အပိုင်း ၃၃.၂
Viewers 11k

Chapter 33.2

ဒိုရာဟမ်ဟမ်ဆီမှ ပြန်စာမရပဲ မိနစ်အနည်းငယ်ကြာပြီးမှ ယီဟွေ့သည် သာမန်ရုံးဝန်ထမ်းလေးတစ်ယောက်က movie set သို့မဟုတ် idol နှင့်ပတ်သက်သည့်တစ်စုံတစ်ခုကိုနားမလည်နိုင်ဟုတွေးမိသွားသည်။

 သူ အဓိပ္ပါယ်ကိုစိတ်အားထက်သန်စွာရှင်းပြတော့မည့်ဆဲဆဲ သူ၏ဖုန်းကတုန်ခါလာသည်: မင်းရော? သူ့(ကျိုးကျင်ဟမ့်)ကိုဘယ်လိုထင်လဲ

ယီဟွေ့ တောင့်တင်းသွားသည်၊ ကြုံရာမေးခွန်းဟူ၍လျစ်လျုရှုထားလိုက်သော်လည်း သူပထမဆုံးမှတ်မိလိုက်သည်က တောင်ခြေရှိစတိုးဆိုင်တံခါးမကြီးတွင်အနှီသူပြောခဲ့သည့် "မင်းကိုယ့်ကိုသဘောကျတယ်လို့ပြောခဲ့တယ်" ဆိုသည့်စကား။

နားထောင်ရသည်မှာခါးသက်လွန်းပြီးယခု ပြန်တွေးကြည့်လျှင်စိတ်ရှုပ်စရာကောင်းသည်။ 

အနှီသူအားသဘောကျသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သူတွေးရန်လိုအပ်နေသည့်မေးခွန်းမျိုး ထပ်မဟုတ်တော့ပေ။ ယီဟွေ့သည်အတွေးများကိုစုစည်းလိုက်သည်၊ အသက်ဝအောင်ရှူပြီး ဖုန်းကိုကိုင်ကာစာပြန်လိုက်သည်: အရမ်းချောတာပဲ[ချစ်စရာကောင်းသောအီမိုဂျီ]

ထိုစကားလုံးများအားမြင်ရသည့်အချိန်တွင် ကျိုးကျင်ဟမ့်သည် ရိုက်ကွင်းမှနှုတ်ဆက်စားပွဲ

အပြီးကားပေါ်တက်ကာ လေဆိပ်သို့ဦးတည်သွားနေလေသည်။

အမြန်ဆုံးနည်းဖြင့် နှစ်မကုန်ခင်သူ၏အခန်းများကိုရိုက်ကူးပြီးသွားသည်။

သူ၏လက်ထောက်ရှောင်းယန်က လူကိုယ်တိုင်လာကြိုပြီး ကျိုးကျင်ဟမ့်တစ်ယောက်ဖုန်းကိုကြည့်ပြုံးနေသည်ကိုနောက်ကြည့်မှန်မှမြင်သည့်အခါပျော်ရွှင်နေဟန့်ဖြင့်ဆိုလေ၏။

"ကျွန်တော်ပြောပြမယ်၊ အစ်ကို့ရဲ့လက်ရှိနာမည်ကြီးပုံမျိုးနဲ့ဆို နှစ်ဝက်လောက်ဘာမှမလုပ်ဘဲနေရင်တောင် fan တွေကအစ်ကို့ကိုမေ့မှာမဟုတ်ဘူး၊ အစ်ကိုမယုံရင်နောက်တစ်ပတ်ဆုပေးပွဲကိုစောင့်ကြည့်၊ တစ်နှစ်တာလူကြိုက်အများဆုံးဆုကအစ်ကို့အိတ်ထဲရောက်လာဦးမှာသေချာတယ်"

