Chapter 32.1
ကျိုးကျင်ဟမ့် စိတ်ပိုင်းဆိုင်ရာအပြည့်အဝပြင်ဆင်ထားခဲ့သော်လည်း ယီဟွေ့၏ကွဲပြားနေမှုနှင့်ခုခံနေမှုတို့က သူ့ မျက်လုံးထဲတွင်စူးတစ်ချောင်းသဖွယ်နစ်ဝင်နေဆဲပင်။
၎င်းနှင့်အတူမရေရာမှုများကပါလွှမ်းမိုးလာသည်။
"မင်းကိုယ့်ကိုသဘောကျတယ်၊ မင်းကိုယ့်ကိုသဘောကျတယ်လို့ပြောခဲ့ဖူးတယ်လေ"
ကျိုးကျင့်ဟမ့်ကယီဟွေ့ကိုခေါင်းမာစွာဖြင့်ကြည့်နေသည်၊ထိုသူ၏အခြားလက်တစ်ဖက်မှာ သူ၏ကိုယ်ထဲသို့အနွေးဓာတ်များဖြတ်သန်းသွားစေရန်မစောင့်နိုင်တော့သည့်အတိုင်း သူ၏အေးစက်နေသောဘေးမှလက်အပေါ်ကိုထိတွေ့ထားသည်။
"မင်းကကိုယ့်ကိုစိတ်ဆိုးနေပေမဲ့ ကိုယ့်ကိုထွက်မသွားစေချင်ဘူး၊ ဟုတ်တယ်မလား"
အဓိပ္ပါယ်မရှိသည့်အရာနှင့်ကြုံတွေ့ရသည်တွင် ယီဟွေ့သည်ပြက်လုံးတစ်ခုဟုသာယူဆမိသည်၊ သို့သော် သူရယ်ရမည်လား၊ ငိုရမည်လားမသိတော့။ သူသည်ပြိုင်ဘက်အားတွန်းလှန်ရန် သင့်လျော်သည့်အမူအရာကိုရှာမတွေ့နိုင်ပေ။
သူက ဇာတ်လမ်းပြင်ပရှိတတိယလူကဲ့သို့ သူမပိုင်ဆိုင်ရသည့်နူးညံ့သိမ်မွေ့မှုကိုမျက်ကွယ်ပြုထားလိုက်သည် မျှော်လင့်တကြီးနှင့်တောင်းပန်တိုးလျိုးနေသည့်မျက်လုံးတို့ကိုမကြည့်ဘဲ တစ်ဖက်လူ၏လျော့ရဲလာသည့်လက်ဖဝါးထဲမှသူ၏လက်ကိုဖြည်းဖြည်းချင်းဖယ်ထုတ်လိုက်၏။
"မင်းကိုသဘောကျတာကသူပဲ၊ ငါမဟုတ်ဘူး"
သူ၏လက်သည်လေမှလွဲ၍ မည်သည့်အရာမှမခံစားရ၊ ၎င်းအပေါ်မှချွေးများပင်အငွေ့ပျံသွားခဲ့သည်။ ယီဟွေ့၏အမြင်အာရုံကားမှုန်မှိုင်းဝေဝါးနေသည့်တိုင် သူ၏အတွေးများကရှင်းလင်းနေသည်။
အစကအဆုံးအထိငါကပဲမင်းကိုတောင်းပန်နေခဲ့တဲ့သူ။ အရင်ဘဝကလည်းမင်းငါ့ကိုသဘောကျလာဖို့ ငါကပဲမင်းကိုတောင်းပန်ခဲ့ရတယ်။အခုတော့ ငါ့ကိုလွှတ်ပေးဖို့ပဲငါမင်းကိုတောင်းဆိုပါရစေ။
မင်းသာငါ့ကိုလွှတ်ပေးမယ်ဆိုရင် ငါမင်းကိုပြောမယ်။
"ငါမင်းကိုမုန်းတယ်၊ ကျေးဇူးပြုပြီး...ငါ့ကိုလိုက်မနှောင့်ယှက်ပါနဲ့တော့"
..........
