အပိုင်း ၃၃.၁
Viewers 11k

Chapter 33.1

ယီဟွေ့သည် ထိုပြန်စာကို ကြည့်ရင်း "မီးပန်းကိုလည်းပန်းလို့ပြောလို့ရလား" ဟုမေးလိုက်သင့်သည်။ 

သို့သော် ဟာသလုပ်ရမည်ကိုပင်သတိမရပဲ

အေးခဲနေသည့်အပြုံးဖြင့်ကြည့်နေမိသည်။

ယခင်ဘဝကထားရှိခဲ့သောသူ၏မရေတွက်နိုင်သည့်ကတိကဝတ်များတွင် မီးပန်းများမှာသူ၏သုံးနှစ်ဆက်တိုင်မွေးနေ့ဆန္ဒကဲ့သို့ အတော်လေးကောင်းမွန်သည့်ခံစားချက်ပေးသောအရာတစ်ခုဖြစ်ခဲ့သည်။

ပထမတစ်နှစ်တွင် သူတို့နှစ်ယောက်လက်ထပ်ပြီးမကြာခင်အတူနေကြသည့်အခါ ကျိုးကျင်ဟမ့်သည် အလုပ်မှခဏတဖြုတ်နားခဲ့သည်။ မိသားစုနှစ်စု၏တင်းကျပ်သောထိန်းကွပ်မှုအောက်တွင် သူသည်အိမ်တွင်တစ်နေကုန်နေရပြီးယီဟွေ့ကိုသာကြည့်နေခဲ့ရသည်။

သူတို့သည်ဘုံတူညီသောစကားခေါင်းစဉ်ကိုမစဉ်းစားခဲ့ကြသည်မဟုတ်၊ သို့သော် သာမန်လူတစ်ယောက်သည်အရူးတစ်ယောက်နှင့်မည်သည့်စကားမျိုးပြောနိုင်မည်နည်း။ စကားမပြောလျှင်လည်းနှီးနှောရန်အိပ်ရာထဲသွားနိုင်သည်။ ထိုအချိန်အတွင်း သူတို့နှစ်ယောက်လုံးသည်နေ့တိုင်းနီးပါးဖြစ်ခဲ့သည်။ 

ကျိုးကျင်ဟမ့်၏အားကောင်းသောလိင်ပိုင်းဆိုင်ရာအာသာဖြေလျှော့မှုသည် မကြာခဏပင်ယီဟွေ့၏ကျောကိုစုတ်ပြဲပြီးခြေထောက်များကိုအိပ်ရာမှထနိုင်ရန်အားနည်းစေသည်။ သူ

၏မွေးနေ့ကိုအိပ်ရာထဲတွင် ယောင်ဝါးဝါးနှင့်ကုန်ဆုံးခဲ့ရသည်။

နောက်တစ်နှစ်တွင် ကျိုးကျင်ဟမ့်၏ရိုက်ကူးရေးဆက်တင်ပြင်ရသည်နှင့်တိုက်ဆိုင်ပြီး ယီဟွေ့သည်အနှီသူအတွက်ကိတ်မုန့်တစ်လုံးလုပ်ပေးခဲ့သည်။ သူ့ခမျာ ရိုက်ကူးရေးနေရာသို့လာလည်သည့်လူအုပ်ကြားတွင်ညပ်နေပြီးတွန်းတိုက်ခံရကာ လဲလုမတတ်ဖြစ်ခဲ့ရသည်။ လက်ထောက်ကြောင့် ဝန်ထမ်းများနားနေခန်းအထိခေါ်လာခံခဲ့ရသာ်လည်ူ ကျိုးကျင်ဟမ့်ထံမှအရူးထသည်ဆိုကာအဆူခံခဲ့ရသည်။ အိမ်တွင်နေရမည့်အစား သည်နေရာအထိ ပြေးလာခဲ့သည်၊ တစ်ယောက်ယောက်သိသွားခဲ့လျှင်မည်သို့လုပ်မည်နည်း။

ယီဟွေ့သည် သူအမှားလုပ်မိမှန်းသိပြီး သူ၏မကျေနပ်စိတ်ကိုမထိန်းနိုင်၍ ကိတ်ကိုပိုက်ကာထွက်သွားခဲ့သည်။

