အပိုင်း ၃၄.၁
Viewers 11k

Chapter 34.1

ညဥ့်နက်နေပြီဖြစ်သော်ငြား ကျန်းမိသားစုအိမ်၏ခြံဝန်းတွင်မီးများထိန်နေအောင်ထွန်းထားသည်။ 

ယီဟွေ့သည် သူ၏ကွန်ပျုတာနှင့် Weibo ကိုဝင်ပြီး အောက်ခြေ၏ညာဘက်ထောင့်တွင် မက်ဆေ့ချ်သစ်အတွက်အချိန်မှန်အသိပေးစာကိုကြည့်လိုက်သည်။ သူသာသတိမထားဘဲနှိပ်လိုက်မိလျှင် အဆုံးမရှိမေးခွန်းများနှင့် ဆဲရေးတိုင်းထွာသည့်စကားလုံးများက သူ၏မျက်လုံးတွင်းသို့ခုန်ဝင်လာကာ သူ့အပေါ်လွှမ်းမိုးသွားလိမ့်မည်။

၎င်းတို့အထဲတွင် ဒိုရာဟမ်ဟမ်၏မက်ဆေ့ချ်ကိုရှာဖွေရန်အတော်ခက်သည်။ "ခိုးချတဲ့ကောင်" ၊ "အရှက်မရှိလိုက်တာ" ၊ "ထွက်လာပြီးတောင်းပန်စမ်း" ဆိုသောစကားလုံးများက ကျည်ဆံများအလား။ ယီဟွေ့သည်းမခံနိုင်။ ပင်ကိုယ်သိစိတ်အရ ပုန်းကွယ်ရန်ကြိုးစားနေပြီး သူ၏မျက်လုံးကိုအုပ်ကာ စားပွဲကိုရိုက်လိုက်မိသည်။ သူဖြည်းဖြည်းချင်းခေါင်းမမော့လာခင် ကျန်းရွှယ်မေ့သည်စွပ်ပြုတ်ချိုယူလာချိန်၌သူ့အားအကြိမ်ပေါင်းများစွာခေါ်နေခဲ့သည်။

"ဟုတ်သားပဲ၊ ငါ့မှာဖုန်းရှိတာပဲ" သူသည်ပျာတိပျာယာဖြင့် အိပ်ရာဘက်လှည့်သွားပြီး လှန်လှောရှာနေသည်။

လွန်ခဲ့သောတစ်နာရီက ယီဟွေ့သည်အိပ်ရာပေါ်တွင်လှဲနေပြီးအိပ်ခါနီးတွင် ဒိုရာဟမ်ဟမ်ကိုနှုတ်ဆက်ရန် Weibo ကိုဖွင့်ခဲ့သည်။ စကားပြောနေရာကိုမဖွင့်ခင် သူသည်အသစ်ပေါ်လာသည့်ဂဏန်းသုံးလုံးကိုကြည့်ကာ မှင်သက်နေခဲ့၏။

သူ Weibo ကိုဖွင့်လိုက်ချိန်တွင် ရှောင်ဟွေ့ရှား၏ Fan များကတစ်ထောင်ထက်ပိုနေခဲ့သည်။ ပုံမှန်အားဖြင့် သူဖန်တီးမှုမှရသည့် like နှင့်မှတ်ချက်အများစုမှာ ဂဏန်းနှစ်လုံးသာပေါ်တတ်သည်။ ခိုးကူးသည်ဟုသံသယရှိချက်ဖြင့်အသိပေးချက်အများအပြားကိုလက်ခံရသည်မှာပထမဆုံးအကြိမ်ဖြစ်မည်ဟုသူမျှော်လင့်မထားခဲ့။

S မြို့တွင်ရှိနေဆဲကျန်းယီမန့်သည် Weibo တွင်တွေ့လိုက်ရသည့်အခါအလောတကြီးဖြစ်သွားသည်။ သူမဖုန်းထဲတွင်ပြန်လာချင်သည့်အကြောင်းပြောသည့်အခါ ယီဟွေ့သူမကိုတားခဲ့သည်။

 "ဟင့်အင်း၊ညီမလေးကအပြင်မှာရှိနေတာလေ၊ အားရအောင်ပျော်ပြီးမှပြန်လာခဲ့"

