Chapter 32.2
နိုင်ငံ၏တောင်ပိုင်းတွင်မွေးရပ်မြေရှိသည့် ဘလော့ဂါယီဟွေ့သည်တိတ်တဆိတ်ပြုံးလျက် သူ၏မိသားစုထက်ဝက်ခန့်ကမြို့တော်တွင်ရှိနေသည်ကိုတွေးမိသည်၊ နှင်းကျတာမြင်ရဖို့မလွယ်ဘူးလား?
သူသည် မြို့တော်တွင်အခြေချနေသည့်သူ၏အစ်ကိုနှင့်မရီးကို သူတို့အားထိတ်လန့်အောင်လုပ်မိသွားမည်ကြောက်၍မဆက်သွယ်ရဲပေ။ သို့သော် နောက်ကွယ်မှတိတ်တဆိတ်စုံစမ်းပြီး
သူတို့အဆင်ပြေနေကြောင်းသိခဲ့ရသည်။
Weibo မှထွက်မည်အပြု ကိုယ်ပိုင်မက်ဆေ့ချ်နေရာတွင်ဒိုရာဟမ်ဟမ်ပေးပို့လာသော နောက်ထပ်စာနှစ်စောင်ရောက်နေသည်။ 'နှင်းကျနေတယ်'
ယီဟွေ့သည်ဓာတ်ပုံကြည့်ရန်နှိပ်လိုက်သည်။ ဓာတ်ပုံမှာအိမ်ထဲတွင်ရပ်ကာ ပြတင်းအပြင်ဘက်ကိုရိုက်ထားသည်ဖြစ်မည်။ နှင်းထုအလွှာသည်အိမ်ခေါင်မိုးတံစက်မြိတ်တွင်တွဲခိုနေပြီး ပြတင်းပေါက်ဘောင်ပေါ်တွင်တင်နေသည်။ အဖူးနှစ်ခုသုံးခုခပ်ရေးရေးရှိသောဆီးပန်းနီကိုင်းသည်ပြတင်းပေါက်ကိုမှီနေသည်။
ယီဟွေ့စာပြန်လိုက်သည်: မင်းမပြန်သေးဘူးလား
မကြာသေးခင်က ဒိုရေမွန်ဟမ်ဟမ်သည်အလုပ်ကိစ္စနှင့်နိုင်ငံခြားထွက်ရန်ရှိပြီး နေ့စဉ်ရောက်သည့်နေရာမှဓာတ်ပုံအနည်းငယ်စီပို့ပေးမည်ဟုပြောခဲ့သည်။
ယီဟွေ့သည်နေရာများစွာကိုမရောက်ခဲ့ဖူး၍ လှပသောအနီရောင်နံရံများနှင့်အဖြူရောင်အုတ်ကြွပ်ပြားများကိုစိတ်ဝင်စားနေမိသည်။ ဒိုရေမွန်ဟမ်ဟမ်က နေ့စဉ်ပုံများစပို့လာခဲ့သောကြောင့် သူအလုပ်ခရီးမှပြန်မလာသေးကြောင်းတစ်ချက်ကြည့်ရုံဖြင့်သိနေသည်။
ဒိုရာဟမ်ဟမ်: ကိုယ်ဒီမှာခဏလောက်နေရဦးမယ်
ယီဟွေ့သည်ယခင်ကအလုပ်မလုပ်ဖူး၍ အလုပ်ခရီးဝေးသွားရသည့်ခံစားချက်ကိုတွေးမိနေသည်၊ သူစာရိုက်လိုက်သည်: ဒါဆိုဟမ်ဟမ် မင်းအိမ်ပြန်ချင်လား?
တစ်ဖက်မှစကားလုံးတစ်လုံးသာပြန်ပို့လာသည်: အင်း
ယီဟွေ့ နှုတ်ခမ်းများကိုကွေးလိုက်သည်၊ ဤလူ၏ပြန်စာသည်ရိုးစင်းလွန်းကာ ထိုသူသည်အမှန်တကယ်အိမ်ပြန်ချင်သည်လား သို့မဟုတ်
ဝတ်ကျေတမ်းကျေဖြေခြင်းပေလားမသိတော့ပေ။ တခဏခန့်တွေးကြည့်နေပြီးမှ သူမေးလိုက်သည်
မိသားစုထဲမှာမင်းအပြင်ဘယ်သူရှိသေးလဲ?