ကျိုးကျင်ဟမ့် သူ့အားရှာမတွေ့မည်စိုး၍အဝေးကြီးမသွားခဲ့။ ကျိုးကျင်ဟမ့်နေသည့်ဟိုတယ်၏အနောက်ဘက်တံခါးတွင် သူဆောင့်ကြောင့်ထိုင်နေခဲ့သည်။ သူ၏မွေးနေ့သည်ဆောင်းရာသီကုန်ခါနီးတွင်ဖြစ်ကာထိုနေ့ကအလွန်အမင်းအေးနေခဲ့သည်။ ကျိုးကျင်ဟမ့်ကအလုပ်မှပြန်လာပြီး သူ့အားသယ်သွားချိန်တွင်အေးလွန်း၍စကားပင်ရှင်းရှင်းလင်းလင်းမပြောနိုင်။ သူ၏မွေးနေ့မှာကျော်သွားခဲ့ပြီး ကိတ်မုန့်မှာလည်းအသိအမှတ်ပြုမခံရဘဲ ဖိချေခံလိုက်ရသည်။

တတိယမြောက်နှစ်တွင် ယိဟွေးသည်ဉာဏ်ကောင်းလာစေရန်သင်ယူခဲ့သည်။ မြို့တော်တွင်မီးရှူးမီးပန်းများနှင့်ပိတ်သိပ်နေချိန် နိုင်ငံခြားရှိဟိုတယ်တွင်အခန်းတစ်ခန်းကြိုတင်မှာခဲ့ပြီးသူရောက်သည်နှင့်မီးရှူးမီးပန်းများဝယ်ရန်ပြင်ဆင်ထားခဲ့သည်။ သို့သော် ခရီးမသွားခင် မိုးမှာရွာပြီး

ရင်းရွာကာ မိုးသီးများပါကြွေခဲ့သောကြောင့် လေယာဉ်ခရီးစဉ်များဖျက်သိမ်းခံရပြီး အစီအစဉ်မှာနောက်တစ်ကြိမ်ပျက်စီးသွားပြန်သည်။

ထိုအချိန်က ကျိုးကျင်ဟမ့်သည်၎င်းနှင့်ပတ်သက်၍စနောက်နေခဲ့သည်: "မင်းတသက်လုံးခရီးသွားဖို့စီစဉ်တာအောင်မြင်မယ်လို့ငါတော့မထင်ဘူး" ။ 

သူ၏မျက်လုံးများမှာနီရဲလာပြီးနောက်တစ်ကြိမ်ငိုတော့မည့်ပုံဖြစ်လာသည်တွင် သူ(ကျိုးကျင်ဟမ့်)လေသံကိုပြောင်းလိုက်ကာစိတ်မပါ့တပါပြောလာသည်။

 "ထားလိုက်တော့၊ နောက်ကျမှအခြားလူနဲ့သွားတာပိုကောင်းပါတယ်၊ မင်းဟာမင်းစီစဉ်ပြီးအချိန်တွေဖြုန်းမနေနဲ့တော့"

ပြန်လည်တွေးကြည့်ပါမူ ၎င်းမှာမှန်ကန်သည်။ နောက်တစ်ကြိမ် သူသည်ကျိုးကျင်ဟမ့်၏မွေးနေ့မတိုင်မီ နောက်တစ်ခုကိုစီစဉ်ခဲ့သေးသည်၊သူ၏ဆန္ဒလေးမပြည့်မြောက်ခင် မတော်တဆမှုဖြစ်ခဲ့ရုံသာ။

ယီဟွေ့သည်အကူအညီမဲ့စွာပြုံးလိုက်သည်၊ သူ၏မှတ်ဉာဏ်များတိုးတက်လာခြင်းကိုကျေးဇူးတင်ရမည်လား၊ သို့တည်းမဟုတ် သူနှင့်ကျိုးကျင်ဟမ့်တို့နှစ်ယောက်မှာအပြန်အလှန်လိုက်ဖက်ညီမှုမရှိဟုခံစားရပြီးနှစ်ယောက်အတူရှိနေခြင်းမှကာကွယ်ရန် ခွဲနေသည့်နတ်ဘုရားကြောင့်ဝမ်းနည်းရမည်လား မသိတော့။

သူအရူးဖြစ်နေချိန်တွင် သူသိခဲ့သမျှအရာအားလုံးသည်စိတ်ကူးယဉ်ဆန်သည့်အရာများဟုထင်ခဲ့သည်။ ယခု၌ ထိုအရာအားလုံးသည်မည်သို့မှထူးခြားသည့်အရာများဖြစ်ဟန်မတူ၊ စုံတွဲများတွေ့ကြုံနေကျသာမန်အရာများသာဖြစ်သည်။ သူတို့မကြုံတွေ့ခဲ့လျှင်ပင် ကျိုးကျင်ဟမ့်သည်

