းတွေ ခြေလက်အကောင်းအတိုင်းရှိနေသေးလားဆိုတာ သေချာကြည့်ခဲ့လား..."

ယီဟွေ့၏မျက်နှာက ချက်ချင်းပူတက်လာပြီး ပြောလိုက်သည်။

" ဟင့်အင်း အမွေးတစ်မွေးတောင် မကျွတ်နေပါဘူး..."

ညနေဘက်တွင်မူ မိသားစုဝင်သုံးယောက်က ညစာစားပြီးချိန်တွင် ဧည့်ခန်း၌ တီဗီကြည့်ကြသည်။ စားပွဲပေါ်တင်ထားသည့်ဖုန်းက တုန်ခါလာသည့်အခါ ယီဟွေ့ အလိုလိုလန့်သွားမိသည်။ သူ ဖုန်းကို လှမ်းယူလိုက်သော်လည်း မကြည့်ရဲပေ။ ထိပ်ဆုံးမှ Notiတက်လာသည်ကို removeပြီး ပြန်ချလိုက်သည်။ 

ထိုသို့ ကြိမ်ဖန်များစွာလုပ်နေသည့်အခါ ကျန်းယီမန့်က သည်းမခံနိုင်တော့ပေ။

" ဘယ်သူမို့လဲ... မက်ဆေ့တွေ ဝင်မဖတ်ကြည့်ချင်ရင် ဘလော့ထားလိုက်လေ..."

သူမပြောပြသည့် "blacklistထည့်သွင်းခြင်း" အကြောင်း နားထောင်ပြီးသောအခါ ယီဟွေ့ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။

 

" အဲ့လိုလုပ်လို့ရတာလား..."

ကျန်းယီမန့်က မျက်ဆံလှန်လိုက်သည်။

" အစ်ကိုကြီး နောက်ဆို အပြင်လေးဘာလေးထွက်ပါဦး... အိမ်ထဲမှာပဲ တစ်နေကုန်နေနေတာ ကြာရင် တုံးသွားလိမ့်မယ်..."

သူက မူလတည်းက အရူးဖြစ်၍ အရူးတစ်ယောက်က ထိုသို့သောအကြောင်းများကို မသိသည်က ပုံမှန်ဟု ယီဟွေ့ထင်လိုက်သည်။ 

သူ အခန်းထဲပြန်ဝင်လာပြီး တံခါးပိတ်လိုက်ကာ SMSမျက်နှာပြင်ပေါ်မှ ရင်းနှီးနေသည့်နံပါတ်ကိုကြည့်ပြီးနောက် တစ်ခါတည်း ဘလော့လိုက်တော့သည်။ 

ဖုန်းကို ဘေးနားပြန်ချလိုက်ပြီးသည့်အခါ သူ့ကမ္ဘာကြီးက အလွန်သန့်စင်သွားပြီး ထပ်မံကြောက်လန့်နေစရာမလိုတော့ဟု တွေးလိုက်မိသည်။ ဖုန်းကိုကြည့်ရသည်ကပင် စိတ်ချမ်းသာစရာကောင်းသွားသည်ဟုာတွေးလိုက်မိသည်။

နောက်တစ်နေ့မနက်တွင် ယီဟွေ့က ကျန်းယီမန့်၏ လမ်းညွှန်ပြသမှုဖြင့် ဝေ့ပေါ်အကောင့်တစ်ခုကို သူ့ဖုန်းတွင် ဖွင့်လိုက်သည်။ 

နာမည်ရွေးရန်အချိန် ရောက်လာသည်။ သူက "နေရောင်ခြည်ဖြာသောမနက်ခင်း" ၊ " ထာဝရ နေရောင်ခြည်၊ " တောက်ပနေသည့် ကမ္ဘာလေး" ဟူသော နာမည်များထဲမှတစ်ခုကို ရွေးချင်ခဲ့သည်။ ထိုနာမည်များကိုကြားသည့်အခါ ကျန်းယီမန့် မျက်ဆံလှန်လိုက်ပြီး မည်သည့်လူငယ်ကမှ သူတို့အမည်ရင်းကို အကောင့်ဖွင့်ရာတွင် မသုံးကြောင်းနှင့် ၄င်းက ငြီးငွေ့ဖွယ်ရာဖြစ်ကြောင်း ပြောပြခဲ့သည်။

[ T/N - နေရောင်ခြည်နဲ့ တောက်ပသည်ဆိုတဲ့ စကားလုံးတွေအားလုံးကို တရုတ်စကားလုံး "ဟွေ့" နဲ့ပဲ ရေးရတာပါ ]

အချိန်ခဏတာ တွေးပြီးသည့်နောက် ၎င်းက ကျိုးကြောင်းဆီလျော်သည်ဟု သူထင်လိုက်သည်။ သူ ရိုကျိုးစွာဖြင့် ကျန်းယီမန့်ပြောသည်ကို နားထောင်လိုက်ပြီးနောက် Gp chatထဲမှ အခြားညီမငယ်လေးများနှင့် အပူတပြင်းဆွေးနွေးပြီး သူ့ညီမကျောင်းမသွားမီ အမည်တစ်ခုကို ဆုံးဖြတ်လိုက်သည်။

