အပိုင်း ၂၅.၁
Viewers 11k

Chapter 25.1

သို့ရာတွင် လူတစ်ယောက်က သူ့ကိုလာနှုတ်ဆက်ပြီး ကြိုဆိုသည်ဟူသောအသိကြောင့် သူပျော်ရွှင်သွားမိသည်။

တစ်ဖက်လူက စောင့်ဆိုင်းနေရမည်စိုး၍ ယီဟွေ့က အလျင်အမြန် ပြန်ဖြေလိုက်သည်။ 

ဟဲလို [ ပျော်နေသော အီမိုဂျီ ]

သူ့ အာဗာတာကို ပြောင်းလိုက်သည်နှင့် ဒိုရာဟမ်ဟမ်ထံမှ စာတစ်စောင် ရောက်လာသည်။

အာဗာတာအသစ်လေးက ကြည့်ကောင်းတယ်နော် [ နှင်းဆီပန်းအီမိုဂျီ ]

ယီဟွေ့က တစ်ဖက်လူ အမြန်သိသွားမည်ဟု မမျှော်လင့်ထား၍ အံ့ဩတကြီးဖြစ်ပြီး ပျော်သွားသည်။

( ကျေးဇူးတင်ပါတယ်...)

ခဏအကြာတွင် တစ်ဖက်လူက သူ့ကို မေးလာသည်။

မင်း ဘာသာဆွဲထားတာလား [ နှင်းဆီပန်းအီမိုဂျီ ]

ယီဟွေ့က သူဂုဏ်ယူ ဝံ့ကြွားနေကြောင်းကို သိသိသာသာ မပြသချင်ပေ။

( ဟုတ်ပါတယ်...)

ဒိုရာဟမ်ဟမ်က အမြန်ပြန်ဖြေလာသည်။

အံ့ဩစရာကောင်းလိုက်တာ... [ နှင်းဆီပန်းအီမိုဂျီ ][ နှင်းဆီပန်းအီမိုဂျီ ][ နှင်းဆီပန်းအီမိုဂျီ ]

ဖန်သားပြင်ထက်တွင် ပြည့်နေသည့်နှင်းဆီပန်းများကြောင့် ယီဟွေ့၏မျက်နှာနီရဲသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာသည်။ သူက လက်ထပ်ခွင့်တောင်းခဲ့သည့်အချိန်ကသာ နှင်းဆီပန်းများ ပေးခဲ့ဖူးသည်။ ဤပန်းမျိုးက ထူးခြားဆန်းကြယ်သည့် သင်္ကေတစ်မျိုးရှိသည်ကို သူသိသည်။ တစ်ဖက်လူက အီမိုဂျီများကို မည်သည့်သဘောနှင့်မှ မဟုတ်ပဲ ရွေးချယ်ပို့လိုက်သော်လည်း သူ့စိတ်ထဲ ရှက်နေမိဆဲဖြစ်သည်။ 

တစ်စုံတစ်ယောက်နှင့် စကားပြောရမည့်အခွင့်အရေးကိုရှာတွေ့ရန် ခက်ခဲလွန်းလှသည်ဖြစ်ရာ ယီဟွေ့က ခေါင်းစဉ်တစ်ခုကို စပြောလိုက်သည်။ 

( မင်းရဲ့ အာဗာတာလည်း ကြည့်ကောင်းပါတယ်..."

ဒိုရာဟမ်ဟမ်က အားလပ်နေပုံရပြီး စက္ကန့်အနည်းငယ်အတွင်း စာချက်ချင်းပြန်လေ့ရှိသည်။

( မင်း သဘောကျလား...)

သူ နောက်ဆုံးတွင် နှင်းဆီပန်းအီမိုဂျီများပို့နေခြင်းကို ရပ်တန့်လိုက်သည်။ ယီဟွေ့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။

( သဘောကျပါတယ်... ငါ ဒိုရေမွန်ကို သဘောအကျဆုံးပဲ...)