အခြားသူတစ်ယောက်နှင့်တစ်ကြိမ်မက ကြုံတွေ့ခဲ့ရလောက်သည်။

ယီဟွေ့သည် အသက်ဝအောင်ရှူလိုက်ကာသူ၏အာရုံအလုံးစုံကိုပြန်ရလာပြီး မြန်နိုင်သမျှအမြန်စာပြန်လိုက်သည်: "အိုကေ၊ ကိစ္စမရှိဘူး"

နှစ်သစ်ပြီးသည့်နောက် တရုတ်နှစ်သစ်ကူးမှာမြန်ဆန်စွာနီးကပ်လာသည်။

ယီဟွေ့မှာ ပိုပို၍အလုပ်များလာခဲ့သည်။

မတိုင်ခင်ကရလာခဲ့သောပွဲခကြောင့် သူပန်းချီပြိုင်ပွဲတွင်ဝင်ပြိုင်ခဲ့သည်။ အွန်လိုင်းမှရွေးချယ်မည်ဖြစ်ရာ ပုံများကိုမေးလ်မှသာပို့နိုင်သည်။

သူ၏ပုံဆွဲစွမ်းရည်ဘယ်လောက်ရှိကြောင်းသိချင်သည်၊ ဆုရခဲ့သည်ရှိသော် ၎င်းကားအပိုဆုကြေးပင်။ 

ပြိုင်ပွဲအချိန်ဇယားသည် နှစ်ကုန်မှပေးပို့လာသည့်မူကြမ်းများဖြင့်ကျပ်တည်းနေပြီး ဆုများကိုနှစ်သစ်အစပိုင်းမှပေးမည်။ ယီဟွေ့ခမျာအလုပ်

များလွန်းသောကြောင့် အိပ်ချိန်များပင်ဖြတ်တောက်ထားရပြီးဘဲငန်းများနှင့်လမ်းလျှောက်မထွက်သည်မှာပင် ရက်အနည်းငယ်ရှိပေပြီ။ အဒေါ်ချိုးကအလည်ရောက်လာပြီး အငယ်ဆုံးဘဲငန်းလေးကမရွှင်မပြဖြစ်နေသောကြောင့်သူ့အားလွမ်းနေခြင်းဖြစ်မည်ဟုပြောခဲ့သည်။

ယီဟွေ့မှာအပြစ်ရှိသလိုခံစားရသည်။ သူငန်းလေးများကိုတွေ့ချင်သည်၊ အင်တာနက်ပေါ်မှမွေးမြူရေးအစာများကိုဝယ်လာကာ ပြန်သည့်

လမ်းတွင်ဟမ်ဟမ်ကို ညည်းတွားနေသည်: ငါ့ငန်းလေးတွေပိန်သွားလိုက်တာ၊ အရမ်းဝမ်းနည်းတာပဲ[ဝမ်းနည်းနေသောအီမိုဂျီ]

ဒိုရာဟမ်ဟမ်: ကိုယ်လည်းဝိတ်ကျသွားတယ်

ယီဟွေ့: [ဒိုရာအေမွန်မှအံ့ဩနေသည်။]

မကြာသေးခင်က ဒိုရာဟမ်ဟမ်သည်သာမန်အရတစ်စုံတစ်ခုပြောခဲ့ပြီးသူမဖြေနိုင်ခဲ့။ ယီဟွေ့သည် သူ၏ခေါင်းကိုဆွဲဆုပ်ထားကာ မရိုင်းစေရဘဲမည်သို့စာပြန်သင့်ကြောင်းနှင့် ဤရှင်းပြ၍မရနိုင်သောဒွိဟဖြစ်ဖွယ်လေထုကိုပြောင်းပြန်လှန်ရန်နည်းလမ်းကိုတွေးတောနေသည်။ ဒိုရာဟမ်ဟမ်သည်မသင့်တော်သည့်စကားတစ်ခုပြောမိသည်ဟုခံစားရ၍စကာလမ်းကြောင်းပြောင်းလိုက်သည်: သူတို့ကိုအစာပိုကျွေးလိုက်၊ ဝလာလိမ့်မယ်။

ယီဟွေ့ သက်ပြင်းချလိုက်သည်: အဲဒီအတိုင်းဆိုမင်းကမှပိုစားသင့်တာလေ[အလွန်အကျွံပျော်ရွှင်နေသည့်အီမိုဂျီ]

၎င်းကအကျိုးရှိမည်ဟုမထင်ခဲ့သော်ငြား ဒိုရာဟမ်ဟမ်သည်ဝီရိယပိုကောင်းလာပြီး ယီဟွေ့ထံသို့သူ၏တစ်နေ့ သုံးနပ်စားသည့်ဓာတ်ပုံများကိုပို့ပေးလာသည်။ သာမန်အတိုင်း ယီဟွေ့သည်အာရုံအလွန်အမင်းမထားမိ၊ သို့သော် ၎င်းအခိုက်အတန့်တွင် A ဟူသောအကောင့်ထံမှ