"ဘာကိုပျော်ရမှာလဲ၊ သူတို့ကအစ်ကို့ကိုအနိုင်ကျင့်နေတာလေ" 

ကျန်းယီမန့်သည်ဆောင့်ကြီးအောင့်ကြီးဖြင့် "ခိုးကူးတယ်? ပြောစရာမရှိတော့တာမဟုတ်ဘူး၊ ညီမလေးကိုစောင့်နေ၊ သူ့ကို report ထုဖို့လူရှာလိုက်မယ်"

မည်သို့ပင်ဖြစ်စေ သူမကိုညဥ့်နက်သန်းခေါင်ကြီးအမြန်ပြန်မလာအောင် ဖျောင်းဖျလိုက်နိုင်သည်။

 ယီဟွေ့သည် သူ၏ဖုန်းတွင် Weibo ကိုနှိပ်လိုက်သည်တွင် သူ၏လက်များကတုန်ယင်နေဆဲဖြစ်ကာသူ၏မျက်လုံးထဲတွင်အနက်ရောင်အစွန်းအထင်းများမျောနေ၍ ခလုတ်နှိပ်ရန်အကြိမ်ကြိမ်ကျရှုံးနေသည်။ ကျန်းယီမန့်၏ညွှန်ကြားချက်အတိုင်းသူစိမ်းများ၏သီးသန့်မက်ဆေ့ချ်များနှင့်မှတ်ချက်များကိုပိတ်လိုက်ပြီး အခြေအနေများပြန်ငြိမ်သွားသည်အထိ Weibo ၏သတိပေးချက်များကိုပိတ်လိုက်သည်။

"လာ...စွပ်ပြုတ်တစ်ငုံလောက်အရင်သောက်လိုက်"

ကျန်းရွှယ်မေ့သည် သူမသားနဖူးပေါ်မှချွေးအေးများနှင့် သူ၏ဖြူရော်နေသည့်မျက်နှာကိုမြင်ပြီး တုန်လှုပ်သွားသည်။ သူမသည် Weibo သောဘာသောနားမလည်နိုင်သောကြောင့် သူမသားအနားတွင်နေကာယီဟွေ့အားစွပ်ပြုတ်ကိုတစ်ဇွန်းချင်းခွံ့တိုက်နေရသည်။ယီဟွေ့အားစွပ်ပြုတ်ကိုတစ်ဇွန်းချင်းခွံ့တိုက်နေရသည်။

ယီဟွေ့သည်မသောက်နိုင်သည့်တိုင် သူ၏အမေစိတ်ပူနေမည်ကြောက်၍ တွန့်ဆုတ်ဆုတ်နှင့်အနည်းငယ်သောက်သည်။ ပန်းကန်လုံးလေးတစ်လုံးစာသောက်ပြီးသွားသည်နှင့်သူအကုန်လုံးကိုပြန်အန်ထုတ်ပစ်သည်။

သူအိမ်သာဘေးတွင်ထိုင်နေပြီး သူ၏စိတ်ခံစားချက်မျက်ရည်များကအညစ်အကြေးများနှင့်အတူ မိလ္လာမြောင်းပေါက်ထဲကျဆင်းသွားသည်။ သူအားမရှိစွာဖြင့် သူ၏မျက်နှာကိုသုတ်ရန်စက္ကူကိုဆွဲဖြုတ်လိုက်သည်။ သူစိတ်ဒုက္ခရောက်နေသော်ငြား ကျန်းရွှယ်မေ့အားနှစ်သိမ့်ပေးနေဆဲပင်။

 "ကျွန်တော်....ကျွန်တော်အဆင်ပြေပါတယ်...စွပ်ပြုတ်ကလေ၊ ခဏေလး...ကျွန်တော်သောက်လိုက်ပါ့မယ်၊ အမေဟင်းချက်တာမကောင်းလို့မဟုတ်ပါဘူး"

ကျန်းရွှယ်မေ့သည်နီမြန်းနေသည့်မျက်လုံးများဖြင့် သူ့အားကြည့်နေပြီး အရှေ့တိုးလာကာသူ၏ပုခုံးကိုသိုင်းဖက်၍ကျောပြင်အားဖွဖွပုတ်ပေးသည်။