မနီးမဝေးမှ ဟိုတယ်ခန်းထဲတွင် မက်ဆေ့တစ်စောင်လက်ခံရလိုက်သော ကျိုးကျင်ဟမ့်က "သဘောကျ" ဟူသောစကားလုံးကို စိုက်ကြည့်နေခဲ့သည်။ အရူးလေးက သူ့ကို သဘောကျသည်ဟု ပြောခဲ့သည်ကို သူ ပြန်တွေးနေမိသည်။ သူနှင့် ဒိုရေမွန် မည်သည်ကို ပိုသဘောကျကြောင်း မေးခဲ့စဉ်က အရူးလေးမှာ ထိုသဘောကျခြင်း နှစ်ခုက ကွဲပြားကြောင်း စိတ်လိုလက်ရ ရှင်းပြခဲ့သည်။ 

ထိုအကြောင်းပြန်တွေးမိသောအခါ သူ ရယ်လိုက်မိသည်။ ကျိုးကျင်ဟမ့်က ထိုအချိန်က အလွန် ကလေးဆန်ခဲ့ပေသည်။ သူက အရုပ်တစ်ရုပ်ကိုပါ သဝန်တိုနေမိပြီး ဝန်ခံရန် ငြင်းဆန်ခဲ့မိသည်။ သူ စောစော ဝန်ခံခဲ့သင့်ပေသည်။ 

‌ထိုနောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လာခဲ့သည်က ရင်ကွဲဖွယ်ရာများဖြစ်၍ ထိုနေရာတွင်သာ ရပ်တန့်လိုက်ပြီး ဆက်လက်မတွေးတော့ပေ။ ခဏ စိတ်ငြိမ်အောင် နေလိုက်ပြီးသည့်နောက်တွင် ဖုန်းပြန်ကိုင်လိုက်ပြီး ထိုသတင်းအချက်အလက်များပေးသည့်လူကို ကျေးဇူးတင်စကားပြောလိုက်သည်။

" လူမမှားဘူးမလား ဟားဟား... ငါတစ်ချက် လှုပ်ရှားလိုက်တာနဲ့ မရှာနိုင်တဲ့သတင်းဆိုတာ မရှိပါဘူး..."

ထိုလူ၏အသံက ဂုဏ်ယူဝံ့ကြွားနေပုံပေါ်သည်။ ကျိုးကျင်ဟမ့်က သူပြောသည့်အတိုင်း နောက်က အလိုက်အထိုက်ဖြင့် ချီးကျူးပေးလိုက်သည်။ ဖုန်းချခါနီးတွင် ထိုလူက အတင်းအဖျင်းစပြောလာသည်။

" အဲဒီ ကျန်း ဘာလဲမသိဘူး သူက သခင်လေးကျိုးရဲ့ ပစ်မှတ်အသစ်လား..."

ကျိုးကျင်ဟမ့်က ခဏတွေးပြီးနောက် ပြန်ဖြေလိုက်သည်။ 

" ပစ်မှတ်အသစ်မဟုတ်ပါဘူး မူရင်းပစ်မှတ်ပါပဲ..."

ဝေ့ပေါ် အသုံးပြုလိုက်ချိန်မှစ၍ ယီဟွေ့၏ဘဝက ယခုနောက်ပိုင်းတွင် ပိုမိုသက်ဝင်လှုပ်ရှားလာသည်။ 

ကျန်းယီမန့်က သူ့အတွက် တစ်လစာmembership ဝယ်ပေးထားသည်။ ယီဟွေ့က သူ့တစ်နေတာ၏ အချိန်အများစုတွင် အာဗာတာနှင့် နောက်ခံပုံရွေးချယ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ ဤတစ်ခုက ကြည့်ကောင်းသည်ဟုထင်ကာ အခြားတစ်ခုကလည်း ချစ်စရာကောင်းနေ၍ ရွေးချယ်ရ ခက်ခဲနေခဲ့သည်။ 

သူ တစ်ခုပြီးတစ်ခု ရွေးချယ်ကာ တင်နေမိပြီး အောက်ဘက်နားမှ “share to Weibo”ဟူသော boxတစ်ခု ရှိနေသည်ကို မမြင်ခဲ့ပေ။ အကြိမ်အနည်းငယ်ခန့် ရွေးချယ်ပြီးသောအခါ သူက ပုံများစွာ တင်လိုက်မိသကဲ့သို့ ဖြစ်သွားသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူသိသွားပြီးချိန်၌ မူလက တစ်နေ့တွင် ပို့စ် ၂ခု ၃ခုသာ တင်လေ့ရှိသော အထာကျသည့် ဘလောဂါလေးယီဟွေ့မှာ တစ်နေ့တွင် ပို့စ် ၁၅ခုထက် ပိုတင်သည့် နောက်ခံပုံ မကြာခဏပြောင်းသူလေး ဖြစ်သွားခဲ့သည်။ 