သူတို့၏နေ့စဉ် စကားပြောမှတ်တမ်းတွင် ယီဟွေ့သည်သူ၏မိသားစုအခြေအနေအကြောင်း မသိဘဲပြောဆိုနေခဲ့သည်။ စိတ်လှုပ်ရှားမှုများမှလွန်မြောက်ပြီးနောက် ဟမ်ဟမ်၏မိသားစုအပေါ်ယဉ်ကျေးမှုနှင့်ဂရုစိုက်မှုကိုပြန်လည်ပေးဆပ်သင့်သည်ဟုသတိရမိသည်။
ဒိုရာဟမ်ဟမ်: ညီမလေးတစ်ယောက်ပဲရှိတယ်။
ယီဟွေ့ မေးခွန်းများပြည့်ကျပ်သွားသည်: အခြားဘယ်သူမှမရှိဘူးလား
ဒိုရာဟမ်ဟမ်: အင်း
ယီဟွေ့ ကြားရသည့်စကားကြောင့် မသက်မသာဖြစ်သွားသည်။ အခြားဘယ်သူမှမရှိခြင်းထက်အမေမရှိခြင်းကပိုခံစားရမှန်းသူသိသည်။ သူဒိုရာဟမ်ဟမ်ကိုအကောင်းဆုံးနှစ်သိမ့်ပေးချင်သည်: ငါ့မှာလည်းညီမလေးတစ်ယောက်ပဲရှိတယ်။ ငါ့ညီမလေးကချစ်စရာအကောင်းဆုံးပဲ [ချစ်စရာကောင်းသည့်အီမိုဂျီ]
အကျိုးသက်ရောက်မှုမရှိသည်ထင့်၊ ဒိုရာဟမ်ဟမ်က နောက်ထပ် "အင်း" တစ်လုံးသာထပ်ပို့လာသည်။
စကားလုံးတိုင်းတွင် ပင်ကိုယ်အပူဓာတ်ရှိသည်။ ၎င်းတို့သည်သူနှင့်အတွင်းကျကျပတ်သက်ခဲ့သည့်နေ့မှစ၍ တိုးတက်မလာခဲ့ရာ တစ်ဖက်သူသည် စိတ်ဓါတ်ကျနေကြောင်းကို အလွယ်တကူခန့်မှန်းနိုင်သည် ယီဟွေ့၏စိတ်ခံစားချက်အတွေ့အကြုံမှာ တည်ရှိမှုကင်းမဲ့နေပြီး
ပုံမှန်အကြံပေးခြင်းမျိုးလည်းမပြုလုပ်နိုင်သောကြောင့် အခြားနည်းလမ်းနှင့်အားပေးရန်ကြိုးစားကြည့်သည်: မင်းမှာငါရှိပါသေးတယ်[အသည်းပုံအီမိုဂျီ]
ဒိုရာဟမ်ဟမ်: မင်းကသူများတွေအတွက် တစ်နေ့လုံးပန်းချီဆွဲပေးနေပြီးကိုယ့်ကိုကျတော့ပစ်ထားတယ်
အဆိုပါပုံကြီးချဲ့ထားသည့်စာကြောင်းကိုတွေ့ရသည့်အခါ ယီဟွေ့သည်အခြားသူများနှင့်ကလူနေပြီးခင်ပွန်းသည်မှဖမ်းမိခြင်းကိုခံလိုက်ရသည့်အတိုင်း ခံစားလိုက်ရကာ သူ၏နားရွက်ဖျားများအထိနီရဲသွားသည်:
မဟုတ်ဘူး...အဲဒါကအလုပ်သက်သက်ပါပဲ....မင်းလိုချင်ရင်၊ ငါမင်းအတွက်လည်းဆွဲပေးမယ်!
အနှီကတိကြောင့် အဝေးမှသရုပ်ဆောင်နေသောကျိုးကျင်ဟမ့်သည်
တနေ့လည်ခင်းလုံး စိတ်နှင့်လူမကပ်ဖြစ်ခဲ့ရသည်။
ဟွေ့ဟွေ့သည်သူ့အတွက်နောက်တစ်ကြိမ်ပုံဆွဲပေးရန်ဆန္ဒရှိနေသည်၊ တစ်ဖက်တွင်စိတ်လှုပ်ရှားနေကာ ကျန်တစ်ဝက်တွင်တွေဝေနေသည်။
အခွင့်အရေးကားရရန်မလွယ်၊ အနှီသူကိုမည်သည့်ပုံဆွဲခိုင်းရမည်နည်း။
...........