အိမ်ပြန်ရောက်ပြီး မကြာမီ ယီဟွေ့ဖျားလေသည်။
အပူရှိန်ကအန္တရာယ်ကြီးလှသည်၊ သူ၏အသိစိတ်အလုံးစုံနီးပါးကိုလွှမ်းမိုးထားခဲ့သည်။ ဝိုးတဝါးအမြင်အာရုံတွင် သူတွေ့နေရသည်က ည၏အမှောင်ထုထဲတွင်သူ့ထံလျှောက်လှမ်းလာသည့် ရှည်မျောမျောပုံရိပ်တစ်ခု။
ပင်ကိုယ်အကျင့်စရိုက်အရ သူသည်အနှီသူအနောက်သို့လိုက်ကာထိတွေ့ချင်သော်ငြား ကျန်ရှိနေသေးသောအသိစိတ်ကသူ့အားဖိအားပေး
တားမြစ်ထားသည်။ သူသည်နေရာတွင်သာရပ်နေလျက် တရွေ့ရွေ့ဝေးကွာသွားသောပုံရိပ်ကိုကြည့်နေခဲ့ရသည်။
သူနောက်တစ်ကြိမ်မျက်လုံးဖွင့်လိုက်သည့်အခါ နေ့လည်ခင်းရောက်နေပေပြီ။ ကျန်းယီမန့်က သူ၏အိပ်ရာဘေးတွင်ခြေထောက်ချိတ်၍ထိုင်နေ
သည်။ သူမသည်ယီဟွေ့နိုးလာသည်ကိုတွေ့သည်နှင့် ထိုင်ရန်အမြန်ထူပေးပြီး ရေခပ်တိုက်သည်။
"ညီမလေးဒီမှာထိုင်နေတည်းကယောင်နေ
တာ၊ ရေဆာလား၊ ထပ်သောက်လိုက်အုံး"
ယီဟွေ့ မှင်သက်သွားသည်၊ ရေသောက်နေသည်ကိုပင်မေ့သွားပြီးအက်ကွဲနေသည့်အသံဖြင့်မေးလိုက်၏။ "ငါဘာတွေပြောခဲ့လဲ"
ကျန်းယီမန့်သည်ငါးခူပြုံးပြုံးကာ "အကုန်လုံးပြောခဲ့တာ၊ ဘယ်သူ့ကိုသဘောကျတယ်၊ ဘယ်သူ့ကိုမုန်းတယ်၊ ညီမလေးအကုန်ကြားတယ်"
သူမစနောက်နေမှန်းသိလိုက်မှ ယီဟွေ့သည်သူအိပ်ပျော်နေစဉ်ရှော့ခ်ရဖွယ်မည်သည့်စကားမှမပြောခဲ့ဟုထင်လိုက်ပြီး စိတ်လျှော့ဟန်အသက်ရှူထုတ်လိုက်သည်။
ရေသောက်ပြီးနောက် သူအနည်းငယ်နေထိုင်ကောင်းလာသည်။ ယီဟွေ့သည်မပြီးပြတ်သေးသောပန်းချီကားများကိုတွေးမိကာ ချက်ချင်းအလုပ်လုပ်ရန်သူ့ကိုယ်သူတွန်းအားပေးလိုက်သည်။
ကျန်းယီမန့်သည်အိပ်ရာပေါ်သို့စားပွဲတင်ရန် သူ့အားကူညီပေးပြီး notebook ကိုပလပ်ထိုးပေးနေလျက်မေးလာ၏။
"အစ်ကို၊ ဒီနေ့တစ်ယောက်တည်းပြန်လာတာလား"
ယီဟွေ့အိမ်ပြန်ရောက်လာချိန်က မနက်လင်းခါနီးပေပြီ။ သူက အိပ်ပျော်နေသည့် ကျန်းရွှယ်မေ့နှင့်ကျန်းယီမန့်တို့ကိုမနှောင့်ယှက်ချင်တော့
သောကြောင့် သူ့ဘာသာသူတံခါးဖွင့်ပြီးအခန်းထဲဝင်လာခဲ့လိုက်သည်။