ဖုန်းခေါ်လာ၍ သူကတုန်ကယင်ဖြစ်သွားသည်၊ သို့ဖြစ်၍ သူလုပ်နေကျအတိုင်း အရင်ဆုံးအကြောင်းပြန်ကြားလိုက်၏: စာကြောင်းကပြီးသွားပါပြီ၊ ချက်ချင်းအရောင်ထည့်တော့မှာပါ။ [အားပေးနေသောအီမိုဂျီ]

ဒိုရာဟမ်ဟမ်သည်အီမိုဂျီအတန်းလိုက်ကြီးပေးပို့လာ၍ပြောလေ၏: ကိုယ်မင်းကိုမလောပါဘူး၊ ဖြည်းဖြည်းဆွဲ၊ ကိုယ်အလျင်မလိုဘူး

သူအလျင်မလိုသော်ငြား ယီဟွေ့ကအလျင်လိုနေသည်။ ယီဟွေ့သည်အလုပ်အများအပြားယူခဲ့ပြီး မလုပ်ခဲ့။ လိုအပ်ချက်များအတွက်အချိန်

အတိအကျမရှိသော်ငြား ဆောင်းရာသီအားလပ်ရက်များကတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားကာ သူအိမ်စာများကိုမလုပ်ရသေးမှန်းရှင်းပြစရာမလိုဘဲသိနေသည်။ သူ့ခမျာအနားပင်မယူနိုင်ဘဲ တစ်မိနစ်အိပ်လျှင်ပင် အချိန်ဖြုန်းမိသည်ဟုခံစားရသည်။ သည့်အပြင် ၎င်းသည်သူငယ်ချင်းကောင်းတစ်ယောက်အတွက်ပန်းချီကားပင်။ သူသည်အကြမ်းအနေဖြင့်မျဉ်းသုံးကြောင်းဆွဲထားပြီး သူစိတ်တိုင်းမကျခင်ရက်ပေါင်းများစွာပြန်လည်ပြင်ဆင်နေခဲ့သည်။

သူအိမ်ပြန်ရောက်သည့်အခါ ထိုင်ချလိုက်ပြီး မေးစေ့ကိုပွတ်သပ်ကာ

ပန်းချီကိုကြည့်လေ ပိုကောင်းလာသည်ဟုထင်ရလေပင်၊ ထို့ကြောင့် 

သူဟမ်ဟမ်ထံစာရေးလိုက်သည်။ "ဝိုး၊ ကောင်းတယ်၊ အဲဒါတကယ်ကောင်းတယ်၊ ပြီးသွားရင်တော့ကမ်ဘာပေါ်မှာနာမည်အကြီးဆုံးပန်းချီ

ကားဖြစ်မှာပဲ" [ပန်းများပွင့်နေသောအီမိုဂျီ]

ဒိုရာဟမ်ဟမ်: စောင့်မျှော်နေပါတယ်[နှင်းဆီပွင့်၊ နှင်းဆီပွင့်၊ နှင်းဆီပွင့်]

မေ့နေသည်မှာကြာပြီးသော နှင်းဆီပွင့်များမြင်သည့်အခါ တစ်ဖက်လူကရယ်နေမည်ဟု ယီဟွေ့ခန့်မှန်းမိပြီး သူ၏စိတ်အခြေအနေကအနည်း

ငယ်ကောင်းလာသည်: ဟမ်ဟမ်၊ မင်းက S မြို့မှာမဟုတ်လား၊ အဲဒီမှာအရင်နေ့တွေကရာသီဥတုဘယ်လိုနေလဲ

ဒိုရာဟမ်ဟမ်: ဒီရက်ပိုင်းတွေကိုယ်အဲဒီမှာရှိနေမှာမဟုတ်ဘူး၊ ဒါပေမဲ့ကိုယ်ချက်ချင်းပြန်သွားမှာပါ၊ ဘာဖြစ်လို့လဲ?