ရှောင်းလင်သည် ကျိုးကျင်ဟမ့်၏မတိုင်ခင်ကစိတ်အခြေအနေကိုအာရုံစိုက်ထားသည်၊ သို့သော် ကျိုးကျင်ဟမ့်ကရှင်းပြရန်ပျင်းရိနေ၏။: အချိန်ဆွဲရန်အကြောင်းပြချက်အဖြစ် "ငါကတော့ရုပ်ရှင်ရိုက်ပြီးလနည်းနည်းလောက်ငါ့ကိုဘယ်သူမှမသိတော့မှာပဲစိုးရိမ်တယ်" ဟူ၍သာပြောခဲ့သည်။ ရှောင်းလင်ကတကယ်ကြီးယုံသွားခဲ့သည်။ သည်ရက်ပိုင်းအတွင်းအချိန်တိုင်း သူသည် ထိပ်တန်းခေါင်းစည်းပိုင်းများမှသက်တန့်ရောင်အတင်းအဖျင်းများကိုပြသခဲ့သည်။ သူမငြင်းဆန်သည်ကိုမြင်သည်တွင် ရှောင်းလင်သည်သူအလွန်ပျော်ရွှင်နေသည်ဟုမှတ်သွားသည်။

ယခုရိုက်ကွင်းမှထွက်လာပြီးနောက် သူက Weibo မွ review များကိုကြည့်ရင်းအလုပ်များနေသည်။ 

ကျိုးကျင်ဟမ့်သည်မငြင်းဆိုခဲ့။ သူသည် ရှောင်းဟွေ့ရှား နှင့်စကားပြောဆိုရာတွင်အာရုံစိုက်ထားပြီး "အရမ်းချောတာပဲ" ဆိုသည့်စကားလုံးကို

ကြိမ်ဖန်များစွာကြည့်ကာ သူ၏နှုတ်ခမ်းထောင့်များကပိုမြင့်တက်လာသည်။

သူသည်မကြာသေးခင်က ယီဟွေ့ကိုသူ့အပေါ်အမြင်မေးခဲ့ပြီး "အိုကေ"ဆိုသောစကားလုံးတစ်လုံးသာရလိုက်သည့်တိုင် လက်ရှိ "အရမ်းချော

တာပဲ" ဆိုသည့်စကားလုံးကိုပေါင်းလိုက်လျှင် "အရမ်းမဆိုးပါ" ဆိုသည်နှင့်အတူတူပင်မဟုတ်လား။

သူက ယီဟွေ့၏ဒိုရာဟမ်ဟမ်အတွက်ပြောသော "မင်းကအားအကိုးရဆုံးပဲ"ဆိုသောစကားလုံးမှထပ်ဆင့်ပြောင်းလဲလာခြင်းကိုတွေးတောနေသည်။ ဒိုရာဟမ်ဟမ်ဆိုသည်က သူဟန်ဆောင်ထားသော မျက်နှာဖုံးတစ်ခု ဖြစ်လျင်တောင်မှ ကြားရသည်မှာ နှစ်လိုဖွယ်ကောင်းတုန်းဖြစ်ပြီး သူကိုယ်တိုင်ချီးကျူးခံရဖို့ ဆုတောင်းမိသည်

စကားဆက်ပြောနေကြစဉ်တွင် ကျိုးကျင်ဟမ့်သည်ယီဟွေ့အားဖွင့်ပြောရန်မတွေးထားပေ၊ သူပြောချင်လာသည့်အချိန်တိုင်း ပြန်ထိန်းသိမ်းထားခဲ့သည်။ အကြောင်းပြချက်ကသူ့အားအချိန်မတန်သေးကြောင်းပြောနေသည်။ သူစိတ်ရှည်ပြီးယဉ်ကျေးရမည်၊ ယီဟွေ့တတ်နိုင်သမျှလက်ခံလာနိုင်ရန် "ကျိုးကျင်ဟမ့်" နှင့် "ဒိုရာဟမ်ဟမ်" ဆိုသောမသက်ဆိုင်သည့်လူနှစ်ယောက်ကို တစ်ယောက်တည်းအဖြစ်တတ်နိုင်သမျှအလွယ်ဆုံးပေါင်းစည်းရန်အားထုတ်ရမည်။

အမှန်ကိုသိသွားချိန်တွင် အနှီသူသည်စိတ်ဆိုးနိုင်လင့်ကစား စိတ်လျှော့ကာပျော်စရာကောင်းခဲ့သည့်အရာများကိုပြန်တွေးဖြစ်လိမ့်မည်။

အရူးလေးသည်အင်မတန်ကြင်နာတတ်ပြီး စိတ်ထားနူးညံသည်၊ ဘယ်လိုလုပ်သူ့ကိုခွင့်မလွှတ်ဘဲနေပါမည်နည်း။

