အပိုင်း ၃၄.၂
Viewers 11k

Chapter 34.2

စကားပြောမှတ်တမ်းအနောက်သို့လိုက်ကြည့်သည်။ အချိန်ကာလအရရှောင်ဟွေ့ရှား ကော်မရှင်ရခဲ့သည်မှာယခင်လကပင်။ တစ်ဖက်လူကသူ့အား ကြင်နာတတ်သောအဘွားအိုပုံဆွဲပေးရန်အကူအညီတောင်းခဲ့သည်။ ဖြည့်စွက်ပြောရလျှင် ပန်းချီကားမှပုံတူအနေအထားသည် နေဝင်ချိန််အလင်းတန်းကသူမအပေါ်ခပ်စောင်းစောင်းကျနေပြီးတင်းပေါက်အားမျက်နှာမူထိုင်နေပုံမှာလိုအပ်သည်။

မည်သို့ပင်ပြောပါစေ ဆွဲသားချက်မှာဖန်တီးသူ A နှင့်တစ်စုံတစ်ခုတူညီမှုရှိနိုင်သည်၊ နောက်ခံအတွက်အလုပ်အပ်နှံသူက တောင်းဆိုခဲ့သည်ကိုပြောနေစရာပင်မလို၊ ပန်းချီဆရာအားသူမဘေးမှစားပွဲပုလေးပေါ်ရှိပန်းဖြူထည့်ထားသောပန်းအိုးလေးပါ ပါအောင်ဆွဲရန်တောင်းဆိုခဲ့သည်။ 

အဖြူရောင်ပန်းအားထည့်ထားသည့်ပန်းအိုးသည် မနေ့ညက ဖြတ်လျှောက်များအကြားမှစကားဝိုင်း၏ပစ်မှတ်ဖြစ်ခဲ့သည်။ လူအများအပြားသည် သက်ကြီးရွယ်အိုများမှာအိုမင်းလာသည့်အချိန်၌ရောင်စုံပန်းများကိုအများစုက နှစ်ခြိုက်တတ်ပြီး ထုံးစံအရပန်းအဖြူများကိုနမိတ်မကောင်းဟု ယူဆတတ်ကြသည်။ ထပ်ပေါင်းပြောရပါက လူနှစ်ယောက်ရေးဆွဲထားသည့် အဘွားအိုတို့သည်အရောင်တောက်တောက်ထန်ခေတ် အဝတ်အစားများဝတ်ထားကြသည်။ သင်မည်သို့ပင်ကြည့်ပါစေသူတို့ဘေးမှပန်းအဖြူသည် မလျော်ကန်သလိုခံစားရလိမ့်မည်။

ဖန်တီးသူA သည်ပန်းချီကားကိုထုတ်ဖော်ပြသခဲ့စဉ်က သူ၏အဘွားသည်ငယ်စဉ်ကတောင်ပိုင်းတွင်နေထိုင်ပြီး ပန်းစိုက်ရခြင်းကိုနှစ်သက်သည်ဟုရှင်းပြခဲ့သည်၊ ထို့ကြောင့် သူမသည်ထူးခြားသည့်ဦးစားပေးမှုဖြစ်သည်။ ၎င်းသည်ရှောင်ဟွေ့ရှားနှင့်သဘောထားခြင်းတူနေသည်ဟုဖော်ပြနိုင်သည်၊ ဘာကြောင့် သူပန်းကိုဆွဲရန်တွေးခဲ့သနည်း? ဖန်တီးသူA ၏ဆီးနှင်းပွင့်သည်တရုတ်ပြည်တွင်ပေါက်သည့်ပန်းသည့်ပန်းနှင့်မတူခြင်းမှာမည်သို့ဖြစ်နိုင်မည်နည်း။