ယန်ချန်းရွှမ်လာလည်ချိန်တွင် နှင်းကျနေသည်မှာရပ်သွားပြီးကောင်းကင်မှာမှောင်စပျိုးနေပြီ။ ရိုက်ကူးရေးနေရာကိုရှေးဟောင်းပုံစံဖြစ်စေရန်
လမ်းမကြီးဘေးတွင် လမ်းမီတိုင်လေးအနည်းငယ်ထားခဲ့သည်။ ကံကောင်း၍ မြေပြင်ပေါ်မှနှင်းဖြူမှုန်များအပေါ် ရေပြင်ညီအတိုင်းရှိနေသောနောက်ဆုံးကျန်ရစ်သည့်မီးအလင်းရောင်ကရောင်ပြန်ဟပ်နေသည်မှာ ရေဆိုးမြောင်းအဖုံးကိုတစ်ဝက်ဟထားသည်နှင့်တူ၏။
"-ျီးတဲ့မှ...ဒါကဘယ်လိုသောက်ကျိုးနည်းနေရာကြီးလဲ"
ယန်ချန်းရွှမ်သည်ခုန်ပေါက်ဆဲဆို၍ ကျိုးကျင်ဟမ့်ကိုတရွတ်တိုက်ဆွဲခေါ်သွားသည်။ "ငါမင်းကိုဒီချာတူးလန်နေတဲ့ဇာတ်လမ်းတွဲကိုမရိုက်ပါနဲ့လို့ပြောထားတယ်လေ၊ အရင်တစ်ခါကဝိုင်ယာကြိုးတွေပြုတ်ကျတာကိုမမှတ်သေးဘူးလား၊ အနာရွတ်ကဖြင့်မပျောက်သေးဘူး၊ မင်းထပ်
လုပ်ပြန်ပြီ၊ မင်းအရမ်းပျင်းနေတာလား"
ကျိုးကျင်ဟမ့်သည်မယုတ်မလွန် 'အင်း' ဟုသာပြန်ဖြေလိုက်သည်။
ခေတ္တခန့်လမ်းပတ်လျှောက်ကြပြီးနောက် ယန်ချန်းရွှမ်သည်သူစိတ်နှင့်ကိုယ်မကပ်ဘဲရှိပြီးပြောသမျှနားမဝင်မှန်းသိလိုက်သည်။
အထဲပြန်ဝင်လာကြပြီးနောက် ဆိုဖာတွင်ဝင်ထိုင်ကြကာ ယန်ချန်းရွှမ်ပမပြောမဆို ပုလင်းတစ်လုံးယူကာအဖုံးဖွင့်လိုက်သည်။
"လာစမ်းပါအုံး၊ စကားပြောရအောင်၊ ဒီတစ်ခါရောဘာဖြစ်ပြန်ပြီလဲ၊ ဘာလက်ဆောင်ပေးရမလဲ
ဆိုတာမသိလို့လား၊ သူမင်းကိုထပ်ပြီးပစ်ထားပြန်ပြီလား"
နှစ်ယောက်လုံးသည်ကလေးအရွယ်မှ အရွယ်ရောက်သည်အထိအတူကြီးပြင်းလာသောဘော်ဒါအရင်းကြီးများဖြစ်ခဲ့ကြသည်။ ရံဖန်ရံခါ သူတို့သည်စကားများပြီးငြင်းခုံတတ်ကြသည်။
ကိစ္စမရှိ၊ ရက်အနည်းငယ်အတွင်း ဘာကိစ္စမှမဖြစ်ခဲ့သလိုပြန်ပြေလည်သွားတတ်ကြသည်။
ယခင်ကယန်ချန်းရွှမ်သည် စကားတစ်လုံးပင်မပြောဘဲဘေးမှရပ်ကြည့်နေခဲ့လင့်ကစား ယခုသူ့ခမျာအကြံပေးရန် ဒီအထိလိုက်လာခဲ့ရသည်။
ကျိုးကျင်ဟမ့်သာသက်ရှိလူတစ်ယောက်အနောက်သို့လိုက်နေသရွေ့သူ့အားသူငယ်ချင်းအဖြစ်ကူညီပေးမည်။ သူလူရွေးမှားသွားသည်ဖြစ်စေ၊ မေ့လိုက်သည်ဖြစ်စေ၊ အစားထိုးရှာသည်ဖြစ်စေ ရလဒ်ကအတူတူသာဖြစ်လိမ့်မည်။