ကျိုးကျင်ဟမ့်သည်သူ့ကိုယ်သူစိတ်အေးအောင်ထား၍ နှင်းဆီပုံအီမိုဂျီများဖြင့်စာပြန်ပြီး စိတ်လျှော့လိုက်သည်။ သူထိုင်ခုံနောက်ကျောကိုမှီကာ အားပြန်ပြည့်လာစေရန်မျက်လုံးများမှိတ်လိုက်သည်။

ဤတစ်ကြိမ် ရိုက်ကူးရေးမှာကြာမြင့်ခဲ့လေရာ ချိန်းဆိုမှုများလည်းကြန့်ကြာခဲ့ပြီး ကျိုးကျင်ဟမ့်သည်လည်းနှစ်ကုန်တွင်ခဏတဖြုတ်ပင်မနား

ရပဲတလျှောက်လုံးအလုပ်လုပ်နေခဲ့ရသည်။

တစ်ပတ်တွင်အနည်းဆုံး ကြော်ငြာနှစ်ခုရိုက်ရသည်၊ အင်တာဗျုးတစ်ခုရှိပြီး မဂ္ဂဇင်းသုံးခုအတွက်မျက်နှာဖုံးဓာတ်ပုံရိုက်ရကာ ဂီတပွဲတော်တွင်လည်းဧည့်သည်အဖြစ်ဖျော်ဖြေပေးခဲ့ရသည်။ အားပေးကြမ်းသည့် Fan များမှာ စိတ်ဖိစီးနေပြီးပျော်လည်းပျော်နေရသည်။ 

 "အစ်ကိုထပ်ပြီးဝိတ်ကျသွားပြန်ပြီ၊ အလုပ်အရမ်းမလုပ်နဲ့၊ အနားယူအုံး" ဟု စိုးရိမ်စွာ အားပေးကြသလို ဂုဏ်ယူစွာဖြင့်နေရာတိုင်းတွင်လည်းကြော်ငြာကြသည်၊ "သူကမရှိမဖြစ်ပဲ၊ လူတိုင်းသူ့ကိုလိုတယ်"

နှစ်ကုန်၏အဓိကဆုပေးပွဲကို တိုက်ရိုက်ထုတ်လွှင့်သည်။ အမြင့်ဆုံးသတ်မှတ်ထားသည့်ဆုများအနက်တစ်ခုမှာ ပန်းတစ်ရာဆု။ သူတို့ပြောပုံအရ "နှစ်လယ်ရွှေပန်းပွင့်ဆု" နှင့် "နှစ်ကုန်ပန်းတစ်ရာဆု"။ နှစ်ကုန်ပန်းတစ်ရာဆုသည် တစ်နှစ်ကျော်ရှိခဲ့သည့်ရုပ်ရှင်နှင့်ရုပ်သံနယ်ပယ်မှချီးမြှင့်မှုများကိုအမှတ်ရစေရုံမက အသိအမှတ်ပြုခံရရန်စိတ်ဆန္ဒပြင်းပြနေသည့်လူများအတွက်တိကျသောအခွင့်အရေးလည်းဖြစ်သည်။ ဂုဏ်သိက္ခာရှိသောဆုတစ်ခုနှင့်ပြန်ရောက်လာခြင်းမှာ အတိအကျကိုမရောင်ရာဆီလူးခြင်းပင်။

ထို့ကြောင့် fan များကအသင့်ပြင်ထားကြသည်။ ဆုပေးပွဲနေ့တွင်အားပေးကြသည့် ပရိသတ်အဖွဲ့မျိုးစုံထံမှပေးပို့လာသောပန်းခြင်းနှင့်စာတန်း

များမွာ ပွဲကျင်းပရာခန်းမအတွင်းနှင့်အပြင်တွင်ပြည့်နေသည်။ ၎င်းတို့အနက် ကျိုးကျင်ဟမ့်၏ပရိသတ်များအားပေးပုံမှာ မျက်စိအဖမ်းစားနိုင်ဆုံးပင်။ သူ၏အမည်နှင့်ဓာတ်ပုံများချိတ်ထားသည့်ကြီးမားလှသောပန်းနံရံကြီးသည် ကော်ဇောနီထိပ်တွင်ပင် မြင်သာနေသည်။ လေပူဖောင်းအလုံးနှစ်ဆယ့်နှစ်လုံးမှာ ကျိုးကျင်ဟမ့်၏အသက်အတိအကျပင်။