ဤအချက်များကြောင့် စကားပြောမှတ်တမ်းများအရ ပန်းများမှာအလုပ်အပ်သူက တောင်းဆိုခဲ့၍ဖြစ်ကြောင်းသက်သေပြနိုင်သည်၊ ဘလော့ဂါကိုယ်တိုင် ဆီးနှင်းပွင့်များပို့စ်တင်ရင်းပြောထားသည်: "ကျွန်တော့်ရဲ့S မြို့ကမိသားစုကစိုက်ထားတာ၊ ဒီပန်းကသာမန်ပန်းမျိုးမဟုတ်ဘူး၊မင်းမှာမရှိတဲ့အရာကိုပန်းချီမဆွဲရဘူးဆိုပြီးတားမြစ်ထားတာရှိလို့လား၊မဟာဖန်တီးရှင် A သာ့သာ့ကပြောခဲ့လို့လား။

အကြောင်းအရာတစ်ခုလုံးက အချက်အလက်ကျပြီးအကျိုးအကြောင်းသင့်သည့်တိုင် စာကြောင်းတိုင်းကပုဂ္ဂိုလ်ရေးရာခံစားချက်များရောထွေးနေသည်၊ တစ်စုံတစ်ယောက်ကသာပြည်သူ့ဆက်ဆံရေးပုံစံဖြင့်စာကြောင်းတစ်ကြောင်းကိုထပ်ပေါင်းပြီး လက်တန်းရေးလိုက်သလိုပင်။ အနှီစာကြောင်းများမှာ မူလဇာတ်လမ်းတစ်ခုလုံးကိုထင်ရှားသောပုဂ္ဂိုလ်ရေးရာအနည်းငယ်ဖြင့်သရော်ထားမှုများပြည့်နှက်နေသည်။

သည့်အပြင် ယခုကဲ့သို့သောပုံစံဖြင့်တိုက်ခိုက်ခံရသည့်အခါ မည်သူမှစိတ်မငြိမ်နိုင်တော့။

အကြောင်းမှာ ရှင်းလင်းချက်ကလုံလောက်နေပြီ။ အချိန်မလွန်ခင်အကျိုးသက်ရောက်မှုလည်းပါသည်။ လူအများအပြားသည်အစောကြီးအိပ်ပြီး အစောကြီးနိုးလာကြကာ ခိုးကူးကိစ္စတစ်ခုလုံးသည်အလျှင်အမြန်တိုက်ခိုက်ခံလိုက်ရသည်ကိုမြင်တွေ့သွားကြသည်။ ဆောင်းပါးသည် circle အတွင်းမှမြောက်များစွာသော နာမည်ကြီးများ၏ repost လုပ်ခြင်းခံရပြီး ခဏတဖြုတ် အားလုံးကဝင်ပါနေကြသေးသည်။ Circleအတွင်းဘက်ထဲတွင်သာမက အပြင်ကပါအပျော်သဘောအနေဖြင့်ဝင်လာကြပြီး ဟာသကိုလာကြည့်ကြသည်။

သို့သော် ၎င်းသည်ယီဟွေ့နှင့်ထပ်မပတ်သတ်တော့။ သူသည် Weibo ကိုနှိပ်ကြည့်ကာ Follower အရေအတွက်တက်လာသည်ကိုကြည့်နေသည်။ မနေ့ကသူ့အားလာရောက်ကြိမ်းမောင်းကြသူများကတောင်းပန်ကြပြီး မျက်နှာသစ်များပါရောက်လာကြသည်။ Weiboမှသူ၏အောင်မြင်မှုများကိုလှန်လှောရှာဖွေကြသည်။ အားလုံးကသူ၏ပုံဆွဲတော်သည်ကိုချီးကျုးကြပြီး အချို့ကကော်မရှင်ခလက်ခံလျှင် နှစ်သစ်ရောက်ခါနီးပြီဖြစ်၍ သူတို့၏ငွေများကိုစုပေါင်းကာအမြတ်ခွဲပေးမည့်အကြောင်းပြောလာကြသည်။

ဖြေရှင်းရမည့်နည်းလမ်းအားတစ်ညလုံးတွေးတောနေခဲ့သည့်ယီဟွေ့မွာ ငိုင်နေလျက် ကျန်းယီမန့်ပြောဖူးသည့် "ကံဇာတက်သည်" ဆိုခြင်းများဖြစ်လေမလားဟုတွေးနေမိသည်။