ကျန်းယီမန့် မနက်အစောကြီးနိုးလာချိန်တွင် ထူးဆန်းနေမှုကိုခံစားရပြီး အိပ်ရာပေါ်တွင်လှဲနေ
သည့် ယီဟွေ့ကိုမြင်လိုက်ရခြင်းဖြစ်သည်။
"အင်း" ယီဟွေ့သည် tablet ကိုခေါက်နေပြီး "တစ်ယောက်တည်း"
ကျန်းယီမန့်သည် ကျောပိုးအိတ်ဘေးမှစူပါးမားကတ်၏ဈေးဝယ်အိတ်ကိုလက်ညိုးထိုးပြသည်။ "ဒါဖြင့်ရင် အဲဒါကိုဘယ်သူဝယ်လာတာလဲ"
ယီဟွေ့ မကြည့်ဘဲပြန်ဖြေသည်။ "ငါ"
"ကျစ်...ကျစ်...ကျစ်" ကျန်းယီမန့်သည်ဟာကွက်ကိုရှာတွေ့သွားပြီးဈေးဝယ်အိတ်ထဲမှသကြားလုံးနှင့်ချောကလက်ကိုလက်တစ်ဆုပ်အပြည့်နှိုက်ယူလိုက်သည်၊
"ဒါတွေကိုအစ်ကိုဝယ်လာတာလား၊ တောင်လေးတစ်လုံးတက်ဖို့ အများကြီးဝယ်တယ်....."
ယီဟွေ့သည် တဒင်္ဂခန့်ပြန်တွေးကာပုံမှန်အကြောင်းပြချက်ပေးလိုက်၏။
"အိမ်မှာတစ်ခုမှမရှိသလောက်ပဲလေ၊ အဲဒါကြောင့်ငါလမ်းမှာပိုဝယ်လာခဲ့တာ"
တစ်ဖက်တွင် ကျန်းယီမန့်သည်သူမ၏ခန့်မှန်းချက်နှင့်သံသယများနှင့်စပ်နွယ်ကာ တောင်တောင်အီအီတွေးတောနေဆဲ။
ယီဟွေ့သည်လည်း ရောင်စုံအိတ်အပုံလိုက်ကိုကြည့်ကာ အတွေးနွံနစ်သွားခဲ့သည်။
စတိုးဆိုင်တွင် သူသည်သကြားလုံးကောင်တာအနားတွင်ဝေ့လည်ကြောင်ပတ်လုပ်နေသည့်လူတစ်ယောက်ကိုတွေ့မိသယောင်ပင်။ မတိုင်ခင် သူအာရုံမထားမိသော်ငြားယခုသူသည်အများကြီးဝယ်လာမိမှန်းသိရှိသွားသည်။
အရသာအမျိုးမျိုးနှင့်ပျော့ပျော့အိအိသကြားလုံးများ၊ တော်ဖီ၊ သစ်သီးသကြားလုံး၊ စုပ်လုံး၊ ပုံစံအမျိုးမျိုးနှင့်ချောကလက်တောင့်များနှင့်ခရင်မ်
ထည့်ထားသည့်မုန့်ကြွပ်များ။ ထိုသူကသကြားလုံးများဆိုလျှင်မနှစ်သက်။ ထိုအရာမျိုးကို တစ်ချက်ပင်မကြည့်ဘဲလျစ်လျုရှုထားတတ်သည်။
ယခုအနှီသူသည် ၎င်းတို့ကိုအချိန်အများကြီးသုံးကာဂရုတစိုက်ရွေးချယ်ခဲ့သည်။ ယီဟွေ့သည်အံအားမသင့်ဘဲမနေနိုင်အောင်ဖြစ်မိသည့်တိုင် အနည်းငယ်ဝေခွဲမရလည်းဖြစ်နေသည်။