 "ရပါတယ်၊ ရပါတယ်၊ သား မသောက်လည်းရတယ်၊ ပန်းချီမဆွဲလည်းရတယ်၊ တို့မိသားစုကအဆင်ပြေနေပါတယ်"

သူယခင်က ဤသို့သောအခြေအနေမျိုးကိုမကြုံတွေ့ခဲ့ရဖူးပေ၊ ယီဟွေ့အတွက်အဆိုပါ အမုန်းကြီးမှတ်ချက်များက အလွန်တရာပြင်းထန်သည့်မတော်တဆမှုဟုခန့်မှန်းမိသည်၊ ပြင်းထန်လွန်း၍ပန်းချီအသိုင်းအဝိုင်းတွင်သူ၏ဂုဏ်သတင်းများအပေါ် သက်ရောက်လိမ့်မည်။

တစ်ဖက်မှ ဖန်တီးသူA သည်သတင်းကြားရပြီးနောက် Weibo တွင်repost တင်ကာ၎င်း၏ထိတ်လန့်မှုကိုဖော်ပြခဲ့သည်၊ 

(ငါ့ရဲ့အမြတ်တနိုးဖန်တီးထားတဲ့လက်ရာက ကော်ပီကူးခံလိုက်ရမယ်လို့ထင်မထားမိဘူး)တစ်ချိန်တည်းမှာပင်သူသည် စည်းမရှိကမ်းမရှိခေတ်ထနေသောကမ္ဘာကြီးအကြောင်းငြီးငြူနေပြီး ပန်းချီဆရာပေါက်စများကိုရလဒ်တစ်ခုရရန်မလောရန်နှင့်သူတို့၏အရည်အချင်းများကို သင့်တော်သည့်အပြုအမူနှင့်သွေးကြရန်အကြံပေးထားသည်။

ဖန်တီးသူA သည်လည်းတက်သစ်စ အွန်လိုင်းပန်းချီဆရာတစ်ယောက်ပင်။ သူသည်ယီဟွေ့ထက်လူကြိုက်ပိုများပြီး follower တစ်သောင်းအထက်ရှိသည်။ သူ၏ Weibo မှမှတ်ချက်များမှာ သူသည်ကြင်နာတတ်ပြီး ကိုယ်ချင်းစာတတ်လွန်းသည်ဆိုကာတစ်ဖက်သက်ပြောထားသည်။ ရှောင်ဟွေ့ရှားဘက်ကိုရေးသားထားသမျှသည် ကူးချသည့်ခွေးတစ်ကောင်ကဒူးထောက်တောင်းပန်ပြီး တစ်သက်လုံးသူ၏စုတ်တံကိုစွန့်ပစ်ကာသေလိုက်သင့်သည်ဟုပြောထားကြသည်။

ပိတ်ဆို့ထားလျှင်ပင်အလုပ်မဖြစ်။ သူ၏လက်နှစ်ဖက်ကိုပွတ်သပ်နေမိကာ အပြစ်မြင်သည့်မှတ်ချက်များနှင့်ရိုင်းပြသည့်စကားလုံးများကိုသာမြင်တွေ့နေရသည်။ ယီဟွေ့သည်ပို့စ်အနည်းငယ်ကို စာပြန်ခဲ့သည်၊ အဖြစ်မှန်အားမသိသေးသော ပရိသတ်များအားအမှန်အမှားခွဲနိုင်စေရန် သို့မဟုတ် အနည်းဆုံးမဝေဖန်ခင်ပြဿနာကိုမြင်အောင်ကြည့်ကာရှင်းလင်းစွာသိနိုင်စေရန်မျှော်လင့်ခဲ့၏။

သို့သော်ငြား ၎င်းသည်လည်းအလုပ်မဖြစ်ပေ။ ဖန်တီးသူA ၏ fan များကိုအသာထား၊ ဖြတ်လျှောက်အများစုသည်ပင်ရယ်မောကြရင်း ခိုးချခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေနောင်တရသင့်သည်ဟုဆူပူကြသည်။