မနက်ခင်းနေရောင်က သာယာလွန်းလှသည်။ ယီဟွေ့က သူ့ဖုန်းကိုကိုင်လျက် ပြတင်းပေါက်နားတွင် ထိုင်နေသည်။ ကျန်းယီမန့် ချန်ထားသော မှတ်စုလေးပေါ်မှ " ရှောင်ဟွေ့ရှား " ဟူသောစာလုံးကို မနည်းရုန်းကန်ပြီး ရိုက်နေရသည်။ 

[ T/N - ရှောင်ဟွေ့ရှားက ဟွေ့ဆိုတဲ့စာလုံးကို လက်တင်လိုရေးထားတဲ့ အသံထွက်ပါ ]

ထို့နောက် နာမည်အစစ်ဖြစ်ကြောင်း အတည်ပြုရန် သူ့ဖုန်းနံပါတ်ကို အသုံးပြုလိုက်သည်။ ထို့နောက် ပထမဆုံး ပိုစ့်တစ်ခု တင်လိုက်သည်။ 

( ဟဲလို အားလုံးပဲ... ကျွန်တော်က ရှောင်ဟွေ့ရှားပါ )

ရှောင်ဟွေ့ရှားက အခြားမည်သည့်ပို့စ့်မှ မတင်သေးပေ။ ကျန်းယီမန့်နှင့် အခြားသော ညီမငယ်လေးများမှလွဲ၍ သူ့followerစာရင်းထဲတွင် ဇွန်ဘီအကောင့် အနည်းငယ်သာရှိသည်။

ဇွန်ဘီအကောင့်က မည်သည့်အရာကို ဆိုလိုကြောင်းကို ယီဟွေ့ နားမလည်ပေ။ ကျန်းယီမန့်က စာသင်နေစဉ်တွင် သူ့ကို wechatမှ အသံမက်ဆေ့ဖြင့် ပြောပြသော်လည်း သူ နားမလည်သေး၍ လျစ်လျူရှု့ထားလိုက်သည်။ တစ်ယောက်ယောက်က သူ့ကို အာရုံစိုက်နေသရွေ့ သူပျော်ရွှင်ပေသည်။ 

နေ့ခင်းဘက်ရောက်သောအခါ တက်ဘလက်ဖြင့် ကာတွန်းပုံလေးများ ရေးဆွဲနေသည်။ ပုံကြမ်းဆွဲပြီးသွားသည့်အခါ ၎င်းက ကြည့်ကောင်းသည်ဟု ထင်လိုက်မိသည်။ ၎င်းကို အာဗာတာ( အင်တာနက်ပေါ်မှ ကိုယ်စားပြုရုပ်ပုံ ) အဖြစ်သုံးရန် ပြဿနာမရှိဟု ထင်လိုက်မိသည်။ သူ ထိုပုံကို ဝေ့ပေါ်တွင်ာတင်ချင်စိတ်ဖြစ်သွား၍ အကောင့်ထဲဝင်ပြီး shareလိုက်သည်။ ဖုန်းကိုကြည့်လိုက်ချိန်တွင် follower အသစ်တစ်ယောက်နှင့် မက်ဆေ့တစ်စောင်ရောက်နေသည်ကို မြင်လိုက်ရသည်။

ယီဟွေ့ ၎င်းကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေပြီး သူ့ပရိသတ်အသစ်လေးဖြစ်သည့် "‌ဒိုရာဟမ်ဟမ်"၏ နာမည်က မည်သည့်အရာကို ဆိုလိုကြောင်းမသိ ဖြစ်နေသည်။ 

[ T/N - ဒိုရာဟမ်ဟမ်ဆိုတဲ့နာမည်ကို " သို့လာဟမ့်ဟမ်" လို့ အသံထွက်ပါတယ် ] 

ဇွန်ဘီအကောင့်များက မက်ဆေ့မပို့တတ်သကဲ့သို့ likeလည်းမပေးတတ်ကြောင်း ကျန်းယီမန့် ပြောပြထားသည်ကို သူမှတ်မိသည်။ သို့ရာတွင် ဤလူကမူ ပေါ်လာသည်နှင့် စာတစ်စောင် ချန်ထားခဲ့သည်။

သူကတော့ ဇွန်ဘီမဟုတ်ဘူးထင်တယ်...

ထို့အပြင် ဒိုရေမွန်ပုံစံ အာဗာတာလေးက အလွန်ချစ်စရာကောင်းလွန်းသည်။

ဒိုရာဟမ်ဟမ် : ဟယ်လို [ နှင်းဆီပန်းအီမိုဂျီ ]

ယီဟွေ့က နှင်းဆီပန်းကို ခဏတာစိုက်ကြည့်နေပြီးမှ အနည်းငယ် ရှက်သွားသည်။

နှင်းဆီပန်းတွေက အချစ်ကို ကိုယ်စားပြုတာလေ... သူတို့ဘာလို့ အဲ့လောက်လွယ်လွယ်နဲ့ ပို့ကြတာလဲ...

Xxxxxx