စိတ်လှုပ်ရှားတက်ကြွမှုများနှင့် ယီဟွေ့သည်ဒိုရာဟမ်ဟမ်ကိုမေးလိုက်သည်: (ဟမ်ဟမ်၊ မင်းမားကတ်တင်းအလုပ်လုပ်တာလား)

ဒိုရာဟမ်ဟမ်: (အတူတူလောက်ပါပဲ၊ သူများတွေကကိုယ့်ကိုမားကတ်တင်းပြန်ဆင်းပေးရတယ်လေ။)

ယီဟွေ့ကား စိတ်လျှော့လိုက်သည့်နှယ်သက်ပြင်းချသည်: (မင်းကအံ့ဩစရာကောင်းနေတာမဆန်းတော့ဘူး [ဒိုရာအေမွန်အံ့အားသင့်နေသည်။])

မနေ့ညက သူမကြုံခဲ့ဖူးသောအခြေအနေကြောင့်ထိတ်လန့်ခဲ့ရသည်ကိုပြန်တွေးကြည့်သည်၊ ယီဟွေ့သည်သူ၏ခေါင်းကိုစောင်ထဲတွင်ဝှက်ထားပြီး ရဲတွတ်နေသည့်မျက်လုံးလေးနှစ်လုံးသာဖော်ထားသည်:(ကျေးဇူးပါပဲ၊ မင်းကဆောင်းပါးရေးတဲ့အဖွဲ့ကလား၊ ဘယ်လောက်လဲ၊ငါမင်းကိုကျေးဇူးပြန်ဆပ်ပါ့မယ်!)

သူ့ဘက်မှရိုးရိုးသားသားမေးလိုက်ခြင်းဖြစ်သော်လည်း တစ်ဖက်မှကျိုးကျင်ဟမ့်သည်၎င်းကိုမြင်ရပြီးနောက် ပေါက်ကွဲလုမတတ်ရယ်လေ၏။

အရူးလေးသည် "အဖွဲ့" ဆိုသည့်စကားလုံးကိုပင်သိနေသည်။ နောင်သူနှင့်စကားပြောသည့်အခါ သတိထားရတော့မည်၊ 

သင့်ကိုယ်သင်ဖော်ထုတ်မိရန်အခွင့်အရေးမပေးမိပါစေနှင့်။

အဖွဲ့မရှိကြောင်းစာပြန်ပြီး ကျိုးကျင်ဟမ့်ကားတံခါးကိုဖွင့်ကာအပြင်ထွက်လိုက်သည်။ ရွှေရောင်တောက်နေသော "XX ဝန်ဆောင်မှု" ဟူသောစာလုံးဖြင့် နံရံအနိမ့်လေးပေါ်တွင်ခပ်ဖျော့ဖျော့နံနက်ခင်းအလင်းရောင် လွင့်မျောနေသည်ကိုမြင်သည့်အခါသူပိုရယ်ချင်လာသည်။

S မြို့မှသက်သေများရလာပြီး သူဘာမှမတွေးနိုင်တော့ဘဲ ကားပေါ်သို့တက်ကာဒရိုင်ဘာကို ယီဟွေ့နေထိုင်ရာတောင်ပိုင်းမြို့လေးအားမောင်းခိုင်းလိုက်သည်။ ထိုအချိန်တွင် သူသည်ထိုနေရာသို့အမြန်ရောက်အောင်သွားလိုသည့်ဆန္ဒတစ်ခုသာရှိပြီး အနှီသူ၏လက်မောင်းကိုဆုပ်ကိုင်ကာ မကြောက်တော့ရန်ပြောချင်ပေသည်။

လေယာဉ်နှင့်သွားခြင်းကမြန်လိမ့်မည်ဆိုသော်ငြား လေယာဉ်သည်ကျိုးကျင်ဟမ့်အတွက်ရွေးချယ်စရာမဟုတ်။ သူသည်အရူးလေးအတွက်အွန်လိုင်းပေါ်တွင်တစ်ချိန်လုံးရှိနေခဲ့သည်။သူ လေယာဉ်စီးချိန်တွင်လည်းသူ့အားရှာနေပြီး ရှာမတွေ့သည့်အခါထပ်ငိုနေလျင် မည်သို့လုပ်ရမည်နည်း။