အရင်ဘဝတွင် အနှီသူသည်ရွံစရာကောင်းသည်ဟုခံစားခဲ့ရသည်။ သူ့အားကလေးဆန်လွန်းသည်ဟုလှောင်နေတတ်ပြီး သူလုပ်သည့်အိမ်ဖြစ်လက်လုပ်အချိုပွဲများကို စိတ်ပျက်စရာကောင်းပြီးမသတီစရာကောင်းသည်ဟုထင်မြင်ခဲ့သည်။ ယခုအဘယ်ကြောင့်များသည်းခံနေနိုင်ရသနည်း။
ယီဟွေ့သည် အသုံးမဝင်သည့်အတွေးများနှောင့်ယှက်ခြင်းကိုအသံတိတ်ခေါင်းယမ်းကာခါထုတ်ပစ်လိုက်သည်။
သန့်ရှင်းသည်ဟုခံစားရ၍ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူ၏နောက်သို့အမြဲလိုက်နေခဲ့ပြီး သူလက်ခံရန်ဆန္ဒမရှိတော့သည့်လူတစ်ယောက်
ကထွက်သွား၍လည်းဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ အနှီသူသည် သူ့ကိုသဘောကျခြင်းကြောင့်ကားမဖြစ်နိုင်ပေ။
မခွဲခွာခင်သူပြောခဲ့သည့်စကားများက နာကျင်သွားစေရန်လုံလောက်ပုံရသည်။ နောက်ရက်အနည်းငယ်အကြာတွင် ကျိုးကျင်ဟမ့်သည်ပျောက်သွားပြီး နောက်တစ်ခါထပ်ပေါ်မလာတော့ပေ။
ရလဒ်အနေဖြင့် သူ၏ဘဝကလမ်းကြောင်းအမှန်ပေါ်ပြန်ရောက်လာခဲ့ပြီ။ သူနေ့တိုင်းပန်းချီဆွဲသည်၊ အားလပ်ချိန်စပ်ကြားများတွင် အိမ်အလုပ်လုပ်ပြီးပုံမှန်လမ်းလျှောက်ထွက်သည်။ သူ၏အနားမှအိမ်နီးချင်းများကသူ့အားအထူးတလှယ်ဂရုစိုက်လာကြပြီး အရာအားလုံးကပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
နောက်ဆုံးရှိနေသောသံသယပင် အချိန်အကြာကြီးမတည်မြဲခဲ့ပေ။ တစ်နေ့တွင် သူသည်ကျန်းယီမန့်ထံမှ ချောကလက်ပြုလုပ်သည့်ပုံစံခွက်တစ်စုံရခဲ့သည်။ ပုံစံကရှင်းလင်းသည်၊ ဆန်းသစ်မှုရှိစွာပြုလုပ်ထားပြီးရှုပ်ထွေးမနေပေ။ ဒိုရာအေမွန်ပုံစံအပိုင်းအစအနည်းငယ်ပင်ပါသေးသည်။
ယီဟွေ့ သတိထားကာစစ်ဆေးကြည့်လိုက်သည်။ ၎င်းကကျောင်းရှေ့ရှိကုန်ပစ္စည်းဆိုင်တွင် ဝယ်နိုင်သည့်ပုံစံနှင့်မတူ။ ကျန်းယီမန့်အားအမှန်အတိုင်းပြောရန် ပြောသည့်အခါသူမမျက်လုံးများမှာအရောင်တလက်လက်တောက်ပလာသည်။