အခြား fan များမှာပြောစရာပင်မလို။ ယခင်ကဤသို့သောမြင်ကွင်းမျိုးမမြင်ဖူးကြသည့် အသစ်ရောက်လာသူအချို့မှာမနာလိုလွန်း၍ပြောစရာစကားရှာမရ၊ ဆွံ့အနေပြီး မျက်နှာတွင်အပြုံးတုဖြင့် "တကယ်ကြီးနာမည်ကြီးပဲ"ဟုသာဆိုနိုင်ကြလေသည်။

စကားဝိုင်းခေါင်းစည်းကျိုးကျင်ဟမ့်မှာ ယခုအချိန်တွင်အခြားသူများ

ပြောသမျှကိုဂရုမစိုက်နိုင်။ ကျန်းယီမန့်ယူလာသည့်ဓာတ်ပုံများအပေါ်

တွင်သာအတွေးနစ်နေ၏။

ဓာတ်ပုံများကပရင့်ထုတ်ထားပြီးပြီ။ ၎င်းတို့ကိုအဓိကလူမှာယီဟွေ့။ အနှီသူသည်ပန်းချီဆွဲသည်၊ စားသည်၊ ဝါးတောင်ဝှေးတစ်ချောင်းဖြင့်ဘဲမောင်းသည်...၎င်းတို့မှာယီဟွေ့၏နေ့စဉ်ဘဝတွင်ပုံမှန်ကာရံထားသည်။

သူ ယီဟွေ့၏ဓာတ်ပုံကိုကြည့်ရင်းပြုံးလိုက်ပြီး ဓာတ်ပုံအချို့ကိုနောက်တစ်ကြိမ်ထပ်ကြည့်ကာ မျက်မှောင်ကုပ်လိုက်မိသည်။ "သူဝိတ်ကျသြားတာပဲ"

"သူအရင်နေ့တွေကအသည်းအသန်ပန်းချီဆွဲနေရတာလေ၊ အရမ်းပင်ပန်းနေရှာတာ" စင်အနောက်ဘက်သို့ပထမဆုံးအကြိမ်လာဖူးသည့်ကျန်းယီမန့်သည် စိတ်လှုပ်ရှားနေပြီးစကားပြောနေစဉ်တွင်လျှောက်ကြည့်နေသည်။

 "အထူးသဖြင့် ကျွန်မအစ်ကို... ကျွန်မအစ်ကိုကပန်းချီဆွဲတာကိုအရမ်းအလေးအနက်ထားတာ၊ ပြိုင်ပွဲဝင်ပန်းချီထက်ပိုပြီးအလေးထားတယ်"

ကျိုးကျင်ဟမ့်သည်၎င်းကိုကြားရသည့်အခါအလွန်နှစ်သက်သွားပြီး သူ့

မျက်နှာတွင်အပြုံးပြန်ပေါ်လာသည်။ "လွန်ခဲ့တဲ့ရက်ကငါပေးလိုက်တဲ့

လက်ဆောင်ကိုသူသဘောကျလား"

"ထီးလား? သူသဘောကျပါတယ်၊ သူဒိုရာအေမွန်အထဲမှာအိပ်ချင်တယ်ဆိုပြီးလက်ကတောင်မချနိုင်ဘူး" ကျန်းယီမန့်သည်ရယ်စရာတွေ့သွားသည်။ "နောက်တော့အမေက ထီးနဲ့ကစားတဲ့သူကအရပ်မရှည်တတ်ဘူးလည်းပြောရော၊ ချက်ချင်းလွှင့်ပစ်လိုက်တော့တာပဲ"

၎င်းကိုကြားရသည့်အခိုက် ကျိုးကျင်ဟမ့်သည်ပိုပြုံးမိသွားပြီးအနှီသူကိုမတွေ့ရ၍ စိတ်ဓာတ်ကျနေမှုမှာပြေပျောက်သွားသည်။