ယီဟွေ့၏ဦးခေါင်းသည် အဘက်ဘက်မှအသံပေါင်းစုံကြောင့်ပေါက်ထွက်လုနီးပါးဖြစ်နေပြီး အချို့ကရယ်ကာအချို့ကဆဲဆိုကြသည်။ မှတ်ချက်နေရာတွင် ယခင်ကသူ၏ထူးခြားသည့်ပန်းချီလက်ရာများကိုချီးမွမ်းပေးခဲ့သည့်သူများမှာ ယခုသူ့ကို follow ဖြုတ်သွားကြပြီးသူ၏ရှင်းပြချက်များကိုနားမထောင်ဘဲ သူ့အားစိတ်ပျက်ကြောင်းပြောဆိုသွားကြ၏။

သူသည်တစ်ယောက်ချင်းစီ၏မှတ်ချက်များကို "ငါကူးမချခဲ့ဘူး" ဟုစာပြန်ချင်သော်ငြား အဆိုပါဖြေရှင်းချက်သည်ပျော့လွန်းသည်ဟုသူကိုယ်တိုင်ထင်မိသည်။ ဤသို့သောတစ်ဖက်သတ်စကားကိုမည်သူကယုံမည်နည်း။

ကျန်းရွယ်မေ့နှင့်ကျန်းယီမန့်မှလွဲလျင် ဒိုရာဟမ်ဟမ်တစ်ယောက်သာဖြစ်နိုင်ချေရှိသည်။

သူ follow မလုပ်ထားသူများနှင့်သီးသန့်မက်ဆေ့ချ်များကို setting တွင်ပြောင်းထားပြီးနောက် ဒိုရာဟမ်ဟမ်၏သီးသန့်မက်ဆေ့ချ်သာထိပ်ဆုံးတွင်ရှိနေသည်၊ သူ၏မက်ဆေ့ချ်များက အတားအဆီးမရှိဘဲတစ်ကြောင်းပြီးတစ်ကြောင်းတက်လာသည်။

မှတ်ချက်များဝင်မဖတ်နဲ့တော့။ ကိုယ့်ရဲ့မက်ဆေ့ချ်ကလွဲရင်ကျန်တာတွေကိုဘလော့ထားလိုက်။

အဓိပ္ပါယ်မရှိတာတွေနားထောင်မနေနဲ့၊ မင်းမလုပ်ခဲ့တာကိုယ်သိတယ်၊မင်းကဘယ်လိုလုပ်ကူးချနိုင်မှာလဲ?

ကိုယ်ဒီကိစ္စကိုအဖြေရှာကြည့်ပြီးရင် ဘာလုပ်ရမလဲသိမှာပါ။

ကော်မရှင်ရထားတဲ့မူရင်းပန်းချီကိုကိုယ့်ကိုပို့ပေး၊ ဘယ်သူကော်မရှင်ခပေးတာလဲလို့လည်းပြော။

သူ့ရဲ့နာမည်အရင်းကိုမသိလည်း Weibo အကောင့်လည်းရတယ်။

မင်းရှိနေသေးလား။

ကိုယ့်ကိုမယုံလို့လား။ ကိုယ်တို့စကားပြောထားတာတွေရှိတာပဲ။ အချိန်မရွေး screenshot ရိုက်ပြီး သက်သေယူထားလို့ရတယ်။

ကိုယ့်ကိုယုံပါ။ ကိုယ်တကယ်မင်းအတွက်အလေးအနက်ထားပြီးလုပ်ပေးမှာပါ။

မင်းရှိနေသေးလား။ ရှိနေသေးရင်ကိုယ့်ကိုစာပြန်ပါအုံး။ မင်းစကားမပြောချင်ရင်အီမိုဂျီလေးတွေပို့ပေးလေ။ ကိုယ်အရမ်းစိတ်ပူလို့ပါ။

......

အကြောင်းအရင်းအချို့ကြောင့် ယီဟွေ့သည်သူ၏မိခင်လက်မောင်းကြားတွင်ရှိနေစဉ်(နှစ်သိမ့်တုန်း) ဆဲဆိုကြိမ်းမောင်း၍ စော်ကားခံရမှုများကိုမငိုကြွေးဘဲကြံ့ကြံခံနိုင်ခဲ့သည်၊ သို့ထိတိုင် သူတစ်ကြိမ်တစ်ခါပင်မမြင်ဖူးသည့်လူတစ်ယောက်ထံမှ အားပေးမှုရလာသည့်အခါသူငိုချင်လာသည်။