အရင်လကကျိုးကျင်ဟမ့် တောင်တက်ရာမှပြန်လာသည့်အချိန်ဖြစ်နေသည့်ပုံစံကို သူမှတ်မိနေသေးသည်။ ဤလူကဝိညာဉ်လွင့်နေသလို နောက်တစ်ကြိမ်ဖြစ်မည်ကို သူမမြင်ချင်တော့ပေ။ အနှီသူကိုကူညီ၍ရလျှင် သူကူညီမည်။
ယန်ချန်းရွှမ်ကဟာသတစ်ဝက်နှော၍ပြောလိုက်သည်။ "သားကြီး၊ မင်းသူ့ကိုကြိုးတုပ်ပြီးအိမ်ခေါ်သွားလိုက်တာကောင်းမယ်၊ အိပ်ရာထဲမှာနှီးနှောပြီး
မဖြေရှင်းနိုင်သည့်ပြဿနာရှိလို့လား၊ ရှိနေရင်လည်း နှစ်ခါသာလုပ်လိုက်"
ယီဟွေ့၏ကိစ္စနှင့်ပတ်သတ်နေ၍ ကျိုးကျင်ဟမ့်သည်နားထောင်ချင်လာပုံရသည်။ သူမျက်မှောင်ကုပ်လျက် "မဖြစ်နိုင်ဘူး"
သူသည် "အိမ်ပြန်ကြမယ်" ဆိုသည့်စကာကိုထပ်မပြောရဲ။ ပြောခဲ့သည်ရှိသော်သူသည် "မင်းလူမှားနေပြီ" ဆိုသောယီဟွေ့၏စကားနှင့်ပိတ်ပင်ခံ
ရလိမ့်မည်။
အဆိုပါငြင်းဆန်ချက်သည် သူ့အားနာကျင်စေသည့်တိုင်သူမြို့မှထွက်လာခဲ့သည်မှာ နာကျင်မှုကိုကြောက်ရွံ့၍မဟုတ်ဘဲသူ၏ခံစားချက်များ
ကိုမထိန်းချုပ်နိုင်တော့မည်ကိုစိုးရိမ်၍ပင်။ သူ၏ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းသည် ယီဟွေ့၏ရှေ့တွင်ရပ်တန့်သွားပုံပင်။ သူယီဟွေ့ကိုမကြောက်စေချင်တော့၊ သူ၏အရူးလေးက လေနှင်မိုးပါးပါးလေးကိုပင်ကြာရှည်မခံနိုင်တော့ပေ။
သူ့အတွက်အရာအားလုံးကိုစီစဉ်ပြီးထွက်လာသည်မှာပိုကောင်းသည်။ထိုနေရာတွင်ဘာတွေဖြစ်နေမှန်းသူသိနိုင်ပြီး အခြားနည်းလမ်းဖြင့်ချဉ်း
ကပ်ရန်အခွင့်အရေးယူနိုင်သည်။
"သူကငါ့ကိုပုံဆွဲပေးမယ်လို့ကတိပေးထားတယ်"
ကျိုးကျင်ဟမ့်သည်ဖြစ်ခဲ့ပြီးသောအရာများကိုတွေးနေလျက် မျက်လုံးထဲတွင်အပြုံးရိပ်များ
သန်းနေသည်။
"ငါသူ့ကိုဆွဲခိုင်းဖို့ပုံစဉ်းစားနေတာ"
"ရို့....ကောင်းတာပေါ့" ယန်ချန့်ရွှမ် အားမရှိစွာဖြင့်ဩဘာပေးသည်။
"မှတ်ကျောက်တင်လောက်တဲ့အောင်မြင်မှုပဲ..ဟုတ်တယ်မလား? ဒီနေ့ညအပြင်ထွက်ပြီးသွားသောက်ရအောင်"
ကျိုးကျင်ဟမ့်ကခေါင်းခါသည်။ "ငါအခုကစပြီးစောစောအိပ်မယ်လို့သူ့ကိုကတိပေးထားတယ်" ခေတ္တစဉ်းစားနေပြီးမှထပ်ဖြည့်ပြောသည်။