"ညီမလေးတို့ကျောင်းက ကုန်ပစ္စည်းဆိုင်ကအံ့ဩစရာကောင်းတယ်၊ အကုန်လုံးရနိုင်တယ်၊ ညီမလေးအဲဒီကိုပုံမှန်မသွားဘူး၊ဒါပေမဲ့ ညီမလေးပစ္စည်းဝယ်တဲ့အခါ အဲဒီကဘော့စ်ကိုမေးနေတတ်တော့ သူကသတိထားမိသွားပြီး ညီမလေးကိုဝယ်ပေးတယ်လေ"
ယီဟွေးမှာ တစ်ဝက်ခန့်ယုံကြည်သွားသည်။ မိန်းကလေးကအာရုံစိုက်ခံချင်စရာကောင်းသည်၊ သူမကြုံရာရွေးလာသည့်အပေါစားလက်ဝတ်
ရတနာများက သူ၏အကြိုက်နှင့်ကွက်တိဖြစ်လိမ့်မည်။
လက်ဆောင်ပေးရာတွင် သူမ၏မကြာသေးခင်ကမရှင်းလင်းသောစိတ်တက်ကြွမှုကိုသိလိုက်ရပြီထင်သည်။ တူညီသည့်အရာကိုပြောရလျှင်
ကျန်းမိသားစု၏အမေနှင့်သမီးသည် သူ၏စိတ်အတက်အကျကိုဂရုစိုက်ပေးရန် သီးသန့်ဆွေးနွေးပြီးသူ၏အိမ်နီးချင်းများကို သူ့အားအာရုံစိုက်ပေးရန်ပြောလိမ့်မည်။ ၎င်းမှအပ ယီဟွေ့လည်းအခြားအရာများမစဉ်းစားတတ်တော့ပေ။
သားအမိနှစ်ယောက်က သူ့အားပြောပြရန်ငြင်းဆန်နေကြလေရာ သူလည်းမသိချင်ဟန်ဆောင်နေလိုက်သည်။ သူတို့၏ဂရုစိုက်မှုများအတွင်းပျော်မွေ့နေစဉ် သူတတ်နိုင်သမျှပြန်လည်ကောင်းပေးနေခဲ့သည်။
ဥပမာ ကျန်းရီမန့်နှင့်သူမ၏သူငယ်ချင်းများအတွက် ရေးဆွဲပေးသောလက်ရေးလှပန်းချီပုံက အကြွေတစ်စေ့ပင်အကုန်အကျမခံလိုက်ရဘဲပြီးဆုံးသွားခဲ့သည်။
မိန်းကလေးများမှာ အင်မတန်စိတ်ဆိုးသွားကြသည်။ လက်ရေးလှပန်းချီကိုရေးသည့်အခါ ၎င်းတွင်အင်အားမည်မျှစိုက်ထုတ်ခဲ့ရကြောင်းသိနိုင်ပြီး အကြွေတစ်စေ့ပင်မယူခြင်းကသူတို့၏တာဝန်သိစိတ်အပေါ်ဝန်ပိစေသည်ဟုပြောကြသည်။
ယီဟွေ့ကပြုံး၍ဆိုသည်။ "ငါ့အတွက်ပြောပေးပြီးအလုပ်ပိုရအောင်လုပ်ပေးရင်ရပါပြီ"
သူသည်သာမန်အတိုင်းပြောခဲ့ခြင်းဖြစ်ပြီး အဆိုပါမိန်းကလေးများကအတည်မှတ်သွားကြလိမ့်မည်ဟုမထင်ခဲ့ကြ။ Follower များသည့်သူကပို့စ်တင်ပေးပြီး follower နည်းသည့်သူကသူတို့၏ friend
circle ကိုမျှဝေပေးခဲ့ကြသည်၊ ကျန်းယီမန့်နှင့် friend circle ရှိနေသူက ပင်မ fan group နှင့်ခေါင်းစီးပိုင်းအထိတင်ပေးကြကာ သူ့အ
တွက်အလုပ်ပိုရစေရန် ဆော်ဩခဲ့ကြသည်။