ဆက်သွယ်ခြင်း၊ မူကြမ်းရေးခြင်းနှင့်ဖြန့်ဝေခြင်းက ကားပေါ်တွင်ပြီးစီးသွားသည်။ အနှီအခိုက်အတန့်လေးမှာပင် သူသည်ဘေးပတ်လည်မှမရင်းနှီးသည့်မြင်ကွင်းများကိုကြည့်ပြီး အဝေးပြေးလမ်းပေါ်တွင်ကားများတစ်စီးပြီးတစ်စီးဖြတ်သန်းသွားကာ ကျိုးကျင်ဟမ့်သည်ငေးမောနေရာမှသူကားပေါ်တွင်အချိန်ပြည့်ရှိနေခဲ့မှန်းသိရှိသွားသည်။ သူ၏ကိုယ်ကိုအကြောဆန့်လိုက်သည် ကျောအောင့်သည်မှာမသက်သာလှ။ သူလည်ပင်းအနောက်ဘက်ကိုပွတ်သပ်နေပြီး ရောက်နေသည့်နေရာကိုစစ်ကြည့်လိုက်သည်၊ သူသည် တောင်ပိုင်းမြို့လေးနှင့်မိုင်ပေါင်းရာချီဝေးကွာနေသေးကြောင့်သိလိုက်ရ၏။

ရယ်စရာမကောင်းပေဘူးလား? ကားကထိုနေရာရောက်လျှင် ယီဟွေ့လည်းသူ့အတွက်ပုံဆွဲပြီးလောက်ပြီ။ 

တကြွပ်ကြွပ်မြည်နေသည့်ကျောရိုးကိုပွတ်သပ်ပြီး ကျိုးကျင်ဟမ့်သည်သူ၏ကြွက်သားနှင့်အဆစ်များကိုလှုပ်ရှားကြည့်လိုက်သည်။ အလျင်ဆုံး တစ်ညလုံးကားမောင်းလာခဲ့ပေးရသည့်ဒရိုင်ဘာအတွက် စားစရာနှင့်သောက်စရာများဝယ်သွားပေးပြီး Mask ကိုချွတ်ကာဘေစင်တွင်ရေအေးဖြင့်မျက်နှာသစ်လိုက်သည်။

သူခေါင်းမော့လိုက်သည့်အခါ ဝတ်စုံပြည့်နှင့်ဖိနပ်များဝတ်ထားသည့်သူ့ကိုယ်သူမှန်ထဲတွင်မြင်လိုက်ရပြီး ရုတ်ချည်း မနေ့ကသူဆုပေးပွဲအပြီးလေယာဉ်ပေါ်တက်ခဲ့သည်ကိုအမှတ်ရသည်။ သူဧည့်ခန်းပွဲလည်းမသွားလိုက်ရသလို ရှောင်လင်း၏ဖုန်းကိုလည်းသူလှည့်စားပြီး blacklist သွင်းထားခဲ့သည်။

သူအလျင်လိုပြီး စိတ်လောနေခဲ့သည်၊ သူ၏အတွေးများကအရူးလေးဖြင့်ပြည့်နေပြီး ဘာကိုမှဂရုမစိုက်နိုင်တော့။

ယီဟွေ့ကသူ့အား အိမ်တွင်ဆီးပန်းအိုးရှိလားဟုမေးလာချိန်တွင် သူတံခါးဘောင်ကိုမှီကာ စီးကရက်ကိုမီးညှိနေသည်။

သူ၏ပြန်စာ: (ဟင့်အင်း၊ ကိုယ့်သူငယ်ချင်းအိမ်မှာပဲရှိတယ်။)

ရှောင်ဟွေ့ရှား:( ဒါဆိုအဲဒါက....တကယ်တော့ပန်းကလည်းမျိုးမတူပါဘူး။)

ကျိုးကျင်ဟမ့် ဆေးလိပ်ငွေ့များကို အကွင်းလေးများဖြစ်အောင်ဖြည်းဖြည်းချင်းမှုတ်ထုတ်ကာ လက်တစ်ဖက်တည်းနှင့်စာရိုက်သည်:( ဒါပေမဲ့ ကိုယ်အရမ်းသဘောကျပါတယ်။)