"မင်းမှာပါတနာအတည်တကျရလာပြီးရင် အပြင်ထွက်ပြီးလျှောက်လည်တာလျှော့သင့်တယ်"
ကျိုးကျင်ဟမ့်ထံမှပထမဆုံးအဖြစ် လက်ချာပေးခံလိုက်ရသောကြောင့်ယန်ချန့်ရွှမ်မှာ သာမန်မျှတုံ့ပြန်သည်။
"အတည်တကျပါတနာဆိုတာ အလောင်းအစား၊ အပျော်သဘောပဲ၊ ငါကမင်းနဲ့ကွာတယ်၊ ဘောင်းဘီခါးပတ်ကိုဆွဲနေတာထက်ချွတ်ပစ်တာကပိုလွယ်တယ်"
ထိုစကားကို ကြားရချိန်၌ ကျိုးကျင်ဟမ့်သည် အခြားတစ်ခုကိုစဉ်းစားနေ၍အာရုံမစိုက်မိ။ ရေချိုးပြီး ညနေခင်းတရေးအိပ်ရန်လှဲလိုက်မှ "ချွတ်ပစ်" ဆိုသည့်စကားလုံးကိုတွေးမိသည်။
လွန်ခဲ့သောနှစ်အနည်းငယ်က သူအတောင့်တခဲ့ရဆုံးမှာအိမ်ထောင်ရေးကိုဆွဲခွာပစ်ရန်ပင်၊ ၎င်းကမကျိုးမကန်းဘဲအသက်ရှင်လျက်ထွက်သွားနိုင်မည့်အကောင်းဆုံးနည်းလမ်းဖြစ်ခဲ့သည်။ ယခုသူသည်ထင်ယောင်ထင်မှားနှောင်ကြိုးလေးအပေါ်တွယ်ငြိနေပြီးခေါင်းမာစွာဖြင့်ဆက်ဆွဲထားနေသည်။
ကျိုးကျင်ဟမ့်သည်မျက်လုံးတို့ကိုမှိတ်ကာ အချိန်အတန်ကြာသူ၏အဆုတ်ထဲတွင်တစ်ဆို့နေသော ညစ်ညမ်းသည့်လေထုအစိုင်အခဲကိုဖြည်းညှင်းစွာရှူထုတ်လိုက်သည်။
သူ၏မှတ်ညဏ်များအတွင်း၏ပုံရိပ်များကိုမဖယ်ရှားနိုင်သရွေ့ယီဟွေ့အညး လက်လွှတ်ပေးမည်မဟုတ်၊ အနောက်တွင်တစွန်းတစလေးပင်ချန်ထားရစ်ခဲ့မည်မဟုတ်ပဲ အတင်းအကြပ်ချုပ်နှောင်ထညးချင်ပေသည်
သို့သော် သူမလုပ်နိုင်။ကံကောင်းစွာဖြင့် သူမလုပ်နိင်ခဲ့။
"ငါမင်းကိုမုန်းတယ်" ဆိုသောစကားလုံးက သူ၏နားထဲတွင်ပဲ့တင်ရိုက်နေပြီး တစ်လုံးချင်းစီ၏အသံတိုင်းကတုန်ခါနေသည်။ သူတွေးလေလေ စိတ်အားထက်သန်စွာဖြင့် သူ့အားတွန်းလှန်နေကြောင်း သိသာထင်ရှားလာလေပင်။
ကျိုးကျင်ဟမ့်၏နှုတ်ခမ်းထောင့်လေးများကအပြုံးရိပ်ဖျော့ဖျော့သန်းသွားသည်။
မင်းကိုယ့်ကိုမုန်းတော့ရောဘာဖြစ်လဲ? စိမ်းသက်တဲ့အရာတွေကကြိုက်တာနဲ့မကြိုက်တာကိုပြောင်းလဲနိုင်တယ်၊ အကြိုက်ကိုလည်းနောက်
တစ်ခါပြောင်းနိုင်တယ်။
ထို့အပြင် သည်တစ်ကြိမ်တွင် သူ့နှလုံးသားကိုလည်း ပြောင်းလဲပြီးပေပြီ။
........