အကျိုးသက်ရောက်မှုသည်လုံလောက်သည်ထက်ပိုခဲ့ပြီး အော်ဒါများတန်းစီရောက်လာသည်၊ အများစုမှာ နတ်ဘုရားရုပ်ပုံနှင့်ပုံကြမ်းများပင်။
အစပိုင်းတွင် ယီဟွေ့က ရွေးချယ်မနေပဲလာအပ်သမျှလူတိုင်းကိုလက်ခံခဲ့သည် နောက်ပိုင်းတွင် ရေးဆွဲရန်မှာအလွန်များလာသည်၊ သို့ဖြစ်၍သူစည်းမျဉ်းတစ်ခုထားလိုက်သည်၊ တစ်ပတ်လျှင်အော်ဒါနှစ်ခုသာလက်ခံပြီး ရေးဆွဲရမည့်ပုံစံကခက်ခဲနေလျှင်အချိန်ကြာမည်။
မိန်းကလေးထု၏အားကောင်းသောစီစဉ်မှုအပြင် ယီဟွေ့၏ကောင်းမွန်သောပုံဆွဲစွမ်းရည်မှာလည်း ဤ "လာဘ်ရွှင်သောစီးပွားရေး" အတွက်
အရေးပါသည့်အရာတစ်ခုဖြစ်သည်။
သူသည်ပန်းချီဆွဲခြင်းအတတ်ပညာကို ဆယ်နှစ်ထက်မနည်းလေ့လာခဲ့သည်၊ ရာသီမရွေးမနက်စောစောထကာ အခြေခံပုံဆွဲစွမ်းရည်ကိုနေ့
စဉ်လေ့ကျင့်ခဲ့သည်။ အတိတ်ဘဝတွင်ဉာဏ်မကောင်းခဲ့သော်ငြား သုံးခဲ့သည့်အချိန်များမှာအချည်းနှီးမဖြစ်ခဲ့။ သူ၏အခြေခံစွမ်းရည်
သည် ခိုင်မာပြီး ရေပြင်ညီမျဉ်းကြောင်းများကကျယ်ပြန့်ကာဉာဏ်ကွန့်မြူးမှုမှာလည်းကြွယ်ဝသည်။ အခြားသူများထက်သူ၏ဖန်တီးမှုကပိုကောင်းမွန်ကာ အွန်လိုင်းပန်းချီရေးဆွဲသူများအသိုင်းအဝိုင်းတွင်သူ့အားအလျှင်အမြန်အမည်ကျော်ကြားလာစေသည်။
အစပိုင်း၌ ယီဟွေ့သည် "အမည်ကျော်ကြားသည်" ဆိုခြင်းကိုနားမလည်။ ကျန်းယီမန့်သည်သူ့အား Weibo တွင် follower များပြားခြင်းက "အမည်ကျော်ကြားခြင်း" ၏ သက်သေဖြစ်ကြောင်းရှင်းပြလာသည်။ ယီဟွေ့ စစ်ဆေးကြည့်လိုက်သည်။ အတိတ်တွင် Weibo တွင်ပို့စ်တင်ခြင်းကသူ့ကိုယ်သူစကားပြောနေရသလိုပင်။ ယခုလူများသည်
like နှင့်မှတ်ချက်ရေးကြရုံမက သူစိတ်ဝင်စားစရာဓာတ်ပုံတစ်ပုံကိုပို့စ်တင်လျှင် repost ပြန်လုပ်ကြသည်။