သူ၏နှာခေါင်းမှာစူးတက်လာသည်၊ မျက်လုံးများကိုကျယ်ကျယ်ဖွင့်ထားကာခေါင်းမော့ထားရင်း သူ၏မျက်ရည်များကိုအစွမ်းကုန်ထိန်းထားရသည်။ သူမက်ဆေ့ချ်ပို့သည့်နေရာကိုဖွင့်ကာ မှုန်ဝါးနေသည့်အမြင်အာရုံကြောင့် အီမိုဂျီတစ်ခုပို့ရန်ခဲရာခဲဆစ်ရွေးချယ်နေရသည်။

[အိုကေ] ဆိုသောအီမိုဂျီလေး စကားပြောနေရာတွင်ပို့လာမှ ကျိုးကျင်ဟမ့်ခမျာ စိတ်လျှော့လိုက်နိုင်ကာသက်ပြင်းချနိုင်သွားသည်။

သူယီဟွေ့ကိုဖုန်းခေါ်မိရန် နည်းနည်းသာလိုတော့သည်။ ကံကောင်းထောက်မ၍နောက်ဆုံးမိနစ်လေးရောက်မှ ပြန်စာရခဲ့၏၊ မဟုတ်ပါမူသူစိတ်အလိုကျလှုပ်ရှားမိလိမ့်မည်။ အလိမ်အညာဂယက်နှင့်အွန်လိုင်းပေါ်မှဆိတ်ငြိမ်မှုနှစ်ခုလုံး ဘယ်အရာကပိုဆိုးသွားနိုင်လဲ မသိပေ။

မကြာခင် ရှောင်းဟွေ့ရှားသည်ကော်မရှင်ရထားသည့်မူရင်းပန်းချီနှင့် အပ်နှံသူ၏ Weibo အကောင့်ကိုပေးပို့လာသည်။ ပြဿနာမှာဤအထိရောက်လာသည်ကိုပင် သူသည်အခြားသူကိုကာကွယ်ပေးနေသေးသည်၊ ကော်မရှင်ပေးသူမှာလည်းနစ်နာသူဖြစ်နေပြီး သူ၏အမည်ကိုပင်ထုတ်ဖော်မထားချေ။

ခေတ္တစောင့်ဆိုင်းနေပြီး ကျိုးကျင်ဟမ့်သည်ပြဿနာအားထဲထဲဝင်ဝင်အဖြေရှာကာ ခိုးကူးသည်ဟုသံသယရှိသောပန်းချီနှစ်ချပ်ကိုနှိုင်းယှဉ်ကြည့်သည်။ ထိုအခိုက်ပင် သူသည်ယုံကြည်ချက်အပြည့်ဖြင့်ရိသဲ့သဲ့ရယ်လိုက်ပြီး စာပြန်လိုက်သည်:( နစ်နာသူဟုတ်လား ပြစ်မှုကျုးလွန်သူဆိုတာမှပိုမှန်ဦးမယ်။)

ယီဟွေ့၏တုံ့ပြန်မှုကနှေးကွေးလွန်းသည်။ သူသည်တွေးဆနေပုံဖြင့်:(သူကဘာလို့ငါ့ကိုအန္တရာယ်ပေးရတာလဲ)

ကျိုးကျင်ဟမ့်သည် တဒင်္ဂတုံ့ဆိုင်းသွားသည့်တိုင် သူအနှီအသိုင်းအဝိုင်းထဲသို့ဝင်လာပြီးသည့်နောက် တွေ့ကြုံခဲ့ရဖူးသည့်ကြမ်းကြုတ်သောဥပဒေသများအကြောင်းကို အသေအချာမပြောပြခဲ့ပေ။ သူပြောသည်မှာ: (ဒီလောကမှာလူဆိုးတွေအများကြီးပဲ၊ မင်းဘာမှမမှားလည်းမင်းကိုလာရှုပ်ကြလိမ့်မယ်၊ သူတို့အကျင့်ကိုမပြင်နိုင်တဲ့လူဆိုးတွေရှိတယ်၊သူတို့အလောင်းကိုမမြင်မချင်းမငိုမယ့်လူတွေရှိတယ်၊ အမှားတွေအများကြီးလုပ်ပြီးနောင်တမရတဲ့လူတွေလည်းရှိတယ်)