သူပန်းကိုနှစ်သက်သည်၊ ၎င်းထက်ပိုသည်က ပန်းစိုက်သည့်သူကိုပိုနှစ်သက်သည်။

ပန်းချီဆွဲရာတွင်သုံးသည့်ပစ္စည်းများကို ပန်းချီပြိုင်ပွဲကျင်းပရာ S မြို့ပြခန်းရှိသူငယ်ချင်းတစ်ယောက်ထံမှ သင်ယူခဲ့ပြီး ယီဟွေ့၏သက်ဆိုင်နေမှုကပျောက်ကွယ်သွားသလိုထင်ရကာ သူ၏စကားပြောသံကပိုမိုပေါ့ပါးလာသည်: (ဟမ်ဟမ်ရဲ့သူငယ်ချင်းတွေက ဟမ်ဟမ်လိုသဘောကောင်းကြတာပဲ၊ အဲဒါမျိုးကိုတောင်ရှာနိုင်တယ်။[ကြိုက်သည်။])

သူ၏တင်းကျပ်နေသောဒဏ်ရာ၏အကြောများမှာလျော့ရဲလာကာပင်ပန်းနွမ်းနယ်မှုကသူ့ကိုယ်အနှံ့ကိုပျံသွားသည်။ ကျိုးကျင်ဟမ့် ဆေးလိပ်ငွေ့ကိုရှိုက်သွင်းပြန်ကာ ထိုနေ့ကရွက်ဖျင်တဲထဲတွင်သူဆေးလိပ်သောက်နေပုံကိုမြင်၍ အံ့ဩသွားခဲ့သောယီဟွေ့၏မျက်နှာကိုအမှတ်ရမိသည်။

တွေးကြည့်ပြီးသူ၏နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြန်သည်။ အရူးလေးသည် သူသည်ယီဟွေ့မဟုတ်ကြောင်းငြင်းဆန်နေခဲ့လင့်ကစား "ဘယ်အချိန်ကဆေးလိပ်သောက်တတ်သွားတာလဲ" ဆိုသည်က သူ၏မျက်နှာပေါ်တွင်အရှင်းကြီးရေးထားခဲ့သည်၊ သူဆေးလိပ်ကိုပါးစပ်ထဲမှထုတ်ကာလွှင့်ပစ်လိုက်ချင်လုနီးပါးပင်။

အကြီးတစ်ယောက်အဖြစ်တွေးကြည့်လျှင် အရူးလေး၌ရှင်းလင်းသည့်ဆုပေးဒဏ်ပေးစနစ်တစ်ခုရှိပြီး အများအပြားလုပ်ခဲ့ဖူးသည်။

မနှစ်က အကောင်းဆုံးတက်သစ်စသရုပ်ဆောင်ဆုနှင့်အိမ်ပြန်လာခဲ့စဉ်ကမှတ်မိသေးသည်၊ အရူးလေးခမျာအိပ်ငိုက်နေ၍မျက်လုံးပင်မဖွင့်နိုင်စေကာမူ သူ့အားကြိုဆိုရန်တံခါးနားတွင်ပန်းတစ်ခက်နှင့်ရပ်နေခဲ့သည်။ သူပန်းများကိုအောက်ချရန်အိမ်ထဲဝင်လာပြီးသူလှည့်လိုက်သည်နှင့်အနမ်းဆုတစ်ပွင့်ရခဲ့သည်။

ယီဟွေ့ ခြေဖျားလေးထောက်ကာ သူ၏နားထဲသို့ပြောခဲ့သည်၊ "ငါ့ယောကျ်ားကအရမ်းတော်တာပဲ"

သူ၏အသံသည် အိပ်ချင်မူးတူးဖြင့်ဗလုံးဗထွေးဖြစ်နေပြီးစကားလုံးများက လုံးထွေးနေသည့်တိုင် သူသည်ယနေ့အထိ၎င်းတို့ကိုရတနာတစ်ပါးအဖြစ်သိမ်းဆည်းထားနေဆဲ။