လူကြိုက်များခြင်းခံရသောအရသာကို ပထမဆုံးအကြိမ်မြည်းစမ်းခွင့်ရသည့် ယီဟွေ့မှာပျော်ရွှင်ပြီးကြောက်ရွံ့မှုလည်းရှိနေသည်။ တစ်စုံတစ်ယောက်သည်နာမည်ကြီးလာခဲ့လျှင် လှည့်ကွက်များသုံးကာသူတို့၏အလုပ်ကိုစိတ်တစ်ဝက်သာနှစ်မြုပ်လုပ်ကိုင်ကြသည်၊ သို့သော် ယီဟွေ့သည်ဆန့်ကျင်ဘက်ဖြစ်ပြီး ပို၍ဝီရိယကောင်းလာသည်။ သူသည်ရလာသမျှအလုပ်တိုင်းကိုစိတ်နှစ်၍ပြီးစီးအောင်လုပ်ကိုင်သည်။ အပ်နှံသူ A ကနှစ်သက်လျှင်ပင် သူသည်စံနှုန်း၍ကြို၍မြှင့်တင်ပြီးသူ၏အမည်ပျက်စီးမည်ကိုကြောက်စိတ်ဖြင့် ပြီးပြည့်စုံအောင်အကောင်းဆုံးကြိုးစားသည်။
အကျိုးဆက်မှာ တစ်နေ့ပြီးတစ်နေ့ပန်းချီဆွဲသည့်အပေါ်တွင်အချိန်များကုန်ဆုံးခဲ့ရသည်။ ထို့နေ့က သူချောကလက်လုပ်ရန်အချိန်အနည်းငယ်
ရခဲ့ပြီးပုံစံခွက်ထဲထည့်ကာ ရေခဲရေသေတ္တာထဲထည့်ထားလိုက်သည်။
သူရေခဲသေတ္တာတံခါးရွက်ကိုပိတ်ပြီး ကြည့်လိုက်သည်တွင် သူ၏အကြည့်မှာ မီးဖိုချောင်တံခါးမှဖြတ်၍ခြံဝန်းထဲရောက်သွားသည်။ loquat အပင်သည်အပင်ထက်ဝက်နီးပါးအရွက်များကြွေထားသည်ကိုရုတ်တရက်တွေ့လိုက်ရသည်၊ အချို့အရွက်များမှာအပင်အောက်မှ ကုလားထိုင်အပေါ်ကျနေပြီး အချို့ကလေတိုက်၍မြေပေါ်ကျသွား
ကြသည်၊ ထူးဆန်းဖွယ်အထီးကျန်သည့်ခံစားချက်ကိုမြှင့်တင်ပေးနေ၏။
တောင်ပိုင်း၏ရာသီဥတုသည်ပူနွေးပြီး ပန်းအများအပြားနှင့်အပင်တို့သည် ရာသီတိုင်းစိမ်းလန်းကြသည်။ သူ ဤနေရာတွင်အချိန်အတန်ကြာနေလာခဲ့ပြီး၍ ဆောင်းရာသီရောက်နေသည်ကိုမေ့လုနီးပါးဖြစ်နေသည်။
သူအခန်းသို့ပြန်လာသည့်အခါ ဖုန်းကိုကောက်ကိုင်ကာ Weiboတွင်ပို့စ်တစ်ခုတင်သည်။ မင်းတို့နေတဲ့နေရာမှာနှင်းကျလား?
အင်တာနက်သည်မတူညီသောနေရာမှလူများကိုအတူတကွခေါ်ဆောင်လာပေးသည်။ ပို့စ်တင်ပြီးမကြာလိုက်၊ တစ်နိုင်ငံလုံးရှိအထွေထွေသော အမည်ပြောင်များဖြင့်မှတ်ချက်များ ပြည့်သွားသည်။ အချို့သူများမှာသူတို့တစ်သက် နှင်းမမြင်ဖူးကြောင်းဝမ်းနည်းစွာပြောလာကြသည်။
အချို့သူများမှာ တစ်နှစ်လုံးတွင်ဒုတိယအကြိမ်မိုးရွာကြောင်းပြောကြသည်။ အချို့က နှင်းမမြင်ဖူးလျှင်မြို့ပြရှိလမ်းကြားများမှမြင်ကွင်းကိုဓာတ်ပုံပို့ပေးမည့်အကြောင်းပြောကြသည်။