ယီဟွေ့သည်အချိန်အတန်ကြာအောင်မှတ်သားနေပြီး တည်ကြည်စွာတုံ့ပြန်သည်: (မင်းသာအမှားကိုသိပြီးပြင်နိုင်ရင် မင်းကလူကောင်းပါပဲ။)

၎င်းကိုတွေ့ရသည့်အခါ ကျိုးကျင်ဟမ့်တစ်ယောက် အရူးလေး၏မပြောင်းလဲသေးပါသော "လူလိမ္မာလေး" မှ "လူကောင်း" အဖြစ်သတ်မှတ်ချက်အရ သူ၏ဒိုရာဟမ်ဟမ်မျက်နှာဖုံးမှာကောင်းချီးများနှင့်ပြည့်နေကြောင်းအကြောင်းအရင်းဖြစ်၍ ရယ်မိလေသည်။

"လူကောင်း" ဟူသည့်ကတ်ကိုရထားသည့် ကျိုးကျင်ဟမ့်သည်ခွန်အားများနှင့်ပြည့်နေကာ S မြို့ကိုမြန်နိုင်သမျှအမြန်ဆုံးသုတ်ချေတင်လာခဲ့သည်။

ယီဟွေ့၏ပန်းချီများအားလုံးမှာ စတူရီယိုထဲတွင်ဂရုတစိုက်ထားရှိပြီးလွန်ခဲ့သောရက်အနည်းငယ်က သူရုပ်ရှင်ရိုက်ပြီးပြန်လာကြည့်ရန်ခဲယဉ်းသောကြောင့် သူလိုချင်သည့်ပန်းချီကိုရှာတွေ့ရန်လွယ်ကူသည်။

မသွားခင် သူသည်တံခါးမကြီးမှ ဆီးပန်းပွင့်အိုးကိုရေလောင်းခဲ့သေး၏။ ကျိုးကျင်ဟမ့်သည်ယီဟွေ့၏ဥပမာမှသင်ယူကာ ဆောင့်ကြောင့်ထိုင်၍ အရွက်များကိုထကြည့်ရင်းရေရွတ်လိုက်သည်။

 "ခဏလေးစောင့်၊ မင်းသခင်ပြန်လာတော့မယ်"

နောက်တစ်နေ့၏နံနက်ခင်းအစောပိုင်း ခိုးကူးကိစ္စဖြစ်ပွားပြီးရှစ်နာရီအတွင်း ဒိုရာဟမ်ဟမ် အမည်ရ Weibo အသုံးပြုသည် ရှောင်ဟွေ့ရှား၊ဖန်တီးသူA နှင့် မနေ့ညကကူးချသည်ဟုသက်သေခံခဲ့သည့်အကောင့်တုနှင့်ပတ်သက်ကာ စာအရှည်ကြီးတင်ခဲ့သည်။

မနေ့ညဖြစ်စဉ်မှစတင်သည်၊ စာတွင်ပထမဆုံးအနေဖြင့် ပန်းချီနှစ်ခု၏ဆွဲသားချက်နှင့် အရောင်များကွဲပြားနေခြင်းကိုဆန်းစစ်ထားပြီး "အလွန်အကျွံတစ်စိတ်တစ်ပိုင်းတူညီသည်" ဟုဆိုရမည့် တရားဝင်ဖန်တီးခြင်းအား အခိုင်အမာသက်သေမပြနိုင်ကြောင်းထောက်ပြခဲ့သည်။

ပရိသတ်များ၏ပါးစပ်ကိုပိတ်နိုင်ရန် တူညီသည့်ဖန်တီးမှုများလည်းနောက်ပိုင်းတွင်ပေါ်ထွက်လာသည်။ မစ္စတာယီဟုလက်မှတ်ရေးထိုးထားသောပန်းချီကားကို ကိုယ်စားပြုဖော်ပြနိုင်သည်။ ပန်းချီကားသုံးချပ်အားနှိုင်းယှဉ်ကြည့်သည့်အခါ ဆွဲသားသည့်လက်ရည်နှင့်ပန်းချီစတိုင်မှာအတော်လေးတူညီသည်ဟုဆိုနိုင်သည်။ အခြားသောရှုထောင့်များမှာလည်းပင်ကိုယ်အရည်အသွေးနှင့်ဖြစ်ပြီး ကူးချထားသည့်အရာမရှိ။

Xxxxxxx