နေသာသည့်နံနက်ခင်းလေးတွင် ယီဟွေ့သည်မိုဘိုင်းဖုန်းကိုထုတ်လိုက်သည်နှင့် ဒိုရာဟမ်ဟမ်ထံမှမက်ဆေ့ချ်ရောက်လာသည်: မောနင်း
ယီဟွေ့ မျက်လုံးများကိုပွတ်သပ်ပြီးတစ်ဖက်နှင့်စာရိုက်သည်:
မောနင်း[အိပ်ငိုက်နေသည့်အီမိုဂျီ]
ဒိုရာဟမ်ဟမ်: အိပ်ရေးမဝသေးဘူးလား၊ နည်းနည်းလောက်ထပ်အိပ်လိုက်ပါလား
ယီဟွေ့ ၏နှုတ်ခမ်းထောင့်စွန်းလေးများပင့်တက်သွားပြီး: ဟင့်အင်း အိပ်ရာကထပြီးအလုပ်သွားရတော့မှာ။
မနက်စာပုံများကိုအပြန်အလှန်ပို့ကြပြီး ယီဟွေ့သည်ဒိုရာဟမ်ဟမ်ပို့
လာသောအချိုအရသာတို့ဟူးနွေးနှင့် အသားပေါင်းများကိုကြည့်ကာသွားရည်ကျနေသည်။ ရုတ်တရက် သူအလုပ်အကြောင်းကိုသတိရသွားသည်။: မင်းငါ့ကိုဘာပုံဆွဲခိုင်းမှာလဲဆိုတာစဉ်းစားပြီးပြီလား
ဒိုရာဟမ်ဟမ်: မင်းကြိုက်တာတစ်ခုခုဆွဲလိုက်
အနှီအဖြေက ယီဟွေ့ကိုခေါင်းကုတ်စေသည်: မင်းကြိုက်တာပဲဆွဲလို့မရဘူးလား
ဒိုရာဟမ်ဟမ်: မင်းသဘောကျတာမှန်သမျှကိုယ်လည်းသဘောကျတယ်
ယီဟွေ့သည် အနှီမှတ်ချက်ကရှင်းပြမရနိုင်အောင်အဓိပ္ပါယ်နှစ်ခွထွက်နေသည်ကိုတွေ့ရှိသွားသည်၊ ဟမ်ဟမ်ကကြင်နာတတ်လွန်းသောကြောင့် သူ့အားခက်ခဲအောင်မလုပ်ချင်၍ဖြစ်မည်ဟုသာယူဆလိုက်သည်။
ဒိုရာဟမ်ဟမ်: အိုကေ
ယီဟွေ့: နှင်းဆီပွင့်
ဒိုရာဟမ်ဟမ်: အိုကေ
ယီဟွေ့: မင်းကနှင်းဆီကြိုက်တယ်[မချိုမချဉ်အီမိုဂျီ]
ဤတစ်ကြိမ်၌ဒိုရာဟမ်ဟမ်သည် အိုကေဟုမပြောတော့: သူကြိုက်တာပါ
ယီဟွေ့ ဖုန်းကိုင်ထားလျက် ကြက်သေသေနေမိသည်။
နှင်းဆီများမှာသူ့အတွက်ထူးခြားသောအဓိပ္ပါယ်ရှိသည်။ တစ်ဖက်လူက၎င်းကိုသဘောမကျလျှင် ထိုသို့သောအထူးတလှယ်ပန်းအမျိုးအစား
ကိုဆွဲပေးမည်မဟုတ်၊ အခြားသူတစ်ယောက်အတွက်ဆိုလျှင်ဖြစ်နိုင်သည်။
သူသည်အမျိုးသားတစ်ယောက်ကိုသာနှင်းဆီပန်းများပေးခဲ့ဖူးသည်၊ တစ်ကြိမ်တည်းသာ၊ သို့သော်ငြား ထိုသူသည်လုံးဝအရေးမစိုက်ခဲ့ပါချေ။
ဒိုရာဟမ်ဟမ်သည်သူရှက်နေသည်ကိုသတိထားမိလေမလားမသိနိုင်သော်ငြား သူပြောင်းပြောလိုက်သည်: အခြားပန်းပွင့်လေးတွေဆွဲတာပိုကောင်းပါတယ်။
ယီဟွေ့စိတ်သက်သာရာရသွားသလိုသက်ပြင်းရှိုက်လိုက်သည်:
မင်းပန်းနာမည်သာပြောလိုက်၊ ငါမင်းအတွက်ဆွဲပေးမယ်
ဒိုရာဟမ်ဟမ်: တကယ်လား
ယီဟွေ့သည်သူ့ထံမှသင်ယူထားသောပုံစံဖြင့်: un-hum[မိမိုက်နေသောအီမိုဂျီ]
ဒိုရာဟမ်ဟမ်: မီးပန်းလေးတွေဆိုအိုကေလား....