သူ့ ဖုန်းကိုကိုင်ပြီး ပို့စ်များကို တစ်ခုချင်းစီ ဖျက်လိုက်သည်။ သူက အလွန်နှေးကွေးလွန်းလှသောကြောင့် ယခုမှ သူ့ကို လာfollowသည့် ထန်ဝမ်းရှီက သူလုပ်နေသည်များကို မြင်သွားခဲ့သည်။ သူက "ဟားဟားဟားဟား" ဟူသည့် cmtအတွဲလိုက်ကို လာမန့်သောကြောင့် ယီဟွေ့က နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်ထားပြီး ဖုန်းကိုကိုင်ကာ ငိုချင်စိတ်ပေါက်လာသည်။ 

ဖျက်ရမယ် ဖျက်ရမယ် ဒါတွေအားလုံး ဖျက်ပစ်ရမယ်...

ကျန်းယီမန့်က ကျောင်းတက်နေချိန်ဖြစ်၍ ထိုအဖြစ်အပျက်ကို မသိလိုက်သော်လည်း ကြင်နာသည့် followerလေး ဒိုရာဟမ်ဟမ်က ရှိနေခဲ့သည်။

ဒိုရာဟမ်ဟမ်က "ချစ်စရာကောင်း" ပြီး " အချိန်အားလပ်" နေသည့်အပြင် " ကြင်နာ " တတ်သည်ဟု ယီဟွေ့စိတ်ထဲတွင် တံဆိပ်ကပ်ပေးထားခြင်းဖြစ်သည်။

မူလတွင် သူက မည်သည့်အရာကိုမှ ဂဃနဏ မသိသောကြောင့် သူ၏ avatar HDပုံများကို watermarksမပါပဲ တင်ခဲ့မိပေသည်။ ဒိုရာဟမ်ဟမ်က သူ့ကို captcha authentication ကုဒ်များတွင် လော့ချထားရန် သတိပေးခဲ့သည်။ ယီဟွေ့က ထိုအကြောင်းမသိ၍ မေးမြန်းသောအခါ တစ်ဆင့်ချင်းပြောပြခဲ့သည်။ အချိန်နှစ်နာရီကျော်ခန့် ကြာမြင့်သွားသော်လည်း တစ်ဖက်က စိတ်မရှည်သည့်အမူအရာမပြသခဲ့ပေ။ ယီဟွေ့ အလွန်ရှက်သွားမိသည်။ private မက်ဆေ့တွင် ကျေးဇူးတင်ကြောင်း တဖွဖွသွားပြောသည့်အခါ ဒိုရာဟမ်ဟမ်က ' အပန်းမကြီးပါဘူး' ဟုပြန်ဖြေပြီး နှင်းဆီပန်းအီမိုဂျီ အတွဲလိုက်သာ ပြန်ပို့ခဲ့သည်။ 

Commentsမှတစ်ဆင့် private မက်ဆေ့သို့ ရောက်ရှိလာခြင်းက ဆက်ဆံရေးအခြေအနေ တိုးတက်လာသည်ဟူသော သဘောဖြစ်သည်။ ယီဟွေ့ကလည်း ဒိုရာဟမ်ဟမ်ကို အာရုံစိုက်နေမိသည်။ သူ ညဘက်တွင် စောင်ခြုံပြီး လှဲလျောင်းနေချိန်၌ ဒိုရာဟမ်ဟမ်၏ homepage ကို ဝင်ကြည့်နေလိုက်သည်။ သူ့နာမည်၏ဘေးမှ အပြာရောင်icon‌လေးကို မြင်သည့်အခါ ထိုလူက ယောက်ျားလေးဖြစ်ရမည်ဟု တွေးလိုက်မိသည်။

အတိတ်တွင်မူ ယီဟွေ့ထံ၌ သူငယ်ချင်းအနည်းငယ် ရှိခဲ့ဖူးသည်။ သို့ရာတွင် ကျောင်းမှအတန်းဖော်များက သူ့အစား သူ့ထံမှ မုန့်ပဲသရေစာများကို ပိုသဘောကျကြောင်း သိလိုက်ရသည့်အခါ အခြားလူများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်လန့်သွားခဲ့သည်။ သူက တုံးအသူဖြစ်သော်လည်း အခြားလူများ၏ အကြည့်များနှင့်ရယ်သံများက သူ့ကိုလှောင်ပြောင်သရော်နေခြင်းဖြစ်ကြောင်းကို အာရုံခံမိပေသည်။ 