ဤသည်မှာ ယီဟွေ့၊ သူ၏အရူးလေးလုပ်နိုင်သည့်အရာပင်။

စင်ပေါ်မတက်ခင် ကျိုးကျင်ဟမ့်သည်ဘူးလေးတစ်ဘူးအားထုတ်ကာ

ပြန်လျှင်ယူသွားပြီးယီဟွေ့အားပေးရန်ပြောလိုက်သည်။ "မင်းကဒီကိုရောက်နေတာဆိုတော့ ငါဒီတစ်ခါမေးလ်မပို့တော့ဘူး၊ ဒါကအိပ်ပျော်စေတဲ့အရေးကြီးဆီပုလင်း၊ သူအရင်နေ့တွေကကောင်းကောင်းမအိပ်ရဘူးဆို၊ သူကချိုတာကြိုက်တယ်မဟုတ်လား၊ အဲဒါကြောင့်ငါအချိုဆုံး

အရသာဝယ်လာတယ်"

ကျန်းယီမန့်သည်ယူကာ တခဏခန့်မနာလိုဖြစ်စွာကြည့်နေပြီးမှသူမ၏

မျက်နှာပေါ်တွင်ဝမ်းနည်းနေပုံပေါ်လာသည်၊ "ပုံမှန်ဆို ကျွန်မသူ့ကိုအပတ်တိုင်းလက်ဆောင်ပေးတာ၊ သူကအမြဲသံသယဝင်နေတတ်တယ်၊ခရစ်စမတ်၊ နှစ်ကူး၊ ဆောင်းဦးလယ်၊ ကျေးဇူးတော်နေ့၊ လာဘပွဲတော်၊မီးပုံးပွဲတော်..ကျွန်မဘာတွေအကြောင်းရှာလုပ်ပေးခဲ့ဖူးလဲမသိတော့ဘူး"

ကျိုးကျင်ဟမ့်သည်တန်ပြန်အစီအစဉ်ကို ပြင်ဆင်ထားခဲ့သည်မှာအတော်လေးကြာခဲ့ပြီ၊ သူနောက်ပုလင်းတစ်လုံးကိုထပ်ထုတ်ကာ ကျန်း

ယီမန့်ကိုပေးလိုက်သည်။ "မင်းဝယ်လာတာလို့ပြောလိုက်ပေါ့၊ စတိုးဆိုင်မှာပရိုမိုးရှင်းချလို့တစ်ခုဝယ်၊ တစ်ခုလက်ဆောင်ရတယ်လို့ သူယူလိမ့်မယ်"

သူသည်ဆုပေးပွဲတွင်ရှိနေသည့်တိုင် သူ၏နှလုံးသားမှာမိုင်ထောင်ချီအဝေးမှတောင်ပိုင်းမြို့ငယ်လေးတစ်မြို့တွင် ငြိတွယ်နေသည်။

နာရီအနည်းငယ်အကြာ ကျိုးကျင်ဟမ့်သည်အလေးချိန်စီးသောအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနှင့် တစ်နှစ်တာအတွက်အကျော်ကြားဆုံးဆုတို့နှင့် အောင်ပွဲခံ၍ပြန်လာသည်။ သူဖုန်းကိုင်သည်နှင့်ပထမဆုံးလုပ်သည်မှာ သူဆုလက်ခံရရှိသည့်စကားပြောခြင်းကို Weibo

တွင်ပို့စ်တင်ခြင်းမဟုတ်ဘဲ ဒုတိယမြောက်အကောင့်ကိုဝင်ကာမဖတ်ရသေးသောသတင်းများကိုကြည့်ခြင်းပင်။

သတင်းသစ်ကားမရှိ၊ မမျှော်လင့်ထားသောအရာတစ်ခုသာရှိသည်။

တစ်ယောက်ယောက်သည် ယီဟွေ့အကြောင်း Weibo တွင်ပို့စ်အရှည်ကြီးတင်ထားသည်။ တစ်ချက်ကြည့်ရုံဖြင့် အပေါ်ယံသဘောထားအ

ရ မူပိုင်ကော်မရှင်ဖြင့်ရှောင်ဟွေ့ရှား၏ဖန်တီးမှုသည် မနှစ်ကဖန်တီးသူ A ၏ပန်းချီကိုကော်ပီယူထားကြောင်းပြောဆိုထားသည်။ ဖန်တီးမှု