ယီဟွေ့: ငါ့ညီမလေးကနောက်တစ်ပတ်နေရင်အဲဒီကိုသွားမှာ၊ အဲဒီမှာအရင်ကအရမ်းအေးတယ်လေ၊ ငါသူ့အတွက်အဝတ်အစားတွေရွေးထည့်ပေးမလို့

ဒိုရာဟမ်ဟမ်: မင်းကရောမလာဘူးလား

ယီဟွေ့: သူကစတားနောက်လိုက်နေတာ၊ ငါကလိုက်ပြီးဘာလုပ်ရမှာလဲ

နှစ်ယောက်သည် မကြာခဏကျန်းယီမန့်အကြောင်းပြောတတ်ကြပြီးယီဟွေ့မှာလည်း ဘာမှဖုံးကွယ်စရာမရှိဟုထင်သည်။ မည်သို့ပင်ဖြစ်

စေ အင်တာနက်ပိတ်လိုက်သည်နှင့်တစ်ဖက်လူကမည်သူမှန်းတစ်ယောက်မှသိကြမည်မဟုတ်။ ၎င်းကိုသူကျန်းယီမန့်ထံမှသင်ခဲ့ရသည်။

သူ၏ ၁၇ နှစ်အရွယ်အစ်မကြီးကမကြာခင်ကပင် သူ့ဘဝ၏နည်းပြဖြစ်လာခဲ့သည်။ သူမသည်မြို့တွင်းလက်မှုယဉ်ကျေးမှုများနှင့်အွန်လိုင်းဗန်း

စကားများကိုပါသင်ပေးခဲ့သည်၊ လက်ဆောင်အသေးစားလေးများကိုပါမရပ်မနားပေးခဲ့၏။ မနေ့ကပင် သူ့အားဓာတ်မီးပေးကာနောက်တစ်ကြိမ်တောင်တက်လျှင်သတိထားရန်ပြောခဲ့သည်။

သူ့ညီမငယ်၏ဂရုစိုက်မှုနှင့်အာရုံစိုက်မှုများကိုကြုံရသည့်အခါ ယီဟွေ့သည်သူမအတွက်အလုပ်ပိုကြိုးစားခဲ့သည်။ ပထမ သူမကို S မြို့သို့လွှတ်ရန် ကျန်းရွှယ်မေ့အားဖျောင်းဖျရန်ဖြစ်ကာ သူမသည်ကျိန်းသေ "ညီအစ်မများနှင့်ကစားခြင်း" အကြောင်းပေးချက်ကိုပေးမည်ဆိုသည့်တိုင် ယီဟွေ့သည် မိန်းကလေးများအဖွဲ့လိုက်စတားနောက်သို့လိုက်ခြင်းက ညီအစ်မများကစားသည်ဟုယူဆနိုင်ပြီး လုံခြုံရေးအတွက်စိတ်ပူရန်မလိုဟုထင်သည်။ ထို့အပြင် သူသည်ကော်မရှင်ခများထဲမှစရိတ်ငြိမ်းခရီးစဉ်ကိုစီစဉ်ပေးမည်ဖြစ်ကာ ဟိုတယ်အခန်းကိုလည်းကြိုတင်မှာပေးထားဦးမည်။

ဒိုရာဟမ်ဟမ်: ဘယ်စတားလဲ

ယီဟွေ့သည် ခဏကြာအောင်စဉ်းစားနေပြီး ဤနိုင်ငံတွင်ကျိုးကျင်ဟမ့်ကိုမသိသေးသူရှိနိုင်သေးသည်ဟုခံစားရသည်ဖြစ်ရာ အနှီသူ၏အမည်ကို

ယောင်ဝါးဝါးရိုက်လိုက်သည်။

ဒိုရာဟမ်ဟမ်: အာ...မင်းညီမကသူ့ကိုကြိုက်တာလား

ပြောမှပင် ယီဟွေ့သည်ကူကယ်ရာမဲ့မှုအနည်းငယ်ဖြင့် သူ့ညီမသည် အရူးအမူးချစ်စိတ်တွင်ပျော်ဝင်နေကြောင်းရေးလိုက်သည်: ၎င်းထက်ပိုသည်က သူမအခန်းတွင်ပိုစတာများနှင့်ပြည့်နေသည်။ သူ့အားရှေ့ဆုံးတန်းမှဓာတ်ပုံရိုက်နိုင်ရန် ကင်မရာကိုပင်ဝယ်ခဲ့သည်။ မကြာသေးခင်ကတင် သူမသည် movie setအကြောင်းပြောခဲ့ပြီး သူ၏ဓာတ်ပုံကိုပင်ပိုက်ထားကာ.....ညီမလေးသူ့ကိုအရမ်းသဘောကျလွန်းလို့လက်ထပ်ဖို့တောင်

မစောင့်နိုင်တော့ဘူးဟုပင်ဟစ်ကြွေးခဲ့သေးကြောင်းပြောပြလိုက်သည် [ဝမ်းနည်းနေသည့်အီမိုဂျီ)

Xxxxxxx