သူ့ကိုကြင်နာသည့်လူများကို သူ တန်ဖိုးထားသည်။ သူ့အမေရင်း၊ အစ်ကိုကြီး၊ မရီး၊ ကျန်းရွှယ်မေ့၊ ကျန်းယီမန့်၊ ထန်ဝမ်းရှီနှင့် ယခုအခါ ထိုလူများထဲတွင် ဒိုရာဟမ်ဟမ်လည်း ပါဝင်လာခဲ့ပြီဖြစ်သည်။ ယီဟွေ့မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုပျော်ရွှင်လာသည်ဟု ခံစားရပြီး ရံဖန်ရံခါတွင် စောင်ခြုံပြီး အိပ်ရာပေါ်လှဲနေချိန်တွင်ပင် အသံကျယ်ကျယ်ဖြင့် ရယ်တတ်လာသည်။

သူ အလွန်ပျော်ရွှင်နေခဲ့၍ လွန်ခဲ့သောရက်အနည်းငယ်ခန့်က လူတစ်ယောက်၏ နှောင့်ယှက်ခြင်းခံလိုက်ရသည်ကို‌ပင် တဖြည်းဖြည်းမေ့သွားသည်။ ထို့အပြင် ကျန်းယီမန့်ပြောသည်ကို သူ အမှတ်တမဲ့ ကြားလိုက်မိသေးသည်။ 

" ဟမ့်ဟမ့်က အခုနောက်ပိုင်း ဝေ့ပေါ်မှာ ပိုစ့်လည်းသိပ်မတင်ဘူး... ရုပ်ရှင်ရိုက်ရင်း အလုပ်များနေတဲ့ပုံပဲ..."

သူ ပို၍စိတ်အေးသွားပြီး အပြင်ထွက်ချိန်တိုင်း စက်ဘီးစီးသည်ကို ရပ်တန့်လိုက်သည်။ သူက ယခင်ယီဟွေ့နှင့် ရုပ်ချင်းဆင်တူသော်လည်း သူ့နောက်မှ ခဏတာလိုက်ပြီးနောက် အေးစက်စက် ဆက်ဆံခံလိုက်ရချိန်တွင် ထွက်သွားသည်ဟု တွေးလိုက်မိသည်။ 

၎င်းကမှ သူပီသသောပုံစံဖြစ်သည်။ သူက ဤသို့သောဒေါသဖြစ်ဖွယ်မျိုးကို သည်းခံနိုင်သည့်လူ မဟုတ်ပေ။

ထိုနေ့ညနေတွင် ကျိုးကျင်ဟမ့်က ငန်းများကျောင်းပြီးပြန်လာသောယီဟွေ့ကို စောင့်ကြည့်နေခဲ့ပြီး ဝေ့ပေါ်တွင် အသစ်တင်လိုက်သောပိုစ့်အောက်တွင် comment သွားရေးခဲ့သည်။ 

သူ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ချိန်တွင် ဖုန်းက တုန်ခါလာခဲ့သည်။ ယီဟွေ့ စာပြန်သည်ထင်၍ ကြည့်လိုက်သည့်အခါ ဖန်ယွီချင်း ဖုန်းခေါ်ဆိုခြင်း ဖြစ်နေသည်။ 

ဤမြို့ငယ်လေးတွင် တစ်ယောက်တည်း ရက်အနည်းငယ်ကြာ နေပြီးနောက် အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထားခဲ့မိသည်။ ဖုန်းခေါ်နေသူကို မြင်သည့်အခါ ကျိုးကျင်ဟမ့် ခဏတာ ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ သူ၏ ပုံရိပ်ယောင် အိမ်မက်လှလှလေး ဖျက်ဆီးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ 

" မင်း ရိုက်ကွင်းမှာရှိနေတယ်ထင်တာ ငါ ဒီကိုမရောက်ခင်အထိ မင်း အနားယူသွားတာ မသိလိုက်ဘူး..."

တစ်ဖက်မှ ဖန်ယွီချင်းက အပြုံးဖြင့်ပြောလိုက်သည်။ 

" ယန်ချန့်ရွှမ်က မင်း အလုပ်ဂျပိုးဖြစ်နေပြီပြောတုန်းက ငါမယုံခဲ့ဘူး... အခုတော့ မင်းက အရင်အတိုင်းပါပဲလား..."

Xxxxxx