သူ ထိုစကားတို့ကိုနောက်တစ်ကြိမ်ကြားချင်သေးသည်။

ကျိုးကျင်ဟမ့်သည်သူ၏ဖုန်းကိုကိုင်ကာ အဖန်တလဲလဲတွေးနေရင်း စာပြန်ရေးလိုက်သည်: (ကိုယ်မနေ့ကဆုရခဲ့တယ်၊ အရမ်းကောင်းတဲ့ဆု၊ ကုမ္ပဏီတစ်ခုလုံးလည်းနောက်နှစ်ရောက်ရင် နာမည်ကြီးတော့မှာ။)

ပြန်စာပို့ပြီးသည်နှင့် သူဖုန်းကိုကိုင်ကာတစ်ဖက်မှပြန်စာကိုကြည့်နေသည်၊ ယီဟွေ့သည် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာသလိုအမြန်စာပြန်လာသည်: (ဟမ်ဟမ်ကအရမ်းမိုက်တယ်[ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း])

ကျိုးကျင်ဟမ့်သည် အဆိုပါစကားလုံးများကိုသူ၏စိတ်ထဲတွင်ပုံဖော်ပြောင်းလဲလိုက်သည်။ "ဟမ်ဟမ်ကအရမ်းမိုက်တယ်"။ သူ၏နှလုံးသားလေးအား လှိုင်းထစေရုံမက သူ၏ကိုယ်ထဲကိုစွမ်းအင်များသွင်းပေးလိုက်သလိုပင်။ ဆေးလိပ်သောက်ရန်ပင်မလိုတော့ဘဲ အကောင်းဆုံးသရုပ်ဆောင်ဆုကိုရှစ်ဆုထက်ပိုပြီး အသက်တစ်ရှိုက်စာအတွင်းယူနိုင်သည်။

သူသည် အရူးလေးပိုင်ဆိုင်သော အကောင်းဆုံးသောသရုပ်ဆောင်ပင်။

သူအမှိုက်ပုံးထဲသို့စီးကရက်ပစ်ထည့်လိုက်ပြီးနောက် ယီဟွေ့ထံမှနောက်ထပ်စာတစ်စောင်ရောက်လာသည်: (ဟမ်ဟမ်၊ မင်းကအရမ်းသဘောကောင်းတာပဲနော်၊ ဘာလို့ငါ့အပေါ်အရမ်းကောင်းနေရတာလဲ)

သူ၏စိတ်ထဲမှအရူးလေးကကောင်းမွန်ပြီး အခြားတစ်ယောက်မှာလည်းကောင်းမွန်သည်၊ ကျိုးကျင်ဟမ့်သည်သူ့ထံမှအချည်နှောင်ခံထားရသည်။ သူပြုံးကာစာကြောင်းအချို့ကိုရိုက်သည်၊ ပြီးနောက်ဖျက်ပစ်သည်၊ နောက်တစ်ကြောင်းထပ်ရိုက်သည့်တိုင် မသင့်တော်သေးဟုခံစားရသည်။

ဘာလို့လဲဆိုတော့ကိုယ်မင်းကိုသဘောကျလို့လေ။

ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုနောက်တစ်ကြိမ်ထပ်ခံစားခွင့်မပေးတော့ဘူးလို့ပြောခဲ့လို့လေ။

......

ကျိုးကျင်ဟမ့်သည် သူ၏ပုံမကျဘဲပွယောင်းနေသည့်ဆံပင်နက်များကိုခက်ခက်ခဲခဲသပ်ချနေရသည်။ သူခေါင်းလှည့်လိုက်သည်တွင် နေရောင်က သူ့မျက်နှာပေါ်ဖြာကျလာသည် ၎င်း၏နူးညံ့သောအလင်းတန်းများက သူ၏ဆံနွယ်များအပေါ်ဖြတ်သန်းသွားပြီး သူ၏မျက်နှာအပေါ်တွင်ညင်သာစွာတောက်ပနေသည်။

သူ စာကို ဖျက်ပြီးနောက်တစ်ကြိမ်ပြောင်းလိုက်သည်။ အဆုံးတွင်သူစာလုံးငါးလုံးသာချန်ခဲ့သည်:( ဘာလို့လဲဆိုတော့ မင်းနဲ့ထိုက်တန်လို့)

Xxxx