မှာစီးပွားရေးအရအသုံးပြုခွင့်လည်းပေးမထားကြောင်းအပါအဝင်ဖြစ်၏။ ဖန်တီးသူသည်ရှောင်ဟွေ့ရှားအားရှေ့နေငှားကာ တရားစွဲသင့်ကြောင်းအကြံပေးထားသည်။

ဆန့်ကျင်တိုက်ခိုက်သည့်စကားများကို ဤအသိုက်အဝန်းမျိုးတွင်နောက်ကွယ်မှပိတ်ဆို့ထားသောကြောင့် အပြင်လူများမမြင်တွေ့နိုင်ပေ။

ရှောင်ဟွေ့ရှားသည် Weibo တွင် 'ငါမလုပ်ဘူး' ဆိုသောစာသားနှစ်ကြောင်းနှင့်ပြန်တင်ထား၍သာ ကျိုးကျင်ဟမ့်တစ်ယောက်မြင်နိုင်ခြင်းဖြစ်သည်။

ကျိုးကျင်ဟမ့်မှာ ကိစ္စတစ်ရပ်လုံး၏အောက်ဆုံးမှနေကာပုဂ္ဂိုလ်ရေးအရတိုက်ခိုက်နေသည့်လူများကိုကြည့်ကာ၊ သူ၏နဖူးကြောများတင်းလာပြီး သူ၏နှလုံးကလည်ချောင်းထဲတွင်တွဲလောင်းချိတ်နေသယောင်ခံစားလိုက်ရသည်။

သူ ယီဟွေ့ထံပြန်သွားရန်မစောင့်နိုင်တော့။ အရူးလေးက ကြင်နာတတ်ပြီးသဘောကောင်းသည်။ သူအရင်ဘဝတွင်အနိုင်ကျင့်ခံရပေါင်းများခဲ့သည်။ အနှီသူတစ်ယောက်တည်းဖြစ်နေပြီးအကူအညီမဲ့နေချိန်တွင်ရူးကြောင်ကြောင်အလုပ်များလျှောက်လုပ်မှာသူစိုးရိမ်သည်။

ပထမဆုံး သူအကျိုးအကြောင်းမေးမြန်းရန်ကိုယ်ပိုင်မက်ဆေ့ချ်ပို့လိုက်ပြီး အချိန်အတန်ကြာအောင်စောင့်နေခဲ့သော်လည်း တောင်ပိုင်းသို့သွားသည့်အဝေးပြေးလမ်းပေါ်ရောက်သည့်အချိန်မှသာ သူရှောင်းဟွေ့ရှားထံမှပြန်စာရလာခဲ့သည်: ငါမလုပ်ခဲ့ပါဘူး[ငိုနေသည့်အီမိုဂျီ]

သူ၏နှလုံးသားကရုတ်ချည့်တင်းကျပ်သွားသည်။ ကျိုးကျင်ဟမ့်သည်အနှီသူ၏မျက်ရည်များနှင့်ပြည့်နေသောမျက်နှာကိုအီမိုဂျီမှတဆင့်မြင်နေရသယောင်၊ သူ၏အသက်ရှူသံပင်တမဟုတ်ချင်းရပ်တန့်သွားသည်။

ငါသူ့ကိုထပ်ပြီးမငိုခိုင်းတော့ဘူးလို့ပြောခဲ့တာ၊ ဘာလို့ငါ့ကတိကိုအမြန်ဖျက်ပစ်ရတာလဲ။

ဒရိုင်ဘာကိုအမြန်မောင်းရန်ပြောနေစဉ် ကျိုးကျင်ဟမ့်သည်သူ့ကိုယ်သူစိတ်တည်ငြိမ်စေရန်နှင့်ရှုပ်ထွေးအောင်မလုပ်ရန်ဖျောင်းဖျနေရပြီး စာတစ်ကြောင်းကိုအမြန်ရိုက်လိုက်သည်။ မင်းမလုပ်တာကိုယ်သိပါတယ်၊

မငိုနဲ့တော့နော်၊ မကြောက်နဲ့၊ ကိုယ်ဒီမှာရှိတယ်။

Xxxxxxx